← Chapters

ဆိတ်ငြိမ်ခြင်း နတ်ဆိုးနတ်ဘုရား ၊ နတ်ဆိုးလမ်းစဥ် ၁၀ ပါး

Vol. 22 Ch. 302

ဆိတ်ငြိမ်ခြင်း နတ်ဆိုးနတ်ဘုရား ၊ နတ်ဆိုးလမ်းစဥ် ၁၀ ပါး

Vol. 22 Ch. 302

"နိမ့်ကျသူ ကုချိုးက ကြီးမြတ်သူကို တွေ့ဆုံပါတယ်..

 အကြီးအကဲက ဘယ်သူများလဲ?"

စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီးနောက် ကုချိုးသည် အရပ်ရှည်ရှည် ပုံရိပ်ဘက်ကို ဂါရဝပြုလိုက်ပြီး လေးစားစွာပြောလိုက်သည်။

သူဟာ အနည်းငယ်တုံးအသော်လည်း ကမ်းကုန်အောင်တော့ ရူးနှမ်းမနေပါပေ။ ဒီလိုပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ​ရှေ့တွင် ထပ်မံ၍ ခေါင်းမာနေပါက အသက်နှင့်ကိုယ် အိုးစားကွဲပေရော့မည်။

"ငါက... ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံရဲ့ နတ်ဆိုးနတ်ဘုရားပဲ..."

ထိုစကားထွက်ပေါ်လာသည့်အခါ ကုချိုး၏ ခန္ဓာ ကိုယ်တစ်ခုလုံးသည် တုန်ခါလာသည်။ ကြီးမြတ်သူက ထိုစကားကို တည်ငြိမ်စွာ ပြောဆိုလိုက်ခြင်း ဖြစ်သော်လည်း ၎င်းစကားသံသည် နတ်ဘုရားတို့၏ စကားသံကဲ့သို့ အဆုံးအစမဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းများ ပါဝင်နေပြီး သူ၏စိတ်နှလုံးကို တုန်ယင်စေခဲ့သည်။

"ဒီနိမ့်ကျသူမှာ နှောက်ယှက်လိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ၊ အကြီးအကဲ ဘာမှလုပ်စရာမရှိတော့ရင် ဒီနိမ့်ကျသူက ထွက်ခွာသွားပါ့မယ်"

ကုချိုးသည် နောက်တစ်ကြိမ်ထပ်မံ ဂါရဝပြုကာ လေးလေးစားစား ပြောဆိုလိုက်သည်။ သူဟာ ဆိတ်ငြိမ်ခြင်း ကောင်းကင်ဘုံရဲ့ နတ်ဆိုးနတ်ဘုရားကို ဤအချိန်တွင် ရင်မဆိုင်ချင်ပေ။ သူ၏ ရှေ့တွင် ကုချိုးသည် သူ့အသက်ကို သူကိုယ်တ်ိုင်မပိုင်တော့သလို ခံစားနေရသည်။

ဤသည်မှာ လုယက်ခြင်း၏ ဘုရင်ဖြစ်သော ကုချိုးအတွက်တော့ သက်တောင့်သက်သာ မရှိလှချေ။

ဒီလိုခံစားချက်ကြောင့်မဟုတ်ပါက ကုချိုးက ဘာကိုများ.ကြောက်ရဦးမည်နည်း။ ဒီလိုမှမဟုတ်လျှင် သူဟာ အမွေအနှစ်ကို ဆော့ကစားဖို့ ဓါးပြ တိုက်ပစ်လိုက်မှာသာ...။

"လုယက်ခြင်းလား....? ဒါဆို ဒီလိုပေါ့... ၊ မင်းက လုယက်ခြင်းရဲ့ လမ်းစဥ်ကို လိုက်စားတာပါလား..."

