← Chapters

အခန်း (၃၁၀)

Vol. 27 Ch. 310

အခန်း (၃၁၀)

Vol. 27 Ch. 310

“နဂါးသွေးအဆီအနှစ်လား”

ယင်ကျိရွှမ် က ထိုစကားကြောင့်အနည်းငယ်ဆွံ့အသွားခဲ့ပါ၏။ ထို့နောက်တွင် အူကြောင်ကြောင်အမူအရာနဲ့ ခေါင်းတစ်ချက်ညိတ်လိုက်ပြီးနောက်

“မြောက်ပိုင်းအေးခဲနိုင်ငံရဲ့ ဘဏ္ဍာတိုက်ထဲမှာ နဂါးသွေးအဆီအနှစ် တစ်စက်ရှိတယ်ဆိုတာကိုတော့ ကျွန်တော်မှတ်မိပါတယ်။ ဒါပေမဲ့ နှစ်တော်တော်ကြာတဲ့အထိ အဲ့ဒီနဂါးသွေးအဆီအနှစ်ကို ဘယ်သူမှမသုံးနိုင်ကြဘူး။ ဘာဖြစ်လို့လဲဆို နဂါးသွေးအဆီအနှစ်ကို သုံးဖို့အတွက်က နတ်ခန္ဓာရှိတဲ့လူတစ်ယောက်လိုအပ်တယ်”

“ သာမန်လူတွေရဲ့ခန္ဓာကိုယ်က နဂါးသွေးအဆီအနှစ်ရဲ့ ပြင်းထန်တဲ့စွမ်းအားကိုမခံနိုင်ဘူးလေ။ အဲ့တာကြောင့်မလို့ နဂါးသွေးအဆီအနှစ်က ဘဏ္ဍာတိုက်ထဲမှာ နှစ်တော်တော်ကြာတဲ့အထိကို ရှိနေခဲ့တာ။ ကျွန်တော့်အဖေက မြောက်ပိုင်းအေးခဲနိုင်ငံက လူတစ်ယောက်ယောက်က နတ်ခန္ဓာနဲ့မွေးဖွားလာမယ်လို့ရှိရင် သူ့အပေါ်မှာ သုံးဖို့အတွက်ကို တွေးခဲ့တာပဲ။ ဒါပေမဲ့ နှစ်အရမ်းကြာတဲ့အထိ ဘယ်နတ်ခန္ဓာမှ မပေါ်ပေါက်လာပါဘူး”

ယင်ကျိရွှမ်ကနောင်တရနေသောအမူအရာနဲ့ပြောလိုက်ပါသည်။

နတ်ခန္ဓာများမှာ စန်းယွမ်နယ်မြေကြီး၌ လွန်စွာမှကို ရှားပါးလာပါသည်။ ထိုကဲ့သို့သော ခန္ဓာကိုယ်များမှာ သာမန်လူသားများက ပိုင်ဆိုင်နိုင်သည့် အရာမျိုးမဟုတ်ပါချေ။

တောင်ဘက်လွင်ပြင်ဒေသမှ ဆုမိသားစုပင်လျှင် နတ်ခန္ဓာကိုယ်မျိုးဆက်ကိုလိုချင်သောကြောင့် နတ်ခန္ဓာကိုယ်ရှိသော အမျိုးသမီးများကို ရှာကာလက်ထပ်ထိမ်းမြားရန်အတွက် ကြံရွယ်နေကြခြင်းဖြစ်ပါသည်။

“ အဲ့တာဆိုလို့ရှိရင် ကျုပ်က ထာဝရရှင်သန်ခြင်းသစ်သီးသုံးလုံးနဲ့ ဘဏ္ဍာတိုက်ထဲက နဂါးသွေးအဆီအနှစ်တစ်စက်နဲ့ လဲမယ်ဆိုလို့ရှိရင်ရော ဘယ်လိုသဘောရလဲ” လီချန်ချင်း၏မျက်လုံးများမှာ အရောင်တောက်လာပြီးနောက်တွင် ပြောလိုက်ပါတော့သည်။

လုရှီရန်က ကွမ်လမ်နန်းတော်ကထွက်ပြေးလာပြီဖြစ်သောကြောင့် လီဟမ်ရှန်းက သူ၏အကြွေးကို စိတ်ပူစရာမလိုတော့သော်လည်း လီချန်ချင်းက ကောင်းမွန်စွာသိပါသည်။

သူ့သားတွင် နတ်ခန္ဓာရှိ၏။ သူ့သား၏နတ်ခန္ဓာကို အဆင့်ချိုးဖျက်လိုပါလျှင်  နဂါးသွေးအဆီအနှစ်များလိုအပ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့်အခွင့်အရေးရတုန်း တစ်စက်ခန့်ရထားသည်မှာလဲ မဆိုးလှပေ။

မြောက်ပိုင်းအေးခဲနိုင်ငံတော်၌ နဂါးသွေးအဆီအနှစ်ရှိ၏။ ပြီးတော့သူတို့ကလဲ ထိုအဆီအနှစ်ကို အသုံးချရန်အတွက်နေရာမရှိပါချေ။ ထိုကဲ့သို့သောအချိန်တွင် လီချန်ချင်းက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး နဂါးသွေးကိုရယူရန်အတွက်တွေးထားလိုက်ပါ၏။

