← Chapters

အခန်း (၃၁၆)

Vol. 27 Ch. 316

အခန်း (၃၁၆)

Vol. 27 Ch. 316

ကိစ္စများအားလုံးပြီးဆုံးပြီဖြစ်သောကြောင့် လီချန်ချင်းက ကျိဝူမြို့သို့ ပြန်ရန်အတွက် မလိုအပ်တော့ပါပေ။သူက မင်းသမီးလေး ရင်ချင်းနဲ့အတူ ဤနေရာတွင် နေထိုင်ခြင်းက ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်ဟု တွေးမိ ပါသည်။ထိုအပြင်သူက ကိစ္စတိုင်းကို သူကိုယ်တိုင် လုပ်ဆောင်စရာမလို တော့ပါချေ။ ထို့ကြောင့် နေ့လည်ခင်းတွင် လီချန်ချင်းက ကျန်းဖုကွမ်းအား ကျန်းစစ်ယောင်လေးအား ခေါ်လာပြီး ပစ္စည်းများသိမ်းရန်အတွက် စာရေးသားပေးလိုက်ပါသည်။

  စာထဲတွင် ဖေးရော ကျန်းဝမ်လျိုကိုပါ မြောက်ပိုင်းအေးခဲနိုင်ငံတော် သို့ တစ်ခါတည်း ခေါ်လာရန်အတွက်ထည့်ရေးထားခဲ့ပါသည်။ သူတို့က ကျိဝူမြို့မှ မြောက်ပိုင်းအေးခဲနိုင်ငံတော်သို့ အိမ်ပြောင်းမည်ဟုလည်း ရေးခဲ့ပါ၏။ ယင်ဖန်းချီက လီချန်ချင်းနေထိုင်ရန်အတွက် လွန်စွာ ခမ်းနားကာ ဈေးကြီးလှသော စံအိမ်တော်ကြီးတစ်ခုကို ပြင်ဆင်ထားခဲ့ပါသည်။ ထိုစံအိမ်တော်ကြီးက မြောက်ပိုင်း‌အေးခဲနို်ငငံတော်၏ တော်ဝင်မြို့၏ အတွင်းမြို့တွင်တည်ရှိပါသည်။ ထိုကဲ့သို့ ခမ်းနားလှသည့် စံအိမ်ကြီးကို ကြည့်ရင်းနှင့် လီချန်ချင်းက ဘဝ၏ ခန့်မှန်း၍ မရနိုင်သော အလှည့်အပြောင်းများကို တွေးတောနေမိခဲ့ပါသည်။

တစ်ချိန်တုန်းက တော်ဝင်မြို့တော် အတွင်းမြို့ ထဲသို့ ဝင်ဖို့ အတွက် ခက်ခဲလှသောသူက အခုအချိန်တွင်တော့ အတွင်းမြို့တော်တွင် ဧကရာဇ်ကိုယ်တိုင်ချီးမြှင့်ထားသော အိမ်ကြီးအိမ်ကောင်းတစ်လုံးကိုပိုင်ဆိုင်ထားသည်မဟုတ်ပါလား။ ထို့အပြင် ဧကရာဇ်ကိုယ်တိုင်ကပင် သူ့အား ကိုယ်ရံတော်ကဲ့သို့ စောင့်ရှောက်ပေးနေသည်မဟုတ်ပါလား။ ယင်ဖန်းချီက လီချန်ချင်းအား အမိန့်ပြားတစ်ခုကိုလည်းပေးခဲ့ပါသည်။

ထိုအမိန့်ပြား သည် တော်ဝင်မိသားစုတွင် ဩဇာအာဏာအကြီးမားဆုံး အမိန့်ပြားတစ်ခုလည်း ဖြစ်ပါ၏။ ထိုအမိန့်ပြားကို တွေ့လျှင် ယင်ဖန်းချီကို တွေ့သကဲ့သို့သော အာဏာ သက်ရောက်မှုလည်းရှိပါသည်။ မြောက်ပိုင်း‌အေးခဲနိုင်ငံတော်တွင် လျို့ဝှက်နယ်မြေများ၊ တားမြစ်နယ်မြေ များစွာရှိပါသည်။ ထိုအမိန့်ပြားကို လီချန်ချင်းက ဆောင်ထားသ၍ မည်သူကမျှ သူ့အား ပိတ်ပင်တားဆီး ရဲမည် မဟုတ်ပါ။

