လီကျင်းဇယ်၏အကြံပေးချက်.......
Vol. 57 Ch. 796
နဂါးစွယ်တောင်တန်းနောက်ဘက်ရှိ ဝါးတောတွင်.......
လီလော့သည် အစိမ်ရောင်နယ်သာတံခွန်အဖွဲ့၏ တံခွန်ကိုင် ရွေးချယ်ရေးတိုက်ပွဲတွင် အောင်ပွဲခံပြီးနောက် သတင်းကောင်းကို မျှဝေရန် အဘိုးဖြစ်သူထံ ရောက်ရှိလာခဲ့သည်။ ရောက်ရောက်ချင်း လီကျင်းဇယ်က အသင့်ပြင်ဆင်ထားသော မျှစ်ဟင်းအချို့နှင့် ထမင်းဝိုင်းပြင်၍ စောင့်နေသည်ကို တွေ့လိုက်ရသည်။
ထင်ရှားသည်မှာ၊ သူသည် ရွေးချယ်ရေးတိုက်ပွဲ၏ရလဒ်ကို သိထားပြီးဖြစ်သည်။
ဒါကိုမြင်တော့ လီလော့က ဧည့်ဝတ်ကျေပွန်မှုကို လက်ခံပြီး အဘိုးဖြစ်သူနှင့် အားပါးတရ စားသောက်ခဲ့ကြသည်။မည်သို့ပင်ဆိုစေ ကလန်အကြီးအကဲကိုယ်တိုင်ပြင်ဆင်ထားတဲ့ မျှစ်ဟင်းကို စားကြည့်ဖို့ အခွင့်အရေးကို လူတိုင်းရနိုင်မည်မဟုတ်ပေ။
ဝါးအမြူတေဝိုင်နှစ်ခွက်သောက်ပြီးနောက် လီလော့က .... "အဘိုး....ကျွန်တော့ရဲ့စွမ်းဆောင်ရည်က တော်တော်ကောင်းနေပြီမဟုတ်လား? တံခွန်ကိုင်ဖြစ်လာဖို့ နှစ်လပဲကြာတယ်"
ဒါကိုကြားတော့ လီကျင်းဇယ်က မျှစ်ဟင်းကို ဖြည်းညှင်းစွာဝါးရင်း....
"မဆိုးပါဘူး၊ မင်းအဖေကို အရှက်မကွဲစေခဲ့ဘူး...." ဟု ပြန်ဖြေသည်။
အရေးအကြောင်းများထင်ဟပ်နေသော သူ့မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်နေသောအပြုံးတစ်ခုကို မြင်တွေ့နိုင်သည်။
"အဘိုး....အရင်က ကတိပေးထားတဲ့ကိစ္စကရော...." လီလော့က စိတ်အားထက်သန်စွာ မေးလိုက်သည်။
"အမှတ်သားကိုးခုကြာပန်းလား..."
လီလော့ က သူ့အဖြေကို စောင့်မျှော်နေရင်း စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
" နဂါးသွေးကလန်ဆီ စာတစ်စောင် ပေးပို့ခဲ့တယ်... ဒါပေမယ့် ပြသာနာအချို့ရှိနေတယ်...."
"တစ်ခြားသူ ယူသွားပြီလား?!"
လီလော့ စိတ်လှုပ်ရှားစွာ မေးမြန်းခဲ့သည်။
"အဲ့လိုတော့ မဟုတ်ဘူး..... စိတ်မပူပါနဲ့၊ ငါအရင်က မင်းကိုပြောခဲ့သလိုပဲ..ဒါကဘိုးဘေးတွေ ကမ္ဘာ့နယ်စပ်ကနေ ပြန်ယူလာခဲ့တဲ့ အဖိုးတန်ရတနာတစ်ခုပါ....ခန်းမသခင်တိုင်းက ဒါကို မျက်စိကျနေကြတာ..အထူးသဖြင့် နဂါးသွေးကလန်က ခန်းမသခင်တွေပေါ့.... သူတို့ ဒီအကြောင်းကြာတာနဲ့ နဂါးသွေးကလန်က အကြောင်းပြချက်ပေးပြီး ငြင်းဆန်နေကြတယ်...." ဟု လီကျင်းဇယ်က ရှင်းပြသည်။
ခဏလောက်စဉ်းစားပြီး သူက ....
