← Chapters

အဆင့်သတ်မှတ်ချက်တိုက်ပွဲ

Vol. 50 Ch. 738

အဆင့်သတ်မှတ်ချက်တိုက်ပွဲ

Vol. 50 Ch. 738

သီယင်း၏ လှောင်ပြောင်ရန်စမှုတွင် ဆူဇီမိုက အေးစက်စက်ဖြင့်သာ ပြုံးနေလိုက်လေသည်။

သူတို့နှစ်​ယောက်ကြား ကိစ္စများက နောက်ပြန်လှည့်လို့မရတော့ဘဲ သူတို့ထဲမှ တစ်ယောက်က သိပ်မကြာခင် သေဆုံးရပေမည်။ အဲ့ဒီမှာ ဘာမှထပ်ပြောနေစရာ မလိုတော့ပေ။

တောင်အောက်နှင့်မတူဘဲ ဆူဇီမိုသည် တောင်ထွတ်ထိပ်ဖျားပေါ်သို့ တက်ရောက်လိုက်သည့် ခဏမှာပင် အသင်္ချေနယ်မြေတောင်ထွတ်မှ မည်သည့်ဖိအားကိုမှ မခံစားရတော့ပေ။

သူတို့က ဤရှေဟောင်းတောင်၏ အသိအမှတ်ပြုခြင်းကို လက်ခံရရှိလိုက်သည့်အလားပင်။

ဆူဇီမိုက ဘေးဘက်သို့ လှည့်ပြီး သူ၏ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်လေသည်။ တောင်ထွတ်ထိပ်ဖျားက အတော်လေးကျယ်ဝန်းပြီး အလယ်မှာစိုက်ထူထားသော မြင့်မားသည့် ကျောက်စာတိုင်ကြီးတစ်တိုင်မှ လွဲ၍ အခြားကြည့်စရာ ဘာမှမရှိပေ။ ထိုကျောက်စာ တိုင်ကြီးပေါ်မှာ ရာနှင့်ချီသော နာမည်များကို သိပ်သည်းစွာ ရေးထိုးထားလေသည်။

ကျောက်စာတိုင်ရှေ့မှာရပ်နေရင်း ဆူဇီမိုသည် တိတ်ဆိတ်နေပြီး သူ၏ခံစားချက်များက ရှုပ်ထွေးနေလေသည်။ အဲ့ဒါက ပျော်ရွှင်ခြင်း ၊ ဂုဏ်ယူဝံ့ကြွားခြင်းနှင့် ဝမ်းနည်းခြင်း… ။

ရှေးဟောင်းခေတ်ကနေ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာက ကုန်ဆုံးခဲ့ပြီဖြစ်ကာ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ်ကျင်းပခဲ့လေသည်။ သို့သော်လည်း ကျင့်ကြံသူရာဂဏန်းအချို့သာ တောင်ထွတ်ပေါ်သို့ တက်ရောက်နိုင်ခဲ့ကြလေသည်။

ယနေ့မှစ၍ သူ့နာမည်ကလည်း ကျောက်စာတိုင်ပေါ်မှာ ကျန်ရစ်ခဲ့တော့မည်ဖြစ်ပြီး အဲ့ဒါက နေပူပူ မိုးရွာရွာ ဘယ်လောက်ပင် ကြာပါစေ... သမိုင်းတစ်လျှောက် ထာဝရတည်မြဲနေပေတော့မည်။

သူက အဲ့ဒါကအတွက် ဂုဏ်ယူပြီး ရွှင်ပြနေသင့်ပေသည်။ တစ်ကယ်တော့ သူ၏ဝမ်းနည်းမှုက ဤပျော်ရွှင်မှုကို တစ်စုံတစ်ယောက်နှင့် မမျှဝေနိုင်သောကြောင့် ဖြစ်လေသည်။

ထိုလူမရှိဘဲ သူက ရှေးဟောင်းအမြုတေကျောက်စာ တိုင်ပေါ်တွင် သူ၏နာမည်ကို ချန်ထားနိုင်ဖို့ နေနေသာသာ သူက ကျင့်ကြံဖို့ အခွင့်ရေးတစ်ခုတောင် ရလိမ့်မည် မဟုတ်ပေ။

"ကြည့်ရတာ ငါတို့က တစ်ဖန်ထပ်ပြီးတော့ နီးကပ်လာပြီ ထင်ပါရဲ့..."

