အခန်း (၃၁၅)
Vol. 27 Ch. 315
“အရှင်မင်းကြီး” ချင်စံအိမ်တော်သို့ ယင်ဖန်းချီ ရောက်လာပြီးသည့်နောက်တွင် စံအိမ်ရှိလူတိုင်းက ဒူးထောက်ပြီးအရိုအသေပေးလိုက်ကြပါသည်။ ယင်ဖန်းချီက ယင်ချင်း၏အခန်းသို့ မရပ်မနားပြေးသွားခဲ့ပါ၏။ ထိုအခန်းထဲတွင် တစ်စုံတစ်ခုဖြစ်နေသည်ကို သူကအာရုံခံမိခဲ့ပါသည်။
ယင်ချင်းမှာ ယင်ဖန်းချီ၏ အငယ်ဆုံးသမီးတော်လေးဖြစ်ပါ၏။ သူမက မွေးဖွားလာစဉ်ကတည်းကိုက ကျန်းမာရေးမကောင်းသော ခန္ဓာကိုယ်နဲ့ မွေးဖွားလာခဲ့ရသူဖြစ်ပါသည်။ သူမက မကျင့်ကြံနိုင်ရုံသာမက သူမ၏ အသက်စွမ်းအင်များကလဲ လျင်မြန်စွာဖြင့်ကုန်ဆုံးနေခဲ့ပါ၏။ ထိုဖြစ်ရပ်မှာ ယင်ဖန်းချီကို အလွန်တရာမှကို စိတ်ပူပန်သောက ရောက်စေခဲ့ပါသည်။
နည်းလမ်းမျိုးစုံသုံးပြီးသည့်အပြင် ကျွမ်းကျင်သောပညာရှင်များစွာနဲ့ပြပြီးသည့်တိုင် ဘယ်သူကမှ ဤပြဿနာကို အဖြေမရှာနိုင်ခဲ့ပါချေ။ ယင်ဖန်းချီမှာ စိတ်သောက တအားရောက်ခဲ့ရပြီး သူ့သမီးတော်လေး၏ နောက်ဆုံးထွက်သက်တွင် အလွန်အမင်း မခံစားရဖို့သာမျှော်လင့်ခဲ့ရပါတော့သည်။
သူမျှော်လင့်ထားသည့်အတိုင်း ဤနှစ်အပိုင်းအခြားတွင် ယင်ချင်း၏အခြေအနေမှာ မူလကထက်ပို၍ဆိုးဝါးလာခဲ့ပါသည်။
သူမ၏အသက်စွမ်းအင်များမှာ ပိုမို၍ လျင်မြန်စွာကုန်ဆုံးလာခဲ့၏။ သူမက အချိန်အများစုတွင် အိပ်စက်ခြင်းဖြင့်ကုန်ဆုံးနေရပါသည်။ သူမက နောက်တစ်ကြိမ် ပြန်လည်နိုးထလာမလားဆိုတာကို ဘယ်သူကမှ အတတ်မပြောနိုင်ကြပါချေ။ ယင်ဖန်းချီက ဧကရာဇ်မင်းဖြစ်နေသောကြောင့် တာဝန်များနဲ့ မအားမလပ်ဖြစ်နေသည့်တိုင် သမီးတော်လေးရှိရာသို့ ရက်အနည်းငယ်ကြာတိုင်း လာလာတွေ့ပါသည်။
သမီတော်လေးက အမြဲတမ်းအိပ်မောကျနေပြီး ရောဂါဝေဒနာကိုခံစားနေရသည်ကို မြင်သည့်အချိန်တိုင်း သူ၏နှလုံးသားကို ဓားနဲ့ထိုးနေသကဲ့သို့ ခံစားနေရပါ၏။
လွန်ခဲ့သောရက်နည်းနည်းခန့်က ယင်ကျီရွှမ်းက ထာဝရရှင်သန်ခြင်းသစ်သီးနဲ့ပတ်သက်သော သတင်းအချက်အလက်အချို့အား ရရှိခဲ့သည်ဟု သူ့အားလျှောက်တင်ခဲ့ပါ၏။ ဒါပေမဲ့ မြောက်ပိုင်အေးခဲနိုင်ငံတော်ကို စစ်သူကြီးကျောက်ပိုင်မင်ကလဲစောင့်ကြပ်နေရသည်။ နောက်ထပ်စွမ်းအားရှင်တစ်ဦးဖြစ်သော ကျန်းယွမ်ကျိကလဲ လောလောဆယ်တွင် တံခါးပိတ်ကာ ကျင့်ကြံနေခဲ့၏။
ထို့ကြောင့် ယင်ဖန်းချီက အခြားသော မူလအဆင့် ကျွမ်းကျင်သူများအား ယင်ကျီရွှမ်းနဲ့အတူတူထည့်ပေးလိုက်ပြီး ထာဝရရှင်သန်ခြင်းသစ်သီးကို ရှာဖွေရန်အတွက် လွှတ်လိုက်ပါ၏။ ယင်ဖန်းချီက အခန်းထဲသို့ ရောက်သောအခါတွင် ယင်ကျီရွှမ်းနဲ့ သူ၏မိဖုရားကြီးက ချက်ချင်းပင်လျှင် ဒူးထောက်ချလိုက်ပါ၏။
အတွင်းတွင်ရှိသော အစေခံများကလဲ တစ်ပြိုင်တည်း ဒူးထောက်လိုက်ပါသည်။ လီချန်ချင်းတစ်ဦးသာ လက်နောက်ပစ်ပြီး နှုတ်ခမ်းလေးတွန့်ရုံမျှသာပြုံးပြီး ဒူးမထောက်ခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်သည် ယင်ဖန်းချီနဲ့သူတွေ့ခြင်းက ပထမဦးဆုံးအကြိမ် မဟုတ်သောကြောင့်ဖြစ်ပါသည်။
“ဖခမည်းတော်” ယင်ကျီရွှမ်းက ကမန်းကတန်းစကားပြောလိုက်၏။
