← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 50 Ch. 741

နောက်ဆုံးတိုက်ပွဲ

Vol. 50 Ch. 741

အဲ့ဒီမှာ အဆင့်သတ်မှတ်ချက် တိုက်ပွဲ နှစ်ခုသာလျှင် ကျန်ရှိတော့လေသည်။

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး၄နေရာက ထိုတိုက်ပွဲ နှစ်ပွဲ အတွင်း အဆုံးအဖြတ် ပေးပေလိမ့်မည်။

နောက်ထပ် တိုက်ပွဲကတော့ အဆူရာဂိုဏ်းမှ ရန်ထူနှင့် မိုးကြိုးလေပြေနန်းတော်မှ ရှုချန်တို့ ဖြစ်လေသည်။

သူတို့နှစ်ယောက်ကြား တိုက်ပွဲက ပိုလို့တောင် ပြင်းထန်ကြလေသည်။

သူတို့ နှစ်ယောက်လုံးသည် အင်မော်တယ်နှင့် မိစ္ဆာဂိုဏ်းများအတွက် ရွှေအမြုတေ၏ အထွတ်အထိပ် အဆင့်နီးပါးကို ကိုယ်စားပြု ကြလေသည်။

နှစ် ၁၀၀၀ ကြာပြီးနောက် အဆူရာဂိုဏ်းမှ နောက်ထပ် ကျင့်ကြံသူတစ်ယောက်သည် အလောင်းတောင်တန်းနှင့် သွေးပင်လယ်ကို အတူတကွ ပေါင်းစပ်နိုင်ခဲ့ပြီး ကြောက်စရာကောင်းသည့် စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ရှုချန်သည်လည်း ကမ္ဘာဖျက်မိုးကြိုး ၅ စင်းကို ကျင့်ကြံနိုင်သော မိုးကြိုးလေပြေနန်းတော်၏ ပြိုင်စံရှား အနည်းငယ်ထဲမှ တစ်ယောက် ဖြစ်လေသည်။

သူတို့နှစ်ယောက်လုံးသည် အင်မော်တယ်နှင့် မိစ္ဆာတာအိုများမှ မြောက်များလှစွာသော ကျင့်ကြံရေး နည်းစနစ်များနှင့် လျှို့ဝှက်ပညာရပ်များကို ပိုင်ဆိုင်ထားကြလေသည်။

ကျောက်သားစင်မြင့်ပေါ်တွင် လျှပ်စီးများက တဖျတ်ဖျတ် လက်နေသည်။ ပြင်းထန်အားကောင်းသော သွေးရနံနှင့် သွေးပင်လယ်က ဒေါသတကြီး စီးဆင်းလာလေသည်။

မိုးကြိုးစွမ်းအားသည် နတ်ဆိုးနှင့် မိစ္ဆာများကို တန်ပြန် နှိမ်နင်းရာတွင် အထိရောက်ဆုံး ဖြစ်လေသည်။

သို့သော်လည်း ရန်ထူ၏ မိစ္ဆာနည်းစနစ် များက အရမ်းကို ကြောက်စရာကောင်းလွန်းပြီး အဲ့ဒီ့မှာ အနည်းဆုံး ဆိုးယုတ်အော်ရာဖြင့် သူ့ကို လှည့်ပတ်နေသော အငြိုးကြီးသော ဝိညာဉ်ပေါင်း ထောင်နှင့်ချီ ရှိနေလေသည်။ မိုးကြိုးစွမ်းအားပင်လျှင် သူတို့ကို ကုန်စင်အောင် မဖယ်ရှားနိုင်ပေ။

သူတို့နှစ်ယောက်လုံးက သန်မာသော ပြိုင်ဘက်တစ်ယောက်စီနှင့် တွေ့နေကြလေသည်။

သူတို့နှစ်ယောက်လုံးကြား တိုက်ပွဲက အရမ်းကို ပြင်းထန်ခဲ့ပြီး သူတို့နှစ်ယောက်လုံးသည် ခြေကုန်လက်ပန်း ကျခါနီးမှာ ရန်ထူသည် အနည်းငယ် အသာရမှုဖြင့် အနိုင်ရရှိခဲ့လေသည်။

