← Chapters

တောင်ထွတ်ဆီသို့

Vol. 50 Ch. 737

တောင်ထွတ်ဆီသို့

Vol. 50 Ch. 737

"အဲ့လူက တစ်ကယ့်ကိုကြောက်စရာကောင်းတာဘဲ... သူက သူ့ရွှေအမြုတေနယ်မြေကို မထုတ်ဖော်ဘဲနဲ့တောင် ကျောက်လှေခါးထစ် တစ်ရာကို ဖြတ်ကျော်ပြီးသွားပြီ ၊ သူက အဲ့ဒါကို သူ့ရဲ့ ကိုယ်ကာယသက်သက်ကို မှီခိုပြီးတော့ တက်လှမ်းနေတာဘဲ...”

"ပြောကြတာတော့ သူ့ရဲ့ ကိုယ်ကာယက မူလသွေးမျိုးဆက် တောကောင်တစ်ကောင်နဲ့တောင် နှိုင်းယှဥ်နိုင်တယ်တဲ့... တစ်ကယ်တော့ အဲ့ဒါက အပိုသက်သက်ပြောနေကြတာ မဟုတ်ဘူးဘဲ..."

"အဲ့ဒါက ဘာမှမဟုတ်သေးဘူး... သီယင်းကလည်း တစ်ရာမြောက် ကျောက်လှေခါးထစ်ကို ဖြတ်သန်းပြီးမှ သူ့ရဲ့ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ခဲ့တာဘဲ... "

ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော အကြည့်များသည် အသင်္ချေနယ်မြေတောင်ထွတ်ပေါ်ရှိ ထိုအစိမ်းရောင်ပုံရိပ်ပေါ်တွင် ကျရောက်နေကြလေသည်။ လူတိုင်းဆွေးနွေးနေစဥ်မှာပင် ဆူဇီမိုက တစ်ရာခုမြောက် ကျောက်လှေခါးထစ်ပေါ်မှာ ခြေချလိုက်လေသည်။

ဝုန်း.....

ထိုကျောက်လှေခါးထစ်ပေါ်သို့ သူခြေချလိုက်စဥ်မှာပင် ဆူဇီမို၏ မျက်လုံးများက ဝင်းလက်တောက်ပလာပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

တစ်ရာမြောက် ကျောက်လှေခါးထစ်ကို ရောက်လာပြီးနောက် အထက်ကနေ ကျဆင်းလာတဲ့ ဖိအားက သိသိသာသာ တိုးလာလေသည်။

သူ၏ကိုယ်ကာယနှင့်တောင် သူက ဒဏ်အားကို စတင်ခံစားလာရလေသည်။

တစ်ကယ်တော့ အဲ့ဒါက သူ့ရဲ့ အတွင်းအမြုတေစွမ်းအားကို အသုံးမပြုရသောကြောင့်လည်း ဖြစ်လေသည်။

ဆူဇီမိုသည် သူ၏ အတွင်းအမြုတေစွမ်းအားနှင့် သူ၏သွေးချီစွမ်းအားကို အပြည့်အဝ ထုတ်သုံးရမည်ဆိုလျှင် သူက သူ၏ရွှေအမြုတေနယ်​မြေကို မထုတ်ဖော်ဘဲနဲ့တောင် အသင်္ချေနယ်မြေတောင်ထွတ်ပေါ်သို့ တက်ရောက်နိုင်လိမ့်မည်ဟု သူက ခန့်မှန်းမိလေသည်။

တစ်ကယ်တော့ အဲ့ဒါက လက်တွေ့မကျပေ။

သူက သူ၏အတွင်းအမြုတေစွမ်းအားကို အသုံးပြုပြီး အသင်္ချေနယ်မြေတောင်ထွတ်ပေါ်သို့ တက်လှမ်းမည်ဆိုလျှင် သူ့အသက်ပင် သေရလိမ့်မည်ဟု ပကတိအရှင် ယွီကျွင်းက သူ့ကိုသတိပေးထားခဲ့လေသည်။

ချပ်...ချပ်....ချပ်...

