အကြွင်းအကျန်စွမ်းအားများ.......
Vol. 57 Ch. 795
လီရုန်ယွင့် ရွေးချယ်ရေးတိုက်ပွဲ၏ရလဒ်ကိုကြေငြာပြီးနောက်တွင် ကျယ်ပြောလှသောလေ့ကျင့်ရေးကွင်းအတွင်းရှိလူအုပ်ကြီးက အင်တိုက်အားတိုက်အော်ဟစ်လာကြသည်။
ဤသည်မှာ သူတို့ကို တုန်လှုပ်သွားစေသော နိဂုံးတစ်ခုဖြစ်သည်။
ကျုံးလင်၏ နတ်ဆိုးနစ်မြုပ်ခြင်းစွမ်းအားများကို မြင်ပြီးနောက် လီလော့ အောင်ပွဲခံမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။
လီလော့သည် နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်တွင်သာရှိသေးသဖြင့် သူနှင့် ကျုံးလင်ကြားတွင် ကြီးမားသောအဆင့်ကွာခြားချက်ရှိနေသည်။
ဒါဟာ လီလော့ရဲ့ ပဲ့တင်ထပ်သံသုံးခုနှင့်သက်ဆိုင်နေသလား....
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့်၊ သူသည် ၎င်းတို့မြင်ဖူးသမျှတွင် အပြင်းထန်ဆုံးသော နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့် ပညာရှင် ဖြစ်ရမည်။
အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ ပဉ္မတပ်ခွဲက အဖွဲ့ဝင်များ အံ့အားသင့်စွာ မှင်သက်နေကြသည်။ သို့သော်လည်း မကြာမီတွင် ၎င်းတို့၏ ခေါင်းဆောင် လီလော့ တံခွန်ကိုင် ဖြစ်လာကြောင်း သိလိုက်ရသဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။လီလော့သည် နောက်ပိုင်းတွင် ပဉ္စတပ်ခွဲ၏အဖွဲ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရမည်ဆိုသော်လည်း၊ နောက်ဆုံးတွင် သူနှင့်အတူ ပဉ္စမတပ်ခွဲအတွက် ပိုမိုကောင်းမွန်သောနေ့ရက်များ ရှိလာမည်ဖြစ်သည်။
စိတ်လှုပ်ရှားမှုကြောင့် ကျောက်ယန်ဇီ ၏ချစ်စရာကောင်းသောမျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိပြီး နှင်းဆီရောင်တောက်နေသော တောက်ပမှုတစ်ခု ထွက်ပေါ်လာသည်။
ထင်ရှားသော နောက်ခံသမိုင်းကြောင်းဖြင့် လီလော့သာ ဤနေရာတွင် ကြီးပြင်းလာပါက နဂါးစွယ်ကလန်၏ မျိုးဆက်သစ်လူငယ်များကြားတွင် အလွယ်တကူ ခေါင်းဆောင်ဖြစ်လာနိုင်သည်။ သို့သော်၊ သူသည် ပြင်ပနတ်ဘုရားတိုက်ကြီးတွင် အချိန်များစွာကို ဖြုန်းတီးခဲ့သဖြင့် စတင်ရန်နောက်ကျနေပြီဖြစ်သည်။ သို့သော် သူသည် အထင်ကြီးလောက်စရာစွမ်းရည်များဖြင့် လျင်မြန်စွာ အမီလိုက်နိုင်ခဲ့သည်။
ထို့ကြောင့် လီလော့နှင့်ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကျောက်ယန်ဇီ ဆုံးဖြတ်လိုက်လေပြီ....
ဒီလိုအခွင့်အရေးတွေ မည်သူ လက်လွတ်ခံနိုင်မည်နည်း......
