← Chapters

ဝမ်မင် အသက်အန္တရာယ် ရှိနေပြီ

Vol. 35 Ch. 513

ဝမ်မင် အသက်အန္တရာယ် ရှိနေပြီ

Vol. 35 Ch. 513

အခြေခံအားဖြင့် ဝမ်မင်သည် အပြင်ထွက်လိုလျှင် အစီအရင်ခံရန် လိုအပ်ပြီး ဥက္ကဌချီ၏ ခွင့်ပြုချက်လိုအပ်သည်။

တကယ်တမ်းတွင် သူက ရှောင်ယွင်ချမ်းကို ဖမ်းရန် ထွက်လာပြီးကတည်းက ထိုစည်းမျဉ်းကို ချိုးဖောက်ခဲ့ပြီးပြီ ဖြစ်သည်။

သို့ရာတွင် ဥက္ကဌချီက ဤကိစ္စကို လျစ်လျူရှုထားပေးခဲ့သည်။

ဆိုရလျှင် သူက ဝမ်မင်ကို သူ့မြေးတစ်ယောက်လိုသာ သဘောထားခဲ့သည်။

သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီတွင် ငယ်ရွယ်ပြီး ထူးချွန်သော သိပ္ပံပညာရှင် များစွာရှိသည်။

ပြင်ပလူများအတွက်မူ ဤလူများသည် ၎င်းတို့ထက် သာလွန်သော ပါရမီရှင် အုပ်စုတစ်စု ဖြစ်သည်။

၎င်းတို့က နိုင်ငံ၏ ဒေါက်တိုင်များလည်း ဖြစ်ကြသည်။

သို့ရာတွင် ဤပါရမီရှင်များက ဝမ်မင်လောက် ဉာဏ်ရည်မမြင့်မားကြပေ။

လူများသည် နှိုင်းယှဉ်ခံရလျှင် ငြူစူတတ်ကြသည်။

ယင်းနှင့်အတူ မနာလို မုန်းတီးမှုလည်း ရှိလာကြသည်။

ဝမ်မင်က အကြွားသန်သဖြင့် မရည်ရွယ်ဘဲ လူအများ၏ အမုန်းတရားကို နှိုးဆော်မိတတ်သည်။

ထို့ကြောင့် ဝမ်မင် စည်းကမ်းဖောက်သော အခါတွင် ထိုသိပ္ပံပညာရှင်များသည် တိုင်ကြားရန် အမြဲ ကြိုးစားခဲ့ကြသည်။

သို့သော်လည်း ထိုအရာအားလုံးကို ဥက္ကဌချီက ကြားဖြတ် ဟန့်တားပေးခဲ့သည်။

ထိုသို့ ဥက္ကဌချီက ဝမ်မင်ကို ကာကွယ်လေလေ မနာလိုမှုက ပိုမိုများလာလေလေ ဖြစ်သည်။

ဝမ်မင်အတွက် ကျင့်ကြံခြင်းအဆင့် မြင့်မားသော သက်တော်စောင့် တစ်ဦးကို ဥက္ကဌချီက အဘယ်ကြောင့်ထားပေးရပါသနည်း။

အကြောင်းအရင်းမှာ အခြားသော သိပ္ပံပညာရှင်များက တစ်နေ့နေ့တွင် ထိန်းချုပ်မှုဆုံးရှုံးပြီး ဝမ်မင်အား ထိခိုက်အောင်လုပ်မည်ကို သူကြောက်ရွံ့သောကြောင့် ဖြစ်သည်။

ဝမ်မင်၏ လုံခြုံရေးသည် ထိပ်တန်းဦးစားပေး ဖြစ်သည်။

ဝမ်မင်ကို အပြင်မှာသာ ကာကွယ်ရန် မလုံလောက်တော့ဘဲ အိမ်တွင်လည်း စောင့်ရှောက်ဖို့ လိုအပ်လာသည်။

