← Chapters

ကုချိုး၏ပွဲဦးထွက်

Vol. 22 Ch. 306

ကုချိုး၏ပွဲဦးထွက်

Vol. 22 Ch. 306

ကုချိုးကအနည်းငယ်ရူးကြောင်ကြောင်နိုင်ပြီး သူ၏အလုပ်ကို ကောင်းမွန်စွာမလုပ်ဆောင်ခဲ့သော်လည်း ဝမ်ဖုန်းကကုချိုးကို စိတ်သက်သာရာရစွာ လှမ်းကြည့်လိုက်သည်။ 

ကုချိုးက သူ့အရှေ့တွင် ကြီးမြတ်ချင်ယောင်ဆောင်ပြီး သူ့ကိုအရှက်ရစေခဲ့ကာ အနာဂတ်တွင် ညီအစ်ကိုနှစ်ယောက် ခိုးယူလုယက်ရာ၌ မရပ်တန့်ဝံ့အောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိသွားပါက ဝမ်ဖုန်းသည် ကုချိုးကို ပါးတစ်ချက်ရိုက်ကာ အသိတရားရအောင် ပြုလုပ်လိုက်မည်မှာဖြစ်သည်။

" ဖစ် ! "

" ဂုဏ်သရေကြီးမြတ်တဲ့ရှန်ရှန့်ကျုံဂိုဏ်းမှာ ဒီလ်ိုအံ့အားသင့်စရာ တပည့်တစ်ယောက်ရှိနေလိမ့်မယ်လို့ ငါမျှော်လင့်မထားဘူး။ 

" ဟ ဟ၊ သူက ဟာသလုပ်နေတာလား။ "

" ဒီလိုတပည့်တစ်ယောက်ကို တကယ်ကြီးခေါ်ယူခဲ့တဲ့အတွက် ရှန့်ရှန့်ကျုံဂိုဏ်ကို ငါစိတ်မကောင်းဖြစ်မိတယ်ကွာ။ "

"ဟုတ်တယ် ။ သူရှေ့မှာရာကျော်တဲ့ တာအိုနတ်ဘုရားတွေရှိနေတာတောင် ကိုယ့်သေတွင်းကိုယ်တူးနေသေးတယ်။ ဘယ်လောက်တောင်မိုက်မဲလိုက်ပါလိမ့်။ "

ကုချိုး၏စကား ဆုံးသွားသည့်အခါ ရှိနေကြသောကျင့်ကြံသူများသည် အနည်းငယ်တောင်တုန်လှုပ်မသွားကြဘဲ ကျယ်လောင်စွာအော်ဟစ်ရယ်မောလ်ိုက်သည်။ သူတို့ကကုချိုးကို လူပြက်တစ်ယောက်လိုမျိုး လှောင်ပြောင်ကြည့်ရှုလိုက်သည်။ 

ကောင်းကင်ယံထက်တွင် ရာကျော်သောတာအိုနတ်ဘုရားများ ရှိနေကြသည်။ ကြယ်ကိုးပွင့်အထွတ်အထိပ်အဆင့် တာအိုနတ်ဘုရားတစ်ပါးဆိုရင်တောင် လှည့်ပြီးထွက်ပြေးရမှာကို ကြောက်ရွံ့မိ၏။ မင်းလိုတပည့်တစ်ယောက်ဆိုရင်တော့ ဘာများလုပ်နိုင်ဦးမှာလဲ။ 

များစွာသောကျင့်ကြံသူများအကြားတွင် ဇာမဏီမျိုးနွယ်စုကဲ့သို့သော ရှန်ရှန့်ကျုံဂိုဏ်းအပေါ် ရန်ငြိုးရှိသည့်အင်အားစုများမှာ အကျယ်လောင်ဆုံးအော်ဟစ်ရယ်မောလိုက်ကြ၏။ သည့်မတိုက်ခင်က သူတို့ကရှန်ရှန့်ကျုံဂိုဏ်းကို ကြောက်လန့်နေခဲ့ရသည်။ အခုအချိန်တွင် လင်းယွင်ယွမ်ကျဲနှင့် သူတို့အဖွဲ့၏ အထောက်အပံ့ကိုရရှိပြီဖြစ်ရာ စိတ်လွှတ်ကိုယ်လွှတ် လှောင်ပြောင်ရဲလာကြသည်။ သည့်အရင် အရှက်ရခဲ့သမျှကို လက်စားချေရမယ်ကွ!

