ငါတို့က လုယက်ခြင်းအထွတ်အထိပ်ကို ဖော်ပြနေတဲ့ ဒဏ္ဍာရီလာဧကရာဇ်တွေပဲ
Vol. 22 Ch. 297
လျှိုမြောင်ကြီးထဲတွင် မောက်မာထောင်လွှားစွာလမ်းလျောက်နေခဲ့ကြသော ကုချိုးတို့ညီအစ်ကိုနှစ်ယောက်သည် ရုတ်တရက်ရပ်တန့်လိုက်ကြပြီး သူတို့မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခု တောက်ပသွားလေသည် ။
" မှတ်ထား ၊ ရန်သူတွေကိုအရင်ဆုံး အားနည်းပုံပြရမယ် ။ မင်းအရမ်းကြောက်ပြီးထိတ်လန့်နေတဲ့ပုံဟန်ဆောင်ရမယ် ။ ကြားလား ။ " ကုကန်းချိုးသည် မျက်ဝန်းများကိုကျဉ်းမြောင်းလိုက်ပြီး အလျင်စလိုပြောဆိုလိုက်သည် ။
" အာ ၊ အစ်ကိုကြီး ဒါကလိုအပ်လို့လား ။ " ကုချိုးသည် ပဟေဠိဖြစ်နေသောအမူအယာဖြင့် ပြောဆိုမေးမြန်းလိုက်သည် ။
" သေချာပေါက်လိုအပ်တာပေါ့ကွ။ ဒီလောက်လူတွေအများကြီး ကြီးကြီးမားမားလှုပ်ရှားနေမှတော့ တခြားပါရမီရှင်တွေလည်း သတိမပြုမိဘူးလို့ မင်းထင်နေတာလား။ သူတို့က အဲ့ဒီ့လူအုပ်ကြီးနောက်ကိုလိုက်ပြီး အကျိုးအမြတ်တွေကို ရိတ်သိမ်းဖို့စောင့်နေတာဖြစ်လောက်တယ်။ ငါတို့နှစ်ယောက်လုယက်ခဲ့တဲ့အမှတ်တွေက ရှိရှိသမျှလူငယ်မျိုးဆက်တွေကို မနာလိုဖြစ်သွားစေဖို့ လုံလောက်တယ်ကွ။ သူတို့တွေကျိန်းသေပေါက် လှုပ်ရှားကြမှာပဲ ။ "
ကုကန်းချိုး၏မျက်လုံးများသည် ရုတ်ချည်းကျဉ်းမြောင်းသွားပြီး ဉာဏ်ပညာရှိသောလေသံဖြင့်ပြောဆိုလိုက်သည် ။
" အစ်ကိုကြီးက ဉာဏ်ပညာကြီးမားလိုက်တာ။ " ကုချိုးသည် ရုတ်တရက်သတိပြုမိသွားပြီး ထပ်ခါထပ်ခါ ခေါင်းညိတ်လျက်ပြောဆိုလိုက်သည်။
" ငါကုကန်းချိုးရဲ့အရှေ့မှာ ဘယ်အရာကိုမှ ဖုံးကွယ်ထားလို့မရပါဘူးကွာ!'' ကုကန်းချိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်သည် ။
" ကျား ! "
ကုချိုးတို့ညီနောင်နှစ်ယောက် စကားပြောနေကြစဉ်တွင် လေထုကိုဖြိုခွင်းလိုက်သည့်အသံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ကုချိုးတို့ညီအစ်ကို၏ လုယက်ခြင်းခံလိုက်ရသော ကျိယွင်နှင့်အခြားသောသူများသာဖြစ်သည်။ ကုချိုးတို့ညီနောင်နှစ်ယောက်၏ပုံရိပ်ကိုတွေ့မြင်လိုက်ကြရသည့်အခါ ကျိယွင်တို့အုပ်စု၏မျက်ဝန်းများသည် နီရဲလာကြသည်။ သူတို့၏ခန္ဓာကိုယ်များထံမှ အေးစက်လွန်းသော သတ်ဖြတ်ခြင်းအရှိန်အဝါများထွက်ပေါ်လာခဲ့ပြီး လျိုမြောင်ကြီးတစ်ခုလုံးကို ရေခဲဂူသမျှ အေးစိမ့်သွားစေခဲ့သည်။
