← Chapters

အခန်း (၇၃၆)

Vol. 50 Ch. 736

အခန်း (၇၃၆)

Vol. 50 Ch. 736

လွန်ခဲ့သည့် နှစ် ၁၀၀၀၀ က ဖျက်ဆီးခံခဲ့ရသော ထိပ်သီး ဂိုဏ်းကြီး တစ်ဂိုဏ်းဖြစ်သော ဖာဟွားကျောင်းတော်၏ အမွေအနှစ် အမြုတေနယ်မြေက ပြန်ပေါ်လာခဲ့သည်။

ထိုအမြုတေနယ်မြေကို ရွှေအမြုတေအဆင့်၏ နံပါတ်-၁ လျှို့ဝှက်ပညာရပ်ဖြစ်သော ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို ကျင့်ကြံပြီးမှသာလျှင် နားလည်သဘောပေါက်နိုင်လေသည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ် ၁၀၀၀၀ က ကပ်ဘေးနှင့်အတူ ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်က ပျောက်ဆုံး သွားခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။

လွန်ခဲ့သည့် နှစ် ၁၀၀၀၀ က ထိုကပ်ဘေးမှာ ဖာဟွားကျောင်းတော်နှင့် တာမင်းကျောင်းတော်သည် ဖျက်ဆီး ချေမှုန်း ခံခဲ့ရပြီး မရေမတွက်နိုင်သော ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်ပညာရပ်များက ပျောက်ဆုံးခဲ့ရလေသည်။ ဤနှစ်များ အတွင်းမှာတောင် ထိုကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်ပညာရပ်များကို ရှာဖွေနေကြသော ကျင့်ကြံသူများ ရှိနေကြဆဲ ဖြစ်လေသည်။

ဘယ်ဆီဘယ်ဝယ်ကမှန်း မသိရသော ဤကိုယ်တော်လေးက နှစ် ၁၀၀၀၀ ကြာအောင် ပျောက်ဆုံးခဲ့သော ရွှေအမြုတေနယ်မြေတစ်ခုကို ကျင့်ကြံ ထားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။

ဤ ကိုယ်တော်လေးက ဖျက်ဆီးခံခဲ့ရသော ဖာဟွားကျောင်းတော်နှင့် နက်ရှိုင်းသော ပတ်သတ် ဆက်နွယ်မှု ရှိနေဖို့ များလေသည်။

ကိုယ်တော်ယွမ်ခုံး၊ ကိုယ်တော်ဝေဖူနှင့် အခြားလူတိုင်းသည် မင်းကျန့်ကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။ သူတို့က သားကောင်ကို မြင်လိုက်ရသော ဆာလောင်နေသည့် ကြမ်းကြုတ် တောကောင်များနှင့် တူနေလေသည်။

ကိုယ်တော်ယင်လူက စိုးရိမ်ပူပန်နေသော အမူအရာဖြင့် မျက်မှောင် အနည်းငယ် ကြုတ်လိုက်လေသည်။ လူတစ်ယောက်၏ ကြွယ်ဝမှုက အခြားလူများ၏ လောဘ ရမ္မက်ကို ဆွဲဆောင်နိုင်ပြီး ထိုသူ၏ ပျက်ဆီးခြင်းကို ဉီးတည်စေနိုင်လေသည်။

ကမ္ဘာသန့်စင် အစိမ်းရောင် ကြာပန်းကို ထုတ်ဖော်ပြီးနောက် မင်းကျန့်သည် အခြားသူများ၏ လောဘ ရမ္မက်ကို နှိုးဆွမိသွားလေသည်။

ပထမ အုပ်စုရှိ လူရှစ်ယောက်သည် သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်ပြီးနောက် သူတို့အကြား အကွာအဝေးက တဖြည်းဖြည်း တိုးလာပြီး တစ်သီးတစ်ခြားဆီ ဖြစ်လာကြလေသည်။

အဆူရာဂိုဏ်းမှ ရန်ထူက ရှေ့ဆုံးမှာ ရှိလေသည်။

သူက ၁၀၅ခုမြောက် လှေကားထစ်မှာ ရောက်နေလေပြီ။ အဲ့ဒါက အတော်လေးကို အံ့မခန်း အမြင့်ပင် ဖြစ်လေသည်။

