အခန်း (၃၀၆)
Vol. 27 Ch. 306
ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ သေရွာကနေပြန်ရှင်လာတ ယ်ဆိုတာဒီလောကကြီးထဲမှာ ရှိကောရှိလို့လား။
သိုင်းလောကထဲတွင် ကျင်လည်ခဲ့သော ရှုခွေ၏ နှစ်ပေါင်းများစွာ အတွေ့အကြံများအရ လီဟမ်ရှန်းနှင့် တွေ့ဆုံပြီးနောက်တွင် သူတွေ့ကြုံခဲ့သော အတွေ့အကြံများမှာ လုံးဝ သုံးစား၍ မရသည်ကို ရှုခွေက အကြိမ်ကြိမ်ခံစားခဲ့ရပါ သည်။
အရင်တုန်းက ရှုခွေက လီဟမ်ရှန်း၏ အလောင်းကို သေသေချာချာကို စစ်ဆေးခဲ့ပါ၏။ လီဟမ်ရှန်းက အသက်ရှင်နေမလား ဟူသော မျှော်လင့်ချက်ဖြင့် အသက်ရှင်နေနိုင်မည့် လက္ခဏာကို သူက အကြိမ်ကြိမ်ကို စစ်ဆေးခဲ့ပါသည်။ သို့သော် သူမည်မျှပင်စစ်ဆေးပါစေ လီဟမ်ရှန်းထံမှ အသက်ရှင်နေသော လက္ခဏာဟူ၍ လုံးဝမတွေ့ခဲ့ပါ။
သူ၏နှလုံးသားမှာ ချွန်ထက်သော လက်နက်တစ်ခုဖြင့်ထိုး၍ဖောက်ခြင်းခံထားရခြင်းဖြစ်ပါ၏။ သူ့ကို နတ်ဘုရားများပင်ကယ်တင်နိုင်မည်မဟုတ်ပါ။ သို့ပေမဲ့ လီဟမ်ရှန်းက သူ့အရှေ့တွင် ကျန်းကျန်းမာမာနှင့် မတ်တပ်ရပ်နေသည်မဟုတ်ပါလား။
ထိုကဲ့သို့သော မြင်ကွင်းကြောင့် ရှုခွေအား ပြောစရာ စကားများပင်ဆွံ့အသွားစေခဲ့ပြီး လောကကြီးကို မြင်သော အမြင်များလည်း ပြောင်းလဲသွားခဲ့ပါတော့သည်။
ငါက ဘယ်သူလဲ။
ငါဘယ်ရောက်နေတာလဲ။
ငါ့ဦးလေးက ဘယ်လိုသေသွားတာလဲ။
ဘာတွေဖြစ်ကုန်တာတုန်း။
ထိုကဲ့သို့သော ပေါက်ကရ မေးခွန်းများသည် ရှုခွေ၏ ဦးခေါင်းထဲတွင် တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့ပါ၏။
ရှုခွေနဲ့ တူညီစွာပင် ဝမ်ကွေ့ဖန်းမှာလည်း အံ့ဩသင့်နေခဲ့ပါသည်။
လီဟမ်ရှန်းက သေနေပြီမဟုတ်ဘူးလား။ သူက လီဟမ်ရှန်း၏ အလောင်းကို တွေ့ခဲ့ပြီးဖြစ်ပါ၏။ သို့ပေမဲ့ သူတို့ရှေ့တွင် ရပ်နေသော သူမှာ ကျန်းကျန်းမာမာကြီးနှင့် အရှင်လတ်လတ်ကြီးဖြစ်နေသည်မဟုတ်ပါလား။
ဘာတွေဖြစ်ကုန်တာတုန်း။ လီဟမ်ရှန်းကို အရှင်လတ်လတ်မြင် လိုက်ရသူများမှာ အားလုံးက အထိန့်တလန့်ဖြစ်ကုန်ကြပြီဖြစ်သည်။
ဒီလူဟာ သေဟန်ဆောင်နေတာများလား။
ယခုလက်ရှိတွင်တော့ လီဟမ်ရှန်းက အင်မော်တယ် ပုံဖော်ခြင်းလှံကို ကိုင်ဆောင်ပြီး သူ၏ အကြည့်များမှာ မူဟုန်ရွှယ်နှင့်ဟွာ ရှန်းကောတို့ထံသို့ ဖြေးညှင်းစွာ ကျရောက်သွားခဲ့ပါသည်။ ထိုသူနှစ်ဦးကို ကြည့်ပြီးနောက်တွင် ထိုသူနှစ်ဦး ၏နောက်တွင်ရှိသော နောက်လိုက်များကိုပါ သူ့အကြည့်က လွှမ်းခြုံသွားခဲ့ပါ၏။