လင်းယွင်ယွမ်ကျဲကလည်း ရယ်မောလိုက်ပြီး ဝမ်ဖုန်းကို လှမ်းကြည့်ကာ ရက်စက်စွာပြောလိုက်သည်။

 " ဒါကမင်းတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားလား။ ရယ်စရာကောင်းလိုက်တာ။ "

" နတ်ဆိုးရဲ့လမ်းစဉ် ၊ နတ်ဆိုးရဲ့ချုပ်နှောင်မှု !"

" မြေကမ္ဘာနတ်ဆိုးလမ်းစဉ် ၊ မြေကမ္ဘာနတ်ဆိုးသတ်ဖြတ်ခြင်း !"

လူအများ၏လှောင်ပြောင်မှုကိုခံနေရစဉ်တွင် ကုချိုးက အရေမရအဖတ်မရစကားများကိုမပြောတာ့ပဲ တစ်ချက်လှုပ်ရှားလိုက်လေရာ ယုကျုံးနှင့်ကွေ့ဝူတို့၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။ သူဟာ နတ်ဆိုးလမ်းစဉ်စွမ်းအင်များကို လက်နှစ်ဖက်ဖြင့်ထုတ်ဖော်လျက် ကျယ်လောင်စွာဟစ်ကြွေးလိုက်သည်။ 

ဘုန်း!

ကုချိုး၏စကား ဆုံးသွားသည့်အခါ ကြမ်းတမ်းခက်ထန်သော နတ်ဆိုးစွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ရုတ်တရက်ထွက်ပေါ်လာပြီး အေးစက်သောသတ်ဖြတ်ခြင်းအရှိန်အဝါများသည် နတ်ဆိုးစွမ်းအင်များမှတစ်ဆင့် ပျံ့လွင့်ထွက်ပေါ်လာ၏။

ငရဲတံခါးကိုဖွင့်လှစ်လိုက်သကဲ့သို့ ထိတ်လန့်ခြောက်ခြားဖွယ်အရှိန်အဝါကြီးသည် ထွက်ပေါ်လာခဲ့လေသည်။ နတ်ဆိုးတစ်ကောင် သက်ဆင်းလာသကဲ့သို့ ကမ္ဘာ့လေထုတစ်ခုလုံးသည် ဆိတ်သုန်းသွားခဲ့ကာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းနေ၏။

ဤအချိန်တွင် ကုချိုး၏လက်ထဲရှိ ခမ်းနားကြီးကျယ်သောနတ်ဆိုးစွမ်းအင်များသည် သေးငယ်သောဓားနှစ်ချောင်းအဖြစ် သိပ်သည်းသွားကြပြီး သူတို့ဟာ လေထဲ၌ဝဲလွင့်နေခဲ့ကြသည်။ ဤသည်မှာ မြေကမ္ဘာနတ်ဆိုးသတ်ဖြတ်ခြင်းဓားကွက်ပင်ဖြစ်သည်။ ၎င်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့်မြေပြင်ဟာ အက်ကွဲသွားသည့်အလား ဖြစ်နေခဲ့ကာ ထက်မြသောဓားအရှိန်အဝါများ မွေးဖွားလာသည်။

ဤအရာများအားလုံးဟာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယုကျုံးနှင့်ကွေ့ဝူတို့ မတုန့်ပြန်နိုင်သေးခင်မှာပဲ ကုချိုးသည် ကြောက်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးနှစ်ခုကို ထုတ်ဖော်ပြီးလေပြီ။ 

