သူက ယှဥ်ပြိုင်မနေဘူးဆိုရင် သူ့မှာ ပြိုင်ဘက်လဲမရှိ
Vol. 50 Ch. 740
ဓါးများအားလုံးစုစည်းခြင်းသည် ဓါးတာအို၏ အထွတ်အထိပ် ပြိုင်ဘက်ကင်း အမြုတေနယ်မြေတစ်ခုဖြစ်လေသည်။
အဲ့ဒါက ဓါးတာအိုရှိ အခြားသောအမြုတေနယ်မြေများအားလုံးကို အရေးနိမ့်ခြင်းမရှိ ဖိနှိပ်နိုင်လေသည်။
အတိတ်ကာလတုန်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ဓါးဧကရာဇ်သည် ဓါးများအားလုံး စုစည်းခြင်းကို ကျင့်ကြံပြီး ကမ္ဘာပေါ်ရှိ ဓါးများအားလုံးကို ထိန်းချုပ်ခဲ့လေသည်။ သူသွားရာ လမ်းတစ်လျှောက်တွင် မည်သည့်ဓါးမဆို သူ့ကို လုံးဝဦးညွှတ်ရလေသည်။ သမိုင်းတစ်လျှောက်တွင် ဓါးဂိုဏ်းမှ ကျင့်ကြံသူများပင်လျှင် ဓါးများအားလုံးစုစည်းခြင်းကို ကျင့်ကြံနိုင်သူက ဆယ်ယောက်တည်းသာလျှင် ထွက်ပေါ်ခဲ့လေသည်။
ထိုဆယ်ယောက်စလုံးသည် လွှမ်းမိုးခြယ်လှယ်မှုဖြင့် အုပ်စိုးခဲ့ကြသော ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်ခဲ့ကြလေသည်။
ကျောက်သားစင်မြင့်ပေါ်တွင် တူကူကျန့်ပိုင်ဆိုင်ထားသော အမြုတေနယ်မြေစွမ်းအားသည် အစကတော့ ပျက်ပြယ်တော့မည်ပင်။ သို့သော်လည်း နောက်တစ်ခဏအတွင်း အဲ့ဒါက ပိုမိုကြီးမားသော စွမ်းအားဖြင့် ဆင်းသက်လာလေသည်။
ထောင်ပေါင်းများစွာသော ရင်သပ်ရှုမော ဓါးချီများသည် ကခုန်နေပြီး လေထဲမှာ လှည့်ပတ်နေလေသည်။ သူတို့က အရမ်းကို ထက်ရှသော်လည်း တူကူကျန့်ကို လုံးဝထိလိုက်စေနိုင်ခြင်းမရှိပေ။
တစ်ကယ်တော့ ဓါးချီများသည် တူကူကျန့်ကို ရိုက်ခတ်တော့မည့် ဆဲဆဲမှာပင် သူတို့က ပေါ့ပါးစွာ လမ်းကြောင်းပြောင်းသွားပြီး သူ့ကိုရစ်ပတ်လိုက်ကြလေသည်။
သိပ်သည်းများပြားသော ဓါးချီအတွင်းမှာ ရပ်နေရင်းနှင့်ပင် တူကူကျန့်၏ မျက်လုံးများက ဝင်းလက် တောက်ပလာပြီး ထက်ရှသော ဓါးနှစ်လက်နှင့် ဆင်တူလာလေသည်။
ဟန်ချိုးယွီသည် အန္တရာယ်ကို အာရုံခံမိလိုက်ပြီး သူ၏ သူငယ်အိမ်များက တင်းကျပ်လာလေသည်။
"မကောင်းတော့ဘူး....."
သူက စိတ်ထဲကနေ တုန်လှုပ်သွားပြီး သူ့ဂိုဏ်း၏ ဓါးစတေးထွက်ပြေးခြင်းနည်းလမ်းကို ထုတ်ဖော်ကာ တွေဝေခြင်းမရှိ ကျောက်သားစင်မြင့်ထက်နေ ခုန်ထွက်လိုက်လေသည်။
ဝှစ်......