လီဟမ်ရှန်းထံမှ အကြည့်တစ်ချက်က၊ အကြည့်ခံလိုက်ရသူများ အားလုံးကို ဖိနှိပ်သော ခံစားချက်ကို ပေးစွမ်းခဲ့ သည်။ သူတို့က လူသားတစ်ဦးကို ကြည့်နေသည်နှင့်မတူဘဲ စွမ်းအားကြီး မားသောအရာတစ်ခုကို ကြည့်နေရသည်ဟု ခံစားလိုက်ရပါ၏။
ဟွာရှန်းကောနှင့် မူဟုန်ရွှယ် ပင် ထိုကဲ့သို့သော ဖိနှိပ်သည့်ခံစားချက်ကို ခံစားနေရပါတော့သည်။ လီဟမ်ရှန်း၏ မသေဆုံးခြင်းသည်က သူတို့၏ အထင်အမြင်များနှင့် ကျော်လွန်နေခဲ့ပါသည်။
လီဟမ်ရှန်းက ယခုကဲ့သို့ သော ဘာကြောင့် သေဟန်ဆောင်လဲဆိုတာကို သူတို့နားမလည်ခဲ့ပါ။ ဒါပေမဲ့ အခုပြန်ထွက်ပေါ်လာသော လီဟမ်ရှန်းက သူတို့အား ပြင်းပြင်းထန်ထန်ကို ဖိနှိပ်သည့် ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့ပါ၏။ သေသေချာချာကြည့်လိုက်သည့်အခါတွင် လီဟမ်ရှန်း၏ အရှိန်အဝါ များမှာ တလူလူနဲ့ထွက်ပေါ်နေခဲ့ပါသည်။
ဘယ်လိုပဲ ကြည့်ပါစေ သူက ယခုမှသာ ပြန်လည်မွေးဖွားခြင်းအဆင့်၏ နောက်ပိုင်းအထွက်အထိပ်အဆင့်တွင်သာ ရှိသေးသည်။
သူတို့၏ မူလအဆင့်စွမ်းအားများနှင့် နှိုင်းယှဉ်သော အခါတွင်လည်း လီဟမ်ရှန်း၏ ခွန်အားမှာ မပြောပလောက်အောင် သေးနုပ်သင့်သည်မဟုတ်ပါလား။
သို့သော် သူတို့၏ ခံစားချက်မှာ ထိုသို့မဟုတ်ပါချေ။ လီဟမ်ရှန်းထံမှ ဖိနှိပ်သည့် ခံစားချက်က အမှန်တစ်ကယ်ကို ရနေခဲ့ပါ၏။
“စစ်ဆေးရေးမှူးကြီး”
ဟွာရှန်းကောက အပြုံးတစ်ခုဖြင့်ပြောလိုက်ပါသည်။
“စစ်ဆေးရေးမှူးရုံးမှာ မတော်တဆမှုတစ်ခုဖြစ်ပြီးတော့ ရုံးတော်တစ်ခုလုံးအမြစ်ပြတ် သုတ်သင်ခံရတယ်လို့ကျုပ်တို့က ကြားတယ်ဗျ”
“အဲဒါအပြင် စစ်ဆေးရေးမှုးကြီးကျသွားလို့ ဈာပနပွဲရှိတယ်လို့ ထပ်ကြားတာကြောင့် ဒီကို ကျုပ်တို့အမြန်လာပြီးတော့ စစ်ဆေးရေးမှူးကြီးအတွက် လာပြီးတော့ ပူဆွေးတာပါ”
“ဒါပေမဲ့ဗျာ အခုကြည့်ရသလောက်ကတော့ အရာအားလုံးက နားလည်မှုလွဲ တာထင်ပါတယ်။ စစ်ဆေးရေးမှူးကြီးက ကျန်းကျန်းမာမာနဲ့ကို ရှိနေတာပဲ။ အဲဒါဆိုလို့ရှိရင် ဒီကောလဟာလတွေက ဘယ်လိုများထွက်လာတာလဲ ဆိုတာကျုပ်သိချင်တယ်ဗျာ”