ယုကျုံးနှင့်ကွေ့ဝူတို့နှစ်ယောက်သည် တစ်ချိန်တည်းမှာ ကြောင်အသွားပြီး ထိတ်လန့်သွားကြသည်။ 

သူတို့၏ခန္ဓာကိုယ်များမှာ တစ်ခုခုဖြင့်ချုပ်နှောင်ထားခံရသလိုမျိုး လုံးဝလှုပ်ရှား၍မရခဲ့ပေ။ သူတို့သည် ကြယ်ခုနှစ်ပွင့်တာအိုနတ်ဘုရားအထွတ်အထိပ်နှင့် ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရားအထွတ်အထိပ်အဆင့် ကျင့်ကြံမှုစွမ်းအားများကို ထုတ်ဖော်ခဲ့ကြသော်လည်း အနည်းငယ်သောစွမ်းအင်လှိုင်းကိုမှ မဖြစ်ပေါ်စေခဲ့ပေ။

သူတို့ကိုပိုမိုထိတ်လန့်သွားစေခဲ့သည်က မမြင်န်ိုင်သောစွမ်းအားတစ်ခုသည် သူတို့၏ခန္ဓာကိုယ်များကိုချုပ်နှောင်ထားရုံသာမက သူတို့ကိုယ်တွင်းရှိစွမ်းအင်များကိုတောင် ချိတ်ပိတ်ထားခဲ့၏။ ဤအချိန်တွင်သူတို့၌ ကျင့်ကြံမှုစွမ်းအားမှာ ရှိမနေခဲ့တော့ချေ။

" အမြန်တိုက်ခိုက်ကြ !"

ဤအချိန်တွင် လင်းယွင်ယွမ်ကျဲက ဘာတစ်ခုကိုမှသတိမပြုမိဘူးဆ်ိုလျှင် ကမ္ဘာလောကတစ်ခု၏ ယွမ်ကျဲတစ်ယောက်ဖြစ်ဖို့ ထိုက်တန်မှာမဟုတ်တော့ချေ။ သူက ကျယ်လောင်စွာဟစ်ကြွေးလိုက်၏။

သူ၏စကားဆုံးသွားသည့်အခါ သုံးရာသောသွေးနဂါးအစောင့်တပ်သားများသည် ကြောက်လန့်ဖွယ် ကျင့်ကြံမှုအရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။ တာအိုနတ်ဘုရားအယောက်သုံးရာ၏စွမ်းအားများသည် မုန်တိုင်းကြီးတစ်ခုကဲ့သို့ဖြစ်သွားကာ ကုချိုးထံသို့ပြေးဝင်သွားကြသည်။ လှိုင်းလုံးတစ်လုံးပြီးတစ်လုံး ထွက်ခွာသွားကြကာ ၎င်းလှိုင်းလုံးများထွက်ခွာရာနေရာရှိ အရာအားလုံးသည် ဖျက်ဆီးခံလိုက်ရသည်။ အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းလေစွ။ 

ကုချိုးက လုံးဝကိုထိတ်လန့်မသွားတော့ချေ။ ထိုအစား သူကလှောင်ရယ်ပြောင်လိုက်ပြီး သူ၏လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ မြေကမ္ဘာနတ်ဆိုးသတ်ဖြတ်ခြင်း ဓားချက်နှစ်ချက်သည် ရုတ်တရက်ထွက်ခွာသွားပြီး ယုကျုံးနှင့်ကွေ့ဝူတို့နှစ်ယောက်ကို တိုက်ခိုက်လိုက်သည်။