စစ်သူကြီးချုပ်ဖြစ်သော ကျောက်ပိုင်မင် ပင်လျှင် သူ့ကို တားဆီး၍ ရမည်မဟုတ်သည့်အပြင် သူ့အား အရိုအသေပင် ပေးရမည်ဖြစ်ပါသည်။ ထိုအဖြစ်ကြောင့် လီချန်ချင်းကို လွန်စွာမှ ကိုအူမြူးစေခဲ့ပါ၏။ သူက အမိန့်ပြားကို လက်ထဲရသည်နှင့် အပြင်သို့ ပြေးထွက်ကာ ကျောက်ပိုင်မင်းနဲ့ စကားပြောရန်အတွက် ပြင်ဆင်လိုက်ပါသည်။

သူတို့နှစ်ယောက် နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းက ပြင်းထန်သော တိုက်ပွဲတွင်ဖြစ်၏။ ယခုအချိန်တွင်တော့ သူက ကျောက်ပိုင်မင်အား သူ့ကို အရိုအသေ ပေးခြင်းကို ခံလိုခဲ့ပါသည်။ ဒါပေမဲ့ ကျောက်ပိုင်မင်ရဲ့ အရိုအသေပေးခြင်းကို ခံရစေရန်အတွက် ကျောက်ပိုင်မင်ကို တစ်နေကုန်လိုက်ပတ်ရှာသည့်တိုင် လီချန်းရှင်က ကျောက်ပိုင်မင်ကို ရှာမတွေ့ခဲ့ပါ။ ဒါပေမဲ့ သူဘယ်နေရာကိုပဲသွားသွား ထိုအမိန့်ပြားကို ထုတ်ပြလိုက်သည်နှင့် လူတိုင်းက ချက်ချင်းပင်လျှင် မြေပြင်တွင် ဒူးထောက်ပြီး သူအား ဦးညွတ်ကြပါတော့၏။

သူ့အမိန့်ပေးသည့်မည်သည့်အရာကိုမဆို လူတိုင်းက အတတ်နိုင်ဆုံးအကောင်းဆုံး ဖြည့်ဆည်းပေး ရပါသည်။ ထိုအဖြစ်ကြောင့်ပင် လူသားတွေက အာဏာကို ရလျင် အရမ်းကို မက်မောပြီး အဘယ်ကြောင့် လက်မလွှတ်နိုင်လည်းဆိုတာကို သူက သဘောပေါက်လာ၏။

ယခုတွင် သူ့၌ အာဏာရှိလာပြီဖြစ်သောကြောင့် သူက သားဖြစ်သူနှင့် သူ၏အနာဂါတ်အတွက် ကောင်းမွန်သော ဘဝကို ရရှိရန်အတွက် အသုံးချရမည်ဖြစ်သည်။ လောရှောင်ချွမ်ပြောခဲ့သည့်စကားကို လီချန်ချင်းက မှတ်မိပါသည်။

အစီအစဉ်များချမှတ်နေသောသူများက သူတို့၏ရည်ရွယ်ချက်များမှာ ကွာခြားလာကြ၏။ ဒါပေမဲ့ လူတိုင်းကတော့ ကြီးမားသော ရည်မှန်းချက်များ ရှိပြီ အာဏာကို မက်မက်မောမော လိုလားနေသော သူများဖြစ်ကြသည်ဟု လောရှောင်ချွမ်က သူ့အားပြောခဲ့ပါသည်။ ထိုကဲ့သို့သော အခြေအနေကို ဝင်ရောက်မိပါက နဂိုအခြေအနေသို့ ပြန်လည်မရောက်ရှိနိုင်ဘဲ အမှောင်ထုထဲသို့ ကျဆင်း သွားရမည်ဖြစ်ပါ၏။

လောရှောင်ချွမ်းက လီချန်ချင်းနှင့် ပူပေါင်းဆောင်ရွက်လိုသည်မှာ အခြေအနေက အရေးကြီးသည့်အခြေအနေသို့ရောက်လာပါက လီချန်ချင်း ကသူ့အား အကူအညီပေးပြီးတော့ ဒီကစားပွဲကြီးအား ဖျက်သိမ်းနိုင်ရန်အတွက် ပင်ဖြစ်ပါသည်။ လောရှောင်ချွမ်က လီချန်ချင်းအား မေးခွန်းတစ်ခုလည်း‌မေးခဲ့ပါ၏။ လီချန်ရှင်းသာကျားကစားသမားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် လီချန်ချင်းရဲ့ အဆုံးသတ် ဆန္ဒကဘာများဖြစ်မလဲဆိုသည့် မေးခွန်းဖြစ်၏။

