← Chapters

သွေးနဂါးအစောင့်အရှောက်များ၏ အဆုံးသတ် ၊ ယွမ်ကျဲတစ်ပါး၏ ကျရှုံးခန်း။

Vol. 22 Ch. 308

သွေးနဂါးအစောင့်အရှောက်များ၏ အဆုံးသတ် ၊ ယွမ်ကျဲတစ်ပါး၏ ကျရှုံးခန်း။

Vol. 22 Ch. 308

"ဘယ်လ်ို.... အဲ့ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

ကုချိုးနှင့် အားချင်းတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ကွက်ကြောင့် သွေးနဂါးပုံရိပ်ကြီး ပျက်စီးသွားသည်ကို တွေ့မြင်လ်ိုက်ရသည့်အခါ လင်းယွင်ယွမ်ကျဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပျော့ခွေသွားသည်။ သူဟာ အဆိုပါ စာကြောင်းကို ထပ်ခါထပ်ခါ ရေရွတ်နေမိသည်။ သေခါနီး လူအိုကြီးတစ်ယောက်လိုမျိုး သူ၏မျက်လုံးများအတွင်း၌ အကြောက်တရားများ ရှိနေချေသည်။ 

သူဟာ ထိတ်လန့်တုန်လှုပ်နေပေပြီ....။

ရှန်ရှန့်ကျုံဂိုဏ်းသည် လူအများပြောကြခဲ့သည့်အတ်ိုင်း အိပ်မက်ဆိုးကြီးပဲ ဖြစ်သည်။ သွေးနဂါးအစောင့်အရှောက်သုံးရာသည် အရာအားလုံးကို ဖျက်စီးနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့ပါသော်လည်း မျက်တောင်တစ်ခတ်အတွင်း၌ ထျန်းလန်ဒေသကို သူခေါ်ဆောင်လာခဲ့သော ထိတ်လန့်ဖွယ်ခွန်အားကြီးမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ အလွယ်တကူဖျက်စီးခြင်းကို ခံလိုက်ရသည်။

ဤအချိန်တွင် လင်းယွင်ယွမ်ကျဲသည် လုံးဝကို စိတ်ပျက်နေပေပြီ။ သူတစ်ကယ့်ကို မသိတော့ပေ။ ရှန်ရှန့်ကျုံဂိုဏ်း၏ ထိတ်လန့်ဖွယ်ခွန်အားကို အနိုင်ရရှိရန် ဘယ်လိုစွမ်းအားမျိုးကို လိုအပ်လိမ့်မလဲ ဆိုတာကိုပေါ့။

ဒါ့အပြင် အဝေးတစ်နေရာမှ ရှေးဟောင်းကျင့်ကြံသူများကလည်း အဆိုပါမြင်ကွင်းကိုမယုံကြည်န်ုင်စွာ စိုက်ကြည့်နေကြသည်။ သူတို့ဟာ ထိတ်လန့်ဖွယ်တိုက်ပွဲကြီးမှ ခပ်ဝေးဝေးကို ပို၍ ဆုတ်ခွာသွားကြပြီး အဝေးဆုံးနေရာ၌ ပုန်းအောင်းနေကြကာ ထိတ်လန့်တုန်ယင်နေကြသည်။ 

အဲ့ဒါက တာအိုနတ်ဘုရား အယောက်သုံးရာကျော်နဲ့ တည်ဆောက်ထားတဲ့ အစီအရင်ကြီးလေ....

ဒါကိုတောင် လွယ်လွယ်ကူကူ ဖျက်စီးပစ်လိုက်တယ်တဲ့လား..။ သမုဒ္ဒရာကြီးလို နက်ရှိုင်းတဲ့ အဲ့ဒီဓါးချက်.. ပြီးတော့ ကုချိုးရဲ့ ပြင်းထန်တဲ့လက်သီးချက်ကလည်း ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ကွက်မှာ တစ်ကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတော့သည်။ 

"အကြီးအကဲ... အဲ့ဒီလူ တုန်လှုပ်နေတုန်း သူတို့ကို လက်စားချေကြရအောင်..."

