← Chapters

အခန်း (၃၀၅)

Vol. 27 Ch. 305

အခန်း (၃၀၅)

Vol. 27 Ch. 305

လီဟမ်ရှန်းက ထိုတောင်ကြားလမ်းလေးရှိရာသို့ ဖြေးညင်းစွာဦးတည်လိုက်ပါသည်။ ရုတ်တရတ် ထိုတောင်ကြားလမ်းအစပ်တွင် သစ်ပင်တစ်ပင်ကို တွေ့လိုက်ရပါ၏။ ထိုသစ်ပင်က သူနဲ့မရင်းနှီးပါ။

ထိုကဲ့သို့သောသစ်ပင်ကို သူ့ဘဝတစ်လျှောက်လုံးတွင် မမြင်ခဲ့မိဖူးပါ။ သူက ထိုသစ်ပင်ကို ကြည့်နေရင်း ဘယ်နေရာကို ရောက်နေလဲဆိုတာကို တွေးတောတော့မည့်အချိန်မှာပင် ခပ်ဝေးဝေးအမှောင်ထုထဲမှ နတ်ဘုရားငှက်တစ်ကောင်က ပျံသန်းလာသည်ကို သူမြင်လိုက်ရပါ၏။

ထိုနတ်ဘုရားငှက်က သူ၏အမြီးတွင် မီးတောက်များတောက်လောင်နေသည်ကို တွေ့လိုက်ရပါသည်။ သူပျံသန်းလာသည့်အခါတွင် သူ့အနောက်တွင် မီးတန်းကြီးက ကောင်းကင်ကိုဖုံးလွှမ်းနေခဲ့ပါ၏။ သူ၏ အတောင်ပံတစ်ချက်ခတ်လိုက်ခြင်းသည် လေဟာနယ်ကို ယိုယွင်းပျက်စီးသွားခဲ့ပါသည်။

သူ့ခန္ဓာကိုယ်မှာ တောင်ကြီးတစ်တောင်အလားပင်ဖြစ်၏။ သူ့ထံမှ ထွက်ပေါ်နေသောအလင်းတန်းမှာ နေလုံးကြီးတစ်လုံးလားကဲ့သို့ပင်ဖြစ်သည်။ လွန်စွာဝေးကွာသော အကွာအဝေးမှပင် လီဟမ်ရှန်းက အပူရှိန်ကို ခံစားလိုက်ရပါ၏။ နေမင်းကြီးက ဆင်းသက်လာသည့်အလားပင်ဖြစ်ပါသည်။

ထိုနတ်ဘုရားငှက်ကို မြင်လိုက်သည်နှင့် လီဟမ်ရှန်းက အူကြောင်ကြောင်ကြီးကို ဖြစ်သွားခဲ့ပါသည်။

ဖီးနစ်ငှက်ပါလား။

ထိုကဲ့သို့သော ဖီးနစ်ငှက်အစစ်ကြီးကိုမြင်ရမည်ဟု လီဟမ်ရှန်းက လုံးဝမထင်ထားခဲ့မိပါ။

ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ နဂါးနဲ့ဖီးနစ်တွေက ဒဏ္ဍာရီလာသားရဲတွေလေ။

နဂါးကျွန်းမှာရှိတဲ့နဂါးတွေက စန်းယွမ်တိုက်ကြီးမှာ လွန်ခဲ့တဲ့နှစ်ရာနဲ့ချီတုန်းကပင်ပေါ်ခဲ့ဖူးတာ။ ဒါပေမဲ့ ဖီးနစ်နဲ့ ပတ်သက်တဲ့ အရာကတော့ စန်းယွမ်တိုက်ကြီးက ဘယ်သူမှမမြင်ခဲ့ဖူးပါ။ စန်းယွမ်နယ်မြေ၌ သမိုင်းစာအုပ်များထဲတွင်သာ ဖီးနစ်ငှက်တကယ်ရှိကြောင်းကို ရေးသားထားပါ၏။

ထိုနောက်ပိုင်းတွင်တော့ ဘယ်သူကမှ ဖီးနစ်ငှက်ကို သက်ရှိထင်ရှား မမြင်ခဲ့တော့ပါ။ နောက်ဆုံးအကြိမ် ဖီးနစ်ငှက်ကို မြင်ခဲ့ချိန်က လွန်ခဲ့သော နှစ်ထောင်ချီကဖြစ်ပါလိမ့်သည်။ သို့မဟုတ် နှစ်သောင်းနဲ့ချီလည်း ဖြစ်နိုင်ပါ၏။ ထိုအချိန်တုန်းက သမိုင်းမှတ်တမ်းကိုတော့ လူများစွာက မေ့လျော့သွားခဲ့သည်မှာ ကျိန်းသေပင်ဖြစ်ပါသည်။ ဒါပေမဲ့ အခုသူက တကယ့်ကိုနတ်ဘုရားငှက် ဖီးနစ်ကိုမြင်နေခဲ့ပါလား။

