← Chapters

တချက်တည်း......

Vol. 57 Ch. 794

တချက်တည်း......

Vol. 57 Ch. 794

ဧရာမ နဂါးနက်ကြီး နက်မှောင်သော ရေပြင်မှ ထွက်လာသောအခါ၊ လူအုပ်ထဲမှ မရေမတွက်နိုင်သော ပရိသတ်များက အံ့အားသင့်စွာ စောင့်ကြည့်နေကြသည်။ ကျုံးလင်နှင့် တူညီသော အဆင့်ရှိတွင်ရှိသော အခြားတံခွန်သုံးခုမှ လက်အောက်ခံ ခေါင်းဆောင်အချို့က ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကြောင့် အမူအရာများ ပြောင်းလဲသွားကြသည်။

လီလော့၏ ဓားချက်မှ ကြီးမားသော ခြိမ်းခြောက်မှုကို သူတို့ ရှင်းရှင်းလင်းလင်း သိနိုင်ပေသည်။

နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်က ဒီလို ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်မည်ဟု သူတို့ မယုံနိုင်ကြသေးပေ။

၎င်းသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ကိုပင် ခြိမ်းခြောက်ရန် လုံလောက်သည်။

ဤထိုးနှက်မှုကို ပထမဆုံးရင်ဆိုင်ရသည့်အခါ ကျုံးလင် တုန်လှုပ်ခြောက်ခြားနေသည်။

လီလော့၏ မြို့စားအဆင့်ပညာရပ်က သတင်းဟောင်းဖြစ်သည်။သို့သော် သေချာသည်မှာ ဤမျှလောက် အစွမ်းထက်သည်နေမည်မဟုတ်ပေ။

လီလော့က တကယ်ပဲ နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့် ဟုတ်ရဲ့လား....

ဤအခိုက်အတန့်တွင်၊ လီလော့သည် ရွှေနတ်ဆိုးခန္ဓာအဆင့်ရောက်နေပြီဟု ပြောပြပါက သေချာပေါက် ယုံကြည်မိပေမည်။

သို့သော် လက်တွေ့က စိတ်ကူးနှင့် လုံးဝခြားနားသည်။

သို့တိုင် ကျုံးလင်၏မျက်နှာတွင် စိုးရိမ်ပူပန်မှုနှင့် မသေချာမရေရာမှုများ ပြည့်နှက်နေသည်။ လီလော့ရဲ့ ထိုးနှက်ချက်က ကြောက်စရာကောင်းပေမယ့် သူ့မှာလည်း နောက်ဆုံးဝှက်ဖဲများရှိနေသေးသည်။

လီလော့သည် သူ၏ ကျွမ်းကျင်မှုနှင့် စွမ်းအင်အားလုံးကို ဤဓားချက်တွင် ထည့်သွင်းထားသည်။ ကျုံးလင်သ. ဤတိုက်ခိုက်မှုကို ခုခံနိုင်သရွေ့ လီလော့ သည် နောက်ပိုင်းတွင် ခိုကိုးရာမဲ့စွာ အကာအကွယ်မဲ့သွားလိမ့်မည်။

ထိုသို့တွေးရင်းက ကျုံးလင်က အံကြိတ်ကာ လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။ သူ၏ ပဲ့တင်ထပ်သံ စွမ်းအားသည် တောက်လောင်နေသော မီးတောက်ကဲ့သို့ ကြက်သွေးရောင် လက်အိတ်များအဖြစ်ပြောင်းလဲသွားသည်။ထိုအခါ ပတ်ဝန်းကျင်လေထု ပူလောင်ကာ အပူချိန်များ မြင့်တက်လာသည်။

ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှ ပဲ့တင်ထပ်သံစွမ်းအားများ ကောင်းကင်သို့ ပေတစ်ထောင်မြင့်သော မီးတောက်တစ်ခုအဖြစ် ထွက်ပေါ်လာသည်။

