← Chapters

ငါ့အားဆန့်ကျင်လျှင် ဇီဝနတ္ထိ...အသက်မဲ့စေအံ့

Vol. 22 Ch. 310

ငါ့အားဆန့်ကျင်လျှင် ဇီဝနတ္ထိ...အသက်မဲ့စေအံ့

Vol. 22 Ch. 310

ဒေါသတကြီးဟစ်ကြွေးလိုက်ပြီးနောက် နဂါးဧကရာဇ်တောက်ဇွင်းသည် ငြိမ်သက်သွားသည်။ ဒေါသများက ပြဿနာကို မဖြေရှင်းနိုင်ပေ။ ထိတ်လန့်ခြောက်ခြားဖွယ် ရှန်ရှန့်ကျုံဂိုဏ်း၏ခွန်အားက အစဥ်အမြဲ မာနထောင်လွှားနေသော သူ့ကို ထိတ်လန့်စေခဲ့၏။ သူလုပ်ခဲ့သမျှအရာအားလုံးက ကျောက်တုံးကို ဥနဲ့ပေါက်သလို ဖြစ်ခဲ့ရသည်။

ဒါကိုတွေးမိတော့ နဂါးဧကရာဇ်တောက်ဇွင်းဟာ မိမိကိုယ်ကို ဟာသတစ်ခုလို့တောင် တွေးထင်မိသွားသည်။ ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတစ်ပါး၏ ဂုဏ်သရေကို ထျန်းလန်ဒေသတစ်ခုလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်လန့်ရပေမည်။ သို့ပါသော်လည်း နတ်ဘုရားများက သူ့အား ပျက်စီးစေချင်ပုံရသည်။ ရှန်ရှန့်ကျုံဂိုဏ်းက အရမ်းကို စွမ်းအားကြီးနေသည်! 

''နောက်ဆုံးမှာ ကျုပ် ခင်ဗျားကိုပဲ အသုံးပြုရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး!''

နဂါးဧကရာဇ်တောက်ဇွင်းဟာ တီးတိုးစွာရေရွတ်လိုက်သည်။သူ၏လက်ကို ဖြန့်လိုက်လေရာ ပိန်းပိတ်အောင်နက်မှောင်သော အနက်ရောင်တံဆိပ်ပြားလေး ထွက်ပေါ်လာခဲ့သည်။အတိတ်ကို လွမ်းဆွတ်သတိရသော အကြည့်များ သူ့မျက်လုံးအနက်ပိုင်း၌ ဖြစ်တည်လာသည်။

''ယခုမှစ၍ မြေကမ္ဘာတုန်ဟီးစေ။ သတ်ဖြတ်ရေးလမ်းစဥ် ၃၆၀၀!'' 

နဂါးဧကရာဇ်တောက်ဇွင်းက တံဆိပ်ပြားလေးကို ပစ်လွှတ်လိုက်ကာ ရှေးဆန်သော မန္တာန်တစ်ပုဒ်ကို တိုးညင်းစွာရွတ်လိုက်သည်။ သူ၏လက်များဟာ လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများကို အဆက်မပြတ်ပုံဖော်နေသည်။ သူ၏လက်လှုပ်ရှားမှုနှင့်အတူ မှော်ဆန်သောအက္ခရာများဟာ တံဆိပ်ပြားနက်ကို ရစ်ပတ်လိုက်ချေသည်။

ဟွမ်!

မှော်ဆန်သော အက္ခရာများက တံဆပ်ပြားနက်လေးအတွင်းသို့ ဝင်ရောက်သွားခြင်းနှင့်အတူ တံဆိပ်ပြားလေးဟာ ရုတ်တရက်တုန်ခါလာပြီး အနက်ရောင်စွမ်းအင်တန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ယင်းနောက် အနက်ရောင် မြူခိုးမြူငွေ့များ ဖြစ်တည်လာပြီး ပုံရိပ်ယောင်တစ်ခု ပုံပေါ်လာ၏။

''ရွှမ်းယွမ်ဝူ... မင်း ဘာလို့ ဒီအရှင်ကို ရှာဖွေနေရတာလဲ?'' 