ဆူဇီမိုက ကျောက်စာတိုင်ရှေ့မှာ သူ့ခေါင်းကိုငုံ့ပြီး ခပ်ယဲ့ယဲ့ပြုံး၍ ရေရွတ်လိုက်လေသည်။

ထိုနက်နဲဆန်းကြယ်သော ဘုံကမ္ဘာက အလွန်ဝေးကွာနေဆဲ ဖြစ်သော်လည်း သူက အနှေးနဲ့ အမြန်ဆိုသလို ထိုနေရာသို့ရောက်ရှိပြီး သူမ၏ ခြေလှမ်းများကို အမီလိုက်နိုင်မည်ဟု ယုံကြည်ထားလေသည်။

"မင်းတို့နှစ်ယောက်က မင်းတို့ရဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေကို စုစည်းပြီး မင်းတို့ရဲ့နာမည်တွေကို ရှေး ဟောင်းအမြုတေ ကျောက်စာတိုင်ပေါ်မှာ ချန်ထားခဲ့ကြ..."

ပကတိအရှင်ယွီကျွင်း၏ အသံက ထွက်ပေါ်လာလေသည်။

ဆူဇီမိုနှင့် သီယင်းသည် နာခံလိုက်ပြီး သူတို့၏ နာမည်များကို ကျောက်စာတိုင်ပေါ်မှာ ချန်ခဲ့ကြလေသည်။

ကျောက်စာတိုင်ပေါ်ရှိ လက်ရေးများ၏ ပုံသဏ္ဍာန်က လူတစ်ယောက်နှင့်တစ်ယောက် ကွဲပြားကြလေသည်။

အချို့က ထက်ထက်ရှရှ ၊ အချို့က ဝိုင်းဝိုင်းစက်စက် ၊ အချို့က ကြမ်းတမ်း၍ ခိုင်မာသည် ၊ အချို့ကတော့ ဝင့်ချက်ရှည်များနှင့် ကြော့ရှင်းသပ်ရပ်နေပြီး အချို့ကတော့ တည်ကြည်မြဲမြံ၍ ရှေးကျနေကာ အခြားသူများကတော့ အရိုင်းဆန်၍ သာမန်ဆန်လေသည်။

သူတို့၏ လက်ရေးများမှတစ်ဆင့် သူတို့အရင်လူများ၏ သွင်ပြင်များကို မြင်ယောင်ကြည့်နိုင်လေသည်။

တောင်ထွတ်အောက်ရှိ ကျင့်ကြံသူများ အားလုံးသည် အားကျငေးမောစွာဖြင့် လှမ်းကြည့်လိုက်ကြလေသည်။

ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ် ကျင်းပပေးလေသည်။

သို့သော်လည်း ရှေးဟောင်းအမြုတေကျောက်စာ တိုင်ကတော့ ထာဝရတည်မြဲနေလေသည်။

"အသင်္ချေနယ်မြေမြို့တော်ကို ရောက်လာတဲ့ ဘယ်ကျင့်ကြံသူမဆို ပြိုင်စံရှားဆိုတယ့် နာမည်နဲ့ ထိုက်တန်တယ်..."

ထိုအချိန်မှာပင် ပကတိအရှင်လောရွှယ်က ဖြည်းဖြည်ချင်း ပြောလိုက်လေသည်။

"ဒီနေ့အောင်မြင်မှုတွေက အနာဂတ်ရဲ့ အောင်မြင်မှုတွေကို ဖော်​ဆောင်ပေးနိုင်မှာ မဟုတ်ဘူး... အားလုံးဘဲ မင်တို့ အလုပ်ကြိုးစားရမယ်... မင်းတို့ရဲ့အားထုတ်မှုကို ဘယ်တော့မှ လျှော့မချလိုက်ကြနဲ့ "

အသင်္ချေနယ်မြေ ကျောက်စာတိုင်ပေါ်တွင် ချန်ထားရစ်ခဲ့သော နာမည်တစ်ခုက အဲ့ဒီလူ၏ အနာဂတ်အောင်မြင်မှုများကို ဖော်ဆောင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

အဲ့ဒီမှာ ကျင့်ကြံသူပေါင်း ရာနဲ့ချီရှိတဲ့အထဲမှာ သူတို့ထဲက တော်တော်များများကတော့ ကွယ်လွန်သွားခဲ့ကြလေပြီ။

