← Chapters

မဟာချွမ် အင်ပါယာ ချိတ်စည်း

Vol. 50 Ch. 744

မဟာချွမ် အင်ပါယာ ချိတ်စည်း

Vol. 50 Ch. 744

နှစ်၁၀၀ အတွင်း သီယင်း၏ လက်ဝါးနှစ်ဖက်သည် အဆင့်တူချင်းမှာ မည်သူကိုမဆို ဖိနှိမ်နိုင်ဖို့ လုံလောက်လေသည်။

တကယ်တော့ သူ၏ လက်ဝါးနှစ်ဖက်သည် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက် များကိုပင် အလွယ်တကူ ချိုးခြေနိုင်လေသည်။

ပကတိ စိတ်ဝိညာဉ် လက်နက်များတောင် သူ့ကို ထိခိုက်သည် ဆိုရုံမျှသာ ရှိနိုင်လေသည်။

အခြား ကျင့်ကြံသူ တစ်ယောက်ယောက်က မူလစိတ်ဝိညာဉ် လက်နက်တစ်ခုကို ထုတ်သုံးလာမည် ဆိုလျှင် သူက သူ၏ တိုက်ခိုက်ရည် ပညာရပ် များစွာဖြင့် အဲ့ဒါကို ရှောင်ရှားပြီး တစ်ဖက်ရန်သူကို သတ်ဖြတ် နိုင်လေသည်။

သို့သော် ယခုအခါ ဆူဇီမို၏ ကြမ်းကြုတ် ခက်ထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် သီယင်းသည် ဆက်လက်၍ တောင့်ခံနိုင်ခြင်း မရှိတော့ပေ။ သူက သိုလှောင်အိတ်ကို ပုတ်ပြီး အင်ပါယာ ချိတ်စည်း တစ်ခုကို ထုတ်ယူလိုက်လေသည်။

အဲ့ဒါက အလွန်တရာ ထူးခြားဆန်းပြားပြီး တောက်ပသော အလင်းရောင်က သူ့ဘေးမှာ လှည့်ပတ် နေလေသည်။

“သွား….”

သူက ရှေ့သို့ တွန်းထုတ်လိုက်ပြီး သူ့လက်ထဲရှိ အင်ပါယာ ချိတ်စည်းကို ပစ်ထုတ်လိုက်လေသည်။ အဲဒါက ဧရာမ တောင်တစ်လုံးကဲ့သို့ လေထဲမှာ ညင်သာစွာ ပြန့်ကားသွားပြီး အရာရာတိုင်းကို နှိမ်နင်းနိုင်သော အလွန်တရာ ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက ထွက်ပေါ်လာလေသည်။

ထိုအင်ပါယာ ချိတ်စည်း၏ အောက်ဘက်တွင် စာကြောင်းတစ်ကြောင်းကို ခတ်နှိပ် ထားလေသည်။ ‘ကောင်းကင်ဘုံ၏ အခွင့်အာဏာဖြင့် ဧကရာဇ်သည် အသက်ရှည်၍ ခမ်းနားထည်ဝါသော ဘဝကို ပိုင်ဆိုင်ရပေလိမ့်မည်’

“အား”

“အဲ့ဒါက ကြည့်ရတာတော့ မဟာချွမ် အင်ပါယာက ဘိုးစဉ်ဘောင်ဆက် အင်ပါယာ ချိတ်စည်းနဲ့တူတယ်”

“မှားစရာ မရှိဘူး အဲ့ဒါပဲ.. မဟာချွမ် အင်ပါယာက ဖျက်စီးခံရ ပြီးတဲ့နောက် အဲ့ဒီ့ ရတနာက သီယင်းရဲ့ လက်ထဲကို ရောက်နေတယ် ဆိုတော့…. ဒီလူက ဧကရာဇ် တစ်ပါးဖြစ်ဖို့ မွေးဖွားလာပြီး မဟာကံကြမ္မာကို ပိုင်ဆိုင်ထားတယ်ဆိုတာ သံသယဖြစ်စရာ မလိုတော့ဘူး”

ဘိုးစဉ်ဘောင်ဆက် အင်ပါယာ ချိတ်စည်းသည် ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်ချီများနှင့် နေနှင့်လတို့၏ အဆီအနှစ်ကို စုပ်ယူဝါးမြိုနိုင်သော သဘာဝ ကျောက်စိမ်းကျောက်တုံးမှ ပြုလုပ်ထားခြင်း ဖြစ်လေသည်။ အဲ့ဒီ့ သဘာဝကနေ ဖြစ်ပေါ်လာသော ကျောက်စိမ်းကျောက်တုံး၏ မျက်နှာပြင်ပေါ်တွင် စိတ်ဝိညာဉ် အင်းကွက် ၆ခု ရှိနေလေသည်။

