လီလော့၏ပဲ့တင်ထပ်သံပညာရပ်......
Vol. 57 Ch. 792
ကျုံးယုရှီက ရွေးချယ်ရေးတိုက်ပွဲစတင်ကြောင်းကြေငြာသောအခါ အားပေးသံများ ဆူညံလာသည်။ ကျုံးလင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ ပဲ့တင်ထပ်သံစွမ်းအားများကို ထုတ်ဖော်လိုက်သည်။
သူ၏ ပဲ့တင်ထပ်သံ စွမ်းအားများက တောက်လောင်နေသော မီးတောက်ကဲ့သို့ နီရဲနေသည်။ မြင့်မားသော အပူချိန်ကို ထုတ်လွှတ်လိုက်သဖြင့် ပတ်ဝန်းကျင်ကလေထုပင် ပုံပျက်သွားတော့သည်။
အဆင့်ရှစ် မီးပဲ့တင်ထပ်သံ......
ကျုံးလင်၏ ပဲ့တင်ထပ်သံစွမ်းအားသည် ကျောက်ယန်ဇီ၊ မုဘီ နှင့် လီရှိတို့နှင့် နှိုင်းယှဉ်လျှင် လွန်စွာ လွှမ်းမိုးနေသည်။ အမှန်တော့၊ သူသည် ယခု အစိမ်းရောင်နယ်သာတံခွန်တွင် အပြင်းထန်ဆုံးသော ပြိုင်ဘက်ဖြစ်သည်။
ကျုံးလင်၏ သရုပ်ပြမှုကို မြင်တွေ့လိုက်ရချိန်မှာတော့ ပဉ္စမတပ်ခွဲတံခွန်အဖွဲ့ဝင်တွေရဲ့ အားပေးသံတွေ အနည်းငယ် လျော့ပါးသွားသည်။ ကျောက်ယန်ဇီ၏ လှပသော မျက်လုံးများတွင် စိုးရိမ်မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။
ယခင်က၊ လီလော့ သည် သူ၏ နဂါးငွေ့တန်းကိုးသွယ်ပညာရပ်နှင့် သဟဇာတဖြစ်ခြင်းတို့ကြောင့် နတ်ဆိုးလှိုဏ်ဂူတွင် အံ့မခန်းရလဒ်များ ရရှိခဲ့သည်။ ထိုအချက်နှစ်ချက်က ကျုံးလင် နှင့် သူ့ကြားက အင်အားကွာဟချက်ကို ကျဉ်းမြောင်းစေခဲ့သည်။
သို့သော်လည်း ထိုအရာများက ယခုအချိန်တွင် သူ့ကို မကူညီနိုင်တော့ပေ။ တံခွန်ကိုင် ရာထူးကို ရယူရန် သူ့ကိုယ်ပိုင် စွမ်းအားကို အားကိုးရပေမည်။
ကျုံးလင်သည် ရွှေနတ်ဆိုးခန္ဓာအဆင့်ဖြစ်နေပြီဖြစ်သော်လည်း၊ လီလော့သည် နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်တွင်သာရှိနေသည်။
လီလော့အနေဖြင့် ဤမျှကြီးမားသော ကွာဟချက်ကို မည်သို့ချုံ့ပစ်နိုင်မည်နည်း.......