" စိတ်မပူပါနဲ့..... သူတို့ရဲ့ ခန်းမသခင်တိုင်းကိုလည်း ငါသတိပေးထားပြီးသား.... မိုက်မဲတဲ့ အကြောင်းပြချက်နဲ့ ငါ့ဆီက ခိုးယူဖို့ သတ္တိရှိရင် ငါနဲ့တွေ့မယ်..... ကလန်အကြီးအကဲရဲ့မွေးနေ့ပြီးရင် ငါကိုယ်တိုင် နဂါးသွေးကလန်ကိုသွားပြီး တန်ဖိုးတူတဲ့တခုခုနဲ့လဲပေးမယ်....ငါကတိပေးထားပြီးသားမို့ရအောင်လုပ်ပေးမယ်......
လီလော့ ထိုစကားကြောင့် အနည်းငယ် ခံစားသွားရသည်။ အဘိုးအို၏ တည်ငြိမ်အေးချမ်းသော မျက်နှာကို ကြည့်လိုက်တော့ ကွဲပြားခြားနားသော ကလန်များကြား ကျယ်ပြောလှပြီး ရှုပ်ထွေးသော ဆက်ဆံမှုများအကြောင်း တစေ့တစောင်းနားလည်လိုက်သည်။
သူတို့အားလုံးသည် ကောင်းကင်ဧကရာဇ်လီ၏သွေးမျိုးဆက် အဖွဲ့ဝင်များဖြစ်သော်လည်း၊ အချိန်မရွေး တိုက်ခိုက်နိုင်သည်အထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။
ကျန်းချင်းအာသည် သူမ၏အခြေခံအုတ်မြစ်ကို ပြန်လည်ရရှိဖို့ အမှတ်သားကိုးခုကြာပန်းကို အမှန်တကယ် လိုအပ်နေပြီဖြစ်သည်။ ၎င်းသည် မြို့စားအဆင့်သို့ရောက်ရန် သူမ၏အနာဂတ်အတွက် အရေးကြီးသည်။ သူသည် ရတနာကိုရယူပြီး တစ်နှစ်အတွင်း ကျန်းချင်းအာထံ ပေးပို့ရမည်ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် အဘိုး....." လီလော့ က လီကျင်းဇယ်အတွက် ဝိုင်တစ်ခွက်လောင်းထည့်ရင်း တိုးတိုးလေးပြောလိုက်သည်။
လီကျင်းဇယ် က ပြုံးပြုံးရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားကို လက်ခံလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူ့မြေးဖြစ်သူက ဒီပစ္စည်းကို တကယ်လိုချင်မှန်း သိပေမယ့် အကြောင်းအရင်းကိုတော့ အတိအကျမသိပေ။ နတ်ဆိုးနန်းတော်အဆင့်အနေဖြင့် ထိုရတနာသည် သူ့အတွက် အလှမ်းကျယ်လွန်းလှသည်။ အသုံးပြုဖို့ ပေးထားရင်တောင် သူ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သို့သော်လည်း သူသည် နောက်ထပ် မစုံစမ်းခဲ့ပေ။ သူ့မြေးက ဒီကြာပန်းကို လိုချင်သည့်အတွက် ပြင်ပနတ်ဘုရားတိုက်ကြီးမှ ဒီနေရာထိ ခရီးထွက်လာခဲ့သဖြင့် ရအောင်ယူပေးမည်သာ.....
