← Chapters

ရူးသွပ်ခြင်း

Vol. 22 Ch. 298

ရူးသွပ်ခြင်း

Vol. 22 Ch. 298

ဤအချိန်တွင် လုယက်ခံလိုက်ရသော လူငယ်မျိုးဆက်များသာမက ဝူမင်တို့အုပ်သုသည်လည်း အရမ်းကို ဒေါသထွက်သွားကြသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ထိပ်တန်းပါရမီရှင်များဖြစ်သော သူတို့ကတောင် အရမ်းမမောက်မာခဲ့ကြပေ။ ရှန်ရှန့်ကျုံဂိုဏ်းမှ ဒီအရူးနှစ်ကောင်က သူတို့ကိုတောင် ရင်ဆိုင်တိုက်ခိုက်ချင်နေသည်။ သူတို့၏ ရှေ့တွင် လွန်ကဲစွာ မောက်မာပြနေသည်။ အသက်ရှင်ရတာ ပင်ပန်းနေပြီလား?။

ကုဖုန်းလင်တို့ လူငယ်ပါရမီရှင်အုပ်စုသည် ပို၍ တောင် အရှက်ရသွားကြသည်။ သူတို့၏ ကုမိသားစုမှာ ဒီမျိုးမစစ်နှစ်ကောင်ကို ထုတ်ပယ်ခဲ့သော်လည်း ထိုနှစ်ကောင်၏ ခန္ဓာကိုယ်အတွင်း၌ ကုမျိုးနွယ်စု၏ သွေးများစီးဆင်းနေဆဲဖြစ်သည်။ ရှေးဟောင်းကုမျိုးနွယ်စုကြီး၏ ဂုဏ်သတင်းကို ပျက်ပြားအောင် လုပ်ခြင်းက ခွင့်လွှတ်၍မရသော ရာဇဝတ်မှု​​ဖြစ်၏!

ထိုဂြိုလ်ဆိုးနှစ်ကောင်ကို သတ်ဖြတ်လိုက်ခြင်းဖြင့်သာ ကုမျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ပြန်လည်စောင့်ထိန်းနိုင်မည်ဖြစ်သည်။ ဒီလိုမှမဟုတ်ပါက ဒီအရူးနှစ်ကောင်၏ သတင်းအပြင်သို့ ပေါက်ကြားသွားပါက ကုမိသားစုကြီး၏ ဂုဏ်သိက္ခာ အဘယ်မျှလောက်ကျဆင်းသွားမည်ကို နတ်ဘုရားများကသာ သိပေလိမ့်မည်။ 

"အရူးတစ်သိုက်ပဲ.... ငါဆိုတဲ့ ကုချိုးက မင်းတို့ကို ရပ်တန့်နေရင်းနဲ့တောင် သတ်ဖြတ်နိုင်တယ် ၊ မင်းတို့က ငါ့ရဲ့ဆံပင်တစ်ချောင်းကိုတောင် ထိအောင်လုပ်နိုင်မှာ မဟုတ်ဘူး..." ကုချိုးသည် ခေါင်းကိုမြင့်မြင့်မော့လျက် မြောက်များစွာသော လူငယ်ပါရမီရှင်များကို ဝေ့ဝဲကြည့်လိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။

"စလိုက်တော့..."

ထိုသို့ပြောလိုက်ပြီးနောက် ကုချိုးသည် လူငယ်ပါရမီရှင်များ၏ တုန့်ပြန်မှုကိုတောင် မစောင့်ဘဲ မိုးကောင်ကင်ကြီးကို ပွေ့ဖက်နေသလိုမျိုး လက်နှစ်ဖက်ကို ဆန့်ကားကာ ကျယ်လောင်သော အသံဖြင့် ပြောဆိုလိုက်သည်။

ဘုံး.....

လျှိုမြောင်ကြီးတစ်ခုလုံးသည် ရုတ်တရက်ပေါက်ကွဲသွားပြီး အရပ်လေးမျက်နှာမှ အလင်းတန်းကြီးလေးတန်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါအလင်းတန်းကြီး များအတွင်း၌ သိပ်သည်းသော အဆောင်စာရွက်များ မျောလွင့်နေခဲ့လေသည်။ အလင်းတန်းကြီးများသည် အဆောင်စာရွက်များမှ ထုတ်လွှတ်လိုက်ခြင်း ဖြစ်ပြီး လူငယ်ပါရမီရှင် အုပ်စုများဆီသို့ ပြေးဝင်သွားကြသည်။ တစ်ခဏအတွင်းမှာပဲလျှိုမြောင်ကြီးတစ်ခုလုံးကို မရေမတွက်နိုင်သော ဟင်းလင်းပြင်များအဖြစ်သို့ ပိုင်းခြားလိုက်သည်။

