အခန်း (၃၀၈)
Vol. 27 Ch. 308
လီဟမ်ရှန်းက လုရှီရန်အားငုံ့ကြည့်လိုက်ပါသည်။ သူမ၏မျက်နှာများတွင် ဖုန်များ သဲများနှင့် ပေကျန်နေပြီး သူမ၏နှုတ်ခမ်းများမှာလည်း ရေမသောက်ရသောကြောင့် ခြောက်သွေ့ကာ ကွဲအက်နေခဲ့ပါသည်။
သူမက ဖုန်များ၊ သဲများပေကျန်နေသော ညစ်ပတ်နေသည့်ပေါက်စီကို ကိုင်ထားပါသည်။ သူမ၏ပုံစံ ကိုကြည့်ရသည်မှာ သူမ၏လက်ထဲက ပေါက်စီက မြေကြီးပေါ်ပြုတ်ကျသွားပြီးနောက် သူမက ထိုပေါက်စီကို ပြန်ယူကာ ဗိုက်ဆာစွာ ဖြင့် စားသောက်နေပုံရပါသည်။
“လာ လာ လာ ငါနဲ့တူတူ ထမင်းလာစား”
လီဟမ်ရှန်းက လုရှီရန်၏ လက်ထဲမှ ဖုန်များသဲများနှင့် ညစ်ပတ်ပေရေ နေသည့် ပေါက်စီကို ဆွဲယူပြီး အဝေးသို့ လွှင့်ပစ်လိုက်ပါသည်။
ထိုပေါက်စီက စားသောက်ရန် မသင့်တော်တော့ပါ။ လွန်စွာ ညစ်ပတ်နေပြီဖြစ်၏။ လုရှီရန်က ညစ်ပတ်ပေကျန်နေသော ပေါက်စီကို မခွဲနိုင်မခွာစွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပါသည်။
သို့သော် ထိုပေါက်စီကို မကောက်ဘဲ လီဟမ်ရှန်း ဦးဆောင်သောနောက်ကိုသာ လိုက်ခဲ့လိုက်ပါသည်။
“အပေါ်ထပ်က ငါ့လူတွေကို ပြောလိုက်ကွာ။ ငါသူတို့နဲ့ တူတူ လာမသောက်နိုင်တော့ဘူးလို့။ သူတို့ဘာသာသူတို့ အေးအေးဆေးဆေးသောက်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် စကားပြောထားနှင့်ကြပါဦးလို့။ ငါက ပြောခိုင်းလိုက်တယ်လို့ပြောလိုက်ပါကွာ”
လီဟမ်ရှန်းက စားပွဲထိုးကို ပြောလိုက်ပါ၏။
“လူကြီးမင်းမှာတဲ့ အတိုင်းသွားပြောပေးပါမယ်”
စားပွဲထိုးက ခပ်မြန်မြန်ပင် အပေါ်ထပ်သို့ တက်သွားပြီးဝမ်ကွေ့ဖန်းတို့အဖွဲ့ကို လီဟမ်ရှန်း မှာလိုက်သည့်စကားကို ပြောလိုက်ပါ၏။
“ဆိုင်ရှင် စားသောက်ပွဲ တစ်ပွဲ ပြင်ပေးပါဗျာ” လီဟမ်ရှန်း က စားသောက်ဆိုင်ပိုင်ရှင်အား ညွှန်ကြားလိုက်ပါ၏။
“ဒါပေါ့သခင်လေး။ ကျုပ် ချက်ချင်းပဲ စီစဉ်ပေးပါ့မယ်” ဆိုင်ရှင်က ခပ်မြန်မြန်ပင် လိုအပ်သည်များကို သွားစီစဉ်လိုက်ပါသည်။
လီဟမ်ရှန်းက စားပွဲထိုးတစ်ဦးကို ခေါ်ကာ လုရှီရန် မျက်နှာသစ်ရန် အတွက်ရေတစ်ဇလုံကို ယူလာခိုင်းလိုက်ပါသည်။ ပေကျန်နေသောအရာများကို မျက်နှာပေါ်မှ ဖယ်ရှားပြီးသည့် နောက်တွင် လုရှီရန်၏ အလှတရားများ ပြန်လည်၍ ထွက်ပေါ်လာခဲ့ပါသည်။
လီဟမ်ရှန်းက သူမ၏ သူမ၏ မျက်နှာ လှလှလေးထက်မှ မှုန်မှိုင်းနေသော
မျက်ဝန်းများကို ကြည့်ပြီး သူမ ခံစားခဲ့ရသော ဆင်းရဲ ဒုက္ခများကို ခန့်မှန်းမိပါသည်။
“ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ငါ့ကို ပြောပြစမ်းပါဦး”
လီဟမ်ရှန်းက လုရှီရန်၏ ပုခုံးနှစ်ဖက်ကို ကိုင်ကာ ထိုင်ခိုင်းလိုက်ပြီး မေးလိုက်ပါ၏။
“နင့်ရဲ့ ကျင့်ကြံခြင်းတွေ ဘယ်ရောက်သွားလဲ။ ပြီးတော့ နင့်ရဲ့ နတ်ခန္ဓာကရော ဘယ်လိုဖြစ်ကုန်တာလဲ။ ငါ တစ်ခုမှ အာရုံ ခံလို့မရဘူး”
“ ကျွန်မရဲ့ စွမ်းအားတွေ အကုန်လုံးကို ချိတ်ပိတ်ခံထားရတယ်” လုရှီရန်က တည်ငြိမ်စွာပြောလိုက်ပါ၏။
“ချိတ်ပိတ်လိုက်တဲ့လူတွေက ဆုမိသားစုကလူတွေပဲ”
“ တောင်ပိုင်းဒေသက ဆုမိသားစုကိုပြောတာလား” ထိုစကားကိုကြားသောအခါ လီဟမ်ရှန်းက အံ့ဩသွားခဲ့၏။
“ဟုတ်တယ်လေ”
လုရှီရန်ကဆက်ပြောပါသည်။
“ဆုမိသားစုက ကွမ်လန်နန်းတော်ကိုလာပြီးတော့ လက်ထက်ပွဲလုပ်ဖို့အတွက် လာဆွေးနွေးခဲ့တယ်။ စစချင်းတုန်းက သူတို့လက်ထပ်ချင်တဲ့ကိစ္စက ကျွန်မနဲ့ဘာမှမဆိုင်ပါဘူး။
ဒါပေမဲ့ ဆုရှန်းချီက ကျွန်မကိုမြင်သွားပြီး ကျွန်မရဲ့နတ်ခန္ဓာကို သူသိသွားတယ်လေ။ ကျွန်မမှာ နတ်ခန္ဓာကိုယ်ရှိတာ သိပြီးနောက်ပိုင်းမှာ သူကကျွန်မကိုလက်ထက်ဖို့ကို အတင်းအကြပ်လုပ်တော့တာဘဲ”
“ ကွမ်ကျူးက မကန့်ကွက်ဘူးလား” လီဟမ်ရှန်းက အထိတ်တလန့်နှင့်မေးလိုက်ပါ၏။
“စစချင်းတုန်းက ကွမ်ကျူးက လုံးဝကန့်ကွက်တယ်။ ဒါပေမဲ့ ဆုမိသားစုက ကွမ်ကျူးကို စိတ်ပြောင်းအောင် ဘာတွေကမ်းလှမ်းလိုက်လဲမသိဘူး။ နောက်ဆုံးမှာ ကွမ်ကျူးက သဘောတူခဲ့ပါတယ်”
“ကျွန်မထွက်မပြေးနိုင်အောင်ဆိုပြီးတော့ ကျင့်ကြံခြင်းတွေနဲ့ ကျွန်မရဲ့နတ်ခန္ဓာကို တစ်ခါတည်းချိတ်ပိတ်လိုက်တယ်။ ဒါတောင်မှ ကျွန်မရအောင်ထွက်ပြေးခဲ့သေးတယ်လေ”
လုရှီရန်က ထိုအဖြစ်အပျက်များကို ထမင်းစားရေသောက်ကိစ္စများလို့ ဘာမှမထူးခြားသည့်အလား အေးအေးဆေးဆေးပြောနေပါသည်။
“ကွမ်လန်နန်းတော်ရဲ့နောက်မှာ ဘယ်သူမှသိပ်မသိတဲ့မြစ်တစ်စင်းရှိတယ်။ အဲ့ဒီမြစ်ထဲကို ကျွန်မကခုန်ချပြီး ထွက်ပြေးခဲ့တာပဲ။ မြစ်ရေစီးကြောင်းက သန်လွန်းတဲ့အခါကျတော့ ကျွန်မရဲ့ခန္ဓာကိုယ်ကို တစ်ခါတည်းသယ်သွားနိုင်တယ်လေ။ အဲ့ဒီတော့ သူတို့တွေလည်း ကျွန်မကို အချိန်မီလိုက်မရှာနိုင်ကြဘူး”
လုရှီရန်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ခါ ပြောလိုက်ပါ၏။
“ဒီလောက်ထိ ရေစီးကြမ်းတဲ့ မြစ်ထဲကို ကျင့်ကြံမှုမရှိဘဲ ခုန်ဆင်းတယ်ပေါ့လေ” လီဟမ်ရှန်းက သူ့ရဲ့နားကိုပင် သူမယုံနိုင်ခဲ့ပါ။
“နင်ရူးနေလား။ နင်သေတောင်သေသွားနိုင်တယ်လေ”
