တတိယမြောက် အမြုတေနယ်မြေ
Vol. 50 Ch. 749
လေထဲတွင် ကစဉ့်ကလျား သမုဒ္ဒရာက တဝုန်းဝုန်းထနေဆဲဖြစ်ပြီး ကြီးမားသော လှိုင်းလုံးကြီးများဖြင့် ရပ်နားခြင်းမရှိ လှုပ်ခတ်နေလေသည်။
သို့သော်လည်း သီယင်း၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုရိပ်များက ဆက်ပြီးမရှိတော့ပေ။ သူက သူအကြည့်ကို မှေးကျဉ်းလိုက်ပြီး သမုဒ္ဒရာ၏ အနက်ပိုင်းထဲသို့ စိုက်ကြည့်လိုက်လေသည်။ သူက တစ်စုံတစ်ရာကို ထောက်လှမ်းရှာဖွေနေသည့် အလားပင်။
ရုတ်တရတ် ဆိုသလို...
နက်မှောင်နေသော အနီရောင်အလင်းစက်များကို ခပ်ဖျော့ဖျော့ မြင်လာရလေသည်။
ထိုအလင်းစက်များက ပို၍တောက်ပလာပြီး ပို၍ရှင်းလင်းလာကာ ရေလှိုင်းလုံး အထပ်ထပ်ကို ဖြတ်ကျော်၍ သမုဒ္ဒရာ၏ မျက်နှာပြင်ထက်သို့ ရောက်လာလေသည်။ တောက်ပသောအလင်းရောင်က ထွက်ပေါ်လာပြီး သမုဒ္ဒရာတစ်ခုလုံး၏ မျက်နှာပြင်ကို သွေးနီရောင်ဖြင့် ထိန်ထိန်လင်းသွားစေလေသည်။
မီးတောက်များ…
ကစဉ်းကလျားသမုဒ္ဒရာ၏ အောက်ခြေမှ မီးတောက်များက ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက် ချက်ချင်းပင် သမုဒ္ဒရာ၏ အနက်ပိုင်းထဲမှ ကြီးမားသည့်ပုံရိပ်ကြီးတစ်ခုက ပေါ်ထွက်လာပြီး သူ၏ ရင်ဘက်က ပိန်လိုက်ဖောင်းလိုက်ဖြင့် တောက်ပသော အကြည့်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။ အဲ့ဒါက စောစောကပင် ကစဉ့်ကလျားသမုဒ္ဒရာ၏ ဝါးမြိုခြင်းကို ခံခဲ့ရသော အထွတ်အမြတ်တောကောင် မဟူရာကုန်းလိပ် ဖြစ်လေသည်။
“အား….”
“မဟူရာကုန်းလိပ် အမြုတေနယ်မြေက ကစဉ့်ကလျားသမုဒ္ဒရာထဲမှာ ပျက်ပျယ်မသွားဘူးပဲ”
“အာ….. ဆူဇီမိုက ဘယ်ရောက်သွားတာလဲ”
“ငါလဲမသိဘူး ဒါပေမယ့်လို့ မဟူရာကုန်းလိပ် အမြုတေနယ်မြေကို ကြည့်ရတာ စောစောကနဲ့ မတူတော့သလိုပဲ”
ဆူဇီမို၏ ပုံရိပ်က လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီဖြစ်ပြီး ထိုအစား မဟူရာကုန်းလိပ်၏ ကြောပြင်ပေါ်တွင် အလျှံတညီးညီး မီးတောက်များက နီရဲစွာဖြင့် တောက်လောင်နေလေသည်။
