အခန်း (၃၁၃)
Vol. 27 Ch. 313
မူကျင်းက အမှန်တကယ်ကို သတ္တိ ရှိသည်ဟု ဝူစန်းထောင်က ခံစားခဲ့ရပါသည်။ မစင်များအပြည့်ဖြစ်နေသော ဇွန်းနှင့် ခွံ့ကျွေး ခံရသည့်တိုင် သူက ယခုထက်ထိ သူက မူအိမ်တော်၏ ဒုစရိုက်မှုများကို မဝန်ခံခဲ့သေးပါ။
“ မူအိမ်တော်မှာ သတ္တိအရှိဆုံးက ငါပဲ။ ငါဆီကနေပြီး အချက်အလက်တွေတစ်ခုမှ မင်းရမယ်မထင်နဲ့။ ငါက တစ်ခြားလူတွေလိုမျိုးစိတ်ဓါတ်ပျော့ညံ့တဲ့ကောင်မဟုတ်ဘူး”
မူကျင်းက သူ့နံဘေးတွင်ရှိသော ဟွာကျစ်လျိုအား အထင်အမြင်သေးပြီး ရွံ့ရှာသည့် ဟန်ပန်နှင့် ကြည့်ကာဆိုလိုက်ပါ၏။ ဝူစန်းထောင်၏ အကြည့်မှာ အေးခဲသွားပြီးနောက်တွင် သူက မတ်တပ်ထရပ်လိုက်ပြီးသူက မူကျင်း နားသို့ တိုးသွားခဲ့ပါသည်။ မူကျင်း ကလည်း ဝူစန်းထောင်အား အကြောက်တရားကင်းမဲ့သောအကြည့်နှင့် ပြန်စိုက်ကြည့်နေခဲ့ပါသည်။ နောက်တစ်ခေါက် သူ့ကို မစင်အပြည့်ခပ်ထားသောဇွန်းနှင့် ခွံ့ကျွေးမည်ဆိုလျှင်ပင် မူကျင်းက တစ်ခွန်းမှ ဟမည်မဟုတ်ပါ။ အဲဒီတော့ ဝူစန်းထောင်ကသူ့ကို ဘာများ ထပ်ပြီး ခြိမ်းခြောက်နိုင်ဦးမှာလည်း။ လိုအပ်ရင်သူက မစင်တစ်ပုံးလုံးကိုတောင် စားနိုင်ပါသေး၏။ သူက မူအိမ်တော်ကို သစ္စာဖောက်ပြီး တစ်ခွန်းမျှပြောမည်မဟုတ်ချေ။
“ မင်းဘာလိုချင်လဲပြော” မူကျင်းက ဝူစန်းထောင်အားအော်ဟစ်လိုက်ပါ၏။
“ငါ အဟွတ် အဟွတ်” ထိုသို့ပြောပြီးနောက်တွင် ဝူစန်းထောင်က ချောင်းဆိုးပြီး အော့အန်တော့မတတ်ဖြစ်သွားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် မူကျင်း၏ မျက်နှာနှင့် နီးနေသည့်အခိုက်တွင် မူကျင်း၏ပါးစပ်မှ မစင်နံ့များတလှိုင်လှိုင်နှင့် ထွက်လာသောကြောင့် ဝူစန်းထောင်က ထိုအနံ့ကို မခံနိုင်ဘဲ အန်ထွက်မတတ်ဖြစ်သွားခဲ့ပါသည်။
ဒါပေမဲ့ ဝူစန်းထောင်က အံကြိတ်ပြီးသည်းခံလိုက်၏။ ထို့နောက်တွင် သူက မူကျင်း၏ ပေါင်ကြားကို အောက်ကနေပင့်ကန်လိုက်ပါသည်။
ထိုကန်ချက်မှာရက်စက်ကာ အကြင်နာတရားကင်မဲ့လှပါ၏။ မူကျင်း၏ ဥနှစ်လုံးမှာ ချက်ချင်းပင် အက်ကွဲသွားပြီး ယောင်္ကျားဘဝမှ မိန်းမဘဝသို့ ချက်ချင်းပြောင်းသွားခဲ့ပါတော့သည်။ ထိုကဲ့သို့သော ကန်ချက်မှာ မြင်လိုက်ရသော သူတိုင်းကို စိမ့်တက်သွားစေပြီး မိမိတို့၏ ပေါင်ကြားကို မိမိတို့ လက်နှင့် အလျင်အမြန် ဖုံးကာ လိုက်ကြပါတော့သည်။ မူကျင်းမှာ ယခုအချိန်မှ စ၍ ကလေးရရန်အတွက် စွမ်းဆောင်နိုင်တော့မည်မဟုတ်ပါချေ။