ဆူဇီမို၏ ဥိးခေါင်းထက်ရှိ ကောင်းကင်က ထပ်တလဲလဲ ဆုတ်ပြဲသွားပြီး လျှပ်စီးများက တဖျတ်ဖျတ်လက်လာလေသည်။ မိုးများက သည်းထန်စွာ ရွာသွန်းလာပြီး အဆုံးမသတ်နိုင်သော ဥက္ကာခဲများနှင့်အတူ ကြီးမားသည့် ရေလွှမ်းမိုးမှုတစ်ခုက ဖြစ်ပေါ်လာလေသည်။

အဲ့ဒါက ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ဆင်းသက်လာသည့်အလားပင်။

ဘုန်း...ဘုန်း...ဘုန်းး....ဘုန်း

ဧရာမ ကောင်းကင်ထိုးဖောက် ကျောက်တိုင်ကြီးလေးတိုင်က ရေလွှမ်းမိုးမှုအပေါ်သို့ ဆင်းသက်လာလေသည်။ ထိုကျောက်တိုင်ကြီးများအပေါ်တွင် အုပ်ခွံမာကြီးတစ်ခုရှိပြီး ကောင်းကင်တစ်ခွင်ကို အုပ်မိုးထားလေသည်။ ထိုအုပ်ခွံပေါ်တွင် စကြဝဠာ၏ အဆုံးမသတ်သော လျှို့ဝှက်ချက်များ ပါဝင်နေသည်ဟု ထင်ရသည့်အလား လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များကို ရေးထိုးထားလေသည်။

​ခြေလက်လေးချောင်းက ဒေါသပုန်ထနေသော ဒီရေများကို ဖိနှိပ်ပြီး အုပ်ခွံကြီးက ပြိုကျလာသော ကောင်းကင်ကို ထမ်းပိုးထားလေသည်။

ကမ္ဘာဦးနတ်လိပ်က ဆင်းသက်လာပြီး သူ၏ခေါင်းကိုမော့၍ တောက်ပသောအကြည့်နှင့်အတူ အရိုင်းဆန်စွာ ဟိန်းဟောက်လိုက်လေသည်။

လက်ရှိကျင့်ကြံသူအများစုသည် ထိုအမြုတေနယ်မြေကို ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးကြခြင်း ဖြစ်လေသည်။ သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်တုန်လှုပ်မှုများက ပြည့်နှက်လာကြပြီး သူတို့၏ အမူအရာများက ပြောင်းလဲ သွားကြလေသည်။

အဲ့ဒါက နှစ်ပေါင်များစွာ ပျောက်ဆုံးနေခဲ့သော ကမ္ဘာဦးအမြုတေနယ်မြေဖြစ်လေသည်။ လက်ရှိနိုးထဝိညာဥ် ၁၇ ယောက်တောင် အဲ့ဒါကို အရင်က ကိုယ်တိုင်မြင်တွေ့ဖူးခဲ့ခြင်းမရှိကြပေ။

"အဲ့ဒီကမ္ဘာဦး နတ်ဘုရားသက်ရှိက လူထုအများစုကို ကာကွယ်ပေးနိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူးဘဲ.. သူက ဒီလောက်ကြီးမားတဲ့ စွမ်းအားကိုတောင် ပိုင်ဆိုင်ထားတယ်ဆိုတော့...."

ကိုယ်တော် ယင်လူကရေရွတ်လိုက်လေသည်။

ပကတိအရှင်လောရွှယ်က လေးနက်စွာ ပြောလိုက်၏။

"အဲ့ဒီပျောက်ဆုံးနေတဲ့ ကမ္ဘာဦးအမြုတေနယ်မြေတွေ ပြန်ပေါ်လာတာနဲ့အတူ လူသားမျိုးနွယ်က သေချာပေါက် ထွန်းတောက်အောင်မြင်လာလိမ့်မယ်..."

ပကတိအရှင်ဟွင်ယွီနှင့် ကိုယ်တော် ယွမ်ခုန်းတို့က ထီမထင် မျက်နှာဘေးနှင့် သရော်ပြုံး ပြုံးလိုက်ကြလေသည်။

ပကတိအရှင်ယွီကျင်းက အမူအရာကင်းမဲ့နေသော်လည်း သူ၏မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စက ရှိနေလေသည်။

