← Chapters

ကစဥ့်ကလျား အစိမ်းရောင်ကြာပန်း

Vol. 50 Ch. 748

ကစဥ့်ကလျား အစိမ်းရောင်ကြာပန်း

Vol. 50 Ch. 748

သီယင်း၏ လက်ထဲရှိ အစိမ်းရောင်ကြာပန်းကို သူတို့မြင်လိုက်သောအခါ များစွာသော ကျင့်ကြံသူများ၏ မျက်လုံးများထဲသို့ ဝင်ရောက်လာသည်မှာ တုန်လှုပ်ခြင်း ၊ မယုံကြည်န်ိုင်ခြင်း ၊ အံ့ဩလေးစားခြင်းနှင့် ဆူဇီမိုအပေါ် သနားခြင်း...

သီယင်းက အစိမ်းရောင်ကြာပန်းကို ထုတ်ဖော်လိုက်သည်နှင့် တိုက်ပွဲက ပြီးသွားလေပြီ။

ဆူဇီမို၏ အထွန်းတောက်ဆုံး ဂုဏ်ကျက်သရေတောင် သီယင်းကို မယှဥ်နိုင်တော့ပေ။ သူ့မှာ နှစ်ထပ် ကွမ်း အမြုတေနယ်မြေရှိသလို သီယင်းမှာလည်း ရှိလေသည်။

ဒါ့အပြင် ထိုအထွတ်အထိပ် ရွှေအမြုတေနယ်မြေနှစ်ခုသည် အင်မော်တယ်နှင့် ဗုဒ္ဓတာအိုများ၏ စံနမူနာကို ကိုယ်စားပြုနိုင်လုနီးပါး ​ဖြစ်လေသည်။

ထိုမဟာအမြုတေနှစ်ခုက ထွက်ပေါ်လာချိန်တွင် ကမ္ဘာပေါ်ရှိ အမြုတေနယ်မြေများအားလုံးက ဦးညွှတ်ရပေမည်။

"သီယင်းက...တစ်ကယ့်ကို မဟာကံကြမ္မာနဲ့လူဘဲ.. သူက လူသားဧကရာဇ်ရဲ့ အမွေအနှစ်ကို ရရှိခဲ့ရုံတင်မကဘူး သူက ဗုဒ္ဓကျောင်းတော်တွေရဲ့ အမွေအနှစ်ကိုပါ ရရှိထားသေးတယ်"

"သီယင်းတင်မဟုတ်ဘူး.. ဆူဇီမိုကလည်း အသန်မာဆုံး ပြန်ဝင်စားမွန်းစတားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်..."

"သူ့ရဲ့အကြီးမားဆုံး ကံဆိုးမိုးမှောင်ကျမှုကတော့ သီယင်းနဲ့ တစ်ခေတ်ထဲမှာ မွေးလာပြီး သူတို့နှစ်ယောက်က ရန်ဘက်တွေ ဖြစ်သွားကြတာဘဲ..."

များစွာသော ကျင့်ကြံသူများသည် တီးတိုးတီးတိုးဖြင့် အသည်းအသန် ဆွေးနွေးလိုက်ကြ၏။

ဖက်တီးလေးနှင့် အခြားသူများက အလွန်တရာ စိုးရိမ်ပူပန်နေကြပြီး သူတို့၏အမူအရာက သုန်မှုန်လာကြလေသည်။

ယခုချိန်တွင် ကစဉ့်ကလျားသမုဒ္ဒရာနှင့် မဟူရာကုန်းလိပ်၏ အမြုတေနယ်​မြေတို့က မျှခြေမှာ လွန်ဆွဲနေကြလေသည်။ သီယင်းက ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းကို ထုတ်ဖော်လိုက်သည့်ခဏ၌ သူက ဆူဇီမိုကို အပြတ်အသတ် ဖိနှိမ်နိုင်ပေတော့မည်။

