← Chapters

မဟာကစဉ့်ကလျား အမြုတေလက်ဝါး

Vol. 50 Ch. 742

မဟာကစဉ့်ကလျား အမြုတေလက်ဝါး

Vol. 50 Ch. 742

ဆူဇီမိုသည် လောကကို အထက်စီးကနေ ကြည့်နေသော ဧကရာဇ်တစ်ပါးနှင့် ဆင်တူသော အလွန့်အလွန်ကြီးမားသော စွမ်းအားနှင့် ထိုးချက်ကို ရင်ဆိုင်ရသောအခါ သူသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်ဖြစ်သော မျှော်လင့်ချက်မျောက်ဝံ သစ်သီးကမ်းလှမ်းခြင်းကို အလိုလိုထုတ်ဖော်ချင်မိလေသည်။

အဲဒါက.. သူ၏ အလိုအလျောက်တိုက်ခိုက်ရည်ဖြစ်လေသည်။

တစ်စုံတစ်ယောက်အတွက် အလိုအလျောက်တိုက်ခိုက်ခြင်းသည် သူ၏ကြွက်သားမှတ်ဉာဏ်များမှတဆင့် ထွက်ပေါ်လာခြင်းဖြစ်လေသည်။

တစ်ဖက်ရန်သူက တိုက်ခိုက်ချိန်တွင်.. သူ၏စိတ်အခြေအနေက ဗလာကျင်းနေသော်လည်း သူတို့၏ခန္ဓာကိုယ်က စဉ်းစားခြင်းမရှိ တုံ့ပြန်နိုင်လေသည်။

များသောအားဖြင့်တော့.. အဲဒါသည် တစ်စုံတစ်ယောက်က သူတို့ရန်သူ၏တိုက်ခိုက်မှုကို မမြင်ရသောကြောင့် မဟုတ်ပေ။ အဲဒါသည် တိုက်ခိုက်မှုကို ဘယ်လိုကိုင်တွယ်ရမလဲ သို့မဟုတ် ဘယ်လိုရှောင်ရှားရမလဲ စဉ်းစားတွေးတောနေဖို့ အချိန်မရှိသောကြောင့် ဖြစ်လေသည်။

အနီးကပ်တိုက်ခိုက်ရေးမှာ သူတို့၏ ပါရမီအရည်အချင်းက သူတို့၏ အလိုအလျောက်တုံ့ပြန်တိုက်ခိုက်ခြင်းပေါ်တွင် လုံးလုံးလျားလျား မှီခိုထားရလေသည်။

သို့သော်လည်း… မျှော်လင့်ချက်မျောက်ဝံ သစ်သီးကမ်းလှမ်းခြင်းသည် သားရဲနည်းစနစ်တစ်ခုအဖြစ် သတ်မှတ်၍ရကြောင်း ဆူဇီမိုသည် ရုတ်တရက် အမှတ်ရသွားပြီး ရင်တစ်ချက်ထိတ်သွားလေသည်။

သူ၏ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်များကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့ပြီး သူ၏စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာက ၎င်းနှင့် လျှို့ဝှက်ဆန်းကြယ်စွာ ဟန်ချက်ညီနေလေသည်။

ဘေးကနေ စောင့်ကြည့်သူများက အမှတ်တမဲ့ ကြည့်ပြီဆိုလျှင် ဆူဇီမိုအစား သူတို့က သိပ်သည်းသော သွေးရနံ့ဖြင့် မျှော်လင့်ချက်မျောက်ဝံ သားရဲဘုရင်တစ်ကောင်က တိုက်ခိုက်နေသည်ကို မြင်ယောင်ကြပေလိမ့်မည်။

ပကတိအရှင်ဟွမ်ယီနှင့် အခြားသူများက ထိုအခါ သူ့ကို သေချာပေါက် တိုက်ခိုက်လာပေလိမ့်မည်။

ထိုအတွေးတစ်ချက်က ဆူဇီမိုကို တုံ့ဆိုင်းသွားစေပြီး သူ၏အော်ရာက ချက်ချင်းအရေးနိမ့်သွားလေသည်။