နောက်ပိုင်းတွင် ထိုနဂါးသွေးများကို အသုံးပြုပြီး သူက ခုနစ်ရောင်ခြယ်ဆေးလုံးကိုဖော်စပ်မည်ဖြစ်ပါသည်။ ထို့နောက်တွင် ထိုဆေးလုံးကို သူ့သားကိုပေးလိုက်မည်။ သူ့သားက ထိုဆေးလုံးကို အသုံးပြုလိုက်လျှင်သူ၏နတ်ခန္ဓာက နောက်ထပ်တစ်ဆင့်ကို ခုန်တက်သွားပြီးပိုပြီးတော့ စွမ်းအားကြီးလာပေလိမ့်မည်။

လီချန်ချင်း၏အတွေးများထဲတွင် တွက်ချက်မှုများနဲ့ ပြည့်နှက်နေခဲ့ပါ၏။

“ဒါကတော့”

ယင်ကျိရွှမ်က ဘာပြောရမှန်းမသိဖြစ်နေခဲ့ပါ၏။ ဒါပေမဲ့ နောက်ဆုံးတွင် သူကလီချန်ချင်းကို မေးလိုက်ပါသည်။

“လူကြီးမင်းချန်ချင်းက ထာဝရရှင်သန်ခြင်းသစ်သီးကို ဘယ်ကနေရမှာလဲဗျ”

လုံဟောက်ချန်းပင်လျှင် သေရည်ဆိုင်၏ နံရံတွင်ကပ်ထားသောမီနူးများကို ရုတ်တရတ်ကြည့်လိုက်ပါ၏။ ထိုမီနူးများထဲတွင် ထာဝရရှင်သန်ခြင်းသစ်သီးကို အမြည်းစာရင်းထဲ၌ ထည့်ထားသလားဟု တွေးမိပြီး ကြည့်လိုက်ခြင်းဖြစ်ပါသည်။

“ကျုပ်မှာ ထာဝရရှင်သန်ခြင်းသစ်သီးမရှိပါဘူးဗျ။ ဒါပေမဲ့ မင်းသားလေးအတွက် အနက်ရောင်တောအုပ်ထဲမှာ ကျုပ်သွားရှာပေးလို့ရတယ်လေ” လီချန်ချင်းက ခံစားချက်ကင်းမဲ့သောလေသံနှင့် ပြောလိုက်ပါသည်။

“တောအုပ်ထဲမှာက အန္တရာယ်တွေနဲ့ပြည့်နေတာ။ အဆင့်မြင့်ဆရာသခင်အဆင့်ရှိတဲ့ စိတ်ဝိဉာဉ်သားရဲတွေကလဲ အများကြီးရှိမှာပဲ။ မင်းတို့လူနည်းနည်းလေးက အဲ့ဒီတောထဲဝင်သွားလို့ရှိရင် ထာဝရရှင်သန်ခြင်းသစ်ပင်ကို မတွေ့ခင်မှာပင် မင်းတို့အားလုံးသေသွားကြလိမ့်မယ်။ အဲ့တာဆိုလို့ရှိရင်တော့ ဆုံးရှုံးမှုကြီးကြီးမားမားပဲလေ။ မဟုတ်ဘူးလား။ အဲဒီတော့ နဂါးသွေးအဆီအနှစ်နဲ့ ထာဝရရှင်သန်ခြင်းသစ်သီးကို ကျုပ်နဲ့သာလဲလှယ်လိုက်စမ်းပါ။ အဲ့တာက လူတိုင်းအတွက်အဆင်ပြေတယ် မဟုတ်ဘူးလား”

လီချန်ချင်းထိုစကားကိုပြောသော ယင်ကျိရွှမ်က ယခုထက်ထိမယုံကြည်နိုင်သေးပါချေ။ သူက လီချန်ချင်းအား စိတ်ဝင်တစားကြည့်ကာ မေးလိုက်ပါ၏။

“လူကြီးမင်းချန်ချင်းက ကျင့်ကြံခြင်းအဆင့်ရှိလို့လားဗျ”

သူက လီချန်ချင်းထံမှ ကျင့်ကြံမှုအရှိန်အဝါတစ်စုံတစ်ခုကိုမှ မခံစားရပါချေ။ သူက လီချန်ချင်းအား အလွန်အမင်းရိုသေနေခြင်းမှာ လီချန်ချင်း၏အတွေးအခေါ်နဲ့ ဦးနှောက်ကို လေးစားပြီး လီချန်ချင်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ပိုင်ရှင်ဖြစ်နေသောကြောင့်ပင်ဖြစ်ပါသည်။

အခု လီချန်ချင်းကိုယ်တိုင်က သူက တကယ်သိုင်းပညာမှာ ဆရာကြီးဆိုတဲ့ပုံစံနဲ့ စကားပြောလာပြီ မဟုတ်ပါ့လား။ အဲ့ဒီတော့ သူက သိပ်မယုံကြည်နိုင်သေးပါချေ။

