အခန်း (၃၁၂)
Vol. 27 Ch. 312
ထိုပစ္စည်းကို ရှင်သန်ခြင်းရေပန်းဟုခေါ်၏။ ပန်းပုရုပ်၏ပုံစံမှာ အတိတ်ဘဝတုန်းက လီချန်ချင်း အွန်လိုင်းဂိမ်းများထဲတွင် တွေ့ခဲ့သော ရှင်သန်ခြင်းရေပန်း၏ပုံစံကို တုပထားခြင်းဖြစ်ပါသည်။ ထိုဂိမ်းထဲတွင် ကစားသမားတစ်ဦးက သေဆုံးလုနီးပါးအထိ သွေးလျော့သွားပါက ရှင်သန်ခြင်းရေပန်း၏ အနားသို့ တိုးကပ်သွားလျှင် မိမိတို့လျော့သွားသောသွေးများက ပြန်လည်ဖြည့်တင်းသွားနိုင်ပါသည်။
ထို့ကြောင့် လီချန်ချင်းက ထိုအရာကို ဥပမာယူကာ ရှင်သန်ခြင်းရေပန်းအဖြစ် ထုလုပ်လိုက်ခြင်းဖြစ်ပါသည်။ ထာဝရရှင်သန်ခြင်းသစ်သားတွင် ရှင်သန်ခြင်းအသက်စွမ်းအားများပါဝင်နေသောကြောင့် လီချန်ချင်းက ထိုစွမ်းအားနှစ်ခုနဲ့ သူ၏အတိတ်ဘဝတုန်းက ရှင်သန်ခြင်းရေပန်းဒီဇိုင်းကိုယူပြီး နှစ်ခုရောယှက်လိုက်ခြင်းပင်ဖြစ်ပါသည်။
ထာဝရရှင်သန်ခြင်းသစ်သား၏ စွမ်းအားပါရှိသောကြောင့် ထိုပန်းပုရုပ်၏အနားသို့ကပ်လိုက်သော မည်သူမဆိုသည် မိမိတို့လျော့ကျသွားသော သက်တမ်းများကို ပြန်လည်ရယူနိုင်မည်ဖြစ်ပါ၏။ သို့ပေမဲ့ ဤအရာက တကယ် အလုပ် လုပ် မလုပ်ကိုတော့ လီချန်ချင်းက ကောင်းစွာမသိသေးပါချေ။ လီချန်ချင်းက စွမ်းအားအလွန်ကြီးမားသော ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် ထိုပန်းပုရုပ်ထုက လီချန်ချင်းအား သက်တမ်းတိုးအောင် မလုပ်ပေးနိုင်ပါ။
ထိုပန်းပုရုပ်က ကျင့်ကြံခြင်းမရှိသော သာမန်လူများ၏ သက်တမ်းကိုသာ တိုးပွားနိုင်စွမ်းရှိပါ၏။ ကျိဝူမြို့သို့ ပြန်လာပြီးသည့်နောက်ပိုင်းတွင် လီချန်ချင်းက ယင်ကျိရွှမ်ကိုသွားရှာရန်အတွက် စိတ်မလောသေးပါချေ။ အဘယ်ကြောင့်ဆိုသော် သူပြန်ရောက်သည့်အခိုက်တွင် ညအရမ်းနက်နေသောကြောင့်ဖြစ်ပါ၏။
သူက မနက်ဖြန်မနက်စောစောမှ သွားရောက်တွေ့ဆုံရန်အတွက် တွေးထားပါသည်။
ဒါပေမဲ့ တုရှန်းမြို့၏ စစ်ဆေးရေးမှူးရုံးတွင်တော့ ယခုလို ညနက်နက်တွင်ပင် မီးများထိန်ထိန်လင်းကာ လူများစွာရှိနေပါသေး၏။ လီဟမ်ရှန်းက ထောင်စောင့်များကို ဟွာမိသားစုမှ ဟွာကျစ်လျိုနဲ့ မူမိသားစုမှ မူကျင်း၏ နှုတ်မှ ဒုစရိုက်မှုများကို ထုတ်ဖော်ပြောဆိုရန်အတွက် စစ်မေးရန်အတွက် စေခိုင်းနေပါသည်။
ထိုသူနှစ်ဦးထံမှ မူအိမ်တော်နဲ့ ဟွာအိမ်တော်တို့၏ ဒုစရိုက်မှုများကို သိရမှသာ သူတို့က ဆက်လက်၍လှုပ်ရှားနိုင်မည်ဖြစ်သည်။ ဒါပေမဲ့ တစ်ညလုံးနှိပ်စက်ပြီးသည့်တိုင် ထိုသူနှစ်ဦးက မည်သည့်သတင်းစကားကိုမှ မထုတ်ဖော်ခဲ့ပါ။