ယုကျုံးတို့နှစ်ယောက်၏ မျက်လုံးသူငယ်အိမ်ထဲတွင် မြေကမ္ဘာနတ်ဆိုးဓားနှစ်ချောင်းသည် ကြီးမားသည်ထက် ကြီးမားလာခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များဟာ အကြောက်တရားကြောင့် စဉ်ဆက်မပြတ် တုန်လှုပ်နေခဲ့သည်။ သူတို့ဟာ စိတ်အားယုတ်လျော့စွာဖြင့် ရုန်းကုန်နေခဲ့ကြသော်လည်း ကြောက်စရာကောင်းသောစွမ်းအားကြီးတစ်ခုက သူတို့ကိုခ်ိုင်မြဲစွာ ချုပ်နှောင်ထားဆဲပင်။ ထိုစွမ်းအင်၏ချုပ်နှောင်မှုကြောင့် သူတို့၏ရုန်းကန်မှုများဟာ အသုံးမဝင်ဖြစ်ခဲ့ရသည်။ သူတို့ဟာ ပြေးဝင်လာသောဓားချက်နှစ်ချက်ကို မျက်လုံးကြီးပြူးလျက် စိုက်ကြည့်နေရုံသာတတ်နိုင်ကြသည်။

ဘုန်း !

တစ်ချိန်တည်းမှာပဲ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသောစွမ်းအားလှိုင်းကြီးသည် ‌သွေးနဂါးအစောင့်အရှောက်များ၏ခန္ဓာကိုယ်များမှထွက်ပေါ်လာကြပြီး ကုချိုးကိုပစ်မှတ်ထား တိုက်ခိုက်လိုက်ကြသည်။ အားချင်းကရုတ်တရက် လှုပ်ရှားလိုက်၏။ သူမ၏ပျော့ပြောင်းနူးညံ့သောခန္ဓာကိုယ်လေးမှာ ရုတ်တရက်ဝေဝါးသွားပြီး ကုချိုး၏အရှေ့၌ ထွက်ပေါ်လာခဲ့သည်။ သူမဟာ လက်ထဲရှိဝါးတုတ်တံကလေးကို ဝှေ့ယမ်းလိုက်၏။

သူမခန္ဓာကိုယ်အတွင်းရှိခွန်အားများနှင့် တာအိုလမ်းစဉ်၏ဆန်းကြယ်မှုများအားလုံးကို ဝါးတုတ်တံ၏တစ်ချက်အဝှေ့၌ ပူးပေါင်းထားခဲ့၏။ ဝါးတုတ်တံကလေးမှ ထွက်ပေါ်လာသော ခပ်ဖျော့ဖျော့အလင်းရောင်သည် ကမ္ဘာကြီးတစ်ခုလုံးကိုဝါးမြိုတော့မည်ကဲ့သို့ ဖြစ်နေခဲ့၏။

အားချင်းသည် ကြယ်ကိုးပွင့်တာအိုနတ်ဘုရား အထွတ်အထိပ်အဆင့်၌ ရှိနေခဲ့သော်လည်း သုံးရာသောတာအိုနတ်ဘုရားများ၏ စွမ်းအားအရှိန်အဝါကိုတော့ လျစ်လျူရှုမထားရဲပေ။သူမက အားကုန်တိုက်ခိုက်လိုက်ခြင်းဖြစ်၏။

အားချင်းက ဝါးတုတ်တံကလေးကို ဝှေ့ယမ်းလိုက်သည့်အခါ မိုးခြိမ်းသံကြီးသည် အရပ်လေးမျက်နှာတို့ပျံ့လွင့်သွား၏။ ယင်းနောက် ကြောက်မက်ဖွယ်စွမ်းအားလှိုင်းကြီးကိုသယ်ဆောင်ထားသော ဓားအလင်းတန်းတစ်ခုသည် အချိန်နှင့်လေဟာပြင်ကိုဖြတ်သန်းသွားသကဲ့သို့ အလွန်လျင်မြန်သောနှုန်းထားဖြင့်ပြေးဝင်သွားပြီး စွမ်းအင်မုန်တိုင်းကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဘုန်း !

