← Chapters

ရာထူးအသစ်.....

Vol. 57 Ch. 798

ရာထူးအသစ်.....

Vol. 57 Ch. 798

ဒုတိယနေ့တွင် လီလော့ ပုံမှန်အတိုင်း အစိမ်းရောင်နယ်သာခန်းမလေ့ကျင့်ကွင်းသို့ ရောက်ရှိလာသည်။ သို့သော် လေထုက သိသိသာသာ ကွဲပြားသွားသည်။

ကျောက်ယန်ဇီ၊ မုဘီနှင့်လီရှိ တို့အပြင် ဒုတိယ၊ တတိယနှင့် စတုတ္ထတပ်ခွဲများမှခေါင်းဆောင်များက သက်ဆိုင်ရာ တံခွန်အဖွဲ့ဝင်များနှင့်အတူ သူ့ကို ကြိုဆိုရန် ရောက်နေကြသည်။

"ဂုဏ်ယူပါတယ် တံခွန်ကိုင်!"

လူအုပ်ကြီး၏ ကျယ်လောင်သော ဂုဏ်ပြုသံ လေ့ကျင့်ရေးကွင်း အနှံ့ ပဲ့တင်ထပ်သွားသည်။

ရုတ်​တရက်​နှုတ်​ဆက်​လိုက်​တဲ့အတွက်​ ထိတ်​လန့်​သွားသော်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်.....

"ကျေးဇူးတင်ပါတယ်.... အစိမ်ရောင်နယ်သာတံခွန်အဖွဲ့ ရဲ့ တံခွန်ကိုင်အဖြစ် တာဝန်ယူခွင့်ရလို့ ဝမ်းသာပါတယ်"

စူးစမ်းလိုစိတ်နှင့် သဘောကျမှုတို့ဖြင့် ပြည့်နှက်နေသော အကြည့်များကို ကြည့်ရင်း လည်ချောင်းကို ရှင်းကာ.....

“အားလုံးသိကြတဲ့အတိုင်း ငါ့အဖေ လီတိုင်ရွှမ်က အစိမ်ရောင်နယ်သာတံခွန်အဖွဲ့ ကို ကြီးကျယ်ခမ်းနားအောင်မြှင့်တင်ပေးနိုင်ခဲ့တယ်.... အဲ့တုန်းကဆို ကောင်းကင်နဂါးကလန်ငါးခုရဲ့ တံခွန်နှစ်ဆယ်မှာ အစိမ်ရောင်နယ်သာတံခွန်အဖွဲ့ရဲ့ ဂုဏ်ကျက်သရေထွန်းပြောင်ခဲ့တယ်...ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တောက်ပမှုတွေမှေးမှိန်လာတာကြောင့် တခြားတံခွန်တွေက ငါတို့ကို လှောင်ပြောင်ရယ်မောကြတယ်”

ဒါကိုကြားတော့ အားလုံးက သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။ ဤစကားများကြောင့် စိတ်ပျက်ခဲ့ကြသော်လည်း အမှန်တရားက ခါးသီးလွန်းလှသည်။

“ဘယ်လိုပဲဖြစ်ဖြစ် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့က တခြားတံခွန် ဆယ့်ကိုးခုထက် အားနည်းတာ မဟုတ်ဘူးမှန်း ငါသိတယ်.... အရင်တုန်းကတော့ အရည်အချင်းရှိတဲ့ ခေါင်းဆောင် မရှိတာကြောင့်ဆိုပေမယ့် အခု အားလုံးစောင့်မျှော်နေကြတဲ့ အချိန်ကို ရောက်လာပါပြီ"

သူ့စကားဆုံးတော့ ရယ်မောသံတွေ ထွက်လာသည်။ ၎င်းသည် သူ့ကိုယ်သူ ကြွားဝါနေသလိုဖြစ်သော်လည်း တံခွန်အဖွဲ့ဝင်များကို သူနှင့် ပိုမိုရင်းနှီးလာစေသည်။

လီလော့သည် သူ့ရှေ့မှ လူအုပ်ကို လှမ်းကြည့်ရင်း..... " ငါ အစိမ်ရောင်နယ်သာတံခွန်အဖွဲ့ကိုရောက်တုန်းက ရည်မှန်းချက်ကြီးမားခဲ့တယ်..... ငါ့အဖေတုန်းကလ်ို အစိမ်ရောင်နယ်သာတံခွန်အဖွဲ့ကို ထူးထူးခြားခြား မြှင့်တင်ပေးချင်တယ်....ငါ့အဖေတောင် လုပ်နိုင်တဲ့အရာကို ငါလည်း လုပ်နိုင်မှာ သေချာတယ်....."