တဖျတ်ဖျတ်တလက်လက် ဓါးအလင်းတန်းတစ်ခုက ချက်ချင်း ဝင်းလက်သွားလေသည်။
ဟန်ချိုးယွီ၏ပုံရိပ်သည် ကျောက်သားစင်မြင့်ထက်ကနေ ပျောက်ကွယ်သွားပြီဖြစ်သည်။
သူ၏ လှုပ်ရှားမှုနည်းစနစ်၏ အမြန်နှုန်းက တစ်ကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပင်။
ကျင့်ကြံရေးလောက၏ ထိပ်သီးဂိုဏ်းကြီးတစ်ချို့တွင် လျှို့ဝှက်ထွက်ပြေးခြင်း နည်းပညာများကို ပိုင်ဆိုင်ထားကြလေသည်။
ယခင်က ရှုချန်သည် မိုးကြိုးလေပြည်နန်းတော်မှ ထွက်ပြေးခြင်း နည်းစနစ်တစ်ခုဖြစ်သော မိုးကြိုးလေပြည်ထွက်ပြေးခြင်းကို ထုတ်ဖော်ပြီး ဆူဇီမို၏ လက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လေသည်။
ထိပ်တန်းအဆင့် လျှို့ဝှက်ထွက်ပြေးခြင်း နည်းစနစ်တစ်ချို့သည် အချိန်ခဏတာအတွင်းမှာ နိုးထဝိညာဥ်များ၏ အမြန်နှုန်းကိုပင် ယှဥ်နိုင်ပြီး ကျော်လွန်ပင်လျှင် ကျော်လွန်နိုင်ပေသည်။
ဆူဇီမိုသည်လည်း သူတို့ထဲမှ တစ်ခုဖြစ်သော သွေးစတေးထွက်ပြေးခြင်းကို ကျင််ကြံထားလေသည်။
ချွင်...ချွင်....ချွင်
တူကူကျန့်၏ ထိန်းချုပ်မှုအောက်မှာ ထောင်ပေါင်းများစွာသော ရင်သပ်ရှုမောဓါးချီများသည် လေထဲကို ဖြတ်သန်းသွားပြီး ဟန်ချိုးယွီရပ်ခဲ့သော နေရာကို ထိုးဖောက်လ်ိုက်လေသည်။ မြေပြင်ပေါ်မှာ ဓါးချက်များက ကျန်ရစ်ခဲ့လေသည်။
ဟန်ချိုးယွီက ကျောက်သားစင်မြင့်ထက်က ခုန်ထွက်လိုက်သည့် ခဏမှာပင် အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးသွားလေပြီ။
ထိုအဆင့် ပြိုင်စံရှားများအတွက်တော့ သူတို့ကတိုက်ပွဲကနေ ရုန်းထွက်ချင်သည်ဆိုလျှင် သူတို့က တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ရန် မဖြစ်နိုင်လုနီးပါးပင်။
တူကူကျန့်သည် ကျောက်သားစင်မြင့်ထက်ကနေ တိတ်တဆိတ်ဖြင့် ခုန်ချလိုက်လေသည်။
ဓါးဂိုဏ်း၏ ပကတိအရှင်သည် မျက်မှောင်အနည်းငယ် ကြုတ်၍ တူကူကျန့်၏ နောက်ကျောကို အတွေးနက်စွာဖြင့် ငေးကြည့်နေလေသည်။
အဲ့ဒီမှာနောက်ဆုံး အဆင့်သတ်မှတ်ချက် တိုက်ပွဲသုံးခု ရှိနေသေးလေသည်။ နောက်ထပ်လာမှာကတော့ ကိုယ်တော်ကျန့်ခုန်းနှင့် မင်းကျန်တို့၏ တိုက်ပွဲ ဖြစ်လေသသည်။
ကိုယ်တော်ယွမ်ခုန်းသည် မင်းကျန်ကို အပေါ်ကနေ ငုံ့ကြည့်ပြီး ရုတ်တရက်မေးလိုက်လေသည်။
"မင်းကျန်... အဲ့ဒီ ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို မင်းဘယ်ကနေရခဲ့တာလဲ...."