ပြီးခဲ့သည့် ရွှေအမြုတေ အဆင့်သတ်မှတ်ချက်မှာ သီယင်းသည် ၉၉ခုမြောက် ကျောက်လှေကားထစ်သို့ ရောက်ပြီး နံပါတ်၁ နေရာကို ရယူနိုင်ခဲ့ လေသည်။

ရမ်ထူက ထိုအမြင့်သို့ ရောက်ရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် သူ၏ခွန်အားက လွန်ခဲ့သည့် နှစ်၁၀၀က သီယင်းထက် ပို၍ သန်မာကြောင်း သက်သေပြပြီးလေပြီ။

“ဟား……”

သီယင်းသည် နှစ်၁၀၀ကြာအောင် သူ၏ ကျင့်ကြံမှုကို ဖိနှိမ်ထားပြီး ရွှေအမြုတေ အဆင့်မှာ စွမ်းအားများကို နားလည် သဘောပေါက် ဆင်ခြင်နေခဲ့လေသည်။ ယခုတစ်ခေါက် သူက ပြန်လာပြီး အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ နံပါတ် ၁ နေရာကို နောက်တစ်ဖန် ပြန်ယူကာ အခြားသော ပြိုင်စံရှား အားလုံးများကို ဖိနှိမ်ထားလေသည်။

“အား….”

ရမ်ထူက ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး သူ၏ သွေးချီများက ရုန်းကြွလာလေသည်။ သူ၏ လည်ပင်းပေါ်တွင် စိတ်ဝိညာဉ် မြွေများကဲ့သို့ အစိမ်းရောင် သွေးကြောများက ပေါ်လာပြီး သူ၏ အမူအရာ များက မကျေမချမ်းဖြင့် ကြောက်စရာ ကောင်းနေလေသည်။

သူသည် တောင်ထွတ်ပေါ်သို့ တက်ရောက်ချင်မိလေသည်။

သူက မကျေမချမ်း ဖြစ်နေလေသည်။

သူက အခြားသူများထက် မနိမ့်ကျလိုပေ။

သို့သော်လည်း တောင်ထွတ်မှ ဖိအားက အရမ်းကို ကြောက်စရာကောင်းလွန်း နေလေသည်။

သူ့အတွက် တောင်ထွတ်ပေါ်သို့ တက်ရောက်ဖို့နေနေသာသာ နောက်ထပ် ကျောက်လှေကားထစ် တစ်ခုပေါ်သို့ တက်ရောက်ဖို့တောင် မဖြစ်နိုင်လုနီးပါးပင်။

သီယင်းက အထက်မှာ မတ်တပ်ရပ်နေပြီး သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ထားလေသည်။ သူက ရုန်းကန်နေသော ရမ်ထူကို လှောင်ပြောင်သရော်လိုသော မျက်လုံးများဖြင့် ကြည့််နေလေသည်။

သူတို့ထဲမှ တစ်ယောက်က ဝမ်းခေါင်းသံဖြင့် အော်ဟစ်နေရလေသည်။

အခြား တစ်ယောက်ကတော့ ထီမထင် မျက်နှာပေးနှင့် ရှိနေလေသည်။

တစ်ယောက်က အောက်မှာ ရပ်နေလေသည်။

တခြားတစ်ယောက်ကတော့ တောင်ထွတ်ပေါ်မှာ ရပ်နေလေသည်။

ကွာဟချက်က အရမ်းကို သိသာလွန်းနေသည်။

အဲ့ဒါက အောက်ဘက်ရှိ မိုးကြိုးလေပြေနန်းတော်မှ ရှုချန်၊ ကိုယ်တော်ကျန့်ခုံး၊ ဖန်းယွဲ့နှင့် တခြားသူများ အတွက်လဲ အတူတူပင် ဖြစ်လေသည်။