ဒီအချိန်မှာ သူမ သိသိသာသာ ပြုံးနေမိသည်။ နှိမ့်ချသော နောက်ခံမှ ဆင်းသက်လာသူသည် အမြဲတမ်း ဂရုတစိုက် လျှောက်လှမ်းရမည်။ သူမရဲ့ စူးရှတောက်ပတဲ့ အလှတရားက အားသာချက်ဖြစ်မယ်ဆိုတာ နားလည်ပေမယ့် ဒါပေမယ့် သူ့မှာလည်း သူ့ပြဿနာနဲ့သူ ရှိနေသည်။ သူမ၏ထူးခြားသောအတိတ်ကြောင့် အမျိုးသားများ၏စိတ်နှလုံးသားကို ကောင်းစွာနားလည်ထားသည်။
ဒါပေမယ့် လီလော့က အခြားသော ယောက်ကျားတွေနဲ့မတူပေ။ သူမ၏အသွင်အပြင်ကို စိတ်မဝင်စားဘဲ အထင်ကြီးစရာကောင်းသော ခံစားချက်ကိုပေးစွမ်းနေသည်။ သို့ပေမယ့်လည်း နတ်ဘုရားမကဲ့သို့ ချောမောလှသည့် စေ့စပ်ထားသူရှိသည်ကိုတော့ ကျောက်ယန်ဇီ သံသယဝင်နေဆဲပင်....
ထို့ကြောင့် သူမ လီလော့နှင့် နီးနီးကပ်ကပ်နေရမည်။ လီလော့ ပို၍ သြဇာကြီးမားလေလေ သူမအတွက် ပိုကောင်းလေဖြစ်သည်။
"ကျစ်...ကျစ်.... သူက နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်နဲ့ နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ကိုအနိုင်ယူနိုင်တယ်...တကယ်ကို တတိယဉီးလေးရဲ့သား ပီသတယ်... သူ့ပြိုင်ဘက်က နတ်ဆိုးနစ်မြုပ်ခြင်းစွမ်းအင်ကိုတောင် အသက်သွင်းခဲ့တယ်.... ဒီလိုစွမ်းဆောင်မှုမျိုးက ရှားပါးတယ်...." လို့ လီကျင်းထောင်က စင်မြင့်ပေါ်က လီလော့ကို စိုက်ကြည့်ရင်း သဘောကျစွာ မှတ်ချက်ပေးခဲ့သည်။
ထို့နောက် သူ့မျက်နှာပေါ်တွင် ချက်ချင်းပင် ခါးသီးသောအပြုံးတစ်ခုပေါ်လာပြီး...
"အနာဂတ်မှာ ငါ့အတွက် ခက်ခဲလိမ့်မယ်..... နောက်တစ်ခါ ငါ့အဖေက ငါ့ကို ဆူပူကြိမ်းမောင်းရင် 'မင်းရဲ့ညီလေးကို ကြည့်စမ်းပါဦး' လို့ သေချာပေါက် ပြောလိမ့်မယ်" ဟု ငြီးတွားနေသည်။
လီကျင်းထောင်သည် အခြားသူများနှင့် ယှဉ်ပြိုင်ရန်မကြိုက်သော ကြင်နာသော စိတ်ထားရှိသူဖြစ်သည်။ ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက်မှ မျိုးဆက်သစ်များအားလုံးသည် ကလန်အကြီးအကဲ၏ မြေးအကြီးဆုံးက စေတနာကောင်းပြီး အဘိုးဖြစ်သူနှင့် ကွာခြားကြောင်း လူတိုင်းသိကြသည်။ ထို့အတွက်ကြောင့် ဖခင်ဖြစ်သူထံမှ ကြိမ်ဖန်များစွာ ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရသည်။