ထိုတိုက်ပွဲ ပြီးဆုံးသွားခြင်းက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အသစ်၏ အဆင့်သတ်မှတ်ချက်များ အားလုံးနီးပါးကို ဆုံးဖြတ်သွားပြီးလေပြီ။

အဲ့ဒီမှာ နောက်ဆုံးတိုက်ပွဲ တစ်ပွဲသာလျှင် ကျန်ရှိတော့လေသည်။

အားလုံး၏ အကြည့်များက ထိုအပေါ်တွင် ကျရောက်နေကြလေသည်။

သူတို့နှစ်ယောက်သည် ရေစက်ပါလာပုံရပြီး သူတို့ထဲမှ တစ်ယောက်ကတော့ ယနေ့တွင် သမိုင်းထဲမှာ ပြိုင်ဘက်ကင်းသော အမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့နိုင်ပေတော့မည်။

သီယင်းက နက်ရှိုင်းသော အကြည့်နှင့်အတူ သူ့မျက်လုံးများကို ဖွင့်လိုက်၏။ သူက စကြာဝဠာ တစ်ခုလုံးကို ရောနှောပစ်ချင်သည့်အလား သူ၏ အော်ရာက ကပြောင်းကပြန်ဆန်၍ နက်နဲသိမ်မွေ့ကာ အံ့မခန်း ဖြစ်နေလေသည်။

သူသည် စောစောက အဆင့်သတ်မှတ်ချက် တိုက်ပွဲတစ်လျောက်လုံး၌ သူ၏ မျက်လုံးများကို မှိတ်ထားလေသည်။ သူက အဲ့ဒါကို အရေးလုပ်ပြီး စောင့်ကြည့်မနေပေ။

ကိုယ်တော်ကျန့်ခုံးဖြစ်စေ၊ မင်းကျန်၊ ရန်ထူ၊ ရှုချန်နှင့် အခြားသူများဖြစ်စေ.. သူတို့၏ တိုက်ခိုက်မှုက သူ့အတွက် အချိန်ပေးဖို့ မထိုက်တန်ပေ။

ယခုအခါမှသာလျှင် သီယင်းက ဖြည်းဖြည်းချင်း ထရပ်လာလေသည်။

လောကကို အထက်စီးကနေ ကြည့်နေသော အရှင်တစ်ပါး၏ ရှေးကျသော အော်ရာတစ်ခုက ဖြာထွက်လာပြီး လက်ရှိ ကျင့်ကြံသူများ အားလုံးကို ရင်ထဲမှာ တဒိတ်ဒိတ် ခုန်လာစေလေသည်။

ထိုအခိုက်အတန့်တွင် သီယင်းကို ကြည့်ပြီး သူတို့၏ နှလုံးသားထဲမှ ထိန်းချုပ်လို့မရသော ရှုံးနိမ့်မှုများက ပေါ်ပေါက်လာသည့် ခံစားချက်တစ်ခုကို ရနေသည့်အလား ရန်ထူနှင့် ရှုချန်တို့က မျက်မှောင်ကြုတ် လိုက်ကြလေသည်။

အဲ့ဒါက အရမ်းကို ကြောက်စရာ ကောင်းလွန်းလှလေသည်။

သူက မတိုက်ခိုက်ခင်မှာပင် လူတိုင်းအပေါ် သူထုတ်လွှတ်လိုက်သော ဖိအားက ဤမျှအထိ ကြောက်စရာကောင်းနေပြီ ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ် ၁၀၀.. အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာသို့ သူရရှိပြီးကတည်းက သီယင်း၏ တိုက်ခိုက်မှုကို မည်သူမှ မမြင်တွေ့ရတော့ပေ။

အဘယ့်ကြောင့်ဆိုသော် သူနှင့် တိုက်ခိုက်ဖို့အတွက် ထိုက်တန်သည့် ကျင့်ကြံသူများ ပေါ်ထွက် မလာခဲ့ သောကြောင့် ဖြစ်လေသည်။

