← Chapters

ဇီဝိန်ခြွေသွေးနဂါးအစီအရင်

Vol. 22 Ch. 307

ဇီဝိန်ခြွေသွေးနဂါးအစီအရင်

Vol. 22 Ch. 307

ဤအချိန်တွင် မြောက်များစွာသော ရှေးဟောင်းမျိုးနွယ်စုကြီးများမှ စွမ်းအားရှင်များ၏ မေးရိုးများမှာ ပွင့်ကားသွားကြသည်။ သူတို့အားလုံးဟာ တုန်လှုပ်နေကြပါပြီ။ ၎င်းဟာ ကြယ်ခုနှစ်ပွင့် တာအိုနတ်ဘုရားအထွတ်အထိပ်နှင့် ကြယ်ခြောက်ပွင့် တာအိုနတ်ဘုရားအထွတ်အထိပ်တည်းဟူသော တည်ရှိမှုကြီး ဖြစ်သည်။ သူတို့တွေကို ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်က တကယ်ကြီး သတ်ဖြတ်လိုက်တာလား? ဒါက တစ်ကယ့်ကို မယုံနိုင်စရာပဲ!

ဤမြင်ကွင်းက သူတို့၏နှလုံးသားများက်ို တုန်ခါသွားစေခဲ့ကာ သူတို့တစ်ယောက်ချင်းစီတိုင်းသည် အကြောက်တရားဖြင့် တုန်လှုပ်သွားကြသည်။ ဤအချိန်တွင် သူတို့ဟာ ကိုယ့်ဘဝကိုကိုယ်တောင် သံသယဝင်လာမိသည်။ ရှန်ရှန့်ကျုံဂိုဏ်းမှ သာမန်တပည့်တစ်ယောက်တွင်တောင် ဤကဲ့သို့ ထိတ်လန့်ဖွယ်ခွန်အားရှ်ိနေသည်။ သူတို့ဟာ နှစ်ထောင်ချီအောင် ကျင့်ကြံခဲ့ကြသည်။ သူတို့တွေက ခွေးတွေလား?

ဇာမဏီမျိုးနွယ်စုကဲ့သို့သော ရှန်ရှန့်ကျုံဂိုဏ်းနှင့် ရန်ငြိုးရှိသည့် ရှေးဟောင်းမျိုးနွယ်စုကြီးများ၏ ပါးစပ်များက ပို၍တောင် ဟောင်းလောင်းပွင့်သွားကြသည်။ ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားသည် သူတို့မော်၍တောင် မကြည့်ရဲသည့် တည်ရှိမှုကြီးကို အလွယ်တကူ သတ်ဖြတ်လိုက်ချေသည်။

"ဟူး......"

"ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ?... သူတို့ရဲ့ အထွတ်အထိပ်အခြေအနေကို တွေ့မြင်ပြီးပြီလို့ ငါထင်ထားတာ ၊ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားလေးပဲ ဖြစ်နေလိမ့်မယ်လို့ တွေးမထားမိဘူး..."

"အင်း.. ဟုတ်တယ် အစက အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးတွေ ၊ အခုကျတော့လည်း ထိတ်လန့်စရာကောင်းတဲ့ စွမ်းအားရှင်နှစ်ဦးကို ရှန်ရှန့်ကျုံဂိုဏ်းက သတ်ပစ်လ်ိုက်ပြန်ပြီ ၊ ရှန်ရှန့်ကျုံဂိုဏ်း မလုပ်နိုင်တာများ ရှိဦးမှာလား?"

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ရန်သူဖြစ်ဖို့ဆိုတာ အိပ်မက်ဆိုးကြီးတစ်ခုပဲ..."

ရှေးဟောင်းမျိုးနွယ်စုကြီးများသည် ထိတ်လန့်တကြား ပြောဆိုနေမိကြသည်။ သူတို့​သည် ရှန်ရှန့်ကျုံဂိုဏ်းမှာ နတ်ဆိုးတစ််ကောင်ကဲ့သို့ ခံစားလာရသည်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများကဲ့သို့သော အင်အားစုကြီးများတွင်တောင် ခွန်အားအကန့်အသတ် ရှိနေသေးသည်။ သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းမှာတော့ ခွန်အားအကန့်အသတ် မရှိပုံပေါ်လေသည်။

"သေချင်နေတာပဲ.... "

လင်းယွင်ယွမ်ကျဲသည် ကောင်းကင်ကြီးကို မော့ကြည့်လျက် ဟစ်ကြွေးလိုက်သည်။ သူ၏မျက်လုံးများမှာ အဆုံးစွန်တိုင်အောင် နီရဲနေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပေါက်ကွဲထွက်တော့မည့် သားရဲကြီးတစ်ကောင်ကဲ့သို့ ဒေါသဖြင့် ဆတ် ဆတ်တုန်နေသည်။

"ဇီဝိန်ခြွေ သွေးနဂါးအစီအရင် ခင်းကျင်းစမ်း...."