လီချန်ချင်းက အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့ပါသည်။ သူက အဲဒီအချိန်တုန်းကတော့ အဖြေမဖြေခဲ့ပါ။ ဒါပေမဲ့ အခုတော့ သူဘာလုပ်ချင်လဲ သူဘာလိုချင်လဲဆိုတာ ကို သူသိလာခဲ့ပါပြီ။ လီချန်ချင်းက ဒီလောကကြီးကနေထွက်သွားချင်ခဲ့၏။

ဒီစန်းယွမ် နယ်မြေကြီးဆီကနေ ထွက်သွားမည်။ ဤကဲ့သို့သော အန္တရာယ်များလှသော လောကကြီးမှ သူ့၏သားဖြစ်သူကို သူခေါ်သွားမည်။ ဤနေရာတွင် နေထိုင်ရခြင်းမှာ အရမ်းကိုပင် ပင်ပန်းဆင်းရဲလှပါသည်။ ငွေကြေးများစွာ ချမ်းသာကြွယ်ဝ နေသည့်တိုင် ငြိမ်းချမ်းကာ တည်ငြိမ်နေသည့်ဘဝကို ဤလောကြီးတွင် ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ခဲ့ပါချေ။

သူ၏အတိတ်ဘဝက ယခုလက်ရှိဘဝထက် ပို၍ ပင် ကောင်းမွန်လှသည်ဟု လီချန်ချင်းက တွေးမိပါ၏။ အနည်းဆုံးတော့ အတိတ်ဘဝ ကမ္ဘာမြေကြီးတွင် လူသားများ က လုံခြုံရေးနှင့် ပတ်သကပြီး စိတ်ပူစရာမလိုပဲ နေထိုင်နိုင်ပါ၏။ အချိန်မရွေးသတ်ခံနိုင် ရသည်ဟူသော ကြောက်ရွံ့မှုကြီးကို တွေးစရာမလိုပဲ နေထိုင်နိုင်ပါ၏။ ဒါပေမဲ့ စန်းယွမ်နယ်မြေကြီးမှာတော့ လူတွေက ညအိပ်လိုက်ပြီးတော့ နောက်တစ်နေ့မနက်နိုးထလာဖို့အတွက်တောင်မှ သေချာမနေပါချေ။

အရင်ကမ္ဘာမြေကြီးကို ယခုစန်းယွမ်နယ်မြေကြီးကနေ ဘယ်လိုပြန်ရမလဲဆိုတာ လီချန်ချင်းမသိပါ။ သူ၏ကမ္ဘာကူးပြောင်းလာမှုမှာ လွန်စွာထူးခြားဆန်းကြယ်လှပြီး မည်သည့်သဲလွန်စမှ သူရှာမတွေ့ပါချေ။

“ချန်ချင်းစံအိမ်တော်” ထိုစံအိမ်တော်မှာ လက်ရှိလီချန်ချင်း၏ နေထိုင်ရာစံအိမ်တော်ကြီးဖြစ်ပါသည်။ ညမှောင်သောအခါတွင် ကျန်းဖုကွမ်းနှင့် တစ်ခြားသောသူများရောက်ရှိလာခဲ့ပါ၏။ ချန်ချင်းသေရည်ဆိုင်မှာ ပိတ်လိုက်ပြီဖြစ်ပါသည်။ ထိုဖြစ်ရပ်ကြောင့် ကျိဝူမြို့တွင်ရှိသော လူတိုင်းနီးပါးက စိတ်ဓာတ်ကျကုန်ကြပါ၏။

“  လီချန်ချင်း ခင်ဗျားက မြောက်ပိုင်းအေးခဲနိုင်ငံတော်နဲ့ပူးပေါင်းလိုက်တာလား” လီချန်ချင်း၏ ခမ်းနားလှသောစံအိမ်ကြီးကို မြင်ပြီးနောက်တွင် ကျန်းဝမ်လျှိုက လွန်စွာထိတ်လန့်သွားခဲ့ပါ၏။ လီချန်ချင်း၏အိမ်တော်မှာ မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ တော်ဝင်နေပြည်တော် အတွင်းပိုင်းမြို့တော်တွင် အကြီးမားဆုံးအခမ်းနားဆုံးသောစံအိမ်ကြီးဖြစ်နေခဲ့သည် မဟုတ်ပါ့လား။ ထိုကဲ့သို့သော စံအိမ်ကို ဝယ်ယူရရှိရန်အတွက် ပိုက်ဆံရှိရုံနဲ့ မရပါချေ။

