← Chapters

ကြယ်ရောင်စုံသောကောင်းကင်ကို ကိုင်ဆောင်လျက် နဂါးကိုခြေနင်းထားသည်။

Vol. 22 Ch. 301

ကြယ်ရောင်စုံသောကောင်းကင်ကို ကိုင်ဆောင်လျက် နဂါးကိုခြေနင်းထားသည်။

Vol. 22 Ch. 301

" လုယက်ခြင်းက ရန်သူတစ်ထောင်ကို ဖျက်ဆီးပစ်မယ်ကွ! "

ကုကန်းချိုးရောက်မလာခင်ကတည်းက သူ၏အသံသည် အရပ်လေးမျက်နှာကို ပျံ့နှံ့သွားခဲ့သည်။မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံလှိုင်းကြီးသည် ကမ္ဘာကိုတုန်လှုပ်သွားစေခဲ့သည်။ကုကန်းချိုး၏ခန္ဓာကိုယ်ထံမှ မရေမတွက်နိုင်သောအရိပ်များ ချက်ချင်းထွက်လာခဲ့သည်။

ကုချိုးတို့ညီအကိုနှစ်ယောက်နှင့်ရင်းနှီးသော ဝမ်ဖုန်းတို့အုပ်စုသာ သည်နေရာတွင်ရှိနေပါက အဆိုပါမရေမတွက်နိုင်သောအရိပ်များသည် ကုချိုးတို့ညီအစ်ကိုနှစ်ယောက်လုယက်ခဲ့သော လူများနှင့် မကောင်းဆိုးဝါးများဖြစ်ကြောင်း သိရှိမှာပင်။

ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က ၎င်းအရိပ်များမှထုတ်လွတ်နေသော စွမ်းအားများသည်အားနည်းခြင်းမရှိဘဲ ကုကန်းချိုးခန္ဓာကိုယ်၏ တစ်ဝက်လောက်အထိသန်မာပေသည်။ 

ကျုံးကျီတို့သုံးယောက်သည် ထိပ်တန်းပါရမီရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်နေတုန်းမှာ ကုကန်ချိုးကရောက်ရှိလာခဲ့ပြီး သူတို့သုံးယောက်ကိုကူညီလိုက်သည်။

အချိန်တစ်ခုအထိတိုင်အောင် သိပ်သည်းသောအရိပ်များသည် ရာကျော်သောထိပ်တန်းပါရမီရှင်များကို ပိတ်ဆိုလိုက်လေသည်။

အနှီမြင်ကွင်းက ကျုံးကျီတို့သုံးယောက်ကို ထိတ်လန့်သွားစေခဲ့သည်။သူတို့ကကုကန်ချိုးကို မယုံကြည်နိုင်စွာလှမ်းကြည့်လိုက်သည်။ဤသည်မှာ ဂိုဏ်းတူအစ်ကိုကြီးကုကန်းချိုး စတင်တိုက်ခိုက်တာကို သူတို့ပထမဆုံးအကြိမ်တွေ့မြင်ဖူးခြင်းပင်။

အစကသူတို့သည် ထိုလုယက်သူ ညီအစ်ကိုနှစ်ယောက်မှာ ဓားပြသာတိုက်တတ်ပြီး ခွန်အားမရှိဟု တွေးထင်ခဲ့သည်။ သည်အချိန်မှာတော့ ၎င်းညီအစ်ကိုနှစ်ယောက် ဖုံးကွယ်ထားသည့်ခွန်အားကို နားလည်လိုက်လေသည်။ 

အရိပ်များ၏စွမ်းအားကို ကျုံးကျီတို့သုံးယောက်ကတောင်မှ ထိတ်လန့်သွားခဲ့ရလေသည်။အရိပ်တစ်ခုချင်းစီ၏စွမ်းအားသည် ဘာမှမဟုတ်ချေ။၎င်းကို သူတို့အလွယ်တကူ ဖျက်ဆီးနိုင်လေသည်။ သို့ပါသော်လည်း ရာကျော်သောအရိပ်များ စုပေါင်းလိုက်တဲ့အခါတွင်တော့ ကြောက်လန့်ဖွယ်ကောင်းလာရသည်။ 

