← Chapters

လင်းကျန်းရန်သည် အလွန်စာနာထောက်ထားတတ်သည်

Vol. 35 Ch. 517

လင်းကျန်းရန်သည် အလွန်စာနာထောက်ထားတတ်သည်

Vol. 35 Ch. 517

ဝမ်လင်းက ထွင်ထျန်းဟာ၏ အတွေးအမြင်များကို ကောင်းစွာ သိရှိခဲ့သည်။

ဝမ်မင်က သခင်မာ အသုံးပြုပုံကို အဘယ်ကြောင့် သိနေရသနည်း။

အကြောင်းပြချက်မှာ အလွန်ရိုးရှင်းသည်။

ဝမ်လင်း နှင့် ဝမ်မင်တို့ ညီအကိုနှစ်ယောက် အစေးကပ်နေသောကြောင့်ပင်။

အစောပိုင်းက အိမ်ငယ်လေးသို့ ဝမ်မင် ရောက်ရှိလာသောအခါတွင် ထွင်ထျန်းဟာက အပြင်တွင် လဲလျောင်းနေခဲ့သည်။

ဝမ်လင်းက အဆိုပါ ဖြစ်ရပ်များအား စိတ်ချင်း ဆက်သွယ်၍ ဝမ်မင်ကို ချက်ချင်း အကြောင်းကြားခဲ့သည်။

ဝမ်လင်း မဟုတ်ဘဲ ရှင်းပြသူက အဘယ်ကြောင့် ဝမ်မင် ဖြစ်နေရသနည်း။

အဘယ်ကြောင့်ဆိုသော် ၎င်းက သဘာဝ ပိုကျပြီး ထွင်ထျန်းဟာ အလျင်အမြန် သံသယမဝင်စေရန် ဖြစ်သည်။

ထို့အပြင် ဝမ်လင်းက ထွင်ထျန်းဟာ၏ အကောင့်ကို လျှို့ဝှက်ဟက်ခ်ကာ ၎င်း၏ မကြာသေးမီက အွန်လိုင်း ငွေပေးချေမှုများကို စစ်ဆေးပေးရန် ဝမ်မင်ကို တောင်းဆိုခဲ့သည်။

သူတို့က အချက်နှစ်ချက်ကို အတည်ပြုနိုင်ခဲ့ကြသည်။

တစ်ချက်မှာ မကြာသေးမီက ထွင်ထျန်းဟာ ရရှိသောငွေများသည် ငွေရောင်လေးထံမှ ဖြစ်သည်။

ဒုတိယတစ်ချက်မှာ ထွင်ထျန်းဟာက ထိုပိုက်ဆံဖြင့် ပစ္စည်းတချို့ ဝယ်ထားခြင်းဖြစ်သည်။

သူဝယ်ထားသည့် ပစ္စည်းများကိုကြည့်ပြီး ဤသည်က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်ရန်အတွက်ဟု သူတို့ မှန်းဆနိုင်ခဲ့သည်။

ဝမ်လင်းက ဤအစီအရင်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ဤ အစီအရင်သည် "အိမ်အဝင်အထွက်အစီအရင်" နှင့် ဆင်တူသော မှော်အစီအရင် ဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် ခြောက်ဆယ်မှ ခုနစ်ဆယ် ရာခိုင်နှုန်းအထိ တူညီ၏။

ထို့ကြောင့် သူ့အနေဖြင့် "အိမ်အဝင်အထွက်အစီအရင်" နှင့် ဆင်တူသည်ဟု မှန်းဆရန်မှာ မခက်ခဲ​ပေ။

ထွင်ထျန်းဟာက ထိုအစီအရင်ကို တည်ဆောက်ရန် စိတ်ကူးထားပုံရသည်။

အရေးအကြီးဆုံးမှာ ထွင်ထျန်းဟာတွင် ရှိသော ငွေပမာဏသည် ဤ "အိမ်အဝင်အထွက်အစီအရင်" ကို ပြီးမြောက်ရန်အတွက် အတော်လေး လိုအပ်နေခြင်းပင်။

လောလောဆယ်တွင် အစီအရင် တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများ၏ လေးပုံတစ်ပုံကိုပင် မဝယ်နိုင်သေးပေ။

