← Chapters

အခန်း (၃၀၉)

Vol. 27 Ch. 309

အခန်း (၃၀၉)

Vol. 27 Ch. 309

လီချန်ချင်းက လီဟမ်ရှန်းတစ်ယောက် ဖီးနစ်၏ နဗားနားမီးတောက်မှ ပြန်လည်မွေးဖွားပြီးနောက်ပိုင်းတွင် သားဖြစ်သူကို လုံးဝမစိုးရိမ်ခဲ့တော့ပါချေ။ ထိုမီးတောက်မှ ပြန်လည်မွေးဖွားပြီးနောက်ပိုင်းတွင် လီဟမ်ရှန်း၏ဘဝမှာ အသစ်တစ်ခုပင်ဖြစ်သွားရုံပင်မကပေ သူ၏ခန္ဓာကိုယ်ပင်လျှင် လုံးဝ ပြီးပြည့်စုံသောပြောင်းလဲမှုတစ်ခု အဖြစ်သို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

သူ၏စိတ်ဝိဉာဉ်အရင်းအမြစ်ပင်လျှင် ပါရမီရှင်တစ်ဦးကဲ့သို့ဖြစ်သွားခဲ့ပြီ ဖြစ်ပါ၏။ ထို့ကြောင့် သူ၏ကျင့်ကြံနှုန်း မြန်နှုန်းမှာလဲ လုရှီရန် ကို နောက်ကျတော့မည်မဟုတ်ပါ။ ယခုအချိန်မှစ၍ သူ၏ကျင့်ကြံမှုလမ်းကြောင်းမှာလဲ နဂိုကထက်ပို၍ချောမွေ့သွားပြီဖြစ်ပါသည်။

လီဟမ်ရှန်းမှာ အနာဂတ်တွင် တစ်စထက်တစ်စ ပိုမို၍ စွမ်းအားကြီးမားလာလိမ့်မည်ဖြစ်၏။

“လီချန်ချင်း ခင်ဗျားဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့။ ဒီနေ့ကျုပ်ကို ပုံပြင်မပြောပြရသေးဘူးနော်။ မြန်မြန်ပြောဗျာ”

ကျန်းဝမ်လျှိုက ခပ်မြန်မြန်ပင်ပြောလိုက်ပါသည်။

“နောက်ဆုံးအကြိမ်တုန်းက ခင်ဗျားတန်းလန်းကြီးထားခဲ့တာ။ လူအိုကြီးဟွမ်က ဝမ်ရှန်းကျီကို စိန်ခေါ်နေတဲ့ အချိန်လေဗျာ။ သူတို့ဘယ်လိုဆက်ဖြစ်လဲ။ သူတို့ဘာသိုင်းကွက်တွေသုံးခဲ့ကြလဲ”

“ ကျုပ်အရမ်းရှားတဲ့ သစ်သားတွေ သစ်ပင်တွေကို ဘယ်မှာ ရှာလို့ရမလဲ ခင်ဗျားသိလား”

လီချန်ချင်းက ကျန်းဝမ်လျှိုမေးသောမေးခွန်းကိုမဖြေဘဲ မေးခွန်းတစ်ခုထပ်မေးလိုက်ပါ၏။

“သစ်ပင် ဟုတ်လား”

“ဟုတ်တယ်။ ဟုတ်တယ်။ ထာဝရရှင်သန်ခြင်းသစ်ပင်လိုမျိုးပေါ့ဗျာ”

လီချန်ချင်းက အခုနောက်ပိုင်းတွင် ပန်းပုထုရန်အတွက် ကြိုးပမ်းနေခဲ့ပါသည်။ သာမန်သစ်သားများကိုထုသော ပန်းပုရုပ်များသည် စွမ်းအားသိပ်မပါပါချေ။ ပန်းချီသူတော်စင်များက သာမန်စာရွက်များကိုအသုံးပြုပြီး ပန်းချီရတနာများကို ရေးဆွဲနိုင်သည့်အလားပင်ဖြစ်ပါ၏။

ပန်းချီသူတော်စင်များက ပို၍အရည်အသွေးကောင်းမွန်သောစာရွက်များရခဲ့ပါက ထိုစာရွက်ပေါ်တွင် ရေးဆွဲသောပန်းချီရတနာမှာ သဘာဝအတိုင်းပင် ပို၍စွမ်းအားကြီးမည်ဖြစ်ပါ၏။ ထို့ကြောင့် လီချန်ချင်းကလဲ သူထုလုပ်လိုက်သော ပန်းပုရုပ်များသည် သစ်သားအမျိုးအစားပေါ်မူတည်ပြီး ပန်းပုရုပ်များ၏စွမ်းအားများက ကွာခြားကြောင်းကို  သူက သတိထားမိခဲ့ပါသည်။

သာမန်သစ်သားများနဲ့ ထုလုပ်ထားသောပန်းပုရုပ်များသည် ရေရှည်သိပ်မခံဘဲ အသုံးပြုပြီးပါက ကွဲအက်လွယ်ခဲ့ပါသည်။ သစ်သားအမျိုးအစားအပေါ်မူတည်ပြီး ထုလုပ်လိုက်သောပန်းပုရုပ်များသည် သစ်သား၏ဆန်းကြယ်သောအမွေခံစွမ်းအားများကို အမွေခံရရှိနိုင်ပါသေးသည်။

