← Chapters

အခန်း (၃၀၄)

Vol. 27 Ch. 304

အခန်း (၃၀၄)

Vol. 27 Ch. 304

စစ်ဆေးရေးမှူးရုံး၏ အပြင်ဘက်တွင်တော့ မြို့သူမြို့သူများက စုရုံးနေကြပြီဖြစ်သည်။ သူတို့ ကအဝေးသို့ငေးကြည့်နေကြကာ အချို့မှာ မထိန်းချုပ် နိုင်အောင်ငိုကြွေးနေပါ၏။ သူတို့က တစ်ခါမှ အိမ်မက်ပင် မမက်ဘူးသော ဘဝကို လီဟမ်ရှန်းက ပေးခဲ့သောကြောင့် လီဟမ်ရှန်းအတွက် ဝမ်းနည်းကာ ငိုကြွေးနေကြခြင်းပင်ဖြစ်ပါ၏။ လီဟမ်ရှန်းက သူတို့အား အလုပ်ပေးရုံတင်မက အခွန်အခများကို ၉၅ ရာခိုင်နှုန်းခန့် လျော့ချပေးခဲ့ပါသည်။ ထိုကဲ့သို့သော လုပ်ရပ်များကြောင့်သူတို့က နောက်ဆုံးတွင် သာမန်လူများကဲ့သို့ နေထိုင်နိုင်ကြပြီဖြစ်၏။

မိသားစု တော်တော်များများမှာ သူတို့၏ သမီးများကို တစ္ဆေမျိုးနွယ်များသို့ ရောင်းချလုနီးပါး ဖြစ်ခဲ့ပါ၏။ ထိုအခြေအနေကို လီဟမ်ရှန်းက ကယ်တင်ခဲ့ပြီးသူတို့ မိသားစုများကို ပြန်လည်၍ ဆုံစည်းစေခဲ့ပါသည်။

မြို့ပြင်တွင်ရှိသော မြစ်ကို ဖြတ်ကျော်ထားသည့် တံတားမှာလည်း စုတ်ပြတ်သတ်နေ၏။ ထို့အပြင် လမ်းမများမှာလည်း စုတ်ပြတ်သတ်နေခဲ့ပါသည်။ ထိုအရာများကို လီဟမ်ရှန်းရောက်လာပြီးနောက်ပိုင်းတွင် ပြန်လည် ပြုပြင်ခဲ့ပါ၏။ တုရှန်းမြို့၏ ပတ်ဝန်းကျင်အနေအထားအားလုံးမှာ နဂိုကထက် များစွာ တိုးတက်လာခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများမှာလည်း ပြန်လည်စတင်လာနိုင်ခဲ့ပြီး အဆင်ပြေလာခဲ့ပါ၏။ ထို့အပြင် စစ်ဆေးရေးမှူးရုံးက လူဆိုး၊ သူခိုးများနှင့် ပြဿနာလာရှာသောသူများအား လုံးကို ချက်ချင်းဖမ်းဆီးပြီး အရေးယူခဲ့ပါ၏။ ထို့ကြောင့် မြို့တွင်နေထိုင်သော သာမန်လူများ၏ဘဝသည် ရှိရင်းစွဲအခြေအနေထက် များစွာ တိုးတက်လာခဲ့ပါ၏။

ပြဿနာရှာကာ ပြစ်မှုကျူးလွန်သည့်သူများက လွန်စွာ ဆိုးသွမ်း၊ ဆိုးရွားသော ပြစ်မှုများကို ကျူးလွန်သည့်အခါတွင်တော့ လီဟမ်ရှန်းကိုယ်တိုင် ကွက်မျက်ခဲ့ပါသည်။ မြို့မှာ ယခင်ကထက် များစွာ လုံခြုံနေခဲ့ပါ၏။ ဘယ်သူကမှ ပြဿနာမရှာရဲခဲ့ပါချေ။ ထိုကဲ့သို့ အခြေအနေများက အဘက်ဘက်ကအကောင်းဘက်သို့ ပြောင်းလဲလာသည့်အခိုက်တွင်တော့ လီဟမ်ရှန်းကသေဆုံး သွားခဲ့ပြီဖြစ်၏။ ထိုအခြေအနေကို ဘယ်သူကများလက်ခံနိုင်မှာလဲ။