“ ဒါပေါ့ ကျုပ်မှာ ကျင့်ကြံခြင်းအဆင့်ရှိတာပေါ့” လီချန်ချင်းက တစ်ချက်ပြုံးရင်း ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ ပတ်ပတ်လည်တွင်ရှိသော တူများ၊ ထိုင်ခုံများ၊ စားပွဲများ၊ ထိုင်ခုံများမှာ လေထုထဲသို့ မြင့်တက်လာခဲ့ပါ၏။ ဆိုင်ကြီးတစ်ခုလုံးမှာ တဆတ်ဆတ်တုန်ရီလာခဲ့ပါသည်။

စားပွဲတွင်ရှိသောတူများမှာ လီချန်ချင်း၏ခန္ဓာကိုယ်ကိုပတ်ပြီး လေထဲတွင် ပျံသန်းလာခဲ့၏။ လီချန်ချင်း၏ ပစ္စည်းများကို ထိန်းချုပ်နိုင်သော စွမ်းအားကိုမြင်ပြီးနောက်တွင် လုံဟောက်ချန်းရော ယင်ကျီရွှမ်းပါ ထိတ်လန့်သွားခဲ့ပါ၏။

“ခင်ဗျားက ပန်းချီဆရာလား” သူ့အရှေ့တွင်ရှိသော ထိုလူက ပန်းချီဆရာတစ်ဦးဖြစ်နေမည်ဟု ယင်ကျိရွှမ်က လုံးဝမထင်ထားခဲ့မိပါ။

“ပန်းချီဆရာမဟုတ်ဘူး မဟုတ်ဘူး… ဒီလူက…”လုံဟောက်ချန်းက လီချန်ချင်းအားအရူးတစ်ယောက်လိုကြည့်ပြီးနောက် တုန်ရီသောလေသံနဲ့ပြောလိုက်ပါ၏။  

“သူကသာမန်ပန်းချီဆရာဆိုလို့ရှိရင် သူရဲ့နတ်ဘုရားဝိဉာဉ်စွမ်းအားကို ငါကခံစားမိမှာ။ ဒါပေမဲ့ လူကြီးမင်းချန်ချင်းဆီကနေပြီးတော့ နတ်ဘုရားဝိဉာဉ်စွမ်းအားကို ငါအာရုံခံလို့မရဘူး။ မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ ဖြစ်နိုင်တာက လူကြီးမင်းချန်ချင်းက ပန်းချီသူတော်စင်ဖြစ်လိမ့်မယ်”

လုံဟောက်ချန်းမှာ မူလအဆင့်၏အထွတ်အထိပ်သို့ရောက်နေပြီဖြစ်ပါသည်။ ထိုကဲ့သို့ သော စွမ်းအားကြီးမားသောသူကိုယ်တိုင်ပင်လျှင် လီချန်ချင်း၏နတ်ဘုရားအဆင့် ဝိဉာဉ်အား အာရုံမခံမိပါချေ။ ထိုအချက်တစ်ချက်တည်းနှင့်ပင် လီချန်ချင်း၏ နတ်ဘုရားအဆင့်ဝိဉာဉ်မှာ လွန်စွာအဆင့်အတန်းမြင့်မားပြီး စွမ်းအားကြီးမားသည်ကို မြင်သာစေပါသည်။ ထို့ကြောင့် လီချန်ချင်းက ပန်းချီသူတော်စင်မှလွဲ၍ တစ်ခြားသောအဆင့်မဖြစ်နိုင်ပါ။

“ပန်းချီသူတော်စင် ဟုတ်လား” ယင်ကျိရွှမ်က လန့်ဖျပ်ပြီးအသံအကျယ်ကြီးနဲ့ အော်ဟစ်လိုက်ပါ၏။ ကံကောင်းသည်မှာ ဆိုင်ထဲတွင် တစ်ခြားသောစားသုံးသူများ မရှိသောကြောင့်ပင် ဖြစ်၏။ မဟုတ်လျှင် ထိုစကားကို ကြားသောသူတိုင်းက လီချန်ချင်းအား လူထူးလူဆန်းတစ်ယောက်ကဲ့သို့ ဝိုင်းအုံကာကြည့်ရှုကြလိမ့်မည် ဖြစ်ပါ၏။

“တိုးတိုးပြောပါမင်းသားရဲ့” လီချန်ချင်းက ခပ်မြန်မြန်ပင် သတိပေးလိုက်ပါသည်။

“တောင်းပန်ပါတယ်ဗျာ။ စိတ်မရှိပါနဲ့” ယင်ကျိရွှမ်က ခပ်မြန်မြန်မတ်တပ်ထရပ်ပြီး ဦးညွှတ်လိုက်ပါ၏။

ပန်းချီသူတော်စင်တစ်ပါးက ဘယ်လောက်တောင်ရှားပါးလိုက်သလဲ။  မြောက်ပိုင်းအေးခဲနိုင်ငံတော်တစ်ခုလုံးမှာ ပန်းချီသူတော်စင် တစ်ဦးမှ မရှိဘူးလေ။ ပန်းချီသူတော်စင်က မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်တဲ့ တကယ့်စွမ်းအားကြီးပုဂ္ဂိုလ်ပဲ မဟုတ်ဘူးလား။