မင်းကျန့်သည် တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုဖြင့် သူ့ပါးစပ်ကို အနည်းငယ် ဟလိုက်လေသည်။ လက်ရှိ ကျင့်ကြံသူများအားလုံးထဲတွင် သီယင်းသည် ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းကို ဘယ်လိုမျိုး ကျင့်ကြံနိုင်ခဲ့သလိုဆိုတာကို သူကသာလျှင် တစ်ဦးတည်းသော သိတဲ့လူဖြစ်နိုင်လေသည်။

နဂါးသင်္ချိုင်း တောင်ကြားအောက်ခြေမှာတုန်းက ဂမ္ဘီရဓမ္မ ကြာပုဒုမ္မာသုတ္တန်ကို သူကိုယ်တိုင်ပင် သီယင်းကို ကမ်းပေးခဲ့ခြင်း ဖြစ်လေသည်။

သို့သော်လည်း သီယင်းသည် တစ်လတာအချိန်တွင် ၎င်း၏ လျှို့ဝှက်နက်နဲမှုများကို နားလည်သဘောပေါက်ပြီး ဗုဒ္ဓကျောင်းတော်များ၏ ထိုအမြုတေနယ်မြေကို ကျင့်ကြံသွားနိုင်လိမ့်မည်ဟု မင်းကျန်က တစ်ကယ့်ကို မျှော်လင့်မထားပေ။

ဘယ်လို ပြန်ဝင်စားမွန်းစတားတစ်ယောက်လဲ...။ သူက အသန်မာဆုံး ပြန်ဝင်စားမွန်းစတားများထဲမှ စံနမူနာတစ်ယောက် ဖြစ်ပေမည်။

တိုက်ပွဲမြေပြင်တွင် ဆူဇီမိုသည် မဟူရာကုန်းလိပ်ပေါ်မှာ မတ်တပ်ရပ်ပြီး သီယင်း၏ လက်ဝါးပေါ်ရှိ အစိမ်းရောင်ကြာပန်းကို ကြည့်နေလေသည်။ သို့သော်လည်း သူသည် လူအများတွေးထင်ထားသလို စိုးရိမ်ခြင်း ကြောက်လန့်ခြင်း နည်းနည်းလေးမှ မရှိဘဲ သူ၏မျက်လုံးများကိုသာ အနည်းငယ်ပုတ်ခတ်လိုက်လေသည်။

သူက အကြောက်လွန်ပြီး မတုန့်ပြန်နိုင်တော့တာများလား...။

သူ၏ ရှေ့တည့်တည့်ရှိ ဆူဇီမိုကိုကြည့်ပြီး သီယင်းက မျက်မှောင်ကြုတ်လိုက်မိလေသည်။

ဆူဇီမို၏ သွင်ပြင်က တည်ငြိမ်လွန်းနေလေသည်။

သူ....စဥ်းစားတွေးထင်ထားသလို တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းများကို မမြင်ရသောအခါ သူက အနည်းငယ် စိတ်ပျက်သွားလေသည်။

"ဟဲဟဲ..."

သီယင်းက ဝံ့ကြွားစွာဖြင့် လှောင်ရယ်လိုက်၏။

"ဆူဇီမို... မင်းရဲ့ မဟူရာကုန်းလိပ်အမြုတေနယ်မြေက ငါ့ရဲ့ နှစ်ထပ်ကွမ်းနယ်မြေကို ဘယ်လောက်ကြာကြာ ခုခံနိုင်မယ်လို့ မင်းထင်လဲ..."

တစ်ကယ်ဆို ကမ္ဘာသန့်စင်အစိမ်းရောင်း ကြာပန်းက ပေါ်လာသည့်ခဏမှာပင် အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ်၏ ပုံရိပ်က ခဏမျှ တုန်ယင်သွားလေသည်။

မဟူရာကုန်းလိပ်၏ ခြေလက်များက ရှေ့သို့ယက်ကန်၍ သူ၏ခန္ဓာကိုယ်က သိသိသာသာ နစ်ဝင်သွားလေသည်။

သီယင်းက သူ၏လက်ဝါးကို ညင်သာစွာ ရှေ့သို့ လှုပ်ခါလိုက်သောအခါ အစိမ်းရောင်ကြာပန်းသည် ကစဥ့်ကလျားသမုဒ္ဒရာထဲသို့ မျောလွင့်သွားလေသည်။

အဲ့ဒါက ဒီရေများနှင့်အတူ အလိုက်သင့်မျောပါသွားပြီး သမုဒ္ဒရာနှင့် တစ်ခုတည်းအဖြစ်သို့ တဖြည်း ဖြည်းချင်း ပေါင်းစပ်ရောနှောသွားလေသည်။

"ဟာ......"

