တံခွန်ကိုင် ရွေးချယ်ရေးတိုက်ပွဲ
Vol. 57 Ch. 791
ယနေ့ အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်းတွင် လူအုပ်ကြီး စည်ကားနေသည်။
အစိမ်းရောင်နယ်သာခန်းမတွင်ညအခြားခန်းမသုံးခုမှခန်းမသခင်များဖြစ်ကြသော လီချင်းဖန်၊လီကျင်းပန်နှင့် ကျောက်ရွှမ်းမင်တို့လည်း တက်ရောက်ခဲ့သည်။ယခုဆို အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်းသည် နဂါးစွယ်တောင်တန်း၏ဆုံရပ်ဖြစ်လာခဲ့သည်။
စည်ကားသက်ဝင်နေခြင်းမှာ အပေါ်ယံမျှသာဖြစ်ပြီး ဒီနေ့ဒီမှာဖြစ်ပျက်မည့်အရာတွေကို သတိရှိရှိ စောင့်ကြည့်နေတဲ့သူတွေလည်း ရှိနေသည်။ ထို့အပြင် အထူးနည်းလမ်းများဖြင့် စောင့်ကြည့်နေသည့် အခြားကလန်လေးခုမှ အကြီးအကဲအချို့လည်း ပါဝင်သည်။
သာမန်အခြေအနေတွင်၊ တံခွန်ကိုင် ရွေးချယ်ရေးတိုက်ပွဲသည် ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်မှ အကြီးအကဲများစွာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း ယခုအခြေနေက ယခင်နှင့်မတူပေ။ လီလော့သည် နဂါးစှယျကလနျသျို့ပြန်လာပြီးကတည်းက ဤတိုက်ပွဲတွင် သူ၏စစ်မှန်သောခွန်အားကို ပထမဆုံးအကြိမ်ပြသခြင်းဖြစ်သည်။
နတ်ဆိုးလှိုဏ်ဂူ လေ့လာရေးခရီးတွင် သူ၏စွမ်းရည်များကို ပြသခဲ့သော်လည်း၊ ၎င်းသည် တစ်ဦးချင်းခွန်အားမဟုတ်ပေ။ လူတိုင်းသည် တစ်နေ့တွင် တံခွန်နှစ်ဆယ်မှ ထွက်ခွာရမည်ဖြစ်ပြီး အမြဲတမ်း အတူစုဝေးနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် တစ်ဦးချင်းစီ၏ စွမ်းပကားကိုပြသခြင်းသည် အမှန်တကယ်အရေးကြီးပါသည်။
လီလော့၏ စွမ်းဆောင်မှုကို လူတိုင်းက စောင့်မျှော်နေကြသည်။ သူသည် ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်တွင် ဖခင်၏ဂုဏ်သတင်းနှင့်အညီ နေထိုင်နိုင်မည်လော......