မီးတောက်များက အရမ်းကို ပြင်းထန်လွန်းပြီး ကစဉ့်ကလျား သမုဒ္ဒရာကတောင် သူတို့ကို မငြှိမ်းသတ်တော့နိုင်ပေ။
ရုတ်တရတ်ဆိုသလို…
ကောင်းကင်၏ ညာဘက်ခြမ်းက ပြိုးပြိုးပြက်ပြက် အလင်းရောင်များဖြင့် လင်းထိန်လာတော့သည်။
ညအမှောင်ထဲတွင် တောက်လောင်နေသော နေတစ်စင်းက ပေါ်လာပြီး ခြစ်ခြစ်တောက် အပူစွမ်းအားများကို ထုတ်ပေးနေလေသည်။ အဲ့ဒါက အသင်္ချေနယ်မြမြေို့တော်တစ်ခုလုံးကို နေ့ဘက်အလား ထိန်ထိန်လင်းသွားစေလေသည်။
ကောင်းကင်၏ ဘယ်ဘက်ခြမ်းကတော့ မည်းမှောင်၍ အေးစက်ငြိမ်သက်နေဆဲ ဖြစ်လေသည်။
ကောင်းကင်သည် မတူညီသော ကမ္ဘာနှစ်ခုအဖြစ် ပိုင်းခြားခံလိုက်ရသည့် အလားပင်။
နေ့နှင့် ညက တစ်ချိန်ထဲမှာပင် ပေါ်ထွက်လာခဲ့လေသည်။
ဘယ်ဘက်ခြမ်းက မည်းမှောင်နေပြီး ညာဘက်ခြမ်းကတော့ လင်းထိန်တောက်ပနေလေသည်။
အလင်းနှင့်အမှောင်ကို ပိုင်းခြားထားသော ကမ္ဘာနှစ်ခု၏ကြားတွင် လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးကြိုးများက တဂျိမ်ဂျိမ်းမြည်ကာ လျှပ်စီးလျှပ်ပန်းများသည် စိတ်ဝိညာဉ်မြွေများကဲ့သို့ အာကာတစ်ခွင်ကို ဆုတ်ဖြဲပစ်နေလေသည်။
နေ့နှင့်ည၏ အတူတကွ ပေါ်ထွက်လာခြင်းသည် ယင်နှင့်ယန်၏ မတူညီသော အရောင်အဝါများကို ရောနှောသွားစေလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့က မဟူရာကုန်းလိပ်၏ ကျောခွံပေါ်မှာ လာရောက် စုဆုံကြလေသည်။
ယင်နှင့်ယန်က ယှက်ဖြာနေကြလေသည်။
မဟူရာကုန်းလိပ်၏ ကျောပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များသည် တစ်စုံတစ်ရာ၏ နှိုးဆွခြင်းကို ခံလိုက်ရသည့်အလား ပြိုးပြိုးပြက်ပြက် ရောင်ခြည်များကို ထုတ်ပေးနေလေသည်။
ရှစ်..
မီးတောက်တစ်ခုက တောက်လောင်လာလေသည်။
လက်ရှိကျင့်ကြံသူများ အားလုံးတွင် တိမ်စိုင်များအထက်ထဲရှိ နိုးထဝိညာဉ် ၁၇ယောက် အပါအဝင် သူတို့အားလုံးသည် တိုက်ပွဲမြေပြင်ကို အသက်ပင်ရဲရဲမရှူရဲပဲ စောင့်ကြည့်နေကြလေသည်။
“ငြှိမ်းသေလိုက်စမ်း..”