"ဒါက....."

တိမ်လွှာများထက်တွင် များစွာသော နိုးထဝိညာဥ်များသည် ပင့်သက်ကိုချလိုက်ပြီး သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွားလေသည်။

သီယင်းသည် သူ၏မျက်နှာကို အနည်းငယ်မော့ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

"ဒီနေ့... မင်းဘယ်လိုသေရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားအောင် ငါပြောပြလိုက်မယ် ၊ ငါက နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို ပိုင်ဆိုင်ရုံတင်မကဘူး... ငါက အဲ့ဒီအင်မော်တယ်နဲ့ ဗုဒ္ဓတာအိုက မဟာအမြုတေနယ်မြေနှစ်ခုကို အတူတကွတောင် ပေါင်းစပ်ထားနိုင်ပြီးပြီ..."

"အဲ့ဒီ အံ့မခန်း ရွှေအမြုတေနယ်မြေကို ငါက ကစဥ့်ကလျား အစိမ်းရောင်ကြာပန်းလို့ အမည်ပေးထားတယ်..."

ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းဟူသော အမည်ကို ကြားရချိန်တွင် လူအုပ်ကြီးထဲရှိ ဆူညံနေသောအသံများက တစ်ဖန်တိတ်ဆိတ်သွားလေသည်။

ပြိုင်ဘက်ကင်းခြင်း....

ပြန်ဝင်စားမွန်းစတား...

မရပ်တန့်နိုင်ခြင်း....

ကျင့်ကြံသူများ၏ စိတ်ထဲမှာ ထိုစကားလုံးများသာ ကျန်ရစ်တော့လေသည်။

ကစဥ့်ကလျားအစိမ်းရောင်ကြာပန်းကို မြင်ရချိန်တွင် နှိုင်းယှဥ်စရာ စကားလုံးတိုင်းက မှေးမှိန်သွားရလေသည်။

ထိုအခါမှသာလျှင် ပကတိအရှင်ဟွင်ယီသည် သီယင်းက လူသားဧကရာဇ်နှင့် ရင်ဘောင်တန်းနိုင်ပြီး ဒါမှမဟုတ် ကျော်လွန်ပင်လျှင် ကျော်လွန်နိုင်သည်ဟု ဘာကြောင့်ပြောခဲ့သလဲဆိုတာ နောက်ဆုံး သူတို့ နားလည်သဘောပေါက်သွားကြလေသည်။

သီယင်းသည် ကစဉ့်ကလျားသမုဒ္ဒရာနှင့် ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းဟူသော နှစ်ထပ်ကွမ်းအမြုတေနယ်မြေကို ကျင့်ကြံထားနိုင်သောကြောင့် သူက လူသားဧကရာဇ်နှင့် နှိုင်းယှဥ်နိုင်လေသည်။

ထိုမဟာအမြုတေနယ်မြေနှစ်ခုကို သူက အတူတကွပေါင်းစပ်ပြီး အသစ်စက်စက် ရွှေအမြုတေနယ်မြေတစ်ခုကို ဖန်တီးနိုင်ခဲ့သောကြောင့် သူကလူသားဧကရာဇ်ထက်ပင် ကျော်လွန်နိုင်ကောင်း ကျော်လွန်နိုင်လေသည်။

ထိုအမြုတေနယ်မြေ၏ စွမ်းအားက ကစဥ့်ကလျားသမုဒ္ဒရာနယ်မြေ၏ အထက်မှာ လုံးလုံးလျားလျား ရပ်တည်နေလေသည်။