နောက်ပိုင်းတွင် ဘိုးဘေး နတ်ပန်းပဲ ဆရာတစ်ယောက်က အဲ့ဒါကို အနည်းငယ် ပြုပြင်ပြီး ဘိုးစဉ်ဘောင်ဆက် အင်ပါယာ ချိတ်စည်းတစ်ခု ဖြစ်လာစေခဲ့လေသည်။

ဒဏ္ဍာရီ အရဆို ထိုအင်ပါယာ ချိတ်စည်းသည် မဟာချွမ် အင်ပါယာ၏ နန်းတော်ထဲမှာ ထိန်းသိမ်း ထားပြီး နဂါးကြောချီ၏ ဆေးကြောသန့်စင်ခြင်းကို ခံယူထားသည်ဟု ဆို၏။ မဟာချွမ် ဧကရာဇ်က အဲ့ဒါကို သူသွားလေရာမှာ သယ်ဆောင်သွားပြီး အချိန်ကြာလာသည်နှင့်အမျှ ဧကရာဇ် တစ်ပါး၏ စွမ်းအားဖြင့် ထိုအင်ပါယာ ချိတ်စည်းက ဆင့်ကဲ တိုးတက် ပြောင်းလဲလာခဲ့ လေသည်။

အင်ပါယာ ချိတ်စည်းသည် ကျောက်စိမ်းပိုင်းတစ်ပိုင်းမှ ပြုလုပ်ထားခြင်း ဖြစ်သော်လည်း အဲ့ဒါက အလွန်တရာ မာကျောခက်ထန်ပြီး သတ္ထုများကို ချိုးခြေနိုင်၊ သက်ရှိများ အားလုံးကို ဖိနှိမ်ထားနိုင်လေသည်။

အဲ့ဒါက အင်ပါယာ တစ်ခုလုံးကို ထောက်ပံ့ပေးထားသော အစစ်အမှန် လက်နက်တစ်ခု ဖြစ်လေသည်။

ဟိုအရင် မဟာချွမ် အင်ပါယာက ဖျက်ဆီးခံရပြီး အရပ်လေးမျက်နှာမှ ပြည်နယ်ခွဲ ၄ခုက ပေါ်ထွက်လာသောအခါ နေရာတိုင်းမှာ စစ်မီးတောက်ခဲ့လေသည်။ ပြည်နယ်ခွဲ တစ်ခုချင်းစီက မဟာချွမ် အင်ပါယာ၏ ဤဘိုးစဉ်ဘောင်ဆက် အင်ပါယာ ချိတ်စည်းကို လက်ဝယ် ပိုင်ဆိုင်ချင်ခဲ့ ကြလေသည်။

ပြောကြသည်မှာ ထိုဘိုးစဉ်ဘောင်ဆက် အင်ပါယာ ချိတ်စည်းကို ပိုင်ဆိုင်နိုင်သည့် မည်သူမဆို သမိုင်းတစ်လျှောက် အုပ်စိုးနိုင်သော လွှမ်းမိုးခြယ်လှယ် နိုင်စွမ်းရှိသည့် အင်ပါယာအသစ် တစ်ခုကို ပြန်လည်တည်ဆောက် နိုင်လိမ့်မည်ဟု ဆိုလေသည်။

ယခုအခါ လွန်ခဲ့သည့် နှစ် ၁၀၀၀၀ အတွင်း မြောက်ပိုင်းဒေသက ၄ ခုအဖြစ် ကွဲထွက်သွား သောအခါ မဟာကျိုး၊ မဟာရှန်၊ မဟာရှနှင့် မဟာယွီ အင်ပါယာများသည် ဤ ဘိုးစဉ်ဘောင်ဆက် အင်ပါယာ ချိတ်စည်းကို ရှာဖွေဖို့ လက်မလျှော့ခဲ့ကြပေ။ ကံဆိုးစွာနှင့်ပင် သူတို့အားလုံးက အချည်းနှီးသာ ဖြစ်ခဲ့ရလေသည်။

ယခုတော့ ထိုမဟာချွမ် အင်ပါယာ ချိတ်စည်းက သီယင်း၏ လက်ထဲမှာ ရောက်နေလေသည်။

“ဒူးထောက်စမ်း..”