“ အဲဒါအမှန်ပဲ။ အဲဒါအမှန်ပဲ။ ဒီကိစ္စကနေပြီး တော့ အခုလိုမျိုး နားလည်မှုကြီးကြီးမားမား လွဲရမယ်လို့ကျွန်မလဲ မထင်ထားခဲ့ဘူး” မူဟုန်ရွှယ်က လည်း အနေရခက်စွာ ပြုံးရင်းပြောလိုက်ပါသည်။ လီဟမ်ရှန်းက အသက်ရှင်နေသည်ကို တွေ့လိုက်ရသောကြောင့် ဒီနေ့ကိစ္စမှာ သူတို့ဘက်က အလေးမသာတော့သည်ကို ချက်ချင်းသိလိုက်ပါတော့သည်။
အခုသူတို့ရင်ဆိုင်ရတာက ရှုခွေ၊ ဝမ်ကွေ့ဖန်း အပြင် လီဟမ်ရှန်းပါရောက်လာပြီမဟုတ်ပါလား။ လီဟမ်ရှန်း၏လက် ထဲတွင် မူလအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သော တစ္ဆေဝံပုလွေက သေဆုံးသွားခဲ့ပြီလေ။ တစ္ဆေဝံပုလွေ၏ ခွန်အားမှာ သူတို့လောက် မကြီးမားသည့်တိုင် သူကမူလအဆင့် ဖြစ်နေသေးသည်မဟုတ်ပါလား။ ထိုကဲ့သို့ မူလအဆင့်အား လီဟမ်ရှန်းက သိုင်းကွက် တစ်ကွက်ထဲနှင့် သတ်ဖြတ်ခဲ့သည်လေ။
လီဟမ်ရှန်းမှာထိုကဲ့သို့သော ခွန်အားမှာ ကိုယ်တိုင်ပိုင်ဆိုင်ထားသည်ပဲဖြစ်ဖြစ်၊ ရတနာတစ်ခုကို အသုံးပြုခဲ့သည်ပဲ ဖြစ်ဖြစ် ယခုတွင်တော့ သူတို့က မရှင်းနိုင်သော အခြေအနေသို့ရောက်နေခဲ့ပါပြီ။
“မူအိမ်တော် နှင့် ဟွာအိမ်တော်တို့ရဲ့ခေါင်းဆောင်တွေကတော့ နောက်နေပါပြီဗျာ။ ကျုပ်အတွက် ငိုကြွေးပူဆွေးဖို့ အတွက်လာတယ်ဆိုရင်တောင်မှ ကျုပ်ရုံးတော်ရှေ့မှာ အခုလိုတိုက်ခိုက်နေဖို့ တော့ မလိုဘူးလို့ထင်တယ်ဗျ”
လီဟမ်ရှန်းတည်ငြိမ်စွာဖြင့်ပြောလိုက်ပါသည်။ ဒါက နှစ်ဖက်စလုံးမှာ ပြောစရာစကားများ ပျောက်ရှသွားခဲ့ပါ၏။
သူတို့က ဘာပြန်ပြောရမှန်းကို တစ်ကယ်မသိတော့ပါ။ သူတို့က ပူဆွေးရန်အတွက်လာသည်ဟု အကြောင်းပြထားသော်လည်း ရုံးတော်၏အရှေ့တည့်တည့်တွင် တိုက်ခိုက်နေခဲ့သည်မဟုတ်ပါလား။ ထိုကဲ့သို့ သောအရာကို ဘယ်လိုမျိုး အကြောင်းပြရပါ့မလဲ။
“ အတင့်ရဲလိုက်တာ။ ငါတို့ရဲ့ မိသားစုခေါင်းဆောင်က မင်းရဲ့ဈာပနပွဲမှာ လာပြီးတော့ပူဆွေးခဲ့တယ်။ဒါ မင်းကို မျက်နှာသာကြီးကြီးမားမား ပေးခဲ့တာပဲ။ ဒါကိုတောင်မှ မင်းက ကျေးဇူးမသိတတ်တဲ့ စကားကိုမပြောစမ်းနဲ့”
ရုတ်တရက်တွင် ပြန်လည်မွေးဖွားခြင်းအဆင့် နှောင်းပိုင်းတွင်ရှိသော လူတစ်ဦး ထိုသူက ဟွာရှန်းကော၏ နောက်တွင်ရှိပါသည်။ ထိုသူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်ပါ၏။
သူ၏ ဒေါသကြီးသော စိတ်ကို ထင်ဟပ်သည့်အလား သူ၏ ဆံပင်များမှာလည်း နီရဲနေပါသည်။ ထိုသူ၏ မျက်လုံးတစ်ဖက်မှာ ကြီးစွာသော အမာရွတ်ကြီးဖြစ်နေ၏။သူကလွန်စွာ စိတ်တိုနေပြီး ကျယ်လောင်စွာဖြင့် အော်ဟစ်နေခဲ့ပါ၏။
“ဇွတ်…..”
