← Chapters

နတ်ဘုရားကငါ့ကိုသတ်ချင်ပေမယ့် ငါဟာ ကံတရားကို လက်သင့်မခံဘူး!

Vol. 22 Ch. 309

နတ်ဘုရားကငါ့ကိုသတ်ချင်ပေမယ့် ငါဟာ ကံတရားကို လက်သင့်မခံဘူး!

Vol. 22 Ch. 309

" ဒင် ၊ ရန်သူတော်လင်းယွင်ယွမ်ကျဲကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်အားဂုဏ်ပြပါတယ်။ ဂိုဏ်းအမှတ်သန်း၃၀နှင့် ဂိုဏ်းအဆောက်အဦးတစ်ခုဖြစ်သော မှော်ဝင်စွမ်းအားခန်းမကို ဆုချလိုက်သည်။ ဒါ့အပြင် အန္တိမတာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ်ကိုလည်း ဆုချလိုက်သည်။ "

" ရှန်ရှန့်ကျုံဂိုဏ်းသားကုချိုးမှာ ကြယ်ခုနှစ်ပွင့်တာအိုနတ်ဘုရား အထွတ်အထိပ်အဆင့်နှင့် ကြယ်ခြောက်ပွင့်တာအိုနတ်ဘုရား အထွတ်အထိပ်အဆင့် ရန်သူနှစ်ယောက်ကိုသတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်သန်း၁၃၀နှင့် အန္တိမတာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့်ရှစ်ကြိမ်ကို ဆုချလိုက်သည်။ "

" ဒင် ၊ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအားချင်းနှင့် တပည့်ကုချိုးတို့မှာ တာအိုနတ်ဘုရားအယောက်သုံးရာကိုသတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ်တစ်ဘီလီယံနှင့် အန္တိမတာအိုအဆင့် ကျပန်းဆင့်ခေါ်ခွင့် အကြိမ်၃၀ဆုချလိုက်သည်။ "

အရာအားလုံးငြိမ်သက်သွားသည့်အခါ စနစ်၏အေးစက်စက်အသံက ဝမ်ဖုန်း၏စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းတစ်ယောက် စိတ်လှုပ်ရှားမှုများဖြင့် တုန်ယင်သွားသည်။ သေချာပါပြီ။ ရန်သူများကိုသတ်ဖြတ်ခြင်းက ချမ်းသာကြွယ်ဝစေနိုင်သည်။ 

ဒီတစ်ခေါက်လှိုင်းလုံးက တစ်ကယ့်ကို သွေးစွန်းလှပေသည်။ 

စနစ်၏ဆုလာဒ်များကြောင့် ဝမ်းဖုန်းတစ်ယောက် ပျော်ရွှင်နေစဉ်တွင် အဝေးတစ်နေရာရှိ ရှေးဟောင်းမျိုးနွယ်စု ကျင့်ကြံသူများသည် ထိတ်လန့်တကြားဖြင့် တစ်ယောက်ပြီးတစ်ယောက် ခေါင်းငုံ့မိလိုက်ကြသည်။

ရှန်ရှန့်ကျုံဂိုဏ်းကို အမုန်းရန်ငြိုးရှိနေသော ဇာမဏီမျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုများကတောင် ဤအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်းကို အညံ့ခံလိုသောရည်ရွယ်ချက်များ ထွက်ပေါ်လာကြလေသည်။

ထိုကဲ့သို့သောစွမ်းအားကြီးသည့် လျို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်ကတောင် ရှန်ရှန့်ကျုံဂိုဏ်း၏ ပြိုင်ဘက်တစ်ယောက်မဟုတ်တဲ့ချေ။ ဒီရှေးဟောင်းမျိုးနွယ်စုများ.... သူတို့အားလုံးအတူတကွစုပေါင်းကြရင်တောင် ရှန်ရှန့်ကျုံဂိုဏ်းကို ယှဥ်ပြိုင်နိုင်မှာမဟုတ်ချေ။