မူကျင်းက သိုင်းသမားတစ်ဦးဖြစ်ပြီး သွေးသံတရဲရဲတိုက်ပွဲများကြားတွင် ကြီးပြင်းခဲ့ရသူဖြစ်ပါသည်။ သူ့ကိုနှိပ်စက်ပြီးတော့ သတင်းတစ်စက်မှ မရခြင်းကို လီဟမ်ရှန်းက နားလည်ပေးနိုင်ပါ၏။ သို့သော် လွန်စွာဇီဇာကြောင်ကာ အသန့်ကြိုက်ပြီး လူဘော်ကျော့ဖြစ်သော ဟွာကျစ်လျိုက မူ သူ့ကိုလဲပြင်းပြင်းထန်ထန်နှိပ်စက်တာတောင်မှ တစ်လုံးတစ်ပါဒမှ သူ့ထံမှ ထွက်မလာပါချေ။
အကျဉ်းထောင်စောင့်များထံမှ မြင်းမြီးကျာပွတ်နှင့် ဆက်တိုက်ရိုက်နှက်နေသည့်တိုင် ဟွာကျစ်လျိုက တစ်လုံးတစ်ပါဒမှ မဖွင့်ဟသေးပါ။ ထိုရလဒ်က လီဟမ်ရှန်းကို မထင်ထားရလောက်အောင် ဖြစ်စေခဲ့ပါ၏။ အစောင့်များကို လဲလှယ်ပြီးတော့ နှိပ်စက်သည့်တိုင် အစောင့်နှစ်ခါမျှလဲပြီးသည့်အခါတွင်တော့ နှိပ်စက်ရသည့်အစောင့်များပင်လျှင် ဖက်ဖက်ကိုမောနေပြီဖြစ်ပါ၏။
သို့သော် နှိပ်စက်ခံရသော မူကျင်းနှင့် ဟွာကျစ်လျိုမှာမူ သိုင်းပညာရှင်များဖြစ်သောကြောင့် ၎င်းတို့၏ ခန္ဓာကိုယ်မှာ သာမန်လူများထက် ပို၍ တောင့်တင်းပြီး စွမ်းအားပြည့်ဝလှပါသည်။ ထို့ကြောင့်အနှိပ်စက်ခံရသော အကျဉ်းသားများက မမောပမ်းဘဲ နှိပ်စက်ရသောထောင်စောင့်များက လွန်စွာမောပမ်းကာ ပစ်လဲကျနေပါ၏။ နောက်ဆုံးတွင်တော့ လီဟမ်ရှန်းက ထိုသူနှစ်ဦးကို နှိပ်စက်ရန်အတွက် လင်းချီကျိုးကို တာဝန်ပေးလိုက်ပါ၏။
လင်းချီကျိုးကလဲ မိမိ၏ခွန်အားကို အစွမ်းကုန်သုံးပြီး ထိုသူနှစ်ဦးကို မသေမရှင်ဖြစ်အောင် နှိပ်စက်ပြီး စစ်ဆေးမေးမြန်းပါတော့သည်။ ဒါပေမဲ့ သူတို့က တစ်လုံးတစ်ပါဒမှ မဟသောကြောင့် သူတို့သေဆုံးသွားမည်စိုးသောကြောင့် လီဟမ်ရှန်းက အသက်မျော့မျော့ကျန်သည့်အခါတွင် လင်းချီကျိုးကို ဆက်၍ မနှိပ်စက်ရန်အတွက် ရပ်တန့်ခဲ့ရပါသည်။
“ အစ်ကိုကြီး စိတ်မပူနဲ့ ဒီကိစ္စကိုကျွန်တော်ရှင်းလိုက်မယ်” ထိုအခိုက်တွင် ဝူစန်းထောင်က ထိုတာဝန်ကိုယူပါရစေဟု လာပြောပါ၏။ လင်းချီကျိုးက ဝူစန်းထောင်ကို ကူကယ်ရာမဲ့သောအကြည့်ဖြင့်ကြည့်လိုက်ပြီး
“ညီလေးဝူ ဒီနှစ်ယောက်ကတော်တော်လေးကို ခေါင်းမာတဲ့ကောင်တွေ။ ငါတို့ဘယ်လောက်ပဲ သူတို့ကို ရိုက်ရိုက် သူတို့စကားတစ်လုံးမှ မပြောဘူး”