ထို့အပြင် နတ်ဆိုးကမ္ဘာသို့ ပြန်သွားရန်မှာ သူ့အတွက် အလွန်အန္တရာယ်များသည်။

ဝမ်လင်းက သူ၏ အရင်းအမြစ်ကို ပြုပြင်ထားသောကြောင့် နတ်ဆိုးကမ္ဘာ၌ နတ်ဆိုးချီ မဟုတ်ဘဲ ဝိညာဉ်စွမ်းအင်ကို အသုံးမပြုနိုင်တော့ပေ။

နတ်ဆိုးမျိုးနွယ်စု​၏ မှော်အစီအရင်ကို လှုံ့ဆော်ရန် သန့်စင်သော ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ အလုပ်မဖြစ်နိုင်ချေ။

ထို့အပြင် ၎င်းသည် ဆိုးရွားသော တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်သည့် အလွန်မြင့်မားသော ဖြစ်နိုင်ခြေလည်း ရှိနေ၏။

ထို့ကြောင့် အနှစ်ချုပ်ရလျှင် ထွင်ထျန်းဟာ အနေဖြင့် ဖားပြုပ်မျိုးနွယ်စုသို့ ပြန်သွားရန် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းလမ်းမှာ သခင်မာကို အသုံးပြုခြင်း ဖြစ်သည်ဟု ဝမ်လင်း တွေးမိခဲ့သည်။

ထို့အပြင် သူက သခင်မာကို တစ်စုံတစ်ခု လုပ်ထားခဲ့သည်။

ထို့ကြောင့် ထွင်ထျန်းဟာကို တည်နေရာ ရွှေ့ပြောင်းပေးလိုက်သည်နှင့် ထွင်ထျန်းဟာက ဖားပြုပ်မျိုးနွယ်စုသို့ ဘေးကင်းကင်းဖြင့် ပြန်လည် ရောက်ရှိသွားမည့် အပြင် ပို၍ပင် ခွန်အား ကောင်းလာမည် ဖြစ်သည်။

ဝမ်လင်းက ကောင်းကင်ဝါးမျိုဖားပြုပ် မျိုးနွယ်စုတွင် ဖြစ်ပျက်နေသည်များကို အတိအကျ မသိသော်လည်း သူ၏ကူညီမှုက နတ်ဆိုးကမ္ဘာသို့ ပြန်သွားမည့် ထွင်ထျန်းဟာကို ပန်းတိုင်ရောက်သည်အထိ အထောက်အကူ ပေးနိုင်မည်ဟု မျှော်လင့်မိသည်။

...........

သခင်မသည် အများအားဖြင့် ငြိမ်နေတတ်ပြီး အသုံးလိုသောအခါမှသာ တက်ကြွနေတတ်သည်။

တကယ်တမ်းတွင် သခင်မာကို လူသားအသွင်ဖြင့် သူတစ်ခါမှ မမြင်ဖူးပေ။

သခင်မာက ဤအိမ်ငယ်လေးတွင် လူသားအသွင်အပြင် မရှိသည့် တစ်ခုတည်းသော မှင်စာ ဖြစ်နိုင်သည်။

ယခင်က ဤအိမ်ထဲရှိ မှင်စာအားလုံးကို ဆရာလေးလင်းက လူအသွင်ပြောင်းခဲ့သည်။

သို့သော် သခင်မာက လူသားအသွင် ပြောင်းထားသည့်တိုင် ရေအဆက်မပြတ် ထွက်နေသောကြောင့် ဆရာလေးလင်းက နောက်ပိုင်းတွင် သခင်မာအား လူသားအသွင်ပြောင်းခွင့် ပယ်ဖျယ်ခဲ့သည်။

ထိုအကြောင်းကို ခဲဖျက်နှင့် ဘောပင်တို့ထံမှ ထွင်ထျန်းဟာကြားခဲ့ရခြင်း ဖြစ်၏။

[ဒါနဲ့ သခင်မာကို လှုံ့ ဆော်ပြီးရင် သခင်မာက ဘယ်လိုဆောင်ရွက်ပေးမှာလဲ]