“လမ်းဖယ်ကြစမ်း။ လမ်းဖယ်ကြစမ်း” ထိုအခိုက်မှာပင် စုရုံးနေသော လူများ၏ အနောက်ဘက်တွင် အသံတစ်သံ ထွက်ပေါ်လာပါ၏။ ထို့နောက်တွင် လူအုပ်ထဲသို့ အခြားသော လူများစွာ တိုးဝင်လာခဲ့ပါသည်။ တိုးဝင်လာသော အရှိန်ကြောင့် နဂိုကရှိနေသော လူများမှာ လမ်းနံဘေးသို့ လဲကျသွားခဲ့ကြပါ၏။ သူတို့ကို တွန်းဖယ်သောသူကို ဆဲဆိုရန် ပြင်လိုက်သည့်အချိန်တွင် ထိုသူကိုမြင်လိုက်သည်နှင့် သူတို့က မဆဲဆိုရဲတော့ဘဲ ခေါင်းကိုသာ ခပ်မြန်မြန်ငုံ့လိုက်ပါ၏။

အသစ်ရောက်လာကြသူများမှာ ဟွာအိမ်တော်မှ လူများဖြစ်ပါသည်။ ဟွာကျစ်လျို မှာ သူ့အကျင့်အတိုင်းပင် သူ၏လက်ကိုင်ပဝါကို နှာခေါင်းတွင် အုပ်ကာ သာမန်လူများအား ရွံ့ရှာသောအကြည့်ဖြင့် ကြည့်နေခဲ့ပါ၏။ သူပုံစံမှာ သာမန်လူများနှင့်တူတူရှိနေခြင်းက စိတ်အနှောက်အယှက် ဖြစ်နေသည့်အလားပင်ဖြစ်ပါသည်။

သူ၏နံဘေးရှိ အစောင့်များက လူအုပ်များကို တွန်းဖယ်ပြီး ဟွာကျစ်လျို အတွင်းသို့ ဝင်နိုင်ရန်အတွက် လမ်းဖယ် ပေးနေခဲ့ပါသည်။ လီဟမ်ရှန်း၏ သေဆုံးမှုကို ကြားသိသောကြောင့် ဟွာအိမ်တော်မှာ လွန်စွာ ပျော်ရွှင်သွားပြီးနောက်တွင် ဟွာကျစ်လျိုအား စေလွှတ်ပြီး ထို သတင်းက မှန်မမှန်လည်း စုံစမ်းခိုင်းလိုက်ခြင်းဖြစ်ပါ၏။

“သူက တစ်ကယ်ပဲ သေသွားတာဖြစ်ရမယ်” စစ်ဆေး ရေးမှူးရုံး၏ အပြင်ဘက်တွင် စုရုံးနေကြသော သာမာန်လူများကို ကြည့်၍ ဟွာကျစ်လျိုကပြောလိုက်ပါ၏။

“မင်းတို့ ဟွာ အိမ်တော်က လူတွေ ဘာလုပ်နေတာလဲ။ ထွက်သွားစမ်း” စစ်ဆေးရေးမှူးရုံး၏အပေါက်တွင် ရပ်နေသော လင်းချီကျိုးက ဟွာ ကျစ်လျိုအားမြင်သည်နှင့် ဒေါသတကြီး နှင့် အော်ဟစ်လိုက်ပါ၏။

“စစ်ဆေးရေးမှူးရုံးက ခွေးတွေကများ ။ ဘယ်လို သတ္တိရှိပြီးတော့ ဟွာအိမ်တော်က သခင်ကြီးကို ပြောရဲတာလဲ”

အနောက်တွင်ရှိသော အစောင့်များက ဒေါသတကြီး အော်ဟစ်လိုက်ပြန်၏။

“ဟင်း…သေချင်နေတာက မင်းပဲ ဖြစ်ရမယ်” လင်းချီကျိုးက တိုက်ခိုက်ရန် ဟန်ပြင်လိုက်ပါတော့သည်။ ထိုအခိုက်တွင် နောက်မှ အသံတစ်ခုက ထွကပေါ်လာခဲ့ပါ၏။