အစိမ်းရောင်နယ်သာ လေ့ကျင့်ရေးကွင်း၏ အနောက်ဘက်ခြမ်းတွင် ကြီးမားသောလေ့ကျင့်ရေးကွင်းတစ်ခုရှိသည်။
ဤနေရာတွင် တက်ကြွသော လူအုပ်ကြီး စုဝေးနေသည်။ အစိမ်းရောင်နယ်သာ တံခွန်၏ အဖွဲ့ဝင်ရှစ်ထောင်မှလွဲ၍ အခြားတံခွန်သုံးခု၏ လက်အောက်ခံခေါင်းဆောင်များဖြစ်သော လီကျင်းထောင်၊ လီဖန်းရိ နှင့် တျန့်ဖုန်းရှန်တို့လညလည်း ရောက်ရှိနေကြသည်။
လေ့ကျင့်ရေးကွင်း၏ ဘယ်ဘက်တွင် ခန်းမသခင်များအတွက် စီစဉ်ပေးထားသော စင်မြင့်တစ်ခုရှိသည်။ ကျုံးယုရှီ၊ လီရုန်ယွင့်နှင့် အခြားသော အစိမ်းရောင်နယ်သာ ခန်းမသခင်များက ကျောက်ရွှမ်းမင်၊ လီချင်းဖန်၊ လီကျင်းပန် နှင့် အခြားသော ခန်းမသခင်များနှင့်အတူ ထိုင်နေကြသည်။
သို့သော်လည်း လီကျင်းဇယ်၏ အရိပ်အယောင် မတွေ့ရပေ။ တကယ်တော့၊ တံခွန်ကိုင်အတွက် တိုက်ပွဲကိုသက်သက် လာကြည့်ဖို့ သူ့အဆင့်အတန်းနဲ့ မသင့်တော်မည်မဟုတ်ပေ။ တကယ်တော့၊ သူရောက်ရှိလာလျှင် လီလော့အပေါ် သူ့မျက်နှာသာပေးမှုကို ပြသနိုင်မည်ဆိုသော်လည်း ဒါက လီလော့ လိုချင်တဲ့အရာတော့ မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ခန်းမသခင်များက လီလော့ကို အကဲခတ်ဖို့ရောက်လာသည်က အားလုံးသိကြသည်။
ခဏအကြာ ကျုံးယုရှီသည် လူစုလူဝေး၏ အဆုံးမရှိသော အော်ဟစ်သံများကြားတွင် မတ်တပ်ထရပ်လိုက်သည်။ သူ့လက်ကို မြှောက်လိုက်တော့ လူအုပ်ကြီးချက်ချင်းငြိမ်သက်သွားသည်။
သူက နွေးထွေးသောအပြုံးဖြင့်.....
"တံခွန်ကိုင်အတွက် သာမန်ရွေးချယ်ရေးတိုက်ပွဲတစ်ခုက အခုလိုလူအများရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မယ်လို့ ဘယ်သူထင်မိမှာလဲ.... အစိမ်းရောင်နယ်သာခန်းမ အခုလို သက်ဝင်စည်ကားမနေခဲ့တာ ကြာပြီ....ဟားးဟားးးအဓိပ်ပါယျမရှိတာတှဆေကျမတော့ဘဲ လိုရင်းကိုသွားကြရအောင်.... အစိမ်းရောင်နယ်သာတံခွန်အဖွဲ့အတွက်တံခွန်ကိုင် ရာထူးက အချိန်အတော်ကြာအောင်လစ်လပ်နေခဲ့တာမို့ တံခွန်အဖွဲ့ရဲ့စွမ်းဆောင်ရည်တွေကျဆင်းခဲ့တယ်...ဒါကြောင့်မို့ တံခွန်ကိုင်ရာထူးအတွက် သင့်တော်မယ့်သူကို ရွေးရတော့မယ်..... စည်းကမ်းချက်တွေအတိုင်း တပ်ခွဲငါးခုက ခေါင်းဆောင်တွေ ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီတယ်ဆို ကျေးဇူးပြုပြီး ရှေ့တိုးလာပါ...."