လက်ရှိ ရွှေအမြုတေများကို မပြောနှင့် တိမ်စိုင်များခက်ရှိ နိုးထဝိညာဥ် ၁၇ ယောက်တောင်မှ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာပြီး ကြီးမားစွာခြိမ်းခြောက်ခံလိုက်ရလေသည်။

ဆိုလိုသည်မှာ ထိုအမြုတေနယ်မြေက သူတို့ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။

ဖက်တီးလေးနှင့် အခြားသူများ၏ မျက်လုံးထဲမှာ စိုးရိမ်ပူပန်ခြင်းက ဆက်လက်ရှိမနေတော့ပေ။ ထိုအစား အဲ့ဒီမှာ မျှော်လင့်ချက်ပျက်သုဥ်းခြင်းက အစားထိုးဝင်ရောက်လာလေသည်။

ထိုကဲ့သို့သော ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရလျှင် မည်သူမဆို မျှော်လင့်ချက်ပျက်သုဥ်းခြင်း ဟူသော ခံစားချက်ကို တွေ့ကြုံခံစားရပေမည်။

"ဒီလူက... တစ်ကယ့်ကို ကြောက်စရာကောင်းလိုက်တာကွာ..."

ထိုအချိန်မှာပင် ကျိရှန်းချန်က ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်မိလေသည်။

အဲ့ဒါက သီယင်း၏ ဝှက်ဖဲအစစ်အမှန်ဖြစ်လေသည်။

သီယင်းသည် အလွန့်အလွန်ကြီးမားသော အော်ရာတစ်ခုနှင့်အတူ ကစဥ့်ကလျားသမုဒ္ဒရာ၏အထက်မှာ ရပ်နေလေသည်။

သူက ကမ္ဘာတစ်ခုလုံးကို ငုံ့ကြည့်နေသော ဧကရာဇ်တစ်ပါးနှင့် တူပြီး မည်သူကမှ သူ့ကို လိုက်မမီနိုင်သလို လူတိုင်းကသူ့ကို မော့ကြည့်ရပေလိမ့်မည်။

အဲ့ဒါက နံပါတ်တစ် ပကတိသက်ရှိဖြစ်လေသည်။

အဲ့ဒါက ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ဖြစ်လေသည်။

"ဆူဇီမို... မင်းက ငါ့ကို ဘာနဲ့တိုက်ဦးမှာလဲ..."

"မင်းက ငါ့ကိုသတ်ဖို့ကြိုးစားရအောင် မင်းက ဘာကောင်မို့လဲ..."

သီယင်းသည် မိုးကြိုးပစ်ချလိုက်သလို အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

သီယင်း၏ ဟိန်းဟောက်သံနှင့်အတူ သမုဒ္ဒရာ၏အလယ်တွင် မျောလွင့်နေသော အစိမ်းရောင်ကြာပန်းက စတင်၍ လည်ပတ်လာလေသည်။ ပွင့်ဖတ်များက တစ်ခုပြီးတစ်ခု ပွင့်ဟလာပြီး တဖျတ်ဖျတ်တလက်လက် ရောင်ခြည်တန်းများကို ထုတ်လွှတ်လိုက်လေသည်။

ကြာပွင့်ချက်တစ်ခုချင်းစီပေါ်တွင် စကြာဝဠာ၏ ပကတိအမှန်တရားကို ပိုင်ဆိုင်ထားသည့်အလား ရှုပ်ထွေးနက်နဲသော အင်းကွက်များကို ခပ်နှိပ်ထားလေသည်။

အစိမ်းရောင်ကြာပန်းက ဖူးပွင့်လာပြီး ကမ္ဘာတစ်ခုလုံးကို သန့်စင်နိုင်သော ရောင်ခြည်ကို ထုတ်ပေးလာလေသည်။

မဟူရာကုန်းလိပ်၏ပုံရိပ်က တဆတ်ဆတ်တုန်ယင်သွားပြီး ၎င်းက အချ်ိန်မရွေး ပျက်ပြယ်တော့မည့်အလား ၎င်း၏ရောင်ဝါက မှေးမှိန်လာလေသည်။

"ဆရာ... မြန်မြန်ပြေးတော့..."