နားကွဲလုမတတ် ကျယ်လောင်သောပေါက်ကွဲသံကြီးသည် မြည်ဟည်းထွက်ပေါ်လာသည်။ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော ဓားအလင်းတန်း၏ရှေ့မှောက်၌ စွမ်းအင်မုန်တိုင်းအရှိန်အဝါများသည် ချွင်းချက်မရှိ ဖျက်ဆီးခံလ်ိုက်ရသည်။ ယင်းနောက်ဓားအလင်းတန်းသည် တုံ့ဆိုင်းနေခြင်းမရှိပဲ သုံးရာသောသွေးနဂါးအစောင့်အရှောက်များထံ ဆက်လက်တိုးဝင်သွား၏။ သို့ပါသော်လည်း သွေးနဂါးအစောင့်အရှောက်များ၏ တိုက်ခ်ိုက်မှုအောက်တွင် ဓားအလင်းတန်းကြီးသည် အနည်းငယ်မျှသော ထိခိုက်မှုကိုမှ မလုပ်ဆောင်နိုင်တော့ချေ။

ဤကဲ့သို့ကြန့်ကြာနေသောအချိန်တွင် ကုချိုးထုတ်လွှတ်လိုက်သော မြေကမ္ဘာသတ်ဖြတ်ခြင်းဓားနှစ်ချောင်းသည် ယုကျုံးတို့နှစ်ယောက်၏ နှလုံးသားများအတွင်းသို့ နက်ရှိုင်းစွာတိုးဝင်သွားခဲ့ပြီဖြစ်သည်။ သူတို့ခန္ဓာကိုယ်တွင်းရှိ သွေးများကိုသာမက ခွန်အားများကိုပါ မြေကမ္ဘာနတ်ဆ်ိုးသတ်ဖြတ်ခြင်းဓားက စုပ်ယူလိုက်သည်။ သူတို့၏ ပျိုမျစ်နုနယ်နေသောခန္ဓာက်ိုယ်လေးသည် သာမန်မျက်စိဖြင့်မြင်နိုင်သောနှုန်းထားဖြင့် အိုမင်းရွတ်တွလာ၏။

" မလုပ်နဲ့ !"

ယုကျုံးတို့နှစ်ယောက်၏မျက်စိသူငယ်အိမ်များအတွင်း၌ မလိုလားမှုအရိပ်အယောင်များ ရှိနေခဲ့သည်။ သူတို့၏ပါးစပ်များမှနေ၍ ခြောက်သွေ့အက်ကွဲနေသောအသံများ ထွက်ပေါ်လာသည်။ သူတို့ဟာ ကြယ်ခုနစ်ပွင့်တာအိုနတ်ဘုရားအထွတ်အထိပ်နှင့် ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရားအထွတ်အထိပ်အဆင့် စွမ်းအားရှင်များဖြစ်ကြသည်။ သို့ပါသော်လည်းသူတို့ဟာ အချိန်တိုလေးအတွင်း သတ်ဖြတ်ခံလ်ိုက်ရ၏။

ဤတစ်ကြိမ်သူတို့ထွက်ပေါ်လာခြင်းက ကမ္ဘာလောကကြီးအတွင်းရှိ သက်ရှိများအားလုံးကို တုန်လှုပ်‌ခြောက်ခြားစေလိမ့်မည်ဟု တွေးထင်ခဲ့သည်။ ဤတစ်ကြိမ်သူတို့ထွက်ပေါ်လာခြင်းက ဆရာ့ကို ထျန်းလန်ဒေသအား အုပ်စိုးရန်ကူညီပေးနိုင်ပြီး နတ်မင်းနယ်ပယ်ကိုတက်ရောက်ရန် အထောက်အပံ့ပေးနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့ပါသော်လည်း သူတို့၏မျှော်လင့်ချက်အလင်းများ စိတ်လွတ်ကိုယ်လွတ် မလင်းလက်နိုင်သေးခင်တွင် တပည့်လေးတစ်ယောက်၏ အနိုင်ပိုင်းသတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

မုန်းတယ် !

