← Chapters

အခန်း (၃၁၄)

Vol. 27 Ch. 314

အခန်း (၃၁၄)

Vol. 27 Ch. 314

သူမက လီဟမ်ရှန်းနှင့်အတူ စစ်ဆေးရေးမှူးရုံးတွင် နေထိုင်နေခဲ့သည်ဆိုတာ ပြန်မှတ်မိသွားခဲ့ပါသည်။ ထိုအချိန်ကျမှသာ သူမက တုန်လှုပ်နေသောစိတ်များ ပြန်လည်ငြိမ်းချမ်းသွားခဲ့ပါ၏။ အခန်းအပြင်ထွက်လာသောအခါတွင် သူမသည်ခြံဝန်းထဲတွင်ရှိသော လီဟမ်ရှန်းကို တွေ့လိုက်ပါ၏။

“ယောင်္ကျား မင်္ဂလာနံနက်ခင်းပါ” လုရှီရန်က အနားသို့တိုးပြီးနောက်ပြောလိုက်ပါသည်။

“ မင်းနိုးပြီပဲ” လီဟမ်ရှန်းက ပြောလိုက်၏။

“မနက်စာကို ငါပြင်ထားပြီးသွားပြီ။ မီးဖိုထဲမှာ ထားထားတယ်။ မီးဖိုချောင်ထဲသွားပြီးတော့ သွားစားလို့ရတယ်လေ” လုရှီရန်က နောက်သို့လှည့်ပြီး မီးဖိုချောင်သို့ သွားလိုက်၏။ သူမက ခြေလှမ်းနှစ်လှမ်းလှမ်းပြီးနောက်တွင် လီဟမ်ရှန်းထံသို့ ပြန်လာပြီးနောက် မေးလိုက်ပါ၏။

“ ကျွန်မ ကူညီနိုင်တာ ဘာရှိမလဲဟင်”

“ အကူအညီဟုတ်လား။ နင်ဘာမှ လုပ်စရာမလိုပါဘူး” လီဟမ်ရှန်းက ထူးဆန်းသော အမူအရာနှင့်ပြောလိုက်ပါ၏။

ကျွန်မက ရှင့်ကို ဘာမှ မကူညီဘဲ ရှင်ရှာကျွေးသမျှကို ငုတ်တုပ်ထိုင်စားလို့ရှိရင် တစ်နေ့နေ့ကျရင် အလုပ်မလုပ်တဲ့ ငပျင်းမလို့ ရှင့်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်ဆိုပြီးတော့ ရှင်တွေးလိမ့်မယ်လေ။ အဲလိုတွေးပြီးတော့ ရှင်ကျွန်မကို စွန့်ပစ်သွားလို့ရှိရင် ကျွန်မ ဘယ်လိုလုပ်ရမလဲ”

လုရှီရန်က လွန်စွာ တည်ကြည်သောမျက်နှာထားဖြင့်မေးလိုက်ပါ၏။

“နင့်ကို ငါ မစွန့်ပစ်ပါဘူး။ လီဟမ်ရှန်းက ခေါင်းကို ခါရမ်းပြီး ပြောလိုက်ပါသည်။ ထိုကောင်မလေး၏ခေါင်းထဲတွင် ထိုကဲ့သို့သော ပေါက်ကရအတွေးများ ဘယ်ကရောက်လာနေလဲဆိုတာကို လီဟမ်ရှန်းက သိချင်သွားခဲ့ပါတော့သည်။

“ အဲဒါဆိုရင်လည်း ကျွန်မသွားစားလိုက်ပါဦးမယ်”

လုရှီရန်က ခေါင်းညိတ်ပြီးနောက်တွင် မီးဖိုချောင်သို့ဝင်ကာ လီဟမ်ရှန်းပြင်ထားသော မနက်စာကို သွားစားလိုက်ပါတော့သည်။