ထိုကဲ့သို့ ပါရမီရှိသည့်သူများကို ကောင်းကင်ဘုံက မကြာခဏ မနာလိုဖြစ်တတ်ပေသည်။

သူတို့က စဥ်းစားကြည့်လို့ပင်မရသော ဆင်းရဲဒုက္ခများနဲ့ အန္တရာယ်များကို တောင့်ခံနိုင်ဖို့ လိုလေသည်။

တစ်ချိန်တည်းမှာပင် အသင်္ချေနယ်မြေ ကျောက်စာတိုင်ပေါ်မှာ သူတို့၏ နာမည်များကို ချန်ထားခဲ့ခြင်းမရှိဘဲ ဧကရာဇ်များဖြစ်လာသော ကျင့်ကြံသူများလည်း ရှိလေသည်။

ဤကမ္ဘာတွင် ပကတိ သတ်မှတ်ထားလို့ရတာ ဘာမှမရှိပေ။

ပကတိအရှင် ယွီကျွင်းက ဆက်ပြောလိုက်၏။

"အခုဆို... ကနဦးတိုက်ပွဲက ပြီးဆုံးသွားလို့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အသစ်က ထွက်ပေါ် လာခဲ့ပြီ... ခဏတဖြုတ်နားနေကြပြီးရင် အဲ့ဒီစာရင်းမှာ ပါတဲ့ ကျင့်ကြံသူတွေက နောက်ဆုံး အဆင့်သတ်မှတ်ချက် တိုက်ပွဲကို ဆင်နွှဲရလိမ့်မယ်"

အဆင့်သတ်မှတ်ချက်တိုက်ပွဲကို တောင်ခြေရှိ ကျောက်သားစင်မြင့်ထက်တစ်ခုတွင် ကျင်းပလေသည်။

ထိုစင်မြင့်က ပေတစ်ရာမြင့်မားပြီး အလွန်တစ်ရာ ကျယ်ဝန်းကာ အဲ့ဒီမှာ လူတစ်သောင်းလောက် တစ်ချိန်တည်း ရပ်နေနိုင်ဖို့ လုံလောက်လေသည်။

ဒီတစ်ခေါက်ပြိုင်ပွဲမှာ အဆင့်သတ်မှတ်ချက် တိုက်ပွဲ စုစုပေါင်း ၁၈ ပွဲရှိလေသည်။

တစ်ကယ်တော့ လူတိုင်းလိုလို မျှော်လင့်စောင့်ဆိုင်းနေကြသည်မှာ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်နေရာအတွင်းရှိ ပြိုင်စံရှားများ၏ တိုက်ပွဲဖြစ်လေသည်။

နောက်ဆုံးတိုက်ပွဲကတော့ အဆင်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာအတွက် ဆူဇီမိုနှင့် သီယင်းကြား တိုက်ပွဲ ဖြစ်လေသည်။

ကနဦးတိုက်ပွဲပြီးနောက် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ ကျင့်ကြံသူများသည် အချိန်ခဏသာ အနားယူရပြီး သူတို့၏ သက်လုံအားများကို ပြန်လည် ဖြည့်တင်းရပေမည်။

ဆူဇီမိုတို့ အုပ်စုတွင် ကျိရှန်းချန်နှင့် အခြားသူများမှ လွဲလျှင် ဖက်တီးလေး ၊ နတ်ဆိုးမကျိနှင့် မင်းကျန်တို့က နောက်ဆုံးအဆင့်သတ်မှတ်ချက် ပြိုင်ပွဲအတွက် အခြား ပြိုင်စံရှားတစ်ယောက်စီနှင့် တိုက်ခိုက်ရပေမည်။

ဖက်တီးလေးက မိစ္ဆာဂိုဏ်းများမှ မိစ္ဆာကျင့်ထုံးဂိုဏ်း၏ ချင်လီနှင့် ရင်ဆိုင်ရပေမည်။ နတ်ဆိုးမကျိက အင်မော်တယ်ဂိုဏ်းများမှ ရှင်းသန့်လေပြည်ဘုရားကျောင်း၏ သွမ့်ချင်းဖျင်နှင့် ရင်ဆိုင်ရပေမည်။ မင်းကျန်က ဗုဒ္ဓကျောင်းတော်များမှ လှိုဏ်ခေါင်းကျောင်းတော်၏ ကိုယ်တော် ကျန့်ခုန်းနှင့် ရင်ဆိုင်ရပေမည်။