လင်းယွင်ယွမ်ကျဲ၏ စကားဆုံးသွားသည့်အခါ သူ့အနောက်ဖက်ရှိ သုံးရာသော သွေးနဂါးအစောင့်အရှောက်များသည် တညီတညွတ်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့က ရှည်လျားသော နဂါးကြီးတစ်ကောင်ကဲ့သို့ အစီအရီတန်းစီလိုက်ကြပြီး သူတို့ခန္ဓာကိုယ်များထံမှ သိပ်သည်းသော စွမ်းအားထုအရှိန်အဝါများ လွင့်ပြန်ထွက်ပေါ်လာသည်။ ၎င်းခွန်အားကြီး စွမ်းအားအရှိန်အဝါ ထွက်ပေါ်လာသည့်အခါ မိုးကောင်းကင်ဟာ ရုတ်တရက်ပြိုကျသွားပုံပေါ်၏။

တာအိုနတ်ဘုရား အယောက်သုံးရာကတောင် မည်သည့်အင်မော်တယ် ရှေးဟောင်းမျိုးနွယ်စုကိုမဆို တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။ တာအိုနတ်ဘုရားအယောက်သုံးရာ ခင်းကျင်းထားသော အစီအရင်ဆိုပါက ပြောဖွယ်ရာမရှိတော့ပြီ။

ကြယ်ကိုးပွင့် တာအိုနတ်ဘုရားပြီးပြည့်စုံခြင်း အဆင့်မှန်သမျှကို ဖိနှိပ်န်ိုင်ပြီး ပကတိနတ်မင်းအဆင့်နှင့် နီးကပ်လုနီးပါး ဖြစ်နေသော ကြောက်လန့်ဖွယ် အရှိန်အဝါကြီးတစ်ခုသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားသည်။ ၎င်းထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြီးက အရာရာတ်ိုင်းကို ဖိနှိပ်လိုက်ချေသည်။

ကွင်းပြင်ကြီးထဲတွင် တည်ငြိမ်နေသေးသော လူဟူ၍ ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်းမှ စွမ်းအားရှင်များသာ ရှိတော့သည်။ ကျန်ရစ်သော ရှေးဟောင်းမျိုးနွယ်စုကြီးများမှ စွမ်းအားရှင်များအားလုံးသည် သွေးနဂါးအစောင့်အရှောက်များကို ထိတ််လန့်တုန်လှုပ်စွာ မော့ကြည့်မိလိုက်ကြသည်။

ဝေါင်း......

ရုတ်ချည်းဆိုသလို နားကွဲလုမတက် ကျယ်လောင် သော နဂါးဟိန်းသံကြီးတစ်ခုသည် အရပ်လေး မျက်နှာသို့ ပျံ့နှံ့သွားသည်။ ထိတ်လန့်ဖွယ်ကောင်း သော အသံလှိုင်းကြီးသည် မုန်တိုင်းကြီးတစ်ခုကဲ့သို့ ဝန်းကျင်တစ်ခွင် ပျံ့လွင့်သွားပေသည်။ စောင့်ကြည့်နေသော သူများ၏ အကြောက်တရားများ တုန်လှုပ်နေသော အကြည့်အောက်တွင် သွေးနဂါးအစောင့်အရှောက်သုံးရာထံမှ အနီရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ကြီးမားသော သွေးနီရောင်နဂါးကြီးတစ်ကောင်၏ ပုံရိပ်အဖြစ် ပြောင်းလဲဖွဲ့စည်းသွားသည်။ ၎င်းမှာ အစစ်အမှန်နှင့် အတုအယောင်ကြား၌ ရှိနေသည့် သွေးနဂါးတစ်ကောင်ပင် ဖြစ်ချေသည်။ 

ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းသော နဂါးအရှိန်အဝါသည် ပတ်ဝန်းကျင်လေထုကို အဆက် မပြတ်ပြိုကျလာစေသည်။ သွေးနီရောင်နဂါးကြီးသည် လှုပ်ရှားခြင်း အလျဥ်းမရှိသော်လည်း ရှိ​နေကြသော လူများကို ထိတ်လန့်တုန်ယင်သွားစေခဲ့သည်။ သူတို့အားလုံး၏ စိတ်ဝိညာဥ်များမှာ တုန်ခါနေကြချေသည်။

ဝမ်ဖုန်းကတောင်မှ မျက်မှောင်ကြုတ်လိုက်မိသည်။ သွေးနဂါးအစောင့်အရှောက်များမှာ တကယ်ပဲ ကြောက်လန့်ဖွယ်ကောင်းကြောင်း ဝန်ခံရပါလိမ့်မည်။ ကြယ်ကိုးပွင့်တာအိုနတ်ဘုရားပြီးပြည့်စုံခြင်း အဆင့်ကတောင် သွေးနဂါးအစောင့်အရှောက်များ ခင်းကျင်းလိုက်သော ဇီဝိန်ခြွေ သွေးနဂါးအစီအရင်က်ို အံတုရင်ဆ်ိုင်နိုင်မှာမဟုတ်ချေ။

ဤထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော နဂါးစွမ်းအားကြီး ထွက်ပေါ်လာသည့်အခါ ထျန်းလန်ဒေသကြီးတစ်ခုလုံးသည် အုံအုံကြွကြွဖြစ်လာကြသည်။ ၎င်းဟာ နဂါးကြီး၏ အရှိန်အဝါကို အံမတုနိုင်တော့သည့်အလား အဆက်မပြတ် ယိမ်းထိုးလာလေသည်။ ထျန်းလန်တိုက်ကြီးတစ်ခုလုံးရှိ စွမ်းအားကြီးကျင့်ကြံသူများအားလုံးသည် ချန်းဝူမြို့တော် ရှိရာဖက်သို့ တညီတညွတ်တည်း လှမ်းကြည့်လိုက်သည်။ သူတို့၏ အမူအရာများမှာ အလွန်အမင်း ထိတ်လန့်ခြောက်ခြားနေကြသည်။ ချန်းဝူမြို့တော်မှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ်အရှိန်အဝါများက သူတို့အားလုံးကို ဒူးထောက်အရှုံးပေးရန် ဖိနှိပ်နေလေသည်။ 

လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာတွင်ရှိနေသော နဂါးဧကရာဇ် တောက်ဇွင်းကလည်း အဆိုပါတိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။ ယုကျုံးနှင့် ကွေ့ဝူတို့၏ သေဆုံးမှုက သူ့ကို ဒေါသအကြီးအကျယ်ထွက်စေသလို ဝမ်းနည်းပူဆွေးစေခဲ့သည်။ သူဟာ ရှန်ရှန့်ကျုံဂိုဏ်းကို အပိုင်းပိုင်းအစစ ဖိခြေပစ်ချင်နေသည်!

"အကြီးအကဲ... အတူတူ လှုပ်ရှားကြရအောင်လား"

ဇီဝိန်​ခြွေသွေးနဂါးအစီအရင်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ ကုချိုး၏ နှလုံးသားသည် စည်းချက် လွဲသွားခဲ့သည်။ သူက အားချင်ကိုမျှော်လင့်တကြီး စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

ကုချိုးသည် အားကုန်သုံးတိုက်ခိုက်ပါက ဇီဝိန်ခြွေသွေးနဂါးအစီအရင်ကို ခုခံနိုင်ကောင်း ခုခံနိုင်သော်လည်း သူက ဒဏ်ရာမရချင်ပေ။

ဉာဏ်ပညာကြီးမားသူ တစ်ယောက်ဟာ အခြေအနေနှင့် အချိန်အခါကို သိရှိရမည်သာ။

မူလက ရန်သူတွေ အားနည်းနေသည့်အတွက်ကြောင့် သူဟာမောက်မာစွာ ပြုမူခဲ့သည်။ ယခုအချိန်မှာတော့ ရန်သူများက ခွန်အားကြီးလာပြီဖြစ်ရာ သူကလည်းပဲ ရူးရူးမူးမူး ပြေးထွက်ပြီး တိုက်ခိုက်မှာ မဟုတ်ပေ။ 

အားချင်းက ခေါင်းငြိမ့်လိုက်သည်။ သူမက လက်ထဲရှိ ဝါးတုတ်တံကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သွေးနီရောင်နဂါးကြီးကို စူးစိုက်ကြည့်လိုက်သည်။ သူမကတောင်မှ အကြောက်တရားကို ရေးရေးမျှ ခံစားမိလိုက်ချေသည်။

"သတ်ကြ....."