သူအိမ်မက်မက်နေတာလားဟုပင် လီဟမ်ရှန်းက နဝေတိမ်တောင်နှင့်တွေးမိသွားခဲ့ပါ၏။

ဒါပေမဲ့အခုသူကသေသွားပြီမဟုတ်လား။ ဘယ်လိုဖြစ်ပြီးတော့ အိမ်မက်ကမက်ရတော့မှာလဲ။ ဖီးနစ်ငှက်က တဖြေးဖြေးနှင့် သူနှင့် နီးကပ်လာသည့်အခါတွင် သူ၏ကြီးမားလှသော ခန္ဓာကိုယ်က တဖြေးဖြေးနှင့် ကျုံ့သွားခဲ့ပါသည်။ ဖီးနစ်ငှက်က တဖြေးဖြေးသေးငယ်သွားပြီးနောက်တွင် သူက ထိုထူးဆန်းသည့် သစ်ပင်၏အကိုင်းတစ်ကိုင်းတွင်နားလိုက်ပါ၏။

ဖီးနစ်ငှက်က အောက်သို့ငုံ့ကာ လီဟမ်ရှန်းအားစိုက်ကြည့်လိုက်ပါသည်။ အကြည့်တစ်ချက်နှင့်ပင် လီဟမ်ရှန်း၏တစ်ကိုယ်လုံးကို ပြင်းထန်လှသောဖိအားတစ်ရပ်သက်ရောက်သွားခဲ့ပါ၏။ ဖီးနစ်ငှက်က စိတ်ဝိဉာဉ်များ၏အရှင်သခင်ကဲ့သို့ပင်ဖြစ်နေပါသည်။

သွေးမျိုးဆက်ခြားနားမှု၏ဖိနှိပ်မှုက လီဟမ်ရှန်းအား လွန်စွာသေးငယ်သည့် ခံစားမှုကိုခံစားခဲ့နေရ၏။ သူကပင်လယ်သမုဒ္ဓရာကြီး၏ ရေတစ်စက် သဲတစ်ပွင့်ကဲ့သို့ပင်ခံစားနေရပါသည်။ လောကကြီးရှိမည်သည့်အရာကမှ ဤဖီးနစ်ငှက်နှင့် မနှိုင်းယှဉ်နိုင်ပါဟူသော ခံစားချက်ကိုပေးစွမ်းနေခဲ့ပါ၏။

နဂါးကျွန်းတွင် နဂါးများနှင့် ရင်ဆိုင်ရသည့်အခါတွင် လူသားမျိုးနွယ်ကျွမ်းကျင်သူ သိုင်းပညာရှင်များက ထိုကဲ့သို့ပင်ခံစားရမည်ဟု လီဟမ်ရှန်းကရုတ်တရတ်တွေးမိခဲ့ပါ၏။

“ဟယ်လို”

လီဟမ်ရှန်းက သတိထားပြီးပြောလိုက်ပါသည်။ သို့သော်ဖီးနစ်ငှက်က သူ့ကိုဘာမှ ပြန်မပြောပါချေ။ ရုတ်တရတ် ဖီးနစ်ငှက်က အတောင်များခတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးနီရောင်မီးလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် လီဟမ်ရှန်းထံသို့ လွန်စွာမြန်ဆန်သောအရှိန်နှင့် ပြေးလာခဲ့ပါသည်။

“အားးးးးး မလာနဲ့ မလာနဲ့နော်၊ ငါထပ်မသေချင်ဘူး”

လီဟမ်ရှန်းက အသံပြဲကြီးနှင့်အော်ဟစ်လိုက်ပြီး ရှောင်ရှားရန်အတွက်ပြင်ဆင်လိုက်ပါ၏။ သို့သော် သူမလှုပ်နိုင်ခင်မှာပင် မီးတောက်က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းကာလောင်ကျွမ်းသွားပြီဖြစ်ပါသည်။

“ ဟာ ပြဿနာပဲ။ ငါသေတော့မှာပဲ။ နေဦး ငါသေပြီးသွားပြီးပဲဟ။ သေပြီးတာတောင်မှ နောက်တစ်ခါထပ်ပြီးသေရမှာလား”

လီဟမ်ရှန်းက ပဟေဋိဖြစ်နေသည့်အခါမှာပင် သူ့တစ်ကိုယ်လုံးကို အဆုံးမဲ့သောမီးတောက်များက ဖုံးလွှမ်းနေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အစိတ်အပိုင်းတိုင်း ဆဲလ်များစွာအကုန်လုံးကို ပြောပြ၍မရသောနာကျင်မှုက ဖုံးလွှမ်းသွားခဲ့ပါသည်။ ထိုနာကျင်မှုမှာ သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံးက အတင်းအကြပ်ဆွဲဖြဲခြင်းခံရသည့်အလားပင်ဖြစ်သည်။ လီဟမ်ရှန်းက နောက်တစ်ကြိမ်သေရတော့မည့်အလားပင်ခံစားနေရ၏။

ဘာလို့လဲ သေပြီးတာတောင်မှ ဘာလို့အဲ့လောက်တောင်နာနေရတာလဲ။

သူ့အားမရေမတွက်နိုင်သော ပုရွက်ဆိတ်များက ကိုက်ဖြတ်စားသောက်နေသည်ဟု လီဟမ်ရှန်းကခံစားနေခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အသံတစ်သံမှာ လီဟမ်ရှန်း၏စိတ်ထဲတွင်ပေါ်လာခဲ့ပါ၏။

