← Chapters

ဝှက်ဖဲများ

Vol. 50 Ch. 743

ဝှက်ဖဲများ

Vol. 50 Ch. 743

မရွေ့လျားနိုင်သော အင်မော်တယ်ချိတ်စည်းသည် ဗုဒ္ဓကျောင်းတော်များ၏ တာမင်းအစစ်အမှန်သုတ္တန်မှ ထိပ်တန်းအဆင့် ဓမ္မချိတ်စည်းတစ်ခုဖြစ်လေသည်။

သို့သော်လည်း တာမင်းကျောင်းတော်က ဖျက်စီးခံရခြင်းနှင့်အတူ တာမင်းအစစ်အမှန်သုတ္တန်က ပျောက် ဆုံးသွားသည်မှာ ကြာမြင့်ခဲ့ပေပြီ။

ဤအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင် ဖာဟွားကျောင်တော်၏ ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်း အမြုတေနယ်မြေသာ ပြန်လည်ပေါ်ထွက်လာခြင်းမဟုတ်ဘဲ တာမင်းကျောင်းတော်၏ ပျောက်ဆုံးနေသော ဓမ္မချိတ်စည်းတစ်ခုကလည်း ဒီနေရာမှာ ပြန်ပေါ်လာခဲ့လေပြီ။

ဗုဒ္ဓကျောင်းတော်များ၏ ကိုယ်တော်ယွမ်ခုန်း ၊ ကိုယ်တော်ဝေဖူနှင့် အခြားသော နိုးထဝိညာဥ်အချို့သည် တောက်ပသောအကြည့်များဖြင့် ဖလှယ်လိုက်ကြလေသည်။

မရွေ့လျားန်ိုင်သော အင်မော််တယ် ချိတ်စည်းကို တာမင်းမန္တန်နဲ့အတူ တွဲဖက်၍ ထုတ်ဖော်လိုက်သော အခါ အလွန်တရာကြောက်စရာကောင်းလှသော ခုခံရေး အစွမ်းအစများကို ပေါ်ထွက်လာစေနိုင်လေသည်။

မရွေ့လျားနိုင်သော တောင်တစ်လုံးကဲ့သို့ မြေပြင်ပေါ်မှာ အုတ်မြစ်တွယ်ရပ်တည်ခြင်း....

သီယင်း၏ မဟာကစဥ့်ကလျား အမြုတေလက်ဝါးက ဆူဇီမိုပေါ်သို့ ဆင်းသက်လာသောအခါ နတ်ဘုရားဆန်သော ဗုဒ္ဓအလင်းတန်းများကို နှိုးဆွမိသွားပြီး အလွန့်အလွန်ကြီးမားသော စွမ်းအင်ပမာဏများက ရောင်ပြန်ဟပ်လာလေသည်။

ဆူဇီမိုက တုတ်တုတ်မျှမလှုပ်ပေ...။

သီယင်းအတွက််တော့ သူ၏ မြောက်များလှစွာသော တဖွဲ့ဖွဲ့တိုက်ခိုက်မှုများက ခေတ္တမျှ ရပ်တန့်သွားလေသည်။

ဆူဇီမို၏မျက်လုံးက ဝင်းလက်သွားပြီး သူ၏ နှုတ်ခမ်းက လှုပ်သွားကာ နောက်ထပ်ဂါထာမန္တန်သံ တစ်သံကို ရွတ်ဆိုလိုက်လေသည်။

"မာ...!"

မန္တန်သံက ဝန်းကျင်တစ်ခွင် မြည်ဟည်းလာလေသည်။

တစ်ချိန်တည်းမှာပင် သူသည် လက်နှစ်ဖက်ကို ထုတ်ပြီး စိတ်ဝိညာဥ်စွမ်းအင်များကို တိုးထွက်စေကာ နောက်ထပ်ဗုဒ္ဓဓမ္မချိတ်စည်းတစ်ခုကို ဖွဲ့တည်လိုက်လေသည်။

သူ၏ ဖြန့်ထားသော လက်ချောင်းများနဲ့အတူ လေထဲမှာ တောက်ပသော ရွှေရောင်လက်ဝါးတစ်ခုက ပေါ်လာပြီး အကျဥ်းထောင်တစ်ခုကဲ့သို့ သီယင်းကို ချုပ်နှောင်ဖို့ ရွေ့လျားလာလေသည်။