ဒါ့အပြင် ထိပ်တန်းလူငယ်ပါရမီရှင်များသည် ၎င်းဟင်းလင်းပြင်များ အတွင်း၌ ပိတ်မိနေခဲ့ကြသည်။ လျှို့ဝှက်နယ်မြေတစ်ခုလုံး တုန်လှုပ်အောင် စွမ်းဆောင်နိုင်သော စွမ်းအားကြီး အုပ်စုတစ်စုသည် ဤသို့ဤပုံနှင့် ပျက်ပြယ်သွားခဲ့ရသည်။

"စကြာဝဠာ အဆောင်လက်ဖွဲ့အစီအရင်..."

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ထိုကဲ့သို့သော ရုတ်တရက်ပြောင်းလဲမှုကြီးက လူငယ်ပါရမီရှင်များစွာ၏ မျက်စိသူငယ်အိမ်များကို တုန် လှုပ်သွားစေခဲ့သည်။ 

စကြာဝဠာ အဆောင်လက်ဖွဲ့အစီအရင်သည် ဖူမျိုးနွယ်စု၏ ကျော်ကြားသော အစီအရင်တစ်ခုဖြစ် သည်။ ဤအစီအရင်တွင် တိုက်ခိုက်ခြင်းစွမ်းအားမပါရှိဘဲ သန်မာသော ခုခံခြင်းစွမ်းအားသာ ပါရှိပေသည်။ အစီအရင်ခင်းကျင်းလိုက်ပါက လူပေါင်းများစွာ ဟင်းလင်းပြင် နေရာလွတ်များအတွင်း၌ ပိတ်မိသွားကြမှာ ဖြစ်ပြီး ဖောက်ထွက်ရန် မဖြစ်နိုင်တော့ချေ။

သို့ပါသော်လည်း ဖူမျိုးနွယ်စုမှလူများကတော့ နေရာ လွတ်များအတွင်း စိတ်ရှိသလို ဝင်ရောက်နိုင်ပြီး တိုက်ခိုက်နိုင်ကြသည်။

"အာ...ဟားဟား... မင်းတို့ အရမ်းကို အံ့ဩသွားကြပြီလား?"

ကုချိုးသည် အပြုံးကြီးကြီးပြုံး၍ မိုးကောင်းကင်ကို မော့ကြည့်လိုက်ကာ ရက်စက်သောလေသံဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့မှာ ဘယ်လိုလုပ် စကြာဝဠာအဆောင်လက်ဖွဲ့အစီအရင် ရှိနေရတာလဲ?" ဝူမင်က ကုချိုးကို စူစူးရဲရဲစိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ မေးမြန်းလိုက်သည်။ 

သူ၏ အသံဆုံးသွားသည့်အခါ ရှိနေကြသော လူငယ်ပါရမီရှင်များစွာကလည်း ကုချိုးကို လှမ်းကြည့်လိုက်ကြသည်။ ဖူမျိုးနွယ်စုမှလွဲ၍ ဒီအစီအရင်ကို ဘယ်သူကမှ စီမံမပြုလုပ်န်ိုင်ကြပေ။

"ဖူမျိုးနွယ်စုက ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ပြီးသွားပြီ... မင်းတို့အရူးတွေကပဲ အတိတ်တစ်ချိန်က ဂုဏ်သရေတွေမှာ ပိတ်မိနေခဲ့ကြတာကွ... လူတိုင်းသိတဲ့အတိုင်း ငါတို့ရှန်ရှန့်ကျုံဂိုဏ်း ရောက်လာတဲ့အခါ မိုးကောင်းကင်ကြီးတောင် ပြောင်းလဲသွားရမယ် ၊ ဒီထျန်းလန်ဒေသတစ်ခုလုံးမှာ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက ပြိုင်ဘက်ကင်းပဲ! ၊ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတွေဆိုတာ အတိတ်တစ်ချိန်က အင်အားစုတွေပါကွာ..."

ကုချိုးသည် ဘက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဤအချိန်တွင် သူ၏အသံက အရမ်းကို လွှမ်း မိုးချုပ်ကိုင်နိုင်လှသည်။ အရင်က ရွှတ်နောက်နောက် လုယက်ခြင်းဘုရင် ဂုဏ်ပုဒ်နှင့် လုံးဝကို မသက်ဆိုင်တော့ပေ။

"မဖြစ်နိုင်ဘူး....."