“ ငါ့ရဲ့ ဖီးနစ်ဘိုးဘေးရဲ့ဆန္ဒကိုနာခံစမ်း။ ငါကမင်းကို နတ်ဘုရားဖီးနစ်အရိုးကို ပေးအပ်လိုက်တယ်။ ပြာအဖြစ်ကနေပြန်လည်နိုးထပြီး၊ မီးတောက်ဘဝကနေ ပြန်လည်နိုးထပြီး ဒုတိယအသက်ကို လက်ခံလော”

ချက်ချင်းပင်လျှင်လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှာ တစ်စစီချိုးဖြတ်သွားသည်ဟု ခံစားလိုက်ရပါသည်။ သူ၏အတွင်းအင်္ဂါများမှာလဲ မီးတောက်၏လောင်ကျွမ်းမှုကြောင့် ပြာအဖြစ်သို့ပြောင်းလဲသွားခဲ့ပါသည်။ သူ၏အရိုးများမှာလဲ ချက်ချင်းပင်လျှင် အမှုန့်ဖြစ်သွား၏။

အရာအားလုံးက ဘာမှမရှိတော့သည့်အထိကို လောင်ကျွမ်းသွားခဲ့ရပါသည်။ သူ၏နေလအင်မော်တယ်ခန္ဓာကိုယ်နှင့်ပင်လျှင် ဖီးနစ်ငှက်၏ နီဗားနားမီးတောက်ကို မခံစားနိုင်ခဲ့ပါ။ နေလအင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်ပင်လျှင် နီဗားနားမီးတောက်၏ လောင်ကျွမ်းခြင်းကိုခံနေရပြီး လုံးဝမလှုပ်ရှားနိုင်ခဲ့ပါချေ။

သူ၏ခန္ဓာကိုယ်မှာ အခွံသက်သက်ချည်းဖြစ်သွားသည့်အလား လီဟမ်ရှန်းကခံစားလိုက်ရပါ၏။ ဒါပေမဲ့ထူးဆန်းစွာဖြင့်သူက ထိုအရာများအားလုံးကိုသိနေခဲ့ပါ၏။ ဘာတွေဖြစ်နေလဲဆိုတာကို လီဟမ်ရှန်းက နားမလည်ခင်မှာပင်ထိုနီဗားနားမီးတောက်ထံမှ စွမ်းအားပြင်းထန်လှသော အသက်စွမ်းအင်တစ်ရပ်ကို ခံစားလိုက်ရပါသည်။

ထိုအသက်စွမ်းအင်မှာအကန့်အသတ်မဲ့လှသည်။ လွန်စွာထူးဆန်းလှသော ဖန်ဆင်းရှင်၏စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရ၏။  ဖန်ဆင်းရှင်၏စွမ်းအားမှာ ထိုနီဗားနားမီးတောက်ထဲမှထွက်ပေါ်လာခဲ့ပါသည်။

လီဟမ်ရှန်း၏အတွင်းအင်္ဂါများမှာ ရုတ်တရတ်ပြန်လည်၍ ထွက်ပေါ်လာခဲ့၏။ သူ၏အရိုးများမှာလည်း ဖြေးညင်းစွာဖြင့် ပြန်လည် ဖြစ်ပေါ်လာခဲ့ပါသည်။ သို့သော် ယခင်ကနှင့်မတူသည်က လီဟမ်ရှန်း၏ အသစ်ထွက်ပေါ်လာသောအရိုးများမှာ ရွှေရောင်ဖြစ်ပြီး အဖြူရောင်မဟုတ်ပါချေ။

“ဒါကနတ်ဘုရားဖီးနစ်ရဲ့ အရိုးလား”

လီဟမ်ရှန်းက အံ့ဩနေခဲ့၏။ ထိုနတ်ဘုရားဖီးနစ်အရိုးများက မည်ကဲ့သို့သော အစွမ်းရှိသည်ကိုသူမသိပါ။

သို့သော်ထိုအရိုးများက သူ၏မူလအရိုးများထက် များစွာသန်စွမ်းသည်ကိုတော့သူသိခဲ့၏။ ထိုနတ်ဘုရားဖီးနစ်အရိုးများမှာ အကန့်အသတ်မဲ့သောစွမ်းအားများနှင့် ပြည့်နေခဲ့ပါသည်။ စွမ်းအားများမှာ ကြီးမားကျယ်ပြန့်လှသော သမုဒရာကြီးကဲ့သို့ဖြစ်နေပြီး အနှိုင်းအဆမဲ့လှပါသည်။

ထိုထက်ပိုပြီးအရေးကြီးသည်က သူ၏ခန္ဓာကိုယ်က ပြန်လည်၍မွေးဖွားလာသည်နှင့် လီဟမ်ရှန်းက သူ၏စိတ်ဝိဉာဥ်အရင်းအမြစ်ပင်လျှင် မူလကနှင့်မတူဘဲ ပြောင်းလဲသွားသည်ကို သိလိုက်ရပါသည်။ ယခင်က သူ၏စိတ်ဝိဉာဥ်အရင်းအမြစ်မှာ လွန်စွာအရည်အသွေးနိမ့်ကျပြီး သူ၏ ကျင့်ကြံမှုလမ်းကြောင်းကို ကြီးစွာသောတားဆီးခြင်း ပိတ်ဆို့နေခဲ့ပါသည်။