ထိုစကား​ကြောင့် အဖွဲ့သားများ ခဏတာ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က....

"မင်းရဲ့ဆန္ဒအတိုင်း ကျေးဇူးပြုပြီး ငါတို့ကို အမြင့်ရောက်အောင်ပို့ပေးပါ....."

ရုတ်တရက်ဆိုသလိုပင် လူအုပ်ကြီးထဲက ရွှင်မြူးသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။

လီလော့ ကြွားဝါနေခြင်းမဟုတ်ကြောင်း သူတို့သိသည်။ လွန်ခဲ့သည့် နှစ်လက သူ၏ အံ့မခန်း စွမ်းဆောင်မှုကို မြင်တွေ့ခဲ့ရပြီး ကျုံးလင်ကို အနိုင်ယူသည့်တိုက်ပွဲက သူတို့အတွက် အံ့ဖွယ်တစ်ခုလိုပင်.....

သူ့ခေါင်းဆောင်မှုအောက်မှာ သူတို့ တကယ်မြင့်မားလာမည်မှာ သေချာနေသည်။

စိတ်အားထက်သန်နေသော လူအုပ်ကြီးကို ကြည့်လိုက်တော့ ကျောက်ယန်ဇီက မြတ်နိုးမှုအပြည့်ဖြင့် လှပသော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ လီလော့ သည် ကျုံးလင်နှင့် နှိုင်းယှဥ်ပြိုင်သော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်။ ကျုံးလင်သည် ဤကဲ့သို့ လူစုလူဝေးကို စည်းလုံးရန် တခါမှ မစွမ်းဆောင်နိုင်ခဲ့ပေ။

လီလော့ အခုလို စည်းရုံးရေးဆင်းနိုင်ခြင်း၏ တစ်စိတ်တစ်ပိုင်းမှာ ၎င်း၏ ထင်ရှားကျော်ကြားသော နောက်ခံနှင့် ယမန်နေ့က ကြီးကျယ်ခမ်းနားသော အောင်ပွဲကြောင့်ဖြစ်ကြောင်း သူမ နားလည်သည်။

ဤအခိုက်အတန့်တွင် လီလော့သည် လေးနက်သောလေသံသို့ပြောင်းသွားပြီး.....

"ကောင်းပြီ၊ အခု ငါက အစိမ်ရောင်နယ်သာတံခွန်အဖွဲ့ရဲ့ တံခွန်ကိုင်ဖြစ်နေပြီ...

.ငါတို့ရဲ့ ဦးစားပေးအစီအစဉ်က ရှေ့ပြေးအဖွဲ့ကို ပြန်လည်ထူထောင်ဖို့ပဲ. ... နတ်ဆိုးလှိုဏ်ဂူမှာ အဆင့်တက်ပြီး အခြားတံခွန်အဖွဲ့တွေကို အမှီလိုက်ဖို့ ပဉ္စမတပ်ခွဲကို အခြေခံအဖြစ် အသုံးပြုပြီး ရှေ့ပြေးအဖွဲ့ကို ဖွဲ့စည်းဖို့ အခြားတပ်ခွဲတွေက ထိပ်တန်းအဖွဲ့ဝင်တွေကို ရွေးချယ်ဖို့ အကြံပြုချင်တယ်.... ဒီအတွက်လည်း ရှေ့ပြေးအဖွဲ့ကို ဆုလာဘ်တွေပေးမှာပါ....."

သူ့စကားဆုံးသောအခါ တံခွန်အဖွဲ့ဝင်များ အချင်းချင်း တိုင်ပင်နေကြပြန်သည်။ ခွန်အားတစ်ခုတည်းကို အခြေခံလျှင် ပထမတပ်ခွဲသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ တွင် အသန်မာဆုံးဖြစ်သည်။ သို့သော်လည်း လီလော့ သည် ပဉ္စမတပ်ခွဲကို အခြေခံအဖွဲ့အဖြစ် အသုံးပြုရန် ရွေးချယ်ခဲ့သည်။ ဒါက ကျုံးလင်ကြောင့်ဖြစ်ပေလိမ့်မည်။

"စိတ်မပူပါနဲ့....ရှေ့ပြေးအဖွဲ့က အစိမ်းရောင်နယ်သာတံခွန်အဖွဲ့တစ်ခုလုံးရဲ့ တိုးတက်မှုအပေါ် သက်ရောက်မှုရှိပါတယ်....ဒါကြောင့် ငါတို့က မင်းကို သေချာပေါက် ထောက်ခံမှာပါ...."