အတိတ်တုန်းက လီချန်ချင်းက ထာဝရရှင်သန်ခြင်းသစ်သားကို အသုံးပြုပြီး လီဟမ်ရှန်းအတွက် ဖီးနစ်ငှက်ရုပ်ထုကို ရက်ပေါင်းများစွာကြာအောင် ထုလုပ်ပေးခဲ့ပါသည်။ ထိုထာဝရရှင်သန်ခြင်းသစ်သား၏ စွမ်းအားကြောင့် လီဟမ်ရှန်းက ဒုတိယအသက်ကိုရရှိခဲ့ပါသည်။

သာမန်သစ်သားကိုအသုံးပြုပါက လီဟမ်ရှန်း၏ဒုတိယအသက်ရရှိနိုင်မည့်ဖြစ်နိုင်ချေမှာ လွန်စွာနည်းပါးနေပြီဖြစ်ပါ၏။ အတိတ်တုန်းက သူက ထာဝရရှင်သန်ခြင်းသစ်သား၏တန်ဖိုးကိုမသိဘဲ အသုံးအစွဲ ကြီးခဲ့ပါသည်။ ယခုမှသာ ထိုသစ်သား၏တန်ဖိုးကို သိပြီးနောက်တွင် လီချန်ချင်းက နှလုံးသားတစ်ခုလုံးနာကျင်ရသည်အထိ နောင်တရနေခဲ့ပါ၏။

ထို့ကြောင့် လီချန်ချင်းက ဗဟုသုတစုံသော ကျန်းဝမ်လျှိုအား ဆန်းကြယ်သောသစ်သားများ သစ်ပင်များကို ဘယ်ကနေရမလဲဟု မေးမြန်းနေခြင်းလဲဖြစ်၏။

လီချန်ချင်း၏မေးခွန်းကြောင့် ကျန်းဝမ်လျှိုက ရင်ထဲတွင် နားမလည်နိုင်ဖြစ်ကာ ဘာဆက်ပြောရမှန်းမသိအောင်ဖြစ်နေခဲ့ပါ၏။

ထာဝရရှင်သန်ခြင်းသစ်ပင် ဟုတ်လား။ အဲ့လိုမျိုးသစ်ပင်က လွယ်လွယ်နဲ့ရှာနိုင်မယ်များ ထင်နေတာလား။

“ကျုပ်စဉ်းစားအုံးမယ်ဗျာ”

လီချန်ချင်းဘာလုပ်မလဲဆိုတာကို မသိသည့်တိုင် ကျန်းဝမ်လျှိုက သူ၏မှတ်ဉာဏ်ထဲတွင် မှတ်မိတာများတစ်ခုခုရှိမလားဆိုပြီး တွေးတောလိုက်ပါသည်။

“အိုး ကျုပ်မှတ်မိပြီ။ ကျုပ်မှတ်မိပြီ။ တောင်ဘက်ကုန်းမြေကြီးမှာ ထူးဆန်းတဲ့သစ်ပင်တစ်ပင်ရှိတယ်လို့ ကျုပ်ကြားဖူးတယ်ဗျာ။ ကောလဟာလတွေအရတော့ အဲ့သစ်ပင်က ခဏခဏတုန်ခါတယ်တဲ့။ ပြီးတော့ သူ့ရဲ့သစ်ရွက်တွေကလဲ အရောင်တွေအမြဲတမ်းပြောင်းပြီးတော့ ခဏခဏအရောင်တောက်တယ်လို့ပြောတယ်”

“ ကျုပ်ကိုယ်တိုင်လဲ မမြင်ဖူးပါဘူးဗျာ။ ဒါပေမဲ့ လူတော်တော်များများ အပြောများတယ်။ အဲ့ဒါကြောင့်မလို့ အဲ့ဒီသစ်ပင်က သာမန်သစ်ပင်တော့ မဟုတ်လောက်ဘူး။ ဘယ်လိုလဲ။ အဆင်ပြေလား။”

ကျန်းဝမ်လျှို၏ မတိမကျ မသေချာသောဖော်ပြချက်က လီချန်ချင်းကို ပြောစရာစကားကင်းမဲ့သွားစေခဲ့ပါ၏။

“ဒီလူဘာတွေ ပြောနေတာလဲဟ”

“အစ်ကိုချန်ချင်း”

ထိုအချိန်မှာပင် အပြင်ဘက်မှ ကြမ်းတမ်းသော အသံတစ်ခုထွက်ပေါ်လာခဲ့ပါသည်။ ထိုအသံကိုကြားသည်နှင့် လုံဟောက်ချန်းဖြစ်သည်ကို လီချန်ချင်းက တန်းသိလိုက်ပါ၏။ သူက အပြင်သို့ထွက်ကာကြည့်လိုက်သောအခါတွင် အမှန်တကယ်ပင် လုံဟောက်ချန်းက ရောက်ရှိနေခြင်းဖြစ်ပါသည်။