သူစကားကို ဆုံးအောင်မပြောလိုက်နိုင်ခင်မှာပင် ထိုဆံပင်နီနှင့်လူ၏ နဖူးမှာ တစ်စုံတစ်ခုက ဖောက်ထွင်းသွားခဲ့ပြီး နေရာတွင် ပစ်လဲကာ သေဆုံးသွားခဲ့ပါ၏။
သူက အစကနေအဆုံးအထိ တုန့်ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ချက်ချင်းသေသွားခဲ့ပါသည်။
မူလအဆင့်ကျင့်ကြံသူများအပါအဝင် ရှိနေသောသူများက အချိန်နှင့်တပြေးညီ မတုန့်ပြန်နိုင်ခဲ့ပါချေ။ လီဟမ်ရှန်း၏ လှုပ်ရှားမှုကို ဟွာရှန်းကောက မြင်ခဲ့သည့်တိုင် သူက ဆံပင်နီနှင့်သူအား သတိပေးရန်အတွက် အချိန်မမှီခဲ့ပါ။
သူလို့မူလအဆင့်ကပင် အချိန်မှီ သတိမပေးနိုင်ခဲ့သည့်အတွက် ထိုဆံပင်အနီနှင့်သူက မတုန့်ပြန်နိုင်ဘဲ သေသွားသည်မှာ မဆန်းပါချေ။
“ချန်ဖေး” ဟွာရှန်းကောက ထိတ်လန့်တကြီးနဲ့ အော်ဟစ်လိုက်ပါ၏။ ဟွာချန်ဖေးသည် သူ၏ မွေးစားသားထဲမှ တစ်ဦးသာဖြစ်ပါသည်။ ထိုသူက ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်တွင်ရှိပြီး
ဟွာမိသားစု၏ ပထမတန်း သိုင်းသမားတစ်ဦးပင်ဖြစ်၏။ ထိုသူအား ဟွာရှန်းကောက လွန်စွာ ယုံကြည်ပြီး သူကလည်း ဟွာမိသားစုအပေါ်တွင် အသက်ပေးကာ သစ္စာစောင့်သိတဲ့သူဖြစ်ပါ၏။
ထိုမွေးစားသားအား ဟွာရှန်းကောက အင်မတန်ချစ်မြတ်နိုးပါသည်။ သူ၏ မွေးစားသား ဆယ့်နှစ်ဦးတွင် မွေးစားသားသုံးဦးသာ ဟွာဟူသော မျိုးရိုးနာမည်ကို ဆက်ခံခွင့်ရပါသည်။ သူ၏မျက်စိရှေ့တွင် ဟွာချန်းဖေးက ထိုကဲ့သို့ သေဆုံးရမည်ဟု မမျှော်လင့်ထားခဲ့မိပါချေ။
“လီဟမ်ရှန်း”
ဟွာရှန်းကောက လွန်စွာ ဒေါသထွက်နေခဲ့ပါ၏။ သူ၏မျက်ဝန်းများမှာ ဒေါသကြောင့်မီးတောက်နေပြီး သတ်ဖြတ်လိုစိတ်မှာ အကြီးအကျယ်ထွက်ပေါ်လာခဲ့ပါ၏။
“မင်းက ငါ့ရဲ့မွေးစားသားကို သတ်ခဲ့တယ်”
“စစ်ဆေးရေးမှူးရုံးရှေ့မှာ စစ်ဆေးရေးမှူးကို လာပြီးစော်ကားတာ သေဒဏ်ပဲ”
လီဟမ်ရှန်းက တည်ငြိမ်စွာ ပြောလိုက်ပါသည်။
“ဒါနဲ့ပတ်သက်ပြီး ခင်ဗျားမကျေနပ်တာရှိလား”
“မင်း…”
ဟွာရှန်းကောက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ၏ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပါ။ နံဘေးတွင်ရှိသော မူဟုန်ရွှယ်ကတော့အခြေအနေကိုအကဲခတ်နေသော်လည်း ဘာတစ်ခုမှ ဝင်မပြောခဲ့ပါချေ။ လီဟမ်ရှန်း၏ရိုးရှင်းသော လှုပ်ရှားမှု တစ်ချက်က ဟွာအိမ်တော်ရဲ့ ပြန်လည်မွေးဖွားခြင်းအဆင့် အထွက်အထိပ် သိုင်းပညာရှင် တစ်ဦးကို ချက်ချင်းသေစေနိုင်တယ်တဲ့လား။
မူဟုန်ရွှယ်၏ အမြင်တွင်တော့ လီဟမ်ရှန်းက လွန်စွာ စွမ်းအားကြီးမားလှ၏။ ဟွာချန်းဖေးကလည်း လီဟမ်ရှန်းနှင့်အ ဆင့် တူပင်ဖြစ်သည်။ သို့သော် လီဟမ်ရှန်းက အဆင့်တူနေသောသူအား ပုရွတ်ဆိတ်တစ်ကောင်အား သတ်ဖြတ်လိုက်သကဲ့သို့ သတ်ဖြတ်လိုက်ပါ၏။