မင်းကျန်က မျက်မှောင်ကြုတ်ပြီး ချက်ခြင်းပြန်မဖြေပေ။ သူက လောကီရေးရာ ကိစ္စများတွင် အတွေ့အကြုံမရှိသော်လည်း သူကအရူးမဟုတ်ပေ။
ဘေးဘက်ရှိ စိန်ကျောင်းတော်မှ ကိုယ်တော်ဝေဖူသည် တောက်လောင်နေသော အကြည့်ဖြင့် ငုံ့ကြည့်လိုက်လေသည်။ သူက ဗုဒ္ဓကျောင်းတော်များ၏ ဂါထာမန္တန်အသံနည်းစနစ် တစ်ခုကို လှည့်ပတ်ပြီး ခေါင်းလောင်းထိုးသံကဲ့သို့ ကျယ်လောင်စွာဖြင့် မေးလိုက်လေသည်။
"မင်းကျန်... ငါမင်းကိုမေးပါရစေ... ဗုဒ္ဓဝါဒရဲ့ ပညတ်ချက်ငါးချက်က ဘာတွေလဲ..."
မင်းကျန်က တည်ကြည်ခိုင်မာစွာဖြင့် လေးနက်စွာ ပြန်ပြောလိုက်လေသည်။
"မသတ်ရဘူး ၊ မခိုးရဘူး ၊ ကာမ မဖောက်ဖြားရဘူး ၊ မလိမ်ညာရဘူး ပြီးတော့ သောက်စားမူးယစ်ခြင်း မပြုရဘူး..."
"မှန်တယ်..."
ကိုယ်တော်ဝေဖူက ခေါင်းညိတ်လိုက်၏။
"မင်းက မလိမ်ညာရဘူးဆိုတာကို နားလည်ထားမှတော့ မင်းကို မုသားစကားတွေ ပေါက်တက်ကရတွေ ပြောခွင့်မပြုထားဘူးဆိုတာ မင်းသိထားမှာပေါ့.. ငါမင်းကို မေးပါရစေ မင်းက ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို ဘယ်ကနေရခဲ့တာလဲ ၊ အဲ့ဒါမင်းကို ဘယ်သူသင်ပေးခဲ့တာလဲ..."
ကိုယ်တော်ယင်လုက မျက်မှောင်ကြုတ်လိုက်၏။
ကိုယ်တော်ဝေဖူနှင့် ကိုယ်တော်ယွမ်ခုန်းသည် ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်အပေါ် လိုချင်တက်မက်စိတ်ရှိနေသည်မှာ သိသာထင်ရှားလေသည်။
သို့သော်လည်း ကိုယ်တော်ဝေဖူက လိမ္မာပါးနပ်ပြီး မင်းကျန်ကို ဗုဒ္ဓဝါဒ၏ ပညတ်ချက်ငါးချက်ကို မေးကာ ချောင်ပိတ်လိုက်လေသည်။ ထို့နောက်သူက ဂမ္ဘီရဓမ္မကြာပဒုမ္မသုတ္တန်၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဖို့ ထိုသူကို ဖိအားပေးလိုက်လေသည်။
တစ်ကယ်ဆို ကိုယ်တော်ဝေဖူက မင်းကျန်ကို ဘုန်းကြီးတစ်ပါးက မလိမ်ညာသင့်ကြောင်း သတိပေးခဲ့ပြီး ဖြစ်လေသည်။
မင်းကျန်က တည်ငြိမ်သော အမူအရာဖြင့် လေးနက်စွာ ပြန်ပြောလိုက်လေသည်။
"ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို....."
ထိုနေရာအရောက်၌ သူက ရုတ်တရက် ရပ်တန့်လိုက်လေသည်။
ကိုယ်တော်ယွမ်ခုန်းနှင့် ကိုယ်တော်ဝေဖူတို့ကို အသာထား၊ အခြားသော နိုးထဝိညာဥ်များပင်လျှင် သူတို့၏ နားကို တိတ်တဆိတ်ဖြင့် စွင့်ထားပြီး မင်းကျန်၏ အဖြေစကားကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေကြလေသည်။
သူ၏စကားကနေ သူတို့သည် အသုံးဝင်သော အရိပ်အမြွက် သို့မဟုတ် သဲလွန်စတစ်ခုခုကို ရရှိခဲ့လျှင် သူတို့သည် ဖါဟွားကျောင်းတော်မှ ချန်ထားရစ်ခဲ့သော မြောက်များလှစွာသော ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်ပညာရပ်များကို ရှာဖွေ နိုင်ကောင်းရှာဖွေနိုင်ပေလိမ့်မည်။
"မြန်မြန်ပြောစမ်းပါ...."
