စိတ်ဝိဉာဉ်အငွေ့အသက်.....
Vol. 57 Ch. 790
အချိန်တွေကြာလာတာနဲ့အမျှ၊ အစိမ်းရောင်နယ်သာတံခွန်ကိုင်အတွက် ရွေးချယ်ရေးတိုက်ပွဲမစခင် သုံးရက်သာ လိုတော့သည်။
ယခုအချိန်တွင် ထိုတိုက်ပွဲသည် နဂါးစွယ်ကလန်၏ အရေးအကြီးဆုံး အကြောင်းအရာတစ်ခုဖြစ်နေသည်။ တံခွန်လေးခုမှ အဖွဲ့ဝင်များအပြင် ခန်းမသခင်များနှင့် အကြီးအကဲများကလည်းထိုအကြောင်းကိုသာ ပြောဆိုနေကြသည်။
သာမာန်အားဖြင့်ပြောရလျှင် တံခွန်ကိုင် ရွေးချယ်ရေးတိုက်ပွဲသည် မျိုးဆက်သစ်လူငယ်များကြားတွင်သာ အရေးပါပြီး အကြီးအကဲများက ၎င်းကို စိတ်မဝင်စားခဲ့ကြပေ။သို့ပေသိ လီလော့မှာ အထူးနောက်ခံရှိနေသည့်အတွက် ချွင်းချက်ဖြစ်လာခဲ့သည်။
သူ့ဖခင် လီတိုင်ရွှမ်သည် ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်တွင် လူသိများသော ဒဏ္ဍာရီဖြစ်သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်း 20 ကျော်က နဂါးစွယ်ကလန်မှ ထွက်ခွာသွားခဲ့သော်လည်း အကြီးအကဲများသည် သူ၏ အစွမ်းသတ္တိနှင့် စွမ်းရည်ကို အသိမှတ်ပြုနေစမြဲပင်.... တကယ်တော့၊ သူသာ ကလန်မှာရှိနေလျှင် မြို့စားအဆင့်ရည်ညွှန်းစာရင်းတွင် အဆင့်နှစ်ဖြစ်နိုင်သည်ဟုပင် ဆိုကြသည်။
သူဘာလို့ နံပါတ်တစ် မဖြစ်ရသလဲ ဆိုတော့ လီတိုင်ရွှမ်သာ ထျန်းယွမ်တိုက်ကြီးကနေ မထွက်သွားခဲ့ရင် တန်တိုင်လန် လည်း ရှိနေမှာမို့ပင်........
လီလော့သည် သူတို့နှစ်ဦး၏သားဖြစ်သည်။
သူသည် လီကျင်းဇယ်၏မြေးဖြစ်သည်နှင့်အညီ၊ မည်သူမဆို သူ၏ထင်ရှားကျော်ကြားသောနောက်ခံကို လျစ်လျူရှုရန် ခက်ခဲသည်။
ထိုသတင်းက နဂါးစွယ်ကလန် တွင်သာမက အခြားသော ကလန်လေးခုအထိပါ သတင်းပျံနှံ့နေပြီဖြစ်သည်။ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က ထူးချွန်သော လီတိုင်ရွှမ်၏ မြင့်မားသော စွမ်းဆောင်ရည်များကို အကြီးအကဲများစွာက ရှင်းရှင်းလင်းလင်း မှတ်မိနိုင်သေးသည်။ သူပြန်မလာပေမယ့် သူ့သားပြန်လာပြီး လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့သား ဘယ်လောက်ထိစွမ်းဆောင်နိုင်မည်ကို အားလုံးက စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
လီလော့က အဖေတူသားလား....? ဒါမှမဟုတ် သူတို့ထင်ထားတာနဲ့လွဲနေမလာစ.... လီတိုင်ရွှမ်ကို အာဃာတထားတဲ့သူတွေရှိသလို လီလော့၏ကျရှုံးမှုကို ဟားတိုက်လှောင်ပြောင်ဖို့ စောင့်ဆိုင်းနေတဲ့သူတွေလည်း ရှိနေသည်။
မည်သို့ပင်ဆိုစေ ၎င်းသည် ယနေ့အထိလူပြောအများဆုံး တံခွန်ကိုင်ရွေးချယ်ရေးတိုက်ပွဲဖြစ်ပေမည်။
....