"ဖူမျိုးနွယ်စုက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု တစ်စုပဲလေ... ဘယ်လိုလုပ် မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကို အညံ့ခံရမှာလဲ?"

"မဟုတ်တန်းတရားတွေ မပြောစမ်းနဲ့...."

ကုချိုး၏ စကားဆုံးသွားသည့်အခါ ရှိနေကြသော လူများသည် ခေါင်းခါလိုက်ကြပြီး အော်ဟစ်ပြောဆိုလိုက်ကြသည်။ သူတို့က ကုချိုး၏ စကားလုံးများကို လုံးဝမယုံကြည်ကြပေ။ ၎င်းမှာ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု တစ်စုဖြစ်ပြီး သူတစ်ပါးကို အဘယ့်ကြောင့် အညံ့ခံရမည်နည်း။

"မင်းတို့မျက်လုံးထဲမှာ မဖြစ်နိုင်ပေမယ့်... ရှန်ရှန့်ကျုံဂိုဏ်းရဲ့ မျက်လုံးထဲမှာတော့ ဒီကိစ္စက သာမန်ပဲ ၊ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းမှာ ဉာဏ်ပညာကြီးမားပြီး သိုင်းပညာတော်တဲ့ အကြီးအကဲတွေရှိကြတယ် ၊ ဒါ့အပြင် ကောင်းကင်ကို လက်တစ်ဖက်နဲ့ ဖုံးကာနိုင်တဲ့ ငါတို့ ကုညီနောင်ရှိနေမှတော့ ဘယ်အရာက မဖြစ်နိုင်ဦးမှာလဲ?"

ကုချိုးသည် လှောင်ပြုံး ပြုံးလိုက်ပြီး လူငယ်ပါရမီရှင်များကို ငုံ့ကြည့်လိုက်ကာ ကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။

"သေစမ်း... ဒီကောင်က အရမ်းကိုချဲ့ကားလွန်း တာပဲ!... ငါသည်းမခံနိုင်တော့ဘူး စပြီးတိုက်ခိုက်ကြရအောင်..'' အမှောင်ထုအတွင်းတွင် ကျုံးကျီ၏ နှုတ်ခမ်းထောင့်များသည် တွန့်သွားပြီး ကျိယိုယန်နှင့် ဖူမျိုးနွယ်စုမှ ပါရမီရှင်များကို လှမ်းကြည့်ကာ ပြောဆိုလိုက်သည်။ 

ကျိယိုယန်နှင့် အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ နောက်တစ်ကြိမ်ကျရင်... ဟင့်အင်း နောက်တစ်ကြိမ်ဆိုတာ မရှိဘူး... သူတို့ ကုချိုးတို့နှစ်​ယောက်ကို နောက်ထပ်စကားပြောခွင့်မပေးနိုင်ဘူး။

ပုန်းကွယ်နေရာမှ လူပေါင်းများစွာသည် ရုတ်တရက် ထွက်ပေါ်လာကြသည်။ ဘာစကားတစ်ခွန်းမှ မပြောကြဘဲ သူတို့က နေရာလွတ်တစ်ခုအတွင်းသို့ တိုက်ရိုက်ဝင်ရောက် သွားကြကာ ထိတ်လန့်ဖွယ်တိုက်ခိုက်မှုများကို ထုတ်လွှတ်လျက် ဟင်းလင်းပြင်အတွင်း ပိတ်မိနေသော ပါရမီရှင်များကို သွေးမြူကြီးအဖြစ် ပြောင်းလဲလိုက်သည်။ 

ကျုံးကျီတို့သုံးယောက်၏ ကျင့်ကြံမှုသည် တာအိုဧကရာဇ် အလယ်အလတ်အဆင့်ကို ရောက်နေခဲ့ပြီဖြစ်ကာ သူတို့၏ တိုက်ပွဲဝင်စွမ်းအားမှာ တာအိုဧကရာဇ် အထွတ်အထိပ်ဖြင့်တောင် ယှဥ်နိုင်လေသည်။ ဖူမျိုးနွယ်စုမှ ပါရမီရှင်များ၏ အကူအညီဖြင့်ဆိုပါက သူတို့သည် တာအိုဧကရာဇ်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းနေလေပြီ။ 

ထိုနေရာမှာ လူငယ်ပါရမီရှင်များကို တိုက်ခိုက်သတ်ဖြတ်လိုက်ပြီးနောက် ကျုံးကျီနှင့်အခြားသူများသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ အခြားသော ဟင်းလင်းပြင် တစ်ခုအတွင်းသို့ ဝင်ရောက်သွားကြသည်။ တူညီသော နည်းလမ်းဖြင့် အခြားနေရာလွတ်အတွင်းရှိ လူငယ်ပါရမီရှင်များမှာလဲ သတ်ဖြတ်ခံလိုက်ရသည်။