ဒုတိယ၊ တတိယနှင့် စတုတ္ထတပ်ခွဲများ၏ ခေါင်းဆောင်များက သဘောတူကြောင်းပြသခဲ့သည

ဒါကိုကြားတော့ လီလော့က သူတို့သုံးယောက်ကို လေးလေးနက်နက် ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက်တွင် သူသည် ၎င်းတို့အားလုံးနှင့် ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့သည်။

"ဂုဏ်ယူပါတယ်.... အဖွဲ့ခေါင်းဆောင်"

ကျောက်ယန်ဇီနှင့် ပဉ္စမတပ်ခွဲအဖွဲ့သားများက အခြားသူများ ထွက်ခွာသွားပြီးနောက် လီလော့ကို ထပ်မံ ဂုဏ်ပြုကြသည်။

အားလုံး ထိန်းမနိုင်သိမ်းမနိုင် ပျော်ရွှင်မှုတွေနဲ့ ရင်ခုန်နေကြသည်။ ပုံမှန်အားဖြင့် ငြိမ်သက်နေသော မုဘီသည်ပင် နားရွက်ချိတ်မတတက် ပြုံးနေသည်။ လီလော့သည် နဂါးစွယ်ကလန်တွင် နှစ်လတာနေထိုင်ခဲ့သော်လည်း ၎င်းတို့သည် သူ့နောက်လိုက်ရန်ရွေးချယ်ခဲ့သော ပထမဆုံးသောသူများဖြစ်သည်။

ယခု လီလော့ ရာထူးတိုးလိုက်ပြီဖြစ်သောကြောင့် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့ တွင် ၎င်းတို့အတွက် ပိုမိုကောင်းမွန်သောနေ့ရက်များ ရှိလာပေတော့မည်။

"အခု ငါက တံခွန်ကိုင် ဖြစ်လာတော့ ပဉ္စမတပ်ခွဲရဲ့ ခေါင်းဆောင်ရာထူး လစ်လပ်သွားတော့မယ်.... ဘယ်သူ အသင့်တော်ဆုံးလို့ ထင်လဲ...." လီလော့က သုံးယောက်စလုံးကို ကြည့်၍ မေးလိုက်သည်။

ကျောက်ယန်ဇီက.... "လီရှိကိုပဲ လုပ်ခိုင်းလိုက်....သူ မနေ့ကမှ အဆင့်တက်ပြီး ရွှေနတ်ဆိုးခန္ဓာအဆင့်ကိုရောက်နေပြီဆိုတော့ ငါတို့တွေ သူ့ကို မယှဉ်တော့ဘူး.... “

"အိုး?"

လီလော့က လီရှိကို အံ့သြစွာကြည့်လိုက်သည်။ လီကလန်၏ ဤပါရမီရှင်သည် အမှန်တကယ်ပင် ထူးချွန်သည်။ သူသည် ရွှေနတ်ဆိုးခန္ဓာအဆင့်သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့သည်။

"နတ်ဆိုးလှိုဏ်ဂူလေ့လာရေးခရီးမှာ မင်းရဲ့ခေါင်းဆောင်မှုအားလုံးအတွက် ကျေးဇူးတင်ပါတယ်....အဲဒီဆုတွေကြောင့်သာ မဟုတ်ရင် ဒီအောင်မြင်မှုတွေရဖို့ အချိန်အများကြီးယူရလိမ့်မယ်" လို့ လီရှိ က ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့သည်။

"ကောင်းတာပေါ့.... ဒါဆို မင်းက ပဉ္စမတပ်ခွဲရဲ့ ခေါင်းဆောင် ဖြစ်လာပြီး အခုကစပြီး သူတို့ကို ဦးဆောင်သွားရမယ်...."

"ကျေးဇူးတင်ပါတယ် !"