ဝိုး.... သူကငါ့ရဲ့ နှလုံးသားကို ထွင်းဖောက်မြင်နိုင်တာလား?။

"အကြီးအကဲ ဉာဏ်ပညာကြီးမားပြီး မြင့်မြတ်လှပါတယ် ၊ နတ်ဘုရားတွေလိုပဲ!.. ဒီနိမ့်ကျသူက အကြီးအကဲကို တွေ့မြင်လိုက်ရတဲ့ အခါမှာ ထာဝရတည်မြဲတဲ့ လေးစားယုံကြည်မှုမျိုးကို ခံစားလိုက်ရတယ်"

ဒီအသံက ကုချိုးရဲ့ နှလုံးသားကို စည်းချက်လွဲသွားစေခဲ့သည်။

"ဟားဟား... ကောင်လေး မင်းကရယ်စရာကောင်းတာပဲဟ"

ဆိတိငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားက ကုချိုးကို စိတ်ပါဝင်စားစွာ ကြည့်လိုက်ပြီး သူ့မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူဒီလို မပျော်ရွှင်ရတာ ဘယ်လောက်ကြာပြီလည်းဆိုတာကို သူကိုယ်တိုင်တောင် မသိတော့ပေ။ သူ၏ အမည်နာမကို ထုတ်ဖော်ပြောဆိုလိုက်သည့်အခါ ဘယ်သူကများ မကြောက်မလန့် ရှိမည်နည်း။ ဘယ်သူကမှ သူ၏ရှေ့တွင် ထိုကဲ့သို့ မပြုမူရဲကြချေ။ 

"မစိုးရိမ်ပါနဲ့... မင်းက ဒီနတ်ဆိုးနတ်ဘုရားထားခဲ့တဲ့ ကံကြမ္မာအမွေအနှစ်ကို ရှာတွေ့သွားပြီဆိုမှတော့ ဒီနတ်ဆိုးနတ်ဘုရားကလည်း မင်းဆီကို လွှဲပြောင်းပေးရမှာပေါ့... " ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ၏ နတ်ဆိုးနတ်ဘုရားသည် စိုးရိမ်ပူပန်နေသော ကုချိုးကို ကြည့်လိုက်ပြီး ပျော့ပျောင်းညှင်သာစွာ ပြောဆိုလိုက်သည်။

"ဆရာသခင်က ကြီးမြတ်လှပါတယ်... ကျေးဇူးပြုပြီး ဒီတပည့်ကို လက်ခံပေးပါ.."

ဒါကို ကြား​တော့ ကုချိုးက ချက်ချင်းကို ဦးညွတ်ပြီး အလျှင်အမြန်ဂါရဝပြုလိုက်သည်။ 

ဂိုဏ်းချုပ်ကြီး ကျေးဇူးပြုပြီး ကုချိုးကို ခွင့်လွှတ်ပေးပါ ၊ ဒါက နောက်ဆုံးရွေးချယ်ရာပဲ ။ ရှန်ရှန့်ကျုံဂိုဏ်းအပေါ် ကျုပ်ရဲ့ သစ္စာရှိမှုကို နေမင်း၊လမင်းနဲ့ စကြာဝ ဠာကြီးက သိမှာပါ!

ကုချိုး၏.သဘောထားကို တွေ့မြင်လိုက်ရသည့်အခါ ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရား၏ နှုတ်ခမ်းများမှာ မြောက်တက်သွားသည်။ ဒီကလေးက တစ်ကယ့်ကို ကပ်ဖားယပ်ဖား လုပ်တတ်တာပါလား။

"ကောင်းပြီ....မင်းကလုယက်ခြင်း လမ်းစဥ်ကို သဘောပေါက် နားလည်ပြီးပြီဆိုတော့ ဒီနတ်ဆိုးနတ်ဘုရားရဲ့ တပည့်ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်..."

"အခုချိန်ကစပြီး မင်းက.. ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးနတ်ဘုရားရဲ့ တိုက်ရိုက်တပည့်ပဲ"

နတ်ဆိုးနတ်ဘုရား၏ နှုတ်ခမ်းထောင့်များသည် ထပ်မံ၍ တွန့်လိမ်သွားကာ ခပ်ဖွဖွ ရယ်မောလျက်ပြောလိုက်သည်။

"ဟုတ်ကဲ့ တပည့်ကုချိုးက ဆရာသခင်ကို ဂါရဝပြုပါတယ်"