" မင်းတို့လူယုတ်မာနှစ်ကောင်။ ကိုယ့်အသက်ကိုဖက်နဲ့ထုပ်ထားကြစမ်း။ "
" မင်းတို့ခွေးနှစ်ကောင်ကို အပိုင်းပိုင်းအစစဖြစ်အောင် ဖြတ်တောက်ပစ်ရမယ်ကွ။ "
" မြန်မြန် ။ သူတို့ကိုထွက်မပြေးစေနဲ့ ။ "
ကျိယွင်နှင့်ထိပ်တန်းလူငယ်ပါရမီရှင်များသည် တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြပြီး သူတို့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို နှိုးဆွလိုက်ကြကာ ကုချိုးတို့ညီအစ်ကိုနှစ်ယောက်စီ ပြေးဝင်သွားကြသည်။
" ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်က အရည်အချင်းရှိတဲ့လူတွေမလို့ ကံကောင်းတယ်။ ဒီလိုမှမဟုတ်ရင် ဒီတစ်ကြိမ်တော့သွားပြီပဲ ။ " ဒေါသထွက်နေသောလူအုပ်စုကြီးကိုကြည့်ရင်း ကုချိုးသည် တခဏကြာအောင်ထိတ်လန့်သွားခဲ့သည်။ ယင်းမှာ မြောက်များစွာသောလူငယ်ပါရမီရှင်များဖြစ်သည် ။ သူတို့ဘယ်လောက်ပဲသန်မာပါစေ ထိုသူများကိုတော့ တားဆီးနိုင်မှာမဟုတ်ပေ။
" မြန်မြန်ထိတ်လန့်လေ။ မင်းဘာဖြစ်လို့ကြောက်မနေတာလဲ။" ကုကန်းချိုးက အလျင်အမြန်ပြောဆိုလိုက်သည် ။
" အား ၊ ပြေးကြ ! "
" အမေရေ ၊ အရမ်းကြောက်ဖို့ကောင်းတာပဲဗျ ! "
" ကြောက်စရာကောင်းလိုက်တာ ။ ပြေး !"
ကုကန်းချိုး၏စကား ဆုံးသွားသည့်အခါ ကုချိုးတို့ညီနောင်နှစ်ယောက်၏မျက်နှာထက်၌ ထိတ်လန့်ခြောက်ခြားနေသော အမူအယာများထွက်ပေါ်လာပြီး သူတို့ခန္ဓာကိုယ်က တုန်ယင်လာကြသည်။ သူတို့က အလျင်အမြန်လှည့်ပြေးကြသည်။ ပြေးနေရင်းတန်းလန်းမှာလည်း ထိတ်လန့်ခြောက်ခြားသောလေသံဖြင့် အော်ဟစ်မြည်တမ်းနေသေးသည်။
ဤမြင်ကွင်းက ကျိယွင်နှင့် ထိပ်တန်းလူငယ်မျိုးဆက်များ၏မျက်နှာကို အပျော်အားဖြင့် ပြည့်နှက်သွားစေခဲ့သည်။ အဲ့ဒီ့လုယက်ခြင်းဘုရင်နှစ်ယောက်မှာလဲ ကြောက်လန့်တဲ့အချိန် ရှိသေးတာပဲ။
အဲ့ဒီ့များစွာသော ထိပ်တန်းပါရမီရှင်များသည် သွားဖြီးရယ်မိလိုက်ကြသည်။ သူတို့ကိုယ်တွင်းရှိစွမ်းအားများမှာ သိပ်သည်းလာကြပြီး သူတို့က ကုညီအစ်ကိုနှစ်ယောက်နောက်ကို လိုက်ပါသွားကြသည်။ သို့ပါသော်လည်း သူတို့ဘယ်လောက်လိုက်လိုက် ကုညီအစ်ကိုနှစ်ယောက်ကိုတော့ သူတို့မိအောင်မဖမ်းနိုင်ကြချေ။