လီဟမ်ရှန်း၏ နှစ်လတိတိမရပ်မနားဘဲ ကျင့်ကြံခြင်းသည် တစ်ခြားသူများ၏ တစ်ရက်တာကျင့်ကြံခြင်းနှင့်သာညီမျှပါသည်။

ယခုတွင်တော့သူ၏ခန္ဓာကိုယ်က ပြာဘဝမှ ပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင် လီဟမ်ရှန်း၏ စိတ်ဝိဉာဥ်အရင်းအမြစ်ပင်လျှင် အသစ်ပြန်လည်မွေးဖွားလာခဲ့ပါသည်။

စိတ်ဝိဉာဥ်အရင်းအမြစ်မှာ မည်မျှစွမ်းအားကြီးမားလာသည်ကို သူမသိသော်လည်း သူ၏ပုံစံမှာ ယခင်ကလမ်းလျှောက်၍သွားသည့်သူအဖြစ်မှ ရုတ်တရတ် စျေးအလွန်ကြီးသောမော်တော်ဆိုင်ကယ်နှင့်သွားနေရသည့်အလားပင် ဖြစ်သွားခဲ့ပါသည်။

အသက်ပြင်းပြင်းရှူရင်းနဲ့ သူ၏ခန္ဓာကိုယ်တွင်းရှိ အတွင်းအားများမှာ အရှိန်ပြင်းစွာလည်ပတ်လာသည်ကို လီဟမ်ရှန်းက ခံစားလိုက်ရပါသည်။

ဒီလိုမျိုးကျင့်ကြံခြင်းအရှိန်က လီဟမ်ရှန်းကို ဘာမှမတွေးနိုင်လောက်အောင်ဖြစ်နေခဲ့ပါ၏။

ဒါကြီးကအရမ်းလွန်လွန်းတယ်မဟုတ်လား။ ပါရမီရှင်တစ်ယောက်ဖြစ်ရတဲ့ခံစားချက်က ဒီလိုပါလား။

လီဟမ်ရှန်း၏ နတ်ခန္ဓာပင်လျှင် မူလအခြေအနေမှ ပြောင်းလဲသွားခဲ့ပါသည်။ သူယခင်တုန်းကသောက်သုံးခဲ့သော ခုနစ်ရောင်ခြယ်ဆေးလုံးမှာ မူလက ဆေးစွမ်းအားများကို အပြည့်အဝမချေဖျက်နိုင်ခဲ့ပါချေ။

အဘယ်ကြောင့်ဆိုသော် သူ၏ခန္ဓာကိုယ်မှာ လွန်စွာအားနည်းသောကြောင့်ဖြစ်ပါ၏။ ထို့ကြောင့် များပြားလှစွာသောစွမ်းအားများကို ချေဖျက်နိုင်စွမ်းမရှိခြင်းဖြစ်ပါသည်။ သို့သော် ယခုအချိန်တွင်မှာတော့ သူ၏ခန္ဓာကိုယ်က ပြန်လည်မွေးဖွားလာပြီး အသစ်တစ်ခုဖြစ်သွားသောကြောင့် လီဟမ်ရှန်းက သူ၏နတ်ခန္ဓာမှာ နောက်တစ်ဆင့်သို့ ခုန်တက်သွားသည်ကို ရုတ်တရတ် ခံစားလိုက်ရပါသည်။

ဗုံး…….

ကြီးမားလှစွာသော ပေါက်ကွဲမှုကြီးက သူ၏ခန္ဓာကိုယ်အတွင်းတွင် ဖြစ်ပေါ်သွားပြီးနောက်တွင် လီဟမ်ရှန်း၏နတ်ခန္ဓာမှာ အဆင့်လေးတစ်ဆင့်ကို ချိုးဖျက်တက်ရောက်သွားခဲ့ပါသည်။ သူ၏ ကျင့်ကြံခြင်းပင်လျှင် ပြန်လည်မွေးဖွားခြင်းအဆင့်နှောင်းပိုင်းမှ ပြန်လည်မွေးဖွားခြင်းအထွတ်အထိပ်အဆင့်သို့ ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါ၏။

ထိုပြောင်းလဲမှုမှာ လီဟမ်ရှန်းအတွက်တော့ လွန်စွာများပြားပြီး ကောင်းကင်ကိုဆန့်ကျင်နေသည်ဟုထင်နေခဲ့ပါ၏။

တစ်ချိန်တည်းမှာပင် ယခုကဲ့သို့သော ရုတ်တရတ်ပြောင်းလဲမှုမှာ အတိတ်တုန်းက ဖီးနစ်ငှက်ပန်းပုရုပ်ကို သူကြည့်ရှုခဲ့သောကြောင့်ဟု ရုတ်တရတ်တွေးမိသွားခဲ့ပါသည်။ ထိုဖီးနစ်ငှက်ပန်းပုရုပ်ထုမှာ အမှန်တကယ်ကို ရတနာတစ်ခုပင်ဖြစ်၏။