"ဆရာသခင်... ကျေးဇူးပြုပြီး တပည့်လက်ခံခြင်း အခမ်းအနား ပြုလုပ်ပေးပါလား ၊ ဒီတပည့်က အများကြီး မတောင်းဆိုပါဘူး အင်မော်တယ်လက်နက်နဲ့ လက်မှုပစ္စည်း ၁၈၀ လောက်ပါပဲ" ကုချိုးသည် အလျှင်အမြန်ဂါရဝပြုလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ 

"တပည့်ကလေး... ဒီဆရာသခင်ဆီက တစ်ခုခုတောင်းဆိုရဲတာ မင်းကပထမဆုံးပဲ..." ကုချိုး၏ အရှက်မဲ့သော အသွင်အပြင်ကို တွေ့မြင်လိုက်ရသည့်အခါ နတ်ဆိုးနတ်ဘုရားက ခေါင်းကို ခါယမ်းကာ ရယ်မောလိုက်သည်။

"ဟေး..ဟေး.. ဒီလိုမှမဟုတ်ရင် ကျွန်တော်က ဆရာ့ရဲ့ တိုက်ရိုက်တပည့် ဘယ်လိုလုပ်ဖြစ်လာနိုင်မှာလဲ?..." ကုချိုးက သူ၏ခေါင်းကို ကုတ်ကာ ပြုံးလျက်ပြောလိုက်သည်။

"ကောင်းပြီ... မင်းကို မြင့်မြတ်တဲ့ လက်နက်တွေ ပေးမယ်ဆိုရင် မင်းရဲ့ကျင့်ကြံဆင့်နဲ့ ကပ်ဘေးကြီးတစ်ခုကို သယ်ဆောင်ထားရသလိုပဲ ဖြစ်နေမှာ ၊ ထိုင်ချလိုက်ပါ ဒီဆရာသခင်က မင်းကို အမွေအနှစ်တွေ လွှဲပြောင်းပေးမယ်" နတ်ဆိုးနတ်ဘုရားက လက်ခါယမ်းကာ ပြောလိုက်သည်။ 

သူ့အတွက်တော့ အင်မော်တယ်လက်နက်များနှင့် လက်မှုပစ္စည်များက သာမန်ရတနာများသာ ဖြစ်သည်။ လုံးဝကို တန်ကြေးမရှိပါချေ။ သို့ပါသော်လည်း လက်ရှိကုချိုးအတွက်တော့ ၎င်းတို့မှာ မီးခဲပူပူကြီးအား ဆုပ်ကိုင်ထားရသလို ဖြစ်နေပေလိမ့်မည်။ အခြားသော သူများသာ သိရှိသွားပါက မရေမတွက်နိူင်သော အင်အားစုများက အရူးအမူးလိုက်လံ လုယက်ကြမှာပင်။

"ဟုတ်ကဲ့ပါ..."

ကုချိုးက အလျှင်အမြန် တင်ပလ္လင်ချိတ်ထိုင်လိုက်ပြီး စိတ်ကိုပျော့ပျောင်းအောင် ထားလိုက်ကာ အမွေ အနှစ်ကို လက်ခံရန် အသင့်ပြင်လိုက်သည်။

ဒါကိုတွေ့တော့ နတ်ဆိုးနတ်ဘုရားသည် သူ၏လက်ကိုဆန့်တန်းကာ ညွှန်ပြလိုက်သည်။ အလင်းတန်းတစ်ခုသည် ရုတ်တရက်ဆိုသလို ကုချိုး၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်ဝင်ရောက်သွားကာ ကုချိုး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ခါလာသည်။ ယင်းနောက် အလွန်အမင်းကြီးမားသော စွမ်းအင်ပမာဏသည် လေထုအတွင်းမှ ထွက်ပေါ်လာပြီး ကုချိုး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လိုက်သည်။ 

နတ်ဆိုးဆိုတာ... ဘာလဲ?