သူတို့အနီးကပ်ကြည့်ရှုလိုက်သည့်အခါတွင်တော့ ၎င်းအရိပ်များသည် တာအိုဧကရာဇ်အဆင့် ခွန်အားများကို ပိုင်ဆိုင်ထားသည်။ ဂိုဏ်းတူအစ်ကိုကြီး ထုတ်လွှတ်လိုက်သည့်အရိပ်များသည် အနည်းဆုံးတစ်ထောင်ခန့် ရှိနေပေလိမ့်မည်။တစ်ယောက်ချင်းသာတိုက်ခိုက်ရပါက ဤကဲ့သို့သောခွန်အားက ရန်သူကိုကြောက်ဒူးတုန်သွားစေလောက်သည်။

ဂိုဏ်းတူအစ်ကိုကြီးကုကန်းချိုးက ထိပ်တန်းပါရမီရှင်အများကြီးကိုလုယက်နိုင်ခဲ့တာ အံ့သြစရာမဟုတ်တော့ပါဘူး!

ကျုံးကျီနှင့်အခြားသောသူများသည် ကုညီအစ်ကိုနှစ်ယောက်၏ခွန်အားကို နားလည်သဘောပေါက်ကာ ထိတ်လန့်သွားကြသည်။ထိုညီအစ်ကိုနှစ်ယောက် လုယက်သောအခါ သူတို့ကလိုက်ပါမသွားသောကြောင့် ထိုနှစ်ယောက်၏ သန်မာသောခွန်အားအ‌ေကြာင်းကိုမသိရှိခဲ့ပေ။

ကုချိုးသည် တိုက်ကွက်တစ်ခုကိုမှ မထုတ်လွှတ်ခဲ့သော်လည်း သူ့အစ်ကိုကြီးကတောင် အစွမ်းထက်နေပြီဖြစ်ရာ သူကရောအားနည်းပါဦးမည်လော။

" မင်းတို့တွေဘာလုပ်နေတာလဲ။တိုက်ခိုက်ကြလေကွ!"

ကျုံးကျီနှင့်အခြားသူများ ကြောင်အနေတာကိုတွေ့လိုက်ရသည့်အခါ ကုကန်းချိုးက အရမ်းကိုဒေါသထွက်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။

ကောင်းပေစွ။ဒီဂိုဏ်းတူအစ်ကိုကြီးက အမွေအနှစ်ရရှိနိုင်မယ့်အခွင့်အရေးကိုတောင်စွန့်လွှတ်ပြီး ဒီထိပ်တန်းပါရမီရှင်တွေကို မင်းတို့နဲ့အတူတိုက်ခိုက်ပေးနေတာ။မင်းတို့ကတော့ ဒီဂိုဏ်းတူအစ်ကိုကြီး စတင်တိုက်ခိုက်လိုက်တာနဲ့ကို ကြောင်အသွားနေတော့တာပဲ!

ဘယ်လိုလဲ ဂိုဏ်းတူအကိုကြီးရဲ့စွမ်းအားကို အံ့အားသင့်သွားပြီလား။ ဒါပေမယ့်လည်း ရာကျော်တဲ့ရန်သူတွေကို ငါတစ်ယောက်တည်း တိုက်ခိုက်နိုင်လိမ့်မယ်လို့ ထင်နေတာလားကွ။

ကုကန်းချိုးရဲ့အော်ဟစ်သံကို ကြားလိုက်ရသည့်အခါ ကျုံးကျီနှင့်အခြားသောသူများက အလျင်အမြန်တုန့်ပြန်လိုက်ကြသည်။ ထိုအခါမှသာ သူတို့သည် ကုကန်းချိုး၏နှဖူးပြင်ထက်၌ ချွေးစီးများထွက်နေသည်ကို တွေ့မြင်လိုက်ကြရသည်။ သိသာစွာဖြင့် ထိုကဲ့သို့ခွန်အားကြီးသည့်တိုက်ကွက်ကို ထုတ်ဖော်ခဲ့ခြင်းသည် ဂိုဏ်းတူအစ်ကိုကြီး ကုကန်းချိုးအတွက်လည်း မလွယ်ကူခဲ့ပေ။