"အခုလောလောဆယ် ကြာပန်းမယူပေးနိုင်သေးဘူး..... ဒါပေမယ့် မင်းမှာ တခြား ဆန္ဒတွေ ရှိလား" လီကျင်းဇယ်က ရယ်ရင်း မေးလိုက်သည်။
လီလော့က ပထမတော့ ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ သို့သော် စောစောက လီရုန်ယွင့်ဆီမှ တောင်းဆိုချက်ကို ရုတ်တရက် ပြန်သတိရပြီး....
"အဘိုး၊ အစိမ်းရောင်နယ်သာခန်းမက ခန်းမသခင်အသစ်ကို ရွေးချယ်တော့မယ်လို့ကြားတယ်.... ဦးလေးပေါင်ကို အမည်စာရင်း တင်သွင်းလို့ရမလား....."
"နွားသိုးကြီးပေါင်ပေါင်?"
လီလော့က ခေါင်းညိတ်ပြပြီး..... "အနာဂတ်မှာ ကျွန်တော် အစိမ်းရောင်နယ်သာခန်းမကို ဝင်တဲ့အခါ ကျွန်တော်နဲ့ ကျုံးယုရှီကြားမှာ တင်းမာမှုတွေ ရှိလာနိုင်တယ်..... အကူအညီတွေ ကြိုတင်စီစဉ်ထားမယ်ဆိုရင် အနာဂတ်မှာ ကျွန်တော့်အတွက် ပိုအဆင်ပြေလာနိုင်တယ်...."
လီလော့၏ ပွင့်လင်းပြီး တဲ့တိုးဆန်သော
စကားကိုကြားတော့ လီကျင်းဇယ် ရယ်ရမလား ငိုရမလား မသိတော့ပေ။သူ့လို ကလန်အကြီးအကဲရှေ့မှာ အာဏတိုက်ပွဲအကြောင်း ပြောသင့်ရဲ့လား......
“မင်း ကြိုတင်စီစဉ်ထားတာ ကောင်းပါတယ်” ဟုသာ တုံ့ပြန်ခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် လီတိုင်ရွှမ်ကို အစိမ်းရောင်နယ်သာခန်းမသခင် အဖြစ်ကနေ မဖယ်ရှားခဲ့ပေ။ လီတိုင်ရွှမ် ပြန်ရောက်မလာသော်လည်း သူ့သား လီလော့ ပြန်ရောက်လာပြီဖြစ်သည်။ အနာဂတ်တွင်၊ အစိမ်းရောင်နယ်သာခန်းမကို လီလော့ထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။
ထို့ကြောင့်၊ လီလော့၏ဘက်တော်သားများကို အစိမ်းရောင်နယ်သာခန်းမထဲသို့ ပို့ထားရန် လီလော့၏ အကြံပြုချက်ကို မကန့်ကွက်ခဲ့ပေ။
"နွားသိုးကြီးပေါင်ပေါင်က နဂါးစွယ်ကလန်မှာ ဘာအထောက်အထားမှမရှိသေးဘူး... ဒါကြောင့် စည်းကမ်းနဲ့ မကိုက်ညီဘူး... ဒါပေမဲ့ ဒီလိုမျိုး တူညီတဲ့ စံနှုန်းတွေတော့ ရှိတယ်... ဒါကြောင့် ခန်းမသခင်အတွက် ရွေးချယ်မှုမှာ သူ့ကို ပါဝင်ခွင့်ပေးလိုက်ပါ..... ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ မြို့စားရဲတိုက်တွေ ပျက်စီးသွားခဲ့ပြီး သူ၏ ခွန်အားကို အပြည့်အဝပြန်မရသေးတာမို့ စတုတ္ထတန်းအဆင့်ခွန်အားကိုသုံးဖို့တောင် ပြင်ပအကူညီတွေလိုနေသေးတယ်မလား.... ခန်းမသခင် ရွေးချယ်ရေးတိုက်ပွဲမှာ ပါဝင်သူတိုင်းက ပဉ္စမအဆင့်တွေချည်းပဲ.... ဒါကြောင့်မို့ အနိုင်ရဖို့ခက်ခဲနိုင်တယ်....ဒါ့ကြောင့် ငါအချိန်ဆွဲထားမှမို့ စိတ်ရှည်ရှည်ထားပြီး ဒဏ်ရာတွေကို အရင်ကုသနှင့်....အပြည့်အဝသက်သာလာပြီဆိုမှ ဝင်ပြိုင်ခိုင်းလိုက်...."