ပုံရိပ်ထံမှ နက်ရှိုင်းသောအသံတစ်သံထွက်ပေါ်လာပြီး မေးမြန်းလိုက်သည်။ ပုံရိပ်၏ အကြည့်စူးစူးကြောင့် လျို့ဝှက်ဆန်းကြယ်သော နေရာကြီးတစ်ခုလုံးတုန်ခါလာရသည်။ 

''ငါ့အတွက် တစ်ခုခုလုပ်ပေး။ ငါမင်းကို ရွှမ်းယွမ်အင်ပါယာ မျိုးနွယ်စုရဲ့ ကျင့်စဥ်ကိုပေးမယ်!'' 

နဂါးဧကရာဇ်တောက်ဇွင်း၏ မျက်လုံးများအတွင်း၌ အမုန်းတရားများ ဖြစ်တည်လာကာ ပြောလိုက်သည်။

''အိုး... ဘာဖြစ်တာလဲ? ရွှမ်းယွမ်မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကိုတောင် မင်းမလိုချင်တော့ဘူးလား?'' 

မီးခိုးရောင်ပုံရိပ်က အံ့အားသင့်သွားပြီး မေးလိုက်သည်။

သူဟာ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စု၏ ကျင့်စဥ်ကို အစဥ်အမြဲစိတ်ဝင်စားနေခဲ့သည်။ သို့ပါသော်လည်း သူဘာပဲလုပ်ခဲ့လုပ်ခဲ့.... ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုနဲ့ရင်ဆိုင်ဖို့ ရွှမ်းယွမ်ဝူကို တိတ်တဆိတ်ကူညီပေးမယ်ဆိုတာတောင် ထိုသူက လက်မခံခဲ့ပေ။ ရွှမ်းယွမ်ဝူက သူနဲ့အပေးအယူလုပ်ရမှာထက် သုညအခြေအနေက ကြိုးစားဖို့ကိုသာ စိတ်အားထက်သန်ခဲ့သည်။

သို့ပေသိ အခုအချိန်မှာတော့ ရွှမ်းယွမ်ဝူက သူ့ဘက်ကစပြီး ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စု၏ ကျင့်စဥ်ကို အကူအညီတစ်ခုအတွက်နဲ့ ကမ်းလှမ်းပေးနေသည်? 

''အတိတ်မှာ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုက ငါ့ကိုစွန့်ပစ်ခဲ့ရင်တောင် ရွှမ်းယွမ်မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကိုတော့ ငါ့နှလုံးသားအတွင်းပိုင်းမှာ သိမ်းဆည်းထားတုန်းပဲ။ ငါ့ရဲ့ဂုဏ်သိက္ခာတွေကို အဆုံးရှုံးခံပြီး မင်းကို မျိုးနွယ်စုကျင့်စဥ်လွှဲပေးရမှာထက် ငါ့ကိုယ်ငါ သက်သေပြဖို့ပဲ အသေအလဲကြိုးစားချင်ခဲ့တယ်!''

''ဒါပေမဲ့အခုတော့ ငါနှစ်တစ်သောင်းကြာအောင် စီမံခဲ့ရတဲ့အရာအားလုံး လုံးဝဥဿုံပျက်စီးသွားပြီကွ! ငါ့မျှော်လင့်ချက်တွေလည်း သွားပြီ! ငါ့ရဲ့ရန်သူတွေကိုတောင် မသတ်နိုင်မှတော့ ရွှမ်းယွမ်မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကရော ဘာသောက်ရေးလဲ!?'' 

''ဒီအရှင်က ရန်သူတွေကို မိုးကောင်းကင်ရဲ့ဥပဒေသမှာ ချွင်းချက်ရှိတယ်ဆိုတာနဲ့.. ငါ့ကိုအာခံတာက မရဏလမ်းကို လျှောက်လှမ်းနေတာပဲဆိုတာကို သိစေချင်တယ်!''

ရွှမ်းယွမ်ဝူသည် အေးစက်သော သတ်ဖြတ်ငွေ့များကိုထုတ်လွှတ်လျက် ပြောလိုက်သည်။၎င်းသတ်ဖြတ်ငွေ့များမှာ လေထုကိုယိမ်းထိုးစေခဲ့ပြီး နီရဲသောမျက်ဝန်းတစ်စုံက အဆုံးအစမဲ့အမျက်ဒေါသများကို ဖော်ညွှန်းနေ၏။

''စိတ်ဝင်စားစရာပဲ...ဘယ်လိုလူကများ မင်းကိုဒီလောက်အထိ အမျက်ထွက်စေခဲ့လဲဆိုတာ သိချင်မိတယ်..''

''ငါ့ကို ဒီအကြောင်းပြောပြ။ဒီအရှင်သခင်က တာဝန်ယူပေးမယ်!''