“အခုလိုအချိန်မှာ တောင်မှ မင်းက အာဏာရှင်ဆန်ဆန်ပြုမှုနေသေးတယ်ပေါလေ။ မင်းတို့ စစ်ဆေးရေးမှူးရုံးက ဘယ်လောက်ကြာကြာတောင့်ခံနိုင်လိမ့်မယ်လို့ ထင်နေတာတုန်းကွ” လင်းချီကျိုးက အသံလာရာကို ကြည့်လိုက်သော အခါတွင် မူအိမ်တော်မှ ရောက်လာသည်ကို တွေ့လိုက်ရပါတော့သည်။ စကားပြောလာသည်မှာ မူအိမ်တော်၏ အိမ်တော်ထိန်းဖြစ်သော မူကျင်းပင်ဖြစ်ပါသည်။ ထိုသူက မူအိမ်တော်တွင် အာဏာ အနည်းငယ်ရှိသော ပုဂ္ဂိုလ်ဟု သတ်မှတ်ရပါသည်။

လင်းချီကျိုးက မူကျင်းအားကြည့်ပြီး

“ မူ မိသားစုက ဘာလိုချင်ပြန်တာလဲ။”

“ ဘာလိုချင်ရမှာလဲ။ မင်းတို့ရဲ့သခင်ကြီးနာရေးကို လာပို့တာလေ” မူကျင်းက အပြုံးတစ်ခုဖြင့် ပြောလိုက်ပါသည်။

“မင်းတို့တွေကို ဒီနေရာက မကြိုဆိုဘူး” လင်းချီကျိုးက မူကျင်းအား လွန်စွာ မုန်းတီးစက်ဆုပ်နေသော မျက်လုံးဖြင့် ကြည့်လိုက်ပါ၏။ သူက မူအိမ်တော်ကို သေလောက်အောင် မုန်းတီးနေခြင်းဖြစ်ပါ၏။

“ အဲလိုလား”

မူကျင်း ကလှောင်ပြောင်လိုက်ပါသည်။

“ ငါက မင်းနှင်ထုတ်သလို မထွက်သွားဘဲနဲ့ ဂါရဝပြုဖို့အတွက် အတင်းအကျပ်တောင်းဆိုမယ်ဆိုရင်ရော”

“ မင်းတို့စစ်ဆေးရေးမှူးရုံး သေးသေးလေးက အခု ခေါင်းဆောင်ဖြစ်တဲ့ စစ်ဆေးရေးမှူး မရှိတော့တာတောင်မှ အခုထက်ထိ မာနကြီးနေတုန်းပဲပေါ့လေ။ ဘယ်ဟာက အကောင်းအဆိုးလဲဆိုတာကို နားမလည်သေးဘူးပဲ” ဟွာ ကျစ်လျိုက နံဘေးမှ မီးလောင်ရာ လေပင့်လိုက်ပါ၏။

“စစ်ဆေးရေးမှူးရုံးထဲကို ဘယ်ကောင် ခြေလှမ်းဝက် ဝင်ရဲလဲဆိုတာကို စောင့်ကြည့်ရတာပေါ့”

လင်းချီကျိုးက ကြွေးကြော်လိုက်၏။ သိပ်မကြာခင်မှာပင် အစောင့်တပ်သား ခုနှစ်ယောက်၊ ရှစ်ယောက်ခန့် အနောက်မှ ထွက်ပေါ်လာခဲ့၏။ သူတို့အားလုံးက ဟွာအိမ်တော်နှင့်မူအိမ်တော်တို့မှ သူများကို စစ်ဆေးရေးမှူးရုံးထဲသို့ ဝင်ရောက်ခြင်းမှ ပိတ်ဆို့ရန်အတွက် အသင့်ပြင်ထားပြီးသားဖြစ်ပါသည်။

“ ဟွန့်..ဒီဘာမှ မဟုတ်တဲ့ အောက်တန်းစားခွေးတွေနဲ့များ မင်းတို့က ငါတို့ကို ပိတ်ထားချင်တယ်ပေါ့လေ”