သီယင်းက ဧကရာဇ် တစ်ပါးကဲ့သို့ အပေါ်စီးကနေ အများလူထုကို ငုံ့ကြည့်နေလေသည်။ အများလူထုက ဘယ်လောက်ပင် ကြိုးစားရုန်းကန်ပါစေ ကိစ္စမရှိပေ။ သူတို့ထဲက ဘယ်သူကမှ သူ၏ လွမ်းမိုးခြယ်လှယ်မှုကို ဖြိုချနိုင် လိမ့်မည်မဟုတ်ပေ။

လူအုပ်ကြီးထဲမှ သက်ပြင်းချသံများက ဆက်တိုက် ထွက်ပေါ်လာလေသည်။

ထိုပြိုင်စံရှားများ အတွက်တော့ သီယင်းလို လူမျိုးနှင့် တူညီသော မျိုးဆက်မှာ မွေးဖွားလာခြင်းသည် သူတို့အတွက် ကံဆိုးမိုးမှောင်ကျတာပဲဟု ပြောရပေမည်။

တဖြည်းဖြည်းနှင့် ရမ်ထူက သူ့ခေါင်းကို ငုံလိုက်လေသည်။

သူက ခြေကုန်လက်ပန်း ကျနေလေပြီ။

၁၀၅ ခုမြောက် ကျောက်လှေကားထစ်က သူ၏ အကန့်အသတ်ပင် ဖြစ်လေသည်။

သူနှင့် တောင်ထွတ်ကြားမှာ ကျောက်လှေကားထစ် ၃ခုသာ ခြားထားသော်လည်း သူတို့ကြားကွာဟချက်က မိုးနှင့် မြေလိုပင် ဖြစ်လေသည်။

ရုတ်တရတ်ဆိုသလို ..

အောက်ဖက်ရှိ လူအုပ်ကြီးထဲမှ အံ့အားသင့်သံများက ထွက်ပေါ်လာလေသည်။

ရမ်ထူရပ်နေသာ ကျောက်လှေကားထစ်က ခဏကြာ ပြင်းထန်စွာ လှုပ်ခါသွားလေသည်။

“ဟမ့်..”

ရမ်ထူသည် ဘေးဘက်သို့ လှည့်ကြည့်ပြီး သူ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်က ထကြွလာလေသည်။

မလှမ်းမကမ်းတွင် မိုးကြိုးလေပြေနန်းတော်မှ ရှုချန်သည် သူ၏ ကမ္ဘာဖျက် မိုးကြိုး ၅ စင်းကို အသုံးပြုပြီး ၁၀၅ ခုမြောက် ကျောက်လှေကားထစ်သို့ ရောက်ရှိလာနိုင်ခဲ့လေသည်။

ရှုချန်က အတော်လေး မောဟိုက်နေပြီး ချွေးများဖြင့် စိုရွှဲနေလေသည်။

လူအုပ်ကြီးထဲမှ အုန်းအုန်းကျက်ကျက် အသံများက ထွက်ပေါ်လာလေသည်။ ဆိုလိုသည်မှာ ထိုပြိုင်စံရှား နှစ်ယောက်သည် နောက်ဆုံးအဆင့် သတ်မှတ်ချက်အတွက် တိုက်ပွဲတစ်ခုကို အကြိတ်အနယ် ဆင်နွှဲ ရပေတော့မည်။

နောက်ဆုံးမှာတော့ အဲ့ဒီမှာ အလောင်းတောင်တန်းသွေးပင်လယ်နှင့် ကမ္ဘာဖျက် မိုးကြိုး ၅ စင်းအကြား နောက်ဆုံးပိတ် ဗိုလ်လုပွဲက ထွက်ပေါ်လာပေတော့မည်။

“ဟီး… ဟီး… ဟီး… ဟီး…”

ရန်ထူ၏ မကျေမချမ်း ရယ်မောသံက တစ်ဖက်လူကို ကျောချမ်းသွားစေနိုင်လေသည်။

သို့သော်လည်း ရှချန်က ရန်ထူ၏ သတ်ဖြတ်လိုစိတ်တွင် ကြောက်ရွှံ့ခြင်း မရှိ အေးစက်စွာဖြင့်သာ သရော်ပြုံး ပြုံးလိုက်လေသည်။