“ဟွာကျစ်လျိုကိုပဲကြည့် ဒီကောင့်ပုံစံက ပျော့တိပျော့ဖက်နဲ့ မိန်းမလျာကျနေတာပဲ။ ဒါပေမဲ့ ဒီလောက်ထိ ရိုက်နှက်ပြီးတော့ နှိပ်စက်နေတာတောင်မှ သူက တုပ်တုပ်မျှမလှုပ်ဘူး။ဒီကောင်ရဲ့ပုံစံက အထင်နဲ့ အမြင်ကိုတော်တော်ကိုလွဲမှားစေတာပဲ”
“ စိတ်မပူနဲ့ အစ်ကိုကြီးတို့။ ဒီကိစ္စကို ကျွန်တော်ကိုင်တွယ်လိုက်ပါ့မယ်”
ဝူစန်းထောင်မှာ စစ်ဆေးရေးမှူးရုံးခန်းတွင် တစ်နေကုန် ရှိမနေခဲ့ပါ။ သူက ကိစ္စများစွာကို အပြင်ထွက်လုပ်နေပြီး ညနေစောင်းမှ သာ စစ်ဆေးရေးမှူးရုံးသို့ ပြန်လာခဲ့ခြင်းဖြစ်ပါသည်။ ပြန်လာပြီးနောက်တွင် သူက တစ်ခဏမျှ တစ်မှေးမှေးလိုက်ပါ၏။
အိပ်လိုက်ပြီးနောက် သူကနိုးထလာပြီး လုပ်စရာရှိသည့်ကိစ္စများကို သူက တစ်ခဏမျှ လုပ်လိုက်ပါသည်။ ထို့နောက်တွင်တော့ သူက အကျဉ်းထောင်ထဲသို့ ပြန်လာခဲ့ခြင်းဖြစ်ပါသည်။
အကျဉ်းထောင်မှာ ခန့်မှန်းထားသည်ထက် လွန်စွာအေးစက်နေခဲ့ပါသည်။ ယခုအချိန်က အကျဉ်းထောင်ကိုရောက်ခြင်းမှာ ဝူစန်းထောင်၏ ပထမဦးဆုံးအကြိမ်လဲဖြစ်ပါ၏။ သူက လူများစွာကိုခေါ်ပြီးနောက်တွင် အကျဉ်းထောင်ရှိရာမြေတိုက်ခန်းထဲသို့ ဆင်းချသွားပါ၏။
အောက်သို့ရောက်သော် ဟွာကျစ်လျိုနဲ့ မူကျင်းအား ကြိုးတန်းများပေါ်တွင် တန်းလန်းချိတ်ဆွဲထားသည်ကို တွေ့လိုက်ရပါ၏။ ၎င်းတို့၏ခန္ဓာကိုယ်များမှာ အမာရွတ်များဖြင့်ပြည့်နှက်နေပြီး ကြာပွတ်ဖြင့် အရိုက်ခံထားရသည့် ဒဏ်ရာများအပါအဝင် မီးလောင်ရာများလဲတွေ့ရပါသည်။ မီးလောင်ရာများမှာ သံကိုအပူပေးပြီး အသားပေါ်တွင်ထိုးကပ်ခံထားရသည့်ပုံစံရှိပါ၏။
၎င်းတို့၏ခန္ဓာကိုယ်အခြေအနေမှာ လွန်စွာသနားစဖွယ်ဖြစ်နေပါသည်။ ဒါတောင်မှ သူတို့၏အကြည့်များမှာမူ တင်းမာပြီး စူးရှနေခဲ့ပါ၏။
“ထောင်မှူးဝူ” အစောင့်တစ်ဦးက အနားသို့တိုးလာပြီး ပင်ပန်းနေသည့်ဟန်ပန်နဲ့ပြောလိုက်ပါသည်။
“ဒီနှစ်ယောက်က တော်တော်ကြီးကို အကြောတင်းတာဗျ။ ကျုပ်တို့ ဘယ်လိုပဲ နည်းပဲသုံးသုံးသူတို့ပါးစပ်ကို လုံးဝမဖွင့်ဘူး။ ဘာတစ်ခွန်းမှမပြောခဲ့ဘူး” အစောင့်က မကျေမနပ်ဖြင့် ပြောပြလိုက်ပါ၏။
“မင်းတို့တွေ လက်လျော့လိုက်လို့ရပြီ။ ငါတို့က ဘာတစ်ခွန်းမှ ပြောမှာမဟုတ်ဘူး။ တစ်ခွန်းမှ မပြောသလို တစ်ခုမှလဲ မသိဘူး” မူကျင်းက လှောင်လိုက်ပါသည်။
“ ငါဒီကနေထွက်တာနဲ့ မင်းတို့တွေ အားလုံးသေပြီပဲ”