ဒါကိုကြားတော့ လီလော့ ခေါင်းညိတ်လိုက်သည်။
"အဘိုး ပြောတဲ့အတိုင်းပဲလုပ်ရအောင်....."
"အခု မင်းက အစိမ်ရောင်နယ်သာတံခွန်အဖွဲ့ရဲ့ တံခွန်ကိုင်ဖြစ်လာပြီဆိုတော့ တံခွန်တစ်ခုလုံးနဲ့သဟဇာတဖြစ်အောင် ကြိုးစာစထားဖို့ လိုတယ်.... အခုအချိန်မှာ ဒါက အရေးကြီးဆုံးပဲ... အနာဂတ်မှ စစ်ဆင်ရေးတွေရှိလာရင် အချို့အလုပ်တွေက အင်မတန်အန္တရာယ်များတာမို့ သူတို့ရဲ့ပံ့ပိုးမှုတွေရှိနေမှအဆင်ပြေနိုင်မယ်....."
လီလော့ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ တံခွန်ကိုင်အနေဖြင့် အစိမ်ရောင်နယ်သာတံခွန်အဖွဲ့တွင် အဖွဲ့ဝင်ရှစ်ထောင်လုံးနှင့် သဟဇာတဖြစ်ခြင်းကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ဤစွမ်းအားသည် ပဉ္စမတပ်ခွဲတစ်ခုတည်းတွင် သူတွေ့ကြုံခဲ့ရသည့်အရာများထက် များစွာပို၍ အားကောင်းမည်ဖြစ်သည်။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ... ဤတပ်ဖွဲ့သည် မြို့စားအဆင့်ကိုပင်ယှဉ်ပြိုင်နိုင်သည်။
သို့သော် ထိုကဲ့သို့သော အင်အားမျိုးကို မှန်ကန်စွာ ထိန်းချုပ်ရန် ခက်ခဲမည်မှာ သေချာပါသည်။
အချိန်အများကြီးပေးပြီး လေ့ကျင့်ဖို့ လိုပါလိမ့်မည်။
"အဘိုး.... အဲ့မိုကွမ်းစွမ်းအင်တွေကို သန့်စင်ပေးမယ့် စွမ်းဆောင်ရည်ကို မြှင့်တင်ချင်တယ်.....တခြားနည်းလမ်းတွေ သိလား"
"နဂါးငွေ့တန်းကိုးသွယ်ကျင့်စဉ်နဲ့ လစဉ်ထောက်ပံ့ကြေးနှစ်ခုအပြင် နတ်ဆိုးလှိုဏ်ဂူက ဆုလာဘ်တွေရနေတာတောင် မလုံလောက်သေးဘူးလား?"