သီယင်းက တောက်ပသော အကြည့်နှင့်အတူ အော်ဟစ်လိုက်လေသည်။

မဟာချွမ် အင်ပါယာ ချိတ်စည်းက ဖြည်းဖြည်းခြင်း ဆင်းသက်လာပြီး အင်ပါယာချိတ်စည်း၏ ဘေးပတ်ပတ်လည်မှာ အလွန်ကြီးမားသည့် အင်ပါယာကြီးတစ်ခုကို ဆင့်ခေါ်လိုက်လေသည်။ အဲ့ဒါက အင်ပါယာ တစ်ခုလုံးကိုပင် ထောက်ပံ့ပေးနိုင်သော စွမ်းအားဖြင့် ဖိချေကျဆင်း လာလေသည်။

ဆူဇီမိုက အမူအရာ ကင်းမဲ့နေပြီး သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ သူ့လက်ထဲမှာ ဧရာမချိတ်စည်းတစ်ခုကို ရောက်ရှိလာစေလေသည်။

သူ၏ချိတ်စည်းက လေးထောင့်ဆန်ပြီး ရွှေရောင်တောက်နေကာ ၎င်း၏ပေါ်တွင် အသက်ဝင်နေဟန်ဖြင့် နတ်နဂါးတစ်ကောင်က ရစ်ခွေနေလေသည်။

“ဒါက…”

ကောင်းကင်ထက်တွင် များစွာသော နိုးထဝိညာဉ်များ၏ အမူအရာများက ပြောင်းလဲသွားကြပြီး ဧရာမ ချိတ်စည်းကနေ ထုတ်ပေးလိုက်သော အော်ရာဆီသို့ လှည့်ကြည့် လိုက်ကြလေသည်။

“ဟမ့်..”

သီယင်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

တိုက်ပွဲမြေမှာတောင် ထိုဧရာမ ရွှေရောင်ချိတ်စည်းထဲမှာ ပါဝင်သော စွမ်းအားများကို သူက ခံစားမိနိုင်လေသည်။

ထိုစွမ်းအားများက အခုချိန်ထိ ထွက်ပေါ်မလာသေးပေ။

သို့သော်လည်း အဲ့ဒါက ထွက်ပေါ်လာသည်နှင့် မဟာချွမ် အင်ပါယာချိတ်စည်းထက် မနိမ့်ကျနိုင်ဖို့ ဖြစ်နိုင်ချေ ရှိလေသည်။

မဟာချွမ် အင်ပါယာချိတ်စည်းနှင့် ယှဉ်ပြိုင်နိုင်လောက်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် အရာက ဘာဖြစ်မလဲ…

“အဲ့ဒါက လူသားဧကရာဇ် နန်းတော်က ရတနာတစ်ခု ဖြစ်လိမ့်မယ်”

လင်းရွမ်ကျီသည် ရစ်ခွေနဂါး ချိတ်စည်းကို အရင်က မမြင်ဘူးသော်လည်း အဲ့ဒါက ဘယ်နေရာက လာသည်ဆိုတာကို သူက အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်လေသည်။

စွမ်းအားအရာမှာ မဟာချွမ် အင်ပါယာ ချိတ်စည်းကို ယှည်နိုင်သောအရာက များများစားစား မရှိပေ။ လူသားဧကရာဇ်၏ ရတနာတစ်ခုကတော့ ထိုအထဲမှတစ်ခု သေချာပေါက် ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေ မဟာချွမ် အင်ပါယာ ချိတ်စည်း၏ မူလပိုင်ရှင်သည် မဟာချွမ်အင်ပါယာ၏ ဧကရာဇ် တစ်ပါးမျှသာ ဖြစ်လေသည်။

သို့သော်လည်း ရစ်ခွေနဂါး ချိတ်စည်း၏ မူလပိုင်ရှင်ကတော့ ဒဏ္ဍာရီလာ လူသားဧကရာဇ် ဖြစ်လေသည်။

“မင်းက ငါ့ကို ဒူးထောက်စေချင် သတဲ့လား..”

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး ရစ်ခွေနဂါးချိတ်စည်းကို မြှောက်တင်ကာ အထဲသို့ စိတ်ဝိညာဉ် စွမ်းအင်များကို ထိုးသွင်းလိုက်လေသည်။

ဝှစ်..