“ ကျွန်မ ဆုရှန်းချီကို လက်ထပ်ရမဲ့အစား အသေခံပစ်လိုက်မယ်။ ကျွန်မသူ့ကို သည်းမခံနိုင်ဘူး။ ပတ်လည်းမပတ်သက်ချင်ဘူး။ ပြီးတော့ ကျွန်မမှာ လက်ထပ်ရမဲ့သူက ရှိပြီးသားလေ။ အဲဒါ ရှင်ပဲလေ။ ယောင်္ကျားရဲ့။ ရှင်ရှိနေမှတော့ တစ်ခြားဘယ်သူ့ကို ကျွန်မက လက်ထပ်ရမှာလဲ”
လုရှီရန်က လီဟမ်ရှန်း ကို ကြည့်ပြီးပြောလိုက်ပါ၏။ လီဟမ်ရှန်းက ဘာပြောရမှန်းမသိ ဖြစ်နေစဉ်မှာပင် စားပွဲထိုးက ရောက်လာပြီး စားသောက်ဖွယ်ရာများကို ချပေးလိုက်ပါ၏။
“အရင်ဆုံးစားရအောင်”
လီဟမ်ရှန်းက ခပ်မြန်မြန်ပြောလိုက်ပါသည်။ စားပွဲအပြည့် စားသောက်ဖွယ်ရာများကို ပြင်ထားသည်ကို မြင်သောကြောင့်လုရှီရန်က အသည်းအသန် စားသောက်လိုက်ပါတော့၏။
သူမစားသောက်နေသည်ကို ကြည့်ပြီးနောက်တွင် သူမ၏ခရီးတစ်လျောက်တွင် အရမ်းကို ခက်ခဲ ကြမ်းတမ်းခဲ့သည်ကို လီဟမ်ရှန်းက သတိပြုမိခဲ့ပါသည်။
ကွမ်လန် နန်းတော်နှင့် ကျန်းကော စံအိမ်ကြားအကွာအဝေး က အရမ်းကို ဝေးကွာလွန်းတဲ့ အပြင် အန္တရာယ်များနှင့် ပြည့်နှက်နေသည်မဟုတ်ပါလား။
သူမလိုမျိုးမိန်းကလေးတစ်ယောက်အနေနဲ့ ကျင့်ကြံခြင်းမရှိဘဲနဲ့ အဲလောက်အဝေးတဲ့ ခရီးကို ရောက်လာဖို့ဆိုတာ အရမ်းကို ခက်ခဲမည်မဟုတ်လား။
သူမက စားသောက်နေရင်း တစ်ဝက်လောက်ရောက်သောအခါတွင် လီဟမ်ရှန်း၏အကြည့်ကို သတိထားမိသောကြောင့် လုရှီရန်က စားနေသော အစားအစာများကို မြိုချရင်းပြောလိုက်ပါသည်။
“ယောင်္ကျား ရှင်စိတ်မပူပါနဲ့။ အခု ကျွန်မ ဖြစ်နေတဲ့ဟာတွေက ဘာမှ မဟုတ်ပါဘူး။ ကျွန်မ တစ်ဘဝလုံး ဒီလိုမျိုး ခက်ခဲ ကြမ်းတမ်းတဲ့ ဘဝမှာ နေခဲ့ရတာပါ။ အဲဒါကြောင့်မလို့ ကျွန်မက ဒီဘဝနဲ့ အသားကျနေပြီးသားပါ”
“ အခုလိုမျိုး ခရီးကြမ်းတွေ လျှောက်သွားပြီး တော့ပင်ပန်းဆင်းရဲတာက ကျွန်မအတွက် ဘာမှ မဟုတ်ပါဘူး။ ကျွန်မမှာ ကျင့်ကြံခြင်းတွေ မရှိလဲ အဆင်ပြေတယ်။ ပြီးတော့ ယောင်္ကျားမေ့နေတာက ကျွန်မက ကျွန်မရဲ့ စွမ်းအားတွေကို ရထားတာက တစ်နှစ်တောင်မပြည့်သေးဘူးလေ”
“ ယောင်္ကျားကို ရှာရတာ အရမ်းကို ခက်ခဲတာပဲ ယောင်္ကျားရယ်။ ကျွန်မ အရင်ဆုံးကွမ်လန်နန်းတော်ကနေထွက်ပြေးလာတာနဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို အရင်ဆုံးသွား ခဲ့တာ။ ဒါပေမဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနားရောက်တဲ့အခါမှာပဲ ယောင်္ကျားက ကျန်းကောစံအိမ်ကို စစ်ဆေးရေးမှူးလုပ်ဖို့အတွက် တာဝန်ပေးခံရတယ်ဆိုတာ သိလိုက်ရတယ်”