မူကျင်းက လုံးဝအထင်သေးနေခဲ့ပါသည်။ သူက ပြန်လည်မွေးဖွားခြင်းအဆင့် သို့ရောက်နေသောသူဖြစ်ပါ၏။ သူ့နံ့ဘေးတွင်ရှိသော ဟွာကျစ်လျိုမှာလည်း သူနှင့် အဆင့်တူသာ ဖြစ်ပါသည်။ သူတို့နှစ်ဦး၏ ကျင့်ကြံအဆင့်နဲ့သာဆိုလျင် စစ်ဆေးရေးမှူးရုံးထဲသို့ ဝင်ချင်လျင် ကိတ်မုန့်စားသလောက်ပဲရှိတယ်မဟုတ်ပါလား။

“မင်းတို့ကို တားဖို့က သူတို့တင်မဟုတ်ဘူး။ ငါပါ ပါသေးတယ်” ထိုအခိုက်မှာပင် ဝမ်ကွေ့ဖန်းက စစ်ဆေးရေးမှူးရုံး၏ ခေါင်မိုးထက်မှ ထွက်ပေါ်လာခဲ့ပါ၏။

သူ၏ တည်ရှိမှုက မူကျင်းနှင့် ဟွာကျစ်လျိုအား ထိန့်လန့်သွားစေခဲ့ပါသည်။ ဝမ်ကွေ့ဖန်းပါလား။ မြွေဖြူလမ်းကြောင်းသို့ ဝမ်ကွေ့ဖန်း ရောက်လာသည်ကို ကြားထားသည့်တိုင် လီဟမ်ရှန်းသေဆုံးသွားပြီဖြစ်သောကြောင့် သူနေရာသူ ပြန်သွားလောက်ပြီဟု သူတို့က ခန့်မှန်းထားပါ၏။

သူက ဘာလို့ဆက်ပြီးရှိနေသေးတာလဲ။ ဒါမဖြစ်နိုင်ဘူးလေ။ ဒီလိုမျိုးမဖြစ်ရဘူးလေ။

“စစ်ဆေးရေးမှူးရုံးကို မဆိုင်တဲ့သူတွေ ဝင်ခွင့်မပြုဘူး။ အဲဒါမင်းတို့လည်းပါတယ်။”

ဝမ်ကွေ့ဖန်းကပြောလိုက်ပါ၏။ သူ့အောက်တွင်ရှိသော လူနှစ်ဦးအား သူက စိုက်ကြည့်နေခဲ့ပါသည်။

“အတင်းအကြပ်ဝင်တဲ့လူ ဘယ်သူမဆို ချက်ချင်းအသတ်ခံရမယ်”

သူ၏ စကားကိုကြားသော် အတင်းကျပ်ဝင်ရောက်ရန်ဟန်ပြင်နေသည့်နှစ်ဦးမှာ တစ်ခဏမျှ တုန့်ဆိုင်းသွားခဲ့ပါ၏။ သူတို့ကို အထက်က အမိန့်ပေးလိုက်သည်မှာ လီဟမ်ရှန်း တစ်ကယ်သေမသေကို လာကြည့်ရန်ဖြစ်ပါသည်။ လီဟမ်ရှန်းသေသွားမှသာ သူတို့၏ စိတ်နှလုံးသားတွေငြိမ်းချမ်းပြီးအေးဆေးမည်ဖြစ်ပါ၏။

ယခုတွင် သူတို့သည် လီဟန်ရှန်း‌သေမသေကို အတွင်းသို့ ဝင်ကြည့်ရန်ပင် မရပါလား။

အခုလိုမျိုးအချိန်မှာ သူတို့ဘာလုပ်ရမလဲ။

“နတ်ဘုရားဖမ်းဆီးသူ ဝမ်က တော်တော်ကြီးကို စိုးမိုးတာပဲ။ ဒါပေမဲ့ မမေ့နဲ့နော် ဒီနေရာက မြွေဖြူလမ်းကြောင်း ရှင့်ရဲ့ ကျန်းရွယ် နယ်မြေမဟုတ်ဘူး”

ထိုအခိုက်တွင် ဝေါယာဉ်တစ်ခုမှာ ဖြေးညင်းစွာ ရောက်ရှိလာခဲ့ပါသည်။ ဝေါယာဉ်ထဲမှ သာယာနာပျော်ဖွယ်ကောင်းသော အမျိုးသမီး တစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့၏။ ထိုအသံကို ကြားသော် လူတိုင်းက လှည့်ကြည့်လိုက်ကြ၏။ သူတို့မြင်လိုက်သည်က မူအိမ်တော် ၏ ဝေါယာဉ်ကို မြင်လိုက်ရခြင်းဖြစ်ပါ၏။