ဒီအချိန်မှာ လီလော့က ကျောက်ယန်ဇီ ဘက်လှည့်ပြီး ... "ယန်ဇီ.... အခု ငါ တံခွန်ကိုင် ဖြစ်နေပြီ.... စီမံခန့်ခွဲရမယ့် အလုပ်တွေ အများကြီးရှိလိမ့်မယ်.... မင်း ငါ့ရဲ့ လက်ထောက်ဖြစ်နိုင်မယ်လို့ ငါမျှော်လင့်တယ်....အချိန်တန်ရင် ရှေ့တန်းအဖွဲ့ကို ဖွဲ့ဖို့ ကူညီပေးနိုင်မလား"

အမှန်မှာ၊ ရှေ့ပြေးအဖွဲ့ဖွဲ့စည်းခြင်းသည် ရှုပ်ထွေးသောကိစ္စဖြစ်သည်။ ၎င်းတွင် ပဉ္စမတပ်ခွဲ​၏ အဖွဲ့ဝင်များအပြင် အခြားတပ်ခွဲလေးခုမှ အဖွဲ့ဝင်များ ပါ၀င်သည်။ လီလော့ ဤနေရာတွင် နှစ်လမျှသာ ေနရသေးသောကြောင့် သူသည် လူတိုင်းကို မမှတ်မိနိုင်သေးပေ။ ဤကိစ္စကို သူယုံကြည်ရသူတစ်ဦးထံ လွှဲလိုက်သည်ကသာ အကောင်းဆုံးဖြစ်သည်။

အစိမ်းရောင်နယ်သာတံခွန်အဖွဲ့တွင် ကောင်းမွန်စွာ ဆက်နွှယ်နေသူတစ်ဦးအနေဖြင့် ကျောက်ယန်ဇီသည် ဤကိစ္စရပ်အတွက် များစွာ အထောက်အကူ ဖြစ်ပါလိမ့်မည်။ သူမ၏အကူအညီဖြင့် လီလော့သည် သဟဇာတဖြစ်အောင် လေ့ကျင့်ရာတွင် သူ၏အချိန်နှင့် ကြိုးစားအားထုတ်မှုကို ပိုမိုသုံးစွဲနိုင်မည်ဖြစ်သည်။

တစ်ဖက်တွင်၊ ကျောက်ယန်ဇီက သူ့တောင်းဆိုချက်ကြောင့် ဝမ်းသာသွားသည်။ ဆိုလိုသည်မှာ သူမ၏ အဆင့်အတန်း မြင့်မားလာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူမသည် တံခွန်ကိုင်၏ ကိုယ်ရေးကိုယ်တာလက်ထောက်အဖြစ် အခြားသော ခေါင်းဆောင်များထက်ပင် အဆင့်အတန်းမြင့်မားသည်။

အနည်းဆုံးတော့ လီလော့နှင့် ပိုနီးကပ်နေပေလိမ့်မည်။

လီလော့က မုဘီဘက်လှည့်ပြီး.... "မုဘီ.... ရှေ့တန်းအဖွဲ့ကိစ္စတွေကိုမင်းလည်း ကူညီပေးပါ"

"စိတ်မပူပါနဲ့ ...."

သူမ အနီးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ကျောက်ယန်ဇီက လေသံ တိုးတိုးဖြင့်.... " ကျုံးလင် ဒီနေ့ မလာဘူး.... မနေ့ကတည်းကဒဏ်ရာတွေသက်သာနေပေမယ့် ပထမတပ်ခွဲဘက်က လှုပ်ရှားမှု သိပ်မရှိသေးဘူး.... ”

လီလော့က.... "ပထမတပ်ခွဲရဲ့ခေါင်းဆောင်ဖြစ်တာကြောင့် ကျုံးလင် က သူတို့အပေါ်မှာ သြဇာသက်ရောက်မှုရှိမှာပဲလေ...."

"သူတို့သာ ပူးပေါင်းဖို့ ငြင်းဆိုထားရင် ရှေ့တန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမှုကို အဟန့်အတားဖြစ်စေလိမ့်မယ်... ပထမတပ်ခွဲမှာ ထူးထူးခြားခြားသန်မာတဲ့လက်ရွေးစင်တွေရှိတယ်..." ဟု ကျောက်ယန်ဇီက မှတ်ချက်ပေးခဲ့သည်။

ဒီအချိန်မှာ လီရှိက..... " ကျုံးလင်က ​ ပြန်လည်သက်သာဖ်ု့အနားယူတာကို အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးပြုဖို့ ကြံစည်နေတယ်လို့ကြားထားတယ်.... ပြီးတော့ သူ ရှိနေသရွေ့ ပထမတပ်ခွဲက ပူးပေါင်းဖို့ငြင်းဆန်နေဉီးမှာပဲ...သူ့ကိုအပြီးထုတ်ပစ်လိုက်မှ အေးမယ်....."