သခင်မာ၏ အသံက ကြွယ်ဝသော အတွေ့အကြုံနှင့် ထုံမွှမ်းသော ပဲ့တင်သံကို သယ်ဆောင်လာမည်လားဟု ထွင်ထျန်းဟာ တွေးတောမိလိုက်သည်။

သခင်မာ၏ ခန္ဓာကိုယ်ပေါ်ရှိ အိမ်သာအဖုံးက သူ့အလိုလို ကြွတက်လာပြီး အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါက အမြင့်မြတ်ဆုံး ဘုရင်​ကြီးရဲ့ အမှုတော်ကို ထမ်းရွက်ဖို့ အတွက် အသင့်ဖြစ်နေပါပြီ.."

ထွင်ထျန်းဟာ "…........"

"လခွမ်း လန့်လိုက်တာဟ"

ထိုအသံကြောင့် ထွင်ထျန်းဟာ ချွေးအနည်းငယ် ထွက်သွားသည်။

ဝမ်လင်းက မှင်စာများကို ကိုယ်ပိုင်စရိုက် ရှိစေလိုသောကြောင့် ဉာဏ်အလင်းပေးပြီး နောက်တွင် ၎င်းတို့၏ ကိုယ်ပိုင် အမူအကျင့်များကို ခွင့်ပြုပေးခဲ့သည်။

အဆုံးသတ်တွင် သခင်မာက ဤပုံစံ ဖြစ်သွားခဲ့သည်။

ကိုသြဒီနိတ်အမှတ်များ သတ်မှတ်ရန်က ထွင်ထျန်းဟာ ထင်ထားသလို ရှုပ်ထွေးမှုမရှိပေ။

သခင်မာ၏ ဦးခေါင်းထဲ၌ ထိုအချက်များကို ထည့်ထားရန် မလိုအပ်ပေ။

ဝမ်လင်းက တည်နေရာ ကိုသြဒိနိတ်များကို ရွတ်ဆိုပြီးသည်နှင့် သခင်မာက ဆရာလေးလင်းဆီ တောက်ပသော အလင်းတန်းတစ်ခု ထုတ်လွှတ်၍ ရစ်ပတ်လိုက်သည်ကို တွေ့လိုက်ရသည်။

ထိုခဏဝယ် ဝမ်လင်းက သူ့ခြေရင်းမှ ထွင်ထျန်းဟာကို တစ်ချက်ကြည့်လိုက်ရာ သူ့ကို ရစ်ပတ်ထားသည့် အလင်းရောင်က ချက်ချင်း ကွဲထွက်သွားပြီး ထွင်ထျန်းဟာကိုပါ ရစ်ပတ်လိုက်သည်။

"...???..."

ဝမ်လင်း သူ့ကိုခေါ်သွားမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

လူတစ်ဦးနှင့် ခွေးတစ်ကောင်က တစ်စုံတစ်ရာကြောင့် နေရာမှာပင် ပျောက်ကွယ်သွားသည်ကို ဝမ်မင် မြင်လိုက်ရသည်။

ဝမ်လင်းက အဘယ်ကြောင့် ထွင်ထျန်းဟာကို ခေါ်လာရသနည်း။

အဘယ်ကြောင့်ဆိုသော် သခင်မာ၏ ပို့ဆောင်ခံရပြီးနောက်တွင် ဆိုးရွားသော သက်ရောက်မှုများ ရှိလာနိုင်ပြီး သင့်ကို ဆီးသွားစေနိုင်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ဝမ်လင်းက ထွင်ထျန်းဟာကို ကြို၍ သိစေချင်ခဲ့သည်။

ဝမ်လင်းက သူ့မိသားစုဝင်အသစ် ဖြစ်သည့် ထွင်ထျန်းဟာကို အလွန်ပင် စာနာမိသည်။

.............

လွန်ခဲ့သော တစ်နာရီခန့်က...