ဝေါယာဉ်ထမ်းသောသူများက ခပ်မြန်မြန်ပင် ကန့်လန့်ကာကို ဆွဲမပေးလိုက်ပါသည်။ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဝေါယာဉ်ထဲမှ ဆင်းလာခဲ့၏။

ထိုအနီရောင် ဝတ်ဆင်ထားသော အမျိုးသမီးကိုမြင်သောအခါတွင် မြင်လိုက်ရသူတိုင်းက ထိတ်လန့်သွားခဲ့ပါ၏။ သူမသည် မူဟုန်ရွှယ် ဖြစ်ပါ၏။ လက်ရှိ မူမိသားစုခေါင်းဆောင် မူစန်း၏ အစ်မပင်ဖြစ်ပါ၏။

ထိုကဲ့သို့သော ရာထူးအာဏာရှိသောသူက ထိုနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လာမည်ဟု သူတို့က မထင်ထားခဲ့မိပါချေ။

“သိပ်မှန်တယ်။ နတ်ဘုရားဖမ်းဆီးသူဝမ် ခင်ဗျားက ခင်ဗျားနဲ့ မဆိုင်တဲ့နေရာတွေကို ဝင်ဝင်တိုးရတာ ဝါသနာနဲ့တူတယ်” နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာ၏

။ လူတိုင်းက လှည့်ကြည့်လိုက်ရာတွင်မြင်းများစွာက စစ်ဆေးရေးမှူးရုံးထံသို့ ဒုန်းဆိုင်းပြေးလာကြပါသည်။

ဝိုင်းရံနေသော မြို့သူမြို့သားများကလည်း ခပ်မြန်မြန်ပင် မြင်းများသွားနိုင်ရန်အတွက် လမ်းဖယ်ပေးလိုက်ကြပါ၏။ အဖြူရောင်ဝတ်စုံ ဝတ်ထားသောသူသည် သူ၏ အနောက်မှအစောင့် နှစ်ယောက်နှင့်အတူ မြင်းကိုစီးကာ ကပ်လာခဲ့ပါ၏။ အဖြူရောင်ဝတ်စုံဝတ်ထားသောသူက အထက်တန်းလွှာမိသားစုပုံစံရှိပြီး သူ၏ အပြုအမူများမှာ တင့်တယ်ကာ ကျက်သရေရှိလှပါသည်။

ထိုသူ၏ မူလအဆင့်စွမ်းအားများမှာလည်း လေထုထဲသို့ တရှိန်ထိုး ထိုးထွက်နေခဲ့ပါ၏။ သူ၏ လက်ထဲတွင်တော့ ကျောက်စိမ်းဘောလုံးနှစ်ခုကို ကိုင်ဆောင်ထားခဲ့ပါသည်။

“ဟာ..အဲဒီလူက ဟွာ မိသားစုခေါင်းဆောင် ဟွာရှန်းကောပဲ” ဟု လူတစ်ဦးက ထိန့်လန့်တကြားနှင့် အော်ဟစ်လိုက်ပါ၏။ ဟွာအိမ်တော်၏ခေါင်းဆောင်နှင့် မူအိမ်တော်၏ခေါင်ဆောင်များ ထိုကဲ့သို့ရောက်ရှိလာခြင်းက သာမာန်လူများကို လွန်စွာထိန့်လန့်သွားစေခဲ့ပါ၏။

ဒီနေ့က စစ်ဆေးရေးမှူးရုံးကို သူတိုက အမြစ်ပြတ်ချေမှုန်းမည့်သဘောပင်ရှိပါ၏။ ထိုမြင်ကွင်းကို မြင်သောအခါတွင် စစ်ဆေးရေးမှူးရုံး၏ အစောင့်များသည် အလွန်အမင်းကို ထိန့်လန့်ကြောက်ရွံ့နေပြီဖြစ်သည်။