အဲ့ဒါက တာမင်းဓမ္မချိတ်စည်းများမှ တစ်ခုဖြစ်သော အင်မော်တယ်ထောင်ချောက် ဓမ္မချိတ်စည်း ဖြစ်လေသည်။

ထိုချိတ်စည်းက ဆင်းသက်လာသောအခါ အင်မော်တယ်များတောင် ပိတ်မိနိုင်လေသည်။

ဆူဇီမိုသည် မရွေ့လျားနိုင်သော အင်မော်တယ်ချိတ်စည်းဖြင့် သူ၏အခြေအနေကို တည်ငြိမ်စေပြီးနောက် သူ၏ တန်ပြန်တိုက်ခိုက်မှုကို စတင်လိုက်လေသည်။

သီယင်းက အမူအရာကင်းမဲ့နေပြီး သူ၏နားနှစ်ဖက်ပေါ်ရှိ ကြွက်သားများက တဆတ်ဆတ်လှုပ်သွားကာ သူ၏နားရွက်နှစ်ဖက်က ပါးပြင်ဘက်သို့ မကောင်း ဆိုးဝါး ဆန်ဆန် ကပ်သွားလေသည်။

အပြင်လောကမှ အသံများကို အဲ့ဒါက လုံးလုံး လျားလျား ပိတ်ဆို့ထားလိုက်လေသည်။

ထိုသို့ဖြင့် တာမင်းမန္တန်မှ စွမ်းအားက ချက်ချင်းပင် သိသိသာသာ လျော့ကျသွားလေသည်။

"အမြစ်ပြတ်ချေမှုန်းခြင်း ဓါးချီ...."

အင်မော်တယ်ထောင်ချောက် ချိတ်စည်း၏ ဝင်ရောက်လာသော ဧရာမရွှေရောင်လက်ဝါးကြီးနှင့် ရင်ဆိုင်ရချိန်တွင် သီယင်းက သံရှည်တစ်ချက်ဆွဲ၍ ဟိန်းဟောက်လိုက်ပြီး သူ၏ လက်ချောင်းများကို လှုပ်ရှားကာ လက်ဟန်ချိတ်စည်းတစ်ခုကို ဖန်တီးလိုက်လေသည်။ သူ၏ လက်ချောင်းထိပ်များမှ မီးခိုးရောင်ဖြင့် မှုန်ရီဝေဝါးသော ဓါးချီများက ပစ်လွင့်ထွက်ပေါ်လာလေသည်။

ဓါးချီများက လေထဲကိုဖြတ်သန်းသွားပြီး ပတ်ဝန်းကျင်ရှိ အသက်ဓာတ်နှင့် စိတ်ဝိညာဥ်ချီများကို ကုန်စင်အောင် စုပ်ယူဝါးမြိုလိုက်လေသည်။

"အဲ့ဒါက လူသားဧကရာဇ်ရဲ့ လျှို့ဝှက်ပညာရပ်တစ်ခုဘဲ..."

ပဟေဠိနန်းတော်၏ လက်ရှိမျိုးဆက် အမွေခံတပည့်တစ်​ယောက်အနေဖြင့် လင်းချွမ်ကျီက ဗဟုသုတကြွယ်ဝပြီး ထိုဓါးချီ၏ နောက်ခံကို ချက်ချင်း မှတ်မိသွားလေသည်။

"သီယင်းက တစ်ကယ်ဘဲ လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိထားတာဘဲ..."

ရှီး......

ဓားချီများက ရွှေရောင်လက်ဝါးပေါ်မှာ လျှောတိုက်သွားသော အသံများက ထွက်ပေါ်လာလေသည်။

ချက်ချင်းဆိုသလိုပင် လက်ဝါးကြီး၏ အလယ်တွင် ဖြူဖွေးသော ဒဏ်ချက်တစ်ခုက ပေါ်လာလေသည်။

ဘုန်း......

ထိုဓါးချီဖြင့် ရွှေရောင်လက်ဝါးက နှစ်ပိုင်း လှီးဖြတ်ခံလိုက်ရလေသည်။

"မင်းမှာရှိတာ ဒါအကုန်ဘဲလား...."

