အနာဂတ်ငါတို့လုယက်တဲ့အခါ မင်းတို့နဲ့မဆိုင်တော့ဘူး
Vol. 22 Ch. 299
"မင်းတို့ဘာလုပ်လိုက်တာလဲ?... ဂိုဏ်းတူအစ်ကိုကြီးတွေရဲ့ အစီအစဥ်ကို ဖျက်စီးဖို့ ဘယ်သူက မင်းတို့ကို သတ္တိတွေ ဘယ်သူ ပေးလိုက်တာလဲ?"
ဒီအချိန်မှာပဲ ကုချိုးသည် ကျုံးကျီနှင့် အခြားသူများထံ ပြေးထွက်သွားပြီး ဒေါသတကြီး မေးမြန်လိုက်သည်။
ကုချိုးက အရမ်းကို ဒေါသထွက်နေပါပြီ။ သူတို့ညီအစ်ကိုနှစ်ယောက်သည် ဂိုဏ်းချုပ်တစ်ယောက် ဂုဏ်သရေကြီးမားသည့်ပုံ ဟန်ဆောင်တာကို တွေ့မြင်ဖူးကြလေသည်။ ယခုအချိန်တွင် သူတို့ဂုဏ်သရေကြီးမားသည့်ပုံ ဟန်ဆောင်ရမည့်အချိန်ဖြစ်သည်။ သူတို့ဟာ မြောက်များစွာသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု ပါရမီရှင်များ၏ ရှေ့၌ မောက်မာထောင်လွှားခဲ့ကြသည်။ သူတို့နှစ်ယောက် အဘယ်မျှလောက် ကျေနပ်နေကြသည်ကို သူတို့ကသာလျှင် သိရှိပါလိမ့်မည်။ သို့ပါသော်လည်း သူတို့ ဂိုဏ်းတူညီငယ်လေးများက သူတို့၏ အစီအစဥ်ကို ဖျက်စီးခဲ့သည်။
ကျုံးကျီနှင့်အခြားသူများ၏ နှုတ်ခမ်းထောင့်များ သည် တွန့်လိမ်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြကာ တိတ်တိတ်နေဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့က သတ်ဖြတ်လိုက်သော လူငယ်ပါရမီရှင်လေးများ ထားရစ်ခဲ့သော ရတနာပစ္စည်းများကို လိုက်လံကောက်ယူနေတော့သည်။
ကောင်းပေစွ!... မင်းတို့က ဂိုဏ်းတူအစ်ကိုကြီးကိုတောင် လျစ်လျူရှုရဲနေပြီပေါ့လေ...။
ကုချိုးတို့ညီအစ်ကိုနှစ်ယောက်သည် နှာမှုတ်လိုက်ပြီး အေးတိအေးစက် လှမ်းကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်ဟာ အခိုးထွက်လုမတက် ဒေါသထွက်နေခဲ့သည်။ ကျုံးကျီတို့အုပ်စုကသာ သူတို့၏ ကိုယ်ပိုင်လူများမဟုတ်ပါက ကျုံးကျီနှင့်အခြားသူများကိုလည်း လုယက်ခြင်းဘုရင်ဆိုသော ဂုဏ်ပုဒ် ဘာကိုဆိုလိုမှန်း ပြသလိုက်မှာဖြစ်သည်။
ကောင်းပြီ... မင်းတို့က ဂိုဏ်းတူအစ်ကိုကြီးတွေကို ဂရုမစိုက်ဘူးဆိုမှတော့ ဒီဂိုဏ်းတူအစ်ကိုကြီးတွေကလည်း မင်းတို့ကို ဂရုမစိုက်တော့ဘူး။ ဒီတစ်ဘဝလုံးမှာ ဂိုဏ်းတူအစ်ကိုကြီးတွေ လုယက်တဲ့အခါ မင်းတို့ လိုက်လာနိုင်လိမ့်မယ် မထင်နဲ့။ ဂိုဏ်းချုပ်က တောင်းဆိုနေရင်တောင်မှ မရတော့ဘူးကွ...
မင်းတို့နာမည်တွေကို ငါ ကုချိုး တေးမှတ်ထားလိုက်ပြီ။ အခုချိန်ကစပြီး မင်းတို့ကို ငါတို့ကုညီနောင်ရဲ့ ဓါးပြအဖွဲ့က ဖယ်ထုတ်လိုက်ပြီ...
ကုချိုးသည် အသက်ကိုပြင်းပြင်းရှူလိုက်ကာ တွေးတောနေခဲ့သည်။
ဘုံး.....