တစ်ချိန်တည်းမှာပဲ တိုက်ပွဲမှအကျိုးအမြတ်ရယူလိုသည့် လူတစ်စုသည်လည်း လျိုမြောင်ကြီးအတွင်း ရောက်ရှိလာကြသည် ။ သူတို့ကကျိယွင်တို့အုပ်စုနောက်ကို ခြေရာခံလိုက်လာခဲ့ကြခြင်းဖြစ်သည်။ ကျိယွင်တို့အုပ်စု၏အမှတ်များသည် လုံးဝကုန်ဆုံးသွားပြီး ပြိုင်ပွဲအတွင်းမှထုတ်ပယ်ခံလိုက်ရသည်။ သို့ပါသော်လည်း သူတို့ကကုညီနောင်ကို လက်စားချေလိုတာကြောင့်လျို့ဝှက်နယ်မြေမှထွက်မသွားခဲ့ကြပေ။ သူတို့၏အမှတ်များ ကုန်ဆုံးသွားတာဖြစ်သည့်အတွက် သူတို့၏အမှတ်ကတ်ပြားများမှာလည်း ပျက်စီးသွားပြီဖြစ်သည်။ အမှတ်များရရှိရင်တောင် သူတို့အတွက်တော့အသုံးမဝင်တော့ပေ ။
အကျိုးအမြတ်ရရှိရန် ချောင်းမြောင်းနေကြသော လူငယ်အုပ်စုကိုလည်း မြောက်များစွာသောအဖွဲ့များအဖြစ် ပိုင်းခြားထားသည် ။ ကုဖုန်းလင်ခေါင်းဆောင်သောအုပ်စု၊ ကျိထျန်းကျိုဦးဆောင်သော ကျိမျိုးနွယ်စုမှအုပ်စု၊ ဝူမင်ဦးဆောင်သော ဝူမျိုးနွယ်စုနှင့် အခြားသောလူငယ်မျိုးဆက်များဦးဆောင်သည့် အုပ်စုများဟူ၍ဖြစ်သည်။
ကျိထျန်းကျိုသည် လျိုမြောင်ကြီးအတွင်းရှိ အခြေအနေကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ကျိယွင်၏ပုံပန်းသွင်ပြင်ကို တွေ့မြင်လိုက်ရသည်အခါ သူ၏မျက်နှာကြီးဟာ မဲမှောင်သွားခဲ့သည်။ သူလိုက်လံပိုးပန်းနေခဲ့တဲ့အမျိုးသမီးက အဝတ်အစားတွေတောင်မကျန်တော့တဲ့အထိ လုယက်ခံလိုက်ရတာလား။ ဒါကသူ့အတွက်ကြီးမားမားအရှက်ရခြင်းပဲ !
ဤအချိန်တွင် ကျိထျန်းကျိုသည် ကုညီအစ်ကိုနှစ်ယောက်ကို အပိုင်းပိုင်းအစအစ ဖြတ်တောက်ချင်သည်အထိ ဒေါသထွက်လာခဲ့သည်။ သူက ထိုညီအစ်ကိုနှစ်ယောက်၏ ဦးခေါင်းကိုလိမ်ချိုးပြီး ဘောလုံးလိုလှိမ့်ကန်ဖို့ မစောင့်နိုင်တော့ပေ ။
" လူတိုင်းပဲနားထောင်ကြ။ အဲဒီညီအစ်ကိုနှစ်ယောက်ကို ဖမ်းနိုင်တဲ့ဘယ်သူမဆို အမှတ်တွေရလိမ့်မယ်။" ကျိထျန်းကျိုသည် ဝူမင်နှင့်အခြားသူများကိုလှမ်းကြည့်ရင်း ပြောဆိုလိုက်သည်။
" ကောင်းပြီ ။ အကိုကြီးကျိပြောထားသလိုပဲ ဖမ်းမိတဲ့သူက အမှတ်တွေရမယ်။" ဝူမင်နှင့်အခြားသောလူငယ်မျိုးဆက်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း ခေါင်းညိတ်ကာသဘောတူလိုက်ကြသည်။
သဘောတူညီမှုရရှိပြီးနောက် ဝူမင်တို့အုပ်စုသည် ကုချိုးတို့ညီနောင်နှစ်ယောက်ကို ဝန်းရံပိတ်ဆို့ဖို့အတွက် လျိုမြောင်ကြီးအတွင်းသို့ ပြေးဆင်းသွားကြသည်။ ပြေးလွှားနေရင်တန်းလန်းမှာလည်း ဝူမင်ကအော်ဟစ်လိုက်သည် ။ " လူတိုင်းပဲ ငါတို့ကအဲ့ဒီညီအစ်ကိုနှစ်ယောက်ရဲ့အမှတ်တွေကို လိုချင်ရုံပဲ။ သူတို့ရဲ့အသက်က မင်းတို့အပိုင်ပဲ။ "