တူညီသော ကျောက်လှေခါးထစ်ပေါ်သို့ ရောက်ရှိလာသော ကျင့်ကြံသူများ အနေနှင့် သူတို့၏ အမြုတေနယ်မြေစွမ်းအားများကြား ကွာခြားချက်က မကြီးမားသည်မှာ သက်သေပင်ဖြစ်လေသည်။ သို့သော်လည်း ကျင့်ကြံသူများအကြား တိုက်ပွဲတစ်ပွဲတွင် စွမ်းအားကသာ အရာရာကို ဆုံးဖြတ်ပေးနိုင်သည် မဟုတ်ပေ။

အဲ့ဒါက သူတို့၏ နည်းစနစ်များ ၊ စိတ်ဝိညာဥ်တိုက်ကွက်များ ၊ လျှို့ဝှက်ပညာရပ်များနှင့် နောက်ဆုံး သူတို့၏ အတွေ့အကြုံများကြား ရင်ဆိုင်ယှဥ်ပြိုင်ရသော တိုက်ပွဲဖြစ်လေသည်။

"ကိုယ်တော်လေး... ဒီဆေးလုံးကို သောက်လိုက်..."

ရှောင်းနင်က မင်းကျန်၏ ဘေးသို့ရောက်လာပြီး ထိုသူကို ဆေးလုံးတစ်လုံး ကမ်းပေးလိုက်လေသည်။

သည့်အရင်က မင်းကျန်သည် ကိုယ်တော်ယွမ်ခုန်းကြောင့် ဒဏ်ရာရရှိခဲ့ပြီး သူ၏ ဒဏ်ရာများနှင့် အသင်္ချေနယ်​မြေ တောင်ထွတ်ပေါ်သို့ တက်ရောက်ခဲ့ရလေသည်။ ယခု သူ၏ ဒဏ်ရာများက ပို၍ဆိုးဝါးလာကြောင်း ရှောင်းနင်က ပြောနိုင်လေသည်။

"အဲ့ဒါကို သောက်ပြီး ဒဏ်ရာတွေကို မြန်မြန်ကုလိုက်... အဲ့ဒါမှ မင်းက ခွန်အားအပြည့်နဲ့ တိုက်ခိုက်နိုင်လိမ့်မယ်..."

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

သူ၏ သိုလှောင်အိတ်ထဲမှာ ဆေးလုံးအတော်များများ ရှိသော်လည်း ယန်ဆေးဂိုဏ်းမှ ဆေးလုံးများ၏ အကျိုးအာနိသင်က အကောင်းဆုံးဖြစ်လေသည်။

မင်းကျန်၏ ကျင့်ကြံရေးနည်းစနစ်များက ဗုဒ္ဓကျောင်းတော်များမှ လာခြင်းဖြစ်လေသည်။

သူ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းအမြန်နှုန်းက ကြောက်စရာကောင်းလေသည်။

ထိုဆေးလုံးနှင့် ခဏတာ အနားယူရပါက သူ၏ တိုက်ပွဲမစခင် လုံးလုံး လျားလျားနီးပါး ပြန်ကောင်းလာပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ်... ဒကာမ"

မင်းကျန်က ဆေးလုံးကိုလက်ခံယူပြီး အဲ့ဒါကို မျိုချလိုက်လေသည်။

မွန်းလွဲချိန်သို့ ရောက်လာသည့်ခဏမှာပင် အဆင့်သတ်မှတ်ချက်တိုက်ပွဲက စတင်ခဲ့လေသည်။

အဆင့်သတ်မှတ်ချက်တိုက်ပွဲတွင် ပြိုင်စံရှားများ သေဆုံးမည့်ရန်မှ ကာကွယ်ရန် မည်သည့် ကျင့်ကြံသူမဆို သူတို့ မနိုင်နိုင်မှန်းသိသည်နှင့် ကျောက်သားစင်မြင့်ထက်ကနေ အချိန်မီခုန်ထွက်နိုင်လေသည်။ အဲ့ဒါက ရှုံးနိမ့်သည်ဟု သတ်မှတ်ရပေမည်။