မြေခွေးလေးက မနေနိုင်ဘဲ လှမ်းအော်လိုက်၏။

"အော်နေလည်း အလကားဘဲ... သူကမလွတ်မြောက်နိုင်တော့ဘူး.."

လင်းချွမ်ကျီက သုန်မှုန်နေသာ အမူအရာဖြင့် ခေါင်းခါပြလိုက်၏။

"အခုချိန်မှာ ဆူဇီမိုက ကတိုက်ကရိုက် လှုပ်ရှားလိုက်တာနဲ့ သူ့ရဲ့စိတ်ဝိညာဥ်စွမ်းအင်က သေချာပေါက် လျော့ရဲသွားလိမ့်မယ်.. အဲ့အချိန်မှာ ဟာကွက်တစ်ခုပေါ်သွားတာနဲ့ ကစဥ့်ကလျား အစိမ်းရောင်ကြာပန်းက သူ့ကို သတ်ဖြတ်ပစ်လိုက်လိမ့်မယ်..."

တိုက်ပွဲမြေပြင်တွင်.....

မဟူရာကုန်းလိပ်အမြုတေနယ်မြေသည် အချိန်မရွေး ပျက်ပြယ်တော့မည့်အလား ထင်ရသော်လည်း ဆူဇီမို၏ နှလုံးသားက အခြားအရာများထက် ပို၍တည်ငြိမ်နေပြီး သူ၏စိတ်က ပကတိရှင်းလင်းနေလေသည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် ဆူဇိမိုသည် မဟူရာကုန်းလိပ်၏ ကျောကုန်းပေါ်မှာ တင်ပလ္လင်ခွေ ထိုင်ချလိုက်၏။ သူက ခေါင်းကိုအနည်းငယ် ငုံ့ထားပြီး သူ၏လက်ဝါးနှစ်ဖက်ကို သူ၏ဒူးနှစ်ဖက်ပေါ်သို့ တင်ကာ ခါးကို မတ်မတ်ထားလေသည်။

သူက တိုခိုက်ဖ်ု့ လက်လျော့လိုက်ပြီးလား.....

"သူက လက်မလျှော့တော့ရော ဘာလုပ်နိုင်ဦးမှာမို့လဲ... ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းကို ဘယ်သူကများ ရင်ဆိုင်ခုခံနိုင်ဦးမှာလဲ..."

"သူက ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းနဲ့ သတ်ဖြတ်ခံရတာမလို့ နောင်တမရှိဘဲ သေလို့ရပါတယ်.."

လေထဲတွင် သီယင်းက အေးစက်စက်အကြည့်နဲ့အတူ ဆူဇီမိုကို လက်ညိုးထိုးလိုက်၏။

"သေတော့...."

သမုဒ္ဒရာထဲတွင် မျောလွင့်နေသော အစိမ်းရောင်ကြာပန်းက လှုပ်ခါသွားလေသည်။

ရွှစ်......

သမုဒ္ဒရာ၏ မျက်နှာပြင်ပေါ်တွင် ဒေါသပုန်ထနေသော ဒီရေလှိုင်းတစ်ခုက ညင်သာသော ပေါက်ကွဲသံတစ်ချက်နဲ့အတူ တွဲဖက်၍ ရှေ့သို့ တလိပ်လိပ်တက်လာလေသည်။ ချက်ချင်းပင် အဲ့ဒါက ဆူဇီမိုနှင့်တကွ မဟူရာကုန်းလိပ်ကို လုံးဝဆွဲယူနစ်မြှုပ်လိုက်လေသည်။

"အား....."