“ပါးစပ်ပိတ်ထားစမ်း” ဝူစန်းထောင်က အနားသို့ကပ်ပြီးနောက်တွင် ကြိုးများဖြင့် ချိတ်ဆွဲခံထားရသော သူတို့နှစ်ဦးအား စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်ကြည့်လိုက်ပါသည်။ ထို့နောက်မှ ပြုံးပြီးပြောလိုက်ပါသည်။
“မင်းတို့တကယ်ပဲ ဒီကနေပြန်ထွက်နိုင်မယ်လို့ ထင်နေတာလား။ ဟွာအိမ်တော်နဲ့မူအိမ်တော်က မရေမတွက်နိုင်တဲ့ ဒုစရိုက်မှုတွေကို လုပ်ခဲ့တာ။ အခုအချိန်မှာ မင်းတို့ ဝန်ခံမယ်ဆိုလို့ရှိရင် အနာဂတ်မှာ မင်းတို့အတွက်ပြစ်ဒဏ်က လျော့ပေါ့ကောင်း လျော့ပေါ့လိမ့်မယ်နော်။ မဟုတ်လို့ရှိရင်တော့ ဒီညကတော့ မင်းတို့အတွက် တော်တော်ခက်ခဲမယ့် ညဖြစ်သွားလိမ့်မယ်”
“ နားလိုက်စမ်းပါ” ဟွာကျစ်လျိုက လှောင်ပြောင်လိုက်ပြန်၏။
“မင်းကြိုက်တဲ့ နည်းလမ်းကိုသာသုံး ငါတို့ဘာတစ်ခုမှ မသိတဲ့အတွက်ကြောင့် ဘာမှပြောမှာ မဟုတ်ဘူး”
“ ကောင်းပြီလေ”
ဝူစန်းထောင်က ခပ်ပေါ့ပေါ့ပင် ခေါင်းတစ်ချက်ညိတ်လိုက်ပါသည်။
“ဘာနည်းလမ်းကိုပဲသုံးသုံးလို့ မင်းတို့ကပြောလိုက်ပြီဆိုမှတော့ ငါကလဲ ယဉ်ကျေးမနေတော့ဘူး”
ထိုသို့ပြောပြီးနောက်တွင် ဝူစန်းထောင်က အပြင်သို့လှမ်းအော်လိုက်ပါ၏။
“အထဲကို လွှတ်လိုက်တော့”
“နောက်ထပ် နှိပ်စက်မဲ့ ပစ္စည်းအသစ်လား။ ကောင်းလိုက်တာ။ ငါလဲ ပျင်းနေတာနဲ့အတော်ပဲ”
ဟွာကျစ်လျိုက ခပ်ပေါ့ပေါ့ပါးပါးပင်ပြောလိုက်ပါသည်။ သူ၏ ပုံစံမှာ လုံးဝဂရုမစိုက်သည့် အလားပင်ဖြစ်ပါသည်။ မူကျင်းကလဲ ဂုဏ်ယူစွာဖြင့် ပြုံးလိုက်၏။ နောက်ထပ် နှိပ်စက်ရေးပစ္စည်းတစ်ခု အသုံးပြုခြင်းက သူတို့အား ထုတ်ပြောနိုင်အောင် လုပ်နိုင်မည်မဟုတ်မှန်း သိနေခဲ့ပါ၏၊
ထိုအခိုက်တွင် လွန်စွာနံစော်သော ရနံ့တစ်ခုသည် လေထုထဲသို့ ရောက်ရှိလာခဲ့ပါ၏။ မြေတိုက်တစ်တိုက်လုံးသည် နံဟောင်သော အနံ့များနဲ့ ပြည့်နှက်သွားခဲ့ပါ၏။ လူတိုင်းက ပျို့အန်ချင်သော မျက်နှာထားနဲ့ဖြစ်နေပြီး အန်မထွက်ရန်အတွက် အတင်းအကြပ်ထိန်းချုပ်လိုက်ရပါ၏။
“ဘာနံ့ကြီးတုန်း။ ဝေါ့”
အစောင့်နှစ်ဦးမှာ စတင်၍ပျို့လာပါသည်။ သိပ်မကြာခင်မှာပင် ပုံးကြီးတစ်ပုံးကို အစောင့်များစွာက သယ်လာသည်ကို တွေ့လိုက်ရပါ၏။ ထိုပုံးထဲတွင်တော့ မစင်များနဲ့အပြည့်ဖြစ်နေပါသည်။
မစင်များစွာပြည့်နေသောပုံးအကြီးကြီးကို တွေ့လိုက်သောကြောင့် ဟွာကျစ်လျို၏ မျက်နှာမှာ သွေးစုပ်သလိုမျိုး ဖြူဖပ်ဖြူလျော်ဖြစ်သွားခဲ့ပါ၏။ သူ့ပုံစံမှာ လွန်စွာမှကို နေရခက်နေသည့် ပုံစံဖြစ်နေခဲ့သည်။ ဝူစန်းထောင်ရဲ့ အစီအစဉ်က ဘာလဲဆိုတာ သူမသိပေမယ့် သူက ထိုကဲ့သို့သော ညစ်ပတ်သောမစင်များကို လွန်စွာရွံရှာပါ၏။