" အားချင်း၊ကုချိုး... ဇာမဏီမျိုးနွယ်၊ ချီလုံမျိုးနွယ်စုတွေလို ရှေးဟောင်းမျိုးနွယ်စုတွေကို သတ်ပစ်လိုက်ပါ။ " ဝမ်ဖုန်းသည် ထိတ်လန့်နေသော ရှေးဟောင်းမျိုးနွယ်စုရှိရာသို့ လှမ်းကြည့်လိုက်ပြီး လက်ကိုခါရမ်းကာ ထူးမခြားနားအမူအရာဖြင့် ပြောဆိုလိုက်သည်။

၎င်းရှေးဟောင်းမျိုးနွယ်စုများသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့်ရန်ညှိုးရှိသော ရှေးဟောင်းမျိုးနွယ်စုများဖြစ်ကြသည်။ ယခုအချိန်တွင် ရှေးဟောင်းအင်မော်တယ်မျိုးနွယ်စုလေးစုကို သူကသုတ်သင်ပြီးလေပြီ။ လင်းယွင်ယွမ်ကျဲနှင့် အခြားသူများကိုလည်း ဖျက်ဆီးပြီးပြီ။ နဂါးဧကရာဇ်တောက်ဇွင်းတစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ ထိုလူအိုကြီးတစ်ယောက်ထဲက ဘယ်လှိုင်းလုံးကိုမှ ဖြစ်စေတော့မှာမဟုတ်ပေ။ အခုအချိန်က ထန်းလန်ဒေသရှိကဒ်များကို ရောမွှေရတော့မည့်အချိန်ပဲဖြစ်လေသည်။

အားချင်းနှင့်ကုချိုးတို့သည် ခေါင်းညိမ့်လိုက်ကြပြီး ဖျတ်ခနဲဆိုသလို သူတို့၏ပုံရိပ်များက အဆိုပါရှေးဟောင်းမျိုးနွယ်စုရှိရာသို့ ဝင်ရောက်သွားသည်။

" မဟုတ်ဘူး။ ငါတို့ကိုမသတ်ပါနဲ့ ။ "

" ငါတို့ဇာမဏီမျိုးနွယ်စုက ရှန်ရှန့်ကျုံဂိုဏ်းကို အညံ့ခံချင်ပါတယ်! ''

" မလုပ်နဲ့ ! "

အားချင်းက သူတို့ထံသို့ သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် ပြေးဝင်လာသည်ကို တွေ့မြင်လိုက်ကြရသောအခါ ရှေးဟောင်းမျိုးနွယ်စုကြီးများရှိ စွမ်းအားရှင်ကြီးများဟာ တစ်ယောက်ပြီးတစ်ယောက် ထိတ်လန့်သွားကြသည်။ သူတို့ဟာချက်ချင်းဆိုသလို ဒူးထောက်လိုက်ကြပြီး အသက်ချမ်းသာပေးပါရန် ထပ်ဖန်ထပ်ဖန် တောင်းဆိုလိုက်ကြသည်။

သို့ပါသော်လည်း ဝမ်ဖုန်၏အမိန့်ကို လက်ခံရရှိထားသော အားချင်းတို့နှစ်ယောက်ကတော့ ထိုသူတို့၏တောင်းပန်မှုကို ဂရုမစိုက်ကြပေ။ အချိန်အတော်လေးအတွင်းမှာ ဝမ်ဖုန်းညွှန်ကြားထားသော ရှေးဟောင်းမျိုးနွယ်စုမှ စွမ်းအားရှင်များအားလုံးကို အားချင်းတို့နှစ်ယောက်က သတ်ဖြတ်လိုက်ကြသည်။

အော်ဟစ်ငိုကြွေးသံများသည် ကမ္ဘာလောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။ အသတ်မခံရသော ရှေးဟောင်းမျိုးနွယ်စုကြီးအားလုံး တုန်လှုပ်သွားကြပြီး သူတို့၏မျက်နှာများဟာ ဖြူဖျော့လာကြသည်။ ဒီရှန်ရှန့်ကျုံဂိုဏ်းက တစ်ကယ့်ကိုသတ်ဖြတ်ခြင်းနတ်ဘုရားပဲ။ သူတို့ကိုသွားရှုပ်တဲ့သူမှန်သမျှ သေရမှာပဲ။