"ဟမ့် ..နင့်ရဲ့ ချိုတဲ့တဲ့ စရိုက်နဲ့ ထိုက်တန်တယ်..... နင်သာ အားထုတ်ခဲ့မယ်ဆိုရင်၊ ရွှေအလင်းတံခွန်က နဂါးစွယ်ကလန်ရဲ့ တခွန်လေးခုကြားမှာ ဘယ်တော့မှ ထိပ်ဆုံးဖြစ်နေမှာ မဟုတ်ဘူး" ဟု လီဖန်းရိက ပြောလိုက်သည်။
တစ်ချိန်က လီကျင်းထောင်တွင် တံခွန်လေးခုကို ဦးဆောင်ရန် အမြင့်ဆုံးအခွင့်အရေး ရရှိခဲ့သည်။ သူ့မှာ မှန်ကန်တဲ့ နောက်ခံရှိသည်။ သို့သော် သူ၏ စိတ်ထားနူးညံ့သော ကိုယ်ရည်ကိုယ်သွေးကြောင့် ရွှေအလင်းတံခွန်အဖွဲ့ကို ရှုံးနိမ်ခဲ့သည်။ ထို့ကြောင့် တျန်ဖုန်းရှန်သည် နဂါးစွယ်ကလန်၏ မျိုးဆက်သစ်လူငယ်များကြားတွင် ထိပ်တန်းပုဂ္ဂိုလ်ဖြစ်လာရန် အခွင့်အရေးရရှိခဲ့သည်။
"ငါက နင့်အတွက် အခွင့်အရေးကို ချန်ထားခဲ့တာပါ ..." ဟု လီကျင်းထောင်က ရယ်မောကာ ပြန်ပြောသည်။
"နင်က ငါ့လို မိန်းကလေးတစ်ယောက်ကို ရှေ့တန်းမှာ ဦးဆောင်ခိုင်းချင်တယ်ပေါ့...."
"စိတ်မပူပါနဲ့၊ အခု ငါတို့မှာ ညီလေးရှိနေပြီပဲ.... သူဒါကြောင့် သူ့အပေါ် မျှော်လင့်ချက်ထားလို့ရတယ်.... အနာဂတ်မှာ သူက တတိယဦးလေးလို နဂါးစွယ်ကလန်ရဲ့ ဉီးဆောင်သူဖြစ်လာမှာ သေချာတယ်" ဟု လီကျင်းထောင်က တောင်းပန်သည့်အပြုံးဖြင့်တုံ့ပြန်လိုက်သည်။
ဒါကိုကြားတော့ လီဖန်းရိက စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းခါနေလေတော့သည်။
ရွှေအလင်းတံခွန်ဘက်တွင်....
ရွှေအလင်းတံခွန်အဖွဲ့မှခေါင်းဆောင်အချို့က ...."ကျုံးလင် တကယ်ရှုံးသွားပြီ..... လီလော့က ဘယ်လိုဖြစ်ပြီး ဒီလောက်သန်မာနေတာလဲ...."
တျန်ဖုန်းရှန်သည် စင်မြင့်ပေါ်ရှိ လီလော့ကို စိုက်ကြည့်ရင်း....
"ဒါဟာ ဒီတိုက်ပွဲအတွက် တကယ်ကို အံ့အားသင့်စရာ အဆုံးသတ်ပဲ.... ဒါပေမယ့်လီလော့ရဲ့ နောက်ဆုံး ထိုးနှက်ချက်ကတော့ လောင်းကြေးတစ်ခုလိုပဲ.. သူက အဲဒီတိုက်ခိုက်မှုမှာ သူ့ရဲ့ ခွန်အားအားလုံးကို ပုံအောထားတာ....အရေးကြီးဆုံးကသူ့ရဲ့ ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းခြင်းစွမ်းအားက အခုထိ မြင်ဖူးသမျှဟာတွေနဲ့မတူဘူး..... လီလော့ရဲ့စွမ်းအားက ပိုကျစ်လစ်ပြီး အားကောင်းတယ်....အဲဒါထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အလင်းခြေရာတွေတောင် ရှိပုံရတယ်... ငါမမှားဘူးဆို လီလော့က ပဲ့တင်ထပ်သံနှစ်ခုပေါင်းစည်းခြင်းရဲ့ တတိယနယ်ပယ်ကို ရောက်နေလောက်ပြီ...."
"တတိယနယ်ပယ်?!"