ထိုဖီးနစ်ငှက်ပန်းပုရုပ်ကို သူ့အားပေးခဲ့သူမှာ သူ့ဆရာဖြစ်သူရှမူဟိုင်ပင်ဖြစ်ပါ၏။ ဘာလို့များ ရှမူဟိုင်က သူ့ကို ဒီလိုမျိုးတန်ဖိုးကြီးတဲ့ ရတနာကိုပေးခဲ့ရတာလဲ။

ဖြစ်နိုင်တာက ရှမူဟိုင်က သူ့ကိုပေးတာမဖြစ်နိုင်ဘူး။ တစ်ယောက်ယောက်က ရှမူဟိုင်ကို သူ့ကိုပေးဖို့အတွက်ညွှန်ကြားခဲ့တာပဲဖြစ်ရမယ်။

ဒါပေမဲ့ ဘယ်သူက သူ့ကိုပေးခဲ့တာလဲ။ ထိုအခိုက်မှာပင် နီဗားနားမီးတောက်က သူ၏ နှလုံးသားထဲသို့ နှလုံးသားရှိရာနေရာသို့ တိုးဝင်လာသည်ကို လီဟမ်ရှန်းက ခံစားလိုက်ရပါသည်။  ဖြေးညင်းစွာဖြင့်ပင် နီဗားနားမီးတောက်ကတဖြေးဖြေးနှင့် သန်မာပြင်းထန်ကာ စွမ်းအားကြီးမားသောနှလုံးသားတစ်ခုအဖြစ်သို့ ပြောင်းလဲလာခဲ့ပါသည်။

“ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် “

နှလုံးခုန်သံမှာ စည်းချက်ကျစွာဖြင့် လွန်စွာစွမ်းအားကြီးနေခဲ့ပါ၏။

စစ်ဆေးရေးမှူးရုံးတော်၏ အပြင်ဘက်တွင်တော့ ပြင်းထန်လှစွာသောတိုက်ပွဲကြီးကစတင်နေခဲ့ပါပြီ။ ဝမ်ကွေ့ဖန်းနှင့် ရှုခွေမှာ ဟွာရှန်းကောနှင့် မုဟုန်ရွှယ်ကို ပူးပေါင်းကာတိုက်ခိုက်နေခဲ့ပါသည်။ ဟွာရှန်းကောနှင့် မုဟုန်ရွှယ်ကလည်း ခေသူများမဟုတ်ပါချေ။

ထိုသူတို့ကလည်း စွမ်းအားလွန်စွာကြီးပါ၏။ သို့သော်သူတို့က ဝမ်ကွေ့ဖန်းနှင့် ရှူခွေကိုနိုင်အောင်မတိုက်နိုင်ပါ။ ဟွာကျစ်လျိုနှင့် မူကျင်းက​တော့ စစ်ဆေးရေးမှူးရုံး၏ သာမန်ရဲမက်များကိုပြဿနာများစွာရှာနေခဲ့ပြီဖြစ်သည်။ ထိုပြန်လည်မွေးဖွားခြင့်အဆင့်အထွတ်အထိပ်ပညာရှင်များကပူးပေါင်းပြီး လင်းချီကျိုးကိုတိုက်ခိုက်နေခဲ့ပါသည်။

လင်းချီကျိုးကတော့ ပြန်လည်မတိုက်ခိုက်နိုင်ပါ။ သူက နှစ်ယောက်တစ်ယောက်တိုက်နေရသောကြောင့် အခြေအနေကနိမ့်ကျသည့်ဘက်သို့ရောက်နေခဲ့ပါသည်။ လက်ရှိအချိန်တွင်တော့ စစ်ဆေးရေးမှူးရုံးတော်တစ်ခုလုံးမှာ ရှုပ်ထွေးနေခဲ့ပြီဖြစ်၏။

“ လမ်းဖယ်စမ်း။ မင်းတို့ရဲ့သခင်ဖြစ်တဲ့ စစ်ဆေးရေးမှူးကို ငါတို့ဂါရဝပြုပါရစေ။ ပြီးရင်ငါတို့ထွက်သွားမှာ”

မူကျင်းက အားပါးတရရယ်မောကာပြောလိုက်ပါ၏။

“သောက်ပါးစပ်ကိုပိတ်ထား”

လင်းချီကျိုး၏ပုဆိန်ကြီးမှာ မုန်တိုင်းတစ်ခုဖြစ်ပေါ်တော့မယ့်အလားလွှဲရမ်းလိုက်ပါသည်။ ထိုသူနှစ်ဦးနဲ့တိုက်ခိုက်ရသည့်အခိုက်တွင်တော့ လင်းချီကျိုး၏ခန္ဓာကိုယ်တွင် မြောက်မြားစွာသော ဒဏ်ရာများပေါ်လာခဲ့ပါ၏။ ထိုသို့​သောသွေးများစွာထွက်နေသည့်တိုင် လင်းချီကျိုးက လုံးဝကို နောက်မဆုတ်ခဲ့ပါ။