“ဒီကောင်မလေး ကတော့ တစ်နေ့နဲ့တစ်နေ့ဘာတွေ တွေးနေလည်းမသိပါဘူးကွာ။ အဲဒါကြောင့်မို့လို့ ငါသူကို့ အနားမှာ ခေါ်မထားချင်တာ။ အာ..ခေါင်းကိုက်လိုက်တာ။ ခေါင်းကိုက်လိုက်တာ”

ထို့နောက်တွင် လီဟမ်ရှန်းက လုရှီရန်၏ ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားသော စည်း တံဆိပ်ကို ဘယ်လိုချေဖျက်ရမလဲဆိုတာကို တွေးမိသွားပါတော့၏။

လုရှီရန်၏ ဘဝတစ်လျောက်လုံးတွင်ကျင့်ကြံချင်းနှင့် နတ်ခန္ဓာကို  ချိတ်ပိတ်ခြင်းခံထားရတာကို မချေဖျက်ဘဲ ဒီတိုင်းထားလို့ မဖြစ်ဘူးမို့လား။ လုရှီရန်ထံမှ လီဟမ်ရှန်းသိခဲ့သည်မှာ သူမ၏ ကျင့်ကြံမှုများအားချိတ်ပိတ်ခဲ့သူမှာ မဟာ သိုင်းဂိုဏ်းအဆင့်ရှိသော ဆုမိသားစု ၏ ဆုကျန်းပင်ဖြစ်သည်။     ဆုကျန်းက အင်မော်တယ် ချုပ်နှောင်ခြင်း လက်ညိုးကို အသုံးပြု၍ သူမ၏ ခန္ဓာကိုယ်ကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်၏။ ထိုကဲ့သို့သော အဆင့်ရှိသော ကျင့်ကြံသူ တစ်ဦး၏ချိတ်ပိတ်မှုကို ချေဖျက်ရန်အတွက် ဘယ်လောက်တောင် ခက်ခဲ့လိမ့်မလဲ။ အနည်းဆုံးတော့ ကွမ်ကျူးလောက်အဆင့်ရှိသော ကျင့်ကြံသူတစ်ဦးက ကူညီပေးမှ ရပါလိမ့်မည်။

ဒါပေမဲ့ လက်ရှိမှာလည်း ကွမ်လန်နန်းတော်ကလည်း လုရှီရန်ဘယ်မှာရှိလဲဆိုတာကို အသည်းအသန်လိုက်ရှာနေကြသည် မဟုတ်ပါလား။ သူတို့က သူမသာ ဒီမှာရှိတယ်ဆိုတာကို သိပြီဆိုတာနဲ့ သူမကို အန္တရာယ် ပြုကြပေလိမ့်မည်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် လီဟမ်ရှန်းက လုရှီရန်ကို ဆုမိသားစုနဲ့ ကွမ်လန်နန်းတော်တို့အကြား ထိမ်းမြားပွဲ၏ သားကောင်အဖြစ်သို့ မရောက်စေလိုပါ။

ဒီကိစ္စကို ခဏမေ့ထားတာပဲ ကောင်းပါတယ်

လောလောဆယ် ငါ့လက်ရှိပြဿနာတွေကို ဖြေရှင်းတာကောင်းမယ်။ လီဟမ်ရှန်း က ဟွာကျစ်လျိုနှင့် မူကျင်းတို့ ဝန်ခံထားသည့် စာရွက်များကို ကြည့်ကာ တွေးလိုက်ပါသည်။ အရင်ဦးဆုံးသူက ထိုဝန်ခံချက်များမှ သက်သေများကို စုဆောင်းရန်အတွက် ပြင်ဆင်ထားပါ၏။ သူက သက်သေမရှိဘဲနှင့် ထိုအိမ်တော်နှစ်ခုလုံးကို ဖျက်ဆီးလိုက်ပါက မြောက်ပိုင်းအေးခဲနိုင်ငံတော်ကို အကြောင်းပြဖြေရှင်းဖို့ခက်ပေလိမ့်မည်။