သို့သော်လည်း ဥက္ကဌချီ၏ သက်တော်စောင့်ကြောင့် ဝမ်မင်ကအိမ်တွင် အမြဲတစေ ကြောက်ရွံ့နေခဲ့ရသည်။

သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီ၏ စည်းမျဉ်းများသည် စစ်စည်းကမ်းများထက် မနည်း ပြင်းထန်သည်။

အခြေခံအားဖြင့် သိပ္ပံကျင့်ကြံခြင်း အကယ်ဒမီသည် စစ်တပ်၏ လက်အောက်တွင် ရှိသည်။

သို့သော်လည်း တကယ်တမ်းတွင် ဝမ်မင်က ကန့်သတ်ချက် တစ်စုံတစ်ရာ မရှိခဲ့ပေ။

သူ့အတွက် တစ်ခုတည်းသော ကန့်သက်ချက်မှာ ခွင့်ပြုချက်တောင်းရန်သာ ဖြစ်သည်။

သို့သော်လည်း ခြွင်းချက်အနေဖြင့် ခွင့်ပြုချက်တောင်းရန် မလိုအပ်သော နေရာတစ်ခု ရှိသည်။

ယင်းမှာ ဝမ်မိသားစုအိမ်ငယ်လေး ဖြစ်၏။

အကြောင်းမှာ ဖေဖေဝမ်က ထိုကိစ္စနှင့် ပတ်သက်၍ သူ၏ သြဇာကြီးမားသော ပရိသတ်နှင့် စကားပြောဆိုခဲ့ဖူးသောကြောင့်ပင်။

အစပိုင်းတွင် ဝမ်လင်းသည် ကျိုက်ယန်၏ အကြောင်းကို မသိသဖြင့် သူမအပေါ်တွင် အနည်းငယ် အေးစက်စက် ဆက်ဆံခဲ့သည်။

သို့ရာတွင် ကျိုက်ယန်၏ ကောင်းကျိုးဆိုးကျိုးများကို အသေအချာ ခွဲခြမ်းစိတ်ဖြာပြီး နောက်တွင် ဝမ်လင်းသည်ဥက္ကဌချီက အလွန်ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်ဟု ရုတ်တရက် တွေးလိုက်မိသည်။

ဝမ်မင်၏ အဆိပ်ပြင်းသောလျှာနှင့် ထက်မြတ်သောစကားလုံးများသည် သူ့ပတ်ဝန်းကျင်တွင်ရှိသည့် လူအများ၏ ဒေါသကို ၉၉၉%ထိ တိုးလာစေသည်။

ဤနည်းအားဖြင့် သူ့လုပ်ဖော်ကိုင်ဖက်များက သူ့ကိုမုန်းနေမည်မှာ အမှန်တကယ် ဖြစ်နိုင်ချေရှိသည်။

ကျိုက်ယန် ရောက်ရှိလာကတည်းက ဝမ်မင်ကို မလုပ်သင့်သည်များအား မပြုလုပ်ရန် တားမြစ်နိုင်ခဲ့သည်။

တစ်နည်းအားဖြင့် ယင်းက ဝမ်မင်ကို သွယ်ဝိုက်၍ ကာကွယ်နိုင်ခဲ့ခြင်းပင်။

ဝမ်မင်က ဦးနှောက်မှလွဲ၍ စွမ်းအားတစ်အောင်စမျှပင် မရှိသော သာမန်လူတစ်ဦးသာ ဖြစ်သည်။

ထို့ကြောင့် သာမန်လူတစ်ယောက်ကပင် အားစိုက်ထုတ်စရာ မလိုဘဲ သူ့ကို အဆိပ်ခပ်နိုင်မည်ဖြစ်၏။

စင်စစ် ဝမ်မင်အဆိပ်သင့်ပြီး သေသွားလျှင်ပင် ဝမ်လင်းထံ၌ သူ့ကို အသက်ပြန်ရှင်လာစေမည့် နည်းလမ်းများ ရှိသည်။