ကျုံးကျီတို့အုပ်စုသည် လျစ်လျူရှုမထားရဲတော့ဘဲ သူတို့ကိုယ်တွင်းရှိစွမ်းအားများကို နှိုးဆွပြီးတော့ ဆက်လက်တိုက်ပွဲဝင်လိုက်ကြသည် ။ ကုကန်းချိုးထုတ်လုပ်လိုက်သောအရိပ်များနှင့်ပူးပေါင်းပြီး သူတို့လေးယောက်စလုံးသည် ရာကျော်သော ထိပ်တန်းပါရမီရှင်များကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ 

ထိုကဲ့သို့သောမြင်ကွင်းက အစီအရင်တည်ဆောက်နေသော ဖူရွှယ်ကန်းနှင့်ဖူမျိုးနွယ်စုပါရမီရှင်များကို ထိတ်လန့်သွားစေခဲ့ကာ သူတို့မျက်လုံးများအတွင်း၌ အံ့အားသင့်မှုများရှိနေခဲ့သည်။ 

ဤသည်မှာ ရာကျော်သောတာအိုဧကရာဇ်အဆင့် ထိပ်တန်းပါရမီရှင်များဖြစ်သည်။ထိုရာကျော်သောပါရမီရှင်များကို ရှန်ရှန့်ကျုံ့ဂိုဏ်းသားလေးယောက်က တကယ်ကြီးခုခံနိုင်ခဲ့လေသည်။ ရှန်ရှန့်ကျုံဂ်ိုဏ်းရဲ့ လက်ရွေးစင်တပည့်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်လေ။

ဤအချိန်တွင် ဖူမျိုးနွယ်စုမှ ထိပ်တန်းပါရမီရှင်များသည် ကုကန်းချိုးတို့လေးယောက်ကို လေးစားအားကျသွားကြသည်။ 

ကုကန်းချိုးတို့လေးယောက်နှင့် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲမှာအချိန်ကာလကြာမြင့်ခဲ့လေသည်။ ရာကျော်သောထိပ်တန်းပါရမီရှင်များက စိတ်ဖိးစီးလာကြသည်။ ဒါဇင်ကျော်သော တာအိုဧကရာဇ်အဆင့်စွမ်းအားရှင်များသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာထက်၌ ထူးဆန်းသောအကြည့်များ ရှိနေခဲ့ကြသည်။ သူတို့ဟာရုတ်ချည်းဆိုသလို အသန်မာဆုံးသောတိုက်ကွက်များကို ထုတ်လွှတ်လိုက်ပြီး ကုကန်းချိုးထုတ်လွှတ်လိုက်သည့်အရိပ်များကို ဖျက်ဆီးလိုက်ကြသည်။ 

ဤမြင်ကွင်းကိုတွေ့မြင်လိုက်ရသည့်အခါ ကျုံးကျီနှင့်အခြားသောသူများသည် ထိတ်လန့်သွားခဲ့ကြပြီး ကုကန်းချိုးကို လှမ်းကြည့်လိုက်ကြသည်။ ကုကန်းချိုးက ထောင်ကျော်သောအရိပ်များကို ထပ်မံထုတ်လွှတ်လိုက်ပြီး ရန်သူများကိုတိုက်ခိုက်လိမ့်မည်ဟု ‌သူတို့တွေးထင်ခဲ့ကြသည်။ သို့ပါသော်လည်း ကုကန်းချိုး၏မျက်နှာကို သူတို့လှမ်းကြည့်လိုက်သည့်အခါ အလွန်အင်မတန်ဖြူဖျော့နေသည်ကိုတွေ့မြင်လ်ိုက်ရပြီး သူ့နဖူးထက်၌လည်း ချွေးအေးများရှိနေခဲ့သည်။ သူတို့သည် သက်ပြင်းဖွဖွချလ်ိုက်မိကြသည်။ သူတို့၏ဂိုဏ်းတူအစ်ကိုကြီး ကုကန်းချိုးသည် စွမ်းအင်အများကြီးကို သုံးစွဲပြီးခဲ့လေပြီ။

ကျုံးကျီတို့သုံးယောက်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ခိုင်မာသောအကြည့်များရှိနေခဲ့သည်။ဘာပဲဖြစ်ဖြစ်သူတို့က ဒီလူတွေကို နန်းတော်ကြီးထဲ ဝင်ခွင့်မပေးနိုင်ဘူး!