လီလော့က ခေါင်းခါလိုက်သည်။ သူပြောခဲ့သည့်အရာများကြောင့် လစဉ်လတိုင်း အဲ့မိုကွမ်းစွမ်းအင် အလင်းတန်းသုံးထောင်ခန့်ကို အခြေခံအားဖြင့် စုပ်ယူနိုင်သည်။ ဤသည်မှာ တိုးတက်မှုအရှိန်အဟုန် အလွန်မြန်နေပြီဖြစ်သည်။ သို့သော်လည်း လီလော့၏ ပန်းတိုင်မှာ ပဲ့တင်ထပ်သံနန်းတော် သုံးခုလုံးကို ပြည့်စုံစေရန် ဖြစ်သည်။
သူ၏ လက်ရှိ ခန့်မှန်းချက်အရဆို ပဲ့တင်ထပ်သံနန်းတော်သုံးခုအတွက် အဲ့မိုကွမ်းအလင်းတန်း သုံးသောင်းထက်မနည်း လိုပေမည်။
ဤသည်မှာ မယုံကြည်နိုင်လောက်အောင်များပြားသော ပမာဏဖြစ်သည်။
အကယ်၍ အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်သူတစ်ယောက်ပင်လျှင် ၎င်းတို့၏ ပဲ့တင်ထပ်သံနန်းတော်ကိုဖြည့်ရန် အဲ့မိုကွမ်းစွမ်းအင် နှစ်သောင်းမျှသာ လိုအပ်မည်ဖြစ်သည်။
သို့သော် သူ့တွင် ပဲ့တင်ထပ်သံသုံးခုရှိသောကြောင့် သူ၏လိုအပ်ချက်များသည် သာမန်အဆင့်ကိုးပဲ့တင်ထပ်သံပိုင်ဆိုင်သူ လိုအပ်သည်ထက် များစွာကျော်လွန်နေပါသည်။
အခြေခံအားဖြင့် အဲ့မိုကွမ်းစွမ်းအင် အလင်းတန်းသုံးသောင်းဖြင့် နတ်ဆိုးခန္ဓာအဆင့်သို့တက်လှမ်းခဲ့လျှင် ငွေနတ်ဆိုးခန္ဓာအဆင့်ကို ကျော်လွန်၍ ရွှေနတ်ဆိုးခန္ဓာအဆင့်သို့ တိုက်ရိုက်တက်လှမ်းနိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိတိုးတက်မှုနှုန်းကို အခြေခံ၍ ၎င်းကို ဖြည့်တင်းရန် တစ်နှစ်နီးပါး ကြာမည်ဖြစ်သည်။
ရိုးရိုးသားသားပြောရလျှင် နှောင်းပိုင်းနတ်ဆိုးနန်းတော်အဆင့်မှ နတ်ဆိုးခန္ဓာအဆင့်သို့ တစ်နှစ်အတွင်း မြန်မြန်ဆန်ဆန်တက်လှမ်းနိုင်ဖို့မလွယ်ပေ။
ထို့အပြင် အချိန်သည် လီလော့ အတွက် အဖိုးတန်ဆုံးအရာဖြစ်သည်။
ထိုအတွေးများကို စိတ်ထဲတွင် တွေးကာ သူသည် လီကျင်းဇယ်ထံမှ အကြံဥာဏ်တောင်းခံနေခြင်းဖြစ်သည်။
လီကျင်းဇယ်က..... "မင်းဒုက္ခကလည်း မသေးပါလား...."
လီလော့သည် နတ်ဆိုးခန္ဓာအဆင့်သို့မတက်လှမ်းမီ ပဲ့တင်ထပ်သံနန်းတော်သုံးခုလုံးကို ဖြည့်ရန် စီစဉ်နေကြောင်း သဘောပေါက်ပေသည်။
"သာမန်အတိုင်းဆို အဲ့မိုကွမ်းစွမ်းအင်တွေကို သန့်စင်တဲ့ မင်းရဲ့အမြန်နှုန်းက အလျင်မြန်ဆုံးဖြစ်နေပြီ... အဆင့်မြင့် ဆေးလုံးတွေသုံးရင်တောင် ကွာခြားမှု ရှိမှာ မဟုတ်ဘူး ..အမြန်နှုန်းကို အမှန်တကယ် မြှင့်တင်ချင်တယ်ဆိုရင် ရှားပါးတဲ့ အခွင့်အလမ်း ဒါမှမဟုတ် ပြင်ပ အကူအညီတွေ လိုအပ်လိမ့်မယ်..."