ထိုဖြစ်ရပ်က မူဟုန်ရွှယ်အား ကျောရိုးထဲထိ စိမ့်သွားစေခဲ့ပါသည်။ အမှန်တစ်ကယ်ပင် သူတို့က တိုက်ခိုက်မည်ဆိုပါက ဤတိုက်ပွဲကို သူတို့ နိုင်မည်မဟုတ်ပါ။ မူဟုန်ရွှယ်က နံဘေးသို့တိုးသွားပြီး ဟွာရှန်းကော၏ လက်မောင်းကို လှမ်းဆွဲလိုက်ပါသည်။
ထို့နောက်တွင် အလျင်စလို မပြုလုပ်ရန်အတွက် အကြည့်နဲ့ သတိပေးလိုက်ပါသည်။
“စစ်ဆေးရေးမှူးရှင့်။ ဒီနေ့က ကျွန်မ တို့ရဲ့ အမှားပါ။ စစ်ဆေးရေးမှူးကြီးကို မြင်ချင်တာကြောင့် ကျွန်မတို့အမှားတွေပြုလုပ်ခဲ့တာပါ။ အဲ့ဒါကြောင့် ဒါကို စစ်ဆေးရေးမှူးက မမှတ်ထားဘဲ ခွင့်လွတ်ပေးဖို့အတွက် တောင်းဆိုပါတယ်ရှင်”
မူဟုန်ရွှယ်က လက်ဟန်ပြုကာ အရိုအသေပေးပြီး ပြောလိုက်ပါသည်။
“ ဒါက နားလည်မှုလွဲတာဆိုတော့ ကျုပ်ကလည်း ကလေးဆန်ပြီးတော့ အငြိုးအတေးတွေမထားနေတော့ပါဘူး”
လီဟမ်ရှန်းက ပေါ့ပေါ့ပါးပါးပြောလိုက်ပါသည်။
“စစ်ဆေးရေးမှူး ကြီးအဆင်ပြေတယ်ဆိုမှတော့ ကျွန်မတို့တွေအေးအေး ဆေးဆေး နေနိုင်ပါပြီ”
မူဟုန်ရွှယ်က အပြုံးတစ်ခုနဲ့ ပြောလိုက် ပါ၏။
“စစ်ဆေးရေးမှူးကြီးသာ ကိစ္စတစ်ခုခုလိုအပ်တယ် ဆိုလို့ရှိရင် ကျွန်မတို့ အမိန့်သာပေးလိုက်ပါ။ ကျွန်မတို့ မူအိမ်တော်က ဓားတောင်ကိုပဲ ကျော်ရကျော်ရ မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ စစ်ဆေးရေးမှူးကြီး အတွက်အကုန်လုံးလုပ်ပေးပါ့မယ်”
“ကောင်းပြီလေ”
“ ဒါဆိုလို့ရှိရင် ကျွန်မတို့ကို ခွင့်ပြုပါဦးနော် စစ်ဆေးရေးမှူးကြီး”
မူဟုန်ရွှယ်က အတွင်းသို့လှမ်းခေါ်လိုက်ပါ၏။
“မူကျင်း။ ငါတို့ သွားရအောင်”
သို့သော် သူမပြောပြီးသည့်နောက်တွင် အတွင်းမှ မည်သည့်အသံမှ ထွက်မလာပါချေ။
လီဟမ်ရှန်းက ခေါင်းကို ခါရမ်းလိုက်ပြီး
“ခင်ဗျားတို့တွေက စစ်ဆေးရေးမှူးရဲ့ ရုံးတော်ရှေ့ လမ်းမမှာတိုက်ခိုက်ကြတယ်။ အဲ့ဒါက အများပြည်သူရဲ့ အေးအေးဆေးဆေးနေရတဲ့ငြိမ်းချမ်းတဲ့ဘဝကို ဖျက်ဆီးတာနဲ့တူတူပဲ။ ကျုပ်ကို အရမ်းတွေ့ချင်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး ကိစ္စ မျိုးတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျုပ်က အပြစ်မယူပါဘူး”
“ ဒါပေမယ့် မူကျင်းနဲ့ ဟွာကျစ်လျှိုတို့ကတော့ စစ်ဆေးရေးမှူး ရုံးတော်ထဲအထိဝင်ပြီး ပြဿနာတွေရှာတယ်။ သူတို့ရဲ့ ပြစ်မှု ကတော့၊ အပြင်က ခင်ဗျားတို့ရဲ့ပြစ်မှုထက်အများ ကြီးဆိုးမယ်။ အဲ့ဒါကြောင့် သူတို့က လွယ်လွယ်နဲ့ပြန်ထွက်ရမယ်မထင်နဲ့”
ထိုစကားကိုကြားသည်နှင့် ဟွာရှန်းကောနှင့် မူဟုန်ရွှယ်တို့၏ အပြုအမူများမှာချက်ချင်းပင်အရုပ်ဆိုးသွားခဲ့ပါသည်။
ဟွာရှန်းကောမှာ အံကျိတ်ထားလွန်းသောကြောင့် သူ၏သွားများ မှာ ကျိုးလုမတက်ပင် ။ မူဟုန်ရွှယ်၏ အရုပ်ဆိုးသော မျက်နှာမှာလည်း ချက်ချင်းပင် တည်ငြိမ်သောအမူအရာသို့ ပြောင်းလဲသွားခဲ့ပါ၏။