မီးခိုးရောင်ပုံရိပ်က ပြောလိုက်သည်။

"အဲ့ဒီဂိုဏ်းကို ရှန်ရှန့်ကျုံဂိုဏ်းလို့ ခေါ်တယ်။ သူတို့ရဲ့ခွန်အားက နားမလည်နိုင်စရာကောင်းလွန်းတယ်။ ပြီးတော့ထျန်းလန်ဒေသမှာထွက်ပေါ်လာတာ မကြာသေးဘူး။သူတို့က ကြယ်ကိုးပွင့်တာအိုနတ်ဘုရားတွေကိုတောင် ခွေးတွေဝက်တွေလိုမျိုးသတ်နိုင်တယ်ကွ!'' 

''နတ်မင်းနယ်ပယ်အဆင့်များလား?'' 

မီးခိုးရောင်ပုံရိပ်ကပြောလိုက်သည်။

ရွှမ်းယွမ်ဝူ ဒီလောက်ဒေါသထွက်နေတာ အံသြစရာမဟုတ်တော့ပေ။ ထိုကဲ့သို့ခွန်အားက သူ့အတွက်တော့ ပုရွတ်ဆိတ်သာသာဆိုသော်လည်း ရွှမ်းယွမ်ဝူအတွက်တော့ တိုင်တောင်ကြီးပင်!

"ငါမသိဘူး....."

နဂါးဧကရာဇ်တောက်ဇွင်းသည် အရုပ်ဆိုးသောအမူအရာဖြင့်ခေါင်းခါလိုက်သည်။

မီးခိုးရောင်ပုံရိပ်က ခေါင်းခါလိုက်ကာ တစ်ခဏကြာတိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

'' ဒီကိစ္စအတွက် ဒီအရှင်သခင်က ပကတိနတ်မင်းအဆင့်ပုဂ္ဂိုလ််ဆယ်ယောက်၊ နတ်မင်းငယ်အဆင့် ငါးယောက်၊ဘုံနန်းရှင်နတ်မင်းအဆင့် သုံးယောက်လွှတ်ပေးမယ်။ဘယ်လိုလဲ?''

မီးခိုးရောင်ပုံရိပ်၏စကားကိုကြားလိုက်ရသည်အခါ ရွှမ်းယွမ်ဝူသည် တုန်လှုပ်သွားပြီး မီးခိုးရောင်ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။အဆိုပါစွမ်းအားသည် ရှန်းရွှမ်ဒေသအတွက်တော့ ဘာမှမဟုတ်ပေမယ့် ထျန်းလန်ဒေသအတွက်တော့ ထိတ်လန့်စရာသာ....

ရွှမ်းယွမ်ဝူသည် ရှန်ရှန့်ကျုံဂိုဏ်းကိုအစဥ်အမြဲအလေးထားပြီး ၎င်းဂိုဏ်း၏ခွန်အားကို ခန့်မှန်းမရသော်လည်း ယင်းကိုဖျက်စီးရန်ထိုမျှအင်အားလိုလိမ့်မည်ဟုတော့ မထင်ပါချေ!

''မင်းတို့ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုရဲ့ကျင့်စဥ်က ဒီနတ်မင်းကို ဒီလောက်အကူအညီပေးစေရလောက်အောင် ထိုက်တန်ပါတယ်လေ....မင်းလက်စားချေချင်တယ်ဆိုမှတော့ ခေါင်းပြန်မထောင်နိုင်အောင် အပြီးတိုင်ဖျက်စီးလိုက်ပေါ့!'' 

ရွှမ်းယွမ်ဝူ၏ထိတ်လန့်နေသော အမူအရာကိုတွေ့လိုက်ရသည့်အခါ မီးခိုးရောင်ပုံရိပ်က ပြုံးလျက်ပြောလိုက်သည်။

ရွှမ်းယွမ်ဝူသည် အချိန်အတော်ကလေးကြာအောင် တိတ်ဆိတ်သွားပြီးမှ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လေးနက််စွာပြောလိုက်သည်။ 

"ကျေးဇူးတင်ပါတယ်..."

"အခု... မင်းစီမံထားသမျှလည်း ပျက်စီးကုန်ပြီ ၊ မင်း ဒီနတ်မင်းနဲ ပူးပေါင်းချင်သလား?"