ကျိဝူမြို့တွင်တော့ မနက်စောစောတွင် ယင်ကျိရွှမ်းက လူများစွာကို ခေါ်လာပြီး ချန်းချင်းသေရည်ဆိုင်သို့လာကာ လီချန်ချင်း နဲ့လာတွေ့ပါ၏။

အဘယ်ကြောင့်ဆိုသော် မနေ့ညတုန်းက လီချန်ချင်းက အနက်ရောင်ရှေးဟောင်းသစ်တောမှ ပြန်ရောက်ပြီဟု သတင်းကြားသော်ကြောင့် ဖြစ်ပါ၏။

အဲလောက်မြန်မြန်ပြန်လာတယ်ဆိုမှတော့ သူက ထာဝရရှင်သန်ခြင်းသစ်သီးကို ရှာတွေ့တာ ဖြစ်နိုင်ရာ၏။ ထာဝရရှင်သန်ခြင်းသစ်သီး ရပြီဆိုမှတော့ သူညီမ လေးရဲ့အသက် ကယ်တင်နိုင်ခဲ့ပြီမဟုတ်ပါလား။ သူတို့က သေရည်ဆိုင်သို့ရောက်သောအခါတွင် လီချန်ချင်းက ကျန်းဝမ်လျိုအား ပုံပြင်ဇာတ်လမ်း ပြောပြနေသည့်အချိန်နဲ့ သွားတိုးပါသည်။

ကျန်းဝမ်လျိုမှာ လွန်စွာ စိတ်ဝင်စားနေသည့် မျက်နှာထားဖြင့် လီချန်ချင်းပြောပြနေသည့်ပုံပြင်ကို မျက်တောင်မခတ်စတမ်းနားထောင်နေခဲ့ပါသည်။ လတ်တလောတွင် သူက လီချန်ချင်း၏ ဖန်တစ်ဦးဖြစ်နေခဲ့ပြီဖြစ်၏။

လီချန်ချင်း၏ ခေါင်းထဲတွင် ထိုကဲ့သို့‌သော ထူးခြားဆန်းကြယ်ကာ ဇာတ်လမ်းဇာတ်ကွက်များစွာ ဘယ်လိုမျိုးရှိသည့် ဆိုတာကို သူက အရမ်းစိတ်ဝင်စားပြီး သိချင်နေခဲ့ပါ၏။ ယင်ကျိရွှမ်းက စိတ်ဖိစီးမှုများနေသည့်တိုင် လီချန်ချင်းကို မနှောက်ယှက်ခဲ့ပါ။ နာရီဝက် တိတိစောင့်ပြီးသည့်နောက်တွင် လီချန်ချင်းက အခန်းထဲမှ ထွက်လာခဲ့ပါ၏။

“လူကြီးမင်းချန်ချင်း ထာဝရရှင်သန်ခြင်းသစ်သီးကော ရခဲ့ပါသလား” ယင်ကျိရွှမ်းက အမှန်တကယ်ကို စိတ်မရှည်တော့ပါ။

“တစ်လုံးမှ မရခဲ့ဘူး” လီချန်ချင်းက အမှန်တရားကို ပြောခဲ့ပါ၏။

“ထာဝရရှင်သန်ခြင်းသစ်ပင်က ကျိုးကျသွားပြီ။ မြေကြီးပေါ်ကို ကျနေတဲ့ ထာဝရရှင်သန်ခြင်း သစ်သီးတွေကတော့ တိရိစ္ဆာန်တွေစားသုံးသွားပြီကွာ။ တစ်ချို့သစ်သီးတွေဆိုလို့ရှိရင် သားရဲကောင်ကြီးတွေ နင်းချေထားလို့ ပြားပြားကို ဝပ်နေပြီ။ ဘယ်လိုမှကို စားလို့ မရတော့ဘူး”