ယခု သူနှင့် အလားသဏ္ဌာန်တူသော ပြန်ဝင်စားမွန်းစတား တစ်ယောက်က လွန်ခဲ့သည့် နှစ်၂၀က ပေါ်ထွက်လာခဲ့လေသည်။ သူကလည်း ‌ရှေးဟောင်းအသင်္ချေနယ်မြေကျောက်စာတိုင်ပေါ်တွင် ထာဝရတည်မြဲ‌စေမည့် သူ၏ အမည်ကို ချန်ရစ်ခဲ့လေသည်။

“သေချာဂရုစိုက်”

လင်းရွှမ်ကျီက အသံတစ်ခု ပို့လွှတ်၍ သတိ ပေးလိုက်လေသည်။

“ဂိုဏ်းက အကြီးအကဲတွေဆီက ငါကြားရတာ သူက သူရဲ့ ပါရမီကသာ ကြောက်စရာ ကောင်းတာမဟုတ်ဘူး.. သူက မဟာ ကံကြမ္မာရဲ့ ကောင်းချီးပေးခြင်း ကိုတောင် ခံထားရတာ.. သူက အပျက်အဆီး နယ်မြေတစ်ခုမှာ လူသားဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ ရွှေအမြုတေအဆင့် အမွေအနှစ်တစ်ခုကို ရရှိနိုင်ခဲ့တယ်တဲ့”

“ပြောကြတာတော့ အဲ့ဒီ့ရွှေအမြုတေအဆင့် အမွေအနှစ်က ပကတိ ပြီးပြည့်စုံပြီးတော့ များစွာသော လျှို့ဝှက်ပညာရပ်တွေ စိတ်ဝိညာဉ်ပညာရပ်တွေထက်တောင်မှ အဆင့်မြင့်တယ်။ ဖန်သားနန်းတော်နဲ့ ပဒေသရာဇ်နန်းတော်တို့လို ခန္ဓာမီးဆေး ကျင့်ကြံခြင်းတွေထက်တောင် ပိုပြီးတော့ အဆင့်မြင့်တယ်”

“သူက အနီးကပ်တိုက်ခိုက်ရည်မှာ မင်းထက် လုံးဝ မနိမ့်ကျဘူး”

ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

လင်းရွှမ်ကျီပြောတာ မမှားပေ…....

သူတို့သည် နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေမှာတုန်းက အနီးကပ်တိုက်ခိုက်မှု တစ်ချက် ဖလှယ်ခဲ့ ကြပြီး ရလဒ်က သူတို့ နှစ်ယောက်လုံး ဒဏ်ရာရရှိခဲ့ကြလေသည်။

ဆူဇီမို၏ လက်ရှိကျင့်ကြံမှု အဆင့်ထိ အန္တိမသားရဲ နတ်ဆိုးကျင့်စဉ်၏ သတ်ဖြတ်ကွက်ကို ခုခံနိုင်ပြီး ပြန်၍ပင် တိုက်စစ်စင်နိုင်သည့် တစ်ဦးတည်းသောလူမှာ သီယင်းပင် ဖြစ်လေသည်။

သို့သော်လည်း အဲ့ဒါက လွန်ခဲ့သည့် ၁၀ နှစ်က ဖြစ်လေသည်။

လွန်ခဲ့သည့် ၁၀နှစ်က ဆူဇီမို၏ ရွှေအမြုတေက အပြည့်အဝ ပြန်လည်ကောင်းမွန် မလာသေးပေ။

သူ၏ အတွင်းအမြုတေကလည်း ပြီးပြည့်စုံသည့် အဆင့်သို့ မရောက်ရှိသေးပေ။

ပြီးခဲ့သည့် ၁၀ နှစ်အတွင်း သူသည် ဘုရားကျောင်းအို၏ နောက်ဖေးဘက်တွင် စိတ်ဝိညာဉ်ရေများကို ဆက်တိုက် သောက်သုံးခဲ့ပြီး သူ၏ခန္ဓာကိုယ်က ကြောက်စရာကောင်းသော အဆင့်တစ်ခုအထိ ထပ်မံ သန့်စင် လာခဲ့လေသည်။