ဟွာကျစ်လျိုလိုမျိုး အထက်တန်းလွှာ သူဌေးလေးတစ်ဦးက ထိုကဲ့သို့သောအညစ်အကြေးများကို သည်းမခံနိုင်သည်မှာ ပုံမှန်သာဖြစ်ပါသည်။ နဂိုတည်းကိုက ဟွာကျစ်လျိုက ဇီဇာကြောင်ပြီး ညစ်ပတ်သောအရာများကို မုန်းတီးလှသည်မဟုတ်ပါ့လား။ ဟွာကျစ်လျို၏ ကြောက်ရွံ့မှုကို ဝူစန်းထောင်က မြင်သွားမည်ကိုဆိုးသောကြောင့် ဟွာကျစ်လျိုက ဘာတစ်ခွန်းမှ မပြောဘဲ စိတ်မဝင်စားဟန်ဆောင်နေခဲ့ပါ၏။ သူကထိုမစင်အပြည့်နဲ့ ပုံးကြီးကို မမြင်သည့်အလားပင်။ ဒါပေမဲ့ဝူစန်းထောင်က ဟွာကျစ်လျို၏ မျက်နှာအမူအရာအပြောင်းအလဲများ အတွေးများကို ဖောက်ထွင်းမြင်ပီးသားဖြစ်ပါသည်။
ဝူစန်းထောင်ကခပ်ဖျော့ဖျော့ပြုံးရင်းနှင့် လက်ကိုင်ပဝါတစ်ထည်ကိုထုတ်ကာ သူ၏ နှာခေါင်းများနှင့်ပါးစပ်များကိုအုပ်လိုက်ပါ၏။ ထို့နောက်တွင်ပြောလိုက်ပါ၏။
“သခင်လေးဟွာ အနံ့ကို သဘောကျရဲ့လားဗျ”
“အဟက် ဒီဟာက ဘာလုပ်ဖို့ဒီကို ယူလာတာလဲ”
ဟွာကျစ်လျိုက အထင်အမြင်သေးသော လေသံဖြင့်ပြောလိုက်ပါသည်။
“တစ်ကယ်ကြီးလား”
ဝူစန်းထောင်က လက်ဟန်ပြုလိုက်သောအခါတွင် အစောင့်များကဟွာကျစ်လျို၏ ကိုယ်မှ ချွတ်ယူထားသော အဝတ်အစားကို ကိုင်ဆောင်ထားပြီး အနားသို့တိုးလာခဲ့ပါသည်။
“အခုရာသီဥတုက ဆောင်းရာသီဖြစ်တယ်ဗျာ။ညဘက်တွေဆို သိပ်ကိုအေးတာ။ မင်းတို့တွေက သခင်လေးဟွာ အေးနေတာကို ဂရုမစိုက်ကြဘူးလား။မြန်မြန်လေးသူရဲ့အဝတ်တွေကို ဝတ်ပေးလိုက်ကြလေကွာ”
“အခုဒီမှာ ကြာပွတ်နဲ့ ရိုက်ထားတဲ့အခါကျတော့ သူ့ခမျာကိုယ်လုံးတီးကြီးဖြစ်နေတယ်။ မြန်မြန်လုပ် မဟုတ်ရင်သူအအေးပတ်သွားလိမ့်မယ်။သခင်လေးဟွာက အပြင်ကိုသာထွက်လို့ရှိရင်သူအအေးမိတဲ့အတွက်ကြောင့်မို့လို့ မင်းတို့အကုန်ရိုက်သတ်ပစ်ရင်မကြောက်ဘူးလားကွ” ဝူစန်းထောင်ကပေါ့ပေါ့ပါးပါးပြောလိုက်ပါ၏။
“ဟာ ကြောက်တာပေါ့။ကြောက်တာပေါ့။ သခင်လေးဟွာကို မြန်မြန်လေးအဝတ်စားဝတ်ပေးပါ့မယ်”
အစောင့်နှစ်ဦးကလည်း ဝူစန်းထောင်၏ အပြောကိုလိုက်ပြီးတော့ ဟန်ဆောင်ကာ ဇာတ်တိုက်ထားသည့်အလား ကြောက်ရွံသည့်ပုံလုပ်ရင်း ပြောလိုက်ပါသည်။
“မင်းတို့တွေကအခုတော့ငါ့ကို ကြောက်ပြီပေါ့လေ။ မင်းတို့ကိုခွင့်လွှတ်ဖို့တောင်းပန်နေပြီပေါ့ ဟုတ်လား”