ဝမ်မင်က ဖန်းကွမ်းနှင့် ဆော့ကစားခဲ့သော ဂိမ်းပွဲတွင် ကောင်းကင်ဘဝသံသရာဆော့ဝဲကို အသုံးပြု၍ ကစားသမားများကို ရှင်ပြန်ထမြောက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဝမ်မင်က ဂိမ်းထဲမှာသာ လုပ်နိုင်သော်လည်း ဝမ်လင်းကမူ လက်တွေ့ဘဝတွင် လုပ်နိုင်သည်။

ဝမ်လင်းက မေ့စေ့ကိုပွတ်သပ်၍ ဝမ်မင်အကြောင်းကို ခဏမျှ စဉ်းစားနေမိသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်အား လက်ဆောင်ပေးခဲ့သည့် စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်ကဲ့သို့ အရာတစ်ခုကို ဝမ်မင်ကိုပေးရမည့် အချိန်ရောက်ပြီဟု သူခံစားမိသည်။

သို့ရာတွင် ထိုလက်စွပ်က ဝိညာဉ်စွမ်းအင်သုံးမှသာ အသက်သွင်းနိုင်မည် ဖြစ်သည်။

ဝိညာဉ်တုစွမ်းရည်ဖြင့် လုံးဝ အလုပ်မလုပ်ပေ။

ထို့ကြောင့် ဝမ်လင်းက ဝိညာဉ်စွမ်းအင်ကို အသက်သွင်းရန် မလိုအပ်သည့် ရှင်ပြန်ထမြောက်သော မှော်ရတနာတစ်ခုကို သီးသန့် ပြုလုပ်ရမည် ဖြစ်သည်။

ကျိုက်ယန်က ဝမ်မင်၏ သက်တော်စောင့် ဖြစ်နေလျှင်ပင် သူနှင့်အတူ အမြဲရှိနေနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အဆိုးဆုံးအခြေအနေ ဖြစ်မလာစေရန် ကြိုတင်စီစဉ်ထားခြင်းက ပိုကောင်းသည်ဟု ဝမ်လင်း ခံစားရသည်။

ဝမ်လင်းက တံခါးတွင် ချိတ်ထားသည့် နံရံကပ် ပြက္ခဒိန်ကို ကြည့်လိုက်သည်။

ဝမ်မင်၏ မွေးနေ့သည် ဩဂုတ်လတစ်ရက်နေ့ ဖြစ်ပြီး တပ်မတော်နေ့လည်း ဖြစ်သည်။

မွေးနေ့က လဝက်ကျော်သာ လိုတော့သည်။

ဤအချိန်က ဝမ်လင်းအတွက် ပြင်ဆင်ချိန် လုံလောက်နေပြီ ဖြစ်သည်။

သူက ဝမ်လင်း၏ ခေါင်းအုံးကို ဗိုက်တွင်ကပ်ထား၍ တက်တူးကို ဖုံးကွယ်ထားခဲ့သည်။

အပေါ်ထပ်ရှိ ဝမ်လင်း၏အခန်းသို့ ရောက်သောအခါတွင် ဝမ်မင်သည် ကျိုက်ယန်၏ အတင်းကို အုပ်တော့သည်။

“လင်း.. ဒီမိန်းမ ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုတာ မင်းမသိပါဘူး”

ဤအကောင်အိမ်သို့ လာရသည့် အဓိက အကြောင်းအရင်းက အကဲဖြတ်မှုရလဒ်ကို မျှဝေရန် မဟုတ်ဘဲ တိုင်ကြားရန်သာဖြစ်သည်ဟု ဝမ်လင်း သေချာပေါက် ပြောနိုင်သည်။

“ရေမသောက်ခင်မှာတောင် အဆိပ်မသင့်တာ သေချာအောင် သူအရင်သောက်ပြီးမှ သူ့ပါးစပ်ထဲကရေကို ငါသောက်ရတယ်”

ထိုစကားကိုပြောနေသည့် ဝမ်မင်၏မျက်နှာက သုန်မှုန်နေခဲ့သည်။

ဝမ်လင်း “……….”