သီယင်းက လှောင်ရယ်လိုက်လေသည်။

သို့သော်လည်း သူ့ရယ်သံမဆုံးသေးခင်မှာပင် လေထုကို လွှမ်းခြုံလာသော ဓါးချီများ၏ အလွန်ကျယ် လောင်သောအသံက သူ့အသံကို လွှမ်းမိုးသွားလေသည်။

ချွင်....ချွင်...

ဓါးချီစီးချောင်းများက တဖျတ်ဖျတ်တလက်လက်ပုံစံဖြင့် လေထဲမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလေသည်။

အဲ့ဒါက ဓါးပျံ ၂၇ လက်ဖြစ်ပြီး သူတို့အားလုံးက ထိပ်တန်းအဆင့်များ ဖြစ်လေသည်။

ဒါ့အပြင် ဓါးပျံတစ်လက်ချင်းစီသည် ပြိုးပြိုးပြက်ပြက် မိုးကြိုးလျှပ်စီးများဖြင့် တောက်ပနေပြီး သူတို့၏ ပတ်လည်ကို လျှပ်စီးကြောင်းများက ရစ်ခွေထားကာ တစ်မူထူးခြား ဆန်းပြားနေလေသည်။

ဓါးပျံများသည် တစ်မူထူးခြားသည့် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်သွားပြီး လေထဲမှာ ဓါးချက်များကို ချန်ထားရစ်ခဲ့လေသည်။ အဲ့ဒါက အလွန်တရာထက်ရှသော ဝင်္ကပါတစ်ခုအဖြစ်သို့ စုဖွဲ့သွားလေသည်။

"အာ... အဲ့ဒါက ဓါးဝင်္ကပါတစ်ခုဘဲ..."

"ဆူဇီမိုရဲ အိတ်ကပ်ထဲမှာ ဒီလိုဝှက်ဖဲတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..."

လူအုပ်ကြီးထဲတွင် ရှေးဟောင်းအစီအရင်ဂိုဏ်းမှ ပြိုင်စံရှားသည် မျက်မှောင်ကြုတ်၍ အတွေးနက်နေပြီး ကျောက်သားစင်မြင့်ထက်ကို ငေးကြည့်နေလေသည်။

ဓါးဝင်္ကပါမှ အလင်းတန်းများက အလွန်ကို ကြောက်စရာကောင်းနေသော်လည်း သူက ၎င်း၏မူလဇာစ်မြစ်ကို မခွဲခြားနိုင်ပေ။

"ငါ့ရဲ့ အစွမ်းအစကိုလည်း တစ်ချက်လောက် မြည်းကြည့်လိုက်ဦး..."

ဆူဇီမိုက အော်ဟစ်လိုက်ပြီး အဆင့်သုံး မီးပဒေသာ ဓါးဝင်္ကပါကို ထိန်းချုပ်ကာ သီယင်းအပေါ်ကို လွှမ်းခြုံစေလိုက်လေသည်။

ဓါးချီများက တဇီဇီ မြည်လာပြီး ချစ်ချစ်တောက် ပူပြင်းသော နေတစ်စင်းကဲ့သို့ လေထဲမှာ အဆက်မပြတ် လှည့်ပတ်ကာ အရာရာတိုင်းကို ဆုတ်ဖြဲပစ်ချင်သည့်အလား ဖျက်စီးအားကောင်းသော အော်ရာတစ်ခုကို ထုတ်ပေးလာလေသည်။

"ဥုံ.....!"

"မာ.....!"

ဂါထာမန္တန်အသံများက တစ်ဖန်ထပ်ပြီး ထွက်ပေါ်လာပြန်​သည်။

ဆူဇီမို၏ လက်နှစ်ဖက်က လှုပ်ရှားသွားပြီး မတူညီသော စိတ်ဝိညာဥ်ချိတ်စည်းများကို ဖြစ်ပေါ်စေကာ သူ၏ရွှေအမြုတေက လည်ပတ်လာလေသည်။ စိတ်ဝိညာဥ်စွမ်းအင်များက တိုးထွက်လာပြီး သူ၏ ဦးခေါင်းနောက်တွင် အလွန်တရာ မြင့်မြတ်ထည်ဝါသော ရောက်ခြည်စက်ဝန်းတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