“အရှင်မင်းကြီး”
ယင်ဖန်းချီက အိပ်ယာနံဘေးသို့ လျင်မြန်စွာလျှောက်သွားပြီး ယင်ချင်း၏ခန္ဓာကိုယ်ကို အစိမ်းရောင်အလင်းတန်းများက ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရပါ၏။ အစိမ်းရောင်အလင်းတန်းများ၏အောက်တွင် သူမ၏အသက်စွမ်းအားများမှာ ဖြေးညင်းစွာဖြင့်ပြန်လည်ဖြည့်တင်းနေခဲ့ပါ၏။
သူ့မျက်နှာက ချက်ချင်းပင် ပျော်ရွှင်သောအမူအရာသို့ပြောင်းသွားပြီး သမီးလေး၏အသက်စွမ်းအင်များက ပြန်လည်ဖြည့်တင်းနေသည်ကို သူက နံဘေးမှနေ၍ကောင်းကောင်းခံစားခဲ့ရပါ၏။
ထိုအခိုက်မှာပင်ယင်ချင်း၏ မှိတ်ထားသောမျက်ဝန်းများက ရုတ်တရတ်ပွင့်လာခဲ့ပါ၏။ သူမက နံဘေးကိုကြည့်လိုက်ပြီး ယင်ဖန်းချီကိုမြင်သွားပြီးနောက်တွင် တအံ့တဩနှင့်ပြောလိုက်ပါ၏
“ ဖခမည်းတော် ဖခမည်းတော်က ဘာလို့ဒီကိုရောက်နေတာလဲ”
“ချင်းအာလေး သမီးလေး ဘယ်လိုခံစားရသေးလဲ” ယင်ဖန်းချီက စိုးရိမ်ပူပန်စွာဖြင့်မေးလိုက်ပါ၏။
ဘယ်လိုခံစားရလဲဆိုတော့ ယင်ချင်းက သူမ၏လက်သေးသေးလေးများကို ငုံ့ကြည့်ပြီး အပြုံးတစ်ချက်နဲ့ပြောလိုက်ပါ၏။
“ဖခမည်းတော်။ သမီးအရမ်းနေလို့ကောင်းတာပဲ။ အရင်တုန်းကထက် အများကြီးနေလို့ကောင်းတယ်။ သမီးခန္ဓာကိုယ်တစ်ခုလုံးက အရမ်းကို နွေးထွေးနေပြီးတော့ သမီးက ခွန်အားများကို ပြန်ရလာသလိုပဲ”
“ ဒါကောင်းတာပေါ့သမီးလေးရဲ့” ယင်ဖန်းချီကလဲ အပြုံးလေးနဲ့ပြန်ပြောလိုက်ပါသည်။
“ ဂွီ” ထိုအခိုက်တွင် ယင်ချင်း၏ဗိုက်ထဲမှာ ဗိုက်ဆာသောကြောင့် အော်သံတစ်ခုထွက်ပေါ်လာခဲ့ပါသည်။
သူမက မျက်နှာလေးရဲသွားပြီးနောက်ပြောလိုက်၏။
“ဖခမည်းတော် သမီးတော်ဗိုက်ဆာတယ်”
“ လာကြစမ်း။ မင်းသမီးအတွက် စားသောက်ပွဲပြင်ဆင်ကြဟေ့” ယင်ဖန်းချီက ချက်ချင်းအမိန့်ပေးလိုက်ပါ၏။ ထိုမြင်ကွင်းကိုမြင်သော လီချန်ချင်းက ခမည်းတော်နဲ့ ညီတော်၊ နောင်တော်များကို သတ်ဖြတ်ပြီးတော့ ထီးနန်းကို လုယူခဲ့သော အတိတ်က ရက်စက်ကြမ်းကြုတ်သော ယင်ဖန်းချီက ယခုလိုမျိုး နူးညံ့ညင်သာသော တဖက်ခြမ်းရှိမည်ဟု မထင်ထားခဲ့မိပါ။
ထိုအချိန်မှာပင် ယင်ဖန်းချီက ယင်ချင်း၏ခေါင်းအုံးနံဘေးတွင်ရှိသော ပန်းပုရုပ်ထုလေးကို သတိပြုမိသွားခဲ့ပါ၏။ ထိုအရာက ပန်းချီရတနာတစ်ခုဖြစ်ပြီး ယင်ချင်း၏အသက်စွမ်းအားများကို ပြန်လည်ဖြည့်တင်းနေသည်ကို သိလိုက်ရသောကြောင့် သူ၏မျက်လုံးများက အံ့ဩသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ပါသည်။
ယင်ဖန်းချီက မတ်တပ်ရပ်လိုက်သည့်အခါ၌ လီချန်ချင်းကို တွေ့လိုက်ရပါသည်။ ယင်ဖန်းချီက လီချန်ချင်းကို ကြည့်လိုက်ပြီး တစ်ခါမျှမမြင်ဖူးသော သူစိမ်းတစ်ယောက်မှန်းသိသည့်တိုင် ထူးထူးခြားခြားရင်းနှီးနေသည့် ခံစားချက်ကို ရနေခဲ့ပါ၏။
သူက ထီးနန်းကို လုယူထားသော ဧကရာဇ်မင်းဖြစ်သည့်အတွက်ကြောင့်မလို့ လူအများကို မြင်လျှင်ထူးခြားသော အလိုလိုသိစိတ် ခံစားချက်များကို ခံစားရတတ်ပါသည်။ ထို့ကြောင့် လီချန်ချင်းထံမှထွက်နေသော အရှိန်အဝါအရ သူက သာမန်မဟုတ်သည့် ရင်းနှီးနေသည့်ခံစားချက်ကို ရနေခြင်းလဲ ဖြစ်ပါ၏။
