ကြွယ်ဝဖို့ ရန်သူများကို သတ်ဖြတ်ကြစို့
Vol. 22 Ch. 295
"အားချင်း... အင်မော်တယ်ရှေးဟောင်းမျိိုးနွယ်စု ၄ စုက လူတွေအားလုံးကို သတ်ဖြတ်လိုက် ၊ သူတို့က ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းကို ရန်စရဲမှတော့ ထိုက်တန်တဲ့ တန်ကြေးကို ပေးဆပ်ရမယ်..." လူတိုင်း ထိတ်လန့်ကြောက်ရွံ့နေကြစဥ်တွင် ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခုဖြစ်ပေါ်လာပြီး ထူးမခြားနားစွာ ပြောဆိုလိုက်သည်။
ရန်သူများအတွက် ဝမ်ဖုန်းက ဘယ်တုန်းကမှ မကြင်နာဖူးပေ။ ဤနေရာတွင် ရှိနေသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ၄ စုမှ အကြီးအကဲအားလုံး သေဆုံးကြရမည်သာမက ချန်းလုံသိုင်းပြိုင်ပွဲ ပြီးဆုံးသွားသည့်အခါ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၄ စုကိုလည်း ဖျက်စီးပစ်ရမည်။
ယင်းနောက် အလင်းတန်းပေါ်က ခုန်နေသည့် လူပြတ်နှစ်ယောက်ဖြစ်သော လင်းယွင်ယွမ်ကျဲနှင့် နဂါးဧကရာဇ်တောက်ဇွင်းတို့လည်း ချေမှုန်းခံကြရမည်။ ဤနည်းအားဖြင့် ထျန်းလန်ဒေသတစ်ခုလုံးတွင် သူ့ရှန်ရှန့်ကျုံဂိုဏ်းသည် အကြွင်းမဲ့အာဏာရှင်ဖြစ်လာပြီး နတ်ဘုရားကဲ့သို့ တည်ရှိမှုကြီး ဖြစ်လာပေလိမ့်မည်။
သူတို့နှစ်ပေါင်းများစွာကြာ စီစဥ်ခဲ့သော အစီအစဥ်များ အားလုံးသည် ရှန်ရှန့်ကျုံဂိုဏ်းအတွက် မင်္ဂလာလက်ဖွဲ့ကြီး ဖြစ်သွားလိမ့်မည်ဟု လင်းယွင်ယွမ်ကျဲနှင့် နဂါးဧကရာဇ် တောက်ဇွင်းတို့က မျှော်မှန်းထားကြမည် မဟုတ်ချေ။
ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ အဝေးတစ်နေရာမှ စောင့်ကြည့်နေသူများသည် တစ်ယောက်ပြီးတစ်ယောက် တုန်ယင်သွားကြသည်။ သူတို့က ဝမ်ဖုန်းကို အကြောက်တရားများပြည့်နှက်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်မိလိုက်ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် စွမ်းအားကြီးရုံသာမက အလွန် အမင်း ရက်စက်သေးသည်။
ဘယ်လိုတောင်... ကြောက်လန့်စရာကောင်းပါလိမ့်...
ထိုကဲ့သို့အတွေးသည် စွမ်းအားရှင်များ၏ စိတ်အတွင်း၌ ဖြစ်ပေါ်လာသည်။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို ရန်စ၍မရသော တည်ရှိမှုကြီးအဖြစ် သတ်မှတ်လိုက်ကြချေပြီ။ ရှန်ရှန့်ကျုံဂိုဏ်းအပေါ် မကျေနပ်ချက်များရှိသော ဇာမဏီမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်စုများကတောင် သူတို့၏ စိတ်များကို ဖိနှိပ်မျိုသိပ်ထားကြရသည်။ အနည်းဆုံးတော့ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ရဲမည် မဟုတ်ပေ။
ဤတိုက်ပွဲသည် ရှန်ရှန့်ကျုံဂိုဏ်း၏ အမည်နာမကို ထျန်းလန်ဒေသတစ်ခုလုံး သိရှိသွားစေသည့် တိုက်ပွဲဖြစ်သလို ဤတိုက်ပွဲကြောင့်ဘဲ လူတိုင်းလူတိုင်း တုန်လှုပ်သွားခဲ့ကြရသည်။
"မြတ်စွာဘုရား...."
"ပြေးကြ..."
"အမြန်... လူစုခွဲပြီးပြေးကြ"
"ရှန်ရှန့်ကျုံဂိုဏ်းက မျိုးနွယ်စုခေါင်းဆောင်ကို သတ်လိုက်ပြီ... ဒါက ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုပဲ!..."
