နတ်ဆိုးစွမ်းအင်....
Vol. 57 Ch. 793
လီလော့သည် ကျုံးလင်၏ မီးတောက်အကြေးခွံလက်သီးကို ချေမှုန်းပြီးနောက် လေ့ကျင့်ရေးကွင်းရှိ လူအုပ်ကြီး၏စိုးရိမ်ပူပန်မှုများလျော့နည်းသွားသည်။
ရွှေအလင်းတံခွန်ဘက်တွင် အဖြေတစ်ခုအတွက် တျန်ဖုန်းရှန်က လီလော့ကို စိတ်ရှုပ်ထွေးနေသောအကြည့်ဖြင့်စိုက်ကြည့်နေပြီး.....
"လီလော့က နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်ရောက်နေလောက်ပြီ.... ပြီးတော့ သူ့ရဲ့ ပဲ့တင်ထပ်သံသုံးခုစလုံးကို တူညီတဲ့ အဆင့်မှာ ထိန်းထားနိုင်ရင် သူပိုင်ဆိုင်တဲ့ ပဲ့တင်ထပ်သံစွမ်းအားက အဆင့်တူတဲ့သူတိုင်းထက် သာလွန်သွားလိမ့်မယ်....ဒါကြောင့် သူ့ကို သာမန်လူတစ်ယောက်အနေနဲ့ သတ်မှတ်လို့မရဘူး...နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်မှာ သူ့ရဲ့ ပဲ့တင်ထပ်သံစွမ်းအား အတက်အကျက ဘယ်လောက် ပြင်းထန်တယ်သလဲဆို ငွေနတ်ဆိုးအဆင့်ထက် အားနည်းမနေဘူး.... သူ့ရဲ့ ပြောင်မြောက်တဲ့ ကျွမ်းကျင်မှုက ပဲ့တင်ထပ်သံပညာရပ်တွေကို ကောင်းကောင်းအသုံးချနိုင်ပြီး တိုက်ပွဲပေါင်းမြောက်မြားစွာ ဆင်နွှဲခဲ့ဖူးသလို အတွေ့အကြုံကြွယ်ဝတယ်....."
"ဒါဆို ကျုံးလင် တံခွန်ကိုင်ရာထူးကို ရနိုင်မယ်လို့ မထင်လား...."
ရွှေအလင်းတံခွန်အဖွဲ့ဝင်အချို့က စိတ်ဝင်တစားမေးသည်။ ဤသည်မှာ အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ၏အဖွဲ့ဝင်များအတွက် အခြေအနေတစ်ခုဖြစ်သော်လည်း ကျုံးလင်သည် တျန်ဖုန်းရှန် ကို အမြဲတစေ လေးစားစွာဆက်ဆံခဲ့သဖြင့် အဖွဲ့ဝင်အများအပြားက သူ့ကို အထင်ကြီးလေးစားခဲ့ကြသည်။
တျန်ဖုန်းရှန်သည် စင်မြင့်ပေါ်က နှစ်ယောက်ကို ဆက်လက်ကြည့်ရှုရင်း သက်ပြင်းချလိုက်သည်။
"လီလော့ရဲ့ နည်းစနစ်တွေက အားမနည်းတဲ့အပြင် အဆင့်တူတွေထက်တောင် ကျော်လွန်နေပြီ....ငွေနတ်ဆိုးခန္ဓာအဆင့်တောင် သူ့မှာ ရှိတဲ့ ခွန်အားမျိုး ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး....ဒါပေမယ့် ကျုံးလင်က ရွှေနတ်ဆိုးခန္ဓာအဆင့်ဖြစ်ပြီး ဖန်သားနတ်ဆိုးခန္ဓာအဆင့်ကို တက်လှမ်းဖို့ ရွေးချယ်ခဲ့တယ်...ပြီးတော့ နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ကို တိုက်ရိုက်ဝင်ရောက်ဖို့ နတ်ဆိုးစွမ်းအင်တွေ စုစည်းဖို့ ကြိုးစားနေတယ်... ဒါပေမယ့် သူအဲဒီ့အဆင့်ကို ရောက်သွားပြီဆိုရင်တော့ လီလော့အစောကြီးကတည်းက အရမ်းရှုံးသွားလိမ့်မယ်....."