လုံဟောက်ချန်းတစ်ဦးတည်းပင် မဟုတ်ပါ။ သူ၏နံဘေးတွင် လူငယ်လေး တစ်ဦးလဲပါနေပါ၏။  ထိုလူငယ်လေး၏ပုံစံက အထက်တန်းလွှာမိသားစုမှ ပေါက်ဖွားလာသည့်ပုံစံရှိပြီး သူ၏လှုပ်ရှားမှုဟန်ပန်တိုင်းတွင် မြင့်မြတ်သောအရှိန်အဝါများရှိနေခဲ့ပါသည်။

သူဝတ်ဆင်ထားသော အဝတ်အစားပင်လျှင် လွန်စွာတန်ဖိုးကြီးမားလှသော အဝတ်အစားပင်ဖြစ်၏။ သို့သော် သေချာ အနီးကပ်ကြည့်ပါက ထိုအဝတ်အစားမှာ လီချန်ချင်း၏ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ ဝယ်ယူထားသောအဝတ်အစားဖြစ်ပါသည်။ ထိုလူငယ်လေးမှာ မြောက်ပိုင်းအေးခဲနိုင်ငံမှ လူငယ်တစ်ဦးဖြစ်ပုံရပါသည်။

“စစ်သူကြီးလုံ” လီချန်ချင်းက အနားသို့တိုးလာပြီး လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပါ၏။

“ဟာ ဘာတွေများ ထုံးတမ်းစဉ်လာတွေလုပ်နေတာလဲဗျာ” လုံဟောက်ချန်းက လီချန်ချင်းနှင့်ရင်းနှီးနေပြီဖြစ်သောကြောင့် အပြုံးနှင့် နှုတ်ဆက်လိုက်ပါ၏။

“ ကျုပ် ခင်ဗျားကို ဒီမှာ သူနဲ့မိတ်ဆက်ပေးမလို့ဗျ။ သူက တစ်ချိန်တုန်းက ကျုပ်ရဲ့တပည့်ဖြစ်ခဲ့ဖူးတယ်လေ။ သူ့နာမည်က ယင်ကျိရွှမ်လို့ခေါ်တယ်။ သူက ကျိဝူမြို့ကိုရောက်လာတဲ့အချိန်မှာ ကျုပ်ကဗျာ အစ်ကိုချန်ချင်းရဲ့သေရည်ဆိုင်ကို သတိရပြီးခေါ်လာတာ”

“ အစ်ကိုချန်ချင်းရဲ့ ထူးဆန်းတဲ့အမြည်းတွေ ကြက်ဥမြေပဲတို့ ကော်ပြန့်လိပ်တို့ မြည်းခိုင်းမလို့ဗျာ”

ယင်ကျိရွှမ်က လီချန်ချင်းအား ခြေအဆုံးခေါင်းအဆုံးကြည့်ကာ အကဲခတ်လိုက်ပါ၏။ ထို့နောက်မှ သူကခေါင်းတစ်ချက်ညိတ်လိုက်ပါသည်။ သူ့မျက်လုံးထဲတွင်တော့ လီချန်ချင်းက သာမန်လူတစ်ဦးထက်မပိုပါချေ။

“ ယင်ကျိရွှမ်တဲ့လား”

လီချန်ချင်းက တစ်ချက်ပြုံးလိုက်ပါသည်။

“မင်းသားတစ်ပါးဖြစ်မယ်ထင်တယ်” ထိုစကားကိုကြားသော ယင်ကျိရွှမ်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပါ၏။ ထို့နောက်မှ သူကပြောလိုက်ပါသည်။

“ဆိုင်ရှင်က ကျုပ်ရဲ့သရုပ်မှန်ကို ဖောက်ထွင်းမြင်မယ်လို့ မထင်ထားမိဘူးဗျ”

“ မြောက်ပိုင်းအေးခဲနိုင်ငံက မင်းသားနည်းနည်းကိုတော့ ကျုပ်သိပါတယ်’

“ အို”

လီချန်ချင်းက ဂရုမစိုက်ဘဲ သူ့စိတ်ထဲရှိတဲ့ဥစ္စာကို ပွင့်ပွင့်လင်းလင်းပြောလိုက်ပါသည်။

“ အို အစ်ကို လီချန်ချင်းက မင်းသားတွေကိုသိတယ်ပေါ့လေ” လုံဟောက်ချန်းပင်လျှင် အံ့ဩသွားခဲ့ပါ၏။

“ဘယ်မင်းသားကိုသိတာလဲဗျ” ယင်ကျိရွှမ်ကလဲ အံ့ဩသွားပါသည်။

ဒီဘာမဟုတ်တဲ့ သေရည်ဆိုင်ပိုင်ရှင်က မင်းသားကို သိတယ်ပေါ့လေ။

“ကျုပ် တွေးလိုက်ပါအုံးမယ်။ ကျုပ် ယင်ဟန်နဲ့တွေ့ဖူးတယ်”

လီချန်ချင်းက သာမန်အတိုင်းပြောလိုက်ပါ၏။

“ဟန့်”