လီဟမ်ရှန်းက သူမတို့အားဖိအားပေးနေသည်ကို သူမ ကောင်းစွာ သဘောပေါက်ခဲ့ပါသည်။ လီဟမ်ရှန်းက ထိုနှစ်ယောက်ကို ကိုင်တွယ်ရန်အတွက် တမင်သက်သက်အကြောင်းပြနေသည်မှန်း သူမသိပါသည်။ ထိုကဲ့သို့သောအခွင့်အရေးကို လီဟမ်ရှန်းအား သူမကဘယ်လိုလုပ်ပေးနိုင်မှာလည်း။
“နားလည်ပါပြီ။ သူတို့က သူတို့ရဲ့အပြစ်ကို ပေးဆပ်သင့်တာပေါ့”
မူဟုန်ရွှယ်က အသက်ပြင်းပြင်းရှုကာ ပြောလိုက်ပါ၏။ ထို့နောက် သူမက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒီနေ့မှာ ကျွန်မတို့ရဲ့ ဘိုးဘေးက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ။ မူအိမ်တော်က ညစာစားပွဲအခမ်းအနားတစ်ခုပြင်ဆင်နေကြတယ်။ အဲဒါကြောင့်မို့ စစ်ဆေးရေးမှူးကြီးက အိမ်တော်ကို လာပြီးတော့ ကြွရောက်ချီးမြှင့်ပေးပါဦး”
မူအိမ်တော်ရဲ့ဘိုးဘေးကြီးက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီတဲ့လား။
ထိုစကားကို ကြားသည်နှင့် လူတိုင်း၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့ပါတော့သည်။ မူအိမ်တော်၏ ဘိုးဘေးမှာ မူလအဆင့်ကိုကျော်လွန်ပြီး မူလအဆင့်၏အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသူတစ်ဦးလည်းဖြစ်ပါသည်။
မူအိမ်တော်၏ ဘိုးဘေးကြီးမှာသက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေသောကြောင့် အဆင့် ချိုးဖြတ်တက်ရန်အတွက် အပြင်းအထန်ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါသည်။ နှစ်များစွာကြာသည်အထိ ထိုသူထံမှ မည်သည့်သတင်းမှ မကြားခဲ့ပါ။ အဆင့်ကို အောင်မြင်အောင် မချိုးဖြတ်နိုင်သော်လည်း ထိုကဲ့သို့သောမူလအဆင့်၏ အထွက်အထိပ်ကို ရောက်နေသော ကျင့်ကြံသူက တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်းက စစ်ဆေးရေးမှူးရုံးတော်ကို ပြင်းထန်စွာ ထိုးနှက်လိုက်ခြင်းပင်မဟုတ်ပါလား။
“ ကောင်းပြီလေ။ ကျုပ်လာခဲ့မယ်”
လီဟမ်ရှန်းက ထိုအရာကို အသေးအဖွဲ့ကိစ္စကဲ့သို့ သဘောထားခဲ့ပါသည်။ သူကခံစားချက်မဲ့စွာဖြင့်သာပြန်လည် တုန့်ပြန်လိုက်ပါ၏။
လီဟမ်ရှန်း၏ အမူအရာကိုမြင်သောကြောင့် မူဟုန်ရွှယ်က သူမမှန်းထားသည့် တုန့်ပြန်မှုမျိုးဖြစ်မနေသောကြောင့် အလိုမကျတော့ပေ။ သူမ၏ ဘိုးဘေးထွက်လာသည်ကို ပင်လျင် လီဟမ်ရှန်းက အဖက်မလုပ်သည့်အလားဖြစ်နေသောကြောင့်ပင်။
ဘာတွေဖြစ်နေတာလဲ။ သူက ဘာကိုမကြောက်ဘဲနဲ့ ဒီလိုအေးအေးဆေးဆေးဖြစ်နေရတာလဲ။ သူကဘာအားကိုးနေတာလဲ။ ဒါမှမဟုတ်ရင် ဟန်ဆောင်နေတာများလား။
သူမ၏ ခေါင်းထဲတွင် အတွေးများစွာတို့က ဖုံးလွှမ်းသွားပါ၏။
“ အဲဒါဆိုလို့ရှိရင်လည်း မူဟုန်ရွှယ်က စစ်ဆေးရေးမှူးကို နှုတ်ခွန်းဆက်ပါတယ်” ထိုသို့ပြောပြီးနောက်တွင် မူဟုန်ရွှယ်က နောက်သို့လှည့်ပြီး နောက် ဝေါယာဉ်ထဲသို့ ပြန်ဝင်သွားခဲ့ပါ၏။
“ဟွန့်….”