သူတို့၏ အဆင့်၌ သီယင်းလို ရပ်တန့်၍ မရသော ပြိုင်ဘက်နှင့် မဆုံတွေ့သရွေ့ သူတို့ထဲက မည်သူကမှ တိုက်ပွဲကနေ နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။

ရန်ထူက ရှုချန်ကို သတ်ဖြတ်ချင်လေသည်။

ရှုချန်ကလည်း ရန်ထူကို ဖိနှိမ်ပြီး သူ၏ ဂုဏ်သတင်းကို ထပ်မံ မြင့်တင်ချင်နေလေသည်။

ရန်ထူနှင့် ရှုချန်၏ အောက်မှာတော့ လိုဏ်ခေါင်းကျောင်းတော်မှ ကိုယ်တော်ကျန့်ခုံး ရှိနေလေသည်။

၁၀၄ ခုမြောက် ကျောက်လှေကားထစ်တွင် ….

အဲ့ဒါက ကိုယ်တော်ကျန့်ခုံး၏ အကန့်အသတ်ပင် ဖြစ်လေသည်။

သူက သူ့အပေါ်ရှိ ရန်ထူနှင့် ရှုချန်ကို ငေးကြည့်ပြီး သူ၏ မျက်လုံးများထဲတွင် အကန့်အသတ်မဲ့သော မကျေမချမ်းမှုက ပေါ်ထွက်လာလေသည်။

သူသည် ရှေးဟောင်းတိုက်ပွဲမြေသို့ မဝင်ရောက်ခဲ့စဉ်က သီယင်းကို စိန်ခေါ်ချင်ခဲ့မိလေသည်။

စောစောက သီယင်းသည် တောင်ထွတ်ပေါ်သို့ တက်ရောက်သွားစဉ်မှာ သူတို့ကြားက ကွာဟချက်ကို သူက နားလည် သဘောပေါက် သွားလေသည်။

သို့သော်လည်း သူက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံး ၃ နေရာအတွင်း သေချာပေါက် ဝင်လိမ့်မည်ဟု သူ့ကိုယ်သူ မှတ်ယူထားလေသည်။

အခုတော့ သူက စတုတ္ထမြောက် နေရာမှာပင် ‌ကျေနပ်ရတော့မည့်ပုံပင်။

“မြန်မြန်ကြည့်စမ်း အဲ့ဒီ့မှာ နောက်ထပ် ကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့မယ်”

“စိတ်ဝင်စားစရာပဲ ဗုဒ္ဓကျောင်းတော်တွေ ကြားက တိုက်ပွဲ တစ်ပွဲက ဖြစ်လာတော့မယ်”

လူအုပ်ကြီးထဲမှ အုန်းအုန်းကျက်ကျက် အသံများက ထပ်မံ ထွက်ပေါ်လာလေသည်။

ကိုယ်တော်ကျန့်ခုံးသည် အလိုလို လှည့်ကြည့်လိုက်လေသည်။

၁၀၄ ခုမြောက် ကျောက်လှေကားထစ်တွင် နောက်ထပ်လူတစ်ယောက်က ပေါ်လာခဲ့လေသည်။

အဲ့ဒါကတော့ မင်းကျန့်ဟု ခေါ်သော ကိုယ်တော်လေး တစ်ပါးဖြစ်လေသည်။

မင်းကျန့်၏ နောက်တွင် အစိမ်းရောင် ကြာပန်း တစ်ခုက မျောလွင့်နေလေသည်။ အဲ့ဒါက သာမာန်ဟုသာ ထင်ရသော်လည်း ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

ကိုယ်တော်ကျန့်ခုံး၏ သူငယ်အိမ်များက တင်းကျပ်သွားလေသည်။

သူသည် ဒီ့အရင်က ဤကိုယ်တော်လေးကို သိပ်ပြီး အရေးမလုပ်ခဲ့ပေ။

သို့သော် ယခုအခါမှာတော့ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်တွင် သူ၏ စတုတ္ထမြောက်နေရာက ခြိမ်းခြောက်ခံလိုက်ရလေပြီ။