ဘုန်း !

ဤကဲ့သို့သောအရေးကြီးသည့်အချိန်ကာလတွင် အလင်းတန်းကြီးများ မိုးကောင်းကင်ထိတိုင် ထိုးတက်သွားလေသည်။ မရေမတွက်နိုင်သောအလင်းတန်းများသည် မြေပြင်မှထိုးထွက်လာကြပြီး ရာကျော်သောထိပ်တန်းပါရမီရှင်များကို လူစုခွဲလိုက်သည်။ဤမြင်ကွင်းကြောင့် ကျုံးကျီအခြားသောသူများသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ စကြာဝဠာအဆောင်လက်ဖွဲ့သည် အောင်မြင်စွာဖွဲ့တည်ပြီးလေပြီ။ ဆိုလိုတာက သူတို့က အန္တရာယ်မရှိတော့ဘဲထိပ်တန်းပါရမီရှင်များကသာ အန္တရယ်ကြီးထဲ ရောက်ရှိနေလေပြီ။

ကုကန်းချိုးနှင့်အခြားသောသူများသည် ထိပ်တန်းပါရမီရှင်များကို သတ်ဖြတ်ရန်အလျှင်မလိုခဲ့ကြပေ။ သူတို့သည် လေထုအတွင်း တင်ပလ္လင်ခွေထိုင်လိုက်ကြပြီး သူတို့၏အရှိန်အဝါများကိုထိန်းညှိလိုက်ကြသည် ။သူတို့သည်အချိန်ကာလကြာမြင့်စွာ တိုက်ခိုက်ခဲ့ခြင်းမရှိသော်လည်း အရှိန်အဟုန်မြင့်မားစွာ တိုက်ခိုက်ခဲ့ကြသည် ။သူတို့၏ခန္ဓာကိုယ်များနှင့်စွမ်းအားများက မောပန်းနေခဲ့ချေပြီ ။

" အထဲမှာတစ်ယောက်ယောက်ရှိလား။ "

နန်းတော်ကြီးအတွင်းတွင် ကုချိုးသည် သတိကြီးစွာလမ်းလျောက်နေခဲ့ပြီး လေသံတိုးတိုးဖြင့်မေးမြန်းလိုက်သည်။ နန်းတော်ကြီးအတွင်းသို့ ရောက်ရှိလာပြီးသည့်နောက် ကုချိုးဟာ အမွေအနှစ်ဆိုသောအရာကို မတွေ့မြင်ခဲ့ရပေ။ သူ့ကိုစောင့်မျှော်နေခဲ့သည်က ပိန်းပိတ်အောင်မှောင်မဲနေသော အမှောင်ထုကြီးသာဖြစ်သည်။ သူဟာ သူ၏လက်ငါးချောင်းကိုတောင် တွေ့မြင်နိုင်ခြင်းမရှိတော့ပေ။ ဤနေရာ၌ သူ၏တာအိုဧကရာဇ်အဆင့်ကျင့်ကြံမှုသည်လည်း အချည်းနှီးဖြစ်လာရသည်။

" ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတစ်ပါးရဲ့ အမွေအနှစ်ဆိုတာဘယ်မလဲ။ တစ်ယောက်ယောက်က လီဆယ်ပြောဆိုလိုက်တာတော့ မဟုတ်လောက်ပါဘူး။ဟုတ်တယ်မလား။ဒီမှာဘာမှမရှိဘူးကွ ! " ကုချိုးသည် စိတ်ပျက်စွာရေရွတ်လိုက်မိသည် ။

ဟွမ် !