ကမ္ဘာဦးအမြုတေနယ်မြေများ ပြန်လည်ပေါ်ထွက်လာခြင်းက ရွှေခေတ်တစ်ခေတ်ကို ရောက်ရှိတော့မည်ဟု ကိုယ်စားပြု ဖော်ပြသော်လည်း အဲ့ဒါ တစ်နည်းအားဖြင့် စဥ်းစားကြည့်လို့တောင်မရသော ကပ်ဘေးတစ်ခုက ချဥ်းကပ်လာနေသည်ဟုလည်း အဓိပ္ပါယ်ရလေသည်။

လူသားမျိုးနွယ်က အဲ့ဒါကို ကျော်ဖြတ်နိုင်လျှင်တော့ သူတို့က အောင်မြင်ထွန်းတောက်လာလိမ့်မည်။ သူတို့က အဲ့ဒါကို မကျော်ဖြတ်နိုင်လျှင်တော့ မျိုးတုံးသတ်ဖြတ်ခံရဖို့ အခွင့်များလေသည်။

ရှေးဟောင်းခေတ်တုန်းက များစွာသော ဧကရာဇ်များသည် ပေါ်ထွက်လာကြပြီး လူသားဧကရာဇ်ကဲ့သို့ သမိုင်းတစ်လျှောက်မှာ ကြောက်ရွံတုန်လှုပ်စေခဲ့သော အန္တိမတည်ရှိမှုမျိုးကလည်း ပေါ်ထွက်လာလေသည်။ ထို့ကြောင့်ပင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ လက်ရှိအခြေအနေထိ တည်ဆောက်လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း ယခုအခါ ထိုဧကရာဇ်များက ကွယ်လွန်သွားခဲ့ကြပြီဖြစ်ပြီး လူသားဧကရာဇ်ကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှ ထွက်ခွာသွားခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။ ကပ်ဘေးတစ်ခုက အမှန်တစ်ကယ်ရောက်ရှိလာမည်ဆိုရင် လူသားမျိုးနွယ်ကို ဘယ်သူက ကယ်တင်ပေးမှာလဲ။

"ငါက.... ဘာမဟုတ်တာအတွက် စိုးရိမ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့.. "

ပကတိအရှင်ယွီကျွင်းက ခေါင်းခါလိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးလိုက်လေသည်။

ဆူဇီမိုက ကမ္ဘာဦးနတ်လိပ်ကို ထုတ်ဖော်ပြီးနောက် သူ့ပေါ်ရှိဖိအားက သိသိသာသာ လျော့ကျသွားလေသည်။ သူက တစ်ရာ့တစ်ခုမြောက် ကျောက်လှေခါးထစ်သို့ ရောက်ရှိလာပြီး ကိုယ်တော်ကြွယ်ချမ်းကို ဖိနှိပ်ကာ ရပ်နားခြင်းမရှိ ဆက်လက်တက်လှမ်းသွားလေသည်။

တစ်ရာ့နှစ်ခုမြောက် လှေခါးထစ်.... တစ်ရာ့သုံးခုမြောက် လှေခါးထစ်...

ကိုယ်တော်ကြွယ်ချမ်း ၊ ဖန်းယွဲ့နှင့် ဟန်ချိုးယွီတို့သည် သူတို့ဘေးကနေ ဆူဇီမိုဖြတ်သွားတာကို စောင့်ကြည့်နေရုံသာ တတ်နိုင်ကြလေသည်။

သူတို့သုံးယောက်က တွေဝေနေသော အမူရာများ ရှိနေကြလေသည်။

လွန်ခဲ့သည့်နှစ် ၂၀ က.. လူသားဧကရာဇ်နန်းတော်အောက် တိုက်ပွဲ၌ အင်မော်တယ် ဗုဓ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများသည် သေသူသေ ဒဏ်ရာရသူရဖြင့် ကျန်ရစ်ခဲ့ကြလေသည်။ သူတို့ထဲမှအများစုသည် မျှော်လင့်ချက်များ ပျက်သုဥ်းသွားပြီး သာမန်အညတရများအဖြစ် လျှောကျသွားကြလေသည်။

သူတို့သုံး​ယောက်ကသာလျှင် သူတို့၏ အတွင်းမိစ္ဆာများကို ကျော်လွှားပြီး တစ်ဖန်ပြန်လည်ရပ်တည်ခဲ့ကြခြင်း ဖြစ်လေသည်။ သူတို့က ဂုဏ်ယူဖွယ်ကောင်းစွာဖြင့် မြင့်မားတိုးတက်လာကြပြီး ရွှေအမြုတေအဆင့်၌ သူတို့၏ ဂိုဏ်းများတွင် နံပါတ်တစ် တပည့်များဟူသော သူတို့၏နေရာကို ပြန်လည်ရယူခဲ့ကြလေသည်။