ဟွာကျစ်လျိုက လည်းအေးစက်စွာဖြင့်လှောင်ပြောင်လိုက်ပါသည်။ဒါပေမဲ့ နောက်တစ်ခဏတွင် မြင်သောဖြစ်ရပ်တစ်ခုကို မြင်ပြီးနောက် ဟွာကျစ်လျို၏အပြုံးမှာ အေးခဲသွားခဲ့ပါ၏။
“အဘယ်ကြောင့်ဆိုသော် အစောင့်နှစ်ဦးမှာသူ၏ဝတ်စုံကို မစင်တွင်းထဲသို့နှစ်ချလိုက်သောကြောင့်ဖြစ်သည်။
“ဂလု ဂလု ဂလက်”
အဝတ်အစားများမှာ မစင်တွင်းထဲတွင် ပူဖောင်းများဝန်းရံလျက် အသံကြီးထွက်လာခဲ့ပါသည်။ထို့နောက်တွင်အစောင့်နှစ်ဦးက မစင်များနှင့် နှစ်ထားသောအဝတ်များကို ထုတ်လိုက်ပြီးလေထဲတွင်မလိုက်ပါသည်။အဝတ်အစားများမှာ မစင်များဖြင့်ပေကျံနေပြီး အနံ့ဆိုးကြီးနံနေသည့်အပြင် ကြည့်ရတာလည်းဆိုးလှပါ၏။ထိုအရာများကိုပြုလုပ်နေရသည့်အစောင့်များပင်လျင် လွန်စွာရွံ့ရှာနေခဲ့ပါ၏။
“မင်းတို့တွေ ဘာကိုစောင့်နေကြတာလဲ။သခင်လေးဟွာကို မြန်မြန် အဝတ်ဝတ်ပေးလိုက်လေကွာ”
ဝူစန်းထောင်က ဟွာကျစ်လျိုအား လက်ညိုးညွန်ကာပြောလိုက်ပါ၏။
“ကောင်းပါပြီဗျာ”
အစောင့်နှစ်ဦးကခပ်မြန်မြန်ပင် ဟွာကျစ်လျို၏အနားကို မစင်များပေကျံနေသော အဝတ်များကို ကိုင်ပြီးကပ်သွားခဲ့ပါသည်။
“အနားလာမကပ်နဲ့နော်။
ဟေ့လူတွေ။အနားမကပ်နဲ့နော်”
ဟွာကျစ်လျိုက အမြီးတက်နင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့အမူအရာနှင့်အော်ဟစ်လိုက်ပါ၏။
သူ၏မျက်နှာမှာကြောက်ရွံမှုကြောင့်တုန်လှုပ်နေပြီး မစင်များပေကျံနေသောအဝတ်အစားများကို ကိုင်ဆောင်ထားသောအစောင့်များ နီးကပ်လာလေလေသူ၏ခန္ဓာကိုယ် ကိုတတ်နိုင်သမျှ အနောက်သို့ကိုယ်ကိုရို့လေလေဖြစ်ပါသည်။
သူ့ခန္ဓာကိုယ်ကိုတုတ်နှောင်ထားသောသံကြိုးများမှာလဲ ကျယ်လောင်စွာဖြင့်အသံများမြည်လာခဲ့ပါ၏။ထိုအဝတ်အစား များသာသူ့ကိုဝတ်ဆင်ပေးခြင်းခံလိုက်ရပါက သူကသေတာထက်ဆိုးသောခံစားချက်ကိုခံစားရပါလိမ့်မည်။
“လူကြီးမင်းဟွာ ဘာများဖြစ်လို့လဲ”
ဝူစန်းထောင်က အံ့ဩသွားဟန်ဆောင်ပြီးတော့
“လူကြီးမင်းကမအေးဘူးလား”
“မအေးဘူး။မအေးဘူး။ ခပ်ဝေးဝေးသွား”
ဟွာကျစ်လျိုက အလျင်အမြန်ပင်ပြောလိုက်ပါသည်။ ဝူစန်းထောင်ကသူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး
“မင်းတို့တွေကြားလား။အဝတ်အစားကို အဝေးကို ယူသွားလိုက်စမ်း။ ငါတို့ရဲ့ သခင်လေးဟွာကမအေးဘူးတဲ့။သူက သူသိသမျှ အကုန်ပြောပြလိမ့်မယ်”
“ငါကဘာလို့ပြောပြရမှာလဲ”
ဟွာကျစ်လျိုက အံဩသွားခဲ့ပြန်၏။