ဟွာမိသားစုနဲ့မူမိသားစုတို့က တစ်ကယ်ကြီးကို အတည်လုပ်နေတာလား။

သို့သော ဝမ်ကွေ့ဖန်းက ထိုဖြစ်ရပ်ကို အမူမထားပါချေ။ မူဟုန်းရွှယ်ရော ဟွာရှန်းကောပါ မူလအဆင့်တွင် ရှိသည့်တိုင် သူတို့နှစ်ဦးကို သူတစ်ယောက်ထဲ တိုက်ခိုက်ရခြင်းက သူ့အတွက် အရေးနိမ့်စေမည်ဖြစ်၏။ ဒါပေမဲ့ ဝမ်ကွေ့ဖန်းသိတာက စစ်ဆေးရေးမှူးရုံး မှာသူတစ်ဦးထဲက မူလအဆင့် ရှိတာမဟုတ်ပါချေ။ လီဟမ်ရှန်း၏ သက်တော်စောင့်ဖြစ်သော ရှုခွေက အတွင်း၌ ရှိပါသည်။ ရှုခွေသာ ဝင်ရောက်တိုက်ခိုက်မည်ဆိုပါက မူလအဆင့် နှစ်ဦးနှစ်ဦးခြင်း တိုက်ခိုက်ရမည်ဖြစ်သောကြောင့် သူတို့က ရှုံးနိမ့်မည် မဟုတ်ပါ။ ထို့ကြောင့်သူတို့အား ရင်ဆိုင်ရသည့်အခါတွင်လည်း ဝမ်ကွေ့ဖန်းက အေးအေးဆေးဆေး သာ ပြောလိုက်ပါ၏။

“ကျုပ်ကို အမိန့်ပေးလိုက်တာက အထက်အရာရှိမင်းပဲ။ ကျုပ်က ပေးတဲ့အမိန့်ကို တိတိကျကျတာဝန်ကျေအောင်လုပ်တယ်။ ကျုပ်ရှိနေသေးသ၍ ခင်ဗျားတို့ အထဲဝင်လို့မရဘူး”

“ သတ္တိတော်တော်ရှိနေတာပဲ” ဟွာရှန်းကောက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ ထို့နောက်တွင် သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပါသည်။ ချက်ချင်းပင် သူ့လက်ထဲတွင် ကိုင်ထားသော ကျောက်စိမ်းဘောလုံးမှာ အမှုန့်အဖြစ်သို့ ပြောင်းသွားပါ၏။

မူဟုန်းရွယ် ကလဲ ပြုံးရင်းပြောလိုက်ပါ၏။

“ကျွန်မက နတ်ဘုရားဖမ်းဆီးသူ ဝမ်ရဲ့ခွန်အားကို ကြားခဲ့ရတာတော်တော်လေးကြာပါပြီ။ ဒီနေ့ ကောလဟာလတွေပြောသလိုမျိုး နတ်ဘုရားဖမ်းဆီးသူဝမ်ရဲ့ ခွန်အားက တစ်ကယ်ပဲကောင်းသလားဆိုတာ ကို ကျွန်မစမ်းသပ်ကြည့်ပါရစေ”

စစ်ဆေးရေးမှူးရုံးထဲတွင်တော့ အပြင်ဘက်တွင် ဖြစ်နေသော အရာများကို သူတို့ကြားနေခဲ့ရပါ၏။ လီဟမ်ရှန်း၏အခေါင်းကို စောင့်ကြပ်နေသော ရှုခွေကလည်း တစ်ချက်နှာမှုတ်လိုက်ပြီးနောက် အပြင်သို့ ထွက်သွားခဲ့ပါသည်။ ယခုလိုမျိုး နာရေးအခြေအနေတွင် အပြင်ဘက်တွင် လာပြီး ပြဿနာရှာနေသောကြောင့် ရှုခွေကိုယ်တိုင် ထိုကိစ္စကို ကိုင်တွယ်မှ ရပေတော့မည်။

ချက်ချင်းပင် စစ်ဆေးရေးမှူးရုံး၏ အပြင်ဘက်နေရာမှာ တိုက်ပွဲကြောင့် ဗရမ်းဗတာဖြစ်ပြီး လုံးဝကို အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပါ၏။