သူတို့ပြန်လည်ရောက်ရှိလာခြင်း၏ အကြောင်းပြချက်ကောင်းမှာ သူတို့၏ အတိတ်ကာလက အရှက်ရစရာကို ပြန်လည်ပယ်ဖျက်နိုင်ဖို့ ဖြစ်လေသည်။ သူတို့က ဆူဇီမိုကို ထပ်မံ၍ တိုက်ခိုက်ချင်ကြလေသည်။

သို့သော်လည်း ဆူဇီမိုက သူတို့ကို ထိုအခွင့်အရေးပင် လုံးဝမပေးခဲ့ပါပေ။

သူက အသင်္ချေနယ်မြေတောင်ထွတ်တွင် သူတို့ကို အလွယ်တကူဖြင့် ဖိနှိပ်သွားပြန်လေသည်။

ဆူဇီမိုမှ နှစ်ထပ်ကွမ်းအမြုတေနယ်မြေရှိသည်ကို လူတိုင်းသိထားကြလေသည်။

ယခုအခါ သူက အမြုတေနယ်မြေတစ်ခုတည်းကိုဘဲ ထုတ်ဖော်ရသေးသည်ဆိုတော့ သူတို့နှစ်ခုစလုံးနှင့်ဆိုလျှင် သူက ဘယ်နေရာထိ တက်လှမ်းနိုင်မှာလဲ။

သူက သီယင်းကို တစ်ကယ်ဘဲ ယှဥ်နိုင်တော့မှာလား။

တဖြည်းဖြည်းနှင့် အသင်္ချေတောင်ထွတ်၏ ဝန်းကျင်တွင် တိတ်ဆိတ်မှုက ကြီးစိုးလာလေသည်။

ကျင့်ကြံသူများအားလုံးသည် ဆူဇီမို ဘယ်နေရာအထိ ရောက်နိုင်မလဲ သိချင်ကြလေသည်။

သီယင်းက တောင်ထွတ်ထိပ်ဖျားမှာ ရပ်ပြီး ဆူဇီမိုကို အမူရာကင်းမဲ့စွာဖြင့် စိုက်ကြည့်နေလေသည်။

"ဘန်း....."

ဆူဇီမိုက တစ်ရာ့ငါးခုမြောက် ကျောက်လှေခါးထစ်ပေါ်သို့ တက်လှမ်းလိုက်လေသည်။

ရှုချန်က မြင့်တက်လာသော စိတ်ခံစားချက်ဖြင့် ဆူဇီမိုက တင်းမာခက်ထန်စွာ စိုက်ကြည့်နေလေသည်။

ပြီးခဲ့သည့်ရက်ပေါင်များစွာက သူက ဆူဇီမိုနှင့် တိုက်ခိုက်ခဲ့လေသည်။

ထိုအချိန်တုန်းက ဆူဇီမိုသည် နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို ထုတ်ဖော်၍ သူတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး သူ၏ ကမ္ဘာဖျက် မိုးကြိုးငါးစင်းကို ဖျက်စီးချေမှုန်းခဲ့လေသည်။

ယခုအခါမှာ သူက ရွှေအမြုတေနယ်မြေ တစ်ခုတည်းဖြင့်ပင် ဤအဆင့်ထိ ရောက်ရှိလာခဲ့လေပြီ။

ဆိုလိုသည်မှာ ဆူဇီမို၏ ရွှေအမြုတေနယ်မြေစွမ်းအားက ဤရက်ပေါင်းများစွာအတွင်း နောက်ထပ်အဆင့်တစ်ခုသို့ တိုးတက်လာခဲ့လေသည်။

ရှုချန်၏ ခန့်မှန်းချက်က အမှန်တစ်ဝက် အမှားတစ်ဝက် ဖြစ်လေသည်။

အဲ့ဒါက ဆူဇီမို၏ ရွှေအမြုတေနယ်မြေစွမ်းအားက တိုးတက်လာခဲ့သည်မှာ အမှန်ပင်ဖြစ်လေသည်။

သို့သော်လည်း အဲ့ဒါက ဤရက်ပေါင်းများစွာအတွင်းမဟုတ်ဘဲ စောစောက အသင်္ချေနယ်​မြေတောင်ထွတ်ပေါ်သို့ တက်လှမ်းသည့် သူ၏ ခရီးစဥ်မှသာ ဖြစ်လေသည်။.