လာမည့်တိုက်ပွဲအတွက် လူတိုင်းက ဆွေးနွေးခန့်မှန်းနေကြသော်လည်း လီလော့ကတော့ ဒါတွေကို လုံးဝစိတ်မ၀င်စားခဲ့ဘဲ ကျင့်ကြံမှုအပေါ် အပြည့်အဝ အာရုံစိုက်ခဲ့သည်။
"တတိယပဲ့တင်ထပ်သံဖြစ်တဲ့ မိုးကြိုးနဂါးပဲ့တင်ထပ်သံနန်းတော်ကို အဆင့်မြှင့်နိုင်ခဲ့ပြီ......"
လေ့ကျင့်ရေးခန်းထဲတွင် လီလော့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပဲ့တင်ထပ်သံ စွမ်းအားများ သိသိသာသာ အားကောင်းလာပြန်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏တတိယပဲ့တင်ထပ်သံနန်းတော်ဖြစ်သည့် မိုးကြိုးနဂါးပဲ့တင်ထပ်သံနန်းတော်ကို အဆင့်မြှင့်တင်နိုင်ပြီး နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်သို့ ဝင်ရောက်သွားခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် သူ၏ မိုးကြိုးနဂါးပဲ့တင်ထပ်သံစွမ်းအားသည်လည်း အားကောင်းလာသည်။
သူ၏ ပဲ့တင်ထပ်သံနန်းတော်သုံးခုစလုံးသည်နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့် သို့ ဝင်ရောက်ခဲ့ပြီး သုံးကြိမ်တိုင်တိုင် အားကောင်းလာပြီးနောက်၊ သူ၏ ပဲ့တင်ထပ်သဲစွမ်းအားသည် အဆင့်တူသူများကြားတွင် ထိပ်ဆုံးမှာ ရှိသည်ဟု ဆိုနိုင်သည်။
ယခု ကမ္ဘာပေါ်တွင် သူထက် အားကောင်းသော နတ်ဆိုးနန်းတော်အဆင့်ကျွမ်းကျင်သူ မရှိနိုင်ပေ။
တကယ့် အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်သူနှင့် ရင်ဆိုင်ရရင်တောင် ကြောက်နေမည်မဟုတ်ပေ။
"သာမန်အခြေအနေအရဆို... ငါ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအားတွေက သာမန် ငွေနတ်ဆိုးအဆင့်နဲ့ ယှဉ်နိုင်နေပြီ..."
မှန်ပါသည်...နတ်ဆိုးခန္ဓာအဆင့်သည် နတ်ဆိုးနန်းတော်အဆင့်၏ အစွန်းတစ်ဖက်တွင်ရှိ၍ ရုပ်ပိုင်းဆိုင်ရာကြံခိုင်နမှုနှင့်လည်း သက်ဆိုင်ပါသည်။ သို့သော်လည်း လီလော့သည် မိုးကြိုးနတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် ဤရှုထောင့်တွင် ၎င်းတို့ထက် အားနည်းနေမည်မဟုတ်ပေ။
တစ်နည်းဆိုရသော် မုဘီနှင့် ထပ်မံယှဉ်ပြိုင်ရပါက အနိုင်ရဖို့ မရဏမြစ်၏မဟူရာနဂါးအလံတော်ကိုပင် သုံးစရာမလိုတော့ပေ။
နဂါးစွယ်ကလန်တွင် နှစ်လကြာ ကြိုးစားကျင့်ကြံပြီးနောက် ကြီးမားသောတိုးတက်မှုရှိလာသည်မှာ ထင်ရှားနေသည်။
ဒါတွေတင်မကသေးဘဲ လီလော့ လက်ဖဝါးကိုဖွင့်လိုက်သောအခါ၊ ပဲ့တင်ထပ်သံစွမ်းအင်နှစ်ခု သူ့ခန္ဓာကိုယ်မှထွက်ကျလာပြီး တိကျစွာရောနှောပေါင်းစပ်နေသည်။
ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုက သူ့လက်ဖဝါးပေါ်မှာ သက်ဝင်လှုပ်ရှားနေတဲ့ပုံစံနဲ့ ပျံဝဲနေသည်။
လီလော့ ၎င်းကို အာရုံစိုက်လိုက်သောအခါ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ဖုံးကွယ်ထားသော အငွေ့အသက်ကို အာရုံခံမိနေသည်။
ဤအလင်းခြေရာများသည် ငါးလေးများကဲ့သို့ စွမ်းအင်စက်လုံးအတွင်း ကူးခတ်နေသည်။
၎င်းတို့ကို ဝိညာဉ်ရေးရာ အငွေ့အသက်များဟု လူသိများသည်။
၎င်းသည် သူ၏ ပဲ့တင်ထပ်သံစွမ်းအားဖြင့် အာရုံခံစားနိုင်ခြင်း နယ်ပယ်သို့ ရောက်ရှိခြင်းမှ အစပြုသည့် အရာဖြစ်သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ဤသည်မှာ ပဲ့တင်ထပ်သံစွမ်းအားနှစ်ခု အပြည့်အဝ
ပေါင်းစပ်မှု၏ ရလဒ်ဖြစ်သည်။
ဝိညာဉ်ရေးရာ အငွေ့အသက်များသည် လူတစ်ဦး၏ ပဲ့တင်ထပ်သံစွမ်းအားနှစ်ခုကို မြှင့်တင်ပေးရုံသာမက တိုက်ပွဲတွင် ပြိုင်ဘက်၏ ပဲ့တင်ထပ်သံစွမ်းအားကို ဝါးမျိုကာ ဆုတ်ယုတ်သွားစေ
မည်ဖြစ်သည်။
ထို့အပြင် ၎င်းတို့၏ သက်တမ်းကို ရှည်ကြာစေရန် ပတ်ဝန်းကျင်မှ စွမ်းအင်များဖြင့် ဖြည့်ဆည်းပေးနိုင်သည်။
လူတစ်ဦးသည် ဝိညာဉ်ရေးရာ အငွေ့အသက်များပါရှိသော တိုက်ခိုက်မှုကို ချေမှုန်းရန်နှင့် တန်ပြန်ရန် အလွန်များပြားသော ပဲ့တင်ထပ်သံစွမ်းအားပမာဏကို အသုံးပြုရမည်ဖြစ်သည်။
တကယ်တော့၊ မြို့စားအဆင့်ဖြင့် အာရုံခံစားနိုင်ခြင်းနယ်ပယ်ကိုရောက်
ရှိခြင်းသည် မြို့စားအဆင့်၏စွမ်းအားကို နားလည်ရန် ပထမခြေလှမ်းဖြစ်သည်ဟုပင် ဆိုနိုင်ပါသည်။
သူသည် ပဲ့တင်ထပ်သံနှစ်ခုကို ပေါင်းစပ်ပြီး အချိန်အတော်ကြာ သုံးစွဲခဲ့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က လုချင်းမိန် နှင့် တိုက်ပွဲတွင် တတိယနယ်ပယ်ကိုရောက်သွားခြင်းမှာ မတော်တဆမှုသာ ဖြစ်သည်။ ဤဉာဏ်အလင်းကို စူးစူးစိုက်စိုက် လေ့လာပြီးနောက်၊ သူသည် နောက်ဆုံးတွင် ဝိညာဉ်ရေးရာ အငွေ့အသက်များကို ပထမဆုံးအကြိမ် ပြုစုပျိုးထောင်နိုင်ခဲ့ပြီး တတိယနယ်ပယ်သို့ အမှန်တကယ် ဝင်ရောက်လာခဲ့သည်။
ထို့အပြင်၊ သူ့တွင် ပဲ့တင်ထပ်သံနန်းတော်သုံးခုရှိပြီးနှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်သို့ ရောက်နေကာ အဲ့မိုကွမ်းစွမ်းအင် အလင်းတန်း ရှစ်ထောင်နီးပါး ပါရှိသည်။
သူသည် သာမန် ငွေနတ်ဆိုးခန္ဓာအဆင့် ထက် အားနည်းသူမဟုတ်ပေ။