မင်းကျန့်က ကိုယ်တော်ကျန့်ခုံးကိုပင် မကြည့်ပဲ တည်ငြိမ်သော အမူအရာဖြင့် ၁၀၅ ခုမြောက် ကျောက်လှေကားထစ်ကို မော့ကြည့်နေလေသည်။ သူက ခဏမျှရပ်တန့်ပြီးနောက် ရှေ့သို့ ဆက်တက်သွားလေသည်။

“သူက ဘာလုပ်နေတာလဲ သူကနောက်ထပ် ကျောက်လှေကားထစ် တစ်ခုကို ရောက်ဖို့ ကြိုးစားနေတာလား”

“အဲ့ဒါက ရွှေအမြုတေအဆင့်မှာ နံပါတ်၁ ဂမ္ဘီရပညာရပ်တစ်ခု ဖြစ်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ “

မင်းကျန့်၏ အပြုအမူကို သတိထားမိသောအခါ များစွာသော ကျင့်ကြံသူများသည် ကြက်သေသေသွား ကြလေသည်။

သို့သော်လည်း မင်းကျန့်သည် နောက်ထပ် ကျောက်လှေကားထစ်သို့ အကွာအဝေး၏ တစ်ဝက်လောက်သာ ရောက်ပြီး သူ၏ ခန္ဓာကိုယ်က ယိမ်းယိုင်ကာ ခပ်သဲ့သဲ့ ညည်းညူ၍ ၁၀၄ ခုမြောက် ကျောက်လှေကားထစ်ပေါ်သို့ တစ်ဖန် ပြန်လည်ဆင်းသက် လာလေသည်။

“ဟဲ..ဟဲ…ဟဲ…ဟဲ…” ကိုယ်တော်ကျန့်ခုံးက လှောင်ပြောင်ရယ်မော လိုက်လေသည်။

“မင်းက မင်းကိုယ်မင်း အထင်ကြီးနေတာပဲ”

မင်းကျန့်က သူ့ရင်ဘက်ကို လက်ဖြင့်ဖိပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာလေသည်။ သူက ကိုယ်တော်ကျန့်ခုံးကို တစ်ချက်သာလျှင် ကြည့်ပြီး ငြင်းခုန်မနေပေ။

ကိုယ်တော်ယင်လူက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

“ဟမ့်”

ပကတိအရှင် လောရွှယ်က ကိုယ်တော် ယွမ်ခုံးကို စိုက်ကြည့်ပြီး အေးစက်စွာပင် ပြောလိုက်လေသည် “စောစောက တစ်စုံတစ်ယောက်ကသာ သူ့ရဲ့ စီနီယာ ဆိုတဲ့ ဂုဏ်ပုဒ်ကို အလွဲသုံးစား လုပ်ပြီး အဲ့ဒီ့ကိုယ်တော်လေးကို ဒဏ်ရာရရှိအောင် မလုပ်ခဲ့ဘူးဆိုရင် သူက ၁၀၅ခုမြောက် ကျောက်လှေကားထစ်ကို ရောက်နေလောက်ပြီ”

များစွာသော ကျင့်ကြံသူများသည် ရုတ်တရတ် နားလည် သဘောပေါက်လာလေသည်။

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမစခင်က ကိုယ်တော်ယွမ်ခုံးသည် ဂါထာမန္တန်ကို အသုံးပြု၍ မင်းကျန့်ကို ဒဏ်ရာ ရစေခဲ့လေသည်။

မင်းကျန့်သည် အသင်္ချေနယ်မြေ တောင်ထွတ်ပေါ်သို့ ဒဏ်ရာရလျက်နှင့် တက်ရောက်ခဲ့ရလေသည်။

ကိုယ်တော်ကျန့်ခုံးနှင့် မင်းကျန့်၏ အောက်ရှိ ၁၀၃ ခုမြောက် ကျောက်လှေကားထစ်တွင်လည်း လူနှစ်ယောက် ရပ်နေကြလေသည်။