“ အဲဒါကြောင့်မို့လို့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကနေ ကျွန်မ ဒီနေရာအထိ ကိုလာခဲ့ရတာလေ။ ဒီကို ရောက်တာနဲ့ ယောင်္ကျားကို အခုလိုမျိုး ရှာလို့ရမယ်လို့ ထင်မထားခဲ့ဘူး”
လုရှီရန်က ပြုံးရွှင်စွာ ပြောလိုက်ပါ၏။
“ အရင်စားလိုက်ပါဦး။ ဟင်းပွဲတွေ အများကြီးကျန်သေးတယ်”
လီဟမ်ရှန်းက လုရှီရန်၏ ခေါင်းလေးကို သူ၏ လက်ဖဝါးနှင့် ဖြေးညှင်းစွာပုတ်ရင်း ကြင်ကြင်နာနာ ပြောလိုက်ပါသည်။
လုရှီရန်၏ နတ်ခန္ဓာကိုယ်နှင့် ကျင့်ကြံစဉ်များကို ချိတ်ပိတ်ထားသော ဆုမိသားစု၏ နည်းလမ်းကို လီဟမ်ရှန်းက သိလိုနေပါသည်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ နာမည်ကျော် စည်းတံဆိပ်ငါးချက် သိုင်းပညာပင်လျင် တစ်စုံတစ်ဦး၏ နတ်ခန္ဓာကိုယ်ကို ချိတ်ပိတ်ရန် မဖြစ်နိုင်ဘူးမဟုတ်ဘူးလား။
ပြီးတော့ ကွမ်လန်နန်းတော်က ကွမ်ကျူးနဲ့ ဆုမိသားစုက ဆုကျန်းက ဘယ်လိုမျိုးအရာကို ရထားခဲ့လို့ လုရှီရန်ကို ဆုမိသားစုနဲ့ လက်ထပ်ဖို့သဘောတူခဲ့ရတာလဲ။
ထိုအရာများအားလုံးက လျို့ဝှက်ဆန်းကြယ်နေခဲ့ပါသည်။နောက်ဆုံးမှာတော့လုရှီရန်က စားပွဲနှစ်လုံးစာအပြည့် စားသောက်စရာများကို စားပြီးနောက်တွင် သူမကစိတ်ကျေနပ်သွားခဲ့ပါ၏။
လီဟမ်ရှန်းက သူမအတွက်လှပသောဝတ်စုံများကိုတစ်ထည်ပြီး တစ်ထည်ဝယ်ပြီး သူမကိုဆင်ပေးလိုက်ပါ၏။
“ဒီအဝတ်တွေဝတ်လိုက်။ အခုလောလောဆယ် ဝတ်ထားတဲ့ စုတ်ပြတ်သတ်နေတဲ့ အဝတ်တွေကို ချွတ်ပြီး လွှင့်ပြစ်လိုက်တော့”
လီဟမ်ရှန်းက လုရှီရန်ကိုပြောလိုက်ပါ၏။
“ဟုတ် ဟုတ်ယောင်္ကျား” လုရှီရန်၏မျက်လုံးများမှာ သူမ၏မျက်စိရှေ့တွင်ရှိသော လှပသောအဝတ်အစားများကို မြင်ပြီး အရောင်တောက်ပသွားခဲ့ပါ၏။
“ယောင်္ကျားရှင်ဘယ်သွားမလို့လဲ”
လီဟမ်ရှန်းက အပြင်သို့ထွက်သွားတော့မည့် ဟန်ပြုနေသောကြောင့် လုရှီရန်ကအလန့်တကြားလှမ်းခေါ်လိုက်ပါ၏။
“နင် အဝတ်စားလဲလို့ ရအောင် ငါအပြင်ထွက်ပေးတာလေ”
လီဟမ်ရှန်းက အံဩစွာဖြင့်ပြောလိုက်ပါ၏။
“ရတယ်လေ ယောင်္ကျား။ အပြင်ထွက်စရာမလိုပါဘူး။ ရှင်က ကျွန်မယောင်္ကျားပဲဟာကို။ ဒီမှာပဲနေပါ။ ဘာတွေကြောက်နေတာလဲ”
လုရှီရန်က တစ်ကယ်ကိုစိတ်မရှိခဲ့ပါ။
“တော်ပြီ တော်ပြီ ငါသွားပြီ”
လီဟမ်ရှန်းက မျက်နှာကြီးနီးမြန်နေပြီး အပြင်သို့ထွက်ပြီးတံခါးကိုပိတ်ကာ ကျောမှီလိုက်ပါ၏။
လီဟမ်ရှန်းက လုရှီရန်အား စစ်ဆေးရေးမှူးရုံးတော်၌ သူနှင့်အတူတူအချိန်တစ်ခုကြာသည်အထိ နေထိုင်ခိုင်းရန်စီစဉ်ထားခဲ့ပါသည်။