သူသည် ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက် လာပြီးနောက် ကြယ်တာရာနဂါးခံတွင်းတွင် လျှပ်စီးကန်၏ ဆေးကြော သန့်စင်မှုကို ရခဲ့လေသည်။ ယခုဆို သူ၏ အတွင်းအမြုတေက ပြီးပြည့်စုံသည့် အဆင့်မှာ ရှိနေလေပြီ။

ဆူဇီမိုသည် သူ၏ ရွှေအမြုတေနှင့် အတွင်းအမြုတေကို တစ်ပြိုင်ထဲ လှည့်ပတ်ပြီး သူ၏ သွေးချီကို ထုတ်ဖော်လိုက်မည် ဆိုလျှင် လူသားဧကရာဇ်၏ အမွေအနှစ်ကို ရရှိထားသော သီယင်းပင်လျှင် သူ့ကို ခုခံနိုင်လိမ့်မည် မဟုတ်ကြောင်း ဆူဇီမိုက ယုံကြည်ထားလေသည်။

ထိုအချိန်မှာပင် သီယင်းက ဖြည်းဖြည်းချင်း လှည့်လာ၏။ သူက မလှမ်းမကမ်းရှိ ဆူဇီမိုကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ငါမင်းကို တစ်ခုပြောပြလိုက်မယ်.. ရှေးဟောင်း အသင်္ချေနယ်မြေ ကျောက်စာတိုင်ပေါ်မှာ သူတို့ရဲ့ နာမည်ကို ချန်ရစ်ခဲ့တဲ့ ပြိုင်စံရှားတွေထဲမှာ မင်းကတော့ အမြန်ဆုံး သေဆုံးသွားရတဲ့ တစ်ယောက် ဖြစ်တော့မယ်”

ယုံကြည်မှု..

ထိုယုံကြည်မှုသည် သူ၏ ပြိုင်ဘက်ကင်းခဲ့သော နှစ်၁၀၀ အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

မြောက်များလှစွာသော ဖိအားများက ဆင်းသက်လာလေသည်။

အဲ့ဒါက ဆူဇီမိုထံသို့ ရောက်သောအခါ ဘာမှမရှိတော့အောင် တိတ်တဆိတ် ပျက်ပြယ်သွားလေသည်။

ဆူဇီမိုက တည်ငြိမ်သော အမူအရာနှင့်ပင် ရှိနေပြီး မှင်သေသေဖြင့် ပြန်ပြောလိုက်လေသည်။

“ငါ့မှာလည်း အဲ့လိုစိတ်ကူး ရှိနေတာပဲ”

သီယင်းက အထင်သေးစွာဖြင့် ပြုံးပြီး ဖျတ်ကနဲ ပြေးထွက်သွားလေသည်။

ဆူဇီမိုကလည်း တစ်ချိန်တည်း နီးပါးမှာပင် ခုန်တက်လိုက်ပြီး သူတို့နှစ်ယောက်လုံးက ကျောက်သားစင်မြင့် ပေါ်သို့ ရောက်ရှိလာကြလေသည်။

“ငါမင်းကို ကြိုတင်ပြီးတော့ အချက်တစ်ချက် ရှင်းအောင်ပြောထားမယ်”

ပကတိအရှင် ဟွမ်ယီက ပြောလိုက်လေသည်။

“အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ကို လူသားမျိုးနွယ်က ပိုင်ဆိုင်တာ.. မင်းက သားရဲတစ်ကောင်လား ဒါမှမဟုတ် သားရဲကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို ကျင့်ကြံထားတဲ့ လူတစ်ယောက်လား ဆိုတာတော့ ငါမသိဘူး.. ဒါပေမယ့် မင်းကို သားရဲနည်းစနစ်ကနေ ရရှိနိုင်တဲ့ နည်းလမ်းတွေကို တစ်ခုမှ အသုံးမပြုဖို့ ငါပိတ်ပင်တယ်”

“မင်းက အဲ့ဒါတွေထဲက တစ်ခုခုကို ထုတ်သုံးလာမယ်ဆိုရင် ငါကိုယ်တိုင် မင်းကိုသတ်မယ်”