ဓါးဂိုဏ်းမှ ဟန်ချိုးယွီနှင့် တူကူကလန်မှ တူကူကျန့် ဖြစ်လေသည်။

မဟာဓါးကျင့်ကြံသူ နှစ်ယောက်က နောက်ဆုံးပိတ် ဗိုလ်လုပွဲကို ဆင်နွှဲရပေတော့မည်။

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် ဤတိုက်ပွဲက လူတိုင်း စဉ်းစားတွေးတောထားသည်ထက် များစွာ ပို၍ ပြင်းထန်ပြီး အကြိတ်အနယ် ရှိနေလေသည်။

ထိပ်ဆုံး ၁၀ နေရာ အတွင်းမှာပင် နောက်ဆုံး အဆင့်သတ်မှတ်ချက် တိုက်ပွဲ ၃ပွဲက ရှိနေလေသည်။

အဲ့ဒါက ယခင် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်များမှာတောင် ကြုံတောင့်ကြုံခဲ ရှားရှားပါးပါး ဖြစ်နေလေပြီ။

၁၀၂ ခုမြောက် ကျောက်လှေကားထစ်မှာတော့ ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့က ရပ်နေလေသည်။

၁၀၁ ခုမြောက် ကျောက်လှေကားထစ်မှာတော့ စိန့်ကျောင်းတော်မှ ကိုယ်တော် ကြွယ်ချမ်းက ရပ်နေလေသည်။

ပထမ အုပ်စုမှ လူ ၈ ယောက်သည် ၁၀၀ ခုမြောက် ကျောက်လှေကားထစ်ကို ဖြတ်ကျော်လာခဲ့ကြ ပြီးလေပြီ။

“ဒီတစ်ခေါက် အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက် အတွက် တိုက်ပွဲက တစ်ကယ်ကို တစ်မူထူးခြားအောင် ပြင်းထန်တာပဲ.. ဒီလောက်များတဲ့ ပြိုင်စံရှားတွေကို တစ်စုတစ်ဝေးထဲ လာတွေ့ရတယ်ဆိုတော့”

“ဟေ့…အခုအချိန်က ငါတို့ အလောင်းအစားလုပ်ရမယ့်အချိန်ပဲ.. အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို ဘယ်သူရမလဲ ဆိုတာကတော့ ပြောနေစရာ မလိုတော့ဘူး.. ငါတို့က ခန့်မှန်းလိုက်ကြရအောင် ဒုတိယ၊ စတုတ္ထနဲ့…..”

ထိုကျင့်ကြံသူက သူ့စကားကို ဆုံးအောင် မပြောရသေးခင်မှာပင် သူ့အကြည့်က အသင်္ချေနယ်မြေ တောင်ထွတ်၏ တစ်နေရာသို့ ရောက်ရှိသွားပြီး အေးခဲသွားကာ တဖြည်းဖြည်း သူက ပါးစပ်အဟောင်းသား ဖြစ်လာလေသည်။

“ဘာဖြစ်လို့လဲ” ကျင့်ကြံသူ အချို့သည် ထိုသူ၏ အကြည့်နောက်သို့ လိုက်ပါလှည့်ကြည့်ရင်း မေးလိုက်ကြလေသည်။

“ငါတို့ တစ်ယောက်ယောက်ကို မေ့နေကြတယ် ထင်တယ်”

ထိုကျင့်ကြံသူက သူ၏ မျက်လုံးများထဲမှ တုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်ပေ။

အသင်္ချေနယ်မြေ တောင်ထွတ်ပေါ်တွင် ပုံရိပ်တစ်ခုက လျင်မြန်စွာ တက်လှမ်းလာနေပြီး အခြားသော ပုံရိပ်များကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်ခဲ့လေသည်။

၉၀ ခုမြောက် ကျောက်လှေကားထစ်

၉၁ ခုမြောက် ကျောက်လှေကားထစ်..

၉၈ ခုမြောက် ကျောက်လှေကားထစ်..

ထို့နောက် ၁၀၀ခုမြောက် ကျောက်လှေကားထစ်….

ထိုပုံရိပ်၏ အမြန်နှုန်းက လျော့ကျလာမည့် လက္ခဏာမရှိပဲ ‌ရှေ့သို့ဆက်လက် တက်လှမ်းလာနေဆဲ ဖြစ်လေသည်။

All Chapters