ဟွမ်းလုံရှီးရေကန်.....
Vol. 57 Ch. 797
"အဲ့မိုကွမ်းအလင်းတန်းငါးထောင်လား?
လီကျင်းဇယ်၏ စကားကြောင့် လီလော့ လုံးဝ ထိတ်လန့်သွားသည်။ ဤအရာက မည်ကဲ့သို့ မှော်ဆန်သည့် အရာဝတ္ထုမျိုး ဖြစ်သနည်း....
အံ့အားသင့်သွားပြီးနောက် လီလော့ ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ တိုးပွားလာသည်။ လီကျင်းဇယ်လို လူစားမျိုးက နောက်ပြောင်နေမည်မဟုတ်ကြောင်း သူသိသည်။
ရေကန်ထဲမှ အပိုင်းအနည်းငယ်ကို ရယူနိုင်ပါက၊ အလင်းတန်းသုံးသောင်းဟုသောပန်းတိုင်ကို အလွန်လျင်မြန်စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။
"အဘိုး....ဘာလို့ ဒီလောက်အရေးကြီးတာကို အခုအချိန်အထိ မပြောခဲ့တာလဲ...."
"ဟွမ်းလုံရှီးရေကန်ကို ဆယ်နှစ်မှာ တစ်ကြိမ်ပဲ ဖွင့်တာ.... အချိန်မကျသေးတဲ့အတွက် မပြောဖြစ်ခဲ့တာ...."
လီလော့၏ အပြုံးများ အေးခဲသွားသည်။
ဆယ်နှစ်မှ တစ်ကြိမ် ဖွင့်တာလား?
"ဒါဆို နောက်တစ်ကြိမ်ပြန်ဖွင့်ဖို့ ဘယ်လောက်လိုသေးလဲ..."
"... သုံးနှစ်လောက်တော့လိုသေးတယ်...."
လီကျင်းဇယ်က ထမင်း ဆက်စားရင်း ပြန်ဖြေလိုက်သည်။
လီလော့ ရေအေးပုံးလောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။
နောက်ထပ်သုံးနှစ်? ဟုတ်တယ်၊ သုံးနှစ်လောက်ကြာမှ သူနောက်ထပ်အဆင့်ကို မတက်နိုင်ခဲ့ရင် ဘာထူးတော့မှာလဲ....
"ကံကြမ္မာက ကျွန်တော့်ကို မျက်နှာသာမပေးဘူးပဲ....."
အဖြေတစ်ခုကို ရှာတွေ့ပြီဟု ထင်ခဲ့သော်လည်း ဖြစ်ချင်တော့ အိမ်မက်တစ်ခုလို့ဖြစ်နေခဲ့သည်။
သူ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ လီကျင်းဇယ် လှောင်ရယ်နေတာကို သတိထားမိလိုက်သည်။
"အချိန်ရှေ့တိုးဖို့ နည်းလမ်းမရှိဘူးလား....."
လီကျင်းဇယ်က ဝါးထားတဲ့ မျှစ်ကို မျိုချလိုက်ပြီး ....
"ဟွမ်းလုံရှီးရေကန်ကိုု ဆယ်စုနှစ်တိုင်း တစ်ကြိမ်သာ ဖွင့်တယ်....ဒါပေမယ့် ကလန်ငါးခုက သဘောတူရင်၊ သုံးနှစ်လောက် ကြိုဖွင့်လို့ရတယ်..."
လီလော့ တစ်ဖန် တက်ကြွနေပြန်သည်။ ဒါက တိုက်ဆိုင်လွန်းတာ မဟုတ်ဘူးလား..... အခွင့်အရေးရှိသေးတယ်ပေါ့.....
“ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ ၂ နှစ်က စုံးစမ်းဆွေးနွေးပြီးတဲ့ နောက်မှာ ကလန်အကြီးအကဲ လေးဦးက ခုနစ်နှစ်အကြာမှာ ဖွင့်လှစ်ဖို့ ရွေးချယ်ခဲ့ပြီး ဆယ်နှစ်ကြာမှ ဖွင့်လှစ်ဖို့ ရွေးချယ်ခဲ့သူ တစ်ဦးလည်း ရှိခဲ့တယ်.... မဲခွဲဆုံးဖြတ်ရာမှာ တညီတညွတ်တည်း မရှိတာကြောင့် အရင်စည်းမျဉ်းအတိုင်းပဲ ထားလိုက်တော့တာ..... "
လီကျင်းဇယ်၏နောက်ဆက်တွဲစကားများက လီလော့ကို တုန်လှုပ်စေပြန်သည်။
လီလော့ ဒေါသတကြီးနဲ့ စားပွဲကိုပုတ်လိုက်ပြီး.... "အဲဒါ နဂါးသွေးကလန် အကြီးအကဲပဲမလား.... ကျွန်တော်တို့တွေ သူတို့ကို လုံလောက်အောင် မျက်နှာသာမပေးခဲ့လို့လား...."
ထို့နောက် လီကျင်းဇယ်က လီလော့ကို ကြည့်လိုက်ပြီး....
"တကယ်တော့ ဆုံးဖြတ်ချက်ကို ငြင်းပယ်တဲ့သူက မင်းရှေ့မှာ ထိုင်နေတယ်....."
လီလော့ အနည်းငယ် အံ့သြသွားပြီး သူ့အဖိုးကို နောက်ထပ် ဝိုင်တစ်ခွက် ထပ်လောင်းပေးလိုက်သည်။
"အဘိုး.... ဘာလို့ ငြင်းလိုက်တာလဲ" ဟု လီလော့က အံ့သြစွာ မေးလိုက်သည်။
"ဘာလို့ငြင်းခဲ့တာလဲဆိုတော့...ဟွမ်းလုံရှီးရေကန် ပွင့်လာတဲ့အခါတိုင်း၊ မျိုးဆက်သစ်လူငယ်တစ်ယောက်ယောက်တည်းက သူ့ရဲ့အကျိုးကျေးဇူးတွေကို ခံစားနိုင်မယ်လို့ မင်းထင်သလား...... ဒါက တံခွန်တွေကြားက ပြိုင်ဆိုင်မှုတွေနဲ့ ဆက်စပ်နေပေမယ့် ဝင်ခွင့် ခြောက်ခုပဲရှိပဲရှိတယ်.... တံခွန်ကိုင် ခြောက်ဦးသာ ရေကန်ရဲ့ အကျိုးကျေးဇူးတွေကို လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ခြွင်းချက်မရှိခံစားနိုင်ခဲ့ကြတာ.... ဒါ့ကြောင့် ရေကန်ကို ဖွင့်လိုက်လျှင် နဂါးသွေးကလန်ကသာ အမြတ်အများဆုံးရခဲ့ကြတယ်.... အကျိုးအမြတ်ကို အများဆုံးရနေတာမို့ ရေကန်ဖွင့်ဖို့ကို ဘယ်နှောင့်နှေးချင်စေချင်မလဲ.... အဲဒီသုံးနှစ်အတွင်းမှာ အံ့သြဖွယ်ကောင်းတဲ့သူအချို့ နဂါးစွယ်ကလန်မှာ ပေါ်ထွက်လာပေမယ့် အများဆုံးမှ တစ်နေရာစာပဲရနိုင်မှာလေ....."