ရုတ်တရက်ဆိုသလို သွေးနဂါးအစောင့်အရှောက် သုံးရာသည် တညီတညွတ်တည်း အော်ဟစ်လိုက်ကြပြီး ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော သတ်ဖြတ်မှု အရှိန်အဝါကြီးသည် မိုးကောင်းကင်ထိတောင် ပျံ့နှံ့သွားသည်။ သူတို့ခန္ဓာကိုယ်အပေါ်၌ ဝဲလွင့်နေသော သွေးနီရောင်နဂါးကြီးကလည်း ဟိန်းဟောက်လိုက်သည်။ လူတိုင်း၏ အကြည့်များအောက်တွင် နဂါးကြီးသည် ပါးစပ်ကြီးကို ဖွင့်ဟကာဖြင့် အားချင်တို့ဆီ ပြေးဝင်လာခဲ့လေသည်။

ထိတ်လန့်ဖွယ်ကောင်းသော နဂါးကြီး၏ အရှိန်အဝါသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေထုကို တုန်လှုပ်စေခဲ့ပြီး သွားရာလမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်စီးလိုက်သည်။

"ဆိတ်ငြိမ်ခြင်း နတ်ဆိုးတာအို လက်သီး..."

အစွယ်တစ်ဖွေးဖွေးနှင့် သွေးနီရောင်နဂါးကြီးကို ရင်ဆိုင်လိုက်ရသော်လည်း ကုချိုး၏ မျက်လုံးများမှာ တောက်ပနေဆဲပင်။ နတ်ဆိုးဆယ်ပါး လမ်းစဥ်များသည် သူ၏စိတ်အာရုံအတွင်း ရုတ်တရက်ပေါင်း စည်းသွားပြီး ပြင်းထန်သော နတ်ဆိုးလက်သီးချက်တစ်ခုအဖြစ် အသွင်ပြောင်းလဲ ထွက်ပေါ်လာသည်။ 

တစ်ချိန်တည်းမှာပဲ အားချင်းကလည်း လှုပ်ရှားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်လေးမှာ ရုတ်တရက် ဝေဝါးပျောက်ကွယ်သွားပြီး သွေးနဂါးကြီး၏ ဘေးဖက်၌ ထွက်ပေါ်လာခဲ့သည်။ သူမလက်ထဲရှိ ဝါးတုတ်တံကလေးမှာ ညှင်သာပျော့ပျောင်းစွာ ကခုန်နေခဲ့သည်။ အရှိန်အဟုန်မှာ မြန်ဆန်လွန်းတာကြောင့် ဝါးတုတ်တံကလေးကို ဘယ်သူကမှ အရိပ်တောင် မမြင်လိုက်ကြရပေ။

ရှုး.....

သိပ်သည်းသော ဓါးချီများသည် တစ်လွှာပြီးတစ်လွှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အားချင်းကို စက်ဝိုင်းပုံသဏ္ဍာန် ဝန်းဝိုက်လိုက်ကြသည်။ ၎င်းတို့မှာ ဓါးပင်လယ်ကြီး တစ်ခုအလားပင်။ ဓါးစွမ်းအင် လှိုင်းလုံးတစ်ခုချင်းစီတိုင်းက အစောပိုင်းက လှိုင်းလုံးထက် ပိုမို စွမ်းအားကြီးမားပြီး နဂါးကြီးရှိရာဖက်သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်သွားခဲ့ချေသည်။ 

သိပ်သည်းသော ဓါးချီစွမ်းအင်များ ထွက်ပေါ်မလာခင်ကတည်းက လေထုဟာ ဓါးစွမ်းအင်များကြောင့် ပြိုပျက်သွားခဲ့ရသည်။ ဓါးချီများ ထွက်ပေါ်လာသည့်အခါ ကမ္ဘာမြေနှင့် မိုးကောင်းကင်ဟာ အစိတ်စိတ် အမွှာမွှာကွဲကြေသွားတော့မည့်အလား တုန်ယင်သွားခဲ့ရသည်။ 

ဘုန်း.....