လူအုပ်ကြီးက ပင့်သက်ရှိုက်လိုက်ကြ၏။ အဲ့ဒါက ပြီးသွားလေပြီ။

မဟူရာကုန်းလိပ် အမြုတေနယ်မြေသည် ကစဉ့်ကလျား အစိမ်းရောင်ကြပန်း၏စွမ်းအားကို လုံးဝခုခံနိုင်ခြင်းမရှိဘဲ ချက်ခြင်း လွှမ်းခြုံခံလိုက်ရလေသည်။ ဆူဇီမိုပင်လျှင် သမုဒ္ဒရာ၏ အောက်​ခြေသို့ နစ်မြုပ်သွားပြီး တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားလေပြီ။

ဖက်တီးလေးနှင့် အခြားသူများသည် မျက်လုံးပြူးမျက်စံပြူးဖြင့် နေရာမှာပင် အမြစ်တွယ်ရပ်နေမိကြလေသည်။ သူတို့သည် စောစောက ဖြစ်ပျက်ခဲ့သမျှကို သူတို့၏ စိတ်အာရုံထဲမှာ ဖျောက်ဖျက်လို့မရနိုင် ဖြစ်နေလေသည်။

"ဟားဟားဟားဟား..."

ပကတိအရှင်ဟွင်ယီက သူ့ခေါင်းကိုမော့၍ ရူးသွပ်စွာ ရယ်မောလိုက်လေသည်။

"ကောင်းတယ်...ကောင်းတယ်... သီယင်းက သူ့ကို သတ်လိုက်တာဆိုတော့ အခုဆို သူ့ရဲ့ရတနာတွေ အကုန်လုံးကို ကစဉ့်ကလျားအမြုတေဂိုဏ်းက ပိုင်ဆိုင်သွားပြီ"

"ဂါး...."

မျောက်၏ဘေးပတ်လည်တွင် သားရဲချီများက လွှမ်းခြုံလာပြီး သူက ခေါင်းကိုမော့ကာ နက်ရှိုင်းစွာဖြင့် ဟိန်းဟောက်လိုက်လေသည်။ သူ၏မျက်လုံးများက သွေးနီရောင်ဖြစ်နေပြီး တိမ်လွှာများအထက်ရှိ ပကတိအရှင်ဟွင်ယီကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေလေသည်။

"အစ်ကို...."

ရှောင်းနင်၏ မျက်နှာက ကြောက်လန့်တကြား ဖြူဖျော့သွားပြီး သူမက တုန်ယင်နေသောအသံဖြင့် ခေါ်လိုက်လေသည်။

ဆူဟုန်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်လေသည်။ ဆူဇီမိုကပါ သေဆုံးသွားမည်ဆိုလျှင် အဲ့ဒါက ရှောင်းနင်အတွက် စဥ်းစားကြည့်လို့တောင်မရသော ရိုက်ချက်တစ်ခုဖြစ်လာပေလိမ့်မည်။

"မပူနဲ့... သူကမသေသေးဘူး"

ရုတ်တရက် ညဝိညာဥ်၏ အသံက ထွက်ပေါ်လာလေသည်။

သူက တစ်စုံတစ်ရာကို မြင်နေရသည့်အလား ကစဉ့်ကလျားသမုဒ္ဒရာ၏ အနက်ပိုင်းထဲသို့ အေးစက်စက် အကြည့်နှင့် စိုက်ကြည့်နေလေသည်။

"ဟမ်....."

လင်းချွမ်ကျီကလည်း တိုးတိုးတိတ်တိတ် ဖြင့် အာမေဋိတ်သံတစ်ခုကို ထွက်ဆိုလိုက်လေသည်။

သူသည် ကစဉ့်ကလျား သမုဒ္ဒရာအတွင်းတွင် ဘာတွေဖြစ်ပျက်နေသည်ကို မမြင်ရသော်လည်း ဆူဇီမိုကို ကစဉ်ကလျား သမုဒ္ဒရာက လွှမ်းခြုံနှစ်မြှုပ်လိုက်ပြီးနောက် သီယင်း၏ အမူအရာက စိတ်အေးသက်သာစွာ ရှိမနေပေ။ ထို့အစား သူက ပိုလို့တောင် သုန်မှုန်သည့်ပုံပေါက်လာလေသည်။

ဘာတွေဖြစ်နေတာလဲ.....

ဖြစ်များ ဖြစ်နေမလား.....

All Chapters