"အမြန်ပြန်ပြေးပြီး... ဘိုးဘေးတွေကို ဆင့်ခေါ်ကြ"
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု အကြီးအကဲများက သူတို့၏ မျိုးနွယ်စုခေါင်းဆောင်များ မျက်စိရှေ့၌ သတ်ဖြတ်ခံလိုက်ရသည်ကို တွေ့မြင်လိုက်ရသည့်အခါ အလွန်အမင်းဒေါသထွက်သွားသည်။ ဒါက သူတို့ကို သည်းမခံန်ိုင်လောက်အောင် ထိတ်လန့်သွားစေခဲ့သည်။
သူတို့ဟာ ဒေါသထွက်သည်ထက် ကြောက်ရွံ့သည်က ပိုမိုလွန်ကျူးလေသည်။ သူတို့အားလုံးသည် ဤနေရာမှ ထွက်ခွာသွားပြီး သတင်းစကားကို ပေးပို့လိုကြသည်။ သူတို့မျိုးနွယ်စုများမှ ဘိုးဘေးများကို ဆင့်ခေါ်၍ ရှန်ရှန့်ကျုံဂိုဏ်းကို သတ်ဖြတ်ချင်ကြသည်။
ဤမြင်ကွင်းကြောင့် အဝေးမှစောင့်ကြည့်နေကြသော ကျင့်ကြံသူများ၏ စိတ်အာရုံအတွင်း၌ ခံစားချက်ပေါင်းမျိုးစုံ ပေါ်ထွန်းလာကြ၏။ တစ်ချိန်တစ်ခါက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားရှင်များသည် အင်မတန် ကြီးမြတ်သော ပုဂ္ဂိုလ်များဖြစ်ကြပြီး အဆိုပါမျိုးနွယ်စုများမှ တပည့်တစ်ယောက်လမ်းလျှောက်ထွက်လျှင်တောင် ဘယ်သူကမှ ရန်မပြုရဲကြပေ။ ဤအချိန်မှာတော့ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုမှ လူများ ကသုတ်ကရိုက် ထွက်ပြေးနေကြသည်ကို တွေ့မြင်လိုက်ရ၏။
ကံတရားက တစ်ကယ့်ကို ခန့်မှန်း၍ မရနိုင်ပါတကား....။
ဒါ့အပြင် ဒီအရာအားလုံးဖြစ်ပျက်ခဲ့ခြင်းကလည်း ရှန်ရှန့်ကျုံဂိုဏ်းကြောင့်ပင်။ ရှန်ရှန့်ကျုံဂိုဏ်းဟာ နတ်ဘုရားကဲ့သို့ နားမလည်နိုင်လောက်အောင် တန်ခိုးကြီးလှချေသည်။
"ပြေးချင်တာလား... ကောင်းပြီ မင်းတို့ကို ထွက်ပြေးခွင့် ခဏပေးလိုက်တာပေါ့..."
အားချင်းသည် နေရာအနှံ့အပြားကို အရူးအမူးထွက် ပြေးသွားကြသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု စွမ်းအားရှင်များကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာအမူအရာက တည်ငြိမ်နေသေးဆဲပင်။ ဆောင်းဦးရေစင်လေးကဲ့သို့ ကြည်လင်သော အသံလေးသည် အရပ်လေးမျက်နှာကို ပျံ့နှံ့သွားခဲ့သည်။ အားချင်းတစ်ယောက် လိုက်ပါမလာဘူးဆိုတာကို တွေ့မြင်လိုက်ရသည့်အခါ အင်မော်တယ်ရှေးဟောင်း မျိုးနွယ်စုမှ အကြီးအကဲများအားလုံး စိတ်သက်သာရာရသွားကြသည်။ သူတို့က အပျော်များပြည့်နှက်နေသော မျက်လုံးများဖြင့် ပို၍လျှင်မြန်စွာ ပြေးသွားကုန်သည်။
သူတို့သာ သက်ဆိုင်ရာမျိုးနွယ်စုများသို့ ပြန်လည်ရောက်ရှိပါက ဘိုးဘေးများကို ဆင့်ခေါ်နိုင်မည်ဖြစ်သည်။ ယင်းနောက် ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ခွန်အားများ ပူပေါင်းပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်စီးကြမည်။ သူတို့၏ ဘိုးဘေးများမှာ မျိုးနွယ်စုခေါင်းဆောင်များထက် ပိုမိုစွမ်းအားကြီးလေသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ လူများက အမှန်တကယ်စွမ်းအားကြီးမားသော်လည်း လက်လေးဖက်ကို လက်တစ်ဖက်တည်းက ခုခံတိုက်ခိုက်ရန် လွယ်ကူမည်မဟုတ်ပေ။ သူတို့၏ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၄ စု စုပေါင်းပြီးတိုက်ခိုက်ပါက ရှန်ရှန့်ကျုံဂိုဏ်းကျိန်းသေ ပျက်စီးရမည်သာ!