ကျုံးကျီနှင့်အခြားသူများ လူငယ်ပါရမှရှင်များ၏ ရတနာများကို ကောက်ယူပြီးသည့်အချိန်မှာ လျှို့ဝှက်နယ်မြေကြီးတစ်ခုလုံးဟာ တုန်ခါသွားခဲ့ပြီး အလင်းတန်းကြီးတစ်ခုသည် အဝေးတစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် နတ်ဘုံတစ်မျှခမ်းနားလှသော ကြီးမားသည့် နန်းတော်ကြီးတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ အဆိုပါမြင်ကွင်းက လျှို့ဝှက်နယ်မြေအတွင်းရှိ လူငယ်ပါရမီရှင်များစွာ၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။
"ဒီလျှို့ဝှက်နယ်မြေရဲ့ အမွေခံနယ်မြေ နောက်ဆုံးတော့ ထွက်ပေါ်လာတာလား?..."
ကုချိုးတို့ညီအစ်ကိုနှစ်ယောက်သည် ဧရာမနန်းတော်ကြီးဘက်ကို လှမ်းကြည့်လိုက်ကြပြီး စိတ်အားထက်သန်စွာ ပြောဆိိုလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်က လျှို့ဝှက်နယ်မြေရဲ့ အမွေအနှစ် ဒီတစ်ကြိမ်ထွက်ပေါ်လာလိမ့်မယ်လို့ နမိတ်ဖတ်ခဲ့တယ်... ကြည့်ရတာ မျိုးနွယ်စုခေါင်း ဆောင်ရဲ့ နမိတ်ဖတ်တာ မှန်ကန်ပုံပဲ..." ဖူရွှယ်ကန်းသည် လေးနက်နေသော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"သွားကြရအောင်... ငါတို့လုယက်ခြင်း ဘုရင်နှစ်ပါးက မင်းတို့ကို လုယက်ခြင်းလမ်းစဥ်အပေါ် ခေါ်ဆောင်သွားပေးမယ်" ကုချိုးသည် သူ၏လက်ကိုဝှေ့ယမ်းကာ ကျယ်လောင်စွာ ပြောလိုက်သည်။
ကောင်းပြီ... ဒါက သူတို့ကို လုယက်ဖို့ခေါ်သွားတာ နောက်ဆုံးအကြိမ်ပဲ... လျှို့ဝှက်နယ်မြေအပြင်ဖက်ကို ထွက်တာနဲ့တစ်ပြိုင်နက် သူတို့ကို ထပ်ပြီး ခေါ်မသွားတော့ဘူး။ လျှို့ဝှက်နယ်မြေ အမွေအနှစ်တည်ရှိရာနေရာသို့ မြောက်များစွာသောလူများ သွားလာနေတာကြောင့်သာမဟုတ်ပါက ကုချိုးတို့ညီနောင်နှစ်ယောက်သည် ကျုံးကျီတို့အုပ်စုကို ခေါ်ဆောင်သွားမှာ မဟုတ်တော့ပေ!
ကျုံးကျီနှင့်အခြားသောသူများ၏ နှုတ်ခမ်းများသည် ဆက်လက်၍ တွန့်လိမ်သွားကြပြန်သည်။ သို့သော်လည်း သူတို့က ဘာစကားတစ်ခွန်းမှ မပြောခဲ့ကြပေ။ သူတို့သည် ကုချိုးညီအစ်ကိုနှစ်ယောက်၏ ဦးဆောင်မှုနောက်မှ လိုက်ပါ၍ ဧရာမနန်းတော်ကြီးရှိရာသို့ သွားလာနေကြသည်။ လျှို့ဝှက်နယ်မြေအတွင်းရှိ အခြားသော လူငယ်ပါရမီရှင်များကလည်း ဧရာမနန်းတော်ကြီး၏ ဆွဲဆောင်မှုကို ခံလိုက်ကြရကာ အဆိုပါနေရာသို့ ပြေးလာနေကြသည်။
တစ်စုံတစ်ယောက်သာ ကောင်းကင်ယံမှ ငုံ့ကြည့်ပါလျှင် မရေမတွက်နိုင်သော မြစ်များက ပင်လယ်ကြီးအတွင်းသို့ စီးဆင်းဝင်ရောက်နေသလိုမျိုး ဧရာမနန်းတော်ကြီးရှိရာကို လာရောက်နေကြသည့် လူတန်းကြီးများကို တွေ့မြင်ရမှာသာဖြစ်သည်။