ထိုစဉ် ကျုံးလင်၏ အမူအရာ မှုန်မှိုင်းသွားသည်။ သူ၏တိုက်ရိုက်တိုက်ခိုက်မှုသည် လီလော့ကို ချက်ချင်းအနိုင်ယူနိုင်မည်ဟု မမျှော်လင့်ထားခဲ့သော်လည်း အနည်းဆုံးတော့ လီလော့ကို မြို့စားအဆင့်ပညာရပ် အသက်သွင်းရန် တွန်းအားပေးနိုင်လိမ့်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် လီလော့ကတော့ သူ့ကိုယ်ပိုင် နဂါးအဆင့် ပညာရပ်ကိုသာ အသုံးချခဲ့သည်။
လီလော့ သုံးခဲ့သောနဂါးအဆင့်ပညာရပ်၏စွမ်းပကားသည် စွဲမက်ဖွယ်ကောင်းသော်လည်း လီလော့ကို ဒဏ်ရာမရအောင် စွမ်းဆောင်နိုင်ခဲ့သလို မီးတောက်အကြေးခွံလက်သီး၏ အားနည်းချက်ကိုပင်ရှာတွေ့သွားခဲ့သည်။
ကျုံးလင်သည် လေထုထဲတွင် ပဲ့တင်ထပ်သံ စွမ်းအားအနည်းငယ် ပျံ့နှံ့နေသည်ကိုတွေ့လိုက်ရသည်နှင့် ချက်ချင်း အသက်ပြင်းပြင်းရှူလိုက်ရာ မီးတောက်လို ကြက်သွေးရောင်ပဲ့တင်ထပ်သံ စွမ်းအားတွေ ထွက်လာပြီး ကောင်းကင်တခွင် တောက်လောင်နေတဲ့ လမ်းကြောင်းကို ဖောက်ထွင်းခဲ့သည်။
ရလဒ်အနေဖြင့် လီလော့ က စစ်မြေပြင်တစ်လျှောက် လျှို့ဝှက်ထားခဲ့သော စွမ်းအားများ လုံးဝပျက်စီးသွားခဲ့သည်။
"မင်း တော်တော်ဉာဏ်များတာပဲ...."ဟု ကျုံးလင်က အေးစက်စွာပြောလိုက်သည်။
သူသည် ပဲ့တင်ထပ်သံစွမ်းအားအကြွင်းအကျန်များကို အသုံးပြုပြီး ရေကြေးမုံပညာရပ်ကို ဖန်တီးကာ သူ၏ မီးတောက်အကြေးခွံလက်သီးကို ချေမှုန်းပစ်ရန် စီမံထားသည့် ပုံရိပ်ယောင်များကို ဖန်တီးခဲ့သည်။
"ဒါပေမယ့် ဒီလှည့်ကွက်လေးတွေနဲ့ အောင်ပွဲခံနိုင်မယ်ထင်ရင် မင်းလောက် နုံအတဲ့သူရှိမှာမဟုတ်ဘူး...."
ကျုံးလင် က လှောင်ပြောင်ပြောဆိုခဲ့သည်။
ထို့နောက် ကျုံးလင်သည် လက်သီး ဆုပ်ထားပြီး ကြက်သွေးရောင်လက်အိတ်များ သူ့လက်ကို ဖုံးအုပ်ထားပြီး ၎င်းတို့ပေါ်တွင် မီးတောက်များဖြင့် ပြုလုပ်ထားသည့် ရွှေရာင်မှော်စာလုံးများကို မြင်တွေ့နိုင်သည်။
တစ်ချိန်တည်းမှာပင်၊ ကျုံးလင်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး ရွှေရောင်လိုင်းများသည် သူ့အရေပြားအောက်၌ တွန့်ကွေးနေပုံရသည်။ ထိုအခိုက်အတန့်တွင် သူ့ထံမှ ကြောက်စရာကောင်းသော ဖိအားများ ထွက်ပေါ်လာသည်။
ရွှေနတ်ဆိုးခန္ဓာ......