အဲ့လိုမျိုးစွမ်းအားကြီးပြီး ရှားပါးတဲ့ပုဂ္ဂိုလ်က သူ့အရှေ့မှာ မတ်တပ်ရပ်နေတယ်တဲ့လေ။ အခုလိုမျိုးအခြေအနေကို ယင်ကျိရွှမ်က စိတ်မလှုပ်ရှားဘဲနဲ့နေနိုင်ပါ့မလား။ အခုအချိန်တွင်တော့ ယင်ကျိရွှမ်က လီချန်ချင်းမှာ အနက်ရောင်ရှေးဟောင်းတောအုပ်သို့ဝင်ပြီး ထာဝရရှင်သန်ခြင်းသစ်သီးကို ရယူနိုင်မည်ဟု ကောင်းကောင်းကို ယုံကြည်သွားခဲ့ပါသည်။

သူနဲ့ အခြားသောမူလအဆင့်နှစ်ဦးက သစ်တောထဲသို့ ဝင်လိုက်ပါက သေဆုံးမည့်ရာခိုင်နှုန်းမှာ တော်တော်ကြီးကို များနေခဲ့ပါသည်။

အမှန်အတိုင်းပြောရမယ်ဆိုလို့ရှိရင် မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ ဧကရာဇ် ယင်ဖန်းချီက ယင်ကျီရွှမ်းသစ်တောထဲကို လာမည်ကို ခွင့်မပြုခဲ့ပါ။ ယင်ကျီရွှမ်းက သူ့ညီမလေးအသက်ကို စိတ်ပူသောကြောင့် ဧကရာဇ်မင်းမသိအောင် ခိုးထွက်ခဲ့ခြင်းဖြစ်ပါသည်။ အခုတွင်တော့ သူတို့က ဆုံးရှုံးမှုများမဖြစ်နိုင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့ပါပြီ။

ဤကဲ့သို့သေးငယ်‌သော ကျိဝူမြို့လေးရှိ‌ ‌ခြောက်တီးခြောက်ကပ်သေရည်ဆိုင်လေး၏ ဆိုင်ပိုင်ရှင်က ယခုကဲ့သို့လိုမျိုးပန်းချီသူတော်စင်တစ်ပါးဖြစ်နေမည်ဟု လုံဟောက်ချန်းကလဲ လုံးဝကို မထင်ထားခဲ့မိပါ။

အခုဖြစ်နေတဲ့ဟာတွေက လုံးဝကြီးကို ပုံမှန် သာမန်အခြေအနေနဲ့ မတူညီပဲ ဆန့်ကျင်နေတယ် မဟုတ်ဘူးလား။  ၎င်းတို့၏ အံ့ဩသင့်နေသောအမူအရာများကို လီချန်ချင်းက ဂရုမစိုက်ပါ။ သူကသေရည်တစ်ခွက်ကို ငှဲ့လိုက်ပြီးမေးလိုက်ပါ၏။

“ ကဲ အဲ့ဒါဆိုလို့ရှိရင်ကျုပ်တို့ သဘောတူညီမှုရပီလား။ မင်းသားတို့အတွက် ကျုပ်က ထာဝရရှင်သန်ခြင်း သစ်သီးသုံးလုံးရှာပေးမယ်။ မင်းသားက ကျုပ်ကို နဂါးသွေးအဆီအနှစ်တစ်စက်ပြန်ပေးပေါ့။ ဘယ်လိုလဲ”

“ သဘောတူတယ်” ယင်ကျိရွှမ်က ခိုင်မာသောလေသံနဲ့ ဝမ်းမြောက်ဝမ်းသာစွာပြောလိုက်ပါသည်။

“ကျုပ်အဖေကိုယ်တိုင် ဒီမှာရှိတယ်ဆိုလို့ရှိရင် ဒီအပေးအယူကို လုံးဝကို သဘောတူလိမ့်မယ်။ ကျေးဇူးပြုပြီးတော့ လူကြီးမင်းချန်ချင်းကူညီပေးပါဦး”

“ ကောင်းပြီလေ။ အဲ့တာဆိုလို့ရှိရင် လူကြီးမင်းချန်ချင်းက ဘယ်တော့ ထွက်သွားမလဲ။ဒီမြေပုံက ကျုပ်တို့ရှာတွေ့ထားတဲ့ မြေပုံပါ။ ဒီမြေပုံမှာ ထာဝရရှင်သန်ခြင်း သစ်ပင်နဲ့ အသီးရှိမဲ့နေရာကို ခန့်မှန်းခြေပြထားပါတယ်။ အနက်ရောင် ရှေးဟောင်းသစ်တောရဲ့ နေရာအတိကျကို မပြနိုင်ပေမဲ့ အနည်းဆုံးတော့ အနီးစပ်ဆုံး နေရာတစ်ဝိုက်ကိုတော့ ပြနိုင်ပါတယ်”