ယင်ကျိရွှမ်က အထင်အမြင်သေးစွာ နှာခေါင်းမှုတ်လိုက်ပါ၏။ သူ၏ အမြင်တွင် ယင်ဟန်ကို မင်းသားတစ်ပါးကဲ့သို့ သူနှင့်အဆင့်တူဟု မသတ်မှတ်ထားသည်မှာ ပေါ်လွင်လှပါသည်။

“ ပြီးတော့ ယင်ချန်းလီ” လီချန်ချင်းက နောက်ထပ်နာမည်တစ်ခုကို ရွတ်ပြလိုက်ပါ၏။ ထိုအမည်ကိုကြားသော် ယင်ကျိရွှမ်က ငြိမ်သက်ကာရပ်တန့်သွားပါ၏။

ထို့နောက်မှ သူက အံ့ဩတကြီးမေးလိုက်ပါ၏။

“ဆိုင်ရှင်က ယင်ချန်းလီကို သိတာလား။ ယင်ချန်းလီက အခုလောလောဆယ်မှာဆေးဘုရင်တောင်ကြားကို ရောက်နေတယ်လို့ ကျုပ်ကြားတယ်။ အဲ့တာ ဟုတ်လား”

ယင်ကျိရွှမ်က သိလိုစွာဖြင့်မေးလိုက်ပါသည်။

“ဟုတ်တယ်” လီချန်ချင်းက ခေါင်းညိတ်လိုက်၏။

“ ပြီးတော့ လောလောဆယ် ကျန်းဟယ်စံအိမ်တော်ကိုရောက်နေတဲ့ ယင်ရှုရု”

ထိုနာမည်ကိုထပ်ကြားသောအခါ လီချန်ချင်းက တော်ဝင်မိသားစုကို တကယ်သိကြောင်းကို ယင်ကျိရွှမ်က နားလည်သွားခဲ့ပါသည်။

 အချိန်တစ်ခဏအတွင်းမှပင် ယင်ကျိရွှမ်က လီချန်ချင်းကို အထင်ကြီးသွားခဲ့ပါ၏။

သူက ဒီဆိုင်ရှင်ကို တော်တော်လေးအထင်သေးမိခဲ့တာပဲ။ ဒီလူက လုံးဝကို လုံးဝကို သာမန်ဆိုင်ရှင်တစ်ဦးမဟုတ်ရဘူး။

ထိုအချိန်မှာပင် ကျန်းဖုကွမ်းက သေရည်နှင့် အမြည်းများကိုသယ်ကာ ချပေးလိုက်ပါ၏။ လုံဟောက်ချန်းကလဲ လီချန်ချင်းကို အတူတူထိုင်သောက်ရန်အတွက် ဖိတ်ခေါ်လိုက်ပါသည်။ လီချန်ချင်းက မငြင်းဆန်ခဲ့ပါ။ ထို့ကြောင့်သူတို့သုံးဦးသား သေရည်စ၍သောက်ကြပါတော့သည်။

ယင်ကျိရွှမ်က လီချန်ချင်းအား ပို၍ ပို၍ စိတ်ဝင်စားလာပြီးနောက်တွင် မေးခွန်းများတစ်ခုပြီးတစ်ခုမေးခဲ့ပါတော့သည်။ လီချန်ချင်း၏ စန်းယွမ်တိုက်ကြီးအပေါ်တွင် နားလည်မှုမှာ အပေါ်ယံသာပင်ဖြစ်သော်လည်း သူ၏အတွေးအခေါ်များမှာ ပုံမှန်နှင့် မတူကာ ထူးခြားနေသောကြောင့် ယင်ကျိရွှမ်အား လွန်စွာအထင်ကြီးသွားခဲ့မိပါသည်။

သူ၏အခေါ်အဝေါ်များတွင် ဆိုင်ရှင်ဟုသော အခေါ်အဝေါ်မှ လူကြီးမင်းချန်ချင်းဟူသော အခေါ်အဝေါ်သို့ပြောင်းလဲသွားခဲ့ပါ၏။

“ သြော် ဒါနဲ့ စကားမစပ် လူကြီးမင်းချန်ချင်းခင်ဗျာ။ ခင်ဗျားရဲ့နာမည်က ချန်ချင်းလို့ဖြစ်နေတော့ ခင်ဗျားက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းနဲ့ တစ်ခုခုများသက်ဆိုင်နေသလားဗျ”

ယင်ကျိရွှမ်က ရယ်ရယ်မောမောနဲ့မေးလိုက်ပါ၏။ သူတို့နှစ်ခုရဲ့ အမည်ကတူညီနေသောကြောင့် ယင်ကျိရွှမ်က ဒီတိုင်း သာမန်အတိုင်းတွေးကာမေးလိုက်ခြင်းဖြစ်ပါ၏။

ဒါပေမဲ့ လီချန်ချင်းကလဲ အေးအေးဆေးဆေးပင် ဖြေလိုက်၏။

“ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ကျုပ်ဟာလေ”

ထိုစကားကိုကြားသော် ယင်ကျိရွှမ်ရော လုံဟောက်ချန်းပါ ကျောက်ရုပ်ကြီးများကဲ့သို့ဖြစ်သွားခဲ့ပါ၏။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လီချန်ချင်းဟာတဲ့လား။ အဲ့တာကြီးက လွန်လွန်းတယ်မဟုတ်ဘူးလား။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အရမ်းကိုကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးလေ။