မီးခိုးရောင်ပုံရိပ်သည် ခေါင်းညိမ့်လိုက်ပြီး ရွှမ်းယွမ်ဝူကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်... ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုက ငါ့ကိုစွန့်ပစ်လိုက်ပြီ ဆိုပေမယ့် ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုရဲ့ သွေးတွေက ငါ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတုန်းပဲ ၊ ငါတို့ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုက သူတစ်ပါးကို အညံ့ခံတာထက် သေလိုက်တာကမှ ကောင်းလိမ့်ဦးမယ်"

ရွှမ်းယွမ်ဝူသည် ခေါင်းခါလိုက်ကာ မြဲမြံစွာ ပြောလိုက်သည်။

"ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုက နတ်မင်းနယ်ပယ်အင်ပါယာမျိုးနွယ်စုကြီး ၅ စုရဲ့ တစ်ခုအဖြစ် ထိုက်တန်ပါတယ်လေ..."

ရွှမ်းယွမ်ဝူ၏ စကားကို ကြားလိုက်ရသည့်အခါ မီးခိုးရောင်ပုံရိပ်သည် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

သူလက်ရှိထိန်းချုပ်ထားသော စွမ်းအားဖြင့်ဆိုပါက မီုးခိုးရောင်ပုံရိပ်သည် ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုကိုသာ မော်ကြည့်ရရန် လိုအပ်ပေတော့သည်။ ထို့အတွက်ကြောင့် သူဟာ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုရဲ့ ကျင့်စဥ်ကို အလွန်အမင်း စိတ်ဝင်စားနေခဲ့သည်။

ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စု၏ စွန့်ပစ်ခံလူသားတစ်ယောက်ဖြစ်သော ရွမ်းယွမ်ဝူသည် ရင်ထဲ၌ ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုကို အကြီးအကျယ် မုန်းတီးနေခဲ့သော်လည်း ထိုမျှလောက် ခံစားလိုက်ရတာတောင် သူ၏နှလုံးသားကတော့ မာနတရားတို့ဖြင့် မာကြောနေဆဲသာ။ ဤသည်က ရွှမ်းယွမ်အင်ပါယာမျိုးနွယ်စုဝင်များ၏ သွေးများ အဘယ်မျှလောက် နီရဲတောက်ပြောင်နေသည်ကို ပြသနေသည်။ အံ့ဖွယ်ကောင်းလှပေစွ!

"ဒီနတ်မင်းက မင်းကို အတင်းအကြပ် မတိုက်တွန်းပါဘူး... သုံးရက်အတွင်းမှာ ဒီနတ်မင်းရဲ့ လက်အောက် ငယ်သားတွေ ထျန်းလန်ဒေသကို ရောက်လာလိမ့်မယ်..."

မီးခိုးရောင်ပုံရိပ်သည် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပြီး ကြမ်းတမ်းခက်ထန်သော အသံတစ်ခုကသာ လျှို့ဝှက်ဆန်းကြယ်သော နန်းတော်ကြီးအတွင်း၌ ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။

ရွှမ်းယွမ်ဝူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် တံဆိပ်ပြားလေးကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ထို့နောက် သူဟာ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်လိုက်သည်။ သူ၏ မျက်လုံးများက ရှန်ရှန့်ကျုံဂိုဏ်းရှိရာဘက်သို့ စူးစိုက်ကြည့်လိုက်ပြီး ပြင်းထန်သော အမျက်ဒေါသများ ရှိနေခဲ့သည်။ 

ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမထဲတွင် ဝမ်ဖုန်းသည် နှဖူးကို ပွတ်ကာဖြင့် ကူကယ်ရာမဲ့စွာ ရှိနေခဲ့သည်။ သူခဏလောက် သတိလွတ်သွားတာနဲ့ ကုချိုးတို့ ညီအစ်ကိုနှစ်ယောက်သည် ထပ်မံ၍ ထွက်ပြေးသွားပြန်သည်။ 

မတွေးဆဘဲနှင့်တောင် ဝမ်ဖုန်းသည် ထိုညီအစ်ကိုနှစ်ယောက် ဘာသွားလုပ်သလိုဆ်ိုတာကို သိရှိနေသည်။

ဂိုဏ်းကို ပြန်ရောက်သည့်အခါ ကုချိုးကို အင်မော်တယ် အဆီအနှစ်ဆေးလုံးကို ပေးပြီး ပကတိနတ်မင်းအဆင့်ကို တက်ရောက်စေမယ်လို့ သူတွေးခဲ့သည်။ သို့ပါသော်လည်း သူတို့နှစ်ယောက်ကတော့ မျက်တောင်တစ်ခတ်အတွင်း ပျောက်သွားပြန်သည်။ 

"စုန့်ချယ်... အဲ့ဒီညီအစ်က်ို နှစ်ယောက်ကို သွားရှာပြီး ဒီဂိုဏ်းချုပ်ဆီ ပြန်ခေါ်လာခဲ့..."