ကိုယ်တော်ယွမ်ခုန်းက လောဆော်လိုက်သည်။
"ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်က ဘယ်နေရာမှာလဲ...."
မင်းကျန်က သူ့လက်ဝါးနှစ်ဖက်ကို ယှက်ပြီး တည်တံ့စွာဖြင့် ပြောလိုက်လေသည်။
"ဘုန်းကြီးတွေက မုသားစကားပြောလို့မရဘူး... ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကိုတော့… ကျုပ်က အဲ့ဒါနဲ့ပက်သက်ပြီး... ပြောပြချင်စိတ်မရှိဘူး..."
သူတို့၏ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်မှုက ကြီးစိုးသွားလေသည်။
"မင်း....."
ကိုယ်တော်ယွမ်ခုန်းနှင့် ကိုယ်တော်ဝေဖူ၏ မျက်နှာအမူအရာများက ချက်ချင်းအေးခဲသွားလေသည်။ သူက အဲ့ဒါကို ပြောပြချင်စိတ်မရှိဘူးဆိုတာက ဘာအဓိပ္ပါယ်လဲ။ သူတို့နှစ်ယောက်က ဘယ်လိုပင် အကောက်ကြံကြပါစေ.. မင်းကျန်ထံမှ ထိုပြန်ဖြေစကားကို ရရှိလိမ့်မည်ဟု မျှော်လင့်မထားပေ။
မြေခွေးလေးက မနေနိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်လေသည်။ တစ်ကယ်လည်း မင်းကျန််က မလိမ်ညာခဲ့ပေ။ သူက အဲ့ဒါကို ပြောပြချင်စိတ် မရှိရုံမျှသာ ဖြစ်လေသည်။
ဗုဒ္ဓကျောင်းတော်များမှ ပကတိအရှင်နှစ်ပါး၏ အကြပ်ရိုက်စေသော မေးခွန်းများကို သူ၏ အဖြေစကားတစ်ခုတည်းကနေ ဖြေရှင်းပြီးသား .ဖြစ်သွားလေသည်။
"ဘယ်လောက်တောင် လျှာဇောင်းထက်လိုက်သလဲ..."
ကိုယ်တော်ယွမ်ခုန်းက ညိုမဲလာသော အမူအရာဖြင့် ပြောလိုက်လေသည်။
"ကျန့်ခုန်း အဲ့ဒီကိုယ်တော်လေးကို သင်ခန်းစာ ကေင်းကောင်းပေးလိုက်.... ဗုဒ္ဓကျောင်းတော်တွေရဲ့ တစ်ကယ့်အစစ်မှန်စွမ်းအားက ဘာလဲ ဆိုတာ သူ့ကိုပြပေးလိုက်..."
ကိုယ်တော်ကျန့်ခုန်းက ခေါင်းညိတ်ပြီး မင်းကျန်စီသို့ သူ၏အကြည့်က ပို၍အေးစက်လာလေသည်။
"ကိုယ်တော်လေး... သူ့ကိုအနိုင်ယူပြလိုက်..."
ကျိချန်းရှန် ၊ ဖက်တီးလေးနှင့်အခြားသူများက မင်းကျန်ကို အားပေးလိုက်ကြ၏ ။
ဆူဇီမိုက ဘာမှမပြောပေ။ သူက ထိုတိုက်ပွဲနှင့်ပက်သက်၍ စိုးရိမ်ပူပန်မနေပေ။
မင်းကျန်သည် ဖာဟွားကျောင်းတော်နှင့် တာမင်းကျောင်းတော်ဟူသော ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်း၏ အမွေအနှစ်များကို လက်ခံရယူထားလေသည်။ အနည်းဆုံးတော့ အဆင့်တူခြင်းတွင် ဗုဒ္ဓဝါဒ၏ နားလည်သဘောပေါက်မှုနှင့် ဗုဒ္ဓကျောင်းတော်များ၏ အစွမ်းအစများအရာတွင် သူ့ကို မည်သူမျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျောက်သားစင်မြင့်ထက်တွင်......