ထိုအခိုက်တွင် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးတစ်ရပ်သည် စစ်ဆေးရေးမှူးရုံးတော်မှ ထွက်ပေါ်လာခဲ့ပါ၏။ ရုံးတော်၏အတွင်း အိမ်ထဲတွင်တော့ လီဟမ်ရှန်း၏ အခေါင်းထဲမှ အလင်းတန်းများစွာထွက်ပေါ်လာခဲ့ပါသည်။

ထိုအလင်းတန်း၏ပေါက်ကွဲအားကြောင့် အခေါင်းမှာ တစ်စစီကြေမွသွားခဲ့ပါ၏။ အလင်းတန်းမှာ ခေါင်မိုးကိုဖောက်ပြီး ကောင်းကင်တွင်ရှိသောတိမ်များကိုပင် ဖောက်ထွင်းသွားခဲ့ပါတော့သည်။ ထိုစွမ်းအားမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသောကြောင့် တုရှန်းမြို့တွင်ရှိသော လူများအားလုံးက လုပ်ကိုင်နေသည်များ အားလုံးက ချက်ချင်းရပ်တန့်သွားခဲ့ပါသည်။

“ ဘာကြီးတုန်းဟ။ အဲ့တာဘာကြီးတုန်း။ ဘာတွေဖြစ်ကုန်တာတုန်း”

လူတိုင်းကအံ့ဩသင့်နေစဥ်မှာပင် ရုတ်တရတ် ဖီးနစ်ငှက်တစ်ကောင်၏ မြည်ကျွေးသံကိုကြားလိုက်ရပါသည်။

ထိုဖီးနစ်ငှက်၏ တွန်သံမှာ မိုင်ပေါင်းထောင်နဲ့ချီကိုပျံ့နှံ့သွားပြီး ပဲ့တင်သံများမှာ အရှိန်အဟုန်ပြင်းစွာဖြင့်ထွက်လာခဲ့ပါသည်။

“ရွှီး………………. “

လူတိုင်းကတိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်​ပြီး စစ်ဆေးရေးမှူးရုံးတော်သို့ မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်လိုက်ပါ၏။

သူတို့ကအတွင်းတွင်ဘာတွေဖြစ်နေကြလဲဆိုတာကို သိချင်နေခဲ့ကြပါသည်။ အားလုံးထဲတွင် စိတ်အရှုပ်ထွေးဆုံးလူမှာ ဝူစန်းထောင်ပင်ဖြစ်ပါ၏။

ဝူစန်းထောင်က လီဟမ်ရှန်း၏အလောင်းကို အမွှေးတိုင်ကပ်ကာ အရိုအသေပေးတော့မည့်ဆဲဆဲမှာပင် အခေါင်းကရုတ်တရတ်ကြီးပေါက်ကွဲသွားသည် မဟုတ်ပါ့လား။ အမွှေးတိုင်များပင်လျှင် အဝေးသို့လွင့်ကာ ပြန့်ကျဲသွားခဲ့ပါသည်။ အမွှေးတိုင်များမှာ ဝူစန်းထောင်၏ခေါင်းပေါ်သို့ စိုက်စိုက်မြိုက်မြိုက်ရောက်သွားခဲ့ပါ၏။

သူ့အရှေ့တွင် ဖြစ်ပျက်နေသောမြင်ကွင်းကို ဝူစန်းထောင်က အရူးတစ်ယောက်လိုငေးကြည့်နေခဲ့ပါသည်။

သူမြင်နေရသည်က လီဟမ်ရှန်းက မတ်တပ်ရပ်နေသည်ကိုဖြစ်၏။

“အစ်ကို အစ်ကိုပြန်ရှင်လာတာလား”

ဝူစန်းထောင်က ထစ်ထစ်ငေါ့ငေါ့နဲ့ ပြောလိုက်ပါ၏။ လီဟမ်ရှန်းက သူ့အရှေ့တွင်ရှိသောမြင်ကွင်းကိုကြည့်လိုက်၏။ ထို့နောက်တွင် သူက စင်မြင့်ပေါ်မှ အောက်ထပ်သို့ ဆင်းလိုက်ပါသည်။

စင်အထက်တွင် သူ၏ကမ္ဗည်းကျောက်စာတိုင်ကို သူတွေ့လိုက်ရ၏။ ထိုကမ္ဗည်းကျောက်စာတိုင်ရှေ့တွင် ဝူစန်းထောင်က ဒူးထောက်နေသည်ကိုလဲ သူမြင်လိုက်ပါသည်။ လူတိုင်းက ဝတ်ဆင်ထားသောအဖြူရောင်ဝတ်စုံများကို သူမြင်လိုက်ပြီးနောက်တွင် ယခုအချိန်က သူ၏ဈာပနပွဲကို ကျင်းပနေသည်မှန်းလီဟမ်ရှန်းက သဘောပေါက်သွားခဲ့ပါသည်။