ကျိယွင်နှင့်အခြားသူများ၏အမူအရာများသည် လေးလံသွားကြသည်။ သို့ပါသော်လည်း ဝူမင်၏စကားဆုံးသွားသည့်အခါ စိတ်သက်သာရာရသွားကြပြီး ပြေးလွှားနေသောကုညီအစ်ကိုနှစ်ယောက်ကို လှမ်းကြည့်မိလိုက်ကြသည်။ တုံ့ဆိုင်းနေခြင်းမရှိဘဲ သူတို့ကပိုမိုမြန်ဆန်စွာပြေးလွှားလိုက်ပါသွားကြသည်။
ဤအချိန်တွင် ကုညီအစ်ကိုနှစ်ယောက်သည် လမ်းကြားလေးအတွင်း၌ ချောင်ပိတ်ခံထားရသော ခွေးလေခွေးလွင့်နှစ်ကောင်နှင့်တောင် တူညီနေသည်။
" ကောင်းပေစွ။ အစ်ကိုကြီးရဲ့ဉာဏ်ပညာများက ပင်လယ်သမျှနက်ရှိုင်းလှပါပေတယ်။ " ကုချိုးသည် သူတို့နောက်ကို ပူးပေါင်းလိုက်ပါလာကြသော ဝူမင်တို့အုပ်စုကိုလှမ်းကြည့်ရင်း စိတ်လှုပ်ရှားစွာပြောဆိုလိုက်သည်။ ဒီလူအုပ်ကြီးကိုအနိုင်ရလိုက်ပါက ဘယ်လောက်ပိုက်ဆံများများသူတို့ခိုးယူနိုင်မှာလဲ။ ရရှိလာတဲ့ကြွယ်ဝမှုတွေကိုဂိုဏ်းချုပ်အား ၉၀% ပေးလိုက်ရင်တောင်မှ ကျန်ရှိနေသေးတဲ့ငွေကြေးများနှင့် သူတို့အရမ်းကိုချမ်းသာလာကြမှာပဲဖြစ်သည်။
" အချိန်ကျပြီ။ ပုန်းအောင်းနေတဲ့သူ ဘယ်သူမှမရှိတော့ဘူး။ မင်းအချက်ပြလိုက်တော့။ " ကုကန်းချိုးသည် အနောက်မှပြေးလွှားလိုက်ပါလာသော လူအုပ်ကြီးကိုလှမ်းကြည့်လိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။
" အစ်ကိုကြီး၊ ကျွန်တော်ကပိုမိုငယ်ရွယ်တဲ့လူပါဗျာ။ အစ်ကိုကြီးပဲ အချက်ပြလိုက်ပါ ။ ဒီလူအုပ်စုကြီးကို ညီငယ်လေးက ကြွားဝါပြောဆိုချင်သေးတယ်... " ကုချိုးသည် သူ၏လက်ကိုဝှေ့ရမ်းလိုက်ကာ စိတ်အားထက်သန်စွာပြောဆိုလိုက်သည်။
" ကောင်းပြီ ။ လာ လာ လာ ။ " ကုကန်းချိုးသည် သက်ပြင်းချလိုက်မိသည်။
ညီအစ်ကိုနှစ်ယောက်သည် ချက်ချင်းဆိုသလိုပဲလျိုမြောင်ကြီးအတွင်းရှိ ကျောက်ဆောင်လေးတစ်ခုအပေါ်၌ ရပ်တန့်လိုက်ကြသည်။ ၎င်းကျောက်ဆောင်သည် ဖူမျိုးနွယ်စုမှလူငယ်များစီရင်ထားသည့် အစီအရင်ကြီး၏ဗဟိုချက်သာဖြစ်သည်။
ကုချိုးတို့ညီအစ်ကိုနှစ်ယောက် ရပ်တန့်လိုက်တာကို တွေ့မြင်လိုက်ကြရသည့်အခါ ကျိထျန်းကျိုနှင့် အခြားသူများဟာ ပျော်ရွှင်သွားကြသည်။ တခဏချင်းမှာပဲ သူတို့ဟာကုညီနောင်နှစ်ယောက်ကို ဝိုင်းရံပိတ်ဆို့လိုက်လေသည်။ ထိုညီအစ်ကိုနှစ်ယောက် လွတ်မြောက်နိုင်မှာမဟုတ်တော့ပေ ။