ဒါက ရွှေနတ်ဆိုးခန္ဓာအဆင့်၏ခွန်အားပါင်.....၎င်းတို့၏ ခန္ဓာသည် အဲ့မိုကွမ်းစွမ်းအင်များကြောင့် ပိုမိုကြံ့ခိုင်လာပြီဖြစ်သည်။
"ငါကရော ဒီနေ့အတွက် ကြိုတင်ပြင်ဆင်မှုတွေမလုပ်ထားဘဲနေမလား...."
သူ၏ ရွှေနတ်ဆိုးခန္ဓာကို အသက်သွင်းပြီးနောက် ကျုံးလင်၏ အကြည့်များသည် လှောင်ပြောင်မှုဖြင့် နက်ရှိုင်းလာသည်။
ထိုမေးခွန်းကို မေးပြီးနောက် တိုက်ပွဲစင်မြင့်တခုလုံး တဆတ်ဆတ်တုန်ခါလာသည်။
လီဖန်းရိနှင့် လီကျင်းထောင်တို့၏ အမူအရာများ ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်။
ရွှေအလင်းတံခွန်ဘက်က တျန်ဖုန်းရှန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး....
"ကျုံးလင်က တော်တော်လေးကို အရည်အချင်းရှိတယ်........"
လူအုပ်ကြီး၏အကြည့်အောက်တွင် ကျုံးလင်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ထိုခဏ၌ပင် လူတိုင်းသည် သူ့ထံမှ ပဲ့တင်ထပ်သံစွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရသည်။ နက်နဲသောသော အလင်းတန်းများ သူ့ပတ်ဝန်းကျင်တွင် အလားတူပေါ်လာသည်။
အလင်း၏အစက်အပြောက်များသည် သတ္တုဖြင့်သွန်းလုပ်ထားသောအစက်များကဲ့သို့ဖြစ်နေသည်။
အလင်းတန်းများ ချုပ်ငြိမ်းသွားသောအခါ၊ သူ၏ ပဲ့တင်ထပ်သံစွမ်းအားများ ရုတ်တရက် ပို၍ သန်မာအားကောင်းလာသည်။
ကောင်းကင်တွင် သေးငယ်သော နက္ခတ်တာရာများကို မြင်နေရသလိုမျိုး၊ ကြယ်များသည် ၎င်းတို့ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို စုပ်ယူလိုက်သောအခါ ကမ္ဘာလောကကြီးပင် ကွဲအက်သွားပုံရသည်။
ကြယ်များထံမှ ပျံ့နှံ့နေသော အော်ရာများက ဖော်မပြနိုင်သော ခံစားချက်ကိုပေးစွမ်းနေသည်။
ဒါကို မြင်တော့ အားလုံးတုန်လှုပ်ချောက်ချား သွားကြသည်။
"အဲ့ဒါက... နတ်ဆိုးစွမ်းအင်ပဲ....ကျုံးလင်က နောက်ဆုံးတော့ နတ်ဆိုးနစ်မြှုပ်ခြင်းစွမ်းအင်ကို စုစည်းနိုင်ခဲ့ပြီ!"
"ဒါဆို နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ရဲ့ တံခါးဝဆီလှမ်းနိုင်နေပြီပေါ့....."
"သူ့ရဲ့ နတ်ဆိုးနစ်မြုပ်ခြင်းစွမ်းအင်က နည်းနည်း အားနည်းနေပုံရပေမယ့် ဒီစွမ်းအင်က ကြောက်မက်ဖွယ်ကောင်းပြီး ကမ္ဘာမြေကြီးရဲ့ အထွတ်အထိပ်စွမ်းအားကို ကိုယ်စားပြုတယ်.... ကျုံးလင်က ဒီစွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိနေပြီဆိုတော့....ဒီနေ့တံခွန်ကိုင်ရာထူးကို ဘယ်သူရနိုင်မယ်ဆိုတာ ပြောနေဖို့တောင်မလိုတော့ဘူး....."