အခုဆိုလို့ရှိရင် အရှေ့ပိုင်းစိတ်ငြိမ်ခြင်းနယ်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့နေပြီး အရမ်းကို အောင်မြင်ကျော်ကြားနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်။ ကုန်သွယ်ရေးလုပ်ငန်းရဲ့လုပ်ငန်းခွဲတွေကလဲ နေရာအနှံ့မှာရှိတယ်။

အဲ့ဒါရှိတဲ့အပြင်မှ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ နောက်ခံက ချင်းလဲ့ဓားသခင်လဲ ဖြစ်နေသေးတယ်။ အဲ့လောက်ကြီးကျယ်တဲ့ ဒီချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ပိုင်ရှင်က သူတို့နဲ့အတူတူ အရက်သောက်နေတယ်တဲ့လား။

 အချိန်တော်တော်ကြာတဲ့အထိ ယင်ကျိရွှမ်ရော လုံဟောက်ချန်းပါ ဘာပြောရမှန်းမသိဖြစ်နေခဲ့ပါ၏။ 

“ဘာမှတွေးမနေကြနဲ့။ စား စား စား သောက်ကြ သောက်ကြ”

လီချန်ချင်းက ခပ်သွက်သွက်လေးပြောလိုက်ပါ၏။

“ခင်ဗျားတို့သာ မြန်မြန်မစားဘူးဆိုရင်ဗျာ အခုအေးနေတဲ့အမြည်းတွေတောင် ပူတောင်ပူလာလိမ့်မယ်”

သူက ဟာသပြောကာအရွှမ်းဖောက်လိုက်ပါ၏။ လီချန်ချင်း၏ လေးနက်သောနောက်ခံကိုသိပြီးနောက်တွင် သူတို့ကယခင်ကလို ပေါ့ပေါ့တန်တန် မဆက်ဆံရဲတော့ပါ။

သူတို့၏ အပြုအမူများပင် အလွန်ပင်သတိထားလိုက်ပါ၏။ လီချန်ချင်းက လွန်စွာကြောက်လန့်ဖွယ်ကောင်းသော ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ပိုင်ရှင်ဖြစ်နေသည် မဟုတ်ပါ့လား။

“မင်းသားလေးက ကျိဝူမြို့ကို ဘာကြောင့်လာတာလဲဆိုတာ ကျုပ်သိချင်တယ်ဗျာ”

လီချန်ချင်းက မင်းသားရဲ့ရည်ရွယ်ချက်ကို သိချင်ပါ၏။

ဆရာသခင်ဖြစ်သူကို လာတွေ့တာတဲ့။ ဟုတ်ပါ့မလား။ လီချန်ချင်းက မယုံကြည်ခဲ့ပါ။

“ တကယ်တော့ ကျုပ်ဒီကိုရောက်နေတာ ကျုပ်ညီမလေးအတွက်ဗျ။  ယင်ကျိရွှမ်က အသက်ပြင်းပြင်းရှူပြီးပြောလိုက်ပါ၏။ ကျုပ်က သိုင်းပညာရှင်အချို့ကို ခေါ်လာခဲ့တယ်။ ကျုပ်တို့ရဲ့ရည်ရွယ်ချက်က အနက်ရောင်ရှေးဟောင်းတောအုပ်ထဲမှာရှိတဲ့ ထာဝရရှင်သန်ခြင်းအသီးကို လာရှာတာပဲဗျ”

“ ထာဝရရှင်သန်ခြင်းအသီး ဟုတ်လား”

လီချန်ချင်းက စိတ်ဝင်တစားမေးလိုက်ပါ၏။

“အဲ့တာ ဘာလုပ်ဖို့လဲဗျ။  အဲ့တာစားလို့ရှိရင် အသက်ရှည်လို့လား”

“ ဟုတ်တယ်။ ကျုပ်ညီမလေးရဲ့အသက်ကို ရှည်အောင်လုပ်ချင်လို့ပါ” ယင်ကျိရွှမ်ကလဲ လေးနက်စွာပြောလိုက်ပါ၏။ 

“ ကျုပ်ညီမလေးက အရင်တုန်းကအရမ်းထူးဆန်းတဲ့ ရောဂါဝေဒနာတစ်ခုကို ခံစားခဲ့ရတယ်။ သူမအသက် ၁၂ နှစ်ပဲရှိပေမဲ့ သူမရဲ့ဆံပင်တွေအကုန်လုံးက ဖြူနေပြီ။ ပြီးတော့ သူမရဲ့ အသက်စွမ်းအင်ကလဲ အလျင်အမြန်ကို လျော့လျော့လာတာ။ ဧကရာဇ်မင်းကြီးကလဲ နည်းမျိုးစုံသုံးပြီးသွားပြီ ဒါပေမဲ့ တစ်ခုမှ အဆင်မပြေခဲ့ဘူး”