ကျောက်ယန်ဇီက "ဒါက ကျုံးလင်ရဲ့လှည့်ကွက်ပဲ ဖြစ်ရမယ်....သူက ပထမတပ်ခွဲကို အကာအကွယ်ယူပြီး လက်အောက်ခံဖြစ်ဖို့ ငြင်းချင်နေတာ.... ပြတ်ပြတ်သားသား မကိုင်တွယ်ရင် လူရယ်စရာတွေဖြစ်လာလိယ့်မယ်...."

"ဒါပေမယ့် အခုနေ လိုက်လျောလိုက်ရင် နောက်ဆို ပိုရောင့်တက်လာနိုင်တယ်.... "

ဒါကိုကြားတော့ ကျောက်ယန်ဇီ ယက လီလော့ ရဲ့ နောက်ထပ် ညွှန်ကြားချက်တွေကို စောင့်ဆိုင်းရင်း မျက်မှောင်ကြုတ်နေသည်။

တံခွန်ကိုင်ရာထူးကို ဆုံးရှုံးလိုက်ရသည်ကို သိလိုက်ရသဖြင့် ကျုံးလင်သည် သိက္ခာကိုအဖတ်ဆယ်ဖို့ လှည့်ကွက်အနည်းငယ်ထုတ်သုံးနေပြီဖြစ်သည်။

နောက်ဆုံးတွင်၊ လီလော့ သူ့အပေါ် တင်းတင်းမာမာဆက်ဆံမည်လော.. သို့မဟုတ် ကျုံးလင်၏တောင်းဆိုမှုကို လိုက်လျောရန် ဆုံးဖြတ်မည်လော...

လီလော့၏ အမူအရာက ငြိမ်သက်နေစမြဲပင်.... ကျုံးလင် ​​ဒီလိုမျိုး ကြိုးစားလိမ့်မယ်လို့ သူမျှော်လင့်ပြီးသားဖြစ်သည်။

"ပထမတပ်ခွဲက ထောင်ပေါင်းများစွာသော အဖွဲ့ဝင်တွေက ကျုံးလင်နဲ့တစိတ်တစ်ဝမ်းတည်းရှိနေနိုင်မှာမဟုတ်ဘူး.... သူက ငါ့ကို ပထမတပ်ခွဲအဖွဲ့ဝင်တွေနဲ့ ခြိမ်းခြောက်ချင်နေတာလား....ကောင်းပြီ၊ ငါ့အမိန့်ကို အားလုံးသိအောင်ကြေငြာလိုက် အခုကစပြီး ပထမတပ်ခွဲမှာ ကျုံးလင် မပေါ်လာသရွေ့ နတ်ဆိုးလှိုဏ်ဂူ စူးစမ်းလေ့လာရေးမှာ ပါဝင်ခွင့် မပြုဘူး.... ဒါ့အပြင် ပထမတပ်ခွဲအဖွဲ့ဝင်တွေ ထောက်ပံ့ကြေးနည်းနည်းပဲ ရလိမ့်မယ်.... သုံးရက်အတွင်း ကျုံးလင်ရောက်မလာရင် သူ့ကိုခေါင်းဆောင်နေရာကနေ ဖယ်လိုက်ပြီး ပထမတပ်ခွဲက ခေါင်းဆောင် အသစ်တစ်ဦးကို ရွေးချယ်သွားမယ်...."

သုံးယောက်သား သူ့စကားကြားတော့ အံ့ဩသွားကြသည်။ ကျုံးလင်၏ အကျပ်ကိုင်မှုအပေါ် သူ၏တုံ့ပြန်မှုသည် သူတို့ထင်ထားသည်ထက် ပိုမိုခိုင်မာအားကောင်းခဲ့သည်။

လီလော့က သူတို့ သုံးယောက်ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ သို့သော် အပြုံးသည် သုံးယောက်စလုံးကို ကြက်သီးထစေခဲ့သည်။

"တကယ်လို့ သူက ပထမတပ်ခွဲရဲ့ အဖွဲ့ဝင်တွေရဲ့ စိတ်နှလုံးသားကို အသုံးချချင်တယ်ဆိုရင် သူက သူတို့အတွက် တကယ်ကို အရည်အချင်းရှိပြီး အစားထိုးလို့မရတဲ့ ခေါင်းဆောင်ဟုတ်မဟုတ် စောင့်ကြည့်တာပေါ့....."

All Chapters