လီလော့သည် လီကျင်းဇယ် အဘယ်ကြောင့် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ကို နားလည်လာသည်။ နဂါးစွယ်ကလန်သည် ထိုသို့လုပ်ဆောင်ခြင်းမှ မည်သည့်အကျိုးကျေးဇူးကိုမျှ မရရှိနိုင်ပေ။
ဒါဟာ ကျိုးကြောင်းဆီလျော်သော ရွေးချယ်မှုဖြစ်ခဲ့သည်။ သူ့အဖေ ထွက်သွားကတည်းက နဂါးစွယ်ကလန်မှာ ထူးချွန်သူမရှိခဲ့ပေ။ အနည်းဆုံးတော့၊ နဂါးသွေးကလန်ရဲ့ ထူးချွန်ထက်မြက်သူတွေနဲ့ ယှဉ်ရင် သူတို့က အဘက်ဘက် အားနည်းနေစမြဲပင်။ အထူးချွန်ဆုံးဟု သတ်မှတ်ခံထားရသော တျန်ဖုန်းရှန်ပင်လျှင် နဂါးသွေးကလန်၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
လီလော့ သက်ပြင်းချလိုက်မိသည်။သာ်အတိုင်းသာဆို အခြားနည်းလမ်းတစ်ခုကို ရှာရပေလိမ့်မည်။
"ဒီအခွင့်အရေးကို လိုချင်တာလား" ဟု လီကျင်းဇယ်က ရုတ်တရက် မေးလိုက်သည်။
"ဟုတ်တယ်! ဒါက ဆယ်နှစ်တစ်ကြိမ် ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုပဲလေ...... ပြင်ပနတ်ဘုရားတိုက်ကြီးမှာ ဒါမျိုးမရှိနိုင်ဘူး...."
လီလော့ ပြင်ပနတ်ဘုရားတိုက်ကြီးအကြောင်း ပြောနေသည်ကို ကြားသောအခါ လီကျင်းဇယ် တခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ လီတိုင်ရွှမ် ထျန်းဟွမ်တိုက်ကြီးမှ ထွက်ခွာသွားကတည်းက သူ့မှာ အပြစ်ရှိကြောင်း ခံစားနေခဲ့ရသည်။ သူ့မြေးကို ထိုနေရာတွင် မွေးဖွားခဲ့ပြီး နဂါးစွယ်ကလန်၏ အကာအကွယ် သို့မဟုတ် အကျိုးကျေးဇူးများကို မည်သည့်အခါမျှ မရရှိခဲ့ပေ။
ထို့နောက် သူသည် အဖေနှင့် အလွန်ဆင်တူသည့် လီလော့၏ မျက်နှာကို ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် သူ၏ တင်းမာသောအမူအရာသည် မသိလိုက်ဘဲ နူးညံ့သိမ်မွေ့လာသည်။
"တကယ်လိုချင်ရင် အခွင့်အရေးမရှိတာတော့မဟုတ်ဘူး...."
"ဒီအကြံအစည်ကို ပယ်ချတဲ့သူဆိုလို့ ငါတစ်ယောက်ပဲရှိတာ... စမ်းကြည့်ချင်တယ်ဆို နဂါးသွေးကလန်က အဘိုးကြီးဆီ စာပို့လိုက်မယ်....ဒါက သူတို့အတွက် အကျိုးရှိတာမို့ ငြင်းကြမှာမဟုတ်ဘူး...."
"ဖြစ်ပါ့မလား...?"
လီကျင်းဇယ်သည် နဂါးစွယ်ကလန်၏ ကလန်အကြီးအကဲဖြစ်ပြီး၊ ယခင်က သူလုပ်ခဲ့သော ဆုံးဖြတ်ချက်ကို ပြောင်းလဲပစ်လိုက်လျှင် သူ၏ဂုဏ်သိက္ခာကို ထိခိုက်မည်မဟုတ်ပေလော။
"ဒါက အသေးအဖွဲကိစ္စပါ.... ဒါပေမယ့် အဲဒီမြေခွေးအိုကြီးတွေကလည်း ပါးနပ်ပြီးသားပါ.... ရေကန်ဖွင့်ဖို့ ရှေ့တိုးစေချင်တယ်လို့ ငါပြောရင် ငါဘာလို့လုပ်တယ်ဆိုတာ သူတို့သိလိမ့်မယ်....မင်းအတွက်လုပ်ပေးနေမှန်း သူတို့သိလိမ့်မယ်..... ဒါကြောင့် မင်းရဲ့ရလဒ်ပေါ်မူတည်ပြီး ငါ့ရဲ့ဂုဏ်သတင်း တက်မလား ကျမလား ဆုံးဖြတ်ပေးလိမ့်မယ်.... မင်း ဟွမ်းလုံရှီးရေကန်မှာ အစွမ်းကုန်ကြိုးစားပြီး တစ်နေရာစာ ကိုယ်တိုင် လုယူမယ်ဆိုရင် ငါ့ကိုာသတ္တိရှိရှိစွန့်စားရဲတယ်လို့ ချီးကျူးကြလိမ့်မယ်....အကယ်၍ မင်းသာ လက်ဗလာနဲ့ ပြန်လာရင် လှောင်ရယ်ခံရလိမ့်မယ်......"