များမကြာမီမှာပဲ ကုချိုးက နဂါးကြီး၏ ဦးခေါင်းအထက်၌ ထွက်ပေါ်လာခဲ့သည်။ သွေးနီရောင်နဂါးကြီးကလည်း ၎င်း၏ခန္ဓာကိုယ်ကို တွန့်လိမ်စွာဖြင့် တုန့်ပြန်လိုက်ပြီး ကုချိုးကို ဝမ်းဗိုက်အတွင်းသို့ မြိုချတော့မည်ကဲ့သို့ ပြုမူလိုက်သည်။ သို့ပါသော်လည်း သွေးနီရောင်နဂါးကြီး အပြည့်အဝ မတုန့်ပြန်ရသေးခင်တွင် ကုချိုး၏ လက်သီးချက်က ထိတ်လန့်ဖွယ်အရှိန်နှုန်းဖြင့် ထိုးခြေချလိုက်သည်။ 

မိုးကောင်းကင်မှ ရေတံခွန်ကျဆင်းသည့်အလား အဆက်မပြတ်ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် စွမ်းအားလှိုင်းကြီးသည် နဂါးကြီး၏ ဦးခေါင်းတစ်ခုလုံးကို မြေပြင်ပေါ် ပြိုကျသွားစေခဲ့သည်။ မြေပြင်ဟာ အက်ကွဲသွားခဲ့ပြီး ဖုန်မှုန့်များနှင့် မြေအပိုင်းအစများသည် ဝန်းကျင်တစ်ခွင်သို့ အုပ်ဆိုင်းသွားခဲ့သည်။ နဂါးကြီး၏ အမြှီးဟာ လေထုထဲ၌ ယမ်းခါနေခဲ့သည်။ နဂါးကြီး အမြှီးယမ်းလိုက်တိုင်းတွင် လေထု ဟာ ပုံပျက်အက်ကွဲလာရသည်။

ဘုန်း.....

တစ်ချိန်တည်းမှာပဲ အားချင်ထုတ်ဖော်လိုက်သော ထိတ်လန့်ဖွယ် ဓါးစွမ်းအင် ပင်လယ်ကြီးကလည်း နဂါးကြီး၏ ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းသွားသည်။နဂါးကြီး၏ မာကြောသော အကြေးခွံများက ဓါးစွမ်းအင်ကို တစ်ခဏတာသာ ခုခံနိုင်ခဲ့ပြီး များမကြာ မီတွင် ဓါးစွမ်းအင်၏ အပိုင်းပိုင်းအစစ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။

ထိတိလန့်ဖွယ်ကောင်းသော ထိတွေ့မှုကြီးအပြီး၌ နဂါးကြီး၏ ခန္ဓာကိုယ်ကို ဓါးစွမ်းအင်များက တိုက်ရိုက် ပိုင်းဖြတ်လိုက်လေသည်။ 

"ဝေါင်း......."

နဂါးကြီး၏ နာကျင်စွာ အော်မြည်းသံသည် ထွက်ပေါ်လာခဲ့သည်။ လူတိုင်း၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် သွေးနီရောင်နဂါးကြီးသည် ဓါးစွမ်းအင်ပင်လယ်ကြီး၏ အပိုင်းပိုင်းအစစ ဖြတ်တောက်ခြင်းကို ခံလိုက်ရကာ အစိတ်စိတ်အမွှာမွှာကွဲကြေ၍ ကမ္ဘာမြေကြီးမှ ပျောက်ကွယ်သွားခဲ့သည်။ သိပ်သည်းသော ဓါးစွမ်းအင်များသည် နဂါးကြီး၏ အငွေ့အသက်များကိုတောင် အပြီးတိုင် ဖျက်စီးပစ်လိုက်ပြီး ပြန်လည်ဖွဲ့တည်ရန် အခွင့်ရေးမပေးခဲ့ချေ။ 

"ဖစ်...."

နဂါးကြီးပျက်စီးသွားသည့်အခါ သုံးရာသော သွေးနဂါးအစောင့်အရှောက်များသည် တညီတညွတ်တည်း တုန်လှုပ်သွားကြသည်။ သူတို့ဟာ အစီအရင်ရဲ့ တန်ပြန်တိုက်ခိုက်ခြင်းခံလိုက်ရပြီး သူတို့၏ မျက်နှာများမှာ နီရဲသွားကြကာ ပါးစပ်အပြည့် သွေးတစ်လုတ်အန်ထုတ်လိုက်ကြရသည်။ သူတို့၏ အမူအရာများက ထိတ်လန့်ခြောက်ခြားနေကြသည်။

All Chapters