ကွမ်လန်နန်းတော်နှင့်ဆုမိသားစုကလူများက အခုအချိန်သူမကို အသည်းအသန် လိုက်ရှာနေကြမည် ဖြစ်၏။သူ့အနားမှာနေပါက လုရှီရန်ကို ကာကွယ်ပေးရန်အတွက် သူရှိသည်မဟုတ်ပါလား။
လုရှီရန်တစ်ယောက် သိုင်းလောကထဲတွင် သူဖုန်းစားသာသာ ပေတေညစ်ပတ်စွာဖြင့် လျောက်သွားနေမည်ကို လီဟမ်ရှန်းက မလိုလားပါချေ။
လုရှီရန်၏ဘဝတွင် အားကိုးစရာဟူ၍ ဘယ်သူမှမရှိတော့ပြီမဟုတ်ပါလား။ သူကသာလုရှီရန်၏ မှီခိုအားထားစရာ တစ်ဦးတည်းသော သူအဖြစ် ကျန်ရစ်နေခဲ့ပြီလေ။
သူ၏စိတ်ခံစားချက်အပါဝင် ဦးနှောက်နှင့် တွေးတောချက်များအရ သူကလုရှီရန်အား အဝေးသို့ မလွှတ်နိုင်ပါချေ။ သူတို့နှစ်ဦးက သေခြင်းရှင်ခြင်းတရားများကို တူတူကျော်ဖြတ်ခဲ့ပြီးပြီ မဟုတ်ပါလား။
တခဏကြာပြီးနောက်တွင် တံခါးပွင့်လာပြီး အဝတ်စား သစ်ဝတ်ထားသော လုရှီရန်က အပြင်သို့ ထွက်လာခဲ့ပါ၏။ သူမ၏ ပုံစံမှာ ရင်သပ်ရှုမောဖွယ်ကောင်းလွန်းလှပါသည်။ သူမကို မြင်လိုက်သော စားသောက်ဆိုင်တွင်းရှိလူများအားလုံးမှာ ငုတ်တုပ်မေ့ကုန်ကြပါ၏။
သူမ၏ နူးညံ့ညင်သာသော အလှတရားသည် တစ်ချက်ကြည့်လိုက်သည်နှင့် လူတိုင်းကို မိန်းမောသွားစေခဲ့ပါ၏။
လီဟမ်ရှန်းက ခပ်ဖျော့ဖျော့ ပြုံးပြီးနောက်တွင်မေးလိုက်ပါသည်။
“ အခု ဘာဆက်လုပ်မယ် လို့စဉ်းစားထားလဲ”
“ကျွန်မမှာ ဘာအစီအစဉ်မှ မရှိဘူးလေ။ ရှင်ဘယ်သွားသွား ရှင့်နောက်ကျွန်မ လိုက်မယ်။ ကျွန်မက ရှင့်ရဲ့ ဇနီးပဲ ဟာ”
လုရှီရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပါ၏။
“ ငါက ကျန်းကောစံအိမ်မှာ စစ်ဆေးရေးမှူးအနေနဲ့ နှစ်နည်းနည်းကြာအောင် နေရဖို့ အလားအလာရှိတယ်။ နင်သာ သဘောကျမယ်ဆိုရင် ငါ့အနားမှာပဲ နေလေ။ ဆုမိသားစုနဲ့ ကွမ်လန်နန်းတော်က နင့်ကို ဒီနေရာအထိတော့ လာရှာမယ်မထင်ဘူး” လီဟမ်ရှန်းက လုရှီရန်အား သူ၏အတွေးကို ပြောလိုက်ပါ၏။
“ယောင်္ကျား အစီအစဉ်ကို ကျွန်မ နာခံပါ့မယ်” လုရှီရန်က ခေါင်းညိတ်ကာ ပြောလိုက်ပါ၏။
“ ဒါဆိုလိုရှိရင် စစ်ဆေးရေးမှူးရုံးကို ပြန်ကြတာပေါ့”
လီဟမ်ရှန်းက စားသောက်စရာများအတွက် ငွေချေလိုက်ပြီး လုရှီရန်၏လက်ကို ဆွဲကာ စစ်ဆေးရေးမှူးရုံးသို့ ပြန်သွားခဲ့ပါသည်။
စစ်ဆေးရေးမှူးရုံးတော်ရှိ လူတိုင်းက လီဟမ်ရှန်းမှာလွန်စွာ လှပသော အမျိုးသမီးလေးပြန်ခေါ်လာသည်ကို တွေ့သောကြောင့် အကုန် လန့်ဖျန့်သွားကုန်ပါ၏။
သူက လုရှီရန်မှာ သူ၏သွေးဝေးသော ဝမ်းကွဲ ဖြစ်သည် ။
လုရှီရန်ဟု ခေါ်သည်ဟု အားလုံးကို မိတ်ဆက်ပေးခဲ့ပါ၏။ ထိုမျှလောက်သာပြောပြီး တစ်ခြားဘာမျှ ကိုသူမပြောခဲ့ပါ။