မိစ္ဆာနှိမ်နင်း ချိတ်စည်းနဲ့ သားရဲနှိမ်နင်းချိတ်စည်း....။

အခြားသော တာမင်းဓမ္မချိတ်စည်းနှစ်ခုက တစ်ချိန်တည်းမှာ ထွက်ပေါ်လာလေသည်။

ဧရာမ ရွှေရောင်လက်ဝါးကြီးနှစ်ဖက်က ပေါ်ထွက်လာပြီး သီယင်းကို မတူညီသော အရပ်နှစ်ဖက်မှ ဖိချေလာလေသည်။

အဲ့ဒါက ပြီးဆုံးမသွားသေးပေ။

သူက ဗုဒ္ဓကျောင်းတော်များ၏ တာမင်းဓမ္မချိတ်စည်းနှစ်ခုကို ထုတ်ဖော်ပြီးနောက် ဆူဇီမိုသည် မနောနည်း စနစ်တစ်ခုကို လှည့်ပတ်ကာ သူ၏ရှေ့ရှိ လေထဲတွင် ဘောလုံးတစ်လုံးကို ပွေ့ဖက်နေသည့်အလား ပြုမူလှုပ်ရှားလိုက်လေသည်။ သူ၏ လက်ဝါးထဲမှ မီးကျည်တစ်ခုက ရုန်းထွက်လာပြီး မီးလုံးတစ်လုံးအဖြစ် စုစည်းသွားလေသည်။

"သွား...."

ဆူဇီမိုက အရှေ့သို့ ညွှန်လိုက်လေသည်။

အလွန်ကြီးမားသောမီးလုံးကြီးက ရှေ့သို့ ဝုန်းကနဲထိုးတက်သွားပြီး လေထုထဲရှိ အပူချ်ိန်က ချက်ချင်းမြင့်တက်လာလေသည်။

အဲ့ဒါက လေထဲမှာ ရှိနေစဥ်မှာပင် မီးလုံးကြီးက လက်သီးဆုပ်အရွယ် မီးလုံးလေးများစွာအဖြစ်သို့ ပေါက်ကွဲထွက်သွားလေသည်။

အဲ့ဒါက မီးတောင်တစ်လုံးကနေ ရုန်းကန်လျှံထွက်လာသော မီးမိုးများကဲ့သို့ တဖွဲ့ဖွဲ့ကျဆင်းလာလေသည်။

"လျှပ်တစ်ပြက် မိုးကြိုး...."

သီယင်း၏ဦးခေါင်းထက်တွင် တိမ်ညိုတိမ်စိုင်များက အစီအရီထပ်လာပြီး ဆက်တိုက်လည်ပတ်လာလေသည်။ အဲ့ဒါက နက်မှောင်နေသော ဧရာမ ဝဲကတော့ကြီးတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးကြိုးသံများက တဖြောက်ဖြောက်မြည်ကာ ကမ္ဘာတစ်ခုလုံးက လည်ပတ်လာလေသည်။

ရေပုံးတစ်လုံးထက် ပို၍တုတ်ခိုင်သော မိုးကြိုးတစ်စင်းသည် သီယင်းဆီသို့ ကြမ်းကြုတ်ခက်ထန်စွာဖြင့် ပစ်ချလိုက်လေသည်။

တုန်လှုပ်သွားခြင်း......

မှင်သက်သွားခြင်း.....

ပြိုင်ဘက်ကင်းခြင်း......

ထိုအခိုက်အတန့်တွင် ကျောက်တုံးစင်မြင့်အောက်ရှိ ကျင့်ကြံသူပေါင်း တစ်သိန်းကျော်နှင့် န်ိုးထဝိညာဥ် ၁၇ ယောက်တို့သည် သူတို့၏ မျက်လုံးများထဲမှာ တုန်လှုပ်မှုများဖြင့် ကြက်သေသေသွားကြလေသည်။

ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုများက ဤမျှအထိ လွှမ်းမ်ိုးနိုင် ၊ ထက်ရှနိုင် ၊ ကြမ်းကြုတ်နိုင် ၊ မွမ်းကျပ်စရာကောင်းနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။

တစ်ခဏအတွင်းမှာ ဆူဇီမိုသည် များစွာသော စိတ်ဝိညာဥ်တိုက်ကွက်များနှင့် လျှို့ဝှက်ပညာရပ်ပေါင်းများစွာကို ထုတ်ဖော်ခဲ့လေသည်။