ထိုသို့ ပြောရင်းနဲ့ ယင်ကျိရွှမ်းက မြေပုံတစ်ပုံကို ထုတ်ကာလီချန်ချင်းအား ကမ်းပေးလိုက်ပါ၏။ လီချန်ချင်းက ယူလိုက်ပြီးနောက်တွင် မြေပုံကို ကြည့်လိုက်သောအခါ မြေပုံက သာမန်လိုမဟုတ်ပဲ လွန်စွာ ရှေးကျနေသော မြေပုံတစ်ချပ်ဖြစ်နေသည်ကို သိလိုက်ရပါ၏။ ဒီမြေပုံကို ဘယ်ခေတ်ကတည်းက ဆွဲထားသည်ကို သူမခန့်မှန်းနိုင်ပါချေ။ ဒါပေမဲ့ မြေပုံကို ကြည့်ပြီးနောက်တွင် သူက အနက်ရောင်ရှေးဟောင်းသစ်တော၏ မြေနေရာအနေအထားကို ပို၍ သိလာခဲ့ပါသည်။

“ဒီသေရည်ကို သောက်ပြီးလို့ရှိရင် ကျုပ်သွားတော့မယ်။ ကျုပ်ဆီကသတင်းကို စောင့်နေတော့” လီချန်ချင်းက မြေပုံကို ကြည့်ပြီးနောက်တွင် ဝတ်ရုံထဲသို့ထည့်ကာ သိမ်းလိုက်ပါသည်။ သူကလည်း ဒီကိစ္စကို မြန်မြန်ဆန်ဆန်ပြီးချင်ပါ၏။ ထာဝရရှင်သန်ခြင်း သစ်ပင်က ဘယ်လိုမျိုးအခြေအနေရှိနေပြီလဲဆိုတာကို သူအရမ်းသိချင်နေပါသည်။ သူက ထိုထာဝရရှင်သန်ခြင်းသစ်ပင်ကို ပြန်ယူလာပြီး ပန်းပုထုလိုက်ပါက သူထုလိုက်သော ပန်းပုရုပ်မှာ လွန်စွာ စွမ်းအားကြီးသော ရတနာတစ်ပါး ဖြစ်လာလိမ့်မည်။

လီချန်ချင်း၏ ပုံမှန်ဆိုလျင် အမြဲတမ်းတည်ငြိမ်နေသောနှလုံးသားမှာယခုအချိန်တွင်တော့ အရမ်းစိတ်လှုပ်ရှားမှုများနှင့် ပြည့်လာခဲ့ပါသည်။

ယခုလိုမျိုးရှုပ်ထွေးစပြုလာသော အခြေအနေများတွင် နောက်ထပ်ဖြစ်လာမည့်အခြေအနေများကို ဘယ်သူမျှ မခန့်မှန်းနိုင်ကြပါချေ။ ထို့ကြောင့် လီချန်ချင်းက သူနဲ့ သူ့သားအတွက် ခွန်အားမြန်မြန်တိုးရန် အစီအစဉ်များကို ချမှတ်ရန်လိုပါသည်။ သူက သူနှင့် သူ့သားတို့အတွက် ခိုင်မာသော အနာဂါတ်ကို တည်ထောင်ရန်အတွက် လိုအပ်နေခဲ့ပါ၏။

သေရည်သောက်ပြီးနောက်တွင် လီချန်ချင်းက ကျန်းဖုကွမ်းကို စကားနည်းနည်းပြောလိုက်ပါသည်။ ကျန်းဖုကွမ်းကလည်း လီချန်ချင်းနဲ့တူတူ အနက်ရောင် ရှေးဟောင်းသစ်တောထဲသို့သွား လိုကြောင်းပြောလိုက်ပါသည်။ ဒါပေမဲ့ လီချန်ချင်းက သူ့အား ဆိုင်ကိုသာ စောင့်နေရန်အတွက် မှာကြားခဲ့ပါ၏။ သူကို စိတ်မပူရန်အတွက်ပါ ထပ်ပြောလိုက်ပါသည်။ ကျန်းဖုကွမ်းကလည်း လီချန်ချင်းက ထိုသို့ပြောလာသောကြောင့် ထပ်မံ၍ ခေါင်းမာမနေခဲ့ပါ။

လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော ရန်သူများ နှင့်သာမတွေ့လျင် လီချန်ချင်းက အရာရာတိုင်းကို အေးအေးဆေးဆေး နဲ့ ဖြေရှင်းနိုင်‌ပေသည်။

စားသောက်ပြီးသောအခါတွင် လီချန်ချင်းက လုံဟောင်ချန်းနှင့် ယင်ကျိရွှမ်းတို့နောက်လိုက်ကာ စစ်သူကြီးစံအိမ်သို့ လိုက်ပါခဲ့ပါသည်။ ယခုအချိန်သည် စစ်သူကြီးစံအိမ်သို့ လီချန်ချင်း၏ ပထမဦးဆုံးအကြိမ် လည်ပတ်ခြင်းဖြစ်ပါ၏။ စစ်သူကြီးစံအိမ် အတွင်းဘက်တွင် စွမ်းအားကြီးမားသော သူ နှစ်ဦးရှိ၏။ ထိုသူနှစ်ဦးက ယင်ကျိရွှမ်းကို မြင်သောအခါတွင် အပြင်သို့ထွက်လာပြီး ဦးညွှတ်ကာအရိုအသေ ပေးလိုက်ပါ၏။