လက်နှစ်ဘက်ဖြင့် အစီအရင်တခုဖန်တီးရင်း အသက်ပြင်းပြင်းရှူလိုက်သည်။

ဝူးးးးးးးးးးး

သူသည် လွှမ်းမိုးနိုင်စွမ်းပြင်းထန်သော အနက်ရောင်တောက်တောက် စေးပျစ်သော မီးတောက်များကို

သူ့ပါးစပ်မှ မှုတ်ထုတ်လိုက်သည်။

ထို့နောက် အနက်ရောင်မီးတောက်များသည် သူ့လက်အိတ်များပေါ်သို့ ကျရောက်လာပြီး အကာအကွယ်တဖွယ်ဖုံးအုပ်သွားသည်။

"အဆင့်မြင့် နဂါးအဆင့်ပညာရပ်....နတ်ဆိုးမီးတောက်လက်သီး!"

လက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ပေတစ်ထောင်ကျော်မြင့်သော အနက်ရောင်မီးလျှံတစ်ခု လေထုထဲမှ ထွက်ပေါ်လာပြီး အလယ်ဗဟိုတွင် သွေးဆာနေသော နတ်ဆိုးတစ်ကောင်၏ရုပ်သွင်ကိုမြင်နိုင်သည်။

လေထုက အရမ်းပူနေတော့ အစိုဓာတ်အားလုံး အငွေ့ပျံသွားပုံရပြီး ပတ်ဝန်းကျင်က ဘယ်သူမဆို ပုံမှန်အသက်ရှူဖို့တောင် ခက်ခဲနေသည်။

ဤမျှနှင့်အပြီးသေးပေ.... ရွှေနတ်ဆိုးခန္ဓာအဆင့်စွမ်းအားများ အနက်ရောင်၊ မီးတောက်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး ၎င်း၏အော်ရာများ ချက်ချင်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။

အားကောင်းလာသည်နှင့်အမျှ နတ်ဆိုးမီးတောက်လက်သီးချက်က တောင်တစ်တောင်ကိုပင် အမှုန်အမွှားဖြစ်စေအောင် မီးရှို့ဖျက်ဆီးနိုင်သည်ဟု ထင်ရသည်။

ကျုံးလင်သည် ဤတိုက်ခိုက်မှုတွင် အရာအားလုံးပေါအောထားသည်။ သူသည် လီလော့၏ ဓားချက်ကို လျှော့မတွက်ဝံ့ပေ။

နောက်ဆုံးတွင်၊ သူသည် လီလော့ ၏နောက်ဆုံးရိုက်ချက်ကို ခုခံနိုင်ရန်သာ လိုအပ်ပြီး တံခွန်ကိုင်ရာထူးက သူ့အတွက်ဖြစ်လာပေမည်။

ကြီးမားသော နတ်ဆိုးမီးတောက်လက်သီးသည် ၎င်း၏အောက်ရှိ မြေပြင်ကိုပင် လောင်ကျွမ်းသွားစေပြီး မရဏမြစ်ရဲ့မဟူရာနဂါးအလံတော်နဲ့ ထိပ်တိုက်တွေ့ခဲ့သည်။

ဘန်းးးးးးးးးး

ဟာရီကိန်းမုန်တိုင်းကဲ့သို့ ကမ္ဘာမြေပြိုကျစေမည့် စွမ်းအင်လှိုင်းလုံးကြီး ပေါက်ကွဲသွားသည်။

ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲကို စိုက်ကြည့်ရင်း ပရိသတ်များပင်လျှင် သတိလက်လွတ်ဖြစ်ကာ ၎င်းတို့၏ ပဲ့တင်ထပ်သံစွမ်းအားကို ဆင့်ခေါ်ခဲ့ကြသည်။

နဂါးနက်၏ခြေသည်းအောက်မှ အေးခဲနေသော ရေနက်မြစ်သည် ကျုံးလင်ထံမှ ပဲ့တင်ထပ်သံမီးစွမ်းအင်နှင့် တိုက်မိသွားသည်။

တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ပြင်းထန်သော စွမ်းအင်လှိုင်းလုံးများ နေရာတိုင်းသို့ ပျံ့နှံ့သွားကာ အားနည်းသော ပရိသတ်အချို့ဆို အနည်းငယ် အသက်ရှူကြပ်သလို ခံစားလာရတော့သည်။

သို့သော်လည်း ကျုံးလင်၏ အမူအရာ ပို၍ခက်ထန်လာသည်ယ သူသည် ခန္ဓာကိုယ်တွင်းရှိ ပဲ့တင်ထပ်သံ စွမ်းအားများကို သူ၏တိုက်ခိုက်မှုထဲသို့ ဖြန့်ဝေခဲ့သည်။ ပဲ့တင်ထပ်သံစွမ်းအားအရည်အသွေးတစ်ခုတည်းအပေါ်အခြေခံကြည့်လျှင် လီလော့

မည်ကဲ့သို့ရုန်းကန်နေသည်ဖြစ်စေ သူသာ အသာစီးရနေသေးသည်။

သို့သော် လီလော့၏ ပဲ့တင်ထပ်သံ စွမ်းအားသည် ၎င်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုအတွင်း ပြောင်းလဲသွားသည်ကို သတိပြုမိခဲ့သည်။

သူတို့နှစ်ဦးစလုံး၏ ပဲ့တင်ထပ်သံ စွမ်းအားများသည် တစ်ခုကိုတစ်ခု ထပ်ခါတလဲလဲ ပျက်ပြယ်စေခဲ့သည်။

သို့သော်၊ လီလော့၏ ပဲ့တင်ထပ်သံ စွမ်းအားသည် သူ့ထက် ပိုမိုအားကောင်းနေသော်လည်း ပဲ့တင်ထပ်သံ စွမ်းအားများကို ဆက်လက်တိုက်စားသွားစေသည့် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို သယ်ဆောင်လာသည်။

"ဒါက ပဲ့တင်ထပ်သံနှစ်ခုပေါင်းစပ်ခြင်းရဲ့ စွမ်းအားလား?"

ကျုံးလင် အတော်အံ့သြနေသည်။မြို့စားအဆင့်များလို ပဲ့တင်ထပ်သံနှစ်ခုရှိနိုင်သော်လည်း မြို့စားအဆင့်များလို အားကောင်းနေမည်ဟု မသတ်မှတ်နိုင်ပေ။

သူသည် ယခင်က အခြားသော ပဲ့တင်ထပ်သံနှစ်ခုအသုံးပြုသူများနှင့် ရင်ဆိုင်ခဲ့ဖူးသော်လည်း ထိုကဲ့သို့ ကြီးစိုးပြီး ထူးဆန်းသည့် စွမ်းအားမျိုးကို မတွေ့ခဲ့ဖူးပေ။

ကျုံးလင် စိတ်ပျက်အားငယ်မှုကို ခံစားနေရချိန်တွင် နဂါးနက်ထံမှ ရုတ်တရက် ရင်သပ်ရှုမောဖွယ် ဟိန်းဟောက်သံထွက်လာသည်။ နဂါးနက်က ပါးစပ်ဖွင့်ပြီး အခိုးအငွေ့အချို့ ထုတ်လွှတ်သောအခါ ၎င်းတို့အတွင်း၌ လျှို့ဝှက်ဆန်းကြယ်စွာ ဖုံးကွယ်ထားသော တောက်ပမှုနှင့်အတူ၊ ၎င်းသည် ကြယ်များမှ သဘာဝအတိုင်း မွေးဖွားလာသော ရှေးဟောင်းရတနာတစ်ခုနှင့် တူသည်။

အခိုးအငွေ့များ နတ်ဆိုးမီးတောက်လက်သီးထဲသို့ တိုက်ရိုက်ဝင်သွားသောအခါ၊ စွမ်းအားများ ပျောက်ကွယ်သွားသည့် လက္ခဏာများ ပေါ်လာသည်။