အဲ့ဒီမှာ ဓါးဝင်္ကပါအပြင် ဗုဒ္ဓကျောင်းတော်များ၏ ပျောက်ဆုံးနေသော လျှို့ဝှက်ပညာရပ်များ ၊ မီးစိတ်ဝိညာဥ် တိုက်ကွက်များနှင့် မိုးကြိုးလေပြည်နန်းတော်က အထူးပြုသော မိုးကြိုးစိတ်ဝိညာဥ်တိုက်ကွက်များပင် ပါလာလေသည်။

ရန်ထူ ၊ ရှုချန်နှင့် အခြားလူတိုင်းသည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် စောင့်ကြည့်နေကြလေသည်။ ထိုကဲ့သို့ ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကို သူတို့သာ ရင်ဆိုင်ရမည်ဆိုလျှင် သူတို့၏ ရွှေအမြုတေများကို ထုတ်ဖော်မှသာ သူတို့က ထွက်ပြေးလွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်ပေလိမ့်မည်။

သီယင်း၏ မျက်လုံးများက စိုးရိမ်ထိတ်လန့်မှုမရှိဘဲ မှေးကျဥ်းလိုက်လေသည်။

"ခုတ်ပိုင်းစမ်း...."

သူက ‘အမြစ်ဖြတ်ချေမှုန်းခြင်းဓါးချီ’ကို ထိန်းချုပ်ကာ မီးပဒေသာဓါးဝင်္ကပါ၏ အူတိုင်ကို ရိုက်ခတ်လိုက်လေသည်။

အဲ့ဒါက ဓါးဝင်္ကပါ၏ အတောက်ပဆုံးနေရာဖြစ်ပြီး အားအနည်းဆုံးနေရာလည်း ဖြစ်ပေသည်။

ချက်ချင်းပင် မီးပဒေသာ ဓါးဝင်္ကပါကကြေမွ ပြန့်ကျဲသွားလေသည်။

အမြစ်ဖြတ်ချေမှုန်းခြင်း ဓါးချီကလည်း အသက်မဲ့စွာ အရောင်မှိန်ကျသွားပြီး လောကကနေ ပျက်ပြယ်သွားလေသည်။

"တောင်တန်း ကျားကန် နည်းစနစ်...."

သီယင်းက သူ၏ လက်များကို လျှင်မြန်စွာ လှုပ်ရှားလိုက်ပြီး စိတ်ဝိညာဥ်တိုက်ကွက်တစ်ခုကို ဆင့်ခေါ်လိုက်၏။ တိမ်လွှာများထိ မြင့်မားသော စိတ်ဝိညာဥ်တောင်တစ်လုံးက ဖြစ်ပေါ်လာပြီး သူ၏ ရှေ့ကနေ ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မချိတ်စည်းနှစ်ခုကို ကာပေးလိုက်လေသည်။

ဘန်း..ဘန်း...

ဓမ္မချိတ်စည်းနှစ်ခုက စိတ်ဝိညာဥ်တောင်များနှင့် ရိုက်ခတ်မိသွားပြီး အလွန်ကျယ်လောင်သော ပေါက်ကွဲသံများက ထွက်ပေါ်လာလေသည်။

"ငြိမ်းသေစမ်း..."

သီယင်းက သူ၏ပါးစပ်ကို ဖွင့်ပြီး ကြောက်စရာကောင်းသော လေစီးကြောင်းတစ်ခုကို လေထဲမှာ ဆိုင်ကလုန်းတစ်ခုအသွင် ပြောင်းလဲသွားစေလေသည်။ အဲ့ဒါက ဝင်ရောက်လာသော မီးလုံးများကို ငြှိမ်းသတ်လိုက်လေသည်။

ဟင်း.....