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ယုကျုံးတို့နှစ်ယောက်၏အသိစိတ်များသည် ကမ္ဘာလောကကြီးအတွင်းမှ နှုတ်ဆက်ထွက်ခွာသွားသည်။ သူတို့၏ရုပ်အလောင်းများကလည်း ခြောက်ကပ်နေခဲ့ကြကာ ရှင်သန်မှုအရိပ်အယောင်များ တစိုးတစိ သွေးတစ်စက်တစ်ပေါက်မှ မကျန်ရစ်တော့ပေ။

မြေကမ္ဘာနတ်ဆိုးသတ်ဖြတ်ခြင်းဓားနှစ်ချောင်းသည် သူတ်ို့၏ခန္ဓာကိုယ်များမှစွန့်ခွာသွားခဲ့ကြသည့်အခါ ခြောက်သွေ့သောအလောင်းနှစ်လောင်းသည် မြေပြင်ထက်သို့ ပြိုလဲကျဆင်းသွားပြီး ဘုန်းခနဲမြည်သံကြီးနှင့်အတူ မြေပြင်၌ကြီးမားသောအက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

" သေစမ်း ! "

သူ၏ဂိုဏ်းတူအစ်ကိုကြီးနှစ်ယောက်ကို ကုချိုးကသတ်ဖြတ်လိုက်သည်ကို တွေ့မြင်လိုက်ရသည့်အခါ လင်းယွင်ယွမ်ကျဲ၏မျက်လုံးများသည် နီရဲလာပြီး မိုးကောင်းကင်ကိုမော့ကြည့်ကာ ဟစ်ကြွေးလ်ိုက်၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဒေါသတရားများမှာ မီးတောင်ကြီးပေါက်ကွဲလုမတတ် ဖြစ်နေခဲ့ကာ သူ၏ရင်ဘက်ဟာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။ အနီးဝန်းကျင်ရှိအပူချိန်သည် ဤဒေါသအရှိန်အဝါများကြောင့် မြောက်များစွာ မြင့်တက်လာရ၏။ 

အစက သွေးနဂါးအစောင့်အရှောက်များ၏ အကူအညီကိုရရှိခဲ့ခြင်းကြောင့် လင်းယွင်ယွမ်ကျဲသည် ရှန်ရှန့်ကျုံဂိုဏ်းကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့သာ သဘောထားခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းက အားမနည်းဘူးဆိုတာကို သူသိထားတာတောင်မှ သူက အထင်သေးနေဆဲပင်။ သူ၏နောက်တွင် တာအိုနတ်ဘုရား အယောက်သုံးရာကျော်တောင် ရှိနေခဲ့တာလေ။

သို့ပါသော်လည်း သူတို့စတင်စကားပြောဆိုပြီး များမကြာမီမှာ သူ၏ဂိုဏ်းတူအစ်က်ိုကြီးနှစ်ယောက် သေဆုံးသွားလိမ့်မည်ဟု တွေးထင်မထားခဲ့ချေ။ ဒါ့အပြင် သူတို့နှစ်ယောက်ကို ရှန်ရှန့်ကျုံဂ်ိုဏ်း၏ သာမန်တပည့်လေးက သတ်ဖြတ်ခဲ့တာဖြစ်သည်။ ဒါကအရမ်းကို ရှက်ဖွယ်လိလိ ကောင်းလှချေ၏။

ဤအချိန်တွင် လင်းယွင်ယွမ်ကျဲသည် ဒေါသထွက်နေရုံသာမက အဆုံးစွန်ပူဆွေးဝမ်းနည်းရလေသည်။ သူဟာ တစ်ကိုယ်ကောင်းဆန်ပြီး ကမ္ဘာလောကကြီးအတွင်းရှိ သက်ရှိများကို ပုရွတ်ဆိတ်များကဲ့သို့သဘောထားခဲ့သော်လည်း သူ၏ဆရာသခင်နှင့် ဂိုဏ်းတူအစ်ကိုကြီးများကိုတော့ ဆွေမျိုးရင်းချာသဖွယ် သဘောထားခဲ့လေသည်။ သူတို့ဟာ တူညီသောရည်မှန်းချက်များရှိပြီး တူညီသောနှလုံးသားကို ပိုင်ဆိုင်ထားခဲ့ချေ၏။ အခုချိန်မှာတော့ သူ့ဂိုဏ်းတူအစ်ကိုကြီးနှစ်ယောက် သတ်ဖြတ်ခံလိုက်ရတာကို သူ့မျက်စိဖြင့် စောင့်ကြည့်နေခဲ့ရ၏။ ထိုကဲ့သို့သောခံစားမှုမျိုးက သူ့ကိုသည်းမခံနိုင်လောက်အောင် ပူဆွေးစေခဲ့၏။