“လောလောဆယ်တော့ ဒီနိုင်ငံနဲ့ ငါခဏပူးပေါင်းထားတယ်” ကျန်းဖုကွမ်းနဲ့ ကျန်းစစ်ယောင်လေးတို့က လီချန်ချင်းအနားသို့ တိုးလာသည်ကို မြင်သောအခါ လီချန်ချင်းက ပြုံးရင်းပြောလိုက်ပါ၏။

“စစ်ယောင်လေးရေ သမီးလေးကို ဦးဦးက ဒုက္ခထပ်ပေးမိပြန်ပြီကွာ။ သမီးလေးက ဦးဦးကြောင့် ကျောင်းခဏခဏပြောင်းနေရတယ် “

“ အဆင်ပြေပါတယ်” ကျန်းစစ်ယောင်က ခေါင်းလေးညိတ်ကာပြောလိုက်ပါသည်။

“ဒီတစ်ခါနေရမယ်အိမ်ကြီးက အရမ်းကြီးတာပဲ စစ်ယောင် အရမ်းကြိုက်တယ်” ကျန်းစစ်ယောင်လေးက ကြီးမားလှသောစံအိမ်ကြီးကို မြင်ပြီးအရမ်းကို ပျော်ရွှင်နေပါသည်။

“ကျန်းဝမ်လျှို ကျုပ်နဲ့အတူ ခဏလိုက်ခဲ့ပါဦး” လီချန်ချင်းက ကျန်းဝမ်လျှိုကို ကြည့်လိုက်ပါ၏။

“ဘယ်ကိုလိုက်ရမှာလဲ” ကျန်းဝမ်လျှိုကလဲ ပြန်မေးလိုက်၏။

“မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ထဲကို သွားမှာ” လီချန်ချင်းက ပြောလိုက်သည်။

“ဘဏ္ဍာတိုက်ထဲက ကြိုက်တဲ့ရတနာပစ္စည်းကို ကျုပ်ရွေးဖို့အတွက် ယင်ဖန်းချီက သဘောတူလိုက်တယ်။ ခင်ဗျားက ဗဟုသုတနဲ့ အရမ်းပြည့်စုံတဲ့အတွက်ကြောင့်မလို့ ကျုပ်နဲ့သင့်တော်မယ့် ရတနာတွေကို ရွေးဖို့အတွက် ခင်ဗျားရဲ့ အကူအညီလိုတယ်”

“မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ထဲ ဟုတ်လား”

ကျန်းဝမ်လျှို၏မျက်လုံးများမှာ အရောင်တစ်ဖျတ်ဖျတ်တောက်သွားခဲ့ပါသည်။ 

“ကျုပ်သွားမှ ရမယ်။ ကျုပ်က တစ်ခါမှ မြောက်ပိုင်းအေးခဲနိုင်ငံတော်ရဲ့ဘဏ္ဍာတိုက်ကိုမရောက်ဖူးဘူး။ ကျုပ်သွားမှကိုရမယ်”

ထိုရတနာတိုက်ထဲတွင် သူ့သားအတွက် အထောက်အပံ့ဖြစ်စေမယ့် ရတနာများ ရှာတွေ့မလားဆိုတာကို လီချန်ချင်းက သိချင်နေခဲ့ပါ၏။သူ့သားအတွက် ကောင်းမွန်သော ရတနာတစ်ခုကိုရှာမတွေ့နိုင်ခဲ့သည့်တိုင် သူ့အတွက် ကောင်းမွန်သော ရတနာတစ်ခုကို ရှာတွေ့ရင်လဲ မဆိုးလှပါချေ။

ထို့ကြောင့် ညစာစားပြီးသောအခါတွင်လီချန်ချင်းက ကျန်းဝမ်လျှိုကိုခေါ်ပြီး မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ ဘဏ္ဍာတိုက်ထဲသို့ ထွက်လာခဲ့ပါသည်။ ဘဏ္ဍာတိုက်မှာ မြောက်ပိုင်းအေးခဲနိုင်ငံတော်၌ရှိပါသည်။ ဒါပေမဲ့ ယင်းသည် မြို့၏အတွင်းဘက်၌ရှိသော လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ပါသည်။