သီယင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်၍ အစိမ်းရောင်ကြာပန်းက ယိမ်းနွဲ့သွားလေသည်။ ကစဉ့်ကလျား သမုဒ္ဒရာက အော်မြည်လာပြီး လှိုင်းလုံးကြီးများက မဟူရာကုန်းလိပ်ဆီသို့ တစ်လုံးပြီးတစ်လုံး ရိုက်ခတ်လိုက်ကြလေသည်။
သို့သော်လည်း မဟူရာကုန်းလိပ်က ယိမ်းယိုင်ခြင်းမရှိပဲ သူ၏မီးတောက်များကလည်း ငြိမ်းသေသွားခြင်း မရှိပေ။
ပကတိအရှင် ဟွမ်ယီက မျက်မှောင်ကြုတ်ပြီး နက်ရှိုင်းစွာဖြင့် မေးလိုက်လေသည်။
“အဲ့ဒီ့မီးတောက်တွေက ဘာတွေလဲ.. သူတို့ကို ကစဉ့်ကလျား သမုဒ္ဒရာက ဘာလို့ငြှိမ်းသတ်လို့ မရတာလဲ”
ကိုယ်တော် ယွမ်ခုံးက တောက်ပသော အကြည့်နှင့်အတူ တွေးတွေးဆဆ ပြောလိုက်၏။
“ကြည့်ရတာ အဲ့ဒီ့ မီးတောက်တွေက ဗုဒ္ဓတာအိုရဲ့ အော်ရာတွေကို ပိုင်ဆိုင်ထားသလိုပဲ”
သူ့စကားမဆုံးသေးခင်မှာပင် လေထဲတွင် ဂါထာမန္တန် ရွတ်ဖတ်သံများက ထွက်ပေါ်လာလေသည်။
ပြင်းထန်သော တိုက်ပွဲကြားမှာ တစ်စုံတစ်ယောက်သည် သုတ္တန်များကို ရွတ်ဖတ် သရဇ္ဈာယ်၍ ဗုဒ္ဓကို ဝတ်ပြုနေလေသည်။ ထိုအသံက ခေါင်းလောင်းထိုးသံကဲ့သို့ မြည်ဟည်းနေလေသည်။ အဲ့ဒါက ကျယ်လောင်ပြီး လူတိုင်၏ နားထဲမှာ ပဲ့တင်ထပ်နေလေသည်။
ထိုဂါထာ စကားလုံး တစ်လုံးချင်းစီက လျှို့ဝှက်ဆန်းကြယ်၍ မြင့်မြတ်သော စွမ်းအားများကို ပိုင်ဆိုင်ထားလေသည်။
လေထုက တုန်ခါသွားလေသည်။
“အဲ့ဒါ ဆရာ့ရဲ့အသံပဲ” မြေခွေးလေးက မျက်ရည်များဖြင့် ဝမ်းသာစွာ အော်ဟစ်လိုက်၏။
သူမသည် နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေမှာတုန်းက ဆူဇီမို၏ဘေးတွင် နှစ်၂၀ ကြာ အဖော်ပြု၍ နေခဲ့လေသည်။
သူမသည် ဆူဇီမို၏ သုတ္တန်မန္တန်များ ရွတ်ဖတ်သရဇ္ဈာယ် နေသည့်အသံကို နားထောင်နေရင်း မကြာခဏ အိပ်မောကျသွားတတ်လေသည်။
ထိုဂါထာမန္တန် အသံများကို မြေခွေးထက်ပိုပြီး မည်သူကမှ မရင်းနှီးနိုင်တော့ပေ။
“ဆူဇီမိုက မသေသေးဘူးလား”
“ကြည့်ရတာတော့ ကိစ္စတွေက နောက်တစ်ဖန် အပြောင်းအလဲ ဖြစ်လာပြန်ပြီ ထင်တယ်”
လူအုပ်ကြီးထဲမှ အံ့အားတသင့် အော်ဟစ်သံများက ထွက်ပေါ်လာလေသည်။
“ဒါပေမယ့် သူက ဘယ်မှာလဲ” ကျင့်ကြံသူပေါင်း တစ်သိန်းကျော်၏ မျက်လုံးများထဲမှာ မေးခွန်းများစွာက ပြည့်နှက်လာပြီး သူတို့က ပိုလို့တောင် တုန်လှုပ်လာလေသည်။
တိုက်ပွဲမြေ၏ အထက်တွင် အစိမ်းရောင်ကြာပန်းက ယိမ်းနွဲ့နေပြီး ကစဉ့်ကလျား သမုဒ္ဒရာက တဝုန်းဝုန်း မြည်နေလေသည်။ ထိုသမုဒ္ဒရာ အထဲမှာ မဟူရာကုန်းလိပ်က ခိုင်မာစွာရပ်နေပြီး သူ၏ ကျောခွံပေါ်ရှိ မီးတောက်မီးလျှံများက လေထဲသို့ ထိုးတက်နေလေသည်။ သို့သော်လည်း ဆူဇီမို၏ အရိပ်အရောင်ကို တစ်စွန်းတစ်စမှ မမြင်ရပေ။
ဂါထာမန္တန် ရွတ်ဖတ်သံက အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍ ကျယ်လောင်လာလေသည်။
လူတိုင်း၏ မျက်စိရှေ့မှောက် မှာပင် အလျှံတစ်ညီးညီး မီးတောက်များထဲမှ ကျောက်စိမ်းကဲ့သို့ သန့်ရှင်း သန့်ပြန့်နေသော အစိမ်းရောင်ကြာပန်းတစ်ခုက ကြီးထွားလာလေသည်။ အဲ့ဒါက အပြစ်ကင်းစင်နေပြီး သန့်စင်သော ရောင်ခြည်ဖြင့် တောက်ပနေလေသည်။
“အဲ့ဒါက ထပ်ပြီးတော့ ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်း ပဲလား..”