ရုတ်တရက်အပြောင်းအလဲက ဝူမင်နှင့် အခြားသော ပါရမီရှင်များကို ထိတ်လန့်သွားစေသည်။ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး အမူအရာများမှာ မယုံကြည်နိုင်ဖြစ်နေကြသည်။ သူတို့ ဘာကိုမြင်လိုက်ရတာလဲ?။

ဂုဏ်သရေကြီးမားသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုတစ်စုဖြစ်သည့် ဖူမျိုးနွယ်စုက တစ်ကယ်ဘဲ ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ပူးပေါင်းသွားတာလား?။ ပြီးတော့ သူတို့ကိုတောင် တိုက်ခိုက်သတ်ဖြတ်နေသေးတယ်။

ဤအဖြစ်အပျက်ကြောင့် ဝူမင်နှင့်အခြားသော လူငယ်ပါရမီရှင်များသည် ကုချိုးပြောခဲ့သည့်စကားများကို ပြန်မတွေးဘဲ မနေနိုင်တော့ချေ။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိန်းချုပ်မရဘဲ တုန်ယင်လာကြသည်။ ကုချိုးပြောလိုက်တာတွေက အမှန်တွေများ ဖြစ်နေတာလား?။

ဖူမျိုးနွယ်စုက တစ်ကယ်ကြီး ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ပူးပေါင်းသွားတာလား?။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?....

"ဟေး... ကျုံးကျီ မင်းတို့တွေ ငါတို့စကားပြောနေတာကို ​မမြင်ဘူးလား?... သေစမ်းကွာ" ကျုံးကျီနှင့် အခြားသောသူများ၏ နှောင့်ယှက်ခံလိုက်ရတာကြောင့် ကုချိုးသည် မပျော်မရွှင်ဖြစ်နေသော အမူအရာဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ 

သူက ကြီးမြတ်ချင်ယောင် ဆောင်နေခဲ့တာလေ။ ဒါကိုတောင် သူ့လူတွေက နှောင့်ယှက်တယ်တဲ့လား။ ဒါ.. လုံးဝသည်းမခံနိုင်စရာကောင်းလွန်းတယ်!.. သူကဂိုဏ်းတူအစ်ကိုကြီးပါ ၊ ကျုံးကျီနဲ့ အခြားသူတွေက ဂိုဏ်းတူညီငယ်လေးများသာ ဖြစ်ကြသည်။ ဂိုဏ်းတူအစ်ကိုကြီးပြောနေသော ဂုဏ်သရေရှိသည့် စကားများကို ဖြတ်​တောက် နှောင့်ယှက်ခြင်းက ခွင့်လွှတ်လို့မရနိုင်ပေ။ 

ကုချိုးတို့ ညီအစ်ကိူနှစ်ယောက်သည် နောက်တစ်ကြိမ် သူတို့လုယက်သည့်အခါ ကျုံးကျီနှင့် အခြားသောသူများကို မခေါ်သွားတော့ဘူးဟု ဆုံးဖြတ်လိုက်ကြသည်။ 

သို့ပါသော်လည်း ကျုံးကျီတို့ကတော့ ကုချိုးတို့၏ အော်ဟစ်ပြောဆိုမှုကို အာရုံမထားခဲ့ကြပေ။ ဖူမျိုးနွယ်စုမှ ပါရမီရှင် ဖူရွှယ်ကန်း၏ ဦးဆောင်မှုအောက်တွင် သူတို့က အခြားသောနေရာလွတ်နယ်မြေအတွင်းသို့ လူစုခွဲဝင်ရောက်သွားကြကာ အရိုင်းဆန် စွာ သတ်ဖြတ်လိုက်ကြသည်။

"ဖူရွှယ်ကန်း... မင်းတို့ဘာတွေလုပ်နေတာလဲ? မင်းတို့ရှေးဟောင်းမျိုးနွယ်စုတွေနဲ့ စစ်ပွဲစတင်ခြင်တာလား?" ဝူမင်သည် ဖူမျိုးနွယ်စုက သူတို့ကို သတ်ဖြတ်နေတာ တွေ့လိုက်ရသည့်အခါ ဒေါသတကြီးအော် ဟစ်ပြောဆိုလိုက်ကြသည်။

"ဟေ....ငါတို့ဖူမျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ပြီးသွားပြီ... အခုငါတို့က ရှန်ရှန့်ကျုံဂိုဏ်းသားပဲ! ၊ ငါ ဖူရွှယ်ကန်းက မင်းတို့ ရှန်ရှန့်ကျုံဂိုဏ်းကို တိုက်ခိုက်နေတာကို ထိုင်ပြီး ကြည့်ရှုနေရမှာလား?" 