စိတ်ဝိညာဉ် အလင်း၆ခုက တဖျတ်ဖျတ်တလက်လက် ပုံစံဖြင့် တောက်ပလာလေသည်။

အစက ချိတ်စည်း၏ အထက်မှာ ရစ်ခွေနေသော နတ်နဂါးသည် နိုးထလာပုံရပြီး ၎င်း၏ မျက်လုံးများကို ရုတ်တရတ် ဖွင့်လိုက်လေသည်။ ၎င်းက လေထုတစ်ခုလုံးကို ဖိချေနိုင်ပြီး သက်ရှိအားလုံးကို ဖိနှိမ်နိုင်သည့် အလား တုန်လှုပ်စရာ ကောင်းသည့် အော်ရာတစ်ခုကို ထုတ်ပေးလာလေသည်။

“ဂါး…”

နဂါးဟိန်းဟောက်သံက ထွက်ပေါ်လာလေသည်။

ရစ်ခွေနဂါးချိတ်စည်းသည် သူ၏ လက်ထဲကနေ ပျံသန်းသွားပြီး ရွှေရောင် အလင်းတန်းတစ်ခု အသွင်ဖြင့် မဟာချွမ် အင်ပါယာ ချိတ်စည်းဆီသို့ ပြင်းထန်စွာ ပစ်တိုက်ချလိုက်လေသည်။

ဘုန်း….

အဲ့ဒီ့မှာ ကျယ်လောင်သော အသံကြီးက ထွက်ပေါ်လာ၏။

လက်နက်နှစ်ခု၏ ထိတွေ့ရိုက်မိခြင်းမှ တဖျတ်ဖျတ် တလက်လက် အလင်းရောင်တန်းများက ထွက်ပေါ်လာလေသည်။

ရွှေရောင်အလင်းက နေရာတိုင်းမှာ ယိုဖိတ်ကျလာပြီး နဂါးတစ်ကောင်က လေထဲမှာ ကခုန်နေလေသည်။ မဟာချွမ် အင်ပါယာ ချိတ်စည်းကို ရစ်ခွေနဂါးချိတ်စည်းက ဖိနှိမ်ပြီး အဆက်မပြတ် တုန်ယင်သွားစေလေသည်။ ကျောက်စိမ်းပေါ်ရှိ အလင်းရောင် တောက်တောက်က သိသိသာသာ မှေးမှိန်သွားလေသည်။

သို့သော်လည်း ဘာပဲပြောပြော မဟာချွမ် အင်ပါယာ ချိတ်စည်းက မူလစိတ်ဝိညာဉ် လက်နက်တစ်ခု ဖြစ်လေသည်။ ရစ်ခွေနဂါးချိတ်စည်းက သန်မာသည် ဆိုသော်လည်း အဲ့ဒါက အချိန်တို အတွင်းမှာတော့ တစ်ဖက်လက်နက်ကို ဖိနှိမ် နိုင်လိမ့်မည် မဟုတ်ပေ။

သူ၏လှုပ်ရှားကွက်များကို ဆူဇီမိုက တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်ပြီးနောက် သီယင်း၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်က နက်ရှိုင်းလာလေသည်။ သူက သိုလှောင်အိတ်ကို သပ်ပြီး နက်နဲဆန်းကြယ်သော သတ္ထုဖြင့် ပြုလုပ်ထားသော အေးစက်နေသည့် ရိုက်တုတ်၂ချောင်းကို ဆွဲထုတ်လိုက်လေသည်။

“အဲ့ဒါ လွန်ခဲ့တဲ့ နှစ်၁၀၀က သီယင်း အသုံးပြုခဲ့တဲ့ လက်နက်ပဲ.. အဲ့ဒါက အဆုံးစွန် အေးခဲရိုက်တုတ်တွေ လို့ခေါ်တဲ့ မူလစိတ်ဝိညာဉ် လက်နက်ပဲ”

လင်းရွှမ်ကျီက လေးနက်စွာ ပြောလိုက်၏။

“ကစဉ့်ကလျား အမြုတေဂိုဏ်းက စွမ်းအားကြီး ကျင့်ကြံသူ တစ်ယောက်က မြောက်ဝင်ရိုးစွန်းရဲ့ အနက်ပိုင်းထဲကို ကိုယ်တိုင်သွားပြီး အေးခဲနေတဲ့ သတ္ထုကြောတစ်ခုကို ထုတ်ယူလာခဲ့တယ်။ သူကအသွန်းတစ်ရာဂိုဏ်းက ဘိုးဘေးနတ်ပန်းပဲဆရာ တစ်ယောက်ကို အဲ့ဒါကို ရိုက်တုတ်တွေအဖြစ် သန့်စင် စေခဲ့တယ်။ အဲ့ဒါက လေးပေရှည်ပြီး ပေါင် ၁၀၀၀၀ အလေးချိန်ရှိတယ်။ အဲ့ဒါက တောင်တန်းတွေကိုတောင်မှ ဖြိုဖျက်နိုင်တယ်”