အားလုံး စိုးရိမ်နေကြချိန်မှာ ကျုံးလင်က နည်းနည်းမှ တုံ့ဆိုင်းမနေဘဲ လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်ပြီး တိုက်ခိုက်မှုကို စတင်လိုက်သည်။သူ၏ တောက်လောင်နေသော အနီရောင် ပဲ့တင်ထပ်သံစွမ်းအားများသည် ပူလောင်သောချော်ရည်များသဖွယ် လွင့်ထွက်နေသည်။
ဘန်းးးးးး
ကျုံးလင်၏ လက်သီးချက်ကြောင့် အနီရောင်ပဲ့တင်ထပ်သံစွမ်းအားများသည် မီတာတစ်ရာခန့် ကျယ်ဝန်းကြီးမားသော လက်သီးများအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းသည် တောက်လောင်နေသော အနီရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည့်အတွက် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
သူ့တိုက်ပွဲတွေနဲ့ ရင်းနှီးတဲ့သူတွေက ဒါကို ချက်ချင်း အသိအမှတ်ပြုခဲ့ကြသည်။ ၎င်းသည် ကျုံးလင်၏ ထင်ရှားသော လှုပ်ရှားမှုဖြစ်သော နဂါးအဆင့်ပညာရပ်... မီးတောက်အကြေးခွံလက်သီးဖြစ်သည်။
လီလော့သည် နတ်ဆိုးနန်းတော်ခန္ဓာအဆင့်တွင်ရှိနေသော်လည်း နောက်ဆုတ်မသွားခဲ့သည်မှာ ထင်ရှားသည်။
ငွေနတ်ဆိုးခန္ဓာအဆင့် ကျောက်ယန်ဇီ၊ မုဘီနှင့်လီရှိတို့ပင်လျှင် ဤလက်သီးချက်ဖြင့် ရင်ဆိုင်ရန် ရုန်းကန်ရပေမည်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ဖုံးလွှမ်းနေသော လက်သီးချက်က အားလုံး၏အကြည့်များအောက်တွင် လီလော့ဆီသို့ တိုက်ရိုက်ပျံသန်းသွားသည်။
မီးတောက်အကြေးခွံလက်သီးသည် လီလော့၏ မျက်လုံးထဲတွင် လျင်မြန်စွာ ကြီးမားလာသည်။ ဤအခိုက်အတန့်တွင် သူသည် သူ့ဆီသို့ ဦးတည်လာနေသော ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားကို ခံစားလိုက်ရပြီး အမူအရာလေးနက်သွားသည်။ ကျုံးလင်၏ရွှေနတ်ဆိုးခန္ဓာအဆင့်ခွန်အားသည် မုဘီထက်ပို၍ အားကောင်းသည်။
ဒိုင်း!
တစ္ဆေလို လျှပ်တပြက် ရှောင်တိမ်းဖို့ ကြိုးစားရင်း လီလော့ရဲ့ ခြေဖဝါးအောက်မှာ မိုးကြိုးအမျှင်တန်းများပေါ်လာခဲ့သည်။
အဆင့်နိမ့် နဂါပညာရပ်...မိုးကြိုးပညာရပ်......
ဤသည်မှာ ရှပြည်ထောင်စုတွင် သင်ယူခဲ့သော ပဲ့တင်ထပ်သံပညာရပ်ဖြစ်ပြီး သူ၏သွက်လက်မှုကို မြှင့်တင်နိုင်သည့်နည်းလမ်းများထဲမှတစ်ခုဖြစ်သည်။
ကံမကောင်းစွာပဲ၊ ကျုံးလင်၏ ထိန်းချုပ်မှုအောက်ရှိ မီးတောက်အကြေးခွံလက်သီးက သူ့နောက်ကို အဆက်မပြတ်လိုက်နေခဲ့သည်။ သူတို့သည် နေရာအကန့်အသတ်ရှိသော တိုက်ပွဲစင်မြင့်ပေါ်တွင် တိုက်ခိုက်နေကြသောကြောင့် လီလော့အနေဖြင့် မလွတ်မြောက်နိုင်ပေ။
ထို့ကြောင့် သူသည် ထိပ်တိုက်ရင်ဆိုင်ရန် ကျန်းစဲ့ယွီရှန်းဓားကို ဆင့်ခေါ်လိုက်လေသည်။