ဝမ်ဖုန်းသည် အောက်ဘက်ရှိ စုန့်ချယ်ကို စူးစိုက်ကြည့်ကာ နက်ရှိုင်းသော အသံဖြင့် အော်ပြောလိုက်သည်။ 

သူက ကုချိုးတို့ ညီအစ်ကိုနှစ်ယောက် အန္တရာယ်ဖြစ်မှာကို မကြောက်ရွံ့ပေ။ သို့ပါသော်လည်း ထိုညီအစ်ကိုနှစ်ယောက်က တစ်စုံတစ်ယောက်ကို ဖမ်းဆီးပြီး နာကျင်အောင် ပြုလုပ်မည်ဆိုလျှင် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သိက္ခာလည်း ထိုညီအစ်ကိုနှစ်ယောက်ကြောင့် ပျက်စီးသွားပေလိမ့်မည်။ 

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်..."

စုန့်ချယ်၏ မျက်နှာထက်၌လည်း ကူကယ်ရာမဲ့သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူက လျှင်မြန်စွာ ပြောလိုက်သည်။

အမှန်အတိုင်း ပြောရပါလျှင် စုန့်ချယ်သည် လုယက်ခြင်းကို ဤမျှအထိ ရူးရူးနှမ်းနှမ်း စွဲလန်းနေသော လူမျိုးကို မတွေ့မြင်ဖူးပေ။ ထပ်ပြောရပါလျှင် လုယက်ခြင်းအကြောင်းကို တစ်နေ့လုံးတွေးနေသော ကုချိုးတို့ ညီအစ်ကိုနှစ်ယောက်သည် ဘယ်လေးလေးနက်နက် အလုပ်ကိုမှ မလုပ်ဆောင်ကြသလို ကောင်းကောင်းလည်း မကျင့်ကြံကြပေ။ သို့ပါသော်လည်း ကုချိုးရဲ့ ကျင့်ကြံဆင့်က ယခု သူ့ထက်တောင် သာလွန်နေသေးသည်။ သူဘယ်လိုလုပ် စိတ်အနှောင့်အယှက်မဖြစ်ဘဲ နေမလဲ?

ဒီလိုဆိုမှတော့ ဒီအရူးညီနောင်နှစ်ယောက် အနောက်ကိုလိုက်ပြီး လုယက်ကြည့်ရင်ရော?... ။ လုယက်ခြင်းက ကျင့်ကြံသူတွေကို တကယ်ပဲသန်မာစေတဲ့ မှော်ဝင်လမ်းကြီး တစ်ခုများလား?။

ထိုသို့တွေးလိုက်ပြီးနောက် စုန့်ချယ်သည် ဝမ်ဖုန်း၏ မှောင်မဲနေသော မျက်နှာကြီးကို တစ်ချက်ပြန်ကြည့်လိုက်မိပြန်သည်။ ဟင့်အင်း!... ဒီလိုမလုပ်တာပဲ ကောင်းပါတယ်... သူက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂုဏ်သရေရှိ အကြီးအကဲပဲ တပည့်တွေနဲ့ ပြိုင်မိုက်နေလို့ ဘယ်ဖြစ်မှာလဲ။ ဒီလိုဆိုရင် ဂိုဏ်းချုပ်က သူ့ကို သေလောက်အောင် ရိုက်နှက်လောက်တယ်။

သို့ပါသော်လည်း စုန့်ချယ်က တကယ်ကြီး စိတ်ဝင် စားနေမိသည်။ သူဟာ ကိုယ်တိုင်လုယက်ခဲ့ခြင်း မရှိသော်လည်း ညီအစ်ကိုနှစ်ယောက် လုယက်ရင်း ပိုပိုသန်မာလာတာကို တွေ့မြင်နေခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်က သူတို့ကို ဘယ်အချိန်ပြန်ခေါ်လာရမယ်လို့ မပြောလိုက်ဘူးလေ။ 

ငါ... စုန့်ချယ်က သိပ်ကို ဉာဏ်ပညာ ကြီးမားတာပဲ!

All Chapters