ကုချိုးက မျက်လုံးလှိမ့်လိုက်ပြီး ဟစ်ကြွေးလိုက်သည်။ 

ထိုစကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်မှာ ရွေလျားသွားပြီး သွေးနဂါးအစောင့်အရှောက်သုံးရာ၏ ဦးခေါင်းအထက်၌ ပြန်ပေါ်လာခဲ့သည်။ သူဟာ အလင်းတန်းများ လင်းလက်နေသော လက်သီးချက်ကို ဝှေ့ယမ်းလျက် ဝံပုလွေတစ်ကောင်က သိုးအုပ်ကြီးအတွင်းသို့ ဝင်ရောက်သွားသလိုမျိုး သွေးနဂါးအစောင့်အရှောက်သုံးရာထံ ပြေးဝင်သွားခဲ့သည်။ 

လက်သီးချက်တစ်ချက် ကျရောက်လာသည့်အခါ တိုင်းတွင် သွေးနဂါး စစ်သည်တော်တစ်ဦး ကျဆုံးသွားရသည်။ သွေးများဟာ လောကကြီးအတွင်း ပျံ့လွင့်ထွက်ပေါ်လာချေသည်။ သွေးနီရောင်မြူခိုးငွေ့များသည် လေထုအတွင်း၌ ဆက်တိုက်ဆိုသလို တစ်ခုပြီးတစ်ခုပေါက်ကွဲထွက်လာသည်။ 

သွေးနဂါးအစောင့်အရှောက်များ၏ နှလုံးကွဲကြေမတက် ဟစ်ကြွေးသံက ကြားရသည်မှာ ထိတ်လန့်ဖွယ်ကောင်းလှချေသည်။ ဤမြင်ကွင်းက အဝေးတစ်နေရာရှိ ရှေးဟောင်းကျင့်ကြံသူများက်ို ထိတ်လန့်ခြောက်ခြားသွားစေခဲ့သည်။ သူတို့ဟာ ရှန်ရှန့်ကျုံဂိုဏ်းက်ို အညံ့ခံလိုက်ဖို့တောင် တွေးမိလိုက်ကြသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ ထိတ်လန့်ဖွယ်ခွန်အားမှာ သူတို့ရင်ဆိုင်နိုင်သည့်အရာ ဟုတ်မနေပေ။ 

သူတို့သာ ရှန်ရှန့်ကျုံဂိုဏ်းကို အာခံလိုက်မိပါက အဝေးတစ်နေရာရှိ သွေးမြူထုကြီးမှာ သူတို့ရဲ့ ကံတရားဖြစ်သွားနိုင်သည်။ ရှန်ရှန့်ကျုံဂိုဏ်းအပေါ် မကျေနပ်ချက်များရှိနေသော ဇာမဏီမျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုကြီးများကတောင် ဤအချိန်တွင် အကြောက်တရားဖြင့် တုန်ယင်နေကြပေသည်။

သူတို့အားကိုးအားထားရသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားရှင်များကတောင် ရှန်ရှန့်ကျုံဂိုဏ်းကို မတိုက်ခိုက်နိုင်ကြပေ။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို အခုထိ ဖျက်စီးဖို့ တွေးနေရဦးမှာလား?။

အားချင်းနှင့်ကုချိုးတို့က အရူးအမူးတိုက်ခိုက်နေကြစဥ်တွင် လင်းယွင်ယွမ်ကျဲက လုံးဝကို စိတ်ပျက်အားလျော့သွားပြီး သူက သွေးနဂါးအစောင့်အရှောက်များကိုတောင် ဂရုမစိုက်န်ိုင်တော့ပဲ ထပြီး ထွက်ပြေးတော့သည်။ မျှော်လင့်ချက် မရှိတော့ဘူး...။

"ပြေးချင်တာလား? မင်း... ပြေးနိုင်မယ်လို့ ထင်နေတာလား?"

ဝမ်ဖုန်းက ရုတ်တရက်ရွေ့လျားသွားပြီး ထွက်ပြေးချင်နေသော လင်းယွင်ယွမ်ကျဲ၏ အရှေ့၌ ပိတ်ရပ်လိုက်ကာ လှောင်ပြောင်ပြောလိုက်သည်။

"ထွက်သွားစမ်း...."