“ ဘယ်လိုလုပ်ဖြစ်ရတာတုန်း” ယင်ကျိရွှမ်း၏ မျက်နှာမှာ သွေးဆုပ်ကာ ဖြူဖတ်ဖြူရော် ဖြစ်သွားပါသည်။ ထာဝရရှင်သန်ခြင်းသစ်သီးကို ရှာတွေ့ပါက သူ၏ညီမလေး၏အသက်ကို ကယ်တင်နိုင်မည်ဟုသူကတွေးခဲ့ပါသည်။ဒါပေမဲ့ နောက်ဆုံးမှာတော့ သူကြိုးစားခဲ့သမျှက သဲထဲရေသွန်ဖြစ်သွားခဲ့ရ၏။

“ဒါပေမဲ့ မင်းရဲ့ညီမလေးကို ကယ်ဖို့အတွက်ငါ့မှာ တစ်နည်းရှိတယ်။ မင်းကြိုးစားကြည့်ချင်လား” ထိုအခိုက်တွင်လီချန်ချင်းက လှမ်းပြောလိုက်၏။ ဟင်  ယင်ကျိရွှမ်းက ထိုစကားကိုကြားသော် သူ့မျက်နှာတွင် မျှော်လင့်သောအမူအရာများ ပေါ်လာခဲ့ပါ၏။ ထို့နောက်တွင် သူက ခပ်မြန်မြန်ပြောလိုက်ပါ၏။

“လူကြီးမင်းချန်ချင်း လူကြီးမင်းချန်ချင်းမှာ ဘာအစီအစဉ်များရှိပါသလဲ”

“ ငါ့မှာ မင်းညီမလေးကို ကယ်နိုင်ဖို့အတွက် ရတနာတစ်ခုရှိတယ်။ဒါပေမဲ့ အဲဒါအလုပ်လုပ်ဖို့ဆိုရင် မင်းညီမလေးကို ငါကိုယ်တိုင်တွေ့ဖို့ လိုလိမ့်မယ်”

လီချန်ချင်းက အမှန်တရားကို ပြောလိုက်ပါသည်။

“အဲဒါဆိုလို့ရှိရင် လည်း ပိုင်ဟန်မြို့ကို မြန်မြန်သွားကြရအောင်” ယင်ကျိရွှမ်းက စိတ်လောနေသည့်ပုံစံနှင့် ပြောလိုက်၏။

“ကောင်းပြီလေ။ မင်းတို့နဲ့တူတူငါလိုက်ခဲ့မယ်”

နဂါးသွေးအဆီအနှစ်ကို ရရှိရန်အတွက် လီချန်ချင်းက ယင်ကျိရွှမ်းနှင့်အတူတူ ခရီးထွက်ရန်အတွက် ပြင်ဆင်လိုက်ပါသည်။ ကျိဝူမြို့မှ ပိုင်ဟန်မြို့ကို သွားသော ခရီးမှာ သိပ်မဝေးပါ။ စန်းယွမ် ပို့ဆောင်ရေးဌာန၏ ပျံသန်းရေးသားရဲများကို အသုံးပြုပြီးတော့ တစ်နာရီပင်မကြာသော အချိန်ကာလအတွင်းမှာ သူတို့က ပိုင်ဟန်မြို့သို့ရောက်လာ ခဲ့ပါသည်။

ယင်ကျိရွှမ်းက လွန်စွာ စိတ်လောနေခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ညီမလေး ၏အသက်မှာ ချက်ချင်းပင်သေသွားနိုင်သောကြောင့်ဖြစ်သည်။ ပိုင်ဟန်မြို့သို့ ပြန်ရောက်ပြီးနောက်တွင်ယင်ကျိရွှမ်းက လီချန်ချင်းအား စံအိမ်တော်သို့ အမြန်ခေါ်သွားခဲ့ပါ၏။