ထိုသူနှစ်ဦးမှာ လူအိုကြီး နှစ်ဦးဖြစ်ပြီး တစ်ဦးမှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်တစ်ဦးမှာ တော့ အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားပါသည်။ ယင်ကျိရွှမ်း ပြန်လာသည်ကိုမြင်သောကြောင့် ထိုသူက ခပ်မြန်မြန်ပင် မေးလိုက်ပါ၏။

“မင်းသားလေး ကျွန်တော်မျိုးတို့ ဘယ်အချိန် ထွက်သွားကြမလဲ”

“ကျုပ်တို့မသွားတော့ဘူး။ လူကြီးမင်းချန်ချင်းက ကျုပ်တို့အတွက် သွား‌ပေးလိမ့်မယ်” ယင်ကျိရွှမ်းက လီချန်ချင်းအား ထိုသူနှစ်ဦးနှင့်မိတ်ဆက်ပေးလိုက်ပါ၏။ ထိုသူနှစ်ဦးမှာ တိတ်ဆိတ်သွားခဲ့ပါ၏။

ငါတို့ကမသွားတော့ဘူးလား။

သူတို့က လီချန်ချင်းအား စိုက်ကြည့်လိုက်ပါသည်။ ထိုသူနှစ်ဦး စကားမပြောနိုင်ချိန်မှာပင် လီချန်ချင်း၏ အရှိန်အဝါများမှာ တောင်ကြီးတစ်တောင်ကဲ့သို့ ကျယ်ပြန့်လာခဲ့ပြီး ထိုသူနှစ်ဦးအပေါ် လွှမ်းခြုံသွားခဲ့ပါ၏။ သူတို့အပေါ်တွင် ကြီးမားလှသော ကျောက်တာင်ကြီးများက ဖိနှိပ်ထားသည်ဟု ချက်ချင်းခံစားရပြီး ဒူးများပင် ကွေးညွှတ်မတတ်ဖြစ်သွားခဲ့ရပါသည်။

လီချန်ချင်းက စကားများရန်အစီအစဉ်မရှိပါ။ သူသာသူ၏ခွန်အားကို မထုတ်ပြလိုက်ပါက သူ့အား သူတို့က အထင်သေးကြမည်ဖြစ်၏။ ထိုအချိန်ကျလျင် သူ၏ခွန်အားကို သူက ထုတ်ပြရအုံးမည်ဖြစ်ပါသည်။

သူ၏အတိတ်ဘဝတွင် ထိုကဲ့သို့သောခွန်အားကို လျိုထားပြီး နောက်မှ ထုတ်ဖော်ပြလိုက်ခြင်းက အလွန်ကို ပျော်စရာကောင်းမည်ဟု တွေး ခဲ့ဖူးပါသည်။ သို့သော် ဤကမ္ဘာကိုရောက်လာပြီးနောက်ပိုင်းတွင်ထိုကဲ့သို့သော အရာများကို ထပ်ခါထပ်ခါ ကြုံတွေ့ပြီးနောက်ပိုင်းတွင် လီချန်ချင်းမှာ ထိုကဲ့သို့သော ဖြစ်ရပ်မှာ လွန်စွာပြဿနာများသည်ဟု တွေးမိလာခဲ့ပါ၏။

“ပန်းချီသူတော်စင်”ဟ။ ထိုသူနှစ်ဦးမှာ ခပ်မြန်မြန်ပင် နောက်သို့ ဆုတ်ပြီး ခါးကို ကွေးညွတ်ကာ အကြိမ်ကြိမ် အရိုအသေ ပေးနေခဲ့ပါတော့သည်။

ပန်းချီသူတော်စင် ဟူသော ဂုဏ်ပုဒ်က မဟာသိုင်းဂိုဏ်းအဆင့်ဖြစ်‌သောအဆင့်မြင့်ဆရာသခင်များ ထက်ပို၍ ကြီးမားခဲ့ပါ၏။ မြောက်ပိုင်းအေးခဲနိုင်ငံတော်၌ ပန်းချီသူတော်စင်တစ်ပါးပေါ်ပေါက်လာခဲ့ပါက ထိုသူ၏ ဂုဏ်ပုဒ်မှာ ကျောက်ပိုင်မင်းကော ကျန်းရွှမ်ကျိတို့ထက်ပင် ပို၍ မြင့်မားမည်မှာ အသေအချာပင် ဖြစ်သည်။