"လီလော့အတွက်တော့ စိတ်မကောင်းစရာပဲ.... သူက ငါတို့အတွက် နောက်ထပ် အံ့ဖွယ်အမှုတွေ ယူဆောင်လာလိမ့်မယ်လို့ ထင်ခဲ့တာ......."
"ကျုံးလင်သာ ရွှေနတ်ဆိုးခန္ဓာအဆင့်သာဆို လီလော့မှာ အခွင့်အရေးရှိန်ိုင်လိမ့်မယ်..... အခု သူက နောက်ထပ်အဆင့်ကို ရောက်နေပြီဆိုတော့ လီလော့မှာ မျှော်လင့်ချက်မရှိတော့ဘူး...."
အားလုံးက စကားစမြည်ပြောဆိုနေချိန်တွင် အစိမ်းရောင်နယ်သာတံခွန်ကိုင် ရွေးချယ်မှု လျင်မြန်စွာ ပြီးဆုံးတော့မည်ဟု အများစုက ကောက်ချက်ချပုံရသည်။
ပဉ္စမတပ်ခွဲဘက်တွင် ကျောက်ယန်ဇီ၊ မုဘီနှင့်လီရှိတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ယခုချိန်တွင် လီလော့အတွက် မျှော်လင့်ချက်ရှိနိုင်တော့မည်မထင်.....
လီချင်းဖန်၊ လီကျင်းပန်နှင့် လီရုန်ယွင့်တို့လည်း စိုးရိမ်နေကြသည်။ တစ်ဖက်တွင်၊ တိတ်ဆိတ်နေသော ကျုံးယုရှီသည် သူ့ထိုင်ခုံပေါ်၌ နောက်ပြန်မှီနေကာ ဤအချိန်တွင် ပို၍ သက်တောင့်သက်သာ ရှိနေသည်မှာ ထင်ရှားသည်။
"မင်းတကယ်ပဲ နတ်ဆိုးနစ်မြုပ်ခြင်းစွမ်းအင်ကို စုဆောင်းနိုင်ခဲ့တာလား....."
လီလော့သည် စွမ်းအင်များအဆက်မပြတ်စုပ်ယူနေသော ကျုံးလင် ၏နောက်ကွယ်မှကြယ်များကို အလားတူအာရုံစိုက်ခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် သူသည် အလွန်အံ့သြပုံမပေါ်ဘဲ သက်ပြင်းတစ်ချက်ချရုံ တုံ့ပြန်ခဲ့သည်။ တကယ်ဆ်ု ဒီလိုဖြစ်လာဖို့ သူမျှော်လင့်ခဲ့သည်မဟုတ်လော.....
"လီလော့ မင်းဘာလို့ အရှုံးမပေးသေးတာလဲ.... မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ဆို ဒီရာထူးကို တစ်နှစ်ခွဲအတွင်း ငါ့ဆီက သိမ်းပိုက်နိုင်တယ်..." ဟု ကျုံးလင်က ပြောလိုက်သည်။
လီလော့က ရယ်မောလိုက်ပြီး....
"မင်းတကယ်အနိုင်ရနေပြီလို့ထင်လား"
"မင်းမှာ ဘာရှိသေးလဲ.... ပိုကောင်းတဲ့ရလှည့်ကွက်တွေကို အားကိုးဉီးမလို့လား..."
"ငါ့ရဲ့ အစောပိုင်း လှုပ်ရှားမှုတွေက အတော်လေးကို ပြဇာတ်ဆန်ခဲ့ပေမယ့် အဓိက အကြောင်းရင်းကတော့ ပဲ့တင်သံပညာရပ်မှာ ငါ့ရဲ့ ကျွမ်းကျင်မှုကို ပြသဖို့ပဲ.... " လို့ လီလော့က ရိုးရိုးသားသား ဖြေကြားခဲ့သည်။
ကျုံးလင်က အေးစက်စွာ ပြုံးလိုက်ပြီး....