သူတို့အတွက် ကံကောင်းထောက်မစွာဖြင့် ရှန်ရှန့်ကျုံဂိုဏ်း၏ သတ်ဖြတ်ရေးနတ်ဘုရားနှစ်ပါးမှာ သူတို့ကိုမသတ်ဖြတ်ခဲ့ပေ။ ဇာမဏီမျိုးနွယ်စုကဲ့သို့သော ရှေးဟောင်းမျိုးနွယ်စုကြီးကို သတ်ဖြတ်လိုက်ပြီးသည့်နောက် ထိုသူနှစ်ယောက်က ပြန်လည်ဆုတ်ခွာသွားကြသည်။ 

" ဟမ် ၊ ဒါကတကယ့်ကိုကြောက်စရာကောင်းတာပဲ။ "

" ဟုတ်တယ် ။ ဒါက ရှေးဟောင်းမျိုးနွယ်စုကြီးတွေအတွက်တော့ အိပ်မက်ဆိုးကြီးပဲ။ "

" ထျန်းလန်ဒေသကြီးတစ်ခုလုံး ပြောင်းလဲလာတော့မယ်။ အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးတွေကိုလည်း ရှန်ရှန့်ကျုံဂိုဏ်းကသတ်ဖြတ်ပစ်လိုက်ပြီ။ ငါအခုဘယ်ကိုသွားရတော့မလဲ။ "

" ဘာများကျန်ဦးမှာလဲ။ မင်းတို့သုတ်သင်မခံချင်ဘူးဆိုရင် အမြန်ရှန်ရှန့်ကျုံဂိုဏ်းကို ပူးပေါင်းရမှာပေါ့။ "

ဝမ်ဖုန်းနှင့်အခြားသူများထွက်ခွာသွားပြီး အချိန်အတော်လေးကြာသည့်အခါ ထိတ်လန့်တုန်လှုပ်ရာမှ သတိပြန်ဝင်လာသော အဆိုပါစွမ်းအားရှင်များသည် အသက်ကိုခပ်ပြင်းပြင်း ရှုရှိုက်လိုက်ကြသည်။အသက်ချမ်းသာရာရသည့်အတွက် စိတ်သက်သာရာရသည့်အရိပ်အယောင်များသည် မျက်နှာထက်၌ဖြစ်ပေါ်လာကြကာ တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးပြောဆိုလိုက်သည်။

ထျန်းလန်ဒေသကြီးတစ်ခုလုံးကို လှုပ်ခါနိုင်စွမ်းရှိသော အင်မော်တယ်ရှေးဟောင်းမျိုးနွယ်စုကြီးများက ရှန်ရှန့်ကျုံဂိုဏ်း၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်ကို ကိုယ်ပိုင်မျက်စိဖြင့် တွေ့မြင်လိုက်ရသည့်အခါ သူတို့အဘယ်မှာ ရှန်ရှန့်ကျုံဂိုဏ်းကို အာခံရဲတော့မည်နည်း။ မာန်မာနလား၊ ဂုဏ်ကျက်သရေလား၊ ဒါတွေအားလုံးက အသုံးမဝင်ဘူး။ အရာအားလုံးကိုသတ်ဖြတ်ခဲ့သော မြင့်မြတ်သည့်ရှန်ရှန့်ကျုံဂိုဏ်း၏စွမ်းအားများကို သူတို့၏ကိုယ်ပိုင်မျက်လုံးဖြင့် တွေ့မြင်ခဲ့ကြရသည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ သတ်ဖြတ်ခြင်းနတ်ဘုရားနှစ်ပါးကသာ သူတို့ထံလျှောက်လှမ်းလာပါက သူတို့အားလုံးဒူးထောက်ချလိုက်မိမှာ အမှန်ပင်။

များစွာသောသန်မာကြသူများသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ သူတို့ကိုအိပ်မက်ဆိုးကြီးကဲ့သို့ခြောက်လှန့်နေသော အနှီနေရာမှ ထွက်ခွာသွားကြသည်။ ဤအချိန်တွင်သူတို့ဟာ သူတို့နှင့်သက်ဆိုင်ရာ မျိုးနွယ်စုကြီးများဆီပြန်သွားပြီး ထိတ်လန့်စရာအပြောင်းအလဲများကိုသတင်းပို့ချင်ခဲ့သည်။ ထို့နောက်မှာ သူတို့၏အကြီးအကဲများကို ရှန်ရှန့်ကျုံဂိုဏ်းနှင့်ပူးပေါင်းရန် ဆွဲဆောင်ကြရမည်။