ဤအချိန်မှာပဲ တိတ်ဆ်ိတ်နေသည့်နေရာအတွင်း၌ အသံတစ်ခုထွက်ပေါ်လာခဲ့ကာ ကုချိုးတစ်ယောက် ထိတ်လန့်သွားခဲ့သည် ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တောင့်တင်းသွားပြီး ကိုယ်အတွင်းရှိစွမ်းအားများကို တိတ်ဆိတ်စွာ နှိုးဆွလ်ိုက်သည်။ 

ကုချိုး၏ စောင့်ကြည့်နေသောအကြည့်များအောက်တွင် ခန်းမကြီးအတွင်း၌ အပြာရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။ ကုချိုးတစ်ယောက်မော့ကြည့်လိုက်သည်အခါ သူ၏ပါးစပ်ဟာ ဟောင်းလောင်းဖြစ်သွားပြီး အံ့အားသင့် ထိတ်လန့်သွားရသည်။

သူဟာ ခန်းမကြီးအတွင်းထွက်ပေါ်လာသော ကြယ်ရောင်စုံသောကောင်းကင်ကြီးတစ်ခုကို တွေ့မြင်လိုက်ကြရသည်။ အပြာရောင်အလင်းတန်းများမှာ ကောင်းကင်ယံရှိကြယ်များ၏ အလင်းများဖြစ်သည်။ ဤအချိန်တွင် ကုချိုးသည် စကြာဝဠာကြီးအတွင်း ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ 

" စိတ်ဝင်စားစရာပဲ ။ လျို့ဝှက်ဆန်းကြယ်ပြီး မခန့်မှန်းနိုင်တဲ့ လုယက်ခြင်းလမ်းစဉ်ကို နားလည်နိုင်တဲ့သူ ရှိနေသေးတာပဲ ။ "

ကုချိုးတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာသော ကြယ်ရောင်စုံသည့် ကောင်းကင်ကြီးကြောင့် ထိတ်လန့်သွားစဉ်တွင် ဟက်ဟက်ပက်ပက် ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

" ဘယ်သူလဲ ။ "

ကုချိုးသည်သတိပြန်ဝင်လာပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူက ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ရှုလိုက်သည့်အခါ သူ၏အရှေ့၌ထွက်ပေါ်လာသော အရပ်ရှည်သည့်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူက မတုန်လှုပ်ဘဲမနေနိုင်တော့ပေ။ သူ၏နှလုံးသားထဲ၌ အတွေးတစ်ခုသာရှိနေခဲ့သည် ။ ငါအမွေအနှစ်ကို လာမရှာခဲ့သင့်ဘူး!

ကုချိုး၏ရှေ့၌ အရပ်ရှည်ရှည်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြယ်ရောင်စုံသောကောင်းကင်ယံကြီးသည် အဆိုပါပုံရိပ်၏လက်ဖဝါးပေါ်၌ ဝဲလွင့်နေခဲ့ပြီး သူ၏ခြေဖဝါးအောက်တွင် နဂါးတစ်ကောင်၏ပုံရိပ် ရှိနေခဲ့သည် ။ ၎င်းပုံရိပ်မှာ အလွန်အမင်း ပုံရိပ်ယောင်ဆန်သော်လည်း တစ်ချက်စိုက်ကြည့်လိုက်ရုံဖြင့် ကုချိုး၏စိတ်ဝိညာဉ်တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့ရသည်။ ၎င်းမှာ နတ်ဘုရားတစ်ပါးနှင့် တွေ့ဆုံနေရသည့်အလားပင်။

ကောင်းကင်ယံကို လက်ဖြင့်ပင့်မထားပြီး နဂါးကိုခြေဖြင့်ချနင်းထားသည်!

ဒါကဘယ်လိုတည်ရှိမှုမျိုးလဲ ။ ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတဲ့လား။ ရယ်စရာကောင်းလိုက်တာ။ ဘယ်ကြယ်ကိုးပွင့်တာအိုနတ်ဘုရားက နဂါးတစ်ကောင်ပေါ် ခြေချနိုင်မှာလဲ။ ကုချိုးကတော့ ယုံကြည်နိုင်ခြင်းမရှိ။ 

" ငါတွေးမထားခဲ့ဘူး ။ ကြုံရာကျပန်းချလိုက်တဲ့ အမွေအနှစ်ကြောင့်နဲ့ မင်းလိုပါရမီရှင်တစ်ယောက်ကို တွေ့မြင်ရလိမ့်မယ်လို့ပေါ့ ။ " ပုံရိပ်သည် ပျော့ပြောင်းနူးညံ့သောအသံဖြင့် ရယ်မောကာ ပြောဆ်ိုလိုက်သည်။

ဤ ညင်သာနူးညံ့သောအသံအောက်တွင် ကုချိုးသည် တဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။ 

All Chapters