“အခုသူမက အသက်ရှင်ဖို့အတွက် အချိန်သိပ်မကျန်တော့ဘူး။ ကျုပ်ကရှေးဟောင်းစာပေတွေအများကြီးကို ဖတ်ရှုပြီးတော့ နောက်ဆုံးမှ သိလိုက်ရတာက အနက်ရောင်ရှေးဟောင်း‌တောအုပ်ထဲမှာ ကျုပ်ညီမလေးအတွက် အထောက်အကူရနိုင်မဲ့ ကောင်းကင်ကို ဆန့်ကျင်နေတဲ့ ထာဝရရှင်သန်ခြင်းအပင်နဲ့ ထာဝရရှင်သန်ခြင်းအသီးရှိတယ်ဆိုတာကို သိလိုက်ရတယ်”

“  အသီးတစ်လုံးစားလိုက်လို့ရှိရင် စားလိုက်တဲ့လူရဲ့ သက်တမ်းကို ငါးနှစ်တိုးသွားစေတယ်” ယင်ကျိရွှမ်က တိုးညင်းစွာပဲပြောလိုက်ပါ၏။

“ အဲ့တာကြောင့်မလို့ ကျုပ်က ဒီကိုလာပြီးတော့ ရှေးဟောင်းအနက်ရောင်တောအုပ်ထဲဝင်ပြီး အဲ့ဒီသစ်ပင်ကို ရှာဖို့ပြင်ဆင်နေတာပဲ”

“ အို သစ်ပင်တွေ ဟုတ်လား။ သစ်ပင်ဟူသော စကားကို ကြားလိုက်သည်နှင့် လီချန်ချင်း၏မျက်လုံးမှာ အရောင်တောက်သွားပါ၏”

ထိုသစ်ပင်များက ဆန်းကြယ်သော သစ်ပင်များဖြစ်သောကြောင့် ထိုအရာများကို အသုံးပြု၍ထုလိုက်မည့် ပန်းပုများက မည်မျှပင်စွမ်းအားကြီးမားလိုက်မည်နည်း။

လီချန်ချင်း၏ခေါင်းထဲတွင် အတွေးများစွာနှင့် ပြည့်နှက်သွားခဲ့ပါ၏။

“ဒါပေမဲ့ ထာဝရရှင်သန်ခြင်းအသီးဆိုတာ တကယ်ပဲရှိလို့လား”

လီချန်ချင်း၏ မျက်နှာအမူအရာမှာ မယုံကြည်နိုင်မှုများနဲ့ ပြည့်နှက်နေခဲ့ပါ၏။

“ လူတစ်ဦးရဲ့အသက်ကို ငါးနှစ်တောင်ရှည်စေနိုင်မဲ့အသီးက မင်းသားလေးမရှာခင်မှာပဲ တစ်ခြားလူတွေရှာသွားနိုင်တယ်မဟုတ်ဘူးလား။ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်ပဲစွမ်းအားကြီးနေပါစေ မြေလျှောက်အင်မော်တယ်ဖြစ်တယ်ဆိုရင်တောင်မှ သူတို့တွေက မသေမျိုးမဟုတ်သေးဘူး။ထာဝရရှင်သန်ဖို့အတွက်ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။

“တကယ်ပဲ တစ်စုံတစ်ဦးက ထာဝရရှင်သန်နိုင်မယ်ဆိုလို့ရှိရင်တော့ စန်းယွမ်တိုက်ကြီးရဲ့ နယ်မြေသခင်က ထာဝရရှင်သန်အောင်လို့ လုပ်နေပြီပေါ့ဗျ။ မဟုတ်ဘူးလား”

“ အဲ့လိုလဲ မဟုတ်သေးဘူးဗျ” ယင်ကျိရွှမ်က ခေါင်းခါပြီးပြောလိုက်ပါသည်။

“ထာဝရရှင်သန်ခြင်းသစ်သီးက ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူတွေအတွက်ပဲ အလုပ်ဖြစ်တာ။ ပြီးတော့ အနက်ရောင်ရှေးဟောင်းသစ်တောထဲမှာ ရှိတဲ့ ထာဝရရှင်သန်ခြင်းသစ်ပင်ကို အရမ်းကို ကြောက်စရာကောင်းပြီးတော့ စွမ်းအားကြီးမားတဲ့ နတ်ဆိုးသားရဲတွေက စောင့်ကြပ်နေတယ်။ အဲ့သစ်ပင်ကိုရှာဖို့က လွယ်ကူမှာမဟုတ်ဘူး။ ပြီးတော့အဲ့သစ်ပင်ကို ရှာဖို့ခရီးကလဲ အရမ်းကို ကြမ်းတမ်းလိမ့်မယ်”

“ နောက်တစ်ခုရှိသေးတာက ထာဝရှင်သန်ခြင်းသစ်ပင်ရဲ့ ပထမဆုံးသစ်သီးကို စားလိုက်လို့ရှိရင်လူတစ်ယောက်ကို ငါးနှစ်အသက်ရှည်စေတယ်။ ဒါပေမဲ့ ဒုတိယအသီးကို စားလိုက်လို့ရှိရင်တော့ တစ်နှစ်ပဲအသက်ရှည်စေတယ်။ လူတစ်ဦးက ထာဝရရှင်သန်ခြင်းသစ်ပင်က ထာဝရရှင်သန်ခြင်းသစ်သီးကို ဘဝတစ်ခုမှာ သုံးလုံးပဲ စားခွင့်ရှိတယ်။ တတိယတစ်လုံးကိုစားလို့ရှိရင် သုံးလပဲအသက်ပိုရှည်စေတယ်”