ဒါပေမဲ့ လူတိုင်းက ဘယ်ယုံကြလိမ့်မလဲ။ ဒီလောက်ထိလှတဲ့ ကောင်မလေးက လီဟမ်ရှန်းရဲ့သွေးဝေးတဲ့ အမျိုးဖြစ်နိုင်ပါ့မလား။
ယုံကြည်နိုင်စရာ တစ်စက်မှ မရှိဘူးလေ။ ဒါပေမဲ့ လူတိုင်းက အကုန်လုံးနားလည်ကြပြီး လီဟမ်ရှန်းလိမ်ညာနေသည်ကို မဖော်ထုတ်ခဲ့ပါချေ။
သူတို့အားလုံးက ယောင်္ကျားတွေချည်းပဲ မဟုတ်ပါလား။ အဲဒီတော့ ယောင်္ကျားချင်းဖြစ်တဲ့ လီဟမ်ရှန်းက ဘာအကွက်တွေနင်းပြီး ဘယ်ခြေလှမ်း လှမ်းတယ်ဆိုတာ အားလုံးက ရိပ်မိကြတယ်လေ။
သို့သော် လုရှီရန်က စစ်ဆေးရေးမှူးရုံးသို့ ရောက်လာသည့် သတင်းက ကျစ်ဝူမြို့တွင် ရှိသော လီချန်ချင်း၏ နားထဲသို့ ရောက်သွားခြင်းမှ မကာကွယ်နိုင်ခဲ့ပါ။
“အို….လုရှီရန်က သူဆီကို တစ်ကယ်ပဲ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားတယ်ပေါ့လေ”
ကျန်းဝမ်လျို ပြောကြားသော သတင်းမှ တစ်ဆင့် လီချန်ချင်း က ထိုအကြောင်းကို သိသွားခဲ့ပါသည်။
ကွမ်လန်နန်းတော်ကနေပြီးတော့ထွက်ပြေးပြီးနောက်ပိုင်းမှာ လုရှီရန်က ဘယ်ကို ရောက်သွားလဲဆိုတာကို လီချန်ချင်းက သိချင်နေခဲ့တာ ကြာပြီလေ။ ဒါပေမဲ့ မမျှော်လင့်စွာနဲ့ပဲ သားဖြစ်သူဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တယ်တဲ့လား။
ကျန်းဝမ်လျိုရဲ့ သတင်းပို့ချက်အရ လုရှီရန်က အခုကျင့်ကြံချင်းကော နတ်ခန္ဓာကိုယ်ပါ ချိတ်ပိတ်ခံထားရတယ်ဆိုတော့ သိပ်ကို အံ့ဩဖို့ကောင်းတာပဲ။
ထိုဖြစ်ရပ်မှာ လီချန်ချင်းကို တစ်ကယ်ကို အံ့ဩစေခဲ့ပါ၏။
“သူမရဲ့ ကျင့်ကြံချင်းကော နတ်ခန္ဓာကိုယ်ပါ ချိတ်ပိတ်ခံထားရတယ်တဲ့လား။ ဘယ်လိုနည်းလမ်းကို အသုံးပြုလိုက်တာပါလိမ့်”
“ အဲဒါက ဆုမိသားစုရဲ့ လျို့ဝှက် သိုင်းပညာပဲလေ။ အဲဒီသိုင်းပညာကို အင်မော်တယ် ချုပ်နှောင်ခြင်း လက်ညိုးလို့ ခေါ်တယ်” ကျန်းဝမ်လျိုက လီချန်ချင်းအား ရှင်းပြလိုက်ပါ၏။
“အင်မော်တယ် ချုပ်နှောင်ခြင်းလက်ညိုးနဲ့ အရိုက်ခံလိုက်ရပီဆိုတာနှင့် လူတစ်ယောက်ရဲ့ ကျင့်ကြံချင်းနဲ့ နတ်ခန္ဓာကိုယ်အကုန်လုံး ချိတ်ပိတ်ခံလိုက်ရတယ်”
အဲဒါကို ပြန်ဖြည်ပေးဖို့အတွက် ဆုမိသားစုက လူကပဲ ပြန်ဖြည်ပေးနိုင်တာ။ မဟုတ်လို့ရှိရင်တော့ ချိတ်ပိတ်ထားတာကို ဖြည်နိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ”
“ သိပ်ကိုဆန်းကြယ်တဲ့ သိုင်းပညာပါပဲလား” လီချန်ချင်းက အထင်ကြီးစွာ ပြောလိုက်ပါ၏။
“အဲဒါဆိုလို့ရှိရင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ စည်းတံဆိပ်ငါးချက်သိုင်းပညာထက် ပို ပြီးစွမ်းအားကြီးတယ်ပေါ့လေ”