လီဟမ်ရှန်း၏ ကမ္ပည်းကျောက်ပြားရှေ့တွင် ဝူစန်းထောင်က ဒူးထောက်နေခဲ့ပါ၏။ သူက အမွှေးတိုင်များကို စိုက်ထူးပေးနေခဲ့ပါသည်။ သူ၏ စိတ်ခံစားချက်များမှာ ရှုပ်ထွေးနေခဲ့ပါ၏။ ဤရက်ပိုင်းတွင် လီဟမ်ရှန်းမှာ သူ့အား အလွန်အမင်း ဂရုစိုက်ပြီးတော့ ကောင်းမွန်စွာ ဆက်ဆံခဲ့ပါသည်။ ထို့အပြင်သူက လီဟမ်ရှန်းအား အစ်ကိုတစ်ယောက်အနေဖြင့် စိတ်ထဲ၌မှတ်ယူထားခဲ့ပါ၏။ ယခုလီဟမ်ရှန်းသေဆုံးသွားပြီးဖြစ်သောကြောင့် ဝူစန်းထောင်၏ နှလုံးသား၌ ဝမ်းနည်းမှုနှင့် ဒေါသ များက ပြည့်လျှံနေခဲ့ပါ၏။

လီဟမ်ရှန်းကို မြေမြုတ်ပြီးနောက်တွင် လီဟမ်ရှန်းအားသတ်သွားသည့်တရားခံအား ဝူစန်းထောင်က ရေအဆုံး မြေအဆုံးလိုက်ကာ သတ်ဖြတ်မည်ဟု တွေးထားခဲ့ပါ၏။

“ အစ်ကို အစ်ကို့ကို သတ်ခဲ့တဲ့သူကိုရှာပြီးသတ်ပစ်မယ်ဗျ။ ကျုပ်သူ့ကို မနိုင်ဘူးဆိုတာသိတယ်။ ဒါပေမဲ့ ကျုပ်က စိတ်ရှည်တတ်တဲ့သူ ကျုပ်သူ့ကို စောင့်ကြည့်နေပြီးတော့အခွင့်အရေးရတာနဲ့ နည်းမျိုးစုံသုံးပြီးသတ်ပစ်မယ်”

ဝူစန်းထောင်က ငိုကြွေးလိုက်ပါ၏။ နှပ်များနှင့် မျက်ရည်များက ရောထွေးကာ သူ့မျက်နှာ၌ အရုပ်ဆိုးစွာ စီးကျလာခဲ့ပါသည်။

“ရှပ်…ရှပ်” အချိန်မည်မျှကြာသွားသည်ကို လီဟမ်ရှန်း မသိခဲ့ပါချေ။ သူကတစ်ဖြေးဖြေးနဲ့ အသိပြန်ဝင်လာခဲ့ပါသည်။ သူ့နံဘေးတွင် အရာအားလုံးက တိတ်ဆိတ်နေ၏။ သူ့ခြေသံကိုသာ သူပြန်ကြားနေရပါသည်။

လီဟမ်ရှန်းကဦးတည်ရာမဲ့ လျှောက်သွားနေခဲ့ပါသည်။ သူဘယ်လောက်ကြာအောင် လမ်းလျှောက်နေခဲ့လည်းဆိုတာကို မသိခဲ့ပါ။ သူသိတာက သူလျှောက်နေသောလမ်းမှာအဆုံးမရှိဖြစ်နေတာကိုသိပါ၏။လမ်းမှာ လမ်းအကျယ်ကြီးဖြစ်ပါသည်။

သူ၏ အသိကတစ်ဖြေးဖြေးပြန်ဝင်လာသည်နှင့် လီဟမ်ရှန်းအချိန်မည်မျှကြာမှန်းမသိအောင် ဦးတည်ရာမဲ့ လျှောက်သွားနေသည်ကိုသတိထားမိလိုက်ရပါ၏။

သူပတ်ပတ်လည်ရှိ အချိန်နှင့် နေရာများကလည်း ယိုယွင်းပျက်စီးနေသည်ကို သိလိုက်ရပါသည်။ ထိုကဲ့သို့အချိန်မှာပင် လီဟမ်ရှန်းကအသိဝင်လာခဲ့ပါ၏။ အသိဝင်လာပြီး သူ၏ပတ်ဝန်းကျင်က မည်မျှလောက်ထူးဆန်းနေသည်ကို သတိပြုလိုက်မိပါသည်။ သူပတ်ပတ်လည်တွင် လေလည်းမရှိ။ ကောင်းကင်နှင့် မြေကြီးလည်းမရှိ။