သူသည် အသင်္ချေနယ်မြေ တောင်ထွတ်ပေါ်တွင် ရှေးဟောင်းခေတ်က ပညာရှင်များ ချန်ထားရစ်ခဲ့သော အမှတ်အသားများနှင့် အော်ရာများကို နားလည်သဘောပေါက် ဆင်ခြင်ခဲ့လေသည်။ သူက အင်မော်တယ် ၊ ဗုဓ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ တာအိုများအပေါ် အတွေးသစ်အမြင်သစ်များ ရရှိလာခဲ့လေသည်။

သူ၏ ရွှေအမြုတေနယ်မြေက လုံးဝ ဆင့်ကဲပြောင်းလဲ လာခဲ့လေသည်။

အပြင်လူများက အဲ့ဒါကို အာရုံခံမိလိမ့်မည် မဟုတ်သော်လည်း ဆူဇီမိုက ပြောင်းလဲမှုကို ကောင်းကောင်းနားလည်လေသည်။

သူက တစ်ရာ့ငါးခုမြောက် ကျောက်လှေခါးထစ်မှာ ခဏရပ်၍ သူ၏ မျက်လုံးများကို မှိတ်ထားလေသည်။

ရုတ်တရက်ဆိုသလို.....

ဆူဇီမိုသည် သူ၏မျက်လုံးများကို ဖွင့်ပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်လေသည်။ သူ၏ ရွှေအမြုတေက လည်ပတ်လာပြီး ချစ်ချစ်တောက် အပူလှိုင်းများကို ထုတ်ပေးလာလေသည်။

ဘန်း...ဘုန်း.... ဘုန်း

တောင်တန်းများက ပြိုကျလာပြီး မီးတောင်များက လျှံကျလာလေသည်။

သွေးနီရောင် ချော်ရည်များက မြေပြင်ကို လွှမ်းခြုံသွားပြီး မီးတောက်များက ကီလိုမီတာ ထောင်ပေါင်းများစွာအတွင်း လောင်ကျွမ်းလာလေသည်။ ဧရာမမြွေကြီးတစ်ကောင်က မြေအောက်ကနေ ထွက်လာပြီး သွေးနီရောင်ဖြင့် လောင်ကျွမ်းနေသော သူ၏တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။

ကမ္ဘာဦးမိုးပျံ မြွေနဂါး....

ကမ္ဘာဦးအမြုတေနယ်မြေနှစ်ခုက ဆင်းသက်လာလေသည်။

ဆူဇီမို၏ အော်ရာက ပေါက်ကွဲထွက်လာပြီး သူကမြေပြင်ကို ပြင်းထန်စွာ ကန်ကျောက်၍ ကောင်းကင်ထက်သို့ မြှားတစ်စင်းကဲ့သို့ ပျံတက်သွားလေသည်။ သူက တစ်ရာ့ခြောက်ခုမြောက်... တစ်ရာ့ခုနှစ်ခုမြောက်… ကျောက်လှေခါးထစ်များကို ဖြတ်ကျော်လာခဲ့လေသည်။

ဘုန်း......

တစ်ခါတည်းနှင့်.....

ဆူဇီမိုသည် သူ၏ နှစ်ထပ်ကွမ်းအမြုတေနယ်မြေဖြင့် အသင်္ချေနယ်မြေ တောင်ထွတ်ပေါ်သို့ တစ်ခါ တည်းဖြင့် တက်ရောက်သွားလေသည်။

အာ.....