ပကတိအရှင် ဟွမ်ယီသည် သူ၏နောက်ဆုံး စကားလုံးများကို အေးစက်စက် သတ်ဖြတ်လိုသော အော်ရာဖြင့် ပြောလိုက်လေသည်။

ပကတိအရှင် ယွီကျွင်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

ထိုသို့ဆိုလျှင် တိုက်ပွဲအခြေအနေက ဆူဇီမိုအတွက် အရေးနိမ့်လာမည် ဖြစ်လေသည်။

သူက သားရဲအစွမ်းအစများကို အသုံးမပြုနိုင်ဘူးဆိုလျှင် သီယင်း၏ လက်ထဲမှာ ဆူဇီမိုက ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ။

ပကတိအရှင် ယွီကျွင်းသည် ပြောချင်သော်လည်း ပြန်လည် ရပ်တန့်လိုက်လေသည်။

သူက ကူညီချင်သော်လည်း ပကတိအရှင် ဟွမ်ယွီ၏ စကားလုံးများကို သူက မငြင်းဆန်နိုင်ပေ။

ဘာပဲပြောပြော ဤအရာက အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲတစ်ပွဲ ဖြစ်လေသည်။

တစ်စုံတစ်ယောက်က သားရဲမျိုးနွယ်မှ နည်းစနစ်များကို အသုံးပြုပြီး အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ချင်သည် ဆိုလျှင် အဲ့ဒါက တစ်နည်းတစ်ဖုံအားဖြင့် မသင့်လျော်ရာကျပြီး သူက ကန့်ကွက်မှုများနှင့် ရင်ဆိုင် ရပေလိမ့်မည်။

“ဆူဇီမို မင်းအတွက် အဆင်မပြေဘူးထင်ရင် ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်လို့ရတယ်”

ပကတိအရှင် ယွီကျွင်းက လေးနက်စွာ ပြောလိုက်လေသည်။

“အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာအတွက် ရတဲ့ ဆုလာဘ်တွေ ကလည်း တော်တော်လေး ကောင်းပါသေးတယ်”

ပကတိအရှင် ယွီကျွင်းက သူ့အတွက် စိတ်ရင်းနှင့် ပြောပေးနေခြင်း ဖြစ်ကြောင်း ဆူဇီမိုက နားလည်လေသည်။

သားရဲအစွမ်းအစများကို အသုံးမပြုရလျှင် ဆူဇီမို၏ တိုက်ခိုက်ရည်တစ်ဝက်က လျော့ကျသွားမည်ကို ပကတိအရှင် ယွီကျွင်းက စိုးရိမ်ပူပန်နေခြင်း ဖြစ်လေသည်။ သူက ထွက်ပြေးဖို့ပင် အခွင့်အရေးမရပဲ ကျောက်တုံးစင်မြင့် ထက်မှာ သီယင်း၏ သတ်ဖြတ်ခြင်းကို ခံရကောင်း ခံရနိုင်လေသည်။

“ဆူဇီမို မင်းက ကြောက်နေတာလား မင်းက ပြေးဖို့ ကြံနေတာလား” သီယင်း၏ မျက်လုံး များက လှောင်ပြောင်သရော် လိုမှုဖြင့် ပြည့်နှက်လာလေသည်။

“ပြေးစရာလားဟ..” ဆူဇီမိုက လှောင်ရယ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“သားရဲ အစွမ်းအစကို ထုတ်မသုံးရဘူး ဆိုတောင် ငါက မင်းကို အေးဆေး ဖိနှိမ်နိုင်သေးတယ်”

“ကောင်းတယ်…ကောင်းတယ်….ကောင်းတယ်”

သီယင်း၏ မျက်လုံးများက တောက်ပလာပြီး သူက ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်လေသည်။

“မင်းက ငါ့ကို ဘာနဲ့ဖိနှိမ် နိုင်မလဲ ကြည့်ရသေးတာပေါ့”

ဝှစ်..