“ချင်စံအိမ်တော်”

ထိုနာမည်ကို မြင်သောအခါ လီချန်ချင်းက စိတ်ဝင်စားသော အမူအရာဖြစ်သွားခဲ့ပါ၏။ သူညီမလေးရဲ့ နာမည်က ယင်ချင် လို့ခေါ်တယ်။ သူမနေတဲ့စံအိမ်ကို သူမနာမည်ပဲ ပေးထားခဲ့တာလေ။ ယင်ကျိရွှမ်းက လီချန်ချင်းကို မိတ်ဆက်ပေးခဲ့ပါသည်။ လီချန်ချင်းက ခေါင်းညိတ်သော်လည်း ဘာတစ်ခုမျှ မပြောခဲ့ပါ။

ယင်ကျိရွှမ်းကို မြင်သော် ချင်စံအိမ်တော်မှမည်သူကမှသူ့ကို မတားဆီးဝင့်ပါ။ ယင်ကျိရွှမ်းက ယင်ချင်နေသောနေရာကို လီချန်ချင်းအား တန်းတန်းမတ်မတ်ကို ခေါ်သွားခဲ့ပါသည်။

“မင်းသားလေး မင်းသားလေးပြန်လာပြီလား” အစေခံအမျိုးသမီးတစ်ဦး ထွက်လာခဲ့၏။ သူမ၏မျက်နှာတွင် ပူဆွေးသောကရောက်နေသော အမူအရာအပြည့်နှင့် ဖြစ်ပြီးနောက်ပြောလိုက်ပါ၏။

“သခင်မလေးက အခြေအနေတော်တော်ဆိုးနေတယ်။ ဒီမနက်မှာပဲ သခင်မလေးက သွေးတွေ တစ်ပွတ်ပြီးတစ်ပွတ် အန်နေတာ”

“ ဟင်” ယင်ကျိရွှမ်း က ခပ်မြန်မြန်ပင် တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်ပါ၏။ လီချန်ချင်း ကလည်း အတွင်းသို့လိုက်ဝင်လိုက်ပြီး အခန်းကို ဝေ့ကာ စစ်ဆေးလိုက်ပါသည်။ အခန်းမှာ ဂန္တဝင်ဆန်စွာ ခမ်းနားတင့်တယ်နေခဲ့ပါ၏။ ရနံ့သင်းပျံ့သောအမွှေးတိုင်များကိုလဲ ထိုးစိုက်ထားပြီး လူချမ်းသာတစ်ဦး၏ အခန်းနဲ့အမှန်တကယ်ကို တူညီပါ၏။

“အမေ” ယင်ကျိရွှမ်က အိပ်ယာနံဘေးတွင်ထိုင်ကာ ငိုနေသော အမျိုးသမီးကို လှမ်းခေါ်လိုက်ပါသည်။ ထိုအမျိုးသမီးမှာ တန်ဖိုးကြီးမားသော ပိုးထည်ကို ဝတ်ဆင်ထားပါ၏။ လွန်စွာဂုဏ်အရှိန်အဝါကြီးမားသော အမျိုးသမီးဖြစ်မယ်။ အဝေးကပင် သိနိုင်ပါသည်။ သို့သော် ယခုအချိန်တွင်တော့ သူမ၏မျက်နှာထက်တွင် မျက်ရည်များဖြင့်အပြည့်ဖြစ်နေခဲ့၏။

“ကျိရွှမ် သားပြန်လာပြီ” အမျိုးသမီးက ယင်ကျိရွှမ်ကို မြင်သောအခါတွင် အိပ်ယာနံဘေးမှထကာ လှမ်းကြိုလိုက်ပါ၏။ ထို့နောက်တွင်  သူမ၏မျက်နှာမှာ အိပ်ယာထဲတွင်လဲနေသော ကလေးမလေးထံသို့ရောက်သွားခဲ့ပါသည်။