“ဟိတ် သူမပြောပြပြန်တော့ဘူးတဲ့ဟေ့ အဝတ်ပြန်ဝတ်ပေးလိုက်”
ဝူစန်းထောင်ကထပ်မံ၍ပြောလိုက်ပြန်၏။
“ကျုပ်ပြောမယ်။ ကျုပ်ပြောမယ်။ ကျုပ်အကုန်လုံးပြောပြမယ်”
ဟွာကျစ်လျိုက ကြောက်ရွံ့စွာဖြင့်အလန့်တကြားအော်လိုက်ပါသည်။ ထိုမြင်ကွင်းကိုစောင့်ကြည့်နေသော မူကျင်းက ခေါင်းတခါခါနဲ့ပြောလိုက်ပါ၏။
“ဒီလောက်လေးနဲ့များမင်း က မင်းသိသမျှအကုန်လုံးအညံ့ခံပြီး ပြောပြလိုက်တော့မယ်ပေါ့လေ။မရှက်ဘူးလားဟင်။ ဒါကမစင်ပဲဟာကို။ မစင်လောက် ကိုများ မင်းက လာပြီးတော့မခံနိုင်ဘူးလား။ တော်တော်လေးသူရဲဘောကြောင်တဲ့ကောင်ပဲ”
သူတို့နှစ်ဦးက မိသားစုတစ်ခုတည်းမှမဟုတ်သည့်တိုင် နှစ်ဦးစလုံးမှာတူညီသောအခြေအနေကိုရောက်ရှိနေသည်မဟုတ်ပါလား။ မူကျင်းက ဟွာကျစ်လျို၏မစင်ကြောက်ရွံပြီး အကုန်လုံးကို ဖွင့်ဟဝန်ခံလိုက်မည့်လုပ်ရပ်ကို အထင်မြင်သေး စွာဖြင့်ရှုံ့ချနေခဲ့ပါသည်။ မူကျင်းအော်ဟစ်နေသည်ကိုမြင်သောကြောင့် ဝူစန်းထောင်က အမြန်ပြောလိုက်ပါ၏။
“ခင်ဗျားလုပ်တာဗျာ ဒီမှာသခင်လေးမူစိတ်တိုပြီးတော့အော်နေပြီ။ သခင်လေးမူ အော်ရတဲ့အတွက်ကြောင့်လည်ချောင်းတွေ ခြောက်နေလောက်ပြီ။ ဟျောင့်တွေ သခင်လေးမူအတွက် လက်ဖက်ရည် ယူလာခဲ့စမ်း”
“ထောင်မှူးကြီး ဝူ ကျုပ်တို့စီမှာ လက်ဖက်ရည်ကြမ်းမရှိဘူးဗျ”အစောင့်တစ်ဦး ကခပ်မြန်မြန်ပြောလိုက်ပါ၏။
“မင်းတို့ကောင်တွေ အသုံးမကျတဲ့ကောင်တွေကွာ။
လက်ဖက်ရည်ကြမ်းလေးတောင်မရှိဘူးလား။
ထားလိုက်ပါတော့ကွာ။ ထားလိုက်ပါတော့။ လက်ဖက်ရည်ကြမ်းတောင်မရှိဘူးဆိုရင် သခင်လေးမူကို မစင်တစ်စွန်း ခွံ့ပြီးတော့ကျွေးလိုက်ကွာ။ အနည်းဆုံးတော့ မစင်တွေ သူ့လည်ချောင်းထဲရောက်သွားတော့ လည်ချောင်းမခြောက်တော့ဘူးပေါ့ကွာ”
ဝူစန်းထောင်က ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်ပါ၏။ ထိုစကားကို ကြားသောအခါ မူကျင်း၏ မျက်နှာမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါ၏။
“အတင့်ရဲလိုက်တဲ့ကောင်” မူကျင်းက ဝူစန်းထောင်ကို ကြည့်ပြီး အသံနက်ကြီးနဲ့ အော်ဟစ်လိုက်ပြန်သည်။
“ မင်းက ငါ့ကို မစင်တွေကို ခွံ့ကျွေးရဲတယ်ပေါ့လေ။ ငါသေရမယ်ဆိုရင်တောင်မင်း အသက်ကို ယူပြစ်မယ်”
ဒါပေမဲ့ ထိုအခိုက်မှာပင် အစောင့်များက မစင်အိုးထဲမှ မစင်ကို တစ်ဇွန်းခပ်ပြီး မူကျင်း အော်ဟစ်လိုက်သည့်အချိန်နှင့်ကွတ်တိ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်ကြပါသည်။