လင်းယွင်ယွမ်ကျဲက ဝမ်ဖုန်းကို ဒေါသတကြီး စိုက်ကြည့်ပြီး အော်ဟစ်လိုက်သည်။ သိပ်မကြာခင် သူ၏ပုံရိပ်ဟာ ရွေ့လျားသွားပြီး ဝမ်ဖုန်းက်ို ဖြတ် သန်းကာ ထွက်ပြေးသွားတော့သည်။

ဝမ်ဖုန်းကို လင်းယွင်ယွမ်ကျဲက အလွန်အင်မတန် အထင်သေးလေသည်။ သူက ဝမ်ဖုန်းတစ်ယောက် တိုက်ခိုက်တာကို တစ်ကြိမ်တစ်ခါမှ တွေ့မြင်ဖူးခြင်းမရှ်ိချေ။ သည့်မတိုင်ခင်က သူသည် ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားရှင်များ ဘယ်လောက်သန်မာကြောင်း သတင်းများ ကြားဖူးသော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်က အရမ်းသန်မာတယ်ဆိုသော သတင်းမျိုးကိုတော့ ကြားဖူးခြင်းမရှိချေ။ 

ထို့အတွက်ကြောင့် လင်းယွင်ယွမ်ကျဲသည် ကုချိုး ၊ အားချင်းနှင့် အခြားသော ရှန်ရှန့်ကျုံဂိုဏ်းမှ စွမ်းအားရှင်များကသာ အစွမ်းထက်ကြပြီး ဝမ်ဖုန်းက အဆိုပါစွမ်းအားရှင်များ၏ ခွန်အားအပေါ် မှီခိုနေတယ်လို့ တွေးထင်မိလိုက်သည်။

သူ... လင်းယွင်ယွမ်ကျဲတွင်လည်း သန်မာသော ပုဂ္ဂိုလ်များ နောက်ခံရှိပါက ဒီကနေ့ ရှန်ရှန့်ကျုံဂိုဏ်းထက်တောင် ပိုမိုကြီးကျယ်သောအရာများကို ပြုလုပ်နိုင်မှာ ဖြစ်သည်။

လင်းယွင်ယွမ်ကျဲ အလျင်စလို ထွက်ပြေးသွားတာကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏ မျက်နှာထက်၌ အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူဟာ တားဆီးခြင်းမရှိဘဲ လင်းယွင်ယွမ်ကျဲကို ထွက် ပြေးခွင့်ပေးလ်ိုက်သည်။ 

ဝမ်ဖုန်းသည် အပိုလှုပ်ရှားမှုများ မပါဝင်ပဲ ဟွာကွမ်းအမတဓါးကို ဆုပ်ကိုင်လိုက်ကာ ညှင်သာစွာ ဝှေ့ယမ်းလိုက်သည်။ တောက်ပထက်မြတ်သော ဓါးအလင်းတန်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာပြီး လင်းယွင်ယွမ်ကျဲ ထွက်ပြေးသွားသော အရပ်မျက်နှာဖက်သို့ အလွန်မြန်ဆန်သော နှုန်းထားဖြင့် ပြေးဝင်သွားခဲ့သည်။

နောက်ကျောဘက်မှ ပြေးဝင်လာသော ထိတ်လန့်ဖွယ်ကောင်းသည့် ဓါးအရှိန်အဝါက်ို ခံစားလိုက်ရသည့်အခါ လင်းယွင်ယွမ်ကျဲ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ အဆိုပါဓါးသည် ရောက်မလာသေးသော်လည်း သူ့ကို ထိတ်လန့်စေခဲ့​ပြီး သူ၏ စိတ်နှလုံးအတွင်း၌ အကြောက်တရားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ 

သေရေးရှင်ရေး အချိန်ကာလတွင် လင်းယွင်ယွမ်ကျဲသည် ထပ်မံ၍ ထွက်မပြေးနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အရိုင်းဆန်စွာ လှုပ်ရှားလိုက်ပြိီး အနောက်ကိုတစ်ချက်လှည့်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ 

လက်သီးချက်တစ်ချက်ပစ်သွင်းလိုက်ပြီးနောက် လင်းယွင်ယွမ်ကျဲသည် လည်ပြန်တောင် လှည့်မကြည့်တော့ပဲ ခိုင်မာသော စိတ်ထားများဖြင့် လှည့်လည်ထွက်ပြေးတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သက်တန့်ကြီးတစ်ခုလိုမျိုး အဝေးတစ်နေရာသို့ မြန်ဆန်သော နှုန်းဖြင့် ရွေ့လျားသွားခဲ့ချေသည်။

သူက နောက်ကိုပြန်လှည့်မကြည့်ခဲ့သည့်အတွက် သူထုတ်လွှတ်လိုက်သော စွမ်းအားကြီးသည့် လက်သီးချက်သည် ဓါးအလင်းတန်းနှင့် ထိတွေ့မိသွားသည့်အခါ စက္ကူစတစ်ရွက်လိုမျိုး ဆုတ်ဖြဲခံလိုက်ရသည့် မြင်ကွင်းကိုတော့ မတွေ့မြင်လိုက်ရပေ။ 

ဟမ်.....