"မင်းရဲ့ စွမ်းဆောင်မှုက အရမ်းကောင်းတယ်.... မင်း အခုပဲ စင်ပေါ်ကနေ ဆင်းလို့ရပြီ....."
လီလော့ ခေါင်းယမ်းလိုက်ကာ...
" ပွဲက အခုမှစမှာ......!"
လီလော့က သိမ်းငှက်မျက်လုံးလေးကို သိမ်းဆည်းလိုက်ပြီး ကျင်းစဲ့ယွီရှန်းဓားကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူ့မျက်နှာပေါ်ရှိ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ဓါးသွားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ငါ့ရဲ့ အဓိက လှုပ်ရှားမှုကိုပြသပေးမယ်..."
သူ့အသံက အနည်းငယ်ကျယ်ပြီး ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ပဲ့တင်ထပ်သံနန်းတော် သုံးခုမှ စွမ်းအားများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားသည်။
"မိုးကြိုးနတ်ဘုရားခန္ဓာ..ဒုတိယအဆင့်...!"
ဝုန်းးးးးး
သူ့ခန္ဓာကိုယ်အတွင်းမှ လျှပ်စီးကြောင်းများသည် ထိုလှုပ်ရှားမှုနှင့်အတူ တောက်လောင်နေပြီး မိုးခြိမ်းသံများ တလစပ်တည်းထွက်ပေါ်လာသည်။ လျှို့ဝှက်ဆန်းကြယ်သော ပေါက်ကွဲသံနှစ်ခုသည် သူ့ခန္ဓာကိုယ်အနှံ့ ပြန့်ကျဲနေပြီး သူ၏ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များကို ချက်ချင်းမြှင့်တင်ပေးသည်။
"ဆင်နတ်ဘုရားစွမ်းအား....တတိယအလွှာ!"
သူ့လက်ထဲကဓား တုန်ခါသွားပြီး ရှေးဟောင်းဆင်ကြီးတစ်ကောင် တုန်လှုပ်ချောက်ချားတဲ့ စွမ်းအင်တွေ ထွက်ပေါ်လာသည်။ယခုတကြိမ် ခွန်အားပြသမှုသည် ယခင်ကထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းစေခဲ့သည်။ ဆင်နတ်ဘုရားစွမ်းအား၏ တတိယအဆင့်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ပေသည်။
မိုးကြိုးနတ်ဘုရားခန္ဓာ ဒုတိယအဆင့်သည် သူ့ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသည့်တိုင် သူ၏အရေပြား စုတ်ပြဲကာသွေးစများစတင်ထွက်ပေါ်နေဆဲဖြစ်သည်။ သူ၏ ခြေလက်များ မှ သွေးစိမ်းများ စီးကျလာကာ ကြောက်မက်ဖွယ်ရာကောင်းနေလေတော့သည်။
သို့သော်လည်း လီလော့သည် နာကျင်ကိုက်ခဲမှုများကို မျိုသိပ်လိုက်ပြီး သူ့မျက်နှာမှာ ခံစားချက်မဲ့နေခဲ့သည်။ ဤစွမ်းအားနှစ်ခု၏အကူအညီဖြင့်၊ သူ၏ခွန်အား ဆက်လက်တိုးမြင့်လာသည်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ....
ဝုန်းးးးးး
သူ့ခန္ဓာကိုယ်တွင်းရှိ ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခု စတင်ပေါင်းစပ်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခု ပေါ်လာသည်။ ပေါင်းစပ်လိုက်သော ပဲ့တင်ထပ်သံစွမ်းအားများသည် ဝိညာဉ်ရေးအငွေ့အသက်များပါဝင်နေပြီး အသက်ဝင်လာပုံရသည်။
"ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်ခြင်း စွမ်းအား၊ ဝိညာဉ်ရေးရာ အငွေ့အသက်များ....!"