ဟွာရှန်းကောကလည်း အေးစက်စွာ နှာမှုတ်လိုက်ပြီး ဟွာချန်းဖေး၏ အလောင်းကို အစောင့်များကိုသယ်ခိုင်းပြီး ပြန်လှည့်ထွက်ခွာခဲ့ပါ၏။ ဟွာအိမ်တော်နှင့်မူအိမ်တော်တို့ လူများထွက်သွားပြီးသည့်အခါတွင် ဝိုင်အုံကြည့်နေသည့်လူအုပ်ကြီးမှာ ကမန်းကတန်းပင် လမ်းဖယ်ပေးလိုက်ပါ၏။
လီဟမ်ရှန်းကို ကြည့်နေကြသော သာမန်ပြည်သူများမှာ အားပါးတရ ဟစ်ကြွေးလိုက်ကြပါ၏။ ဟွာအိမ်တော်နှင့်မူအိမ်တော်က ယခုကဲ့သို့ ရှုံးနိမ့်ကာ ပြန်သွားသည်ကို သူတို့တစ်ခါမျှ မမြင်ဖူးခဲ့ပါချေ။ ယခုတွင်တော့ ယနေ့ဖြစ်ရပ်မှာ သူတို့ရှေ့တွင် ဖြစ်ပျက်ခဲ့သည်မဟုတ်ပါလား။ ထိုသူများထွက်သွားသည်နှင့် လီဟမ်ရှန်းကအင်မော်တယ်ပုံဖော်ခြင်းလှံကို ပြန်သိမ်းလိုက်ပြီးနောက်တွင် သူ့နံဘေးတွင် ရပ်နေသော သူနှစ်ဦးကို ကြည့်လိုက်ပါ၏။
“ ဦးလေးရှု စိတ်ပူစေလို့ တောင်းပန်ပါတယ်” လီဟမ်ရှန်းက အပြုံးတစ်ခုနှင့်ပြောလိုက်ပါ၏။
ရှုခွေက ဘာပြောရမှန်းမသိပါချေ။ ဒါပေမဲ့ လီဟမ်ရှန်းအသက်ရှင်နေသည်ကြောင့် ကောင်းတယ်ဟု သူက တွေးနေခဲ့ပါ၏။ သူက အပြုံးတစ်ခုနှင့်ပြောလိုက်ပါသည်။
“အသက်ရှင်နေတာကောင်းတယ်။ အသက်ရှင်နေတာသိပ်ကောင်းတာပဲ”
“ ဒါကဘယ်သူလဲ” လီဟမ်ရှန်းကဝမ်ကွေ့ဖန်းကို ကြည့်ပြီးပြောလိုက်ပါသည်။
အသစ်ရောက်လာသော မူလအဆင့်ကျင့်ကြံသူကိုသူ တစ်ခါမျှ မမြင်ဖူးပါ။ ထို့ကြောင့် လီဟမ်ရှန်းက သိချင်နေခဲ့ပါ၏။
“စစ်ဆေးရေးမှူးကြီး ကျုပ်နာမည်က ဝမ်ကွေ့ဖန်းပါ။ ကျန်းရွှယ်နယ်မြေက လာတာပါ” ဝမ်ကွေ့ဖန်း က သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်၏။
“ကျုပ်က ကျန်းရွှယ်နယ်မြေက စစ်ဆေးရေးမှူးရုံးက နတ်ဘုရားဖမ်းဆီးသူပါဗျ”
“ကျန်းရွှယ်နယ်မြေ” လီဟမ်ရှန်းက မျက်ခုံးတစ်ဖက်မြှင့်လိုက်ပြီး
“အဲဒါက မဟာယွမ်မင်းဆက်ရဲ့ နယ်မြေမဟုတ်လား။ ဟုတ်ပါတယ်ဗျ။ လူကြီးမင်းရဲ့ မတော်တဆ ဖြစ်ရပ်ကို ကြားပြီး ကျုပ်ရဲ့အရှင်က ဒီမှာရှိတဲ့ စစ်ဆေးရေးမှူးရုံးကို စိတ်ပူနေခဲ့ပါတယ်။ အဲဒါကြောင့်မို့ ကျုပ်ကို လွှတ်ပြီးတော့ ကူညီပေးခဲ့တာပါ”