ပဲ့တင်ထပ်သံနှစ်ခု၏တတိယနယ်ပယ်ကို ကျွမ်းကျင်ပိုင်နိုင်မှုနှင့်အတူ ကျုံးလင်လို ရွှေနတ်ဆိုးအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်စရာဘာမှ မရှိဟု ယုံကြည်ခဲ့သည်။
"ငါ့ရဲ့ ရေအလင်းပဲ့တင်ထပ်သံကို အဆင့်မမြှင့်နိုင်တာ နှမြောစရာပဲ..... အဆင့်ရှစ်ရောက်ဖို့ ရက်အနည်းငယ်ပဲလိုတော့တယ်..... တံခွန်ကိုင် ရွေးချယ်ရေးတိုက်ပွဲအတွက် အချိန်မီမယ်မထင်ဘူး...." ဟု လီလော့က နောင်တရသော ခံစားချက်ဖြင့် ရေရွတ်လိုက်သည်။
လွန်ခဲ့သည့် နှစ်လက နဂါးစွယ်ကလန် မျိုးရိုးသို့ ရောက်ရှိပြီးကတည်းက၊ သူသည် ဤနေရာတွင် ရရှိနိုင်သော ဝိညာဉ်ရည်များနှင့် သန့်စင်သောအလင်းများကို အသုံးပြု၍ သတ္တမတန်းအဆင့် ရေအလင်းပဲ့တင်ထပ်သံကို အဆင့်မြှင့်ခဲ့သည်။ တိုးတက်လာခြင်း လက္ခဏာများကို ပြသနေပြီဖြစ်သောကြောင့် အချိန်အနည်းငယ်လိုနေသေးသည်။ အကယ်၍ သူသည် ရွေးချယ်ရေးတိုက်ပွဲမတိုင်မီ သူ၏ရေအလင်းပဲ့တင်ထပ်သံကို အဆင့်မြှင့်နိုင်ခဲ့ပါက အနိုင်ရဖို့ စိတ်ချနိုင်မည်ဖြစ်သည်။
ကျုံးလင်ကဲ့သို့ ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အခါ ဝှက်ဖဲအားလုံးကို ပြသရန် မလိုအပ်သေးပေ။
ဒါဟာ နဂါးစွယ်ကလန်သို့ရောက်ရှိပြီးကတည်းက သူ၏ပထမဆုံးတစ်ကိုယ်တော်တိုက်ပွဲဖြစ်သောကြောင့် လာမည့်တိုက်ပွဲကို လူတိုင်းအာရုံစိုက်နေကြကြောင်း လီလော့ သိနေသည်။ လီတိုင်ရွှန်နှင့်တန်တိုင်လန်တို့၏သား မည်မျှအရည်ချင်းရှိသည်ကို လူတိုင်းမြင်ချင်ကြသည်။
အဲဒီအထဲမှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့သူတွေလည်း ရှိနေမည်။ ကောင်းကင်ဧကရာဇ်လီ၏ သွေးမျိုးဆက်မည်မျှကြီးမားကြောင်းနှင့် လီတိုင်ရွှမ်သည် သူ၏ အထွတ်အထိပ်ကာလတွင် လူများစွာကို လွှမ်းမိုးထားပုံတို့ကို တွေးတောကြည့်လျှင် ၎င်းအပေါ် မကျေမနပ်ဖြစ်နေကြသူများ ရှိနေမည်မှာ သေချာသည်။
ထိုအချိန်တွင် လီလော့သည် သူ၏လက်ဖဝါးပေါ်ရှိ ပဲ့တင်ထပ်သံနှစ်ခုကို ဖြန့်ခွဲကာ ဝိညာဉ်ရေးရာအငွေ့အသက်များကို ဖုံးကွယ်ရန် မျက်လုံးများကိုမှိတ်ထားလိုက်သည်။
လူတွေ ဘယ်လိုပဲတွေးနေပါစေ၊ ဒါဟာ နဂါးစွယ်ကလန်မျိုးရိုးကို ရောက်ရှိလာပြီးနောက် သူ့ရဲ့ပထမဆုံးတိုက်ပွဲဖြစ်သည်။ ထို့ကြောင့် လှလှပပ အနိုင်ယူရပေမည်။
သူ့အနာဂတ်အတွက်ရော.... သူ့အဖေရဲ့ ဂုဏ်သတင်းအတွက် အနိုင်ရမှဖြစ်မည်။
......................