နတ်ဆိုးနတ်ဘုရား လာရောက်ခဲ့ဖူးသည့် တိမ်တိုက် အားလုံး မီးခိုးရောင် ရှိသော ကမ္ဘာသည် ပုံမှန်မဟုတ်ဘဲ မွေးကင်းစဂြိုဟ်တစ်လုံး နှင့် ဆင်တူသည်။

ဤနေရာတွင် သက်ရှိများ မနေထိုင်သေးသလို အောက်ဆီဂျင်ကလည်း အလွန်ပါးလွှာသည်။

၎င်းက ကမ္ဘာမြေနှင့် လုံးဝခြားနားသော ဖွဲ့စည်းမှုရှိပြီး ဆွဲငင်အားပင် မတူကြပေ။

အနက်ရောင် ဝတ်စုံ ဝတ်ထားသော ဆံပင်နီ လူငယ်လေးသည် ခြောက်သွေ့အက်ကွဲနေသော မြေပြင်ပေါ်တွင် တစ်ကိုယ်တည်း မတ်တပ်ရပ်နေသည်။

သူက ဤကမ္ဘာကြီး၏ လှိုင်းပုတ်သံများကို ခံစားရင်း မျက်လုံးမှိတ်ကာ ကောင်းကင်သို့ ခေါင်းမော့ထားသည်။

ဤဂြိုဟ်သည် နဂါးငွေ့တန်း ဂလက်ဆီပြင်ပမှ သူယူဆောင်လာခဲ့သည့် ဂြိုဟ်ဖြစ်သည်။

ထိုဂြိုဟ်ပေါ်၌ မြက်ပင် သို့မဟုတ် ပန်းတစ်ပွင့်မျှပင် မရှိပေ။

ဆံပင်နီ လူငယ်၏ မျက်ခုံးနှစ်ခုကြားတွင် ပန်းတစ်ပွင့်နှင့် ဆင်တူသည့် တာအို အမှတ်အသား တစ်ခု ရှိသည်။

အနီးကပ် ကြည့်မိလျှင် ၎င်းသည် "ရွမ်" အက္ခရာနှင့် ဆင်တူသည်။

ယနေ့ ဤဂြိုဟ်၌ သူရပ်နေသော အချိန်တွင် တစ်စုံတစ်ယောက်က ရောက်လာလိမ့်မည်။

ထိုလူက အနန္တတန်ခိုးရှင် ဖြစ်လိမ့်မည်ဟု လူငယ်က တွက်ဆထားသည်။

ခဏအကြာတွင် သူ့ရှေ့၌ မမြင်နိုင်သော ပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏အာရုံက ထိုပုံသဏ္ဍာန်ကို သတိပြုမိလိုက်သည်။

၎င်းက လေဝိညာဥ်နှင့် သဏ္ဌာန်တူပြီး ပုံသဏ္ဍာန် ကောက်ကြောင်းကိုသာ မြင်နိုင်သည်။

ထိုလူ စကားပြောသည့် အခါတွင် ကမ္ဘာတစ်ဝှမ်းလုံး၌ သန်းနဲ့ချီသော တုန်လှုပ်ခြောက်ခြားမှုကို ချက်ချင်း ဖြစ်စေခဲ့သည်။

"ကျန်းရွမ်.. လူသားကမ္ဘာကြီးက သိပ်မကြာခင် ပျက်သုဉ်းသွားတော့မယ်.. မင်းရှာနေတဲ့ ကယ်တင်ရှင်ဆိုတာ မရှိနိုင်တော့ဘူး"

"မင်းနဲ့ငါ လက်တွဲပြီး ဒီက ထွက်သွားသင့်တယ်.. ငါတို့တွေ နဂါးငွေ့တန်းရဲ့ အပြင်ဘက်မှာ ဘဝသစ်တစ်ခု စတင်လိုက်ရင် ဖန်ဆင်းရှင်တွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်"

အင်မော်တယ်ကျန်းရွမ်က သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဒီလူကို ရှာဖို့ ငါ တတ်နိုင်သလောက် လုပ်ပြီးသွားပြီ.. ဒါပေမဲ့ ငါ့ရဲ့ ရှာဖွေမှုက အခုထိ ရလဒ်တွေ ကင်းမဲ့နေတုန်းပဲ"

"ဒါပေမယ့် ငါ့ရဲ့မျှော်လင့်ချက်ကို စွန့်လွှတ်ခါနီးမှာ ဒီလိုလူမျိုး အမှန်တကယ် ရှိနေနိုင်တာကို တွေးမိခဲ့တယ်"