ဝမ်ကွေ့ဖန်းက အပြုံးနဲ့ပြောလိုက်ပါသည်။
“သခင်လေး၊ နတ်ဘုရားဖမ်းဆီးသူဝမ်က ဒီရက်ပိုင်းအတွင်း ရှိနေလို့သာပေါ့။ မဟုတ်လို့ရှိရင် ကျုပ်တို့ စစ်ဆေးရေးမှူးရုံးက ကိစ္စရပ်တွေကို ကောင်းကောင်း မွန်မွန် လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။ မူစန်းနဲ့ တိုက်ပွဲမှာ လင်းချီကျိုးက သေမလိုတောင်ဖြစ်သွားသေးတယ်”
“အဲဒီအချိန်တုန်းက နတ်ဘုရားဖမ်းဆီးသူဝမ်က သူ့ကို ကယ်ခဲ့တာ”
“ကျေးဇူးတင်ပါတယ်ဗျာ နတ်ဘုရားဖမ်းဆီးသူ ဝမ်” လီဟမ်ရှန်းက တရိုတသေနဲ့ ဦးညွှတ်လိုက်ပါသည်။
“ ဟာ ပြောစရာမလိုပါဘူး လူကြီးမင်း ။ ပြောစရာမလိုပါဘူး။ ကျုပ်ရဲ့အရှင်က ဒီအမိန့်ကို ပေးခဲ့တာကြောင့် မို့လို့ ကျွန်တော့်မှာ ဒီတာဝန်ရှိပြီးသာပါ”
ဝမ်ကွေ့ဖန်းက မြန်မြန်ဆန်ဆန်ပြောလိုက်ပါသည်။
“ခင်ဗျားရဲ့အရှင်နာမည်က ဘယ်သူလဲ” လီဟမ်ရှန်းက သိချင်ပါ၏။
“ကျုပ်ရဲ့အရှင်က ကျုံးကွမ်းလို့ခေါ်ပါတယ်”ဟု ဝမ်ကွေ့ဖန်းက ပြောလိုက်ပါသည်။
“ကျုံးကွမ်း ဟုတ်လား” ထိုအမည်ကို လီဟမ်ရှန်းကမကြားဖူးသောကြောင့် အံ့ဩနေခဲ့ပါ၏။
သူဘယ်လောက်တွေးတွေးမမှတ်မိပါ။ ထိုသူ၏အမည်မှာ မူလအဆင့်ကို သိပ်မကြာခင်က ချိုးဖြတ်တက်လာသော သူ၏အမည်နှင့် မတူပါချေ။ ထိုသူက နှစ်ပေါင်းများစွာ ကြာကတည်းက မူလအဆင့်ကို ရောက်ရှိနေပြီးသား ပုံစံနှင့်တူ၏။
ဖြစ်နိုင်တာက တစ္ဆေနတ်ဆိုးစမ်းသပ်ပွဲမှာ တုန်းက သူ တွေ့ခဲ့ဖူးတဲ့ တစ်ယောက်ယောက်များလား။ ဒါပေမဲ့ အဲဒီလူက သူကိုမသိဘူးဆိုရင်တောင်မှ ဘာကြောင့်မို့ သူ့ကို ကူညီပေးခဲ့တာလဲ။ လီဟမ်ရှန်း၏မျက်နှာပေါ်က ဝေခွဲရခက်နေသော အမူအရာကိုမြင်သောကြောင့် ဝမ်ကွေ့ဖန်းကလဲ ပြုံးပြီးပြောလိုက်ပါသည်။
“ ကျွန်တော်ရဲ့ အရှင်က ဘာလို့ ဒီကိုကျုပ်ကိုလွှတ်ပြီးကူညီ ခိုင်းလဲဆိုတာကို သိချင်နေတာလား။ အမှန်တိုင်းပြောလို့ရှိရင်တော့ကျုပ်ရဲ့ အရှင်က လူကြီးမင်းကို မသိပါဘူး”
“ကျုပ်ဒီကိုလာပြီးကူညီရတာက အထက်က အမိန့်ပေးလိုက်လို့ပါ။ ဘိုးဘေးကြီးကိုယ်တိုင်က ဒီအမိန့်ကို ချမှတ်ခဲ့တာပါ”