ဒါပေမဲ့ လီချန်ချင်းက ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ သူမမှတ်မိပါ။ ထိုဖြစ်ရပ်ကြောင့်နည်းနည်းထူးဆန်းနေသည်ဟု သူကခံစားနေရပါ၏။
“ ကျုပ်က လီချန်ချင်းလို့ခေါ်ပါတယ်” လီချန်ချင်းက သူ့ကိုယ်သူမိတ်ဆက်လိုက်ပါသည်။
“ ဖခမည်းတော် လူကြီးမင်းချန်ချင်းက ပန်းချီသူတော်စင်တစ်ဦးပါဗျ” ယင်ကျီရွှမ်းက ယင်ဖန်းချီကို လျှောက်တင်လိုက်ပါ၏။
“ချင်းအာလေးရဲ့အသက်ကို ကယ်တင်ပေးတာက လူကြီးမင်းချန်ချင်းက ကယ်တင်ပေးတာပါ။ ဒီပန်းပုရုပ်ထုက လူကြီးမင်းချန်ချင်းရဲ့ ပန်းချီရတနာပါ” ထိုစကားကို ကြားပြီးသည့်နောက်တွင် သူ့အရှေ့တွင်ရှိသော သူမှာ ပန်းချီသူတော်စင်တစ်ဦးဖြစ်သည်ကို ယင်ဖန်းချီက အံ့ဩသင့်စွာဖြင့်သိလိုက်ရပါသည်။
ယင်ဖန်းချီက ကျေးဇူးတင်စွာဖြင့် ဦးညွတ်ကာအရိုအသေပေးလိုက်ပါ၏။
“ကျေးဇူးတင်ပါတယ်ဗျာ လူကြီးမင်းချန်ချင်း” ဘယ်လိုပဲဖြစ်ပါစေ လီချန်ချင်းက ယင်ချင်း၏အသက်ကို ကယ်တင်ခဲ့သောကြောင့် ယင်ဖန်းချီက ကျေးဇူးတင်ရန်လုံလောက်နေခဲ့ပါ၏။
“အဲ့လောက်ထိ ယဉ်ကျေးနေဖို့မလိုဘူး” လီချန်ချင်းက ပြန်ဖြေလိုက်ပါသည်။
“ကျုပ်က ကျိရွှမ်းဆီကနေပြီးတော့ ယင်ချင်းရဲ့ အခြေအနေကိုသတင်းကြားလိုက်တယ်။ ပြီးတော့ ကျုပ်တို့နှစ်ယောက်ကြားမှာ သဘောတူညီမှုတစ်ခုလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့ ကျုပ်ကလာကူညီပေးတာပဲ”
“ သဘောတူညီမှု ဟုတ်လား” ယင်ဖန်းချီက ယင်ကျီရွှမ်းအား တစ်ချက်ကြည့်လိုက်ပါ၏။
“ကျုပ်ပေးလိုက်တဲ့ ရတနာက အဲ့ရတနာကို အနားမှာဆောင်ထားလို့ရှိရင် သူ့ရဲ့သက်တမ်းကို အမြဲတမ်းပြန်ပြီးဖြည့်ပေးနေလိမ့်မယ်” လီချန်ချင်းက ရှင်းပြလိုက်ပါ၏။
“ယင်ချင်းရဲ့ အသက်စွမ်းအားကအမြဲတမ်းယုတ်လျော့နေတာ။ ဒါပေမဲ့ ကျုပ်ရဲ့ရတနာကို သူ့အနားမှာထားထားလို့ရှိရင်တော့ သူစိတ်ပူနေဖို့မလိုဘူး။ သူမက သာမန်လူဖြစ်တဲ့အတွက်ကြောင့်မလို့ကျုပ်ရဲ့ပန်းချီရတနာကို ကိုယ်နဲ့မကွာဆောင်ထားမယ်ဆိုလို့ရှိရင် သူမက အင်မော်တယ်တစ်ယောက်လိုမျိုး မသေနိုင်ဘူးလို့တောင် ပြောလို့ရတယ်”
လီချန်ချင်းပြောသည်မှာ မှန်ပါ၏။ ထိုပန်းချီရတနာမှာ မသေမျိုးစွမ်းအားကိုပင် ပေးစွမ်းနိုင်လောက်သောအလားအလာရှိပါသည်။ ဒါပေမဲ့လဲ ထိုကဲ့သို့သော စွမ်းအားကိုရရှိဖို့အတွက် တန်ကြေးပြန်ပေးရမှာတော့ ရှိပါ၏။
ယင်ချင်းမှာ ထိုရတနာကို အမြဲဆောင်ထားပါက လုံးဝကျင့်ကြံနိုင်မည်မဟုတ်ဘဲ ဘဝတစ်သက်တာလုံးသာမန်လူဘဝနဲ့သာနေရမည်ဖြစ်ပါသည်။ သူမသာ ကျင့်ကြံသူတစ်ဦးဖြစ်လာခဲ့ပါက ရှင်သန်ခြင်းရေပန်းမှာ သူမအပေါ်သက်ရောက်မှုရှိတော့မည် မဟုတ်ချေ။ ဒုတိယအားနည်းချက်မှာ ယင်ချင်းက ယခုထက်ပိုပြီးတော့အသက်ကြီးရင့်တော့မည် မဟုတ်ပါချေ။ သူမ၏အသက်စွမ်းအားက အမြဲမပြတ်ပြည့်တင်းနေသောကြောင့် သူမက အသက်ကြီးရင့်တော့မည်မဟုတ်ပါ။ ထိုရတနာကို သူမနဲ့ဝေးဝေးတွင်ထားလိုက်လျှင် သူမ၏အသက်စွမ်းအင်မှာ ချက်ချင်းကို ယုတ်လျော့သွားပြီး အသက်မကြီးခင်မှာပင် သေဆုံးရလိမ့်မည်ဖြစ်၏။