“ စည်းတံဆိပ်ငါးချက် သိုင်းပညာဟုတ်လား”
ကျန်းဝမ်လျိုက သူ၏ခေါင်းကို ခပ်မြန်မြန်ခါယမ်းလိုက်ပြီး
“သူတို့ သိုင်းပညာ နှစ်ခုက မတူဘူးလေ။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက စည်းတံဆိပ်ငါးချက် ကို ပြီးပြည့်စုံတဲ့အထိ ကျင့်ကြံပြီးသွားရင် အဲဒီသိုင်းပညာက ကောင်းကင်နဲ့ မြေကြီးကိုလည်း ချုပ်နှောင်နိုင်တယ်၊ အချိန်နှင့် နေရာလွတ်တွေကိုပါ ချုပ်နှောင်နိုင်တယ်”
“အင်မော်တယ်ချုပ်နှောင်ခြင်း လက်ညိုးက လူတစ်ယောက်ကိုပဲ ချုပ်နိုင်တာ။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ စည်းတံဆိပ်ငါးချက် နဲ့ သူတို့နှစ်ခုက အဆင့်တူမှာရှိနေတာမဟုတ်ဘူး။”
“ ပြီးတော့ စည်းတံဆိပ်ငါးချက်က တစ်စုံတစ်ခုကို တစ်ခဏကြာအောင်ချုပ်နှောင်နိုင်တာ။ ဒါပေမဲ့ အင်မော်တယ်ချုပ်နှောင်ခြင်းလက်ညိုးက သူရဲ့ ချုပ်နှောင်ခြင်း အတတ်ပညာက ချုပ်နှောင်လိုက်ပြီဆိုရင် ဘဝတစ်သက်တာလုံးချုပ်နှောင်လိုက်သလိုမျိုးပဲ”
“ ပြီးတော့ အင်မော်တယ်ချုပ်နှောင်ခြင်းလက်ညိုးကပိုပြီး ရှုပ်ထွေးတဲ့အပြင် အဆင့်တွေအများကြီးလဲပါတယ်။ အဆင့်တူချင်းတိုက်ခိုက်နေတဲ့အချိန်ဆိုရင် ဆုမိသားစုက အင်မော်တယ်လက်ညှိုးသိုင်းကို လုံးဝအသုံးပြုမှာ မဟုတ်ဘူး။ တစ်စုံ တစ်ဦးရဲ့ ကျင့်ကြံချင်းကို ချုပ်နှောင်ဖို့ဆိုရင်တော့ အင်မော်တယ်ချုပ်နှောင်ခြင်း လက်ညိုးကို သုံးဆယ့်ခြောက်ချက်သုံးရလိမ့်မယ်။ အဲလိုမျိုး သုံးဆယ့်ခြောက်ချက် သုံးနေတဲ့ အတောအတွင်းမှာ အချိန်အရမ်းကြာတယ်လေ”
“ အဲလို သုံးဆယ့်ခြောက်ချက်သုံးမဲ့ အစား တစ်ခါတည်း ဓားနဲ့ထိုးသတ်ပစ်လိုက်တာက ပို ပြီး လွယ်တယ် မဟုတ်ဘူးလား။ ဒါပေမဲ့ စည်းတံဆိပ်ငါးချက်ကတော့ မတူတော့ပြန်ဘူး။ စည်းတံဆိပ်ငါးချက်ကကျတော့ ကောင်းကင်နှင့် မြေကြီးရဲ့ နိယာမတွေကို အသုံးပြုပြီးတော့ တစ်ဖက်လူရဲ့ လှုပ်ရှားမှုတွေကို တစ်ခါတည်း ချိတ်ပိတ်ပစ်လိုက်တာ။ ပြီးတော့ အဲဒီအကွက်ကို ချက်ချင်း အသုံးပြုလို့ရတယ်လေ”
“အင်မော်တယ်ချုပ်နှောင်ခြင်းလက်ညိုးလိုမျိုး သုံးဆယ့်ခြောက်ခါ လက်ညိုးထိုးပြီးတော့ သုံးရတာမျိုးမဟုတ်ဘူး။ သူက ချက်ချင်းသုံးလို့ရတယ်။ အဲဒါကြောင့်မို့ လို့ သူတို့နှစ်ခုက အဆင့်တူထဲမှာ ရှိမနေဘူးလေ။ အဲဒါကြောင့်မို့လို့ သူတို့နှစ်ခုကို ယှဉ်မယ်ဆိုလို့ရှိရင် အင်မော်တယ်ချုပ်နှောင်ခြင်းလက်ညိုးက စည်းတံဆိပ်ငါးချက်ကို လုံးဝကို မှီမနေဘူး”