လီလော့၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ပဲ့တင်ထပ်သံစွမ်းအင်ပမာဏများစွာ အတားအဆီးမဲ့ မုန်တိုင်းတစ်ခုလို ပေါက်ကွဲထွက်လာသည်။ လျှို့ဝှက်ဆန်းကြယ်သော အလင်းခြေရာတစ်ခုသည် ၎င်းအတွင်း၌ ကခုန်နေပြီး နေရာတိုင်းတွင် လွှမ်းမိုးချုပ်ကိုင်သော ဖိအားများ ပျံ့နှံ့သွားသည်။ ရလဒ်အနေဖြင့် ကျုံးလင်၏ ပဲ့တင်ထပ်သံစွမ်းအားအတက်အကျများမှ ထွက်ပေါ်လာသော ဖိအားများ လျော့နည်းသွားသည်။
ဒါက လူတိုင်းရဲ့အမူအရာကို ပြောင်းလဲစေခဲ့သည်။
ဒါက ဘယ်လိုဖြစ်ရတာလဲ?!
"သူ့ရဲ့ပဲ့တင်ထပ်သံစွမ်းအားတွေက......"
လီဖန်းရိ၊ လီကျင်းထောင်နှင့် တျန်ဖုန်းရှန် တို့သည် ကျွမ်းကျင်သူများဖြစ်ကြသောကြောင့် လီလော့၏ ပဲ့တင်ထပ်သံစွမ်းအား ပိုမိုအသက်ဝင်ပြီး ခံ့ညားလာသည်ကို သိရှိနိုင်ကြသည်။
အရင်က သူတို့မြင်ဖူးတာတွေနဲ့ လုံးဝမတူတော့ပေ.....
တစ်ဖက်တွင်မူ၊ သူ၏ပဲ့တင်ထပ်သံ စွမ်းအားများအတွင်းမှ ဝိညာဉ်ရေးရညအငွေ့အသက်များကို ယခုမှရှာဖွေတွေ့ရှိခဲ့သော ခန်းမသခင်များလည်း ထိတ်လန့်သွားကြသည်။ ဤအရာသည် ၎င်းတို့နှင့် အလွန်ရင်းနှီးသော အရာဖြစ်သည်။
ဤသည်မှာ ဝိညာဉ်ရေးရာ အငွေ့အသက်များဖြစ်သည်။
ဒါကို မြို့စားအဆင့်တွေကြားမှာသာ အများအားဖြင့် မြင်တွေ့ခဲ့ရပေမယ့် အခု နတ်ဆိုးနန်းတော်အဆင့် လူငယ်တစ်ယောက်ရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပြီ.....
တစ်ချိန်တည်းမှာပင်၊ လီလော့ထံမှ အန္တရာယ်ရှိသော အရိပ်အယောင်ကို ခံစားနိုင်သောကြောင့် ကျုံးလင်၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။
“အဓိကလှုပ်ရှားမှု စပြီ..…”
တစ်ဖက်တွင် လီလော့က အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။
သူသည် ရှေ့သို့ နှေးကွေးသော ခြေလှမ်းများဖြင့်လျှောက်လှမ်းလာကာ ကြမ်းပြင်နှင့် ထိစပ်နေသော ဓားဖျားမှ မီးပွားများ ထွက်လာသည်။
"တိုက်ခိုက်မှုတစ်ခုနဲ့ ရန်သူကိုအဆုံးသတ်နိုင်တယ်....!"
ဓားသွားကို ဝှေ့ယမ်းလိုက်ချိန်တွင် ရေစီးသံကို ကြားရသည်။တခဏချင်းမှာပင် အနက်ရောင်ရေများ လေဟာနယ် အက်ကွဲကြောင်းမှ ထွက်လာသည်။
အနက်ရောင်ရေထဲက ထွက်ပေါ်လာသော နဂါးနက်ကြီးက ကြောက်မယ်ဖွယ်ကောင်းသော ဖိအားများကိုပေးစွမ်းနေသည်။
ခြေသည်းများကို မြှောက်လိုက်ချိန်တွင် ကောင်းကင်ကို ချေမှုန်းပစ်လိုက်သလို ကြောက်မက်ဖွယ်ကောင်းသောကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းကို ကြောက်လန့်မှု တိုးလာစေသည်။