ခဏမျှတိတ်ဆိတ်ပြီးနောက် လူအုပ်ကြီးထဲမှ အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာလေသည်။

အရာရာတိုင်းသည် အလွန်လျှင်မြန်စွာ ဖြစ်ပျက်ခဲ့ပြီး များစွာသော ကျင့်ကြံသူများက အဲ့ဒါကို အခုထိ မတုံ့ပြန်နိုင်သေးပေ။

မျက်စိတစ်မှိတ်အတွင်း အသင်္ချေနယ်မြေ တောင်ထွတ်ပေါ်သို့ နောက်ထပ်လူတစ်ယောက်က ရောက်ရှိလာခဲ့လေပြီ။

တေင်တန်းက ပေပေါင်းတစ်သိန်းရှစ်ထောင် မြင့်မားပြီး အဲ့ဒါက တိမ်လွှာများကြားမှာ လွင့်နေလေသည်။

ထိုတိမ်လွှာများကြားတွင် ပုံရိပ်နှစ်ခုက ရပ်နေကြပြီး သူတို့က အနှိုင်းမဲ့ ဧကရာဇ်များကဲ့သို့ ​မော်တယ်ဘုံကို ငုံ့ကြည့်နေကြသည့်အလားပင်။

များစွာသော ကျင့်ကြံသူများသည် အလွန်တစ်ရာ စိတ်လှုပ်ရှားလာကြလေသည်။

တောင်ထွတ်ထိပ်ဖျားတွင် လူနှစ်ယောက်ရှ်ိနေခြင်းက အတင့်သတ်မှတ်ချက်တိုက်ပွဲအတွက် သူတို့နှစ်ယောက်ကြားတွင် ကမ္ဘာတုန်လောက်မည့် တိုက်ပွဲတစ်ခုက ပေါ်ထွက်လာတော့မည်ဟု ဆိုလိုလေသည်။

ပကတိအရှင် ယွီကျွင်းက သက်ပြင်းချလိုက်လေသည်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို ဧည့်ခံကျင်းပပေးရသော ပဟေဠိနန်းတော်၏ ကျင့်ကြံသူတစ်ယောက်အနေဖြင့် အဲ့​တာက သူမမြင်ချင်ဆုံးသော ရလဒ်တစ်ခုဖြစ်လေသည်။

အနှိုင်းမဲ့ ပြိုင်စံရှားနှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို ဆုံးရှုံးခြင်းက လူသားမျိုးနွယ်အတွက် အကျိုးယုတ်လေသည်။ တောင်ထွတ်ပေါ်တွင် သီယင်းက သူ့ဘေးသို့ရောက်ရှိလာသော ဆူဇီမိုကို သရော်ပြုံးပြုံး၍ ကြည့်နေလေသည်။

"အဲ့ဒီ.. ရင်သပ်ရှုမောဖွယ် ရှုခင်းတွေ ၊ အံ့ဩစရာကောင်းတဲ့ ကမ္ဘာမြေနဲ့ လှပတဲ့ ကောင်းကင်တွေကို တစ်ဝကြီးကြည့်ထား... တခြားကျင့်ကြံသူတွေရဲ့ အံ့ဩလေးစားတဲ့အကြည့်တွေကို ပျော်ပျော်ကြီး ခံစားထား ... အဲ့ဒါတွေက မင်းနောက်ဆုံး ခံစားပျော်ရွှင်ရမယ့် အရာတွေဖြစ်လာလိမ့်မယ်..."

"ဟုတ်ပါ့မလား...."

ဆူဇီမိုက ထီမထင်အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။

"ဆူဇီမို... မင်းက တစ်ကယ်ကို မိုက်မဲတာဘဲ..."

"အသင်္ချေနယ်မြေတောင်ထွတ်ပေါ်ကို မင်းရောက်လာတယ်ဆိုတာ ဘာအဓိပ္ပါယ်လည်း မင်းသိလား..."

သီယင်းက သူ၏ခြေထောက်အောက်ကို လက်ညိုးထိုးပြီး မကျေလည်သော အပြုံးဖြင့် ပြောလိုက်လေသည်။

"ဒါက... မင်းရဲ့ မရဏဂိတ်တံခါးဘဲ... ဒီတောင်ထွတ်ပေါ်ကို ရောက်လာတာနဲ့ မင်းက အဲ့ဒီ မရဏဂိတ်တံခါးကို ဖြတ်ကျော်လာခဲ့ပြီးပြီ... မင်းက သေချင်နေတဲ့ ဆန္ဒရှိမှတော့ ငါက မင်းအတွက် အဲ့ဒါကို ဖြည့်ဆည်းပေးရတာပေါ့..."

All Chapters