ထိုလျှို့ဝှက်နယ်မြေအား မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ ကျွမ်းကျင်အဆင့် ပညာရှင်များက စောင့်ကြပ်နေခဲ့ကြပါ၏။ လီချန်ချင်းက သူ၏အမိန့်ပြားကို ပြလိုက်သောအခါတွင် စောင့်ကြပ်နေသော သူများမှာ လုံးဝသူ့ကို မတားမြစ်ပါ။ထို့ကြောင့် လီချန်ချင်းနှင့် ကျန်းဝမ်လျိုတို့က လျို့ဝှက် နယ်မြေအတွင်းသို့ ဝင်သွားခဲ့ကြပါ၏။ အလင်းတန်းတစ်ခုဖြတ်သန်းသွားပြီးနောက်တွင်

သူရှေ့ရှိမြင်ကွင်းမှာ အမှောင်ထု မှ တဖြေးဖြေးနှင့်ပြန်လင်းလာခဲ့ပါသည်။ သူတို့နှစ်ဦးက လက်ရှိအချိန်တွင် ရေခဲ  လိုဏ်ဂူ အတွင်းသို့ ရောက်နေခဲ့ပါ၏။ ရေခဲ လိုဏ်ဂူ၏အောက်ဘက်တွင်တော့ကြီးမားလှသော မိုးပြာရောင်တံခါးကြီး ရှိပါသည်။

ထိုမိုးပြာရောင်တံခါးကြီးက လီချန်ချင်းနှင့် ကျန်းဝမ်လျိုတို့ရောက်ရှိလာသည်ကို အာရုံခံမိသွားပုံရ၏။ ယင်းတံခါးကြီးက ဖြေးညှင်းစွာဖြင့် ပွင့်ဟခဲ့ပါသည်။ တံခါးပွင့်သွားသည်နှင့် မျက်လုံးကျိန်းလောက်မတတ်သော အလင်းတန်းများက ထွက်ပေါ်လာခဲ့ပြီး လီချန်ချင်းနှင့် ကျန်းဝမ်လျိုတို့နှစ်ဦးလုံးကို လွှမ်းခြုံသွားခဲ့ပါတော့သည်။

အတွင်းတွင်ရှိသော ရတနာများမှ ထွက်ပေါ်နေသော အလင်းတန်းနှင့် အနွေးငွေ့က လီချန်ချင်း နှင့် ကျန်းဝမ်လျိုအား မွန်းကြပ်သွားသော ခံစားချက်ကို ရရှိသွားစေခဲ့ပါ၏။ လီချန်ချင်းက ဤနေရာရှိ ရတနာပစ္စည်းအားလုံးကို သိုလှောင်လက်စွပ်ထဲ၌ ထည့်သွင်းပြီး ထွက်ပြေးလိုစိတ်ပေါက်လာပါသည်။

ဒါပေမဲ့ သူတို့ရောက်ရှိနေသော လျို့ဝှက်နယ်မြေ၌ လွန်စွာ စွမ်းအားကြီးမားသော အစီအရင်ကြီးတစ်ခု တည်ဆောက်ထားသည်ကို သူက အာရုံခံမိပါသည်။ သူက အမှန်တကယ်ကိုပင် ရတနာပစ္စည်းများအားလုံးကို ယူဆောင်သွားပြီးတော့ ထွက်ပြေးလိုက်ပါက ဒီလျို့ဝှက်နယ်မြေက ပြန်ထွက်ခွင့် ပြုမည်မဟုတ်ဘဲ တစ်ခါတည်း ပိတ်ချလိုက်ဖို့ အလားအလာပိုများပါသည်။

ဒါမှမဟုတ် လျို့ဝှက်နယ်မြေ၏ အစီအရင်ကြောင့် သူက နေရာတွင်ပင် အသတ် ခံရနိုင်ချေလဲရှိပါသည်။

“ ဒါက မြောက်ပိုင်း‌အေးခဲနိုင်ငံတော်ရဲ့ဘဏ္ဍာတိုက်ကြီးလား။ အရမ်းကိုကြီးတာပဲ။ အရမ်းကိုကြီးတာပဲ” ကျန်းဝမ်လျိုမှာ ဘဏ္ဍာတိုက်ထဲတွင်ရှိသော ရတနာပစ္စည်းများကို ကြည့်ရင်း အံ့ဩမဆုံးဖြစ်နေ၏။ ပါးစပ်ကလဲ အဟောင်းသား ပွင့်နေပြီး ဗလွတ်ရွှတ်တ ပြောနေခဲ့ပါသည်။ လီချန်ချင်းကလည်း များစွာသော ရတနာပစ္စည်းများကို ကြည့်နေခဲ့ပါ၏။ သို့သော် သူက အချို့ကိုသာ သတိပြုမိခဲ့ပါသည်။