မြေကြီးပေါ်တွင် လဲလျောင်းနေသည့် ထွင်ထျန်းဟာက ခေါင်းမော့၍ ကြည့်လိုက်သည်။

ဝမ်မင်က ဆိုးသွမ်းသော အိမ်ရှင်မတစ်ဦး၏ ညှင်းပန်းနှိပ်စက်မှုကို ခံနေရသော လင်ယောကျာ်းနှင့် တူသည်ဟု ခံစားမိသည်။

“ဒါကဘာမှမဟုတ်သေးဘူး.. ငါအိမ်သာသွားရင်တောင် သူမက အိမ်သာပေါ်မှာ အရင်ဆုံးထိုင်လေ့ရှိတယ်”

ဝမ်လင်း”……….”

ထွင်ထျန်းဟာ”……….”

“ငါအကြောက်ဆုံးအရာက ဘာလဲ မင်းသိလား.. ဒီကောင်မလေးက ချက်နည်းပြုတ်နည်းကို မကြာသေးခင်က စပြီး လေ့လာခဲ့တယ်လေ.. မနေ့ကဆိုရင် နဂါးဝက် တစ်ကောင်ကိုဝယ်ပြီး ချက်ကျွေးခဲ့တယ်”

“နဂါးဝက်လား.. ဟ.. ဒါဆို ကျိုက်ယန်က မင်းကို ကောင်းကောင်း ဆက်ဆံတာပဲပေါ့”

ထွင်ထျန်းဟာက ပြောလိုက်သည်။

လက်ရှိဈေးကွက်တွင် နဂါးဝက်၏ ဈေးနှုန်းသည် အကောင်းဆုံးအစိတ်အပိုင်း ဆိုလျှင် အင်မော်တယ်ရွှေငါးရာ အထိ မြင့်မား၏။

သာမန်မိသားစုများက ထိုအသားကို လုံးဝ ဝယ်မစားနိုင်ကြပေ။

ထွင်ထျန်းဟာကမူ နတ်ဆိုးလောကနှင့် ဝေးကွာပြီး ကတည်းက အချိန်အတော်ကြာသည်အထိ အသားကို စိတ်မဝင်စားတော့ပေ။

ကော်ဟောက်၏ မိသားစုက သူစားသောက်ရန်အတွက် ယင်ကောင်အရသာ ခွေးစာများကို အမြဲ ထောက်ပံ့ပေးခဲ့သည်။

ထုံးစံအတိုင်း ခွေးစာသည် ယင်ကောင်အစစ်ကို အသုံးမပြုထားသဖြင့် အတုအယောင်အရသာ ရှိသည်။

“ငါ့ကိုကောင်းကောင်းဆက်ဆံတယ်.. ဟုတ်လား”

ဝမ်မင်၏နှုတ်ခမ်းများက လှုပ်ရမ်းသွားသည်။

“မင်း သူချက်တဲ့ နဂါးဝက်သားကို စားဖူးပြီ မို့လို့လား.. သူချက်တဲ့ နဂါးဝက်သားကြော် တစ်တုံး တစ်တုံးက အင်တုံအရွယ်အစားလောက် ရှိတယ်”

“အဲဒါတော့ မဖြစ်နိုင်ဘူးထင်တယ်ကွာ.. ခမ်းနားသော အင်မော်တယ် တပ်မဟာက လူတွေက ထက်မြက်တယ်လို့ ငါကြားဖူးတယ်.. အဲဒါ မဟုတ်ဘူးလား”

ဝမ်မင်၏ စကားကို နားထောင်ရင်း ထွင်ထျန်းဟာက အံ့သြ မှင်တက်နေသည်။

“လူသားတွေက အခြေခံအားဖြင့် တော်တော်လေး နှံ့စပ်ကြပေမဲ့ ဟင်းချက်ရတာ ဘာလို့ ဒီလောက်တောင်ညံ့ရတာလဲ”

ဝမ်မင် ”ဘာလို့ အဲဒီလိုဖြစ်လဲဆိုတော့ စစ်တပ်ထဲမှာက အစိမ်းလိုက်စားလို့ပဲ”

ဝမ်လင်း”……….”