ပထမဆုံး နတ်ဆိုးကို ကောင်းကင်ဘုံနတ်ဆိုးလို့ခေါ်တယ် ၊ ဒုတ်ိယက မြေကမ္ဘာနတ်ဆိုး ၊ တတိယက လူသားနတ်ဆိုး ၊ စတုတ္ထက မိစ္ဆာနတ်ဆိုး ၊ ပဥ္စမက နတ်ဘုရားနတ်ဆိုး ၊ ဆဋ္ဌမက ယန်နတ်ဆိုး ၊ သတ္တမက ယင်နတ်ဆိုး ၊ အဋ္ဌမက နှလုံးသားနတ်ဆိုး ၊ နဝမက နတ်မိစ္ဆာနတ်ဆိုး ၊ ဒသမက ဘုံလောကနတ်ဆိုး..။

ကိုယ်တွင်း၌ရှိသော နတ်ဆိုးဆယ်ပါးကို လက်ခံလိုက်ပါ။ နှလုံးသားအတွင်းမှ စိတ်ဆန္ဒများကို သန့်စင်လိုက်ပါ။ အမှန်တရားကို ကျင့်ကြံပြီး ကမ္ဘာလောကကြီးရဲ့ နာကျင်မှု ပျော်ရွှင်မှုတွေကို မြည်းစမ်းလိုက်ပါ​။ ကောင်းခြင်းဆိုးခြင်း နှစ်ဖြာကို ခွဲခြားထားခြင်း မရှိသော ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံ နတ်ဆိုးလမ်းစဥ်ကို နားလည်သဘောပေါက်လိုက်ပါ... ၊ အဆုံးစွန်သော သန့်စင်ခြင်းကို လက်ခံရရှိပြီး အံံချီးဖွယ်ကောင်းသော နတ်ဆိုးလမ်းစဥ်ကို သက်သေပြ ဆောင်ကြည်းလိုက်ပါလော့။

ကုချိုး၏ စိတ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော စကားလုံး တစ်သီတစ်တန်းကြီသည် ထွက်ပေါ်လာခဲ့ပြီး ခမ်းနားကြီးကျယ်သော အသံကြီးတစ်သံက သူ၏စိတ်ဝိညာဥ်ကို တီးတိုးပြောဆိုနေသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်အတွင်းရှိ လုယက်ခြင်း လမ်းစဥ်မှာလည်း အဆိုပါ စွမ်းအား၏ သက်ရောက်ခြင်းကို ခံလိုက်ရကာ အမှီအခိုကင်းမဲ့စွာဖြင့် စွမ်းအင်များကို လှည့်ပတ်လိုက်သည်။ 

ကုချိုး၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ လှည့်လည်နေခဲ့သော ခမ်းနားသည့် စွမ်းအားများသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် ဝင်ရောက်သွားခဲ့ကာ သူ၏ ဦးခေါင်းအထက်၌ ကြီးမားသော လေဝဲကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကုချိုး၏ ကျင့်ကြံဆင့်သည် တဖြည်းဖြည်းချင်း မြင့်တက်လာ၏။ 

ဤသည်ကိုတွေ့မြင်လိုက်ရတော့ နတ်ဆိုးနတ်ဘုရားသည် တုံ့ဆိုင်းခြင်းမရှိဘဲ နှုတ်တော်ကို ဖွင့်ဟခဲ့သည်။ တာအိုသူတော်စင် ၊ တာအိုအင်မော်တယ်၊ တာအိုနတ်ဘုရား စသည့် အဆင့်ကြီးသုံးဆင့်၏ ထူးခြား ဆန်းပြားမှုများသည် သူ့နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ပြီး ကုချိုး၏ စိတ်နှလုံးအတွင်းသို့ ဝင်ရောက်သွားခဲ့ကာ လျှို့ဝှက်ဆန်းကြယ်သော မှော်စကားလုံးများနှင့် ရောထွေးသွားခဲ့သည်။ 

တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကို တွေ့မြင်လိုက်ပါက အလွန်အမင်း မနာလို ဖြစ်သွားမှာပင်။ နတ်ဆိုးနတ်ဘုရား ကိုယ်တိုင် အဆင့်ကြီးများ၏ ထူးခြားမှုကိုသင်ကြားပေးခြင်းက မိုးကောင်းကင်ကို ဆန့်ကျင်နေသော ရှာမတွေ့နိုင်သည့် အခွင့်ထူးကြီးပင် ဖြစ်တော့သည်။ 