“ဆူဇီမိုကလည်း ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းကို နားလည်သဘောပေါက် ထားတာပဲ”
တိမ်စိုင်များ အထက်ရှိ နိုးထဝိညာဉ်၁၇ ယောက်၏ သတိပေးချက် မရှိခဲ့လျှင်တောင် လက်ရှိ ရွှေအမြုတေ ကျင့်ကြံသူပေါင်း တစ်သိန်းကျော်သည် ထိုအမြုတေနယ်မြေကို ချက်ချင်း မှတ်မိသွားကြလေသည်။
ထိုစဉ်မှာပင် ဂါထာမန္တန် ရွတ်ဖတ်သံက ရပ်တန့်သွားလေသည်။
မဟူရာကုန်းလိပ်၏ ကျောခွံပေါ်မှ တည်ငြိမ်သော အသံတစ်သံက ထွက်ပေါ်လာလေသည်။
“သီယင်း ငါမင်းကို စိတ်ပျက်စေမိတာ စိတ်မကောင်းပါဘူး.. ငါကျင့်ကြံထားတာက နှစ်ထပ်ကွမ်း အမြုတေနယ်မြေ မဟုတ်ဘူး” များစွာသော ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။
မဟူရာကုန်းလိပ်၏ ကျောပေါ်ရှိ အစိမ်းရောင်ကြာပန်းကို သူတို့ ကြည့်နေရင်း လူတိုင်းသည် နားလည်သဘောပေါက် လာကြလေသည်။
ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းနှင့် ဆိုပါက ဆူဇီမိုသည် ရွှေအမြုတေနယ်မြေ ၃ ခုကို ကျင့်ကြံထားခဲ့ပြီးဖြစ်လေသည်။
သီယင်းဖြစ်စေ ဆူဇီမိုဖြစ်စေ ယနေ့တိုက်ပွဲတွင် အနိုင်ရသူက ဘယ်သူပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးသည် ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ အောင်မြင်မှုများကို ရရှိထားကြလေပြီ။
သီယင်း၏ အမူအရာက သုန်မှုန်နေသော်လည်း သူက လှောင်ရယ်လိုက်ဆဲ ဖြစ်လေသည်။
“မင်းမှာ အမြုတေနယ်မြေ ၃ခုရှိတယ်ဆိုတော့ရော ဘာဖြစ်လဲ.. အဲဒါတွေ အကုန်လုံးက အမှိုက်တွေပဲ.. မင်းက ငါ့ရဲ့ ကစဉ့်ကလျား အစိမ်းရောင်ကြာပန်းကို ယှဉ်နိုင်မှာ မို့လို့လား”
“ဟင်း ဟင်း..” ဆူဇီမိုက ပေါ့ပါးစွာ ရယ်မောလိုက်ပြီး ဆက်လက် ငြင်းခုန်မနေတော့ပေ။
သူ၏ အမြုတေနယ်မြေ ၃ ခုသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာများ၏ တာအိုများကို ကိုယ်စားပြုလေသည်။ ဒါ့အပြင် သူတို့အားလုံးက သက်ဆိုင်ရာ တာအိုများ၏ ထိပ်တန်းအဆင့် ရွှေအမြုတေနယ်မြေများ ဖြစ်ကြလေသည်။
တကယ်တော့ ဆူဇီမိုသည် နဂါးသင်္ချိုင်း တောင်ကြားကနေ ထွက်ခွာမလာခင်ကတည်းက သူက ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းကို ကျင့်ကြံထားခဲ့ပြီး ဖြစ်လေသည်။
သီယင်းသည် ၁ လကြာအောင် ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ကို လေ့လာဖတ်ရှု၍ ထိုအမြုတေနယ်မြေကို နားလည်သဘောပေါက် နိုင်ခဲ့လေသည်။