"ဒင်၊ ကျုံးကျီနှင့် အခြားသော ဂိုဏ်းသားများမှာ ထိပ်တန်းလူငယ်ပါရမီရှင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်း အမှတ် သန်း ၃၀ နှင့် အဆင့်မြင့်တာအိုကျပန်းဆင့်ခေါ်ခွင့် ၆ ကြိမ်ကို ဆုချလိုက်သည်"
တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေအပြင်ဖက်၌ ထိုင်နေသော ဝမ်ဖုန်းသည် စနစ်၏ အေးစက်စက်အသံကိုကြားလိုက်ရသည်။
အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု လေးစုမှ ပုဂ္ဂိုလ်များကို သတ်ဖြတ်လိုက်ပြီးသည့်နောက် ကြီးမားသော စင်မြင့်ကြီးတစ်ခုကို ပြန်လည်တည်ဆောက်ခဲ့သည်။ ဝမ်ဖုန်းနှင့် ဖူမျိုးနွယ်စုမှလွဲ၍ အခြားသောသူများမှာ စင်မြင့်ကြီးပေါ် တက်မထိုင်ဝံ့ကြပေ။ သူတို့အားလုံးဟာ စင်မြင့်အပြင်ဖက်၌သာ မတ်တက်ရပ်လျှက် စောင့်ကြည့်နေရဲကြသည်။ လေထုမှာ အလွန်အမင်းလေးလံနေပြီး အသက်တောင် ပြင်းပြင်းမရှူရဲကြပါချေ။ လူအများသည် ရှန်ရှန့်ကျုံဂိုဏ်းအား ဒေါသထွက်စေမှာကို ကြောက်လန့်နေခဲ့ကြသည်။
ရှေးဟောင်းမျိုးနွယ်စုမှ လူများစွာသည် စင်မြင့်ထက်၌ ထိုင်နေကြသော ရှန်ရှန့်ကျုံဂိုဏ်းမှ လူများစွာကို အံအားတသင့် စိုက်ကြည့်နေခဲ့ကြသည်။ ဤတစ်ကြိမ်တွင် ချန်းလုံသိုင်းပြိုင်ပွဲက သူတို့ကို မျက်စိပွင့် နားပွင့်ဖြစ်သွားစေခဲ့သည်။ အထူးသဖြင့် စောနက ဖြစ်ပွားခဲ့သည့် ကြီးကျယ်သော တိုက်ပဲဲကြီးကြောင့်သာ...။.ဤကမ္ဘာတွင်ခွန်အားကသာ လုံလောက်အောင်သန်မာနေပါက အရာအားလုံးကို ချယ်လှယ်နိုင်စွမ်းရှိလေသည်။
"စနစ်၊တာအိုအဆင့် အဆင့်မြင့်ကျပန်း ဆင့်ခေါ်ခွင့် ၁၀ကြိမ်ကို အန္တိမကျပန်းဆင့်ခေါ်ခွင့် ၂ ကြိမ်အဖြစ်ပူးပေါင်းလိုက်ပါ..."
ဝမ်ဖုန်းသည် မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး လျှို့ဝှက်စွာ ပြောဆိုလိုက်သည်။
သူတွင်ယခင်ကရှိနေသော ဆင့်ခေါ်ခွင့် ၄ ကြိမ်နှင့် စောနက စနစ်မှဆုချလိုက်သော ဆင့်ခေါ်ခွင့် ၆ ကြိမ်ပူးပေါင်းပါက အဆင့်မြင့်ကျပန်းဆင့်ခေါ်ခွင့် ၁၀ ကြိမ်ရှိနေလေသည်။ အခုအချိန်တွင် ဝမ်ဖုန်းသည် အဆိုပါဆင့်ခေါ်ခွင့် ၁၀ ကြိမ်ကို အန္တိမဆင့်ခေါ်ခွင့် ၂ ကြိမ်အဖြစ် ပူးပေါင်းကာ ဆင့်ခေါ်ပစ်လေသည်။
"ဒင်၊ တာအိုအဆင့် အန္တိမကျပန်းဆင့်ခေါ်ခွင့် ၂ ကြိမ်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်"
"စနစ် ၊ တာအိုအဆင့်အန္တိမကျပန်းဆင့်ခေါ်ခွင့် ၁၂ ကြိမ်ကို ပူးပေါင်းပြီး ကန့်သတ်ချက်တွေကိုကျော်လွန်တဲ့ လူပုဂ္ဂိုလ်နှစ်ယောက်ကို ဆင့်ခေါ်လိုက်ပါ" ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခု လင်းလက်သွားပြီး လျှို့ဝှက်စွာ ပြောဆိုလိုက်သည်။
ယခု သူ့တွင် အန္တိမတာအိုကျပန်းဆင့်ခေါ်ခွင့် အကြိမ် ၂၀ ရှိလေရာ ရက်ရောစွာ အသုံးပြုခဲ့လေသည်။