ဒါကိုကြားတော့ လီလော့ အနည်းငယ် စိတ်ပျက်သွားသည်။အခွင့်အရေးများဟု ခေါ်တွင်သော အရာများသည် ကမ္ဘာပေါ်ရှိ မှော်ဆန်သည့် အရာများ သို့မဟုတ် သူ၏ ကြီးထွားမှုကို ပိုမိုအားကောင်းစေမည့် ဆန်းကြယ်သော နေရာများ ဖြစ်သည်။ ဒါပေမယ့် ရှာရလွယ်မည်မဟုတ်ပေ။
"ထျန်းယွမ်တိုက်ကြီးမှာ ထူးခြားတဲ့နေရာတွေရှိတယ်....ဉပမာ ကြယ်တစ်ထောင်အလင်းတန်း နန်းတော်လိုနေရာမျိုးပေါ့.. အဲ့ဒါကို ကြယ်တွေဆီက ပဲ့တင်ထပ်သံစွမ်းအားတွေနဲ့သဘာဝစွမ်းအင်တွေ ပေါင်းစပ်ဖွဲ့စည်းထားတာ...အဲ့က အလင်းတန်းတစ်မျှင်ကို အဲ့မိုကွမ်းအလင်းတန်းသုံးထောင်အဖြစ် သန့်စင်ပေးနိုင်တယ်လို့ဆိုကြတယ်...."
"ဒါ့အပြင်၊ ကောင်းကင်ဘုံဧကရာဇ်ချင်သွေးမျိူးဆက်က တောင်ကိုးတောင်ရဲ့ ဝိညာဉ်ကမ္ဘာလည်း ရှိသေးတယ်....... အဲဒါက တောင်ကိုးတောင်ရဲ့ သဘာဝစွမ်းအင်ကို စုဆောင်းပြီး အဲ့မိုကွမ်းအလင်းတန်းတွေ သန့်စင်စေနိုင်တဲ့ စွမ်းအင်အဖြစ် ပေါင်းစပ်ပေးနိုင်စွမ်းရှိတယ်....ဒါပေမယ့် ဒီလိုအထူးအခွင့်အရေးအားလုံးကို သက်ဆိုင်ရာ အဓိကတပ်ဖွဲ့တွေက ချုပ်ကိုင်ထားပြီး အပြတေလူတွေ ဝင်ရောက်ခွင့်မရှိဘူး...."
ဒါကိုကြားတော့ လီလော့ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းယမ်းလိုက်သည်။ သို့သော် သူက အမြန်စဉ်းစားပြီး.....
"ကောင်းကင်ဧကရာဇ်လီရဲ့ သွေးမျိုးဆက်မှာ ဘယ်လိုမျိုး ထူးထူးခြားခြား အခွင့်အရေးတွေ ရှိလဲ?"
"အိုး? မင်းကအရိပ်ပြရင် အကောင်မြင်တတ်သားပဲ....."
" ငါတို့ ကောင်းကင်ဧကရာဇ်လီသွေးမျိုးဆက်မှာ ဟွမ်းလုံရှီးလို့ခေါ်တဲ့ ရေကန်တစ်ခုရှိတယ်....အဲ့မှာဆို ဘယ်လောက်ပမာဏအထိသန့်စင်နိုင်မယ်ထင်လဲ...."
ဤအခိုက်အတန့်တွင် သူသည် လက်ဖဝါးကိုဆန့်ကာ လီလော့ ရှေ့မှာ လက်ငါးချောင်းကို ဝှေ့ယမ်းလိုက်သည်။
"အဲ့မိုကွမ်း အလင်းတန်းငါးထောင်...."
လီလော့ ဤစကားကိုကြားသောအခါတွင် လက်ထဲက ထမင်းစားတူပင် လွတ်ကျသွားသည်အထိ သတိလက်လွတ်ဖြစ်နေရှာသည်။