အချိန်အနည်းငယ်ကြာပြီးနောက်၊ နတ်ဆိုးမီးတောက်လက်သီးပေါ်ရှိ လောင်ကျွမ်းနေသော အနက်ရောင်မီးတောက်များ မြန်ဆန်သောအရှိန်အဟုန်ဖြင့် မှေးမှိန်သွားတော့သည်။

ပရိတ်သတ်တွေဆီက အာမေဋိတ်တွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

နောက်အခိုက်အတန့်တွင် နဂါးနက်သည် လေထဲသို့ ခုန်တက်လာပြီး နောက်ထပ် ဆူညံသော ဟိန်းဟောက်သံကိုထုတ်လွှတ်ပြန်သည်။ ကျုံးလင် အစွမ်းကုန်သုံး၍ ဖန်တီးထားသော လက်သီးချက် အပိုင်းပိုင်းအစစ ပျက်စီးသွားချေပြီ။

ဤအချက်ကို သက်သေခံရင်း ကျုံးလင် အံသြသွားခဲ့သည်။

သို့သော်လည်း အနက်ရောင် နဂါးကြီးက ဤမျှဖြင့် မရပ်တန့်သေးပေ။ ၎င်းသည် သတ်ဖြတ်ရန်ရည်ရွယ်ချက်ဖြင့် သူ့ဆီသို့ တည့်တည့် ပြေးလာကာ သူ၏ ရွှေရောင်ကိုယ်ထည်ကို ထိပ်တိုက် ထိမိသွားလေသည်။

ကျုံးလင်သည် စင်မြင့်ပေါ်မှ ပြုတ်ကျကာ ပေရာနှင့်ချီသော အကွာအဝေးသို့ လွင့်စင်သွားပြီး သွေးအန်နေသည်။

ထိုအခိုက်အတန့်တွင် သူ၏ရွှေနတ်ဆိုးခန္ဓာကိုယ်ထည်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း မှိန်သွားတော့သည်။

နဂါးနက်သည် စွမ်းအင်ကုန်သွားသဖြင့် နောက်ဆုံးတွင် ပျောက်ကွယ်မသွားမီ အလင်းတန်းလေးတစ်ခုအဖြစ်သို့ ကျုံ့သွားသည်။

စင်မြင့်ပေါ်က ရင်သပ်ရှုမောဖွယ် ထိပ်တိုက်ရင်ဆိုင်မှုများ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ချေပြီ......

ဒါပေမယ့် လူတွေအားလုံး တိတ်ဆိတ်နေခဲ့ကြသည်။

အားလုံးက သွေးစွန်းနေသောလက်များဖြင့် ဓားကိုထောက်၍ အမောဖြေနေသော လီလော့ကို ကြည့်လိုက်ကြသည်။ ထို့နောက် စင်မြင့်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသွားပြီး နှေးကွေးသော်လည်း တည်ငြိမ်သော ခြေလှမ်းများဖြင့် ကျုံးလင်ဆီသို့ လျှောက်သွားသည်။

လူအုပ်ကြီး၏ အံ့အားသင့်သော အကြည့်များကို လျစ်လျူရှုရင်း သူသည် သူ၏ဓားကို ပြိုင်ဘက်၏ ခေါင်းပေါ်၌ တင်ထားသည်။

ကျုံးလင်သည် ဖြူဖျော့ဖျော့နှင့် သွေးစွန်းနေသော လီလော့ကို ပြန်စိုက်ကြည့်ရင်း ထိတ်လန့်နေသည်။ ခြိမ်းခြောက်ဖို့အတွက် ဓားကို ကိုင်ထားသော်လည်း လီလော့၏လက်များ တုန်ရီနေသည်။ ယုံမှားသံသယမရှိဘဲ လီလော့ သည် သူ၏နောက်ဆုံးလက်ကျန်စွမ်းအားများကို အကုန်အစင် အသုံးပြုခဲ့သည်။

လက်ရှိအချိန်တွင် လီလော့တွင်လည်း တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိပေ။

သို့သော် ကျုံးလင် လှုပ်ရုံပင် မလှုပ်နိုင်တော့ပေ။

"ရလဒ်တွေ မကြေငြာသေးဘူးလား.... သေချာပေါက် ဒါကိုအဆုံးသတ်ဖို့ သူ့ကို ခေါင်းဖြတ်ဖို့ မလိုဘူးမဟုတ်လား..."