" ပြေးလေ။ မင်းတို့ဘာလို့ဆက်မပြေးတော့တာလဲ။ "
" ခွေးကောင်တွေ။ သက်သက်သက်သာတော့ သေရမယ်မထင်နဲ့။ မင်းတို့ရုန်းကန်လှုပ်ရှားပြီးမှသေစေရမယ်။ "
" ဒီတစ်ကြိမ်မှာ ငါတို့အရှက်ကွဲရတာထက် အဆရာထောင်ပေါင်းများစွာ မင်းတို့ကိုခံစားစေရမယ်။ "
ကုညီအစ်ကိုနှစ်ယောက်ကို ဝန်းရံပိတ်ဆို့လိုက်ပြီးသည့်နောက် ကျိယွင်နှင့်အခြားသောသူများသည် တစ်ယောက်တစ်ပေါက် ဟစ်ကြွေးလိုက်ကြသည်။ သူတို့ဟာ ဒေါသအပြင်းအထန်ထွက်နေခဲ့ကြသည်။
ဝူမင်တို့အုပ်စုကတော့ လူကြီးလူကောင်းများပုံစံ ဟန်ဆောင်ထားကြသော်လည်း သူတို့က ကျိယွင်နှင့်အခြားအမျိုးသမီး လူငယ်မျိုးဆက်များကို လှမ်းမကြည့်ပဲမနေနိုင်တော့ပေ။ အဝတ်ဗလာဖြစ်နေခဲ့ကြပြီး သစ်ရွက်သစ်ခက်များနှင့် ဖုန်းကွယ်ထားကြရသော သူမလေး တို့ကို တွေ့မြင်လိုက်ကြရသည့်အခါ သူတို့၏အမူအရာများမှာလည်း တည်ကြည်လေးနက်သွားကြသည်။
" ကျစ် ကျစ်။ ငါကုချိုး ရှင်သန်နေသမျှကာလပတ်လုံး မင်းတို့လောက်ရူးမိုက်တဲ့လူတွေကို မတွေ့ဖူးဘူး။ မင်းတို့မှာဘာမှမကျန်တော့တာတောင် မင်းတို့ကိုထပ်ပြီးလုယက်ရဦးမှာလား။ တကယ့်ကိုအကောင်းအဆိုးမသိတတ်တဲ့လူတွေပဲ။"
" ငါကုကန်းချိုးရဲ့အမည်နာမက လုယက်ခြင်းရဲ့အထွတ်အထိပ်မှာရှိတဲ့ ဓားပြဘုရင်ပဲကွ။ ငါကုကန်းချိုးရဲ့လက်ထဲမှာ မရေမတွက်နိုင်တဲ့အလှလေးတွေ ကျရှုံးပြီးသွားပြီ။ မင်းတို့မျက်လုံးကိုပြူးပြီး သေသေချာချာစိုက်ကြည့်ထားကြ။ "
ကုကန်းချိုးကလည်း ခေါင်းကိုအနည်းငယ်ငဲ့စောင်းလျက် ကျိယွင်၏သေးငယ်သောရင်ဘတ်များကို လှမ်းကြည့်လိုက်ပြီး မထီမဲ့မြင်ဖြင့် ကျယ်လောင်စွာပြောဆိုလိုက်သည်။ သူ၏အသံဟာအရပ်လေးမျက်နှာတို့ပျံ့နှံ့သွားပြီး လူငယ်မျိုးဆက်များကို ဒေါသထွက်လာစေခဲ့သည်။ သေစမ်း ။ သူတို့ကအကောင်းအဆိုးနားမလည်ကြဘူးလား။
အဝိုင်းခံထားရတာတောင် ဘယ်လိုလုပ်မောက်မာရဲတာလဲ။ အထူးသဖြင့် ကျိယွင်ပဲဖြစ်သည်။ သူမ၏မျက်နှာတစ်ခုလုံးမှာဒေါသတို့ဖြင့်ပေါက်ကွဲလုမတတ်ဖြစ်နေခဲ့တယ်။ သူမ၏မျက်နှာတစ်ခုလုံးမှာဆွေးဆွေးနီနေခဲ့သည်။ သူမဆုံးဖြတ်ပြီးပြီ။ အဲဒီ့ကုညီအစ်ကိုနှစ်ယောက်ကို မသတ်ဖြတ်ဘဲ သူတို့ရဲ့စိတ်ဝိညာဉ်တွေကို အမြဲတမ်းနှိပ်စက်ညှင်းပန်းရမယ်။ မီးမြိုက်ရမယ်။ ရေခဲနဲ့အေးခဲပစ်ရမယ်။ သူတို့ကို သေတာထက်ပိုဆိုးတဲ့ဘဝမှာ ရှင်သန်စေရမယ်!