ဒီလိုစွမ်းအားမျိုးကို မြို့စားအဆင့်တွေသာပိုင်ဆိုင်သည်ဟု ကြားဖူးသည်။ ၎င်းသည် ပဲ့တင်ထပ်သံနှစ်ခု အသုံးပြုသူများ၏ ထူးခြားသော အချက်ဖြစ်သည်။ သို့သော် နယ်ပယ် တိုးမြင့်ရန် ခက်ခဲသည်ဟု ဆိုကြသည်။ လီလော့ကတော့ ဒါကို နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်နှင့် အောင်မြင်စွာ ထိတွေ့နိုင်နေပြီဖြစ်သည်။
သူ့ရဲ့ အရည်အချင်းက တကယ်ကို အံ့သြစရာကောင်းပေသည်ယ
သူသာ နတ်ဆိုးခန္ဓာအဆင့်သို့တက်လှမ်းနိုင်လျှင် တျန်ဖုန်းရှန်ကိုပင် ခြိမ်းခြောက်လာလိမ့်မည်မဟုတ်ပါလား
သူတို့၏အမူအရာပြောင်းလဲမှုကိုမြင်တော့ တျန်ဖုန်းရှန်က တည်ငြိမ်စွာပြုံးပြီး....
"လီလော့ကို လျှော့တွက်လို့မရတာတော့ အမှန်ပဲ... ဒါပေမယ့် အရမ်းကြောက်နေစရာ မလိုဘူး.... ကျုံးလင်ရဲ့ အားနည်းတဲ့ နတ်ဆ်ိုးနစ်မြုပ်ခြင်းစွမ်းအင်ကြောင့်သာ လီလော့ အနိုင်ရခဲ့တာ.... "
သူ့စကားကြားတော့ အဖွဲ့ဝင်တွေ သက်ပြင်းချလိုက်မိသည်။ လီလော့သာ စစ်မှန်သော နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သို့ရောက်နေလျှင် အလွန်ကြောက်စရာကောင်းပေလိမ့်မည်။
တျန်ဖုန်းရှန်၏အခြေခံအုတ်မြစ်သည် ခိုင်မာပြီး သာမန် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်ထက် အဆပေါင်းများစွာ သာလွန်သည်။
အစောပိုင်းက သူ၏ရှင်းပြချက်အရ၊ သူသည် လီလော့ထက်များစွာ သာလွန်ကြောင်း အားလုံး နားလည်ခဲ့ကြသည်။ လီလော့တွင်ထူးခြားသောစွမ်းရည်များရှိနေသော်လည်း၊ ရွှေအလင်းတံခွန်အဖွဲ့သည် နဂါးစွယ်ကလန်၏ တံခွန်လေးခုတွင် ထိပ်ဆုံးအဖြစ်ဆက်လက်တည်ရှိနေမည်ဖြစ်သည်။
တျန်ဖုန်းရှန်သည် နဂါးစွယ်ကလန်ရှိ မျိုးဆက်သစ်လူငယ်များ၏ ခေါင်းဆောင်ဖြစ်နေဆဲဖြစ်သည်။
"သွားကြရအောင်....ဒီနေ့တွေ့စရာတွေ ရှိသေးတယ်.... " တျန်ဖုန်းရှန်က ထိုသို့ပြောပြီး လက်ဝှေ့ယမ်းကာ လှည့်ထွက်သွားသည်။
ကျန်သည့်အဖွဲ့သားများကလည်း သူ့နောက်လိုက်သွားကြသည်။ ဤတိုက်ပွဲတွင် အံ့မခန်းအောင်ပွဲခံရပြီးနောက်..လီတိုင်ရွှမ်၏သား လီလော့သည် ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်ရှိ မျိုးဆက်သစ်လူငယ်များကြားတွင် ကျော်ကြားလာမည်မှာ သေချာသည်။
ဤတိုက်ပွဲ၏ ရင်သပ်ရှုမောဖွယ်နိဂုံးချုပ်မှုသည် တံခွန်နှစ်ဆယ်၏ ငြိမ်းချမ်းသောနေ့ရက်များတစ်လျှောက် ကြီးမားသေယ လှိုင်းလုံးကြီးများကို ဖန်တီးပေးလိမ့်မည်။