သူသည် တန်ပြန်တိုက်ခိုက်ဖို့ အချိန်မရှိဘဲ အသည်းအသန် ခုခံလိုက်ရလေသည်။

ထိုကဲ့သို့ ထိတ်ထိတ်ပျာပျာဖြစ်သွားသည့် အခိုက်အတန့်မှာ ဆူဇီမိုသည် သူ၏လက်နှစ်ဖက်ကိုသာ ပင့်မြှောက်လိုက်ရလေသည်။

ထိုအချိန်မှာ.. သီယင်း၏လက်သီးက ဆင်းသက်လာပြီဖြစ်လေသည်။

‘ဘုန်း..’

သူတို့၏ အသားနှင့်အရိုးများက ရိုက်ခတ်မိသွားလေသည်။

ဆူဇီမို၏မျိုးဆက်သွေးက ရုန်းကြွလာပြီး သူက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရလေသည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမိုသည် တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ဖူးပြီး သန်မာအားကောင်းသော ရန်သူများစွာကို စီးပိုးခြယ်လှယ်နိုင်ခဲ့လေသည်။ သို့သော်လည်း.. အနီးကပ်တိုက်ခိုက်ရေးမှာ တစ်စုံတစ်ယောက်သည် သူ့ကို နောက်ဆုတ်စေနိုင်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

သူသည် စိတ်အာရုံတစ်ချက် ပျက်ယွင်းမှုနှင့်အတူ စဦးအရေးနိမ့်မှုကို ကြုံတွေ့လိုက်ရလေသည်။

သီယင်းကဲ့သို့သော ပြန်ဝင်စားမွန်းစတားတစ်ယောက်က ထိုကဲ့သို့သော အခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမည်မဟုတ်ပေ။

သီယင်းသည် ရှေ့သို့ လှမ်းတက်ပြီး သူ၏လက်နှစ်ဖက်ကို လွှဲယမ်းကာ သံမဏိကြာပွတ်ကဲ့သို့ ဆူဇီမိုပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်လေသည်။

ဝှစ်..

လေခွင်းသံက ထွက်ပေါ်လာလေသည်။

ဆူဇီမိုသည် တည်ငြိမ်သော အမူအရာရှိနေပြီး ကြောက်ရွံ့ထိတ်လန့်မှု တစ်စွန်းတစ်စမှ ရှိမနေပေ။

သူ၏မျိုးဆက်သွေးက ဒေါသပုန်ထနေသော ဒီရေလှိုင်းသံနှင့်အတူ ရုန်းကြွလာပြီး သူ၏အရိုးများက တဖြောက်ဖြောက် မြည်လာလေသည်။

ဆူဇီမိုသည် သီယင်း၏လက်တံနှင့်အတူ တန်ပြန်ထိုးနှက်လိုက်လေသည်။

ထိုထိုးချက်ကနေ တဖျတ်ဖျတ် တလက်လက် အလင်းရောင်များက ထွက်ပေါ်လာလေသည်။

စိတ်ဝိညာဉ်အင်းကွက် ခြောက်ခု ၊ မူလစိတ်ဝိညာဉ်လက်နက်..

လူအုပ်ကြီးထဲမှ တုန်လှုပ်အံ့အားသင့်သံများက ထွက်ပေါ်လာလေသည်။

ထိုမူလစိတ်ဝိညာဉ်လက်အိတ်သည် ဆူဇီမို ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်လာတုန်းက ဖျက်စီးချေမှုန်းခဲ့သော.. ဖန်သားနန်းတော်ကျင့်ကြံသူများထံမှ ရရှိလာခဲ့ခြင်းဖြစ်လေသည်။

သီယင်း၏ခန္ဓာကိုယ် သို့မဟုတ် လက်တံက ဘယ်လိုပင်သန်မာ သို့မဟုတ် ဘယ်လိုပင် မာကြောခက်ထန်ပါစေ… မူလစိတ်ဝိညာဉ်လက်နက်တစ်ခု၏ ရိုက်ခတ်မှုကိုတော့ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