ယခုအချိန်တွင်တော့ လီချန်ချင်းက သူ၏ကံကြမ္မာကို သေချာတွေးထားပြီးသားဖြစ်ပါ၏။ သူ၏ခွန်အားကို လူတိုင်းကို ပြသရန်အတွက် ပြင်ဆင်ထားခဲ့ပါသည်။ သူနှင့်လီဟမ်ရှန်း ကို မည်သူကမျှ ဆက်စပ်မိမည်မဟုတ်ပါ။ သူ၏ခွန်အားများကို ပြသထားသော သူများအား လုံးကို သူ၏ခွန်အားအစစ်အမှန်အားလီဟမ်ရှန်းမသိစေရန်အတွက် နှုတ်ပိတ်မည်ဟုလည်း တွေးထားပါသည်။

အဘယ်ကြောင့်ဆိုသော လီချန်ချင်းနှင့် လီဟမ်ရှန်းက ချန်ထင်းမြို့၌ နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်တုန်းက သူသားဖြစ်သူမှာ သူက လီဟမ်ရှန်း၏ဖခင်အရင်း ဖြစ်သူ လီချန်ချင်း မဟုတ်သည်ကို သတိပြုလိုက်မိပြီဆိုတာကို ကောင်းကောင်း သိလိုက်ခဲ့ပါသည်။

သူ့သားက သူ့အား ပွင့်ပွင့်လင်းလင်း ထုတ်မမေး သေးသည်သာ ရှိပါ၏။ ထို့ကြောင့် လီချန်ချင်းက သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားခြင်းက အဓိပ္ပါယ်မဲ့ လွန်းသည်ဟု တွေးမိလာခဲ့ပါ၏။ ဖုံးကွယ်ထားလေလေ သံသယ ဝင်စရာ အဖြစ်အပျက်တွေက ပို၍ များလေလေမဟုတ်ပါလား။ ထို့ကြောင့်ဖုံးကွယ် မထားတော့ဘဲ လီဟမ်ရှန်းကိုသာ လက်ခံနိုင်ရန်အတွက် လုပ်တော့မည်ဟုတွေးထားပါသည်။

အနည်းဆုံးတော့ သူ့သားက သူက သားဖြစ်သူအပေါ်မကောင်းကြံလိုသော စိတ်မရှိသည်ကို သိပေလိမ့်ပေမည်။ နောက်ဖြစ်လာမည့် သားအဖ နှစ်ယောက်ကြားက ကိစ္စရပ်များကတော့ အနာဂါတ်မှာ သူတို့နှစ်ဦးတူတူအဖြေရှာမှပဲ ရတော့မည်ဖြစ်၏။

လီချန်ချင်းက သူတို့အားကူညီပြီး ထာဝရရှင်သန်ခြင်းသစ်သီးကို ရှာဖွေပေးမည်ဟုကြားသောကြောင့် ထိုသူနှစ်ဦးက လည်း စိတ်ပေါ့ပါးသွားခဲ့ပါသည်။ သူတို့နှစ်ဦးမှာ မြောက်ပိုင်း အေးနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းများဖြစ်ကြပါသည်။

မြောက်ပိုင်းအေးခဲနိုင်ငံတော် မင်းသမီးလေး၏ ရောဂါကို ကုသရန်အတွက် သူတို့ ၏အသက်များကို ပဓာနမထားဘဲ စွန့်စားပြီး မင်းသားလေးနဲ့တူတူ အနက်ရောင်ရှေးဟောင်းသစ်တောထဲသို့ ဝင်ကာ ရှာဖွေရန်အတွက် ဆုံးဖြတ်ချက်ချခဲ့သူများ ဖြစ်ပါသည်။ အထဲသို့ဝင်သွားပြီးနောက်တွင် သူတို့က အသက်ရှင်လျက်ပြန်ထွက်လာနိုင်ရန် မသေချာပါချေ။ ဒါပေမဲ့ သူတို့က လုံးဝ မတွန့်ဆုတ်ဘဲနဲ့ လိုက်လာခဲ့ပါ၏။

ယခုအချိန်တွင် သူတို့အစား လီချန်ချင်းက သွားပေးမည်ဖြစ်သောကြောင့် သူတို့ကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါသည်။ ထိုအပြင် လီချန်ရှင်းက သာမန်လူမဟုတ်ဘဲ ပန်းချီသူတော်စင် တစ်ပါးဖြစ်နေသေး၏။ ထို့ကြောင့် ထိုပန်းချီသူတော်စင်၏ စွမ်းအား နဲ့ဆိုလျင် ထာဝရရှင်သန်ခြင်းသစ်သီး ကို ရရှိနိုင်ရန်အတွက် အောင်မြင်မှုရာခိုင်နှုန်းမှာ ပို၍များသွားမည်ဖြစ်၏။ သူတို့နှစ်ဦးကလည်း သူတို့သိထားသည့်အချက်အလက်များကို လီချန်ချင်းအား ပြောပြလိုက်ပါ၏။ ထာဝရရှင်သန်ခြင်းသစ်သီး၏ပုံစံက မည်သို့ဖြစ်ကြောင်းကို လီချန်ချင်းအား အကြမ်းဖျဉ်းရှင်းလင်းပြခဲ့ပါသည်။