“မိစ္ဆာကောင်”
မူကျင်း က နာကျင်မှုကြောင့် ချွေးသီး ချွေးပေါက်များကျနေခဲ့ပါ၏။ သူ၏ အဆိပ်ပြင်းထန်သော မျက်ဝန်းများမှာ ဝူစန်းထောင်ကို စိုက်ကြည့်နေပြီး အပြင်းအထန်ကြိုးစားကာ အသက်ရှုနေလေ၏။
ဝူစန်းထောင်၏ကန်ချက်က သူ့ကို ယောင်္ကျားဘဝ ကွဲကြေသွားစေခဲ့သည်ကို မူကျင်းက ခံစားလိုက်ရပါ၏။ ဒါတောင်မှ မူကျင်းက ဖျက်ညစ်က ပြုံးလိုက်ပါ၏။
“မင်းသတ္တိရှိရင် ငါ့ကို သတ်ပစ်လိုက်လေ”
“ သတ်ရမယ်ဟုတ်လား”
ဝူစန်းထောင်က ခေါင်းခါလိုက်၏။
“အခုက မင်း ငါ့ရဲ့ ကန်ချက်ကို ခံလိုက်ရပြီဆိုတော့ မင်းက နောက်ထပ် ကလေးရဖို့အတွက် စွမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ မင်းက ဘယ်အရာကို တန်ဖိုးအထားဆုံးလဲဆိုတာကို ငါက သိထားပြီးသားဖြစ်တယ်။ အခုမင်းဘဝမှာ အနာဂတ်မရှိတော့ဘူးဆိုတော့ မင်းနောင်တမရဘူးလား”
“ ပြဿနာမရှိဘူး။ အဲဒါတွေအကုန်လုံးက အရေးမပါဘူး” မူကျင်းက လှောင်ပြောင်လိုက်ပါသည်။
“အို အဲဒါဆိုလို့ရှိရင် ဝမ်ယုချင် လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်။ ပြီးတော့သူမရဲ့ နှစ်နှစ်အရွယ်ရှိတဲ့သားလေး။ သူတို့နှစ်ယောက်လုံးက မင်းအတွက် အရေးမပါဘူးလား”
ဝူစန်းထောင်က ပြုံးရင်းပြောလိုက်ပါ၏။
ဝမ်ယုချင်ဟူသောအမည်ကို ဝူစန်းထောင်ကပြောလိုက်သည့်အခါတွင် မူကျင်း၏ မျက်နှာပေါ်မှ အမူအရာက ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါ၏။ အချိန်တခဏကြာသည်အထိ သူက စကားမပြောနိုင်ခဲ့ပါ။
“ အဲဒီ နှစ်နှစ်အရွယ်ကောင်လေးက မင်းရဲ့သား ဟုတ်တယ်မလား။ အခုငါ မင်းရဲ့ ယောင်္ကျားဘဝကို ဖျက်ဆီးလိုက်ပြီးတော့ ဒုက္ခိတ ဖြစ်အောင်လုပ်လိုက်ပြီ။ ပြီးတော့ မင်းရဲ့ သွေးမျိုးဆက်ဆိုတော့ သူတစ်ယောက်ပဲရှိတော့တယ်”
“ အဲဒီကောင်လေးတစ်ခုခုဖြစ်သွားရင်တော့ မူကျင်း မင်းမှာ သွေးမျိုးဆက်ဆိုတာ ရှိလာတော့မှာမဟုတ်ဘူး။ မူကျင်း မင်းမှာ တစ်ကယ်ပဲ အနာဂါတ်မရှိတော့ဘူးနော်။ အဲဒီအခါကျလို့ရှိရင် တမလွန်မှာ မင်းရဲ့အမေနဲ့ မင်းဘယ်လိုမျက်နှာချင်းဆိုင် ငါသိပ်သိချင်တာပဲ။ မင်းအမေရဲ့ နောက်ဆုံးဆန္ဒက မင်းကို မျိုးဆက်သစ်တွေ မွေးခိုင်းပြီးတော့ သွေးမျိုးဆက်ကို ဆက်ပြီးတော့ လက်ဆင့်ကမ်းစေချင်တဲ့ ဆန္ဒပဲလေ။ ဟုတ်တယ်မလား”