သူတို့အားလုံးက သူသေသွားသည်ဟု ထင်နေကြပဲ။ ဒါပေမဲ့ လီဟမ်ရှန်းက နားလည်ခဲ့ပါ၏။

အပြင်ကသူတွေတင်မဟုတ်ဘူး သူကိုယ်တိုင်ပင်သေဆုံးသွားသည်ဟု ထင်နေခဲ့သည်မဟုတ်ပါ့လား။

သူအပြင်သို့ထွက်သွားသည့်အခါတွင် လင်းချီကျိုးက သူ့အား သရဲတစ်ကောင်လိုကြည့်နေခဲ့ပါသည်။ ဟွာကျစ်လျိုနှင့် မူကျင်းကလဲအနားတွင်ရှိနေပြီး သူ့ကိုကြောက်ရွံ့တကြီးကြည့်နေခဲ့ပါ၏။

ထိုအခိုက်တွင် ဟွာအိမ်တော်နဲ့ မူအိမ်တော်ကသူ၏ စျာပနပွဲတွင်လာပြီး ပြဿနာရှာနေကြသည်ကို လီဟမ်ရှန်းက တမဟုတ်ချင်းသိလိုက်ပါ၏။

“ ကွက်တိပဲ”

လီဟမ်ရှန်းက သူ၏လက်ကိုဆန့်တန်းလိုက်ပါသည်။ သူ၏ ကမ္ဗည်းကျောက်စာတိုင်ဘေးတွင်ရှိသော အင်မော်တယ်ပုံဖော်ခြင်းလှံမှာ လှုပ်ခတ်လာပြီး သူ၏လက်ထဲသို့ပြေးလာခဲ့ပါသည်။ သူ၏လက်ထဲသို့ရောက်လာသော အင်မော်တယ်ပုံဖော်ခြင်းလှံကိုကြည့်ပြီးနောက်တွင် လီဟမ်ရှန်းက အံ့ဩသင့်သွားခဲ့ပါ၏။

အင်မော်တယ်ပုံဖော်ခြင်းလှံက ပျောက်သွားတာမဟုတ်ဘူးလား။ ဘယ်သူက သူ့ကို ရှာတွေ့သွားတာလဲ။ ထားလိုက်ပါတော့။ အဲ့တာတွေက အရေးမကြီးဘူး။

“သူပြန်ရှင်လာပြီဟေး”

 အပြင်ဘက်တွင်ရှိသောရဲမက်များက အော်ဟစ်လိုက်ပါ၏။

“စစ်ဆေးရေးမှူးကြီး သေရွာကပြန်လာပြီ။

စစ်ဆေးရေးမှူးကြီး သေရွာကပြန်လာပြီ။”

သူတို့အားလုံးက လီဟမ်ရှန်းက အလောင်း​ကောင်အဖြစ်ကဲ့သို့ အေးစက်တောင့်တင်းကာသေဆုံး​နေသည်ကို မြင်ထားသောသူများဖြစ်ပါသည်။

လီဟမ်ရှန်း၏ နှလုံးသားပင်လျှင်ကွဲကြေနေပြီဖြစ်၏။ ဤကဲ့သို့သောလူက ဘယ်လိုလုပ်ပြီးတော့ အသက်ပြန်ရှင်လာရတာလဲ။

“စစ်ဆေးရေးမှူးရုံးတော်မှာ လာပြီးသောင်းကျန်းနေကြတယ်ပေါ့လေ။ ဒီပြစ်ဒဏ်က တော်တော်ကြီးမားတဲ့ပြစ်ဒဏ်ပဲ”

လီဟမ်ရှန်းက ခံစားချက်မဲ့စွာပြောလိုက်ပါ၏။

ထိုမြင်ကွင်းကိုမြင်သော မူကျင်းနှင့် ဟန်ကျစ်လျှိုက အလွန်ကိုထိတ်လန့်နေခဲ့ပါသည်။

လီဟမ်ရှန်းက မသေဘူးလား။  သူတို့က  ချက်ချင်းပင် အနောက်သို့လှည့်ကာ ထွက်ပြေးသွားပါ၏။ သို့သော် လီဟမ်ရှန်းက သူတို့အား အခွင့်အရေးပေးမတဲ့လား။

မိုးကြိုးပစ်လိုက်သလိုပင် လီဟမ်ရှန်းက သူတို့၏အရှေ့တွင်ပေါ်လာခဲ့ပါသည်။ သူတို့ကထွက်ပြေးရန် ဟန်ပြင်လိုက်စဥ်မှာပင် လီဟမ်ရှန်းက သူတို့၏အရှေ့တွင်ပိတ်ဆို့နေပြီးသားဖြစ်၏။

ဘယ်လောက်တောင် မြန်တာလဲ။ လီဟမ်ရှန်း၏ အလျင်ကိုမြင်ပြီးနောက်တွင် သူတို့ကအတော်လေးကို ထိတ်လန့်သွားခဲ့ပါသည်။ လီဟမ်ရှန်းက သူတို့ကိုကျော်ဖြတ်ပြီး အရှေ့တွင် ကြိုစောင့်နေသည်ကို သူတို့က သတိပင်မပြုမိလိုက်ပါချေ။