ကုချိုးသည် လင်းယွင်ယွမ်ကျဲ၏ဒေါသများကို လစ်လျူရှုထားခဲ့သည်။ သူဟာ လက်တစ်ဖက်ကိုနောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် နတ်ဆိုးသတ်ဖြတ်ခြင်းဓားနှစ်ချောင်းကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်၏။ နတ်ဆိုးသတ်ဖြတ်ခြင်းဓားနှစ်ချောင်းသည် ကုချိုး၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည့်အခါ နတ်ဆိုးလမ်းစဉ်သည် ပိုမို၍သိပ်သည်းကာ တ်ိုးတက်လာခဲ့သည်။ 

ဤသည်မှာ နတ်ဆိုးလမ်းစဉ်ဆယ်ပါး ပေါင်းစပ်ခြင်းဖြင့်ရရှိထားသော ဆိတ်ငြိမ်ခြင်းကောင်းကင်ဘုံနတ်ဆိုးလမ်းစဉ်ပဲဖြစ်သည်။ ၎င်းဟာ ရန်သူများ၏လမ်းစဉ်ကိုအသုံးပြုပြီး ကျင့်ကြံမှုကိုတိုးမြှင့်နိုင်သည်။ ‌ဒါကတကယ့်ကိုကြောက်ခမန်းလိလိပင်!

သို့ပါသော််လည်း ဤအချိန်တွင် ကုချိုးသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို သတိမမူမိလိုက်ချေ။ သူဟာ လက်နှစ်ဖက်ကိုနောက်ပစ်လျက် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ခေါင်းကိုမြင့်မြင့်မော့ထားကာ လူအများ၏ အံ့အားသင့်မှု၊ ရိုသေလေးစားမှုများကို ခံယူနေတော့သည်။ 

သူဟာ ဝမ်ဖုန်းရှိရာဘက်သို့ စိတ်အားတက်ကြွစွာ လှမ်းကြည့်လိုက်၏။ ဂိုဏ်းချုပ်က သူ၏ကြောက်လန့်ဖွယ်ခွန်အားကို တွေ့ရှိသွားပြီးသည့်နောက် အရမ်းကိုထိတ်လန့်သွားမလားဆိုတာကို သိချင်နေမိသည်။

သို့ပါသော်လည်း ကုချိုးကို စိတ်ပျက်သွားစေခဲ့သည်။ ဂိုဏ်းချုပ်သည် သူ၏ထိတ်လန့်ဖွယ်တိုက်ခိုက်မှုကို တွေ့မြင်ခဲ့ရတာတောင် တည်ငြိမ်နေသေးဆဲဖြစ်ပြီး အနည်းငယ်တောင် ချီကျူးမပေးပုံပင်။ ဒါက ကြီးကျယ်ခမ်းနားသောကိစ္စတစ်ခုမဟုတ်ပဲ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုကို ပြုလုပ်လိုက်သည့်အလားပင်။ 

ဒီတစ်ကြိမ်လည်း သူသရုပ်ဆောင်တာ ကျရှုံးခဲ့တာလား။ 

ဤသည်မှာ သူကြယ်ကိုးပွင့်တာအိုနတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် အရည်အချင်းထုတ်ဖော်ပြသခြင်းပဲဖြစ်သည်။ ဒီတစ်ကြိမ်သာ ကျဆုံးသွားပါက ကုချိုးသည် သုံးရက် မလုယက်နိုင်လောက်အောင် ပူဆွေးဝမ်းနည်းရမှာပဲဖြစ်၏!

All Chapters