သီယင်းက သူ့ခွန်အားကို ဘယ်လိုထုတ်လိုက်သည်ကို မည်သူမှ မမြင်ရစဉ်မှာပင် ဖျတ်ကနဲဆို ဆူဇီမို၏ ရှေ့မှာ ပြန်ပေါ်လာလေသည်။

သူတို့နှစ်ယောက်သည် အစက ပေပေါင်းများစွာ ကွာဝေးသော်လည်း အလွန်တရာ လျင်မြန်စွာပင် ချက်ချင်းဆိုသလို သူက ချည်းကပ်သွားလေသည်။

ဝေါ..

သီယင်း၏ ခန္ဓာကိုယ်တွင်းမှာ ဒေါသူပုန် ထနေသော ဒီရေလှိုင်းများလို သွေးများ စီးဆင်းနေသည့် အသံက ထွက်ပေါ်လာလေသည်။

“ဆူနာမီ သွေးအဆင့်”

အဲ့ဒါက မျိုးဆက်သွေး၏ စွမ်းအားမှာ အမြင့်ဆုံး ဖြစ်လေသည်။

ခန္ဓာမီးဆေးခြင်းတွင် အထူးပြုသော ဖန်သားနန်းတော်မှ ရှီးဝူယာနှင့် ပဒေသရာဇ်နန်းတော်မှ ဖန်းယွဲ့ပင်လျှင် ထိုအဆင့်ထိ မရောက်ရှိ နိုင်ခဲ့ပေ။

ဝှစ်..

ဧရာမ လက်သီးတစ်လုံးက ပျံသန်းလာပြီး တဖြည်းဖြည်း ပြန့်ကားလာလေသည်။

သက်ရှိအားလုံးကို ဖျက်ဆီးပြစ်ချင်သည့် အလား မြောက်များလှစွာသော စွမ်းအားများက ရှေ့သို့ တိုးဝင်လာလေသည်။ လေဟာနယ်ထဲရှိ လေစီးကြောင်းများက ၎င်း၏ အကန့်အသတ်ထိ သိပ်သည်းသွားပြီး မနှိုင်းယှဉ်သာအောင် ချစ်ချစ်တောက် ပူလာလေသည်။

“သူတို့က စပြီဟေ့”

“အရမ်း မြန်တာပဲ”

“အဲ့ဒါက အနီးကပ်တိုက်ခိုက်ရည်လား”

လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ဆက်တိုက် ထွက်ပေါ်လာ လေသည်။

အနီးကပ် တိုက်ခိုက်ခြင်းက အန္တရာယ်အများဆုံး ဖြစ်ကြောင်း ကျင့်ကြံသူအားလုံး သိထားကြလေသည်။

ထိုအဆင့် ပြိုင်စံရှားနှင့် ပြန်ဝင်စား မွန်းစတားများ အတွက်တော့ တစ်စက္ကန့်၏ အစိတ်အပိုင်း အနည်းငယ်လေးကပင် အနီးကပ် တိုက်ခိုက်ရည်မှာ အနိုင်ရရှိသူကို အဆုံးအဖြတ် ပေးနိုင်လေသည်။

ထိုတစ်စက္ကန့်၏ အစိတ်အပိုင်းလေးက သေခြင်း ရှင်ခြင်း အကြား အဆုံးအဖြတ်ကို ပေးနိုင်လေသည်။

လက်ရှိ ကျင့်ကြံသူများ အားလုံးသည် မျက်လုံးအပြူးသားနှင့် စောင့်ကြည့်နေကြပြီး သူတို့သည် ထိုအခိုက် အတန့်လေးအတွင်း တစ်စုံတစ်ရာ လက်လွတ်သွားမည်ကို စိုးရိမ်သည့်အလား မျက်တောင်ပင် မခတ်ရဲကြပေ။

ဖက်တီးလေးနှင့် အခြားသူများသည် အလိုလို စိတ်ထဲမှာ တင်းကျပ်လာကြပြီး သူတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်ထိတ်လန့်နေသည့် အမူအရာများက ပေါ်လွင်လာကြလေသည်။

သူက သားရဲအစွမ်းအစများကို အသုံးမပြုရဘူး ဆိုလျှင် ဆူဇီမိုသည် သီယင်း၏ ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးသော တိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလား.. သူတို့ မသိပေ။

All Chapters