ကျုံးယုရှီ၏အကြည့်များက အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့သားတို့အပေါ် ဝေ့ဝဲနေသည်။ ဤအခိုက်အတန့်တွင် အခြားသူများ၏အကြည့်များက ရှေ့ဘက်သို့ လှည့်သွားခဲ့သည်။ ထိုနေရာသည် လက်အောက်ခံခေါင်းဆောင်ငါးဦး ရပ်တည်နေသည့်နေရာဖြစ်သည်။
သို့သော် ဒုတိယ၊ တတိယ၊ စတုတ္ထတပ်ခွဲမှ လက်အောက်ခံခေါင်းဆောင်များသည် စိတ်လှုပ်ရှားမှုမရှိဘဲ နှုတ်ဆိတ်နေခဲ့သည်။ တံခွန်ကိုင်ရာထူးက သူတို့အတွက် မဟုတ်မှန်း သူတို့အားလုံး သိကြသည်။ လီလော့ မရောက်လာမီတွင် ကျုံးလင် သည် တံခွန်ကိုင်ဖြစ်လာမည့်သူဖြစ်ကြောင်း သူတို့သိခဲ့ကြပြီး၊ ကျုံးလင်တရားဝင်ရာထူးမတက်မီအချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော်လည်း လီလော့လို ဖျက်မြင်းတစ်ကောင် ပေါ်လာမည်ကို မည်သူမျှ မမျှော်လင့်ထားပေ။
လီလော့သည် နတ်ဆိုးနန်းတော်ခန္ဓာအဆင့်တွင်သာရှိခြင်းကြောင့် အံ့အားသင့်ခဲ့ကြသော်လည်း ၎င်း၏အထူးနောက်ခံသည် ကျုံးလင်အတွက် အနီးကပ်ပြိုင်ဘက်ဖြစ်လာစေခဲ့သည်။
သူ၏ဦးဆောင်မှုအောက်တွင် ပဉ္စမတပ်ခွဲမှ ရရှိခဲ့သော အံ့မခန်းရလဒ်များနှင့်အတူ ပြီးခဲ့သော နှစ်လအတွင်း စွမ်းဆောင်ရည်များကို ပြသခဲ့သည်။ ထင်ရှားသည်မှာ၊ သူသည် ထင်ရှားကျော်ကြားသော နောက်ခံကို အားကိုးခဲ့ခြင်းမဟုတ်ပေ။
ထို့ကြောင့် ကျုံးလင်နှင့်လီလော့တို့သည် ရွေးချယ်ရေးတိုက်ပွဲအတွက် အဓိကပြိုင်ဘက်ဖြစ်လာခဲ့သည်။ သူတို့သာ ဝင်ရောက်စွက်ဖက်ရန် ကြိုးစားပါက ကိုယ့်ဒုက္ခကိုယ်ရှာနေသလိုသာဖြစ်လိမ့်မည်။
သူတို့ဘက်မှ တစ်စုံတစ်ရာ လှုပ်ရှားခြင်းမရှိသည့်အတွက် ပထမတပ်ခွဲမှ ကျုံးလင်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျောက်တုံးစင်မြင့်ပေါ်သို့ ပျံသန်းသွားခဲ့သည်။သူသည် စင်မြင့်ပေါ်တွင် စူးရှသော အကြည့်များဖြင့် လှံကဲ့သို့ဖြောင့်မတ်စွာ မတ်တတ်ရပ်နေ၏။
"အစိမ်းရောင်နယ်သာတံခွန်၏ ပထမတပ်ခွဲက ကျုံးလင် ... တံခွန်ကိူင်ရာထူးအတွက် ယှဉ်ပြိုင်ပါမယ်...." ဟု အသံနက်ကြီးဖြင့် အော်လိုက်သည်။
ဤအခိုက်အတန့်တွင် ပထမတပ်ခွဲတံခွန်အဖွဲ့ဝင်များသည် ၎င်းတို့၏ခေါင်းဆောင်ကို အော်ဟစ်အားပေးကြသည်။
ပဉ္စမတပ်ခွဲဘက်တွင်.....
လီလော့က အပျင်းပြေအညောင်းဆန့်လိုက်သည်။
"ကြိုးစားထား..ခေါင်းဆောင်!"
ကျောက်ယန်ဇီက ချစ်စရာကောင်းသော အပြုံးဖြင့် အားပေးနေသည်။ ဒီနေ့မှာတော့ သူမရဲ့ ဆွဲဆောင်မှုရှိပြီး အမိုက်စား ကောက်ကြောင်းတွေပေါ်လွင်စေသော ခရမ်းရောင် ဖဲသားဝတ်စုံနဲ့ ဝတ်ဆင်ထားသည်။ ဤသည်မှာ တောအုပ်ထဲတွင် ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ပင် အကြည့်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
သို့သော် သူမက ထိုသူများကို ဂရုမစိုက်ခဲ့ပေ။ အဲဒီအစား သူမက လီလော့ ပခုံးကိုမှီလိုက်ပြီး....