ရှားပါးလှသော သတ္တုတွင်းထွက်ပစ္စည်းများ၊ နံရံများထက်တွင် ရှားပါးလှသော ပန်းချီသူတောင်စင်တို့၏ ပန်းချီကားများ ချိတ်ဆွဲထားပါသည်။ လွန်စွာ ဆန်းကြယ်သော ရတနာများ၊ မရေမတွက်နိုင်သော ရှေးဟောင်း ကောင်းကင်ရတနာများ၊ အားလုံးက ရတနာတိုက်ထဲတွင်  စုပုံနေခဲ့၏။

“မြတ်စွာဘုရား။ ကြည့်ပါဦး” ထိုအခိုက်တွင် ကျန်းဝမ်လျိုက အော်ဟစ်လိုက်ပြီး လီချန်ချင်းကို လှမ်းခေါ်လိုက်သည်။

လီချန်ချင်းက မော့ကြည့်လိုက်ရာ ‌သွေးခဲသို့ရဲရဲနီနေသော ဓါးရှည်တစ်လက်က နံရံတွင်မှီကာထောင်ထားသည်ကို တွေ့လိုက်ရပါသည်။ ထိုဓါးရှည်ကြီးမှာ သူ၏ ပတ်ပတ်လည်၌ ငွေရောင် အလင်းတန်းများက ခပ်ဖျော့ဖျော့ ထုတ်လွှတ်နေပါ၏။ ဓါးအရှိန်အဝါမှာ ဆန်းကြယ်လှပြီး လေထုကိုပင် တုန်ခါနေသောခံစားချက်ကို ပေးစွမ်းနေပါ၏။

“အနီရောင်သတ်ဖြတ်ချင်းဓါးသွား” ကျန်းဝမ်လျိုက လွန်စွာ သဘောကျနေသောလေသံဖြင့်ပြောလိုက်ပါ၏။

“နတ်ဘုရားလက်နက်ရဲ့ အဆင့် လေးဆယ့်တစ် ။ ဒီဓါးကိုငါမသေခင်တော့မြင်ဖူးသွားပြီ”

“လီချန်ချင်းခင်ဗျားလာကြည့်စမ်း။ လာပြီးတော့ ဒီဟာကို ကိုင်ကြည့်စမ်းပါ။ ဒီလိုမျိုး နတ်ဘုရားလက်နက်ကို ခင်ဗျားတစ်ဘဝလုံးမှာမကိုင်ဘူးဘူး မဟုတ်လား” ကျန်းဝမ်လျိုက ခပ်မြန်မြန်ပင်ပြောလိုက်ပါ၏။

သူ၏အကြည့်မှာ အနီရောင်သတ်ဖြတ်ခြင်းဓါးသွားကို မလွှဲဘဲရှိနေခဲ့ပါ၏။

“ နတ်ဘုရားလက်နက်တွေကို ကျုပ်ကိုင်ဖူးတယ်လေ” လီချန်ချင်းက တည်ငြိမ်စွာဖြင့်ပြောလိုက်ပါသည်။

“ ကျုပ်က ချင်းရွယ် အာဏာဓါးကို ကိုင်ပြီးတော့ သစ်ခုတ်ဘူးတယ်ဗျ”

“ ဘာ ချင်းရွယ် အာဏာဓါး ဟုတ်လား” ကျန်းဝမ်လျိုက တဟားဟားအော်ဟစ်ရယ်မောကာ ပြောလိုက်ပါ၏။

“ ခင်ဗျား အိမ်မက်မက်နေလိုက် လီချန်ချင်း။ ခင်ဗျားက ပုံပြင်ကောင်းတွေတော့ ပြောတတ်ပါတယ်ဗျာ။ ဘာတဲ့ ချင်းရွယ်အာဏာ ဓါးကို ကိုင်ပြီးတော့ သစ်ခုတ်တယ်ဟုတ်လား။

ရွှယ်ချင်းပိုင်က သူရဲ့အာဏာဓါးကိုယူလို့ဆိုပြီး ခင်ဗျားကို နှစ်ပိုင်းလာဖြတ်လိမ့်မယ်။ ဟား ဟား ဟား”

All Chapters