သီယင်း၏နှုတ်ခမ်းက ကွေးညွတ်သွားပြီး.. သူ၏မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုသည့်ပုံရိပ်က ဖျတ်ခနဲပေါ်လာလေသည်။ သူ၏လက်က မူလစိတ်ဝိညာဉ်လက်နက်နှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင် သီယင်းသည် သူ၏နည်းဗျူဟာကို ပြောင်းလဲလိုက်ပြီး သူ့လက်ကို ဖြန့်ထုတ်လိုက်လေသည်။ သူ၏လက်သီးက ပွင့်ထွက်သွားပြီး ဆူဇီမို၏ဦးခေါင်းပေါ်သို့ သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

‘ပျက်စီးစမ်း’

သီယင်းက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်လေသည်။

‘ဟမ်း…’

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားလေသည်။

သီယင်း၏ လက်ဝါးထံမှ စွမ်းအားကြီးသော ဖျစ်ညှစ်ခြင်း အားတစ်ခုက ထွက်ပေါ်လာလေသည်။

အဲဒါက.. ဧရာမကြိတ်စက်ကြီးတစ်ခုသည် ဆူဇီမို၏ လက်သီးကို ဆွဲယူသွင်းလိုက်သည့်အလား.. အဆက်မပြတ် လှည့်ပတ်၍ ဖိနှိပ်လာလေသည်။

တကယ်ဆို ၎င်းမှထွက်ပေါ်လာသော စွမ်းအင်က လက်အိတ်၏အပေါ်ယံကို ထိုးဖောက်ပြီး ဆူဇီမို၏ လက်သီးဆီသို့ တိုက်ရိုက်သက်ရောက်လာပြီဖြစ်လေသည်။

သူ၏လက်သီးနှင့် လက်တံကို ဧရာမကျောက်ကြိတ်စက်ကြီးတစ်လုံးက ဆွဲယူသွင်းလိုက်သည့်အလား.. သူက လုံးဝရုန်းထွက်၍ မရနိုင်တော့ကြောင်း ဆူဇီမိုက ရှင်းရှင်းလင်းလင်း ခံစားလိုက်ရလေသည်။

‘မဟာကစဉ့်ကလျား အမြုတေလက်ဝါး’

အောက်ဘက်ရှိ လူအုပ်ကြီးထဲတွင် လင်းရွှမ်ကျီက သုန်မှုန်သော အမူအရာဖြင့် ရေရွတ်လိုက်လေသည်။

မဟာကစဉ့်ကလျား အမြုတေလက်ဝါးသည် ကစဉ့်ကလျားအမြုတေဂိုဏ်း၏ တမူထူးခြားသော မူပိုင်လျှို့ဝှက်ပညာရပ်ဖြစ်ပြီး အဲဒါက.. အလွန်တရာကိုမှ ကြောက်စရာကောင်းလှပေသည်။

၎င်း၏အကန့်အသတ်မှာဆို လက်ဝါးတစ်ချက်က တောင်တန်းများကိုပင် ဖြိုဖျက်နိုင်လေသည်။

မူလအဆင့်ခုခံရေး စိတ်ဝိညာဉ်လက်နက်များကို ဝတ်ဆင်ထားသော ကျင့်ကြံသူများအနေဖြင့် သူတို့၏ အပေါ်ယံမှာတော့ အကောင်းပကတိ ရှိနေပေလိမ့်မည်။ သို့သော်လည်း.. သူတို့၏ ကိုယ်တွင်းအင်္ဂါများက စုတ်ပြဲသွားပြီး သူတို့က သတ်ဖြတ်ခံရနိုင်လေသည်။