ထိုအခါ တိုက်ပွဲက ချက်ချင်း အဆုံးသတ်သွားပေလိမ့်မည်။

ပထမဆုံးတိုက်ပွဲကတော့ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ အဆင့်ကိုးဆယ့်ရှစ် နေရာအတွက် ဖြစ်လေသည်။

တိုက်ခိုက်ရမည့် ပြိုင်စံရှားနှစ်ယောက်သည် အဆင့်မြင့်ဂိုဏ်းများမှ လာကြလေသည်။

အဲ့ဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ အောက်ဆုံးနားမှ ဖြစ်သော်လည်း အဲ့ဒါက တစ်မူထူးခြားအောင် အကြိတ်အနယ်ရှိကြလေသည်။ ပြိုင်စံရှားနှစ်ယောက်စလုံးက မရေမတွက်နိုင်သော စိတ်ဝိညာဥ်တိုက်ကွက်များနှင့် လျှို့ဝှက်ပညာရပ်များကို ထုတ်ဖော်၍ အလှည့်အပြောင်းများစွာကို ဖြစ်ပေါ်စေခဲ့လေသည်။

သူတို့၏ အနီးနှင့်အဝေး တိုက်ခိုက်ခြင်းများမှာ သူတို့၏ အ​ပြောင်းအလဲများက အတောမသတ်နိုင်အောင်ပေ။

နောက်ဆုံးမှာ​တော့ ပြိုင်စံရှားနှစ်ယောက်သည် သူတို့၏ ရွှေအမြုတေနယ်မြေများကို ထုတ်ဖော်လိုက်ကြပြီး သူတို့ထဲမှတစ်ယောက်က နောက်ဆုံး အနည်းငယ် အသာရမှုဖြင့် အနိုင်ရရှိသွားခဲ့လေသည်။

အောက်ကနေစောင့်ကြည့်နေကြသော ​ကျင့်ကြံသူများအားလုံးသည် ရင်သပ်ရှုမော ဖြစ်ကြရလေသည်။

ပြိုင်စံရှားများအကြား တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် သူတို့သည်လည်း အကျိုးအမြတ် ကြီးကြီးမားမား ရရှိကြလေသည်။

အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲ ၁၂ ပွဲက ပြီးဆုံးသွားပြီး ညနေခင်းဆီသို့ ချဥ်းကပ်လာလေသည်။

နောက်ထပ်ပြိုင်ပွဲမှာ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ အဆင့် ၂၀ နေရာအတွက် ဖြစ်လေသည်။

ထိုပြိုင်စံရှားနှစ်ယောက်မှာ နတ်ဆိုးမကျိနှင့် သွမ့်ချင်းဖျင်တို့ ဖြစ်လေသည်။

ကျောက်သားစင်မြင့်ပေါ်တွင် နတ်ဆိုးမကျိက သူမ၏ လက်နှစ်ဖက်ကို သူမ၏ ​ရှေ့မှာထား၍ ယဥ်ကျေးစွာဖြင့် ရှေ့သို့ ဦးညွတ်လိုက်လေသည်။ သူမက သွမ့်ချင်းဖျင်ကို ညင်သာစွာပြုံးပြပြီး ရေလိုကြည်လင်နေသော မျက်လုံးများဖြင့် နူးညံ့ချိုသာစွာ ပြောလိုက်လေသည်။

"အစ်ကိုကြီးသွမ့်... ကျေးဇူးပြုပြီး..."

"ဟန့်...."

သွမ့်ချင်းဖျင်၏ မျက်လုံးများက ငေးငိုင်သွားပြီး သူက ခဏမျှ တောင့်တင်းသွားလေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် သူက မျက်မှောင် ကြုတ်လိုက်ပြီး တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ဆတ်ကနဲ တုန်ယင်သွားလေသည်။

"သွမ့်ချင်းဖျင်က ဘာဖြစ်နေတာလဲ..."

"နတ်ဆိုးမကျိက တိုက်ခိုက်တာကိုလည်း ငါမမြင်လိုက်ရပါဘူး..."