“ ကျုပ်ညီမလေးက ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူပါ။ အဲ့အသီးကို စားလို့ရှိရင် သူမရဲ့ရောဂါကို မကုသနိုင်ပေမဲ့လဲ သူမရဲ့သက်တမ်းကိုတော့ နည်းနည်းလေးတိုးသွားစေနိုင်တယ်လေ။ အဲ့တော့ သူမသက်တမ်းတိုးသွားတဲ့အချိန်မှာ ကျုပ်ကတစ်ခြားနည်းလမ်းတွေကို ရှာလို့ရသေးတယ်။ အခုလောလောဆယ်က သူမက အသက်ရှင်ဖို့အတွက် အချိန်တစ်လလောက်ပဲရှိတော့တာ။ အဲ့တာကြောင့်မလို့ လောလောဆယ် ယာယီအနေနဲ့သက်တမ်းတိုးနိုင်ဖို့အတွက် ကျုပ်က ဒီကို စွန့်စွန့်စားစားလာပြီးတော့ ထာဝရရှင်သန်ခြင်းသစ်သီးကို လာရှာရတာပဲ”

ယင်ကျိရွှမ်၏ မျက်နှာအမူအရာမှာ နောင်တများအပြည့်ဖြင့် ဖြစ်နေခဲ့ပြီး ဝမ်းနည်းမှုများနဲ့ပြည့်နှက်နေပါသည်။ သူ၏ညီမလေးမှာ သူ၏ညီမအရင်းဖြစ်ပြီး တစ်ခြားသော မင်းညီမင်းသား မောင်နှမများကဲ့သို့ သွေးမဝေးပါ။ သူ၏ချစ်မြတ်နိုးစရာ ညီမလေးက ယခုလိုမျိုးပင်ပန်းဆင်းရဲစွာ ဒုက္ခခံစားနေရသောကြောင့် ယင်ကျိရွှမ်၏နှလုံးသားကို ဓားနဲ့ထိုးနေသကဲ့သို့ ခံစားနေရပါ၏။

“ မင်းသားနဲ့အတူတူ သိုင်းပညာရှင်ဘယ်နှစ်ယောက်ခေါ်လာခဲ့တာလဲ” လီချန်ချင်းက စိတ်ဝင်စားစွာမေးလိုက်၏။

“ကျုပ်နဲ့အတူတူ မူလအဆင့်အထွတ်အထိပ်သိုင်းပညာရှင် နှစ်ဦးခေါ်ခဲ့တယ်” ယင်ကျိရွှမ်က အသက်ပြင်းပြင်းရှူကာပြောလိုက်ပါ၏။

“အဲ့တာပြီးတော့ ကျုပ်က ဆရာဆီကိုလာပြီး ဆရာ့ရဲ့အကူအညီကို လာတောင်းတာပါ။ ဆရာအားတယ်ဆိုရင် ဆရာကူညီနိုင်မလားလို့ပေါ့”

မူလအဆင့်အထွတ်အထိပ် သုံးယောက်က အနက်ရောင်ရှေးဟောင်းသစ်တောထဲကို ဝင်ကြမယ်တဲ့လား။ လီချန်ချင်းက မျက်ခုံးပင့်ကာပြောလိုက်ပါ၏။

“မင်းတို့ရှာနေတဲ့အရာမတွေ့ခင်မှာတင် မင်းတို့သုံးယောက်လုံးသေသွားနိုင်တယ်နော်”

မူလအဆင့်အထွတ်အထိပ်သိုင်းပညာရှင်မှာ တကယ်ကို စွမ်းအားကြီးမားတယ်ဆိုပေမဲ့ အခုလောလောဆယ်သူတို့က အနက်ရောင်ရှေးဟောင်းသစ်တောထဲကို ဝင်ချင်ကြတာလေ။ အဲ့ဒီနေရာမှာက အရမ်းကိုကြောက်ဖို့ကောင်းပြီးတော့ စွမ်းအားကြီးတဲ့ စိတ်ဝိဉာဉ်သားရဲတွေအများကြီးရှိတယ်။ အချို့စိတ်ဝိဉာဉ်သားရဲတွေဆိုလို့ရှိရင် လူသားသိုင်းပညာရှင်တွေဖြစ်တဲ့ မဟာသိုင်းဂိုဏ်းအဆင့်တွေနဲ့တောင်မှ နှိုင်းယှဉ်လို့ရတယ်။

အဲ့လိုမျိုးအဆင့်သားရဲတစ်ကောင်နဲ့သာတွေ့လို့ကတော့ သူတို့သုံးယောက်လုံးက ဘာမှမလုပ်နိုင်ဘဲနဲ့ တန်းပြီးသေကြမှာ။

“ဒါကတော့”