အဲ့လိုဆို နဂါးသင်္ချိုင်း တောင်ကြားအောက်ခြေမှာ နှစ်၂၀ ကျော်ကြာအောင် နေလာခဲ့သော ဆူဇီမိုက အဲ့ဒါကို နားလည်သဘောမပေါက်နိုင်စရာ အကြောင်းမရှိပေ။
တကယ်တော့ နတ်လိပ်နှင့် မိုးပျံမြွေနဂါး အမြုတေနယ်မြေများသည် သူတို့၏ မီးနှင့်ရေ သဘာဝများအရ ပေါင်းစပ်ညှိနှိုင်းလို့ မရပဲ အဆက်မပြတ် ပဋိပက္ခ ဖြစ်နေခဲ့ကြလေသည်။
ထိုအမြုတေ နယ်မြေနှစ်ခုကို မဟူရာကုန်းလိပ်အမြုတေနယ်မြေအဖြစ် ပေါင်းစပ်နိုင်ခဲ့ရသည့် အကြောင်းမှာ ဆူဇီမိုသည် နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေတွင် ဗုဒ္ဓဝါဒကို ကျင့်ကြံခဲ့ပြီး ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းကို အောင်မြင်နိုင်ခဲ့သောကြောင့် ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမိုသည် ထိုအမြုတေနယ်မြေ ၃ ခုလုံးကိုတော့ ပေါင်းစပ်နိုင်ခြင်း မရှိခဲ့ပေ။
အဲ့ဒါသည် သူက အသင်္ချေနယ်မြေတောင်ထွတ်ပေါ်သို့ တက်လှမ်းသည့်အခါမှသာ စစ်မှန်သော အဖြေတစ်ခုကို ရရှိခဲ့ခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် အသင်္ချေနယ်မြေတောင်ထွတ်ပေါ်တွင် များစွာသော ရှေးဟောင်းအမြုတေနယ်မြေများ၏ အမှတ်အသားများနှင့် အော်ရာများကို တွေ့ကြုံခံစားခဲ့ရလေသည်။
ထိုအမြုတေနယ်မြေများသည် အင်မော်တယ် ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ အထွန်းတောက်ဆုံးကာလ တစ်ခုဖြစ်သော ရှေးဟောင်းခေတ်ကို ကိုယ်စားပြုလေသည်။
ဆူဇီမိုသည် ထောင်ပေါင်းများစွာသော ရှေးဟောင်းအမြုတေ နယ်မြေများကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသော်လည်း သူက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ နောက်ကွယ်ရှိ စိတ်ဆန္ဒကို ခံစားနားလည်နိုင်ခဲ့လေသည်။
လိပ်နှင့်မြွေက ယှက်လိမ်သွားပြီး မီးနှင့်ရေက ရောနှောသွားကာ အတည်စွမ်းအင်နှင့် လှုပ်ရှားစွမ်းအင်က ဟန်ချက်ညီလာလေသည်။
ညနှင့်အတူ နေ့ကပေါ်လာပြီး အလင်းနှင့် အမှောင်ကထပ်သွားကာ ယင်နှင့်ယန်က ရောယှက် လာလေသည်။
မဟူရာကုန်းလိပ်၏ ကျောပေါ်တွင် များစွာသော စွမ်းအားရင်းမြစ်များကို အသုံးပြုလိုက်သောအခါ ၎င်း၏ ကျောပေါ်ရှိ ရှုပ်ထွေးနက်နဲ၍ လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များနှင့် ကျမ်းစာများသည် အသက်ဝင်လာပြီး မဟူရာကုန်းလိပ်၏ အစစ်အမှန်စွမ်းအားကို ထွက်ပေါ်လာစေလေသည်။