မဟာကစဉ့်ကလျား အမြုတေလက်ဝါးက အရာရာတိုင်းကို ကြိတ်ချေနိုင်လေသည်။

မူလစိတ်ဝိညာဉ်လက်နက်တစ်ခုတောင်မှ မဟာကစဉ့်ကလျား အမြုတေလက်ဝါး၏ ဖျစ်ညှစ်ခြင်းစွမ်းအားကို ခုခံနိုင်ခြင်း မရှိပေ။

ဆူဇီမိုသည် နောက်ထပ်ခြေတစ်လှမ်း ထပ်ဆုတ်လိုက်ရပြီး သူ၏လက်ကို ညင်သာစွာ ခါကာ တိတ်တဆိတ် တုန်လှုပ်သွားလေသည်။

စောစောက.. နောက်ဆုံးအခိုက်အတန့်မှာ သူသည် ဒီလှိုင်းစွမ်းအားကို မထုတ်ဖော်ခဲ့ဖူးဆိုလျှင် ထိုဖလှယ်မှုအပြီး၌ သူ၏လက်တံက ပျက်စီးသွားပြီး သူက အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။

အဆူရာယန်ပေးချန်က သူ့အား ဒီလှိုင်းကြမ်းကို သင်ကြားပေးခဲ့ပြီးနောက် ဆူဇီမိုက ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အလဟဿ မနေခဲ့ပေ။

ဒီလှိုင်းကြမ်းတွင် စုစုပေါင်း အဆင့်ကိုးဆင့် ပါရှိလေသည်။

ယခုဆို ဆူဇီမိုက အဆင့်သုံးသို့ ရောက်ရှိနေလေပြီ။

‘ဟမ်’

သီယင်းက ပိုလို့တောင် အံ့အားသင့်သွားသေးလေသည်။

ပုံမှန်အခြေအနေမှာဆိုလျှင်… သူတို့တိုက်ခိုက်နေစဉ်အတွင်း မဟာကစဉ့်ကလျား အမြုတေလက်ဝါး ဆင်းသက်လာပါက ဆူဇီမိုသည် အဲဒါကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း.. သူတို့ ထိတွေ့လိုက်သည့် ခဏမှာပင် ဆူဇီမို၏လက်သီးမှ တဝုန်းဝုန်း ရိုက်ခတ်လာသော ဒီလှိုင်းများနှင့်ဆင်တူသော စွမ်းအားအလွှာသုံးခုက ရုန်းထွက်လာခဲ့လေသည်။

ထိုစွမ်းအားကပင် သူ၏ ကစဉ့်ကလျား အမြုတေလက်ဝါး၏ ကြိတ်ချေခြင်းစွမ်းအားကို ပယ်ဖျက်ခဲ့ခြင်းဖြစ်လေသည်။

တိုက်ခိုက်နေစဉ်အတွင်း.. သူ့အနေနှင့် ထိုမေးခွန်းကို လေးလေးနက်နက် စဉ်းစားနေဖို့ အချိန်မရှိပေ။

ယခုအခါ.. သီယင်းက စဦးအရေးသာမှုနှင့် အလွန်မြင့်မားသော အော်ရာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ သူ၏ အသာရနေသည့် အခြေအနေကို သူက လက်လွှတ်လိုက်စရာ အကြောင်းမရှိဘဲ ရှေ့သို့တစ်ဖန် ထိုးတက်လာလေသည်။ သူ၏လက်ကို ဆန့်တန်း‌ပြီး ဆူဇီမိုကို နောက်တစ်ဖန် ထိုးနှက်လိုက်လေသည်။

‘ဘန်း… ဘန်း… ဘန်း’

သူတို့၏ ထိတွေ့ရိုက်ခတ်ခြင်းမှ ခပ်ထိုင်းထိုင်း အသံများက ထပ်တလဲလဲ ထွက်ပေါ်လာလေသည်။

သီယင်းက ဆက်တိုက် ရှေ့သို့တိုးလာလေသည်။

ဆူဇီမိုက အတောမသတ် နောက်သို့ဆုတ်ပေးနေရလေသည်။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက.. သီယင်းသည် အနီးကပ်တိုက်ခိုက်ရေးမှာ ကြောက်စရာကောင်းသည့် သူ၏ပါရမီကို ထုတ်ပြခဲ့ပြီး သူက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်မှ သတ်ဖြတ်ကွက်များကို ဆက်တိုက်ချေဖျက်ပြခဲ့လေသည်။