တတိယအရေးကြီးဆုံးအချက်မှာ ထိုပန်းချီရတနာက နှစ်ပေါင်းများစွာကြာသည်အထိ ခံ၊ မခံကတော့ တပ်အပ်မပြောနိုင်ပါချေ။ ဒါပေမဲ့လဲ ထာဝရရှင်သန်ခြင်းသစ်သားနဲ့ ပြုလုပ်ထားသည့်ရတနာမှာ နှစ်တော်တော်အကြာထိ အသုံးပြု၍ ရလောက်မည်ဟု လီချန်ချင်းက တွက်ဆမိခဲ့ပါသည်။
လီချန်ချင်းက ယင်ဖန်းချီရော ယင်ကျီရွှမ်းကိုပါထိုအားနည်းချက်များကို မကွယ်ဝှက်ဘဲနဲ့ ရှင်းရှင်းလင်းလင်းပြောပြခဲ့ပါ၏။ ယင်ဖန်းချီကတော့ မျက်နှာ အမူအရာမပြောင်းလဲသည့်တိုင် ယင်ကျီရွှမ်းမှာတော့ အတော်လေးကို ထိတ်လန့်သွားခဲ့တော့ပါ၏။
“ကျုပ်သဘောပေါက်ပြီ” ယင်ဖန်းချီက သမီးဖြစ်သူကို လှည့်ကြည့်လိုက်ပါသည်။ သမီးဖြစ်သူမှာ အနက်ရောင်ဆံပင်များနဲ့ရှိပြီး သူမ၏ပုံစံအရွယ်မှာ အသက် ၁၃နှစ်အရွယ်ခန့် ရှိနေခဲ့ပါသည်။ သို့သော်သူမမျက်နှာတွင် ချိုမြိန်သောအပြုံးများကို မြင်နေရပြီးသည့်နောက်ပိုင်းတွင် ယင်ဖန်းချီကလဲ ပြုံးလိုက်ပါ၏။
“ ယင်ချင်းအတွက် ဒီလောက်ကလုံလောက်ပါပြီ။ သူမအသက်ရှင်နေတာပဲလေ။ သူမအသက်ရှင်နေရင်လုံလောက်ပြီ။ မဟုတ်ဘူးလား။ သူမအသက်ရှင်နေသ၍ မျှော်လင့်ချက်ဆိုတာရှိတယ်”
“ လူကြီးမင်းချန်ချင်းက သဘောတူညီမှုလုပ်ခဲ့တယ်လို့ပြောခဲ့တယ်နော်။ အဲ့တာက ဘာများလဲဆိုတာကျုပ်ကို ပြောပြပေးပါအုံး”
“မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ထဲကနေပြီးတော့ ရတနာပစ္စည်းတစ်ခုကို ကျုပ်လိုချင်တာပ”။ လီချန်ချင်းက ပြောလိုက်၏။
“ဘဏ္ဍာတိုက်ထဲက ကြိုက်တဲ့ရတနာကို လူကြီးမင်းချန်ချင်းယူသွားနိုင်ပါတယ်ဗျာ။ ဘယ်အရာပဲဖြစ်ဖြစ် ကျုပ်အတွက်ကတော့ ချင်းအာလေးရဲ့အသက်က တန်ဖိုးအကြီးဆုံးပါပဲ” ယင်ဖန်းချီက တုံ့ဆိုင်းမနေဘဲ ချက်ချင်းပြောလိုက်ပါ၏။
“ နဂါးသွေးအဆီအနှစ်ကို ကျုပ်လိုချင်တယ်”လီချန်ချင်းက သူလိုချင်သောအရာကို ချက်ချင်းပြောလိုက်ပါ၏။
“ ကျုပ် သဘောတူတယ်။ အခုချက်ချင်းပဲ တစ်ယောက်ယောက်ကို သွားယူခိုင်းလိုက်မယ်” နဂါးသွေးအဆီအနှစ်မှာ လွန်စွာတန်ဖိုးကြီးမားလှပါ၏။ သို့ပေမဲ့ ယင်ဖန်းချီက တုံ့ဆိုင်းမနေဘဲသဘောတူညီခဲ့သည်။ သူ့အတွက်တော့ နဂါးသွေးအဆီအနှစ်က လုံးဝကို အသုံးမဝင်ပါ။ မြောက်ပိုင်းအေးခဲနိုင်ငံတော်ရှိ မည်သူတစ်ဦးတစ်ယောက်အတွက်မျှလည်း အသုံးမဝင်ပါ။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းအေးခဲနိုင်ငံတော်တွင် နတ်ခန္ဓာနှင့်မွေးဖွားလာသောသူ တစ်ဦးမျှ မရှိသောကြောင့်ပင်ဖြစ်သည်။
ထိုအချိန်မှသာ လီချန်ချင်းက သက်ပြင်းမောကို မှုတ်ထုတ်နိုင်ခဲ့ပါ၏။ နဂါးသွေးအဆီအနှစ်တစ်စက်မှာ သူ၏ပိုင်ဆိုင်မှုဖြစ်သွားခဲ့ပါသည်။
“ဖခမည်းတော်ရှင့်” ထိုအခိုက်တွင် ယင်ချင်းက ယင်ဖန်းချီအား လှမ်းခေါ်လိုက်ပါသည်။
“ချင်းအာလေး ဘာဖြစ်လို့လဲ” ယင်ဖန်းချီက သူမအား စိတ်သိလိုစွာဖြင့် လှမ်းကြည့်လိုက်ပါ၏။ ယင်ချင်းက ယင်ဖန်းချီအား လက်ယပ်ခေါ်လိုက်ပါ၏။ သူက ယင်ချင်း၏အနားသို့ တိုးကပ်သွားသည့်အခါတွင် သူမသည် ယင်ဖန်းချီ၏ နားရွက်နားသို့တိုးကပ်ကာ စကားလုံးအနည်းငယ်ကို တိုးတိတ်စွာဖြင့်ပြောလိုက်ပါ၏။