ထိုကဲ့သို့အတွေး ထွက်ပေါ်လာသည့်အခါ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများမှ စွမ်းအားရှင်များ၏ မျက်လုံးများအတွင်း၌ ကြောက်လန့်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရိပ်အငွေ့များ ထွက်ပေါ်လာသည်။ သို့ပါသော်လည်း နောက်တစ်ခဏအကြာတွင် သူတို့က တစ်စုံတစ်ခုမှားယွင်းနေတာကို သတ်ပြုမိလိုက်ပြီး ရုတ်တရက်ရပ်တန့်လိုက်ကြကာ အောက်ဖက်ကို ငုံ့သိုက်ကြည့်မိလိုက်ကြသည်။ သူတို့၏ မျက်စိသူငယ်အိမ်များဟာ ရုတ်ချည်းတုန်ခါသွားကြ၏။
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု စွမ်းအားရှင်များ၏ ခန္ဓာကိုယ်များပေါ်တွင် တစ်လက်လက်တောက်ပနေသော ဓါးရောင်ခြည်တစ်ခု ရှိနေသည်။ ၎င်းထက်မြသော ဓါးရောင်ခြည်ကို ဆန်းကြယ်သော ချီစွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းပိုင်းသို့ စိုက်ဝင်နေကြ၏။
"ဒါက....."
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု စွမ်းအားရှင်များ၏ အမူအရာများမှာ ရုတ်ချည်းထိတ်လန့်ကြောက်ရွံ့သွားကြသည်။ သူတို့က တစ်စုံတစ်ရာကို ပြောဆိုလိုချင်ကြသော်လည်း ဘာကိုမှ ထုတ်မပြောနိုင်ခဲ့ပေ။ သူတို့၏ ခန္ဓာကိုယ်များဟာ ကောင်းကင်ယံထက်မှ ဒလိမ့်ခေါက်ကွေးပြုတ်ကျလာကြသည်။ မြေပြင်ပေါ်၌ များစွာသော အလောင်းများ ပုံထလျက်ရှိကာ ဖုန်မှုန့်များ တသောင်းသောင်းထသွားချေ၏။
ဤမြင်ကွင်းကြောင့် အဝေးမှ စောင့်ကြည့်နေသူများသည်။ ထိန်းချုပ်မရ တုန်ယင်သွားခဲ့ကြသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု၏ စွမ်းအားရှင်များသည် များသောအားဖြင့် တာအိုအင်မော်တယ် အထွတ်အထိပ်အဆင့် စွမ်းအားရှင်များဖြစ်ကြပြီး တာအိုနတ်ဘုရား ရှစ်ပါးတောင် ပါဝင်နေသေးသည်။သို့ပါသော်လည်း ဤအမျိုးသမီး၏ ရှေ့မှောက်၌ ပုရွက်ဆိတ်များကဲ့သို့ အလွယ်တကူ သတ်ဖြတ်ခံလိုက်ရသည်။
မြောက်များစွာသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ စွမ်းအားရှင်များသည် ရှန်ရှန့်ကျုံဂိုဏ်းမှ အမျိုးသမီးတစ်ယောက်၏ သတ်ဖြတ်ခြင်းကို မျက်စိတစ်မှိတ်အတွင်း ခံလိုက်ကြရသည်။ ကြက်များကို သတ်ဖြတ်တာကတောင် ဒီထက်မက ခက်ခဲပေဦးမည်။ တာအိုအင်မော်တယ် ၊ တာအိုနတ်ဘုရားကဲ့သို့သော တည်ရှိမှုများက ကြက်တွေသတ်ရတာထက်တောင် လွယ်နေသေးတာလား?။ ဒါက သူတို့၏ ကမ္ဘာကြီးအပေါ် အမြင်အာရုံများကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေ၏။
သူတို့က အားချင်းတစ်ယောက် ဝါးတုတ်တံကလေးကို အသာအယာဝှေ့ယမ်းလိုက်သည်ကိုသာ တွေ့မြင်လိုက်ကြရပြီး မရေမတွက်နိုင်သော ဓါးချီများသည် ပျံသန်းထွက်ခွာသွားကြကာ အင်မော်တယ်ရှေး ဟောင်းမျိုးနွယ်စုများမှ စွမ်းအားရှင်များအားလုံး ချက်ချင်း သေဆုံးသွားကြသည်။
ဤကနေ့တွင်ဖြင့် ချန်းလုံသိုင်းပြိုင်ပွဲကို လာရောက်ဆင်နွှဲသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၅ စုအနက် ရှန်ရှန့်ကျုံဂိုဏ်းကို တိတ်တဆိတ် အညံ့ခံခဲ့သည့် ဖူမျိုးနွယ်စုကသာ ရှင်သန်နိုင်ခဲ့လေသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကို ကြိုတင်သိရှိပြီး၍သာမဟုတ်ပါက ဖူမျိုးနွယ်စု၏ အဆုံးသတ်ကလည်း ကျိန်းသေပေါက် ကောင်းမွန်မှာ မဟုတ်ပေ။