တစ်ဖက်တွင် ဝမ်ဖုန်းတို့အုပ်စုသည် ချန်းဝူမြို့တော်မှထွက်ခွာလာပြီးနောက် လမ်းတစ်ဝက်၌ရပ်တန့်လိုက်ကြသည်။ ဝမ်ဖုန်းကမျက်ဝန်းများကိုကျဉ်းမြောင်းလိုက်ပြီး တိုးဖွစွာရေရွတ်လိုက်သည်။

" စစ်ဟန်ဖေး၊ လင်းတုရှု၊ "

ဝမ်ဖုန်းကြီးစကား ဆုံးသွားသည့်အခါ လေထုဟာတုန်ခါလာခဲ့ပြီး လေထုအတွင်းမှ ပုံရိပ်နှစ်ခုထွက်ပေါ်လာခဲ့သည်။

အမျိုးသားတစ်ယောက်သည် မွန်ဂိုတော်ဝင်ဝတ်စုံများကိုဝတ်ဆင်ထားပြီး သူ၏ပုံရိပ်ဟာ ကြီးကျယ်ခမ်းနားစွာ ဂုဏ်သရေရှိလှသည်။ သူ၏မျက်လုံးများအတွင်း၌ အေးစက်သောအလင်းတန်းများရှိနေခဲ့ပြီး တွေ့မြင်မိသူ၏စိတ်နှလုံးကို တုန်ခါစေနိုင်သော အရှိန်အဝါမျိုးလည်းရှိနေ၏။ ယင်းမှာ ချီဝမ်လင်းတုရှုပင်။

" ဂိုဏ်းချုပ်ကိုတွေ့ဆုံပါတယ်။ "

ထိုလူနှစ်ယောက် ထွက်ပေါ်လာပြီးသည်နှင့်တပြိုင်နက် ဝမ်ဖုန်းဘက်ကိုလေးလေးစားစားဂါဝရပြုကာ ပြောလိုက်သည်။ 

ဤအချိန်တွင် အားချင်းနှင့်အခြားအကြီးအကဲများမှာ အံ့အားသင့်ခြင်းလုံးဝမရှိတော့ပေ။ ကုချိုးနှင့်အခြားတပည့်များကတော့ စစ်ဟန်ဖေး တို့နှစ်ယောက်ကို စိတ်ဝင်တစား စိုက်ကြည့်လိုက်ကြသည်။ 

" အရမ်းကြီးယဉ်ကျေးမနေပါနဲ့။"

" မင်းတို့နှစ်ယောက် အားချင်းနဲ့ပူးပေါင်းပြီး ဇာမဏီမျိုးနွယ်စု၊ ချီလုံမျိုးနွယ်စုနဲ့ ရွှမ်ကျီးမျိုးနွယ်စုတွေကို ဖျက်ဆီးလိုက်ချေ။ "

ဝမ်ဖုန်းသည် လက်ကိုခါယမ်းလိုက်ကာ စစ်ဟန်မေနှင့်အခြားသူများကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာပြောလိုက်၏။

အားချင်းတို့သုံးယောက်၏ ထိတ်လန့်ဖွယ်ကျင့်ကြံမှုနှင့်ဆိုပါက ထိုရှေ့ဟောင်းမျိုးနွယ်စုကြီးသုံးခုကို ဖျက်ဆီးပစ်ဖို့က အလွယ်လေးသာ။ ရှေးဟောင်းမျိုးနွယ်စုကြီးသုံးစု ပျက်စီးသွားသည့်အခါ သူဟာလည်း စနစ်ကိုအဆင့်မြှင့်တင်ရန်လိုအပ်ချက်များနှင့် ပြည့်စုံသွားမှာဖြစ်သည်။ ထိုအချိန်ရောက်ပါက ရှန်ရှန့်ကျုံဂိုဏ်း၏စွမ်းအားသည် မြင့်အားသောအဆင့်တစ်ခုသို့ ထပ်မံတိုးတက်သွားလိမ့်မည်။ 