ယင်ချင်းပြောသည့်စကားများကို နားထောင်ပြီးသည့်အခါတွင် ယင်ဖန်းချီ၏မျက်နှာတွင် ထူးဆန်းကာ အံ့ဩသောအမူအရာတစ်ခုပေါ်လာ၏။ ထို့နောက်တွင်မှ သူကခေါင်းညိတ်လိုက်ပါသည်။
“လူကြီးမင်း ချန်ချင်း ကျုပ် ခင်ဗျားကို ကမ်းလှမ်းစရာ တစ်ခုရှိတယ်ဗျာ။ ခင်ဗျား စိတ်ဝင်စားမလားတော့ မသိဘူး” ယင်ဖန်းချီက လီချန်ချင်းကို ကြည့်ကာပြောလိုက်ပါ၏။
“ကမ်းလှမ်းချက်တစ်ခု ဟုတ်လား”လီချန်ချင်းက မျက်ခုံးပင့်လိုက်ပြီးနောက်တွင် ယင်ဖန်းချီ၏ ရည်ရွယ်ချက်ကို စိတ်ဝင်စားသွားခဲ့ပါ၏။
“ချင်းအာလေးကို သင်ကြားပေးဖို့အတွက် ဆရာတစ်ဦးအနေနဲ့ ကျုပ်က ခင်ဗျားကို ဖိတ်ခေါ်ချင်တယ်ဗျာ။ ခင်ဗျား စိတ်ဝင်စားလား” ယင်ဖန်းချီက သူ၏ ကမ်းလှမ်းချက်ကို ပြောပြလိုက်ပါသည်။
“သူမကို ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး သင်ပေးစရာမလိုပါဘူး။ သူမစိတ်ဝင်စားတဲ့ တစ်ခြားအရာတွေကို သင်ပေးရုံလေးတင်ပါပဲ။ သူမက ဘဝတစ်လျှောက်လုံးမှာ နေမကောင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ လုံးဝဆရာမရှိဘဲ ဘာမှကို မသင်ကြားခဲ့ရဘူး။ ပြီးတော့ ကျုပ်က သူ့ကို တစ်ခြားလူတွေကို မယုံတဲ့အတွက်ကြောင့်မလို့ သူ့အနားကိုတောင် ဘယ်သူမှ ကျုပ်ကမထားဘူးဗျ”
လီချန်ချင်းက ထိုစကားများကြောင့် အံ့ဩသင့်သွားခဲ့ပါသည်။ ယင်ဖန်းချီက တစ်ခြားသူတွေကျ မယုံဘဲနဲ့ သူ့ကိုကျ ယုံတယ်တဲ့လား။ ပြီးတော့ သူက သူ့သားကို စောင့်ရှောက်ပေးဖို့ လိုသေးတယ်လေ။
နဂါးသွေးအဆီအနှစ်ကို ရတာနဲ့ သူက ကျိဝူမြို့ကို ပြန်ဖို့အတွက် ပြင်ဆင်ရမယ်လေ။
“အမ်း….. ကျုပ်စိတ်မကောင်းပါဘူးဗျာ။ ကျုပ် သဘောမတူနိုင်ဘူး။ ကျုပ်မှာ တစ်ခြားကိစ္စတွေ လုပ်ဖို့ရှိသေးတယ်” လီချန်ချင်းက ခေါင်းခါလိုက်ပါ၏။
“လူကြီးမင်း ချန်ချင်းသာ သဘောတူမယ်ဆိုလို့ရှိရင် ကျုပ်က နဂါးသွေးအဆီအနှစ် နောက်တစ်စက်ပေးလို့ရတယ်နော်” ယင်ဖန်းချီက အပြုံးတစ်ခုနဲ့ပြောလိုက်ပါ၏။
“အဲ့ဒီအပြင်ကိုမှ ဘဏ္ဍာတိုက်ထဲက တစ်ခြားရတနာတစ်ခုကို စိတ်ကြိုက်ရွေးချယ်လို့ရတယ်နော်။ လူကြီးမင်း ချန်ချင်း ဘယ်လိုများတွေးလဲဗျ”
ထိုအချိန်တွင်တော့ လီချန်ချင်း၏ သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားခဲ့ပါ၏။
“ခင်ဗျားမှာ နောက်ထပ် နဂါးသွေးအဆီအနှစ် တစ်ခုရှိနေတာလား”
“ အမှန်အတိုင်းပြောရရင် မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ထဲမှာ နဂါးသွေးအဆီအနှစ်က နှစ်စက်ရှိတာဗျ။ လူကြီးမင်းချန်ချင်းဘယ်လိုထင်လဲ” ယင်ဖန်းချီက လီချန်ချင်းအား မျှော်လင့်နေသော အကြည့်နဲ့ကြည့်လိုက်ပါ၏။
ယင်ဖန်းချီတွင်လဲ သူ၏အစီအစဉ်ရှိပါသည်။
လီချန်ချင်းပေးထားတဲ့ ပန်းချီရတနာက ဘယ်လောက်ကြာတဲ့အထိခံမလဲဆိုတာကို သူက မသေချာပါ။ ထို့ကြောင့် ယင်ချင်း၏အနားတွင် လီချန်ချင်းက အနည်းဆုံး တနှစ်ခန့်ရှိရန်အတွက်လိုအပ်ပါသည်။