"ဒင်၊ စစ်ဟန်ဖေး နှင့် လင်းတုရှု ကို ဆင့်ခေါ်မိတဲ့အတွက်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ သူတို့ရဲ့ စွမ်းရည်ဇယားကို စစ်ဆေးကြည့်ပါမည်လား"
စိတ်အာရုံအတွင်း ထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်းကို ဝမ်းမြောက်သွားစေခဲ့သည်။ ကောင်းပေစွ!... သူဟာ နောက်ဆုံးမှာတော့ ရန်ဖက်နှစ်ဦးကို ဆင့်ခေါ်မိလေပြီ ၊ သူတို့နှစ်ယောက်သည် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး လင်းတူရှုသည် စစ်ဟန်ဖေး၏ အသန်မာဆုံးတိုက်ကွက်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ဖူးလေသည်။ သူ၏ မွေးရာပါစွမ်းအားက အတွင်းအင်္ဂါရပ်များကို ပြန်လည်ပြုပြင်နိုင်သည့် အစွမ်းသတ္တ်ိသာ ရှိမနေပါက လင်းတူရှုတစ်ယောက် စစ်ဟန်ဖေးလက်ထဲ၌ သေသွားခဲ့တာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
"စစ်ဆေးလိုက်..." ဝမ်ဖုန်းက တုံ့ဆ်ိုင်းခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
"ဒင်၊ စစ်ဟန်ဖေး၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်"
အမည် - စစ်ဟန်ဖေး
ဘွဲ့ - ကြီးမြတ်သော မွန်ဂိုသခင်သုံးယောက်အနက် တစ်ယောက်
ကျင့်ကြံဆင့် - ကြယ်ကိုးပွင့် တာအိုနတ်ဘုရားအဆင့်
ရုပ်ခန္ဓာ - အရူးဝိညာဥ် တာအိုရုပ်ခန္ဓာ (ဤရုပ်ခန္ဓာကို အသုံးပြုလိုက်ပါက ခွန်အားသည် ကြီးမားစွာ တိုး တက်လာမှာဖြစ်သည်။)
သွေးမျိုးဆက် - အရူးဝိညာဥ်သွေးမျိုးဆက် (ဤသွေးမျိုးဆက်ကို အသုံးပြုလိုက်ပါက နိယာမလမ်းစဥ်၏ စွမ်းအားများသည် နှစ်ဆတိုးမြင့်ခံလိုက်ရမှာ ဖြစ်သည်။)
တာအိုလမ်းစဥ် - လှံ တာအိုလမ်းစဥ်
တာအိုသိုင်းကွက်များ - ချန်းရှုံးဖျက်စီးခြင်းလှံ ၊ လှံတစ်ချောင်းဖြင့် ကောင်းကင်ကို ဖြတ်တောက်စေခြင်း ၊ သမုဒ္ဒရာအတွင်း ဝင်ရောက်ခြင်း ၊ ကောင်းကင်နှင့် ကမ္ဘာမြေထုကို စားသုံးခြင်း ၊ ဟင်းလင်းပြင်ကို သန့်စင်ခြင်း ။
အထူစွမ်းအားများ - အရူးဝိညာဥ်
တိုက်ပွဲဝင်လက်နက် - သံမဏိလှံတံ
"ဒင် ၊ လင်းတူရှု၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်"
အမည် - လင်းတုရှု
ဘွဲ့ - လေဘုရင်
ကျင့်ကြံဆင့် - ကြယ်ကိုးပွင့် တာအိုနတ်ဘုရားအဆင့်
ရုပ်ခန္ဓာ - အထုံပါရမီရုပ်ခန္ဓာ (ဤရုပ်ခန္ဓာကိုအသုံးပြုလိုက်ပါက ခန္ဓာကိုယ်အတွင်းရှိ မရီဒီယန်များ၏ သန်မာမှုမှာ တိုးပွားလာမည်ဖြစ်ပြီး ဒဏ်ရာများကို တွန်းလှန်နိုင်သည့် စွမ်းအားကို ရရှိနိုင်သည်။)
သွေးမျိုးဆက် - အထုံပါရမီသွေးမျိုးဆက် (ဤသွေးမျိုးဆက်ကို အသုံးပြုလိုက်ပါက ကျင့်စဥ်၏ စွမ်း အားများမှာ ပိုမိုတိုးတက်လာပြီး ပိုမိုသန့်စင်လာမည်ဖြစ်သည်။)