သူ့ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံ စွမ်းအားများ လျင်မြန်စွာ ပျံ့နှံ့သွားသဖြင့် မျက်နှာအမူအရာက ပို၍လေးနက်လာသည်။
ဝုန်းးးးးး
တောက်ပသော ဓားစက်ဝန်းတစ်ခု ဓါးထိပ်ဖျားမှ ထွက်လာပြီး မီးတောက်အကြေးခွံလက်သီးနှင့် တိုက်ရိုက် ထိပ်တိုက်တွေ့ကာ လေဟာနယ်
ကိုပင် ပိုင်းခြားခဲ့သည်။
ဝုန်းးးးးးးးး
လေထုထဲတွင် စွမ်းအင်လှိုင်းလုံးများ ပြင်းထန်စွာ တုန်ခါသွားကာ မီးတောက်အကြေးခွံလက်သီး၏ ပြင်းထန်သောအပူရှိန်ကြောင့် ဓားစက်ဝန်း အငွေ့ပြန်သွားခဲ့သည်။
လီလော့ သုံးခဲ့သော ရေတစ်ထောင်ဓားစက်ဝန်းဘီးသည် ယခုချိန်တွင် အသုံးမဝင်ပေ။
တိုးတက်လာသော ကျားအဆင့် ပညာရပ်သည် ဤမျှကြီးမားသော ကွာဟချက်များနှင့် ကွဲလွဲမှုများကိုပင် အထောက်အကူဖြစ်စေမည်မဟုတ်ပေ။
တိုက်ပွဲတွင် ကျုံးလင် အောင်ပွဲခံနေသည်ကို တွေ့လိုက်သောအခါတွင် လူအုပ်ထဲမှ အားပေးသံများ ထွက်ပေါ်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ၊ မြင့်မားသောစင်မြင့်ပေါ်ရှိ ခန်းမသခင်များကတော့ အမူအရာမပြောင်းဘဲ ဆက်လက်ကြည့်ရှုနေကြသည်။
သူ၏ယခင်တိုက်ခိုက်မှု အသုံးမဝင်ကြောင်း မြင်လိုက်ရသဖြင့် လီလော့ သည် ခြေရင်းအောက်မှ မိုးကြိုးများကို ဆင့်ခေါ်ကာ မီတာတစ်ရာ နောက်သို့ ပြန်ဆုတ်သွားပြန်သည်။ အဲဒီနောက်မှာတော့ ကြီးမားတဲ့ ငွေရောင်လေးတစ်လက် သူ့လက်ထဲမှာ ပေါ်လာခဲ့သည်။
လေးကြိုးကို ဆွဲလိုက်သည့်အခိုက်အတန့်တွင် မိုးကြိုးအမျှင်များက မြှားတစ်စင်းအဖြစ်သို့ ပေါင်းစပ်သွားလေသည်။
မြှားပေါ်တွင်လျှပ်စီးလက်နေသည့် လျှပ်စီးကြောင်းများ ရှိနေခြင်းကြောင့် ပတ်ဝန်းကျင်လေထုကိုပင် အနည်းငယ် တုန်ခါသွားစေသည်။
တစ်ချိန်တည်းမှာပင် ရောင်ခြည်နှစ်သွယ်ကမြှားပတ်ပတ်လည်တွင် ပေါ်လာသည်။ လီလော့သည် ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခုကို အသက်သွင်းနေသော်လည်း ဝိညာဉ်ရေးအငွေ့အသက်များက ယခုတစ်ကြိမ်တွင် ပေါ်မလာပေ။
လီလော့၏ ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံ စွမ်းအားများက ပြင်းထန်သော စွမ်းအင်လှိုင်းများအဖြစ် ထွက်ပေါ်လာသည်။
နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်တွင်ရှိသောအခြားသော တံခွန်အဖွဲ့ဝင်များ၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။ လီလော့သည် သူတို့နှင့်အဆင့်တူညီသော်လည်း၊ သူ၏ ပဲ့တင်ထပ်သံ စွမ်းအားက ၎င်းတို့ထက် များစွာအားကောင်းကြောင်း ချက်ချင်း သိရှိသွားခဲ့သည်။
ဝုန်းးးးးး
"အဆင့်မြင့် နဂါးအဆင့်ပညာရပ်၊ စီးဆင်းနေသောမိုးကြိုးနဂါးအစွယ်!"