ထိုသည်ကိုမြင်သောအခါ ကျင့်ကြံသူများအားလုံးသည် ပင့်သက်ကို ရှိုက်လိုက်ကြလေသည်။

အဲ့ဒါက စိတ်ဝိညာဥ်တိုက်ကွက်များနှင့် လျှို့ဝှက်ပညာရပ်များထက်ကို ကျော်လွန်နေလေပြီ။

လက်ရှိလူတိုင်းသည် ထိုလျှို့ဝှက်ပညာရပ်ကို ကျင့်ကြံန်ိုင်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တောင် သူတို့ထဲမှ မည်သူကမှ အဲ့ဒါကို ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပေ။

အဲ့ဒါက အလွန်တရာစွမ်းအားကြီးမားသော အဆုတ်အားကို လိုအပ်လေသည်။ အလွန့်အလွန်သန်မာသော မျိုးဆက်သွေးနှင့် အင်္ဂါများ၏ ထောက်ပံ့မှုမရှိလျှင် သူတို့က ထိုလျှို့ဝှက်ပညာရပ်က်ို ထုတ်ဖော်သည်နှင့် သူတို့၏ အဆုတ်က ပေါက်ကွဲထွက်သွားပေလိမ့်မည်။

သီယင်းကို ဒုက္ခပေးဖို့ ကျန်နေသော တစ်ခုတည်းသော အရာမှာ လျှပ်တစ်ပြက်မိုးကြိုး ဖြစ်လေသည်။

အဲ့ဒါက အရမ်းကိုမြန်လွန်းလှလေသည်။

သီယင်းသည် အဲ့ဒါကို ခုခံဖို့အတွက် စိတ်ဝိညာဥ်တိုက်ကွက်နှင့် လျှို့ဝှက်ပညာရပ်များကို ဆင့်ခေါ်ဖို့ အချိန်မရတော့ပေ။

သူကခေါင်းကို မော့လိုက်၏။

သူ၏ သူငယ်အိမ်နှစ်ဖက်က လျှင်မြန်စွာ တင်းကျပ်သွားပြီး အထဲတွင်ရှိသော အနက်ဆံက ဝါးမျိုခြင်းခံလိုက်ရသည့်အလား ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်က ဆွတ်ဆွတ်ဖြူလာလေသည်။

အဲ့ဒါက သူ၏ စက္ခုနည်းစနစ် နေကြတ်မျက်လုံးပင် ဖြစ်လေသည်။

သီယင်း၏ မျက်လုံးများထဲမှ အေးစက်စက် အလင်းတန်းတစ်ခုက တောက်ပလာလေသည်။

အားလုံး၏ ရှေ့မှောက်မှာပင် လေထဲက ဆင်းသက်လာသော တုတ်ခိုင်သည့်မိုးကြိုးသည် ထိုအေးစက် စက်အလင်းနှစ်ခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရလေသည်။ အဲ့ဒါက ရူးသွပ်စွာ တစီစီအော်မြည်၍ အပိုင်းပိုင်း ကွဲထွက်သွားလေသည်။

အဲ့ဒါက စက္ခုနည်းစနစ်များ၏ စွမ်းအားဖြစ်လေသည်။

မျက်လုံးတစ်စုံတည်းဖြင့် အလွန်တရာကြောက်စရာ ကောင်းလှသော သတ်ဖြတ်စွမ်းအားများကို ထုတ် ဖော်နိုင်လေသည်။

သီယင်းသည် လျှို့ဝှက်ပညာရပ်များကို ဆက်တိုက်ထုတ်ဖော်ပြီး ဆူဇီမို၏ ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုကို လုံးဝဥဿုံ ခုခံလိုက်နိုင်လေသည်။

အောက်ကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများအတွက်တော့ အဲ့ဒါက သူတို့အတွက် ကမ္ဘာသစ်တစ်ခု ပွင့်သွားသည့်အလား ခံစားလိုက်ရလေသည်။

"အေးအေး... ကောင်းတယ် ကောင်းတယ်..."

သီယင်းက အေးစက်စက်အကြည့်နှင့်အတူ ခေါင်းတဆတ်ဆတ်ညိတ်ပြီး သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားဘဲ အော်ဟစ်လိုက်လေသည်။

"ငါ့ရဲ့စိတ်ဝိညာဥ်လက်နက်ကို ထုတ်သုံးလောက်ရအောင် ဖိအားပေးနိုင်တဲ့ ကျင့်ကြံသူ တစ်ယောက်မှပေါ်ထွက်မလာခဲ့တာ နှစ်တစ်ရာရှိသွားပြီ... မင်းကတော့ ပထမဆုံးလူဘဲ..."

All Chapters