" ဟုတ်ကဲ့ပါဂိုဏ်းချုပ်။ "

အားချင်းတို့သုံးယောက်သည် ခေါင်းညိတ်လိုက်ကြပြီး ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားကြသည်။ 

အားချင်းတို့သုံးယောက် ထွက်ခွာသွားသည့်အခါ ဝမ်ဖုန်းဟာ တုန့်ဆိုင်းခြင်းမရှိပဲ ကုချိုးနှင့်အခြားသူများကိုခေါ်ဆောင်လျက် ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်သွားခဲ့သည်။ 

တစ်ချိန်ထဲမှာပဲ လျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခုအတွင်း၌ နဂါးဧကရာဇ်တောက်ဇွင်း၏ခန္ဓာကိုယ်သည် ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။ သူ၏မျက်စိသူငယ်အိမ်များဟာ တုန်ခါနေပြီး သူ့မျက်နှာ၌ မယုံကြည်နိုင်ဖြစ်နေလေသည်။

" ကျရှုံးသွားတယ်။ ဒီအရှင်သခင် နှစ်ပေါင်းများစွာကြာ ပျိုးထောင်ခဲ့တဲ့စွမ်းအားကို အခုလေးတင်ထုတ်သုံးလိုက်တာ အဲ့ဒါကို ချက်ချင်းအသတ်ခံလိုက်ရပြီလား။ "

" ရှန်ရှန့်ကျုံ့ဂိုဏ်းက ဘယ်လိုဂိုဏ်းမျိုးလဲ။ အဲ့ဒါက အရမ်းကိုကြောက်စရာကောင်းလိုက်တာ။ လင်းယွင်က ဘယ်လိုမကောင်းဆိုးဝါးမျိုးကို ရန်စမိလိုက်တာလဲ။ " 

နဂါးဧကရာဇ်တောက်ဇွင်း၏နှုတ်ဖျားသည် တိုးဖွစွာရေရွတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးဟာ အကြောက်တရားဖြင့် တုန်ခါလာသည်။ ယင်းတို့မှာ သွေးနဂါးအစောင့်အရှောက် အယောက်သုံးရာဖြစ်သည်။ ဒါ့အပြင်သူတို့ဟာ စွမ်းအားထက်မြက်သော ဇီဝိန်ချွေသွေးနဂါးအစီအရင်ကိုတောင် ခင်းကျင်းခဲ့သေးသည်။ 

ကြယ်ကိုးပွင့်းတာအိုနတ်ဘုရား အထွတ်အထိပ်ဆိုရင်တောင်မှ ဇီဝိန်ချွေသွေးနဂါးအစီအရင်ကိုခင်းကျင်းထားသော သွေးနဂါးအစောင့်ရှောက်သုံးရာကို ကျိန်းသေပေါက်ရင်ဆိုင်နိုင်မှာမဟုတ်ပေ။ ဒါပေမယ့်လည်း ထိုကြောက်လန့်ဖွယ်ကောင်းတဲ့ခွန်အားကြီးကို ရှန်ရှန့်ကျုံဂိုဏ်းက အလွယ်လေးသတ်ဖြတ်လိုက်တာလား။ လက်ရှိနဂါးဧကရာဇ်တောက်ဇွင်းခံစားနေရသော ဝေဒနာသောကများမှာ ပြိုင်ဘက်မရှိတော့လေပြီ။ 

အနှီဖြစ်ရပ်ကြီးက သူ၏ရည်မှန်းချက်များအားလုံးကို အပြီးတိုင်ချေမှုန်းခဲ့သည်။သူ၏မာန်မာန၊ ဂုဏ်ကျက်သရေအရာအားလုံး ပျက်စီးကုန်ပြီ။ 

" ဒီအရှင်သခင် ဘာလုပ်သင့်လဲ။ "