မိုင်ထောင်ပေါင်းများစွာ ထွက်ပြေးသွားပြီးနောက် ဓါးအလင်းတန်းသည် အရာအားလုံးကို ဆုတ်ဖြဲလိုက် ကာ အလွန်မြန်ဆန်သော နှုန်းထားဖြင့်အချိန်နှင့် အာကာသကို ဖြတ်ကျော်၍ လင်းယွင်ယွမ်ကျဲကို ခုတ်ပိုင်းလိုက်သည်။ သတိလက်လွတ်ဖြစ်နေသော လင်းယွင်ယွမ်ကျဲ၏ ခန္ဓာကိုယ်ပေါ်သို့ ဓါးအလင်းတန်းသည် ဖြတ်ပိုင်းသွားခဲ့ပြီး လေထုထဲ၌ သွေးစက်များ ထွက်ပေါ်လာသည်။ 

"ဒါက... မဖြစ်နိုင်ဘူး"

လင်းယွင်ယွမ်ကျဲသည် သူ့ရင်ဘတ်ပေါ်ရှိဓားချက်ကို ဗလာမျက် ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ အဆိုပါဓါးအလင်းတန်းတွင်ပါဝင်သော ထက်မြသည့် ဓါးစွမ်းအင်များက သူ၏ ခန္ဓာကိုယ်က်ို အဆက်မပြတ် ဖျက်စီးနေသည်။ ပြင်းထန်သော နာကျင်မှုဝေဒနါက သူ၏အသိစိတ်ကိုတောင် ဝေဝါးသွားစေသည်။ သူ၏စိတ်ဝိညာဥ်ဟာလည်း သေခြင်းနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေခဲ့သည်။ 

ဝမ်ဖုန်းသည် လေထုထဲ၌ ထွက်ပေါ်လာပြီး လင်းယွင်ယွမ်ကျဲ၏အရှေ့၌ မတ်တပ်ရပ်လိုက်သည်။ သူဟာ လက်နှစ်ဖက်ကို နောက်ပစ်လျက် လင်းယွင်ယွမ်ကျဲ၏ မျက်နှာကို မှင်သေသေအမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။

"မင်းက.. အရမ်းကိုမောက်မာထောင်လွှားလွန်းပြီး ငါတို့ရှန်ရှန့်ကျုံဂိုဏ်းကို အရေးမပါတဲ့အရာတစ်ခုလို သဘောထားခဲ့တယ် ၊ အခုအချ်ိန်မှာတော့ မင်းက ဒီဂိုဏ်းချုပ်ရဲ့လက်ထဲမှာ ပုရွက်ဆိတ်တစ်ကောင်လို ရုန်းကန်နေရပြီ ၊ ငါမင်းကို အလွယ်လေးဖျစ်ညစ်ပြီး သတ်ပစ်နိုင်တယ်..."

"အဲ့ဒီအချိန်တုန်းက ဒီနေ့လို အချိန်အခါမျိုး ရောက် လာလိမ့်မယ်လို့ မင်းတွေးဖူးလား?"

ဝမ်ဖုန်၏ ထူးမခြားနားသော စကားများက လင်းယွင်ယွမ်ကျဲ၏ နားစည်အတွင်း၌ ပဲ့တင်ထပ်သွားပြီး လင်းယွင်ယွမ်ကျဲကို ထ်ိတ်လန့်နေရာမှ ပြန်လည်သတိဝင်လာစေခဲ့သည်။ သူဟာ နာကျင်မှုဝေဒနါကို ကြိတ် မှိတ်ခံစားလိုက်ပြီး ဝမ်ဖုန်းကို မော့ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်စွန်းများ မြောက်တက်သွားသည်အထိ စစ်မှန်စွာပြုံးရယ်လိုက်သည်။

"မင်းတို့ကို အဲ့ဒီအချိန်ကတည်းက မသတ်ဖြတ်ခဲ့တာကိုပဲ ငါနောင်တရမ်ိတယ်..."

"ယန်ရှန်း ဘယ်မှာလဲ?"