လူအုပ်ကြီးထဲမှ အံ့အားသင့်သံများက ထွက်ပေါ်လာလေသည်။

ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

နတ်ဆိုးမကျိက ပိုလို့တောင်တော်လာပြီး သူမ၏ ညှို့ငင်ဖမ်းစားခြင်း နည်းစနစ်များက ပို၍ကြောက်စရာကောင်းလာလေသည်။

လောကီအာရုံများနှင့် ရှင်းလင်းသော ဗုဒ္ဓကျောင်းတော်များမှ ပြိုင်စံရှားများကလွဲလျှင် အခြားမည်သည့်ကျင့်ကြံသူမဆို ခဏတာ အာရုံပျက်ယွင်းသွားသည်နှင့် နတ်ဆိုးမကျိ၏ ဖမ်းစားခြင်းကို ခံရပေလိမ့်မည်။

"အားအာအားအာအား..."

သွမ့်ချင်းဖျင်က မျက်လုံးပြူး မျက်စံပြူးဖြင့် ဘေးပတ်လည်ကို လှည့်ကြည့်ပြီး ဝမ်းခေါင်းသံဖြင့် အော်ဟစ်လိုက်လေသည်။

"မဟူရာလေပြင်း ကပ်ဘေး...."

နက်မှောင်နေသော ဆိုက်ကလုန်းများက ဒေါသတကြီး အော်မြည်လာပြီး သွမ့်ချင်းဖျင်၏ ဘေးပတ်လည်မှာ တုန်လှုပ်ဖွယ်ရာ ပုံစံဖြင့် လှည့်ပတ်လာလေသည်။

ထိုဆိုင်ကလုန်းများက အလွန်တစ်ရာ စွမ်းအားကြီးပြီး သူတို့နှင့် ထိတွေမိသည့် မည်သည့်ကျင့်ကြံသူမဆို ချက်ချင်းဆုတ်ပြဲသွားပေလိမ့်မည်။

တစ်ခုခုလွဲမှားနေတာကို နားလည်လိုက်ပြီး သွမ့်ချင်းဖျင်သည် သူ၏ ရွှေအမြုတေနယ်မြေကို ချက်ချင်းထုတ်ဖော်လိုက်လေသည်။

ကံဆိုးစွာနှင့်ပင် ပထမအကွက်မှာပင် သူက ရှုံးနိမ့်သွားပြီဖြစ်ပြီး ညှို့ငင်ဖမ်းစားခြင်း ခံလိုက်ရပေပြီ။

သူအနေနှင့် သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်ပြီးတာတောင် သူ၏ ဆင်ခြင်တုံတရားကို ပြန်လည်ရရှိဖို့ ခက်ခဲလေသည်။

နတ်ဆိုးမကျိက ဘေးဘက်မှာရှိနေပြီး မည်သည့် လှုပ်ရှားမှုမှ မရှိဘဲ အေးစက်စွာဖြင့်သာ စိုက်ကြည့်နေလေသည်။

ရူးသွပ်၍ ခေါင်းမပါသော ယင်ကောင်တစ်ကောင်အလား သွမ့်ချင်းဖျင်သည် ကျောက်သားစင်မြင့်ထက်မှာ ဒေါသတကြီး ဟိန်းဟောက်၍ သူက နတ်ဆိုးမကျိကို လုံးဝမမြင်ရသည့်အလား သူ၏စိတ်က လုံးဝလွတ်ထွက်သွားလေပြီ။

"ဟမ်......"

ထိုသည်ကိုကြည့်ပြီး ရှင်းသန့်လေပြည်ဘုရားကျောင်းမှ ပကတိအရှင်သည် မျက်စိမျက်နှာပျက် ယွင်းသွားလေသည်။ လက်ရှိအခြေအနေအရ နတ်ဆိုးမကျိက တိုက်ခိုက်ခြင်းမရှိလျှင်တောင် သွမ့်ချင်းဖျင်က သူ၏ စိတ်ဝိညာဥ်စွမ်းအင်များကို ကုန်ဆုံးစေပြီး လုံးဝခြေကုန်လက်ပမ်းကျသွားဖို့ သိပ်ကြာလိမ့်မည် မဟုတ်ပေ။

အနိုင်ရသူက ဆုံးဖြတ်ပြီးသွားလေပြီ။

အဲ့ဒါက အားထုတ်မှုကင်းမဲ့သော နိုင်ပွဲတစ်ပွဲ ဖြစ်လေသည်။

နတ်ဆိုးမကျိက သူမ၏ ရွှေအမြုတေနယ်မြေကိုပင် မထုတ်ဖော်ခဲ့ပေ။

All Chapters