ထိုစဉ် နဂါးအစွယ်ကဲ့သို့ အလင်းတန်းလေး လွင့်ထွက်သွားပြီး ကောင်းကင်ကို ကွဲသွားစေသည်။ မိုးကြိုးကြောင့် ကောင်းကင်ကို နှစ်ခြမ်းကွဲသွားသလို လျှပ်စီးများတဖြတ်ဖြတ်လင်းလက်နေသည်။
ဝုန်းးးးးးးး
အပြစ်သားတစ်ဦးကို ကောင်းကင်ဘုံကတရားစီရင်ခြင်းကဲ့သို့ပင်၊ နဂါးအစွယ်သည် ပြင်းထန်သော မီးတောက်အကြေးခွံလက်သီးနှင့် ခေါင်းချင်းဆိုင်တိုက်မိသွားသည်။
ဤအခိုက်အတန့်တွင်၊ လေထုအလယ်တွင် ရေအလင်းတန်းများ ထွက်ပေါ်လာပြီး ပုံမှန်မဟုတ်သော ကြည်လင်သည့် ကြေးမုံများစွာဖြစ်ပေါ်လာသည်။ ကြေးမုံများသည် စီးဆင်းနေသောမိုးကြိုးနဂါးအစွယ်ပေါ်တွင် တောက်ပစွာ လင်းလက်နေပြီး ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများစွာ ပေါ်လာသည်။ ဒီမြင်ကွင်းကို လူအုပ်ကြီးက အံ့သြစွာ ကြည့်နေကြသည်။
ဒါဟာ အံ့မခန်းမြင်ကွင်းတစ်ခုပင်.... စီးဆင်းနေသော မိုးကြိုးနဂါးအစွယ် ဒါဇင်ပေါင်းများစွာ လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသည်။
စစ်မြေပြင်တဝိုက်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် အော်သံများစွာကို ကြားနေရသည်။
"အဲ့တာ ရေကြေးမုံပညာရပ်မလား? ဒါကို ပုံရိပ်ယောင်တွေအဖြစ်သုံးမလို့လား...."
"လီလော့က သူတို့နှစ်ယောက်ကြားနှာ ခွန်အားကွာခြားချက်ကြီးမားမှန်းသိနေတယ်...... ဒီလို အထင်ကြီးလောက်စရာ အဆင့်မြင့် နဂါးအဆင့်ပညာရပ်နဲ့တောင်မှ ကျုံးလင်ရဲ့မီးတောက်အကြေးခွံလက်သီးကို ဆန့်ကျင်ဖို့ အခွင့်အရေး မရှိတော့ဘူး.... ဒီပုံရိပ်ယောင်တွေကိုအာရုံလွှဲဖ်ို့အသုံးချနေတာ....."
"ဒါက ကောင်းမွန်တဲ့ ကြိုးစားမှုတစ်ခုပဲလေ.... ဒါပေမယ့် ဒီလို အကြွင်းမဲ့အာဏာနဲ့ ရင်ဆိုင်ရရင် အသုံးဝင်နိုင်မှာမဟုတ်ဘူး..."
လူအုပ်ကြီးက မျက်တောင်မခတ်ဘဲ တိုက်ပွဲအကြောင်းကိုဆွေးနွေးနေကြသည်။
ကျုံးလင်သည် ထိုမြင်ကွင်းကို ကြည့်ပြီး အမူအရာ ပြောင်းလဲသွားသည်။ သူသည် လက်ငါးချောင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး မီးတောက်အကြေးခွံလက်သီးက ကြွေကျလာသော ဥက္ကာခဲကဲ့သို့ ဒေါသတကြီး ဆင်းသက်ကာ စီးဆင်းနေသော မိုးကြိုးနဂါးစွယ်များထံတိုးဝင်သွားသည်။
သို့သော်၊ မီးတောက်အကြေးခွံလက်သီး ၎င်းတို့ပေါ်သို့ ဆင်းသက်ခါနီးတွင် လျှပ်စီးကြောင်းများက လေထဲတွင် ပျံဝဲနေသော စပါးအုံးမြွေကဲ့သို့ ကွဲထွက်သွားသည်။
ဒိုင်း! ဒိုင်း!