ပန်းချီရတနာက တစ်ခုခုမှားယွင်းပြီး သူ့သမီးကလေးမတော်တဆဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ထို့အပြင် ယင်ချင်းကလဲ လီချန်ချင်းကို ရင်းနှီးလိုသောခံစားချက်ဖြစ်ပြီး ဆရာအဖြစ်တင်မြှောက်ရန်အတွက် တောင်းဆိုခဲ့သည်မဟုတ်ပါလား။
သမီးလေးဖြစ်သူ၏ တောင်းဆိုမှုကို သူက မငြင်းပယ်နိုင်ပါချေ။ ထိုအရာအတွက် ကုန်ကျမည်မှာ ဘဏ္ဍာတိုက်ထဲရှိ နဂါးသွေးအဆီအနှစ် တစ်စက်သာဖြစ်၏။
ထိုနဂါးသွေးအဆီအနှစ်မှာ ယင်ဖန်းချီအတွက် ဘာမှကို အသုံးမဝင်ပါ။
လီချန်ချင်းက တစ်ခဏမျှကြာအောင်တွေးလိုက်ပါ၏။ နောက်ထပ်နဂါးသွေးအဆီအနှစ်တစ်စက်က အမှန်တကယ်ကို ဆွဲဆောင်မှု ကြီးလွန်းလှပါ၏။ ဒီနဂါးသွေးအဆီအနှစ်က သူ့သားရဲ့ ကျင့်ကြံမှုကို အနာဂတ်မှာ အထောက်အကူပေးနိုင်ပါမည်။ လီချန်ချင်းက ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပါ၏။ သူသာ မရှိလျှင် သူ့သားကို ကာကွယ်ပေးမည်လူ မရှိတော့မည် မဟုတ်ပါလား။
လီချန်ချင်း၏ တုံ့ဆိုင်းမှုကို မြင်သည့်အခါတွင် လီချန်ချင်းတွင် အခြားခြားသော ကိုင်တွယ်ရမည့်ကိစ္စများရှိသည်ကို ယင်ဖန်းချီကလဲ ခန့်မှန်းမိပါ၏။
“လူကြီးမင်း ချန်ချင်းမှာ တစ်ခြားကိုင်တွယ်ရမယ့်ကိစ္စတွေ ပြဿနာတွေရှိတယ်ဆိုလို့ရှိရင် ကျုပ်ကိုပြောကြည့်ပါ။ ကျုပ်က တတ်နိုင်သလောက် ကူညီပေးကြည့်ပါမယ်ဗျ”
ထိုစကားကိုကြားမှသာ လီချန်ချင်းက ရုတ်တရက်သတိပြုမိသွားပါ၏။
ဒါပေါ့ ။ ကျန်းကောစံအိမ်တော်က မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ပိုင်နက်ထဲမှာ ရှိတာလေ။ ယင်ဖန်းချီသာ သူ့ကို ကူညီပေးမယ်ဆိုပါက ကိစ္စရပ်တွေက ပိုပြီးရိုးရှင်းသွားလိမ့်မယ် မဟုတ်ဘူးလား။
မြောက်ပိုင်းအေးခဲနိုင်ငံက သူ့ရဲ့တိုးတက်မှုအတွက် ခြေနင်းကျောက်တုံးတစ်ခုအနေနဲ့ပဲ သူကအသုံးချမှာလေ။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အရှေ့ပိုင်းစိတ်ငြိမ်ခြင်းနယ်မြေကြီးတစ်ခုလုံးကို ပျံ့နှံ့နေပြီဆိုပေမဲ့ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းက သိပ်ပြီးမကြီးမားသေးဘူး။ နယ်မြေတစ်ခုမှာ ဌာနခွဲတစ်ခုပဲရှိသေးတယ်။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတစ်ခုတည်းကိုသာ အားကိုးပြီးတော့ သူ့ဘဝကို တိုးတက်အောင်လုပ်မယ်ဆိုလို့ရှိရင် အချိန်အကြာကြီးပေးနေရမယ်။
စန်းယွမ်နယ်မြေကြီး၏ ရှုပ်ထွေးမှုနဲ့အတူ နောက်ခံအင်အားတောင့်တောင့် တင်းတင်းမရှိပါက ရပ်တည်ရန်မှာ လွန်စွာခက်ခဲပေလိမ့်မည်။
ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက လောရှောင်ချွမ်က သူနဲ့ ပူးပေါင်းလိုသော်လည်း လောရှောင်ချွမ်းမှာ ယုံကြည်ရသည့်လူ မဟုတ်ပါ။ ထို့ကြောင့် လီချန်ချင်းက သူ့အားလွယ်လွယ်နဲ့ ယုံကြည်မည်မဟုတ်ချေ။ သူက မြောက်ပိုင်းအေးခဲနိုင်ငံတော်တွင် ခြေကုပ်စရာတစ်ခုရထားပါက သူနဲ့သားဖြစ်သူအတွက် အထောက်အပံ့ကြီးကြီးမားမားရမည် ဖြစ်ပါ၏။
ထိုအရာများကို တွေးမိပြီးနောက်တွင် လီချန်ချင်းက ခေါင်းညိတ်ပြီးပြောလိုက်ပါ၏။