ကျန်းဝမ်းလျိုက လီချန်ချင်းအတွက် သေသေချာချာကို တွေးတောပြီး ကလေးတစ်ယောက်ကို ရှင်းပြသလို ဖြေးညှင်းစွာ ပြောပြရှင်းပြလိုက်ပါသည်။
“ခင်ဗျားကိုကြည့်ရတာ တော်တော်လေးကို ဗဟု သုတနှင့်ကြွယ်ဝပြီးပြည့်စုံနေတာပဲ”
လီချန်ချင်းက ကျန်းဝမ်လျိုအား အံ့ဩသွားသည့်ဟန်ပန်ဖြင့် ကြည့်ကာပြောလိုက်၏။
“ ဒါပေါ့ဗျာ။ ကျုပ်က သိုင်းလောကထဲမှာ ကျင်လည်နေတာ နှစ်ပေါင်းများစွာ ကြာပြီလေ။ အဲလောက်တောင်ကြာတဲ့ အချိန်ကာလကို ခင်ဗျားက ဟာသလို့ထင်နေတာလား။ ကျုပ်က အင်အားစု တော်တော်များများရဲ့ အချို့သော လျို့ဝှက်ချက်တွေကို သိတာပေါ့ဗျ”
ကျန်းဝမ်လျိုက ဂုဏ်ယူဝင့်ကြွားသည့်ပုံစံဖြင့် ရင်ကော့ကာ ပြောလိုက်ပါသည်။
“ အဲဒါဆိုလို့ရှိရင် ဆုမိသားစုရဲ့ အင်မော်တယ်ချုပ်နှောင်ခြင်းလက်ညိုးကို ဘယ်လို ချေဖျက်နိုင်မလဲ” လီချန်ချင်းက မေးလိုက်ပါ၏။
“ အယ်”
ကျန်းဝမ်လျိုက ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။
“ဘယ်လိုမျိုးချေဖျက်ရမလဲ ဆိုတော့ ဆုမိသားစုရဲ့ လူတစ်ယောက်ယောက်ကို ရှာပြီး ချေဖျက်ခိုင်းမှပဲ ရမယ်ဗျ”
“ ခင်ဗျားကလဲ ခင်ဗျားပြောမှပဲ။ ကျုပ်က ငတုံးလားဗျ။ ဆုမိသားစုလူတွေက အသုံးပြုထားတာကို ဖြည်ဖို့အတွက် ဆုမိသားစုက လူတွေ ကိုပဲ ဖြည်ခိုင်းဖို့လောက်တော့ ကျုပ်က သိပါတယ်ဗျာ” လီချန်ချင်းက ဒေါသထွက်စွာ ပြောလိုက်ပါသည်။
“မလောနဲ့ဦး။ မလောနဲ့ဦး။ နောက်တစ်နည်းရှိသေးတယ်” ကျန်းဝမ်လျိုက တိကျသေချာသည့်အမူအရာဖြင့်ပြောလိုက်ပါ၏။
“ အဲဒါကို ချေဖျက်ဖို့အတွက်ကလည်း အဲဒါကို သုံးခဲ့တဲ့ လူရဲ့ ကျင့်ကြံဆင့်ပေါ်လည်း မူတည်တယ်ဗျ။ အင်မော်တယ် ချုပ်နှောင်ခြင်းလက်ညိုးကို သုံးခဲ့တဲ့လူရဲ့ ကျင့်ကြံဆင့်က မြေလျှောက်အင်မော်တယ် အဆင့်ကို မရောက်သေးဘူးဆိုရင် မြေလျှောက်အင်မော်တယ်တွေက အဲဒီလူ သုံးခဲ့တဲ့ ချိတ်ပိတ်ထားတဲ့စည်းကို ဖြေလျော့နိုင်တယ်”
လီချန်ချင်းက ထိုနည်းလမ်းမှာ အလုပ်ဖြစ်နိုင်သည်ဟု တွေးလိုက်ပါ၏။ ဒါပေမဲ့ သူက မြေလျှောက်အင်မော်တယ်တော်တော်များများနှင့် မသိပါ။ သူသိသော မြေလျှောက်အင်မော်တယ် မှာ လောရှောင်ချွမ် တစ်ဦးသာရှိပါ၏။
လောလောဆယ်တော့သူက ဒီကိစ္စကို ဒီတိုင်း စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်ပါသည်။
သူ၏ ဒုတိယချွေးမမှ ပထမချွေးမအဖြစ်သို့ ရာထူးတက်သွားသော လုရှီရန်မှာ သူ၏ သားရှိရာသို့ ရောက်နေပြီးလုံခြုံ နေပြီမဟုတ်ပါလား။
လောလောဆယ်တော့ သူမက မည်သည့် အန္တရာယ်မျှ ကြုံတွေ့မည်မဟုတ်ပါချေ။