ယခု.. ဆူဇီမိုက သူ၏သားရဲနည်းစနစ်များကို အသုံးမပြုနိုင်သောအခါ သူ၏ခွန်အားက သိသိသာသာ လျော့ကျသွားပြီး သူ၏အနီးကပ်တိုက်ခိုက်ရေးမှ သတ်ဖြတ်ကွက်များကိုလည်း ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

သူသည် အချိန်တိုအတွင်း အခြေအနေကို ပြန်ပြောင်း၍ ဖိအားပေးနိုင်ဖို့ ခက်ခဲပြီး သီယင်း၏ ဆက်တိုက်ဖိနှိပ်ခြင်းကို ခံနေရလေသည်။ သူက အချိန်မရွေး သတ်ဖြတ်ခံရနိုင်သည့် အနေအထားပင်။

‘အာ.. သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကြီးမားတာပဲ.. သူတို့က တိုက်ပွဲစစချင်းမှာပဲ သီယင်းက ဆူဇီမိုကို ဖိနှိပ်ထားနိုင်ပြီဆိုတော့.. ဆူဇီမိုကတော့ လုံးဝကို ကူကယ်ရာမဲ့နေတာပဲ’

‘အမှန်ပဲ.. ဆူဇီမိုက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲပဲ ငါတို့ စောင့်ကြည့်ဖို့ ရှိတော့တယ်’

‘သူက သမိုင်းတလျှောက် အသန်မာဆုံးပြန်ဝင်စားမွန်းစတားဆိုတဲ့ ဘွဲ့ကို ယူနိုင်ခဲ့ပေမဲ့လို့.. သူက သီယင်းနဲ့ယှဉ်ရင် နိမ့်ကျနေသေးတာပဲ’

‘တကယ်တော့.. အဲဒီအခြေအနေက အတော်လေးကောင်းနေသေးတယ်လို့ ပြောရမယ်… ဆူဇီမိုက သီယင်းထံက ဒီလောက်တိုက်ခိုက်မှုတွေကို ခုခံနိုင်နေသေးတာကပဲ သူ့ရဲ့ခွန်အားကို သက်သေပြပြီးနေပြီ’

လူအုပ်ကြီးက ဆွေးနွေးလိုက်ကြလေသည်။

ဖက်တီးလေးနှင့် အခြားသူများသည် သုန်မှုန်နေပြီး သူတို့၏အမူအရာများက စိုးထိတ်နေကာ သူတို့၏ခန္ဓာကိုယ်များက တောင့်တင်းနေကြလေသည်။ သူတို့က ဆူဇီမို တစ်ခုခုဖြစ်ပျက်သွားမှာကို စိုးရိမ်နေသည့်အလားပင်။

‘စိတ်ကို လျှော့ထား’

ဘေးဘက်ရှိ လင်းရွှမ်ကျီသည် အလွန်တရာတည်ငြိမ်နေပြီး ကျောက်သားစင်မြင့်ထက်မှ လူနှစ်ယောက်ကို လက်ညိုးထိုးပြလိုက်၏။

‘သေချာအာရုံစိုက်ကြည့်လိုက်.. ဆူဇီမိုက အရေးနိမ့်ပြီးတော့ နောက်ကိုဆုတ်နေရတယ်လို့ ထင်ရပေမဲ့ သူက ရှုံးနိမ့်တော့မယ့် လက္ခဏာ မရှိသေးဘူး.. သူတို့က အနီးကပ် လုံးထွေးနေကြတာ… တိုက်ပွဲအခြေအနေက အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်’