ထွင်ထျန်းဟာ”……….”

“ဘယ်သူမှ ငါ့ကိုအဆိပ်မခပ်ခင် ဟင်းစားရင်းနဲ့ ငါသေရလိမ့်မယ်”

ဝမ်မင်က သက်ပြင်းချ၍ ပြောလိုက်သည်။

“သူ့ဆရာက ဝါရင့်စားဖိုမှူး တစ်ယောက်လို့ ငါကြားမိတယ်”

“ဘယ်သူလဲ.. သူ့ဆရာက”

“သေချာမသိပေမဲ့ နာမည်မှာ ကျွမ့်ဆိုတဲ့ စာလုံးပါတာတော့ ငါကြားလိုက်ရတယ်”

ဝမ်လင်း”……….”

သူ့အနေဖြင့် ကျွမ့်အမည်ရှိ စားဖိုမှူးတစ်ဦးကို သိခဲ့ဖူးသည်။

အကယ်၍ အမေကျွမ့်သာ ကျိုက်ရန်၏ ဆရာဖြစ်ခဲ့လျှင် သူမသည် ဝမ်မင်ကို ချက်ချင်းဆိုသလို အဆိပ်သင့်စေမည်မှာသေချာသလောက်ပင်။

ဝမ်လင်းက အေးစက်သောလေထုကို ရှူရှိုက်လိုက်သည်။

ဝမ်မင်အတွက် ရှင်ပြန်ထမြောက်ခြင်း ပစ္စည်းကို တတ်နိုင်သမျှ အမြန်ဆုံး ပြုလုပ်ရမည်ဟု သူတွေးလိုက်သည်။

ဝမ်မင်က အသက်အန္တရာယ် ကြီးကြီးမားမား ရှိနေပြီဟု ဝမ်လင်း ခံစားမိနေပြီ ဖြစ်သည်။

“လင်းလေး.. ဘာဖြစ်နေတာလဲ.. မင်းမျက်နှာမကောင်းပါလား”

ဝမ်လင်း၏ ဖြူဖျော့သောမျက်နှာကို ကြည့်ပြီး ဝမ်မင်က ရယ်လိုက်သည်။

“အန်တီဝမ် ခုနက ငါ့ကိုပြောတယ်.. ဒီနေ့ မင်းခိုးကြောင်ခိုးဝှက် ဟိုဟာ လုပ်နေတယ်ဆို”

ဝမ်လင်း "………."

“ငါကစတာပါ.. ဒီအစ်ကိုကြီးက မင်းကိုမလှောင်ပါဘူး.. လူငယ်တွေက စိတ်ဖိစီးလာရင် ဒီလိုပဲလုပ်တတ်ပါတယ်.. မင်းဘာမှစိတ်မပူနဲ့.. မင်းအတွက် တစ်ရှူးတွေကို ငါတီထွင်ထားပြီးပြီ.. တစ်ရှူး အမျိုးအစားအသစ်ကို တီထွင်ထားပေမဲ့ မူပိုင်ခွင့်တော့ မရသေးဘူး.. ဒီတစ်ရှူးမှာ ချောဆီလိမ်းထားပြီးသားဖြစ်တဲ့အတွက် မင်းရဲ့လက်မှာ ဘာမှကပ်ပြီး ကျန်နေမှာမဟုတ်ဘူး.. တစ်ရှူးတစ်စကို အကြိမ်ပေါင်းများစွာ အသုံးပြုနိုင်တယ်.. သန့်ရှင်းမှုလည်း ရှိပြီး ရာနှုန်းပြည့် ပိုးမွှားကင်းစင်တယ်”

ဝမ်လင်း”……….”

“ဟမ့်.. အဆိပ်မိပြီး သေသွားရုံလောက်ပါပဲ”

အပိုင်း(၅၁၃) ပြီး၏

All Chapters