“ဒီလိုဆိုလို့ရှိရင်လဲ ကျုပ်က သူ့ရဲ့ဆရာအဖြစ်လက်ခံပေးလိုက်မယ်”
“ကျေးဇူးတင်ပါတယ်။ လူကြီးမင်းချန်ချင်း။ ယင်ဖန်းချီမှာ လွန်စွာ ပျော်ရွှင်သွားခဲ့ပါ၏”
သူ၏ပျော်ရွှင်မှုမှာ လီချန်ချင်းက ယင်ချင်းအား သင်ကြားပြသပေးခြင်းကြောင့် မဟုတ်ပါ။ လီချန်ချင်းက ပန်းချီသူတော်စင် ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ မြောက်ပိုင်းအေးခဲနိုင်ငံတော်တွင် ပန်းချီသူတော်စင်တစ်ဦးရောက်ရှိလာခြင်းက ကောင်းကင်ထက်မှ ရွှေမိုးငွေမိုးများရွာခြင်းနဲ့မခြားပင်ဖြစ်ပါသည်။
ထိုကဲ့သို့သော ရတနာမျိုးကိုရရှိဖို့အတွက် နဂါးသွေးအဆီအနှစ်က နှိုင်းယှဉ်လို့တောင် မရဘူးမဟုတ်လား။
အင်း… ဒီစန်းယွမ်နယ်မြေကြီးတွင် ပန်းချီသူတော်စင်များမှာ အင်အားစုတိုင်းလိုလိုက လိုချင်နေသောစွမ်းအားရှင်များပင်ဖြစ်ပါသည်။ သူက လီချန်ချင်းအား မြောက်ပိုင်းအေးခဲနိုင်ငံတော်တွင် တစ်နှစ်သာတာဝန်ထမ်းဆောင်ရန်အတွက် အကူအညီတောင်းထားခဲ့သည့်တိုင် သူက လီချန်ချင်းကို ဘဝတစ်သက်တာလုံးတွင်နေထိုင်ရန်အတွက် ချည်နှောင်ပစ်မည်ဟုတွေးထားပါ၏။
သူတို့နှစ်ဦးစလုံးမှာ ကိုယ်အတွေးနဲ့ကိုယ် တွက်ချက်ကာ တွက်ရေးက စက်သူဌေးလုပ်နေကြခြင်းဖြစ်၏။
“လူကြီးမင်းချန်ချင်းမှာ ဘယ်လိုပြဿနာမျိုးတွေရှိတာလဲဗျ” ယင်ဖန်းချီက လွန်စွာကူညီချင်နေသောကြောင့်မေးလိုက်ပါ၏။
“ခင်ဗျားရဲ့မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ ပိုင်နက်ထဲမှာ ကျုပ်သားက စစ်ဆေးရေးမှူးလုပ်နေရတယ်ဗျ”
လီချန်ချင်းက မဖုံးကွယ်ဘဲနဲ့ပြောလိုက်ပါ၏။
“ စစ်ဆေးရေးမှူး ဟုတ်လား” ယင်ဖန်းချီက မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီးနောက်မေးလိုက်ပါသည်။
“စစ်ဆေးရေးမှူးအနေနဲ့သူက ဘယ်နေရာမှာ တာဝန်ကျနေတာလဲဗျ”
“ ကျန်းကောစံအိမ်မှာ။ ကျုပ်သားရဲ့ နာမည်က လီဟမ်ရှန်းလို့ခေါ်တယ်။ သူက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ တပည့်တစ်ဦးပဲ” လီချန်ချင်းက တည်ငြိမ်စွာပြောလိုက်ပါသည်။
“ကျုပ်က ကျိဝူမြို့ကိုရောက်နေတယ်ဆိုတာက ကျုပ်သားကို ကာကွယ်ချင်လို့ပဲ။ ပြီးတော့ သူ့ကို ကာကွယ်ချင်တယ်ဆိုပေမယ့် သူ့ရဲ့လုပ်ငန်းတွေကို မနှောင့်ယှက်ချင်ဘူး။ တိတ်တဆိတ်လေးပဲ ကာကွယ်ချင်တာ”
“ ခင်ဗျားရဲ့သားက လီဟမ်ရှန်းလား” ယင်ဖန်းချီမှာ လုံးဝကြီးကို တောင့်တောင့်ကြီး ဖြစ်သွားပါ၏။
လီဟမ်ရှန်းဆိုတာ ဘယ်သူမို့လို့လဲ။ ကျန်းယွမ်ကျီက တစ္ဆေနတ်ဆိုးစမ်းသပ်ပွဲမှ ပြန်လာပြီးသည့်နောက်တွင် လီဟမ်ရှန်း၏အကြောင်းကို သတင်းပို့ခဲ့ပါသည်။ လီဟမ်ရှန်းမှာ ထိုစမ်းသပ်မှုတွင် ပထမရရှိသူ ဖြစ်ပါ၏။ ထို့အပြင် သူက ချင်းလဲ့ဓားသခင်နဲ့လဲ ဆက်ဆံရေးကောင်းတစ်ခုရှိပါသည်။
ချင်းလဲ့ဓားသခင်မှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ နောက်ခံစွမ်းအားရှင်တစ်ဦးဖြစ်ပြီး
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ အင်အားတစ်ရပ်လဲဖြစ်ပါသည်။
နေစမ်းပါဦး။ ဒါဆိုရင် လီချန်ချင်းက….