နဂါးဧကရာဇ်တောက်ဇွင်းသည် စိတ်ရှုပ်ထွေးစွာ တီးတိုးရေရွတ်လိုက်သည်။ သူဟာမိသားစု၏စွန့်ပစ်ခံသားတစ်ယောက်ဖြစ်ပြီး အမုန်းတရားဖြင့်ရှင်သန်နေထိုင်ခဲ့ရသည်။ သူ၏လုပ်ဆောင်နိုင်စွမ်းကို မိသားစုအားသက်သေပြရန်အတွက် နှစ်တစ်သောင်းခန့်ကြာအောင် အစီအစဉ်များစီမံပြုလုပ်ခဲ့ရသည်။ 

ထိုနှစ်တစ်သောင်းခန့်ကြာ အစီအစဉ်များ စီမံပြုလုပ်ခဲ့ရသည့်အခိုက်အတန့်များ၌ သာမန်လူများ တွေးထင်ထားသည်ထက်ကျော်လွန်သော အခက်အခဲများ၊ အန္တရာယ်များတို့နှင့် နဂါးဧကရာဇ်တောက်ဇွင်း ကြုံတွေ့ခဲ့ရသည်။ သူ့ကို ဒုတိယအခွင့်အရေးပေးရင်တောင် ထိုကဲသို့နောက်တစ်ကြိမ် ပြန်လုပ်နိုင်ပါ့မလားဆိုတာကို နဂါးဧကရာဇ်တောက်ဇွင်းတောင် သေချာရေရာမှုမရှိပါချေ။ 

နှင့်တစ်သောင်းကာလခန့်ကြာအောင် အစီအစဉ်ချမှတ် ကြိုးပမ်းခဲ့ရသော်လည်း ယခုအချိန်မှာအရာအားလုံးဟာ ဗလာနတ္ထိ။ သူဟာ သူကိုယ်တိုင်အတွက် ထိတ်လန့်ဖွယ်ကောင်းသော ရန်သူတစ်ယောက်ကိုတောင် ရန်စမိလိုက်သေးသည်။ ဤအချိန်တွင် နဂါးဧကရာဇ်တောက်ဇွင်းသည် ကမ္ဘာလောကကြီးတစ်ခုလုံးက သူ့ကိုပစ်မှတ်ထားနေသလိုမျိုး ခံစားလိုက်ရသည်။ မောက်မာထောင်လွှားပြီး ယုံကြည်ချက်ပြင်းထန်သော နဂါးဧကရာဇ်‌တောက်ဇွင်းသည်တောင် ဤအချိန်တွင်စိတ်ပျက်အားလျော့မှုအရသာကို မြည်းစမ်းလာရချေပြီ။ 

" မဟုတ်ဘူး။ ဒီအရှင်သခင်ကမရှုံးသေးဘူး!''

" နတ်ဘုရားကငါ့ကိုသတ်ဖြတ်ချင်နေတယ်။ ဒါပေမဲ့ဒီအရှင်သခင် နဂါးဧကရာဇ်တောက်ဇွင်းက ကံကြမ္မာကိုလက်သင့်မခံနိုင်ဘူး!!! "

" ရှန်ရှန့်ကျုံဂိုဏ်းဆိုတော့ရော ဘာဖြစ်လဲ ။ "

နဂါးဧကရာဇ်တောက်ဇွင်းသည် ရုတ်တရက်ခေါင်းမော့လိုက်ပြီး ဟစ်ကျွေးလိုက်သည်။ သူ၏ကျယ်လောင်သောအသံက လျှို့ဝှက်ဆန်းကြယ်သောနေရာကြီးတစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။ ပြင်းထန်သောစိတ်ခံစားမှုအတက်ကျများကြောင့် သူ၏မျက်ဝန်းများမှာနီရဲနေလေပြီ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌လည်း သန်မာသောစိတ်စွမ်းအားများ ဖုံးလွှမ်းနေသည်။ 

သူကံတရားကို ဒီလိုမျိုးလက်မခံချင်ဘူး။ သူအရှုံးတရားကိုလက်သင့်မခံနိုင်ဘူး။ သူပြန်ပြီးလက်စားချေချင်တယ်။ ရှန်ရှန့်ကျုံဂိုဏ်းကို ထိုက်တန်သောတန်ကြေး ပြန်ပေးဆပ်စေရမယ်!

All Chapters