ဝူစန်းထောင်က အေးစက်သော အပြုံးပြုံးကာ ပြောလိုက်ပါ၏။
“မင်းက အမှန်တရားဘက်တော်သားမဟုတ်ဘူး။ မင်းက လူယုတ်မာ။ မင်းက အရှက်လုံးဝမရှိဘူး” မူကျင်းက အသံနက်ကြီးနှင့်အော်လိုက်၏။
“မင်းက ငါ့ကို ငါ့ရဲ့ နှစ်နှစ်အရွယ်ကလေးနဲ့ခြိမ်းခြောက်တယ်ပေါ့လေ။ မင်းမရှက်ဘူးလား”
ဝူစန်းထောင်က မျက်မှောင်ကြုတ်လိုက်ပါ၏။ သူက သူ၏ နှာခေါင်းကို လက်ကိုင်ပဝါနှင့်ပိတ်ကာ နောက်ကို ဆုတ်လိုက်ပါ၏။ ထို့နောက်မှ သူက အေးစက်စွာ ပြောလိုက်ပါသည်။
“ဟုတ်တယ်။ ငါ့ရဲ့ နည်းလမ်းတွေက တစ်ကယ်ကို ပဲ အရှက်ကင်းမဲ့ဖို့ကောင်းတယ်။ ဒါပေမဲ့ ငါ့ရဲ့နည်းလမ်းတွေ အလုပ်ဖြစ်နေသ၍ကတော့ ငါက အဲဒီနည်းလမ်းတွေကိုပဲ သုံးနေမှာပဲ”
“ ငါ့ရဲ့ စီနီယာအစ်ကိုကြီးကတော့ ဘယ်တော့မှဒီနည်းလမ်းတွေကို သုံးမှာမဟုတ်ဘူး။ ပြီးတော့ ဒီနည်းလမ်းတွေကို သုံးတာ ငါ့အစ်ကိုကြီးသိလို့ရှိရင် သူကိုယ်တိုင်သဘောကျမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါက ငါ့အစ်ကိုကြီးတော့မဟုတ်ဘူး။ ငါ့အစ်ကိုကြီးရဲ့ နောက်လိုက်တစ်ယောက်ပဲ။ သူ့အတွက် ငါက သိပ်အသုံးဝင်တဲ့ လူတစ်ယောက်တော့မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုမျိုးညစ်ပတ်တဲ့ အလုပ်တွေကိုတော့ ငါလုပ်နိုင်သေးတယ်”
“ မင်းကြိုက်တာပြောလို့ရတယ်။ ငါမင်းကို မေးချင်တာ တစ်ခုပဲရှိတယ်။ မူအိမ်တော်ရဲ့ ဒုစရိုက်မှုတွေနဲ့ အစီအစဉ်တွေအားလုံးကို ငါသိချင်တယ်။ အဲဒါတွေ မင်းငါ့ကို ပြောရမယ်။ မင်းသာငါ့ကို ပြောပြမယ်ဆိုရင် အဲဒီ ကလေးအမေနဲ့ ကလေးကို ငါထိမှာ မဟုတ်ဘူး”
“ တစ်ကယ်လို့ မင်းမပြောဘူးဆိုလို့ရှိရင်တော့ မနက်ဖြန်ကျရင် မင်းရဲ့ တစ်ဦးတည်းသော သားလေးက မတော်တဆသေရင်သေသွားနိုင်တယ်လေ။ ဒါမှမဟုတ်လို့ရှိရင် သားရဲတစ်ကောင်ကောင်ကရုတ်တရက် ဝင်လာပြီးတော့ မင်းသားလေးကို အလောင်းပါမကျန်အောင် စားရင်စားသွားနိုင်တယ်။ ဘယ်အရာမဆိုဖြစ်သွားနိုင်တယ်။ အဲဒါကြောင့်မို့လို့မင်းသေချာစဉ်းစားဖို့ လိုလိမ့်မယ်”
ဝူစန်းထောင်က ထိုင်ချလိုက်ပြီး မူကျင်းအား တိတ်ဆိတ်စွာ ကြည့်လိုက်ပါသည်။ ဝူစန်းထောင်က သူရဲ့ တရားမဝင်သားကို ဓါးစာခံအဖြစ်အသုံးချပြီး ယခုလိုမျိုး စစ်မေးလိမ့်မည်ဟု မူကျင်းက လုံးဝမထင်ထားခဲ့ပါ။ ထိုလျို့ဝှက်ချက်ကို လူတော်တော်များများကလည်း မသိနေပါ။