ကိုယ်တော်ကျန့်ခုန်းက တုံ့ဆိုင်းမနေဘဲ သူ၏ ရွှေအမြုတေနယ်မြေကို ချက်ချင်း ထုတ်ဖော်လိုက်လေသည်။
ဘုန်း......
လေထဲတွင် ဧရာမဗုဒ္ဓစေတီတစ်ဆူက ကြောက်စရာကောင်းသော စွမ်းအားဖြင့် ဖြည်းဖြည်းချင်း ဆင်းသက်လာလေသည်။ အဲ့ဒါက နတ်ဆိုးအားလုံးကို ဖိနှိပ်တော့မည့်မလား... ဝင်းထိန်တောက်ပသော အလင်းရောင်များကို ထုတ်ပေးလာလေသည်။
စေတီတွင် စုစုပေါင်း ဘုံခုနှစ်ဆင့်ရှိပြီး သူတို့တစ်ခုချင်းစီမှ ချာလပတ်လည် မူးနောက်နေသော ဂါထာမန္တန် စာလုံးများကို ခပ်နှိပ်ထားလေသည်။
ဘုံခုနှစ်ဆင့်စေတီ......
စေတီတစ်ဆူက ဗုဒ္ဓမျှော်စင်တစ်ခုဖြစ်လေသည်။
ဗုဒ္ဓကျောင်းတော်များတွင် ဘုံခုနှစ်ဆင့်စေတီက အဆုံးစွန်ဖြစ်လေသည်။
လှိုဏ်ခေါင်းကျောင်းတော်၏ ဤအမွေအနှစ် အမြုတေနယ်မြေတွင် အဆင့်သုံးဆင့် ပါရှိလေသည်။ အဲ့ဒါက ဘုံသုံးဆင့် ၊ ဘုံငါးဆင့်နှင့် အသန်မာဆုံးက ဘုံခုနှစ်ဆင့်စေတီ ဖြစ်လေသည်။
သမိုင်းတစ်လျှောက်တွင် ဗုဒ္ဓဝါဒအပေါ် ကြီးမားသည့် ဉာဏ်ပညာပိုင်ဆိုင်ထားသည့် ကိုယ်တော်များသာလျှင် ဘုံခုနှစ်ဆင့်စေတီကို ကျင့်ကြံနိုင်ကြလေသည်။
ကိုယ်တော်ကျန့်ခုန်းက သူ၏လက်နှစ်ဖက်ကို ဆက်တိုက်လှုပ်ရှားက ချိတ်စည်းများကို ထုတ်ဖော်လိုက်လေသည်။ စိတ်ဝိညာဥ်စွမ်းအင်များဖြင့် ပြုလုပ်ထားသော ဗုဒ္ဓအလင်းရောင်ခြည်များက သူ၏ လက်ချောင်းထိပ်များကနေ ပစ်လွင့်ထွက်လာပြီး ဘုံခုနှစ်ဆင့် စေတီထဲသို့ တိုးဝင်သွားလေသည်။
ဘုံခုနှစ်ဆင့်စေတီက ဝင်းထိန်တောက်ပလာလေသည်။
ဘုံခုနှစ်ဆင့်စေတီက ဆင်းသက်လာခြင်းနှင့်အတူ ထိုထဲမှ ဗုဒ္ဓဂါထာမန္တန်အသံများက ထွက်ပေါ်လာလေသည်။ အဲ့ဒါက လူများ၏ စိတ်ကို လှုပ်ခတ်သွားစေနိုင်ပြီး သူတို့ကို ကျိုးနွံဝပ်တွား၍ အလိုလိုအရိုသေပေးချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
ဘေးကနေ စောင့်ကြည့်နေသော ကျင့်ကြံသူများတောင် ထိုသို့ဆိုလျှင် မင်းကျန်နေရာတွင် ရှိသော ဖိအားကို စဥ်းစားကြည့်နိုင်လေသည်။
"အော်မီထော်ဖော်...."