"ခေါင်းဆောင်...ပြိုင်ပွဲမှာ အနိုင်ရရင် ဒီည ခေါင်းဆောင်ကို အံ့အားသင့်စရာတစ်ခုပေးမယ်...." လို့ တိုးတိုးလေး ပြောလိုက်သည်။
ဒါကို မြင်လိုက်ရတော့ တချို့က သို့လော သို့လောတွေးနေကြသည်။ ယခင်က နဂါးစွယ်ကလန်၏ တံခွန်လေးခုကြားရှိ အလှလေးသည် အခြားသူများနှင့် ခပ်ဝေးဝေးတွင် အမြဲရှိနေခဲ့သည်။ ဒါပေမယ့် အခု လီလော့နဲ့ အရမ်းနီးစပ်နေပြီ......
အများအားဖြင့်၊ စွဲမက်ဖွယ်ကောင်းသော အလှလေးထံမှ ထိုစကားလုံးများကိုသာ ကြားရလျှင် ယောက်ျားတိုင်း၏ ဗိုက်ထဲတွင် လိပ်ပြာများ ပျံဝဲနေသလို သည်းအူလှိုက်ဖိုနေပေလိမ့်မည်။ သို့သော်လည်း လီလော့သည် ဤအချက်ကြောင့် စိတ်မပျက်ဘဲ ရိုးရှင်းစွာသာ တုံ့ပြန်ခဲ့သည်။....
" ငါနဲ့စေ့စပ်ထားတဲ့သူသာ ဒီစကားတွေကြားရင် နင့်ကို သံရိုက်သလို ရိုက်လိမ့်မယ်......"
"ရှင်ပြောတဲ့ စေ့စပ်ထားသူဆိုတဲ့ နတ်သမီး တကယ်ရှိမရှိကို သံသယဝင်နေပြီ....."
ကျောက်ယန်ဇီက အမူပိုစွာပြန်ဖြေလိုက်သည်။
လီလော့က သူမကို နောက်တချက်ကြည့်လိုက်ပြီး ပြုံးကာ .... "မင်းကို တပ်မက်တဲ့ ယောက်ျားတွေကို တားဆီးဖို့ ငါ့ကို သုံးချတာကို စိတ်မဆိုးပါဘူး..... ငါအရင်ကပြောခဲ့ဖူးသလို မင်းငါ့အပေါ် သစ္စာရှိနေသ၍ စောင့်ရှောက်ပေးမယ်.. မင်းက ဆန့်ကျင်ဘက်လိင်နဲ့ ထိတွေ့ရတာကို သိပ်မကြိုက်တဲ့အတွက် ဒီလိုစကားမျိုးတွေ တမင်ပြောဖို့ မလိုဘူး....."
ဒါကိုကြားတော့ ကျောက်ယန်ဇီရဲ့ ချစ်စဖွယ်မျက်နှာက အနည်းငယ် တောင့်တင်းသွားပြီး ရွဲ့စောင်းတဲ့လေသံနဲ့.....
"ခေါင်းဆောင်..ရှင်က နည်းနည်းလေးမှ အထိမခံတဲ့သူပဲ......"