သူလျှောက်လှမ်းနေသောလမ်းတစ်ခုတည်းကသာ ရှေးဟောင်းလမ်းတစ်ခုကဲ့သို့ ဖြစ်နေ၏။ ရှေးဟောင်းလမ်း၏ နံ့ဘေးတွင်တော့ အဆုံးမဲ့ အမှောင်ထုကြီးပင်ဖြစ်ပါသည်။ သူသာ ထိုနေရာသို့ ပြုတ်ကျသွားပါက မည်သည့်နေရာသို့ရောက်သွားမည်ကို သူကိုယ်တိုင်ပင်မသိပါ။ သူလျှောက်လမ်းနေသောလမ်းမှာလည်း တစ်ဖြေးဖြေးကွေ့ကောက်ကာ ရှုပ်ထွေးလာခဲ့ပါသည်။ ခက်ခဲကြမ်းတမ်းသော တောင်တက်လမ်းကို တက်နေရသကဲ့သို့ဖြစ်၏။

“ငါ ဘယ်ကိုရောက်နေတာလဲ” လီဟမ်ရှန်းက သူဒီနေရာကို ဘယ်လိုရောက်လာလဲဆိုတာကို အပြင်းအထန်စဉ်းစားနေခဲ့ပါ၏။

အချိန်တော်တော်ကြာမှ ရုတ်တရက်သူမှတ်မိသွားခဲ့ပါသည်။

သူသေသွားပြီလေ။ သူ့ကို လုချောင်းချောင်းက သတ်သွားခဲ့တယ်မဟုတ်ပါလား။ သူနှလုံးသားကို ကောင်းကင်နတ်သမီးဓါးက ထိုးဖောက်ပြီးသွားပြီပဲ။ လီဟမ်ရှန်းက မသိလိုက်မသိဘာသာဖြင့် သူ၏နှလုံးသားကို ကိုင်ကြည့်လိုက်ပါ၏။

ထိုနေရာတွင် ဗလာဟင်းလင်းကြီးဖြစ်နေသည်ကို ထိတ်လန့်စွာပင်သိလိုက်ရပါ၏။

သူငုံ့ကြည့်လိုက်သည့်အခါတွင် သူ၏နှလုံသားမှာ ဗလာဟင်းလင်းကြီးဖြစ်နေပြီး နှလုံးအိမ်ဟာ ဗလာဟင်းလင်းကြီးဖြစ်နေပါသည်။

ငါတစ်ကယ်ကို သေနေပြီပဲ။ လီဟမ်ရှန်းက ရုတ်တရက် စိတ်အေးသွားခဲ့ပါ၏။သူ၏ နှလုံးသားမရှိတော့သောကြောင့် သူသေနေပြီဆိုတာ ပို၍ သေချာသွာခဲ့ပါသည်။

ဒါပေမဲ့ ဒီနေရာက ဘယ်နေရာကြီးတုန်း။ ဖြစ်နိုင်တာက သေပြီးတော့ နောက်ဘဝ နေရာကြီးများလား။

ဒါမှမဟုတ် လူတွေသေပြီးရင် ဒီနေရာကိုပဲ ရောက်လာကြတာလား။ ဒီလမ်းက ဘယ်ကို ဦးတည်နေတာလဲ။ လမ်းခရီးမှာ ရှည်လျားပါသည်။

ထိုလမ်းအဆုံးသို့ရောက်ရန်အတွက် နှစ်ပေါင်း ရာနှင့်ချီမလားဟုသူတွေးမိသွားခဲ့ပါ၏။လီဟမ်ရှန်း ကမော့ကြည့်လိုက်သည့်အခါတွင် သူလျှောက် နေသည့်လမ်းက ရုတ်‌ပြောင်းလဲသွားခဲ့ပါ၏။

သူ့အရှေ့တွင် တောင်ကြားလေးတစ်ခုပေါ်လာခဲ့ပါသည်။ ထိုတောင်ကြားလေးမှာ ယခင်ကမရှိပါ။ ဘယ်ကမှန်းမသိ ရုတ်တရက်ပေါ်လာသည့်လမ်းဖြစ်ပါသည်။

All Chapters