မီးတောက်အကြေးခွံလက်သီးသည် လေထဲသို့ ထိုးကျကာ မိုးကြိုးနဂါးစွယ်မြှားနှစ်ချောင်းနှင့် ထိမှန်သွားသည်။ သို့သော် မြှားများနှင့် ထိတွေ့လိုက်သောအခါတွင် အကောင်အထည်မရှိသော အငွေ့အသက်များအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ဒါတွေက ရေကြေးမုံပညာရပ်ဖြင့် ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေဆိုတာ သံသယဝင်နေစရာမလိုတော့ပေ။
ကျုံးလင်၏ မျက်နှာ မည်းမှောင်သွားပြီး သူ့မျက်လုံးများတွင် အံ့အားသင့်နေသည့် အကြည့်များ ပေါ်လာသည်။
"ရေကြေးမုံပညာရပ်နဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေက ဘာလို့ ဒီလောက် လက်သွက်ရတာလဲ...."
ဝုန်းးးးး
မီးတောက်အကြေးခွံလက်သီးသည် ကခုန်နေသည့် မိုးကြိုးနဂါးစွယ်မြှားများနှင့် ဆက်လက် ထိပ်တိုက်တွေ့ခဲ့သည်။ သို့သော် ပုံရိပ်ယောင်များကိုသာ ထပ်ခါထပ်ခါ ရိုက်ခတ်နေခဲ့သည်။ထို့ကြောင့် မီးတောက်အကြေးခွံလက်သီး၏ မီးပဲ့တင်ထပ်သံစွမ်းအင်များ တဖြည်းဖြည်း ကုန်ဆုံးလာသည်။
ဒါကိုမြင်လိုက်ရတော့ လီလော့ရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူ့စိတ်ကို အာရုံစူးစိုက်ထားလိုက်သည်။ ကျန်နေသော မြှားများ အရှိန်မြင့်လာပြီး မီးတောက်အကြေးခွံလက်သီး ဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
နောက်ဆုံးတွင် ပညာရပ်နှစ်ခု လေထဲတွင် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံကြလေသည်။
မြင့်မားသော စင်မြင့်ပေါ်ရှိ ခန်းမသခင် များ၏ အကြည့်များက မိုးကြိုးနဂါးစွယ်မြှားများထဲမှ တခုဆီသို့ အာရုံပြောင်းသွားကြသည်။ ဤမြှားချက်သည် မီးတောက်အကြေးခွံလက်သီး၏ အပြင်းထန်ဆုံးသောအချက်ကို ကျွမ်းကျင်စွာရှောင်ရှားခဲ့ပြီး ယင်းအစား လက်သီးချက်ကို ချေပနိုင်သည်ကို သူတို့ကောင်းစွာနားလည်ခဲ့ကြသည်။
ဘန်းးးးးးးး
ကြီးမားသော မီးရှူးမီးပန်းကြီး လေထဲတွင် ပွင့်နေသကဲ့သို့ပင်......
လူတိုင်းက ထိတ်လန့်တကြားကြည့်နေကြစဉ် ကျုံးလင်၏ မီးတောက်အကြေးခွံလက်သီးသည် တောက်ပသော မိုးကြိုးများနှင့်အတူ အငွေ့ပျံသွားသည်။
လီလော့က ကျုံးလင်၏ အောင်ပွဲခံရန် သေချာသော တိုက်ခိုက်မှုကို ရှောင်ဖယ်သွားခဲ့သည်။
နောက်ဆုံးတော့ တိုက်ခိုက်မှုနှစ်ခုကြားက စွမ်းအားကွာခြားချက်က တော်တော်လေး သိသာနေပြီး ကျုံးလင်သည် တိုက်ရိုက်တိုက်ပွဲတွင် ကြီးကြီးမားမား အောင်ပွဲရခဲ့သင့်သည်။
ဘာကြောင့် ဒီလိုမျိုး အဆုံးသတ်ခဲ့ရတာလဲ........