အချိန်ဘယ်လောက် ကြာသွားသည် မသိပေ။ စွမ်းအားကြီးမားသော လှိုင်းလုံးကြီးတစ်လုံးသည် ကုချိုး၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်လာသည်။ ထိုစွမ်းအားလှိုင်းလုံးကြီးမှာ တာအိုနတ်ဘုရားတစ်ပါးရဲ့ အရှိန်အဝါပင်။

အချိန်တိုလေးအတွင်းတွင် ကုချိုးသည် အဆင့်ကြီးသုံးဆင့်ကို ဖြတ်ကျော်ကာ တာအိုဧကရာဇ်အဆင့်မှ ကြယ်တစ်ပွင့် တာအိုနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားသည်။ ထိုကဲ့သို့သော သတင်းသာ ပျံ့နှံ့သွားပါက ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားကြရပေလိမ့်မည်။

သိုပါသော်လည်း ကုချိုးခန္ဓာကိုယ်အတွင်းရှိ ဆန်းကြယ်သော စွမ်းအားများမှာ ဆယ်ပုံတစ်ပုံတောင် မကုန်ဆုံးသေးပါပေ။ ၎င်းက ကုချိုး ၏ခန္ဓာကိုယ်ကို ထပ်မံ၍ လှည့်ပတ်လ်ိုက်ချေသည်။ 

အခြားသောသူများအတွက်တော့ အချိန်တိုလေးအတွင်း၌ အဆင့်ကြီးသုံးဆင့် တက်ရောက်ခြင်းမှာ မကြားဖူးသော အရာသာ ဖြစ်သည်။ သို့ပါသော်လည်း နတ်ဆိုးနတ်ဘုရား အတွက်တော့ သာမန်ဖြစ်စဥ်ထက် မပိုလှချေ။ 

သူက ဘယ်လိုလူမျိုးလဲ? သူသာ လူများကို ပြုစုပျိုးထောငိပြီး သင်ကြားပေးချင်ပါက ကုချိုး၏ ကျင့်ကြံဆင့်ကို ထိုက်ရွှမ် ဒဏ္ဍာရီလာ နယ်မြေ၏ အထွတ် အထိပ်အဆင့်သို့ ရောက်အောင်တောင် ချက်ချင်း ဆောင်ကြည်းပေးနိုင်သည်။ အခုအချိန်မှာတော့ ကြယ်တစ်ပွင့် တာအိုနတ်ဘုရားအဆင့်သာ ရှိနေသေးသည်။

ဒီအကြောင်းကို တွေးတောလိုက်ပြီးနောက် နတ်ဆိုးနတ်ဘုရားသည် သူ၏လက်ကို ဆန့်တန်းကာ ဖမ်းဆုပ်သည့် သဏ္ဍာန်ပြုလုပ်လ်ိုက်သည်။ ပိန်းပိတ်အောင် မှောင်မဲနေသော အလင်းအမှောင် သင်္ကေတများမှာ ရုတ်တရက်လထုအတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်သာ အဆိုပါအလင်းအမှောင်ပုံရိပ်များကို တွေ့မြင်လိုက်ရလျှင် အလွန် အမင်း အံ့အားသင့်သွားပေလိမ့်မည်။ ၎င်းအလင်းအမှောင် ပုံရိပ်များသည် ကောင်းကင်ဘုံ နတ်ဆိုးလမ်းစဥ် ၊ မြေကမ္ဘာနတ်ဆိုး လမ်းစဥ် ၊ လူသားနတ်ဆိုး လမ်းစဥ် စသည့် နတ်ဆိုးလမ်းစဥ် ဆယ်ပါး ပင်ဖြစ်ကုန်၏။