လီလော့က မြင့်မားသော စင်မြင့်ကို မော့ကြည့်ရင်း ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။

ဤအခိုက်အတန့်တွင်၊ မြင့်မားသောစင်မြင့်ပေါ်ရှိ အကြီးအကဲများ တဖြည်းဖြည်း အသိစိတ်ကပ်နိုင်တော့သည်။

တိတ်ဆိတ်နေသည့်ကြားမှ လူအုပ်ကြားထဲမှ ကွဲပြားသော ခံစားချက်များကို သူတို့ မြင်နေရသည်။

နောက်ဆုံးတွင် လီရုန်ယွင့်သည် ငြိမ်သက်နေသော ကျုံးယုရှီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ နူးညံ့သောအသံဖြင့် ကြေငြာချက်ထုတ်လိုက်သည်။

"အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ရဲ့တံခွန်ကိုင် ရွေးချယ်ရေးတိုက်ပွဲမှာ အနိုင်ရသူသူကတော့ လီလော့ပါ.... အခုကစပြီး လီလော့က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ ရဲ့ တံခွန်ကိုင်ဖြစ်လာမှာပါ...."

သူမ ကြေငြာချက် ပြီးဆုံးသောအခါ တိတ်ဆိတ်နေသော လူအုပ်ကြီးက တက်ကြွစွာ အော်ဟစ်အားပေးနေကြသည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့'၏ တံခွန်ကိုင် ရာထူးအတွက် ရွေးချယ်ခြင်းတိုက်ပွဲသည် နဂါးစွယ်ကလန်တွင် ကြီးမားသော ရုန်းရင်းဆန်ခတ်ဖြစ်စေမည်ကို သူတို့အားလုံး နားလည်ခဲ့ကြသည်။

မြင့်မားသောစင်မြင့်ပေါ်တွင် .....

လီချင်းဖန်နှင့် လီကျင်းပန်တို့က ဓါးကိုကိုင်ထားသည့် လီလော့ကို ကြည့်လိုက်ရင်း လွန်ခဲ့သည့်နှစ်များက နဂါးစွယ်ကလန်တွင် အံ့ဖွယ်အမြောက်အမြား ဖန်တီးခဲ့ဖူးသူတစ်ဉီးကို အမှတ်ရနေကြသည်။

သူသည် လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း နဂါးစွယ်ကလန်ကို ဂုဏ်တက်စေခဲ့သော အတောက်ပဆုံးပုဂ္ဂိုလ်ဖြစ်သည်။

"တကယ်တော့ ငါတို့ တတိယညီရဲ့သားလေးက သူ့အဖေလို ပါရမီရှင်ပဲ"

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး စိတ်သက်သာရာရနေသည့်ခံစားချက်ကို မျှဝေလိုက်သည်။

..........

နဂါးစွယ်တောင်တန်းပေါ်ရှိ ဝါးတောထဲတွင်........

မျှစ်တူးနေတဲ့ အဘိုးအိုတစ်ယောက်က ဒီအချိန်မှာ ခေါင်းကို မော့ပြီး အစိမ်းရောင်နယ်သာတောင်ထွတ်ဘက်ကို လှမ်းကြည့်နေပြီး ပုံမှန်အားဖြင့် လေးနက်တည်ကြည်နေသော သူ့မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။

"တိုင်ရွှမ်.... မင်းရဲ့သားက... အနာဂတ်မှာ မင်းထက် ပိုတောက်ပလာလိမ့်မယ်....."

All Chapters