လီလော့ အနည်းငယ် ထိတ်လန့်သွားပြီး.....
"ဒါက သေချာပေါက် ခက်ခဲလိမ့်မယ်.....ဒါပေမယ့် အစွမ်းကုန်ကြိုးစားဖို့
ဆန္ဒရှိတယ်"
ဟွမ်းလုံရှီးရေကန်၏အခက်အခဲသည် ကျုံးလင်ကိုတိုက်ခိုက်ခြင်းထက်သာလွန်သော်လည်း၊ တံခွန်အဖွဲ့ဝင်များ၏အကူအညီက သူ့ကိုအခွင့်အရေးပေးလိမ့်မည်။
" အများဆုံး ဘယ်လောက်ထိရနိုင်မလဲ...."
"ပုံမှန်အတိုင်းဆို တစ်ယောက်စာပဲရနိုင်တယလ.... ကံကောင်းတဲ့သူတွေက နှစ်ယောက်စာရနိုင်တယ်" ဟု လီကျင်းဇယ် က ဖြေသည်။
"ဒါက နည်းနည်းလေးပဲ...." လီလော့ မကျေနပ်သဖြင့် ညည်းညူလိုက်သည်။ အပိုင်းတစ်ပိုင်းသည် အဲ့မိုကွမ်းစွမ်းအင် အလင်းတန်းငါးထောင်မျှသာဖြစ်သည်။
သိသာပေမယ့် သူလိုနေတာက သုံးသောင်း.......
"မင်း တကယ်လောဘကြီးတာပဲ .. ဟွမ်းလုံရှီးရေကန်က တစ်ပိုင်းစာကို အလွယ်တကူ သန့်စင်နိုင်မယ်ထင်နေတာလား...."
"အဘိုးသာ အခွင့်အရေးပေးဖို့ ဆန္ဒရှိရင် အစွမ်းကုန် ကြိုးစားမှာပါ...."
"ကောင်းပြီ၊ မင်း အခုပြန်သွားပြီး ငါ့ဆီက သတင်းကောင်းကိုစောင့်နေ..... အချိန်တန်ရင် ငါ မင်းကို အကြောင်းကြားမယ်......"
လီလော့သည် ပန်းကန်ပြားပေါ်ရှိ အသီးအရွက်အားလုံးကို အားပါးတရစားသောက်ကာ အိမ်ပြန်ဖို့ပြင်လိုက်သည်။
ခြံဝင်းထဲက ထွက်လာတာနဲ့ ခဏရပ်ပြီး စားပွဲကိုသန့်ရှင်းနေသည့် အဖိုးအိုကို လှည့်ကြည့်လိုက်ပြီး သူ့ရင်ထဲမှ ထွက်လာသော စကားများကို ပြောလိုက်သည်။
"အဘိုး.....တကယ်ကျေးဇူးတင်ပါတယ်....."
လီကျင်းဇယ်လို တည်ကြည်လေးနက်သူတစ်ယောက်က သူ့အတွက်ကြောင့်သာမဟုတ်ရင် ပြောပြီးသားစကားကို ပြန်ပြင်မည်မဟုတ်ပေ။
လီလော့ ထွက်သွားပြီးနောက် လီကျင်းဇယ် ခေါင်းမော့လိုက်ပြီး ထိုလမ်းကြောင်းကို တစ်ချက်ကြည့်လိုက်သည်။
ထိုစဉ် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။