နတ်ဆိုးမကျိကလည်း ခေါင်းညိတ်လိုက်လေသည်။

“လွန်ခဲ့တဲ့ နှစ်၁၀၀က ရှေးဟောင်းတိုက်ပွဲမြေမှာ မရမတွက်နိုင်တဲ့ ရိုက်တုတ်တွေက အဆုံးစွန် အေးခဲရိုက်တုတ်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်။ သူတို့ရဲ့ လက်ထဲမှာ သေဆုံးခဲ့တဲ့ ပြိုင်စံရှားတွေကလည်း အများကြီးပဲ”

“သတ်….”

ဖျတ်ကနဲဆို သီယင်းသည် သူ၏ လက်ထဲတွင် အဆုံးစွန် အေးခဲရိုက်တုတ် နှစ်လက်ကို ကိုင်စွဲပြီး ဆူဇီမိုဆီသို့ ပြေးဝင်သွားလေသည်”

လေထဲမှ အေးခဲနေသော လှိုင်းများက ဆင်းသက်လာလေသည်။ ပတ်ဝန်းကျင်ရှိ လေထုသည် ချက်ချင်းနီးပါးပင် အေးခဲသွား လေသည်။

အဆုံးစွန် အေးခဲရိုက်တုတ်များ၏ လွမ်းမိုးမှုနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုသည် သူ၏ မျိုးဆက်သွေးနှင့် ရုန်းကြွနေသော စိတ်ဝိညာဉ် စွမ်းအင်များက အနည်းငယ် လေးကန်သွားသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်လေသည်။

ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ် သွားလေသည်။

သူ၏ ကိုယ်ကာယ မျိုးဆက်သွေးနှင့် သူ၏ အဆင့်မြင့် ရွှေအမြုတေတောင်မှ သက်ရောက်ခြင်း ခံရလေသည်။

အခြားတစ်ယောက်ယောက်သာဆိုလျင် သူတို့သည် ထိုရိုက်တုတ်များနှင့် ထိတွေ့မိသည်နှင့် သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်နှင့် မျိုးဆက်သွေးများက အေးခဲသွားပေလိမ့်မည်။

ဆူဇီမိုက သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီး သူ၏ ကိုယ်တွင်းမှ ဆူနာမီ အသံတစ်သံက ထွက်ပေါ်လာလေသည်။

သူ၏ ရွှေအမြုတေက ရူးသွပ်စွာ လည်ပတ်လာလေသည်။

သူက သိုလှောင်အိတ်ကို ပုတ်ပြီး သွေးသောက်သူကို ဆွဲထုတ်လိုက်လေသည်။

“တန်ပြန်စီးကြောင်း…”

ရွှစ်…..

ဒေါသပုံထနေသော ဒီရေသံက ရုန်းကန်ထွက်ပေါ်လာပြီး သွေးရောင်အလင်းတန်းက ဝင်းလက်တောက်ပ လာကာ တန်ပြန်ကန်ထွက်သွားလေသည်။

သီယင်း၏ တိုက်ခိုက်မှုတွင် ဆူဇီမိုက လုံးဝ နောက်မဆုတ်ခဲ့ပေ။ ထိုအစား သူက စွမ်းအားကြီးသော တန်ပြန်တိုက်ခိုက်မှုအဖြစ် တည်ငြိမ်ပင်လယ်ကျမ်းမှ တန်ပြန်စီးကြောင်းကို ထုတ်ဖော်လိုက်လေသည်။ သူက သူ၏ ဆေဘာနည်းစနစ်ကို ထုတ်ဖော်လိုက်သောအခါ အလွန်ကြီးမားသော ပုံစံဖြင့် ပင်လယ်ထဲမှ ရေလှိုင်းလုံးများက ပေါ်ပေါက်လာသည့် အလားပင်။

အဆုံးစွန် အေးခဲရိုက်တုတ်များမှ အအေးဓါတ်သည် မြစ်နှင့်ရေကန်များကို အေးခဲစေနိုင်သော်လည်း အကန့်အသတ်မဲ့သော သမုဒ္ဒရာကိုတော့ အေးခဲစေနိုင်ခြင်း မရှိပေ။

ဆူနာမီသွေး..