ကျောက်သားစင်မြင့်ထက်တွင်.. သီယင်း၏ တဖွဲ့ဖွဲ့ ကျရောက်လာသော တိုက်ခိုက်မှုများသည် ပို၍မြန်ဆန်လာပြီး ပို၍ပြင်းထန်လာလေသည်။

သူ၏ ပေါ့ပါးဖျတ်လတ်မှုက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ပြီး.. ဘယ်သို့ ညာသို့ တဖျတ်ဖျတ် လှုပ်ရှားနေလေသည်။

သူ၏လက်ဝါးနည်းစနစ်က ပိုလို့တောင် ကြောက်စရာကောင်းသေးပြီး သူ့လက်ဝါးများ၏ နောက်ချန်ပုံရိပ် ရာပေါင်းများစွာက တဖွဲ့ဖွဲ့ကျဆင်းနေပြီး ဆူဇီမိုကို ဆက်တိုက်ဖိအားပေးနေလေသည်။

ဆူဇီမို၏အမူအရာက တည်ငြိမ်နေလေသည်။

သူက နောက်ဆုတ်နေရသော်လည်း.. သူ၏မျက်လုံးထဲရှိ အလင်းရောင်က အစုဖွဲ့ အားကောင်းလာလေသည်။

သူ၏သားရဲအစွမ်းအစများကို ထုတ်မသုံးရဘူးဆိုလျှင်တောင် သူ့မှာ ဝှက်ဖဲများစွာ ကျန်ရှိနေသေးလေသည်။

‘ပါ!…’

ရုတ်တရက်ဆိုသလို.. မန္တန်ရွတ်ဖတ်သံက သတိပေးခြင်းမရှိ ထွက်ပေါ်လာလေသည်။

ဆူဇီမိုသည် မန္တန်ကို ရွတ်ဆိုပြီးနောက် သူ၏လက်ဝါးနှစ်ဖက်ကို အတူတကွ ယှက်ဖြာလိုက်လေသည်။ သူ၏လက်ညိုးများက အခြားသော လက်လေးချောင်းနှင့် ကန့်လန့်ဖြတ် ထိတွေ့လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ချိပ်စည်းတစ်ခုကို ထုတ်ဖော်လိုက်လေသည်။

ထိုချိပ်စည်းကို ဆင့်ခေါ်ပြီးနောက်.. ဆူဇီမိုသည် ဆက်တိုက်နောက်ဆုတ်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်လေသည်။

သူ၏ခြေထောက်နှစ်ဖက်က ကျောက်သားစင်မြင့်ထက်မှာ အမြစ်တွယ်သွားသည့်အလား.. သူ၏ခန္ဓာကိုယ်က တောင်တစ်လုံးကဲ့သို့ လှုပ်ခါ၍ မရနိုင်တော့ပေ။

သီယင်းက ဆတ်ခနဲ တုန်ယင်သွားလေသည်။

သူ၏မျိုးဆက်သွေးနှင့် စိတ်ဝိညာဉ်စွမ်းအင်များက မန္တန်ရွတ်ဖတ်သံ၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရပြီး.. အဲဒီမှာ ခဏမျှ လေးကန်သွားလေသည်။

တစ်ချိန်တည်းမှာပင်.. သူ၏ မဟာကစဉ့်ကလျား အမြုတေလက်ဝါးကလည်း အနည်းငယ် သက်ရောက်ခြင်း ခံလိုက်ရလေသည်။

တိမ်လွှာများထက်တွင်… ဗုဒ္ဓကျောင်းတော်များမှ နိုးထဝိညာဉ်များ၏ အမူအရာများသည် ပြောင်းလဲသွားပြီး သူတို့က အံ့အားတသင့် ရေရွတ်လိုက်လေသည်။

‘မလှုပ်ရှားနိုင်သော အုတ်မြစ်ချိတ်စည်း’

ကိုယ်တော်ယင်လူပင်လျှင် တုန်လှုပ်အံ့အားသင့်သွားပြီး… သူက တီးတိုးရေရွတ်လိုက်လေသည်။

‘အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ’

******

All Chapters