စစ်သူကြီးစံအိမ်က အနက်ရောင်ရှေးဟောင်းသစ်တော နှင့် အနီးစပ်ဆုံးဖြစ်သောကြောင့် လုံဟောင်ချန်းက လီချန်ချင်းအား မြို့ရိုးပေါ်သို့ ခေါ်သွားခဲ့ပါ၏။ ယခုအချိန်သည် အနက်ရောင်ရှေးဟောင်းသစ်တော ကို လီချန်ချင်းမြင်သော ပထမဦးဆုံး အကြိမ်လည်းဖြစ်ပါ၏။ သစ်တောမှာ အဆုံးအစမဲ့နေခဲ့ပါ၏။ ပထမအကြိမ် အကြည့်တစ်ချက်မှာပင် သစ်ပင်များမှာ အစိမ်းရောင်သန်းနေပြီးစိုပြေနေခဲ့ပါ၏။ သို့သော် အဝေးသို့ ခပ်ကြာကြာကြည့်လေလေ သစ်ပင်များ၏အစိမ်း‌ရောင်မှာ အနက်ရောင်သို့တဖြေးဖြေးပြောင်းလဲသွားပြီး အနက်ရောင်သစ်ပင်များမှာ ထူထပ်နေသည်ကို တွေ့ရပါ၏။

တစ်ချိန်ထဲမှာပင် စိတ်ဝိဉာဉ် သားရဲများ၏ အော်ဟစ်သံများသည် အနက်ရောင်ရှေးဟောင်းသစ်တောထဲမှ ထွက်ပေါ်လာသည်ကို ကြားရမည်ဖြစ်၏။

“ထာဝရရှင်သန်ခြင်းသစ်ပင်ကအနက်ရောင်ရှေးဟောင်းသစ်တောထဲမှာ ကျိဝူမြို့က တက်မယ်ဆိုရင် မိုင် ခြောက်ရာ အကွာလောက်မှာရှိလောက်မယ်။ စီနီယာ လီချန်ချင်းက ထာဝရရှင်သန်ခြင်းသစ်သီးကို ပြန်ပြီးတာ့ယူလာလိမ့်မယ်ဟု ကျွန်တော်မျှော်လင့်ပါတယ်” ယင်ကျီးရွှမ်းက လွန်စွာ လေးနက်သော အမူအရာနှင့်ပြောလိုက်ပါ၏။

သူက လီချန်ချင်းအားမျှော်လင့်တစ်ကြီးနဲ့ ကြည့်လိုက်ပါ၏။

“ကျေးဇူးပြုပြီး ကူညီပေးပါဗျာ။ ကျွန်တော့်ညီမလေးရဲ့အသက်က စီနီယာ လီချန်ချင်းရဲ့ လက်ထဲမှာပဲရှိတာပါ”

“ သွားရအောင်” လီချန်ချင်းက သူ၏ ပုခုံးထက်တွင်ရှိသော ခွေးပေါက်လေးကို ပြောလိုက်ပါ၏။ ဖေးက တစ်ချက်သန်းဝေလိုက်ပြီး နောက်တွင် ခေါင်းတစ်ချက်ညိတ်လိုက်ပါ၏။

ထိုနောက်တွင် သူက လီချန်ချင်း၏ ပုခုံးပေါ်မှ လေထဲသို့ ခုန်လိုက်ပါ၏။ လေထုထဲသို့ရောက်သောအခါတွင် ဖေး၏ ခန္ဓာကိုယ်မှာ ချက်ချင်းကြီးထွားလာပြီးနောက်တွင် အတောင်ပံအကြီးကြီးကို ဖြန့်လိုက်ပါ၏။ သူ၏ပုံစံမှာ ချက်ချင်းကို ပုံစံပြောင်းလဲသွားခဲ့ပါ၏။

“ရွှေလင်းလန်သားရဲကြီးဟ”

ဖေး၏ အစစ်အမှန်ပုံစံကို မြင် သောအခါတွင် လက်ရှိရှိနေသော လူတိုင်း၏ မျက်နှာအမူအရာ များက ထိတ်လန့်သွားခဲ့ရပါ၏။ ဒီလောက်တောင်ရှားပါးတဲ့ စိတ်ဝိဉာဉ်သားရဲက ခွေးလေးတစ်ကောင်ဟန်ဆောင်နေတယ်ပေါ့လေ။

ဒီလောက်စွမ်းအားကြီးပြီးရှားပါးတဲ့ စိတ်ဝိဉာဉ်သားရဲကို လီချန်ချင်းက တစ်ကယ်ပဲ ပိုင်ဆိုင်ထားတာလား။ လူတိုင်းက စိတ်ရှုပ်ထွေးနေခဲ့ကြပါ၏။ လီချန်ချင်းက ထိုသူတို့၏ စိတ်ရှုပ်ထွေးမှုများကို ဂရုမစိုက်ပါချေ။

သူက ဖေး၏ပေါ်သို့ခုန်တက်လိုက်ပြီး ဖေးကလည်း လီချန်ချင်းက သူ၏ကျောပေါ်ရောက်သည်နှင့် အနက်ရောင်ရှေးဟောင်းသစ်တောထဲသို့ တဟုန်ထိုးပျံသန်းသွားခဲ့ပါတော့သည်။

All Chapters