ယင်ကျိရွှမ်က သူသွားမည့်ခရီးက လွန်စွာအန္တရာယ်ကြီးမားသည်ကို သိခဲ့ပါသည်။ 

မြောက်ပိုင်းအေးခဲနိုင်ငံ၏ ကာကွယ်သူကျန်းယွမ်ကလဲ တံခါးပိတ်ကျင့်ကြံနေခဲ့၏။ စစ်သူကြီး ကျောက်ပိုင်မင်းကလဲ နယ်မြေကိုကာကွယ်ရမည်ဖြစ်ပြီး တာဝန်ကျရာနေရာကနေ မထွက်နိုင်ပါချေ။

သူ့ညီမလေးကလဲ တစ်လလောက်ပဲ အသက်ရှင်နိုင်တော့မယ်။ အဲ့တာကြောင့်မလို့ အချိန်ကမလောက်တော့ဘူး။ အချိန်မလောက်တော့တဲ့အတွက် သူက ဒီစွန့်စားမှုကို ယူကိုယူရမှ ဖြစ်တော့မယ်။

“ လူကြီးမင်းမှာ တစ်ခြားအကြံလေးဘာလေးမရှိဘူးလား။  လူကြီးမင်းက ကျုပ်ကို ထာဝရရှင်သန်ခြင်းသစ်သီးရအောင်ကူညီပေးနိုင်မယ်ဆိုလို့ရှိရင် လူကြီးမင်းအတွက် ဆုလာဘ်ကြီးကြီးမားမားကျုပ်ပေးနိုင်ပါတယ်ဗျာ”

ယင်ကျိရွှမ်က လီချန်ချင်းကို ကြည့်ပြီးပြောလိုက်ပါသည်။

“ဘယ်လိုဆုလာဘ်မျိုးကိုပြောနေတာလဲ” လီချန်ချင်းက လေးနက်စွာဖြင့်မေးလိုက်ပါသည်။

“ဒါကတော့” ယင်ကျိရွှမ်က တစ်ခဏကြာအောင်တွေးပြီနောက်ပြောလိုက်ပါသည်။

“တကယ်ကို ကျုပ်တို့တွေ ထာဝရရှင်သန်ခြင်းသစ်သီးကို ရှာတွေ့နိုင်မယ်ဆိုလို့ရှိရင် ကျုပ်ရဲ့ခမည်းတော်ဧကရာဇ်က ဤသစ်သီးကို အရမ်းကိုတန်ဖိုးထားလိမ့်မယ်။ အဲ့အချိန်ကျလို့ရှိရင် လူကြီးမင်းက မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ဘဏ္ဍာတိုက်ထဲက ကြိုက်တဲ့အရာကို ယူလို့ရတယ်”

“ ဒီလိုလား” လီချန်ချင်းက အံ့ဩသင့်သွားခဲ့ပါ၏။

“အဲ့လိုဆိုမှတော့ မင်းသားလေးကိုယ်တိုင်ဘာလို့ သွားစရာလိုတော့မှာလဲ။ ထာဝရရှင်သန်ခြင်းသစ်သီးကို ဆုကြေးထုတ်လိုက်လေ။ ဆုကြေးထုတ်လိုက်လို့ရှိရင် သိုင်းလောကမှာရှိတဲ့ သိုင်းသမားတော်တော်များများက အနက်ရောင်သစ်တောထဲကို ဝင်ပြီးတော့ မင်းသားလေးအတွက်သွားရှာပေးကြမှာပေါ့။ မြောက်ပိုင်းအေးခဲနိုင်ငံတော်က ဆင်းရဲမွဲတေတဲ့ နိုင်ငံတော့မဟုတ်ဘူးလေဗျာ”

“ ဒီကိစ္စကိုကျုပ်တို့က သတင်းပြန့်လို့မဖြစ်ဘူးဗျ”  ယင်ကျိရွှမ်က ခေါင်းခါရင်းပြောလိုက်ပါ၏။ မဟုတ်လို့ရှိရင်မြောက်ပိုင်းအေးခဲနိုင်ငံက ထာဝရရှင်သန်ခြင်းသစ်သီးကို ရသွားတယ်ဆိုလို့ရှိရင်

“တစ်ခြားလိုချင်တဲ့နိုင်ငံကလူတွေက စစ်ချီလာကြလိမ့်မယ်။ အဲ့တာဆိုလို့ရှိရင်တော့ နိုင်ငံအတွက် အရမ်းကို ထိခိုက်သွားလိမ့်မယ်” ထိုစကားကိုကြားသောအခါ လီချန်ချင်းက တွေးတွေးဆဆနဲ့ခေါင်းညိတ်လိုက်ပါသည်။ သူကလက်ရှိအခြေအနေကို ကောင်းမွန်စွာနားလည်နေပါ၏။ 

“မင်းသားလေးတို့ရဲ့ မြောက်ပိုင်းအေးခဲနိုင်ငံတော် ဘဏ္ဍာတိုက်ထဲမှာ နဂါးသွေးအဆီအနှစ်ရှိလားဗျ”

လီချန်ချင်းက ရုတ်တရတ်မေးလိုက်ပါသည်။ 

All Chapters