လီလော့ သူမကို အပြစ်တင်ဖို့ ရည်ရွယ်ချက်မရှိပေ။ ကျောက်ယန်ဇီ သည် အနှစ်သာရမရှိသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ပြီး မနှစ်မြို့ဖွယ် အမှတ်တရများစွာကို သယ်ဆောင်ထားရသည်။ သူမသည် လုံခြုံရေးအသိအမြဲတစေရှိနေပြီး သူမ၏အလှကို မက်မောခြင်းမရှိစေရန် အခြားသူများကို အဟန့်အတားဖြစ်စေသည့်ပုံစံအဖြစ် အသုံးချရန် ကြိုးစားနေခြင်းဖြစ်သည်။
"တကယ်တော့ တခြားယောက်ျားတွေနဲ့ ယှဉ်ရင် ခေါင်းဆောင်ကို ရွံ့မုန်းမနေပါဘူး......." ဟု သူမက ရှင်းပြသည်။
"ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်...." လီလော့က ပြုံးပြီး တုံ့ပြန်ခဲ့သည်။ အဲဒီနောက်မှာတော့ သူနဲ့ စကားစမြည်ပြောနေတာကို ရပ်လိုက်ပြီး သူ့ခြေဖဝါးအောက်မှာ မိုးခြိမ်းသံ ရုတ်တရက် ထွက်ပေါ်လာပြီး ရှေ့သို့ခုန်တက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် စင်မြင့်ပေါ်တွင် ကျုံးလင်၏ ဆန့်ကျင်ဘက်တွင် ရပ်နေပြီဖြစ်သည်။
"ကျွန်တော်က ပဉ္စမတပ်ခွဲက လီလော့ပါ...တံခွန်ကိုင်ရာထူးအတွက် ယှဉ်ပြိုင်ချင်ပါတယ်....." ဟု ဖြည်းညှင်းစွာပြောလိုက်သည်။
ကျုံးလင်က သူ့ကို အေးစက်စွာ စိုက်ကြည့်ရင်း.... "ခေါင်းဆောင်လီလော့....မင်းကတကယ် အရည်အချင်းရှိပေမယ့် စိတ်မြန်လွန်းတယ်..... မင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး နောက်ထပ် ခြောက်လလောက် စောင့်ရင် ငါ တံခွန်ကိုင် ရာထူးကို စွန့်လွှတ်ရလိမ့်မယ်......."
"နောက်ထပ် ခြောက်လစောင့်ဖို့ ငါ့အချိန်တွေက သိပ်အဖိုးတန်တယ်..." ဟု လီလော့က ရယ်မောကာ ပြန်ဖြေသည်။
နဂါးစွယ်ကလန်အတွင်းမှာ ပိုမိုအောင်မြင်လာချင်ရင် အစိမ်းရောင်နယ်သာတံခွန်ကိုင်ရာထူးကို ထိန်းသိမ်းနိုင်မှသာ သူ့အတွက် အခွင့်အရေးတွေ ပိုရပါလိမ့်မည်။
ခြောက်လတာကာလသည် အခြားသူများအတွက် အရေးမပါသောအချိန်ဖြစ်နိုင်သော်လည်း သူ့အတွက် အလွန်ရှည်လျားသည်။
သူ့ရဲ့ ဖြားယောင်းမှု မအောင်မြင်တာကို မြင်လိုက်ရတော့ ကျုံးလင်ရဲ့မျက်လုံးတွေမှာ ရန်လိုတဲ့အရိပ်အမြွက်တွေပြည့်နှက်နေသည်။
"ဒါဆို မင်းရဲ့ နတ်ဆိုးနန်းတော်ခန္ဓာအဆင့် ခွန်အားနဲ့ မင်းငါ့ကို ဘယ်လိုတိုက်မလဲဆိုတာ ကြည့်ရအောင်......."
ထိုအချိန်တွင် ကျုံးယုရှီသည် မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်ကာ သူတို့နှစ်ဦးကို ကြည့်နေသည်။ သူ၏ လက်ဝှေ့ယမ်းသံနှင့်အတူ ပြိုင်ပွဲစတင်ကြောင်း ကြေငြာသံက ပရိသတ်ကြားတွင် ပဲ့တင်ထပ်နေသည်။
"ပထမတပ်ခွဲကကျုံးလင်နဲ့ ပဉ္စမတပ်ခွဲက လီလော့တို့ အစိမ်းရောင်နယ်သာတံခွန်ကိုင် ရာထူးအတွက် ရွေးချယ်ရေးတိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ်...."
"မင်းတို့နှစ်ယောက် အကောင်းဆုံးကြိုးစားပြီး အစိမ်းရောင်နယ်သာ တံခွန် ရဲ့ စွမ်းအားကို အများသိအောင် ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....."
"စကြရအောင်....."
ကြေငြာချက် အဆုံးသတ်ပြီးချိန်တွင် တံခွန်ခေါင်းဆောင်ရာထူးအတွက် ရွေးချယ်ရေးတိုက်ပွဲသည် တရားဝင်စတင်ခဲ့သည်။