မင်းကျန်က တည်ငြိမ်သော အမူအရာရှိနေပြီး သူ၏ခေါင်းကို အနည်းငယ်ငုံ့ထားလေသည်။ သူက လက်နှစ်ဖက်ကို အတူတကွ ယှက်ဖြာ၍ ဂါထာမန္တန်တစ်ပုဒ်ကို တိုးတိတ်စွာ ရွတ်ဆိုလိုက်လေသည်။
သူ့နောက်တွင် ကမ္ဘာပေါ်ရှိ နတ်ဆိုးများအားလုံးကို ရှင်းလင်းပစ်ချင်သည့်အလား တောက်ပသော ဗုဒ္ဓရောင်ခြည်များဖြင့် အစိမ်းရောင်ကြာပန်းတစ်ပွင့် ဖူးပွင့်လာလေသည်။
အစိမ်းရောင်ကြာပန်းက ဖြည်းဖြည်းခြင်းမြင့်တက်လာပြီး ဘုံခုနှစ်ဆင့်စေတီ၏ ဆင်းသက်လာမှုကို ဖျက်စီးလိုက်လေသည်။
ဗုဒ္ဓဝါဒမှ မဟာအမြုတေနယ်မြေနှစ်ခု၏ ရိုက်ခတ်မှုတွင် ကမ္ဘာတုန်လောက်သော ပေါက်ကွဲမှုက ထွက်ပေါ်မလာပေ။ ကျောက်သားစင်မြင့်တစ်ခုလုံးက တကျွီကျွီမြည်လာလေသည်။
ဘုံခုနှစ်ဆင့်စေတီက သန်မာသော်လည်း အဲ့ဒါက သန့်စင်၍ အပြစ်ကင်းစင်သော အစိမ်းရောင်ကြာပန်းကို ဘာမှလုပ်နိုင်စွမ်းမရှိပေ။
ကိုယ်တော်ကျန့်ခုန်း၏ မျက်လုံးများက ပြူးကျယ်လာပြီး သူ၏သွင်ပြင်က စတင်၍ တွန့်လိမ်လာကာ သူ၏ စိတ်ဝိညာဥ်စွမ်းအင်များကို ဆက်တိုက်ပို့လွှတ်နေရလေသည်။
မင်းကျန်၏ လက်ဝါးနှစ်ဖက်က အတူတကွ ယှက်ဖြာထားပြိး ခေါင်းကိုအနည်းငယ်ငုံ့၍ ဂါထာမန္တန်တစ်ခုကိုသာ ရွတ်ဆိုနေလေသည်။
သူက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် သာမန်ကျင့်ကြံခြင်း နေ့ရက်တစ်ရက်ကို ဖြတ်သန်းနေသည့်အလားပင်။
ဆူဇီမိုက ညင်သာစွာ ပြောလိုက်၏။
"ကျန့်ခုန်းက ရှုံးသွားပြီ..."
ကျန့်ခုန်း၏ အနိုင်ရယူလိုစိတ်က သူ့ကို ဒုက္ခပေးခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် သူ၏စိတ်အခြေအနေက ချက်ချင်း အရေးနိမ့်လာခဲ့လေသည်။
သို့သော်လည်း မင်းကျန်ကတော့ သူ၏ ဣန္ဒြေကို ဆက်လက်ထိန်းသိမ်းထားလေသည်။
သူ့မှာ ယှဥ်ပြိုင်ခြင်း မယှဥ်ပြိုင်ခြင်းလည်း မရှိပေ။
သူက ယှဥ်ပြိုင်မနေဘူးဆိုလျှင် သူ့မှာ ပြိုင်ဘက်များလည်း မရှိပေ။
သူတို့နှစ်ယောက်ကြား ကွာဟချက်က ပို၍သိသာလာလေသည်။
ဘုန်း......
အဲ့ဒီမှာကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာလေသည်။
ဘုံခုနှစ်ဆင့်စေတီက ပြိုကျသွားပြီဖြစ်သော်လည်း အစိမ်းရောင်ကြာပန်းကတော့ ဆက်ရှိနေသေးလေသည်။
ကိုယ်တော်ကျန့်ခုန်းသည် ဖြူလျော့သော အမူအရာဖြင့် ကျောက်သားစင်မြင့်ပေါ်သို့ ပြိုလဲကျသွားသည်။
မင်းကျန်က မတ်တက်ရပ်လိုက်သည်။ သူ၏ခေါင်းကို အနည်းငယ်မော့ကာ နိမ့်ချစွာဖြင့် ကျေးဇူးတင်ကြောင်းပြ၍ သူက တည်ငြိမ်စွာ ထွက်ခွာသွားလေသည်။