ထိုစွမ်းအား၏ တည်ရှိမှုကြောင့်ပင် မဟူရာကုန်းလိပ်သည်ကစဉ့်ကလျား သမုဒ္ဒရာထဲတွင် နစ်မြုပ်မနေတော့ပဲ တစ်ဖန် ပြန်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
၎င်း၏ ကျောခွံပေါ်ရှိ မီးတောက်များကို အသောကပန်းကနေ ချန်ပေးထားခဲ့ခြင်းဖြစ်လေသည်။
အဲ့ဒါက ဗုဒ္ဓတာအို၏ နတ်ဘုရားမီးတောက် ဖြစ်လေသည်။
ကစဉ့်ကလျား သမုဒ္ဒရာကတောင် အဲ့ဒါကို ငြှိမ်းသတ်နိုင်ခြင်း မရှိပေ။
အသောကပန်းသည် ဘဝအသက်၏ စွမ်းအားကိုလဲ ပိုင်ဆိုင်ထားလေသည်။
အသောကပန်း၏ အကူအညီနှင့်အတူ ဆူဇီမိုသည် ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းကို မဟူရာကုန်းလိပ် အမြုတေနယ်မြေထဲသို့ ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ခဲ့ပြီး တောက်လောင်နေသော မီးတောက်များကြားမှာ ထာဝရတည်တံ့မည့် အစိမ်းရောင်ကြာပန်းက ဖူးပွင့်လာခဲ့လေသည်။
တကယ်တော့ ကြာပန်း၏ အစိမ်းရောင်သည် တောက်လောင်နေသော မီးတောက်များ၏ ဖယ်ရှားခြင်းကို ခံလိုက်ရပြီး ရွှေရောင်အလင်းတန်းများဖြင့် တဖြည်းဖြည်း သိပ်သည်းလာလေသည်။
ကြောက်စရာကောင်းသော မီးပင်လယ်အတွင်းမှာ ဖျက်ဆီးလို့မရနိုင်သော ပဒုမ္မာရွှေကြာက ဖူးပွင့်လာပြီး တောက်ပလင်းထိန်လာလေသည်။
ရွှေရောင်ပွင့်ဖတ်များက တစ်ခုပြီးတစ်ခု ပွင့်ဟလာပြီး တဖြည်းဖြည်းနှင့် အတွင်းမှာ ပဒုမ္မာရွှေကြာက ထိုင်ခုံတစ်ခုက ထွက်ပေါ်လာလေသည်။
ထိုပဒုမ္မာကြာထိုင်ခုံပေါ်တွင် ပုံရိပ်တစ်ခုက သူ၏ လက်နှစ်ဖက်ကို အတူယှက်၍ ထိုင်နေလေသည်။ သူ၏ ဦးခေါင်းကို ခမ်းနားထည်ဝါသော ပုံစံဖြင့် အနည်းငယ်ငုံ့ထားပြီး အဆက်မပြတ်သော ရွှေရောင်အလင်းများက လွှမ်းခြုံနေလေသည်။ အဲ့ဒါသည် ပကတိ အမိန့်အာဏာစက်ဖြင့် ဗုဒ္ဓတစ်ပါးက ပဒုမ္မာကြာထိုင်ခုံပေါ်မှာ ထိုင်နေသည့် အလားပင်။
လူတိုင်းသည် အာရုံစိုက်ကြည့်လိုက် ကြလေသည်။ အဲ့ဒါသည် စောစောက ပျောက်ကွယ်သွားခဲ့သော ဆူဇီမိုပင် ဖြစ်လေသည်။
ကစဉ့်ကလျား သမုဒ္ဒရာအတွင်းကနေ မဟူရာကုန်းလိပ်က ဖောက်ထွက်လာခဲ့လေသည်။ နေ့နှင့်ညက အတူတကွ ပေါ်လာပြီး လျှပ်စီးများက တဖျတ်ဖျတ်လက်ကာ မိုးကြိုးသံများက တဂျိန်းဂျိန်း မြည်နေလေသည်။ မီးတောက်ပင်လယ်က အလွန်ကြီးမားပြီး ရွှေရောင်အလင်းများဖြင့် လင်းထိန်ကာ လောကတစ်ခုလုံးကို တုန်လှုပ်သွားစေလေသည်။