ကလေးမလေး၏ အသားအရည်မှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သူမ၏ ဆံပင်များမှာလဲ အဖြူရောင်သို့ ပြောင်းနေခဲ့ပါသည်။ သူမက လွန်စွာမှ ပိန်ညောင်နေပြီး အရိုးနဲ့အရည်သာ ကျန်နေခဲ့ပါ၏။ သူမ၏ အသက်ရှုသံများမှာလဲ မတည်မငြိမ်ဖြစ်နေခဲ့ပါသည်။

“ချင်းအာရဲ့ အခြေအနေဘယ်လိုလဲ”

ယင်ကျိရွှမ်းက ခပ်မြန်မြန်မေးလိုက်ပါ၏။ အမျိုးသမီးကြီးက ဦးခေါင်းကိုသာ ခါယမ်းပြီးစကားမပြောပါ။

“ကျုပ်ကြည့်လိုက်ပါဦးမယ်” ထိုအခိုက်တွင် လီချန်ချင်းက ခြေတစ်လှမ်းတိုးပြီးပြောလိုက်ပါသည်။ ကလေးမလေး၏ အသက်ရှူသံမှာ တဖြေးဖြေးနဲ့  ပို၍ ပို၍ အားနည်းလာသည်ကို သူက ခံစားလိုက်ရပါသည်။

“ဒီလူက ဘယ်သူလဲ မသိဘူး” အမျိုးသမီးကြီးက လီချန်ချင်းကို အနည်းငယ် အံ့ဩသောအမူအရာနဲ့ ကြည့်ကာပြောလိုက်ပါ၏။

“သူက နတ်ဆေးသမားတော်တစ်ပါးပါ” ယင်ကျိရွှမ်းက ထိုကဲ့သို့သာပြောလိုက်ပါ၏။

“သူက ချင်းအာလေးကို ကယ်ဖို့အတွက်ရောက်လာတာလေ။ နတ်ဆေးသမားတော်ကြီးကို ဒုက္ခများစေပါပြီ”

အမျိုးသမီးကြီးက မတ်တပ်ထရပ်ပြီး ယဉ်ကျေးပျူငှာသောအသုံးအနှုန်းကို သုံးလိုက်ပါ၏။ ဒါပေမဲ့ သူမက မျှော်လင့်ချက်တော့ မရှိပါ။

ဘာ နတ်ဆေးသမားတော်လဲ။ နတ်ဆေးသမားတော်တွေ အများကြီး  တစ်ယောက်ပြီးတစ်ယောက် ရောက်လာတာတောင်မှ သမီးလေးကို ပျောက်ကင်းအောင် မကုနိုင်ဘူးလေ။ အဆင့်မြင့်ဆရာသခင်ဖြစ်တဲ့ ကျန်းယွမ်ကျိကိုယ်တိုင်လာပြီး ကြည့်ပြီးသွားပြီပဲ။ ဒါပေမဲ့ ကျန်းယွမ်ကျိတောင် ဘာမှ မလုပ်ပေးနိုင်ဘူး။

ဒီလိုမျိုး တစ်ခါမှ မမြင်ဘူးတဲ့ သူစိမ်းက ဘာလုပ်နိုင်မှာမလို့လဲ။

လီချန်ချင်းက အချိန်ဖြုန်းမနေပါ။ သူက ရှင်သန်ခြင်းရေပန်းကို ထုတ်လိုက်ပြီး ထိုပန်းပုရုပ်ထုကို ကလေးမလေး၏အိပ်ယာနံဘေးရှိ စားပွဲအမြင့်ပေါ်သို့ ကောက်တင်ထားလိုက်ပါသည်။

ရှင်သန်ခြင်းရေပန်းမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားပြီးနောက်တွင် ချက်ချင်းပင် သစ်သားဖြစ်နေသောရေများမှာ အစစ်အမှန်ရေများအဖြစ်သို့ ပြောင်းကာ ရေပန်းမှ ဖြေးဖြေးချင်း ပန်းကာထွက်လာခဲ့ပါ၏။