ယင်ဖန်းချီက စကားမပြောနိုင်ဘဲ ဦးနှောက်ဓာတ်လိုက်သွားသလိုမျိုး ထိတ်လန့်သွားခဲ့၏။ သူက သူ့အရှေ့တွင် ရှိနေသောသူမှာ သာမန်ပန်းချီသူတော်စင်တစ်ဦးဟုသာ ထင်ထားခဲ့ပါ၏။
သို့သော် ယခုမှသာ လီချန်ချင်း၏ သရုပ်မှန်ကို သူသိရှိသွားပြီး လွန်စွာထိတ်လန့်သွားခဲ့ပါ၏။ လီချန်ချင်းဆိုတဲ့လူက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့နောက်ကွယ်က လူကြီးပါလားဟ။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏နောက်ကွယ်တွင် ဓားသခင်တစ်ပါးရှိရုံသာမက ပန်းချီသူတော်စင်တစ်ဦးကလဲ ရှိနေတာတဲ့လား။ ထိုကဲ့သို့ဖြစ်မည်ဟု သူက လုံးဝမမျှော်လင့်ထားခဲ့မိပါ။ ထိုစွမ်းအားမှာ သူတို့မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ စွမ်းအားထက်ပင် ပို၍ကြီးမားလှပါ၏။
“ဒါဆိုရင်လူကြီးမင်းက နာမည်ကျော်ကြားတဲ့ လူကြီးမင်းချန်ချင်းကိုး” ယင်ဖန်းချီက နောက်သို့ခြေတစ်လှမ်းဆုတ်ပြီးနောက်တွင် လွန်စွာရိုသေနေသော ဟန်ပန်အမူအရာနဲ့ ဦးထပ်ညွတ်လိုက်ပါ၏။
ယခုအခါတွင် သူခေါ်သော လူကြီးမင်းချန်ချင်းဟူသည့် လေသံမှာ ယခင်ကခေါ်ခဲ့သောလေသံနဲ့ လုံးဝကို ကွာခြားနေခဲ့ပါ၏။ ယခုအချိန်တွင်တော့ လုံးဝကို ရိုသေဝပ်တွားနေသည့် ဟန်ပန်အမူအရာဖြစ်သွားခဲ့ပါ၏။
“ထုံးတမ်းစဉ်လာတွေမလိုပါဘူးဗျာ။ တော်ပါပြီ” လီချန်ချင်းက သူ၏လက်ကို အရေးမစိုက်သလိုပင် ဝှေ့ယမ်းလိုက်ပါ၏။ လူကြီးမင်းရဲ့သားနဲ့ပတ်သက်ပြီးတော့
“စိတ်အေးလက်အေးထားပါ။ လူကြီးမင်းရဲ့သားနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အမြဲတမ်းပို့ဖို့အတွက် သတင်းပို့သမားသပ်သပ် ကျုပ်စီစဉ်ထားပါ့မယ်၏”
“လီဟမ်ရှန်းကို ကာကွယ်ဖို့အတွက်လူတွေကို စေလွှတ်ထားလိုက်ပါ့မယ်။ လီဟမ်ရှန်းက အန္တရာယ်ကြီးကြီးမားမားနဲ့ ကြုံခဲ့မယ်ဆိုလို့ရှိရင် ကျုပ်တို့လူတွေက နောက်ကွယ်ကနေပြီး လီဟမ်ရှန်းကို တိတ်တဆိတ်ကာကွယ်ပေးပါ့မယ်။ ဒါပေမဲ့ လီဟမ်ရှန်းရဲ့ စမ်းသပ်မှုကိုတော့ လုံးဝမထိခိုက်စေရပါဘူး” ယင်ဖန်းချီက ပြောလိုက်ပါ၏။ လီချန်ချင်း၏ သဘောထားကို သူကလုံးဝကို နားလည်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်ပင်လျှင် အဖေတစ်ဦးဖြစ်နေသောကြောင့်ပင်ဖြစ်၏။
ယင်ဖန်းချီကလဲ ထိုကဲ့သို့သောနည်းလမ်းများကို အသုံးပြုပြီး သူ၏သားသမီးများကို ထိန်းကျောင်းပြီးတော့ စမ်းသပ် လေ့ကျင့်ပေးပါသည်။ သို့သော် လီချန်ချင်း၏ ကြင်နာတတ်သော အပြုအမူနဲ့ ဆန့်ကျင်ဘက်ပင် ယင်ဖန်းချီက ရက်စက်သောနည်းလမ်းများကို အသုံးပြုခဲ့ပါသည်။
သူ၏အတွေးမှာ သိမ်းငှက်တစ်ကောင်က မိမိကိုယ်တိုင်ပျံသန်းတတ်ရမည်ဟူသော အတွေးပင်ဖြစ်ပါသည်။ ဒါပေမဲ့လဲ သူက လီချန်ချင်း၏နည်းလမ်းကို နားလည်သဘောပေါက်ပါသည်။ အဘယ်ကြောင့်ဆိုသော် လီချန်ချင်း၌ သားတစ်ဦးတည်းသာ ရှိသည်မဟုတ်ပါ့လား။
“ဒါဆိုရင်လဲ ကျုပ်က အရှင်မင်းကြီးကို ဒုက္ခပေးရတော့မှာပေါ့” လီချန်ချင်းက ပြုံး၍ပြောလိုက်ပါ၏။
“လူကြီးမင်းချန်ချင်းက အရမ်းကို ယဉ်ကျေးလွန်းပါပြီဗျာ။ ကျန်တဲ့ကိစ္စတွေကို ကျုပ်စီစဉ်လိုက်ပါ့မယ်” ယင်ဖန်းချီက ခပ်မြန်မြန်ပင်ပြောလိုက်ပါ၏။