ဒီရေလှိုင်းကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင်များက အတောမသတ် ထွက်ပေါ်လာလေသည်။

သူ၏ ဆေဘာအားက သမုဒ္ဒရာနှင့် ဆင်တူလေသည်။

အဆုံးစွန်အေးခဲ ရိုက်တုတ်များက သူ၏ မျိုးဆက်သွေး စိတ်ဝိညာဉ်စွမ်းအင် သို့မဟုတ် ဆေဘာနည်းစနစ်ကို အေးခဲစေနိုင်ခြင်း မရှိပေ။

ခွမ်း..

သွေးသောက်သူက အဆုံးစွန် အေးခဲရိုက်တုတ်များနှင့် ပြင်းထန်စွာ ထိခိုက်မိသွားလေသည်။

ချပ်….ချပ်…..ချပ်..

သွေးသောက်သူ၏ ဓါးသွားပေါ်တွင် နှင်းခဲတစ်လွှာက ပေါ်လာပြီး ဓါးလက်ကိုင်မှတစ်ဆင့် ဆူဇီမို၏ လက်ဝါးဆီသို့ ဖြန့်ကျက်လာလေသည်။

“အဲ့ဒါက မူလစိတ်ဝိညာဉ် လက်နက်တစ်ခု ဆိုရင်တောင် ငါက ဖျက်ဆီးပြမယ်”

သီယင်းက အေးစက်စက် အကြည့်နှင့်အတူ လှောင်ပြုံး ပြုံးလိုက်လေသည်။

“ဟုတ်ပါ့မလား”

ဆူဇီမိုက အမူအရာ ကင်းမဲ့နေပြီး ဆေဘာသွားပေါ်တွင် သူ၏လက်ဝါးကို ညင်သာစွာ သပ်လိုက်လေသည်။

လတ်ဆတ်သော သွေးစီးကြောင်းတစ်ခုက ဆေဘာသွားပေါ်သို့ ပက်ဖျန်းသွားလေသည်။

အဲ့ဒါက ခြစ်ခြစ်တောက် ပူလောင်နေလေသည်။

ဇီ……

အဲ့ဒါက နှိုးဆွခံလိုက်ရသည့်အလား သွေးသောက်သူက ရုတ်တရတ် စိတ်လှုပ်ရှား တက်ကြွလာလေသည်။

၎င်းက တုန်ယင်လာပြီး တဇီဇီ အော်မြည်၍ ၎င်း၏ သွေးအလင်းက ပြန့်ကားလာကာ ဓါးသွားပေါ်ရှိ အအေးဓါတ်ကို ဖယ်ရှားပစ်လိုက် လေသည်။

သွေးသောက်သူက မူလစိတ်ဝိညာဉ် လက်နက်အဖြစ်သို့ ဆင့်ကဲပြောင်းလဲ လာရခြင်းမှာ ၎င်းကို နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှ ဘုရားကျောင်းအို၏ နောက်ဖေးသင်္ချိုင်းတွင် မရေမတွက်နိုင်သော ပညာရှင်များ၏ သွေးများဖြင့် နှစ်စိမ်ပြီး သန့်စင်ထားခဲ့သောကြောင့် ဖြစ်လေသည်။

သွေးသောက်သူက ကြမ်းကြုတ်ခက်ထန်သော လက်နက်တစ်ခုဖြစ်လေသည်။

အဲ့ဒါက အလွန်တရာကိုမှ သွေးဆာလေသည်။

သူသောက်သုံးရသော မျိုးဆက်သွေးက ပို၍သန်မာလေလေ ၎င်းက ပို၍စိတ်လှုပ်ရှားလေလေ ဖြစ်လာပေမည်။

ယခု ဆူဇီမို၏ သွေးကို မြည်းစမ်းကြည့်ပြီးသောအခါ ၎င်းက ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို ချက်ချင်းထုတ်ဖော် လိုက်လေသည်။ သွေးချီက ဖြာထွက်လာပြီး အဆုံးစွန်အေးခဲ ရိုက်တုတ်များကိုပင် လွှမ်းခြုံသွားလေသည်။

အဆုံးစွန်အေးခဲ ရိုက်တုတ်များက ထိုသွေးချီကို အေးခဲစေနိုင်ခြင်း မရှိပေ။

သို့သော်လည်း အဲ့ဒါသည် ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှု စတင်ရုံမျှသာ ရှိသေးလေသည်။

All Chapters