အားလုံးက ငြိမ်သက်စွာ တွေးတောနေကြစဉ် ခန်းမသခင်များသာ လီလော့၏ လှည့်ကွက်ငယ်များကို မြင်နိုင်ခဲ့သည်။
အတန်ငယ် အထူးခြားသော ရေကြေးမုံပညာရပ်ကို အသုံးပြု၍ မီးတောက်အကြေးခွံလက်သီး၏ စွမ်းအင်ကို ဖြည်းညှင်းစွာ လျော့နည်းသွားစေရန်အတွက် သူ၏အဆင့်မြင့် နဂါးအဆင့်ပညာရပ်၏ အံ့ဩဖွယ်ရာများကို ဖန်တီးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် လက်သီးချက်၏ အအားနည်းဆုံးနေရာကို ဖော်ထုတ်ရန် ဤအခွင့်အရေးကို အသုံးပြုခဲ့သည်။
ထို့နောက်တွင်၊ ပုံရိပ်ယောင်များ ၎င်းကို ဝိုင်းအုံလာပြီး အာရုံလွှဲနေစဉ် အစစ်အမှန်မြှားချက်က အားပျော့သောအချက်ကို ရိုက်ခတ်ခြင်းဖြင့် ၎င်းအား အနိုင်ယူသွားခဲ့သည်။
ရိုးရှင်းတယ်လို့ ထင်ရပေမယ့် ဒါက ပညာရပ်အပေါ် သိမ်သိမ်မွေ့မွေ့ ထိန်းချုပ်မှုတွေ အများကြီး လိုအပ်ပေသည်။
တုန်လှုပ်ချောက်ချားဖွယ် မိုးကြိုးများနှင့်အတူ ပုန်းအောင်းနေသည့် အစစ်အမှန်မြှားချက်ကို ကောင်းစွာ ထိန်းချုပ်နိုင်ရန်လည်းလိုပေသေးသည်။
လီချင်းဖန်၊လီကျင်းပန် ၊လီရုန်ယွင့်နှင့် အခြားသော ခန်းမသခင်များက ဤအရာကို သဘောကျနေကြသည်။
လီလော့၏ အံ့အားသင့်ဖွယ်အောင်ပွဲသည် ၎င်း၏ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံအပြင် ပဲ့တင်ထပ်သံ ပညာရပ်အပေါ် ကျွမ်းကျင်ပိုင်နိုင်သော သူ၏စွမ်းရည်များကို ထင်ရှားစွာပြသခဲ့သည်။
ထိုကဲ့သို့ သိမ်မွေ့သော ကျွမ်းကျင်မှုကြောင့် သူသည် မြို့စားအဆင့်များထံမှပင် ချီးမွမ်းခံခဲ့ရသည်။
အစကတော့ လီလော့နဲ့ သူ့ပြိုင်ဘက်ကြားက အင်အားကွာဟချက်ကြီးမားလာမှာကို သူတို့ စိုးရိမ်ခဲ့ကြသည်။ သို့သော် ဤမျှ ကြီးကျယ်ခမ်းနားသော ပြကွက်ကို မြင်တွေ့ပြီးနောက် စိုးရိမ်စရာ မလိုတော့ပေ။ ယနေ့ တံခွန်ကိုင်ရာထူးအတွက်တိုက်ပွဲက စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲတစ်ခုဖြစ်လာမှာ သေချာနေသည်။
လီလော့ ပြင်ဆင်ထားတဲ့ တခြားသော အံ့အားသင့်စရာတွေကို ထပ်မံမြင်တွေ့ခွင့်ရဖို့ သူတို့ စောင့်မျှော်နေလေတော့သည်။