ရေပန်းမှ ထွက်လာသောရေစက်များမှာ အစစ်အမှန်မဟုတ်ဘဲ အစိမ်းရောင်မြူခိုးများက စတင်၍ အခန်းထဲသို့ ပျံ့နှံ့လာခဲ့ပါသည်။ အစိမ်းရောင်မြူခိုးများက ပျံ့နှံ့လာပြီးနောက်တွင် သတိလစ်ကာ လဲလျောင်းနေသော ယင်ချင်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့၏။

ယင်ချင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နွေးထွေးသော အလင်းတန်းများနဲ့ လင်းလက်လာခဲ့ပါသည်။ ထိုအလင်းတန်းများမှာ အသက်စွမ်းအားများနဲ့ မျှော်လင့်ခြင်းများ ပြည့်နှက်နေခဲ့ပါသည်။ ယင်ကျိရွှမ်းနဲ့ အမျိုးသမီးကြီးမှာ ထိုမြင်ကွင်းကို အထိတ်တလန့်နဲ့ ကြည့်နေခဲ့ပါ၏။

သူတို့၏ မျက်စိရှေ့မှာပင် ယင်ချင်၏ ဆံပင်ဖြူများမှာ တဖြေးဖြေးချင်းနဲ့ အနက်ရောင်သို့ ပြောင်းလဲလာခဲ့ပါ၏။ သူမ၏ လှုပ်ရှားနေသော အသက်ရှူသံများမှာလဲ တဖြေးဖြေးချင်း ပြန်လည်တည်ငြိမ်လာပါသည်။ သူမ၏ ပါးပြင်နှစ်ဖက်ပင်လျှင် ဖြူဖပ်ဖြူလျော်အခြေအနေမှ သွေးအရောင်ပြန်သမ်းလာခဲ့ပါသည်။ တုန်ခါနေသော အသက်စွမ်းအင်တစ်ရပ်သည် ယင်ချင်၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့ပါသည်။

“ညီမလေး” ယင်ကျိရွှမ်းက လွန်စွာဝမ်းသာစွာအော်ဟစ်လိုက်ပါသည်။ ရှင်သန်ခြင်းရေပန်း၏ အလုပ်ဖြစ်မှုကို လီချန်ချင်းကိုယ်တိုင်ပင်လျှင် အံ့ဩသင့်သွားခဲ့ပါ၏။

မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ တော်ဝင်နေပြည်တော်တွင်ရှိသော စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးသည် ထိုဖြစ်ရပ်ကို အာရုံခံမိသွားခဲ့ကြပါတော့သည်။ ပြင်းထန်လှသောအသက်စွမ်းအားမှာ သူတို့၏အာရုံကို ရသွားစေခဲ့ပါ၏။

“အို ဒီစွမ်းအားက ချင်းအာရဲ့ စံအိမ်ကပဲ” တော်ဝင်စာဖတ်ခန်းတွင် စာကြည့်နေသော ဧကရာဇ်မင်း ယင်ဖန်းချီက ပြောလိုက်ပါ၏။ သူက ချင်းစံအိမ်တော်ရှိသည့်အရပ်ကို ကြည့်လိုက်ပြီး စာကြည့်ခန်းထဲမှ ထွက်လာခဲ့ပါသည်။

ထို့နောက်တွင် သူက လေပေါ်သို့ တစ်ချက်ကျွမ်းပစ်ကာ ခုန်တက်လိုက်ပြီး ရွှေရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပါတော့သည်။ သူက ချင်စံအိမ်တော်၌ ဖြစ်နေသည့်အရာများကို ကိုယ်တိုင်သွားကြည့်ရန်အတွက် လိုအပ်နေပါပြီ။

All Chapters