ဝမ်ဖုန်း၏ မျက်နှာမှာ အေးစက်နေကာ သေလုမျောပါးဖြစ်နေသော လင်းယွင်ယွမ်ကျဲကို ထူးမခြားနားစွာ စိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် မေးမြန်းလိုက်သည်။ 

"ဟားဟားဟားဟား..."

ငါဒီကို မလာခင်တုန်းက ယန်ရှန်းကို ငါ့ဆရာဆီ အပ်နှံခဲ့ပြီးပြီ... မင်းသာ ယန်ရှန်းကို ရှာဖွေချင်တယ်ဆိုရင် ငါ့ဆရာဆီ သွားရလိမ့်မယ်... ငါ့ဆရာက ငါ့အတွက် လက်စားချေပေးမှာ ၊ ငါ့ဆရာရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး မခန့်မှန်းနိုင်တဲ့ ခွန်အားကို မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကတောင် တားဆီးနိုင်မှာမဟုတ်ဘူး"

"ဒီအရှင်သခင်က မင်းက်ို တမလွန်လမ်းမထက်ကနေ စောင့်ဆ်ိုင်းနေမယ်..."

လင်းယွင်ယွမ်ကျဲသည် မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်ကာ ပြုံးရွှင်စွာ ပြောလိုက်သည်။ သူဟာ သေခါနီးဖြစ်နေသော်လည်း ဤအချိန်တွင် လုံးဝကြောက်လန့်မနေခဲ့ချေ။

"ဒါဆိုလ​ည်း... စောင့်နေလိုက်! မင်းဆရာလိုက်လာမှာကို စောင့်နေလိုက်ပေါ့ ၊ မစိုးရိမ်ပါနဲ့ ။ မင်းဆရာ မင်းနောက်ကို လိုက်လာဖို့ အချိန်အကြာကြီးလိုမှာ မဟုတ်တော့ပါဘူး"

ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ အေးစက်သောအလင်းတန်းတစ်ခု ဖြစ်တည်လာပြီး ထူးမခြားနားစွာ ပြောလိုက်သည်။ သူ၏အသံဟာ တိုးညှင်းသော် လည်း လင်းယွင်ယွမ်ကျဲ၏ နားစည်အတွင်းသို့ ရှင်းလင်းစွာ ထိခတ်သွားခဲ့သည်။ ၎င်းမှာ လင်းယွင်ယွမ်ကျဲ၏ စိတ်ဝိညာဥ်မသေဆုံးခင် နောက်ဆုံးကြားလိုက်ရသော စကားသာ ဖြစ်ချေသည်။

လင်းယွင်ယွမ်ကျဲ၏ ရတနာပစ္စည်းများကို သိမ်း ဆည်းပြီး ချန်းဝူမြို့တော်ဆီသို့ ဝမ်ဖုန်းပြန်လာသည့်အချိန်တွင် အားချင်းနှင့် ကုချိုးတို့ကလည်း သွေးနဂါးအစောင့်အရှောက် အယောက်သုံးရာကို သတ်ဖြတ်လိုက်ပြီးကြသည်။ တာအိုနတ်ဘုရား အယောက်သုံးရာ၏ သွေးများသည် မိုးကောင်းကင်ကြီးကို ​နီစွေးသော မြစ်တစ်စင်းကဲ့သို့ အရောင်​ခြယ်လိုက်သည်။ သွေးနီရောင် မြစ်တစ်စင်းကဲ့သို့ သွေးစီးချောင်းများသည် လေထုအတွင်း၌ စီးဆင်းနေခဲ့ပြီး ခြောက်ခြားဖွယ် ခံစားမှုကို ပေးစွမ်းနေလေသည်။

ငရဲတမျှ ကြောက်လန့်ဖွယ်ကောင်းလှသော အဆိုပါမြင်ကွင်းက ရှိနေကြသော လူမှန်သမျှကို တုန်ယင်သွားစေခဲ့သည်။ သူတို့၏ခန္ဓာကိုယ်များမှာ အ​ကြောက်တရားကြောင့် တောင့်တင်းသွားကြသည်။ ရှန်ရှန်ကျုံဂိုဏ်းကို အညံ့ခံခဲ့သော ဖူမျိုးနွယ်စုမှ လူများကတောင် အဆိုပါခြောက်ခြားမှုကို တွေ့မြင်လိုက်ရသည့်အခါ တစ်ကိုယ်လုံးထိန်းချုပ်မရ တုန်ယင်သွားကြရ၏။

All Chapters