ဝူမင်ကို ခွန်းတုန့်ပြန် ပြောဆိုနေသော်လည်း ဖူရွှယ်ကန်းတို့ အုပ်စု၏ လှုပ်ရှားမှုများမှာ ရပ်တန့်မသွားခဲ့ပေ။ မျက်တောင်တစ်ခတ်အတွင်းမှာဘဲ သူတို့ဟာ တာအိုဧကရာဇ်အဆင့် စွမ်းအားရှင် ခုနှစ်ယောက် ရှစ်​ယောက်ကို သတ်ဖြတ်လိုက်ပြီးဖြစ်သည်။

ဤအချိန်တွင် ထျန်းလန်ဒေသအတွင်းရှိ ကျော်ကြားသော လူငယ်ပါရမီရှင်များမှာ ပုရွက်ဆိတ်လောက်တောင် အဖြစ်မရှိတော့ပါပေ။ အသက်ရှူစာ တစ်ရှိုက်စာ ကာလအတွင်း၌ သူတို့သည် ကျုံးကျီနှင့် အခြားသောသူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရကာ ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိခဲ့ကြချေ။ 

"သေစမ်း..."

ဖူရွယ်ကန်း၏စကားဆုံးသွားသည့်အခါ ထိပ်တန်းလူငယ်ပါရမီရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ဟစ်ကြွေးလိုက်ကြသည်။ သူတို့ဟာ ဒေါသထွက်နေကြသလို တစ်ချိန်တည်းမှာလည်း ကြောက်လန့်နေကြသည်။ ယခုအချိန်တွင် သူတို့ဟာ လူစုခွဲခံထားရပြီး ဖူရွယ်ကန်းတို့အုပ်စုကို မတားဆီးနိုင်ကြပေ။ ဤအချိန်တွင် ဝူမင်တို့ကဲ့သို့သော ထိပ်တန်းပါရမီရှင်များကတောင် ထိတ်လန့်နေကြပြီဖြစ်သည်။ 

သူတို့သည် ဖူမျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်းအတွင်း တစ်ကယ်ကြီး ဝင်ရောက်ခဲ့သည့် သတင်းအပေါ် ထိတ်လန့်ခဲ့ရသလို သူတို့၏ ကိုယ်ပိုင်အသက်များအတွက် ကြောက်ရွံံနေခဲ့ကြသည်။ လက်ရှိအခြေအနေဖြင့်ဆိုပါက သူတို့တွင် ရှင်သန်ရန် နည်းလမ်းမရှိတော့ပေ။ 

ကျုံးကျီတိုအုပ်စုသည် တစ်နာရီကျော်ကြအောင် သတ်ဖြတ်လိုက်ပြီးသည့်နောက် ကောင်ကင်နှင့်မြေပြင်ကြားရှိ လူငယ်ပါရမီရှင်များသည် သေဆုံးသွားကြရသည်။ စကြဝဠာ အဆောင်လက်ဖွဲ့အစီအရင်ကြီးကလည်း ပြိိုကွဲသွားခဲ့ပြီး လျှိုမြောင်ကြီးအတွင်း၌ မြောက်များစွာသော အလောင်းများ ပြန့်ကျဲလျက်ရှိသည်။ သွေးများဟာ မြစ်တစ်စင်းအလား အရှိန်အဟုန်ဖြင့် စီးဆင်းနေခဲ့လေသည်။ 

ဖူရွယ်ကန်းနှင့် အခြားသောသူများ၏ အမှတ်များကလည်း ထိတ်လန့်စရာကောင်းလောက်သော အဆင့်ကို ရောက်ရှ်ိနေခဲ့ပြီဖြစ်သည်။ တစ်ရာနီးပါးခန့်ရှိသော ထိပ်တန်းပါရမီရှင်များကို ဖူရွှယ်ကန်းတို့ ဖူမျိုးနွယ်စုက သတ်ဖြတ်ခဲ့လေသည်။ သူတို့ အခုချိန်တွင် ဆက်လက်မတိုက်ခိုက်တော့ဘူး ဆိုလျှင်တောင်မှ သူတို့ရဲ့ အဆင့်အတန်းကို ဘယ်သူကမှ တုန်လှုပ်အောင် ပြုလုပ်နိုင်မှာ မဟုတ်တော့ချေ။

All Chapters