အစိမ်းရောင်နယ်သာတောင်ထွတ်ပေါ်ရှိ ခြံဝင်းထဲတွင်.....
ကျုံးယုရှီ သည် ရေကန်အလယ်ရှိ မဏ္ဍပ်တစ်ခုတွင်ထိုင်ကာ ငါးမျှားနေပါသည်။ ငါးတွေ အစာလာဟပ်မည်ကို ကြည့်နေချိန်မှာတော့ ကျုံးလင် သူ့ဘေးနားကိုရောက်လာသည်။
"တံခွန်ကိုင်ရွေးချယ်ရေးတိုက်ပွဲက တော်တော်ကို အာရုံစိုက်ခံနေရတယ်.... ဒါကြောင့် မင်း ကောင်းကောင်း လုပ်ဆောင်ဖို့ လိုတယ်"
ကျုံးလင်က ခေါင်းညိတ်ပြီး ...."စိတ်မပူပါနဲ့ ဒုတိယဦးလေး....တံခွန်ကိုင်ရာထူးကို ရအောင် အစွမ်းကုန် ကြိုးစားပါ့မယ်...."
ကျုံးယုရှီက.. "ရန်သူကို လျှော့မတွက်နဲ့... လီလော့က ပြင်ပနတ်ဘုရားတိုက်ကြီးမှာ သူ့အချိန်တွေကို ဖြုန်းတီးခဲ့ပေမယ့်၊ သူ့ရဲ့ အရည်အချင်းက တကယ်ကို ထူးခြားတယ်.... နတ်ဆိုးလှိုဏ်ဂူ စူးစမ်းလေ့လာရေးမှာ သူ့ရဲ့တိုးတက်မှုကိုကြည့်ရင် သိနိုင်တာပဲ.... ငါတို့ကလန်အကြီးအကဲက သူ့ကို သဘောကျပေမယ့်...သူက စည်းမျဥ်းတွေကို လေးစားတဲ့သူတစ်ယောက်ဖြစ်နေတုန်းပဲ၊ လီလော့သာ တိုက်ပွဲအတွင်းမှာ သူ့အရည်အချင်းနဲ့ မင်းကို အနိုင်မယူနိုင်ခဲ့ဘူးဆိုရင် သူကတော့ အများဆန္ဒကို ဆန့်ကျင်ပြီး လီလော့ကို မျက်စိမှိတ်ထောက်ခံမှာ မဟုတ်ဘူး.....အကယ်၍ လီလော့သာ တံခွန်ခေါင်းဆောင်ဖြစ်လာရင်ကလန်အကြီးအကဲရဲ့
အကူအညီနဲ့သာပေါင်းလိုက်ရင် သူ့ရဲ့တိုးတက်မှုအရှိန်ကို ဘယ်သူမှထိန်းထားနိုင်မှာမဟုတ်ဘူး...."
"ဒါ့ကြောင့်...ရွေးချယ်ရေးတိုက်ပွဲက လီလော့အတွက် အင်မတန်အရေးကြီးတယ်... သူ အောင်မြင်ခဲ့ရငိကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားတစ်ခုအဖြစ် နိုးထလာလိမ့်မယ်... ရှုံးသွားခဲ့ရင် ရွေးချယ်စရာမရှိတော့ဘူး...မင်းသာ အနိုင်ရမယ်ဆို ငါလည်း ခန်းမသခင်ရာထူးကို ထိန်းထားနိုင်မယ်....."
ကျုံးလင် ထိုစကားများကို ကြားလိုက်သောအခါ ခက်ထန်သော အကြည့်တစ်ခု ပေါ်လာပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ ဒုတိယဦးလေး... လီလော့က တကယ့်ကို ပါရမီရှင်ပါ....ဒါပေမယ့် သူ့မိဘတွေက သူ့ကို ပြင်ပနတ်ဘုရားတိုက်ကြီးမှာ မွေးဖွားပေးခဲ့တယ်.... အနာဂတ်ကို မသိနိုင်သေးပေမယ့် အခုအချိန်မှာတော့ ဘယ်သူက ခေါင်းဆောင်လဲဆိုတာ သိအောင်ပြပေးရမယ်...!"
ကျုံးလင်က ယုံကြည်ချက်အပြည့်နဲ့ ပြန်ဖြေလိုက်လေသည်။