ထိုနောက်တွင် သူ၏ပါးစပ်ကော နှာခေါင်းကောပိတ်ပြီး အတင်းအကျပ် မြို့ချခိုင်းလိုက်ပါ၏။ နံဘေးတွင်ရှိသော ဟွာကျစ်လျိုမှာ ထိုမြင်ကွင်းကို မြင်ပြီးနောက်တွင် တဝေါဝေါနဲ့ ထိုးအန်လိုက်ပါတော့သည်။ သူတို့ပင်လျင်မဟုတ် ဝိုင်းဝန်းကြည့်နေသော ထောင်စောင့်များ၊ သာမန်ရဲမက်များအားလုံးကလည်း အော့အန်ကုန်ကြပါတော့၏။
“သခင်လေးဟွာက အခုနတုန်းက ဘာတွေကိုများ ထုတ်ဖော်ပြောတော့မှာလဲဗျ။ ထုတ်ဖော်ပြောပြီးတော့ ဝန်ခံမဲ့ဟာတွေက သေချာလေးပြောဖို့တော့လိုလိမ့်မယ်နော်။ အချက်အလက်တွေကို သေချာမပြောဘူးဆိုရင်တော့ သခင်လေးကို အင်္ကျီပြန်ဝတ်ပေးပြီးတော့ လက်ဖက်ရည်ကြမ်းတိုက်ဖို့အတွက် လုပ်ရလိမ့်မယ်ဗျ။ အဲဒီတော့ မပြောခင်မှာ သေချာလေးစဉ်းစားဖို့ ကျုပ် ကအကြံပေးလိုက်ပါတယ်”
ဝူစန်းထောင်က ဟွာကျစ်လျိုအား ခြိမ်းခြောက်သည့်အကြည့်နှင့်ကြည့်ကာ ပြောလိုက်ပါသည်။ ထိုစကားကို ကြားပြီးသည့်နောက်တွင် ဟွာကျစ်လျိုမှာ တစ်ကယ်ပဲပြိုလဲသွားခဲ့ပါ၏။ ယခုလိုအချိန်တွင်တော့သူက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားတော့ပဲ ဟွာမိသားစု၏လျို့ဝှက်ချက်များအားလုံးကို သူသိသလောက်ပြောပြလိုက်ပါ၏။
သူပြောသည့်အကြောင်းတွင် ဟွာမိသားစုက လုပ်ခဲ့သော ဒုစရိုက်မှုများကိုလည်း မချွင်းမချန် ပဲ ပြောပြခဲ့ပါသည်။ ဟွာရှန်းကော၏ ဦးဆောင်မှုနှင့်အတူ နှစ်ပေါင်းများစွာကြာအောင် ဟွာမိသားစုက ကျူးလွန်ခဲ့သော ဒုစရိုက်မှုများကို ဟွာကျစ်လျိုက ဖြေးဖြေးချင်းပြောပြခဲ့ပါသည်။ အရာအားလုံးကို ဖွင့်ဟ ဝန်ခံပြီးသည့်နောက်တွင် ဟွာကျစ်လျိုမှာ အားအင် ကုန်ခန်းသွားသည့်အလား ငူငူ ငိုင်ငိုင်ကြီးဖြစ်ပြီး စကားတစ်လုံးမျှဆက်မပြောတော့ပါ။
ယခုလိုမျိုး ဟွာမိသားစု၏ကိစ္စရပ်များ အားလုံးကို ဝန်ခံလိုက်ပြီဖြစ်သောကြောင့် ဟွာမိသားစုက သူ့အား အနာဂတ်တွင် အလွတ်ပေးမည်မဟုတ်တော့သည်ကို သူက ကောင်းမွန်စွာနားလည်သဘောပေါက်နေသည့် မျက်နှာထားဖြစ်နေပါတော့၏။ ထို့ကြောင့်ပင် သူ့ခန္ဓာကိုယ်မှ ခွန်အားများအားလုံး ကုန်ဆုံးသွားသည့်နှယ် ဖြစ်နေတော့ပါသည်။
“သူရဲဘောကြောင်တဲ့ ခွေးသား” မူကျင်းက ဟွာကျစ်လျို၏ အခြေအနေကို ကြည့်ပြီး ခပ်ဆတ်ဆတ်ပင် အော်ဟစ်ကြိမ်းမောင်းလိုက်ပါသည်။
“ခင်ဗျားကတော့ သိပ်ပြီး သတ္တိရှိတာပဲ”