သူတို့သာ ရှန်ရှန့်ကျုံဂိုဏ်း၏ ကြောက်မက်ဖွယ်ခွန်အားကို ကိုယ်ပိုင်မျက်စိဖြင့် တွေ့မြင်ခဲ့ကြရ၍ မဟုတ်ရင် သူတို့ကလည်း အခြားသော မျိုးနွယ်စုကြီးများနောက်လိုက်၍ ရှန်ရှန့်ကျုံဂိုဏ်းကို ရန်စမိမှာပင်။ ထိုအခါ သူတို့၏ အဆုံးသတ်ကလည်း ထူးမခြားနား ဝမ်းနည်းဖွယ်ဖြစ်ပေရော့မည်။
"ဒင်~~~ ရှန်ရှန့်ကျုံဂိုဏ်းမှ အကြီးအကဲအားချင်းက ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရား စွမ်းအားရှင် သုံးယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် သန်း ၁၅၀ နှင့် အန္တိမတာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် ၉ ကြိမ်ကို ဆုချလိုက်သည်"
"ဒင်~~~ ရှန်ရှန့်ကျုံဂိုဏ်းမှ အကြီးအကဲအားချင်းက ကြယ်သုံးပွင်တာအိုနတ်ဘုရား ရှစ်ပါး ၊ တာအိုအင်မော်တယ်အထွတ်အထိပ် စွမ်းအားရှင် ၁၆ ဦးကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် သန်း ၁၃၀ နှင့် အန္တိမတာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် ၆ ကြိမ်ကို ဆုချလိုက်သည်"
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများမှ စွမ်းအားရှင်များကို အားချင်းက သတ်ဖြတ်လိုက်ပြီးသည့်နောက် အေးစက်သော အသံနှစ်သံသည် ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။ ထိုအသံများကြောင့် မူလက တည်ကြည်နေသော ဝမ်ဖုန်းက ခပ်ဖွဖီပြုံးလိုက်မိချေ၏။
အကျိုးအမြတ်များ ရိတ်သိမ်းရလိုက်ပေပြီ။
သေချာပါပြီ ။သတ်ဖြတ်လိုက်သောရန်သူက ပိုမိုသန်မာလေလေ ရရှိသော ဆုလဒ်များက ပိုမိုကောင်းမွန်လေလေဖြစ်သည်။ ချန်းလုံသိုင်းပြိုင်ပွဲတွင် လာရောက်ဆင်နွဲဲကြသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုများမှ စွမ်းအားရှင်များကို သတ်ဖြတ်လိုက်ပြီးသည့်နောက် ဝမ်ဖုန်းသည် စုစုပေါင်းဂိုဏ်းအမှတ် ၂၈၀ နှင့် အန္တိမတာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် ၁၅ ကြိမ်ကို လက်ခံရရှိလိုက်သည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီး ၄ စုကိုသာ ဖျက်စီးလိုက်ပါက ဘယ်လိုမျိုးဆုလဒ်တွေကိုရရှိမလဲ။ ဤအချိန်တွင် ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ စိတ်ဆန္ဒမီးတောက်များ တောက်လောင်လာသည်။ ချန်းလုံသိုင်းပြိုင်ပွဲ စတင်နေ၍သာမဟုတ်ပါက သူက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ၄ စုဆီ တိုက်ရိုက်သွားရောက်ပြီး ေချမှုန်းပစ်တော့မှာပင်!
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ၄ စုနှင့် နဂါးဧကရာဇ်တောက်ဇွင်း၏ စွမ်းအားများက ပိုမိုသန်မာနေလိမ့်မည်ဟု ဝမ်ဖုန်းတစ်ယောက်မျှော်လင့်နေ၏။ ဒီလိုဆိုပါက ထိုသူများကို သတ်ဖြတ်ပြီးလျှင် ပကတိနတ်မင်းအဆင့်ကို တက်လှမ်းနိုင်မည့် ဆုလဒ်များကိုတောင် ရရှ်ိနိုင်သည်။
သူတစ်ယောက်တည်းသာဆိုပါက ဝမ်ဖုန်းသည် ပကတိနတ်မင်းအဆင့်ကို ဖောင့်ပန်းအား ဆင့်ခေါ်ပြီးကတည်းက တက်ရောက်သွားခဲ့မှာဖြစ်သည်။ သို့ပါသော်လည်း ကြီးမားသော ရှန်ရှန့်ကျုံဂိုဏ်းကြီးတစ်ခုလုံး ပကတိနတ်မင်းအဆင့်ကို တက်ရောက်ချင်သည်ဆိုပါက သေသေချာချာပြင်ဆင်ကြရမှာပင်။