နတ်ဆိုးလမ်းစဥ် ဆယ်ပါးကို ထုတ်ယူလိုက်ပြီးနောက် အလင်းအမှောင်အရိပ်များဖြင့် ခြယ်လှယ်လိုက်ပြီးသည့်အခါ နတ်ဆိုးနတ်ဘုရားသည် တုံ့ဆိုင်းခြင်းမရှိဘဲ အဆိုပါလမ်းစဥ် ဆယ်ပါးစလုံးကို ကုချိုး၏ ခန္ဓာကိုယ်အတွင်း ပစ်သွင်းလိုက်သည်။ ကုချိုး၏ ခန္ဓာကိုယ်အတွင်းသို့ နတ်ဆိုးလမ်းစဥ် ဆယ်ပါးစလုံး ပေါင်စပ်သွားသည့်အခါ ကုချိုး၏ မူလက ရပ်တန့်နေပြီဖြစ်သော ကျင့်ကြံမှုအဆင့်များသည် ထပ်မံ၍ ခုန်တက်လာ၏။

တာအိုနတ်ဘုရား ကြယ်နှစ်ပွင့်အဆင့် ....

တာအိုနတ်ဘုရား ကြယ်သုံးပွင့်....

တစ်နာရီကြာမြင့်သည့်အခါ ကုချိုး၏ ခန္ဓာကိုယ်မှာ တုန်ခါလာခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအားလှိုင်းကြီးတစ်ခု သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ဤစွမ်းအားလှိုင်းကြီးသည် ကြယ်ကိုးပွင့် နတ်ဘုရားတစ်ပါး၏ စွမ်းအင်လှိုင်းပဲ ဖြစ်သည်။ သူဟာ ထိုက်ရွှမ် ဒဏ္ဍာရီလာနယ်ပယ်၏ ပထမအဆင့်ကို ရောက်ရှိဖို့ ခြေလှမ်းဝက်သာ လိုတော့၏ ။

ကုချိုးသည် သူ၏မျက်လုံးများကို ဖွင့်ဟလိုက်သည့်အခါ သူ့မျက်လုံးအတွင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းအလင်းတန်းဟာ လေဟာနယ်ကို ဆုတ်ဖြဲသွားခဲ့သည်။ ခမ်းနားကြီးကျယ်သော စွမ်းအားများကို ခံစားလိုက်ရရင်း ကုချိုးတစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။

သူက ဘယ်သူများလဲ?....

ဤအချိန်တွင် ကုချိုးသည် မိုးကောင်းကင်ကြီးကို မော်ကြည့်ပြီး ​ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ဖို့ မစော်င့န်ုင်တော့ချေ။ ကြယ်ကိုးပွင့် တာအိုနတ်ဘုရား ပြည့်စုံခြင်းအဆင့်...။ ဒါ့အပြင် လမ်းစဥ်ကြီးဆယ်ပါးဖြင့် မွမ်းမံထားခဲ့ခြင်းဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံဆင့်ဖြင့်ဆိုပါက ဘယ်သူကများ သူ့ကိုရိုက်နှက်နိုင်ဦးမလဲ?။

ယေဘုယျအားဖြင့်ဆိုပါက လမ်းစဥ်ငယ်ကိုးခုကို ပေါင်းစပ်ခြင်းက ကြယ်ကိုးပွင့် တာအိုနတ်ဘုရား ပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနိုင်သည်။ ၎င်းက အခြားသော လမ်းစဥ်များ ထပ်ပေါင်း၍ မသန့်စင်နိုင်တော့ဘူးဟု ဆိုလိုခြင်းမဟုတ်ပေ။ မင်းသာ နားလည်သဘောပေါက်နိုင်စွမ်းရှိပါက လမ်းစဥ်များကို ပိုမိုပေါင်းထည့်နိုင်သည်။ သို့ပါသော်လည်း လူတစ်ချို့ကသာ လမ်းစဥ်ဆယ်ပါးကို ပေါင်းစပ်န်ိုင်လေသည်။ အဘယ့်ကြောင့်ဆိုသော လမ်းစဥ်ကိုးပါးကို နားလည်ခြင်းကတောင် အကန့်အသတ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ သူတို့မှာ အကောင်းတကာ့အကောင်းဆုံး ရုပ်ခန္ဓာများ ရှိနေလျှင်တောင် လမ်းစဥ်ကိုးပါးကို ကျော်လွန်၍ ဆယ်ပါးသော လမ်းစဥ်အဖြစ်သို့ ပေါင်းစပ်ပြုလုပ်န်ိုင်မည် မဟုတ်ပေ။

All Chapters