တာအိုလမ်းစဥ် - ဓါးလမ်းစဥ်
တာအိုသိုင်းကွက်များ - လေးမျက်နှာကို ဓါးဖြင့်ပိုင်းဖြတ်ခြင်း ၊ အထုံပါရမီ ဓါးစွမ်းရည် ၊ နတ်ဘုရားနှင့် မိစ္ဆာသတ်ဓါး ၊ ကောင်းကင်ဘုံဖျက်စီးခြင်းဓါး ။
အထူးစွမ်းအားများ - အထုံပါရမီ တာအိုဓါး ။
တာအိုလက်နက် - အထုံပါရမီ ဓါး။''
စစ်ဟန်ဖေးတို့နှစ်ယောက်၏ စွမ်းရည်ဇယားကို ကြည့်လိုက်ရင်း ဝမ်ဖုန်းဟာ စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ ယခု သူ၏ရှန်ရှန့်ကျုံဂိုဏ်းတွင် ကြယ်ကိုးပွင့်တာအိုနတ်ဘုရားသုံးပါး ရှိနေပြီဖြစ်ကာ ထိုက်ရွှမ် ဒဏ္ဍာရီလာအဆင့် ဖောင့်ပန့်လည်း ရှိနေသေးသည်။ သူတို့၏ ခွန်အားမှာ ပို၍ပို၍ တိုးတက်လာခဲ့ပြီး ထျန်းလန်ဒေသတွင် ရှန်ရှန့်ကျုံဂိုဏ်းကို တားဆီးနိုင်တဲ့လူ မရှိတော့ပေ။
"ဟေး... ရှန်ရှန့်ကျုံဂိုဏ်းရဲ့တပည့်တွေက ထိပ်ဆုံးနေရာကို ရောက်သွားပြီ"
"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တွေဆိုတဲ့အတိုင်းပါပဲလား..."
"အခြေအနေကိုကြည့်ရတာတော့ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုရဲ့ တပည့်တွေက ရှန်ရှန့်ကျုံ ဂိုဏ်းတပည့်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီထင်တယ်.."
ဝမ်ဖုန်းတစ်ယောက် စဥ်းစားတွေးခေါ်နေစဥ်မှာပဲ ကျယ်လောင်သော အသံများက သူ့ကို လှုပ်နှိုးလိုက်လေသည်။ သူဟာ အဆင့်ဇယားကို မော့ကြည့်လိုက်သည့်အခါ ထိပ်ဆုံးဆယ်နေရာသည် ရှန်ရှန့်ကျုံဂိုဏ်း တပည့်များဖြစ်နေကြောင်း တွေ့မြင်လိုက်ရသည်။ ကုချိုးဟာ ထိပ်ဆုံး ငါးနေရာအတွင်း ဝင်ရောက်နေပြီး ထိပ်ဆုံးငါးနေရာမှ လွဲ၍ ကျန်သောနေရာများကို ဖူမျိုးနွယ်စု ပါရမီရှင်များက အပိုင်စီးထားကြလေသည်။
ဤမြင်ကွင်းက ဝမ်ဖုန်းကို စိတ်ကျေနပ်စွာ ခေါင်းတဆတ်ဆတ်ညိမ့်လိုက်စေခဲ့သည်။ ဝမ်ဖုန်းသည် အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စု လေးစုကို ဖျက်စီးသည့်အခါ ရှန်ရှန့်ကျုံဂိုဏ်းသားများကိုလည်း ခေါ်ဆောင်သွားပြီး ကိုယ်ရည်သွေးပေးရန် ဆုံးဖြတ်လိုက်လေသည်။ ဒီလိုမှ မဟုတ်လျှင် သူတို့ရှန်ရှန်ကျုံဂိုဏ်းဟာ အကြီးအကဲများ၏ သန်မာမှုကိုသာ မှီခိုနေရမှာ ဖြစ်သည်။ တပည့်များကိုလည်း အလေးပေးရဦးမည်သာ...။
ချန်းလုံသိုင်းပြိုင်ပွဲ ပြီးဆုံးသွားသည့်အခါ ဝမ်ဖုန်းက သူတို့၏ အနာဂတ်အကြောင်းကိုတောင် စီစဥ်ပြီးပြီဖြစ်ကြောင်းကို လျှို့ဝှက်နယ်မြေအတွင်းရှိ ကုချိုးနှင့် အခြားသူများက မသိရှိလိုက်ကြပါပေ။
ဤအချိန်တွင် လျှို့ဝှက်နယ်မြေအတွင်း၌ ကုချိုးတို့အုပ်စုသည်လည်း ဧရာမနန်းတော်ကြီးဆီသို့ ရောက်ရှိသွားကြပြီဖြစ်သည်။