ဝူစန်းထောင်က ဘယ်လိုသိတာလည်း။ သူ၏သားလေးကို ဓါးစားခံ လုပ်ကာ ခြိမ်းခြောက်ထားသောကြောင့် မူကျင်းကလည်း မတတ်နိုင်တော့ဘဲ ခေါင်းညိတ်လိုက်ရပါတော့၏။
အာရုဏ်တက်ပါပြီ။ ဝူစန်းထောင်က ထောင်ထဲမှ ထွက်လာပြီး သူ၏လက်ထဲတွင် လွန်စွာ များပြားသော စာရွက်စာတမ်းများကိုင်ဆောင်ထားခဲ့ပါ၏။ ထိုစာရွက်စာတမ်းများမှာ တစ်ညလုံး ဟွာကျစ်လျိုနှင့် မူကျင်းတို့ ဖွင့် ဟဝန်ခံထားသော အကြောင်းအရာများကို ရေးသားထားပါ၏။ ဝူစန်းထောင်က ထိုစာများကို လီဟမ်ရှန်း အား ကမ်းပေးလိုက်ပါသည်။
လီဟမ်ရှန်းမှာ ထိုခံဝန်ချက်များကို ရသောကြောင့် အံ့ဩသင့်သွားခဲ့ပါ၏။ တစ်ညထဲမှာပင် ဝူစန်းထောင်က ထိုခေါင်းမာသော သူနှစ်ဦးထံမှ ခံဝန်ချက်ကိုရအောင် ဘယ်လိုများလုပ်နိုင်ခဲ့ တာလဲဆိုတာကို သူကအထင်ကြီးသွားခဲ့ပါသည်။
“ အစ်ကို ကျုပ်တို့ဘာဆက်လုပ်ကြမလဲ” ဝူစန်းထောင်က သိချင်စွာမေးလိုက်ပါ၏။
“ဒီသက်သေတွေရထားပြီးတော့မှ ငါတို့က ဘာဆက်လုပ်မလဲ ဆိုတာကို မင်းမေးဖို့လိုသေးလို့လား” လီဟမ်ရှန်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပါသည်။
“ငါတို့တွေက ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းရမှာပေါ့” ဝူစန်းထောင်က ထိုအဖြေကြောင့် ဆွံ့အသွားခဲ့၏။
“သူတို့ရဲ့အိမ်တွေကိုသွားပြီးတော့ ဒီတိုင်းဖမ်းမယ်လို့အစ်ကိုပြောလိုက်တာလား”
ဒီအကြံကြီးက အရမ်းကြီးကို ရူးသွပ်ဖွယ်ကောင်း တယ်မဟုတ်ဘူးလား။ မူအိမ်တော်နှင့် ဟွာအိမ်တော်ပိုင်နက်ကို ဝင်ပြီးတော့ လူဖမ်းမယ်။ ငါတို့က ကိုယ့်သေတွင်းကို ကိုတူးပြီးသွားနေတာနဲ့မတူဘူးလား။
ဒါပေမဲ့ လီဟမ်ရှန်းက ဝူစန်းထောင်၏အတွေးများကို သိသော်လည်း ဂရုမစိုက်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် မူအိမ်တော်ရော ဟွာအိမ်တော် ရောက ပြန်လည်ခုခံရန်အင်အားမရှိပါ။ အခွင့်အရေးမရှိပါဟု တွေးထားသောကြောင့်ဖြစ်၏။
မနက်ခင်းစောစောတွင် လုရှီရန်ကလည်းနိုးလာခဲ့ပါသည်။ သူမနိုးလာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါတွင် သူမ တစ်ယောက်ထဲသာ မရင်းနှီးသော အခန်းထဲတွင်ရှိသည်ကို သိလိုက်ရပါ၏။