လီဟမ်ရှန်းက စကားများမနေပါ။ သူ၏ အင်မော်တယ်ပုံဖော်ခြင်းလှံက လွှားခနဲထွက်ပေါ်လာပြီး သူတို့နှစ်ဦး၏ ဒူးခေါင်းများကို ရိုက်ချိုးလိုက်ပါသည်။ ထိုသူနှစ်ဦးက ချက်ချင်းပင် ဒူးခေါင်းကိုရိုက်ခတ်သည့်အရှိန်ကြောင့် မြေပြင်တွင်ဒူးထောက်ကျသွားခဲ့ပါသည်။

သူတို့က ချက်ချင်း ပြန်လည်တုံ့ပြန်နိုင်ရန်ပင် အင်အားမရှိတော့ပါ။

“ ဒီလူတွေကို တစ်ခါတည်းဖမ်းထားလိုက်”

လီဟမ်ရှန်းက ကျယ်လောင်စွာဖြင့် အမိန့်ပေးလိုက်ပါ၏။

“အမိန့်အတိုင်းပါ”

လင်းချီကျိုးကလဲ ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်ပါ၏။ လီဟမ်ရှန်းက ဘယ်လိုသေရွာကပြန်လာလဲဆိုတာ သူနားမလည်ပေမယ့် လီဟမ်ရှန်းပြန်လာသည်က လုံလောက်ပြီဖြစ်ပါ၏။

အခြေအနေက ဘယ်လိုပဲဖြစ်ပါစေ အကြောင်းပြချက်တွေက ဘယ်လိုပဲဖြစ်ပါစေ လီဟမ်ရှန်းက ပြန်ရှင်လာတာနဲ့တင်ပဲ တော်တော်ကြီးကို ဟုတ်နေပါပြီ။

“သူ သူ ပြန်ရှင်လာတာသိပ်ကောင်းတာပဲ။ “အခြားသောရဲမက်များကလဲ လွန်စွာပျော်ရွှင်နေခဲ့ပြီး ထိုသူနှစ်ဦးအား ကမန်းကတန်းပင် ဖမ်းဆီးလိုက်ပါ၏။ ထိုသူနှစ်ဦးအား ကြီးမားလှသော အုန်းဆံကြိုးကြီးဖြင့် တုပ်နှောင်ကာ ခေါ်သွားခဲ့ပါသည်။

လီဟမ်ရှန်း၏အကြည့်က အပြင်သို့ရောက်သွားခဲ့၏။ ထိုနေရာတွင် မူလအဆင့်ရှိသော ကျွမ်းကျင်သူနှစ်ဦးက ပြဿနာရှာနေသည် မဟုတ်ပါ့လား။ ဟွာရှန်းကောနှင့်မုဟုန်ရွှယ်တို့ကလဲ အတွင်းတွင်ကြားရသော အော်ဟစ်သံများကို ကြားပြီးနောက်တွင် အနည်းငယ်အံ့ဩနေခဲ့ပါသည်။

အထဲမှာ ဘာတွေဖြစ်နေတာလဲ။ ဟွာကျစ်လျူနှင့် မူကျင်းက အဖမ်းခံလိုက်ရတာလား။ မဖြစ်နိုင်ဘူးလေ။ သူတို့နှစ်ဦးလုံးက ပြန်လည်မွေးဖွားခြင်းအဆင့်မှာ ရှိတဲ့ ကျွမ်းကျင်သူတွေပဲဟာကို သူတို့ကိုဘယ်သူက ဖမ်းနိုင်မှာတုန်း။

ဝမ်ကွေ့ဖန်းနှင့်  ရှုခွေက တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံကာ မျက်ရိပ်ပြလိုက်ပါ၏။

သူတို့နှစ်ဦးကလဲ အထဲမှာ ဖြစ်နေသောအခြေအနေများကို မသိကြပါချေ။ သူတို့အားလုံးစိတ်ရှုပ်ထွေးနေသည့်အချိန်မှာပင် သူတို့အရှေ့တွင်ပုံရိပ်တစ်ခုပေါ်လာသည်ကို မြင်လိုက်ကြပါ၏။

အရမ်းမြန်တာပဲ။ ဝမ်ကွေ့ဖန်းနှင့် ရှုခွေတို့ နှစ်ယောက် ဘာမှကို အာရုံမခံလိုက်မိပါ။ ရှုခွေက အလွန်တရာထိတ်လန့်သွားခဲ့ပါ၏။ သူ့အရှေ့တွင် ရပ်နေသောပုံရိပ်မှာ သူရင်းနှီးနေပြီးသော ပုံရိပ်တစ်ခုဖြစ်ပါသည်။

ထိုသူက သူ့ကိုကျောပေးထားပြီး အင်မော်တယ်ပုံဖော်ခြင်းလှံကို ကိုင်ဆောင်ထားပါ၏။

အင်မော်တယ်ပုံဖော်ခြင်းလှံမှာ သခင်၏လက်ထဲသို့ ပြန်ရောက်သွားသောကြောင့်စိတ်လှုပ်ရှားနေပြီး တဆတ်ဆတ်တုန်နေခဲ့ပါ၏။

လီဟမ်ရှန်းက ပြန်ရှင်လာတာလား…

All Chapters