"ဒီအတွေးက ကမ္ဘာခြားဂိတ်တံခါးကို နောက်ဆုံးအကြိမ်ကတစ်စုံတစ်ယောက် ပိတ်လိုက်တာနဲ့ ဆက်နွှယ်နေတယ်"

လေဝိညာဉ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါက တိုက်ဆိုင်မှုတစ်ခုထက် မပိုပါဘူး.. ဆင့်ခေါ်ခြင်းဆိုင်ရာ အစီအရင်မှာ တစ်ခုခု မှားယွင်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်"

"ကမ္ဘာခြားဂိတ်တံခါးက ကမ္ဘာ့ဖီဆန်မှော်လက်နက် ဖြစ်တယ်.. ဟွာရှို့ရဲ့ ပကတိအင်မော်တယ်တွေ အားလုံး အစွမ်းကုန် လက်တွဲ လုပ်ဆောင်မှပဲ ပိတ်ဆို့နိုင်တယ်"

လေဝိညာဉ်က ရယ်မောလိုက်သည်။

"လူတစ်ယောက်ထဲက ကမ္ဘာခြားဂိတ်တံခါးကို ပိတ်လိုက်တယ်လို့ မင်းတကယ် ထင်နေတာလား.. ဒီကမ္ဘာကြီးမှာ အပြောင်းအလဲတွေ ရှိခဲ့ရင် မင်းရော ငါရော ခံစားမိမှာပဲလေ..

ငါတို့ နှစ်​​ယောက်​က လွဲရင်​ ဒီကမ္ဘာ​ပေါ်မှာ တခြား​သော အင်မော်တယ် အရှင်မြတ်တွေ မရှိ​တော့ဘူး"

"မင်းပြောတာ မှန်ပါတယ်.. တခြားသော အင်မော်တယ်အရှင်မြတ်တွေ မရှိနိုင်တော့ဘူး.."

ဆံပင်နီ လူငယ်က သက်ပြင်းချလိုက်သည်။

"ဒါပေမယ့်.."

တကယ်တော့ ဤကမ္ဘာကြီးတွင် သူတို့ထက် ပိုအစွမ်းထက်သည့် ကျင့်ကြံသူ တစ်ဦး ရှိသည်ဟု သူအမြဲလိုလို ခံစားခဲ့ရသည်။

"ဝိညာဉ်စွမ်းအင် သတင်း အချက်အလက်ခေတ်မှာ အင်မော်တယ်အရှင်မြတ် အဆင့်က အမြင့်ဆုံး အဆင့်ဖြစ်တယ်လို့ တရားဝင် သတ်မှတ်ပြီးပြီ"

လေဝိညာဥ်က ပြောဆိုလိုက်သည်။

"ငါတို့ချင်း မရင်းနှီးဘူး.. မင်းနဲ့ ငါ ဆိုပြီး မသုံးနှုန်းနဲ့..

တခြားလူတွေ နားလည်မှု လွဲသွားလိမ့်မယ်"

ဆံပင်နီလူငယ်က သူ့ရှေ့က လေဝိညာဉ်၏ အရိပ်အယောင်ကို ခေါင်းမော့၍ ကြည့်လိုက်သည်။

"အနှေးနဲ့အမြန် ငါမင်းကို ဖျက်ဆီးပစ်မယ်"

"ဟားဟား.. ငါ့ကို ဖျက်ဆီးပစ်မယ် ဟုတ်လား"

လေဝိညာဉ်၏ ရယ်သံက အလွန် ရက်စက်ကြမ်းကြုတ်လှသည်။

"မင်းနဲ့ငါက တူညီတဲ့ ဇာစ်မြစ် တစ်ခုထဲကပဲ. အဲဒီတုန်းက မင်းရဲ့ အတွင်းစိတ် ဝိညာဉ်ဆိုးကို မောင်းထုတ်ဖို့ အတွက်နဲ့ မင်းငါ့ကို စွန့်ပစ်ခဲ့တယ်.. ငါ့ကိုယ်ငါ သတ်သေလိုက်ရင် ဒါမှမဟုတ် တစ်စုံတစ်ယောက်က ငါ့ကိုသတ်လိုက်ရင် မင်းရဲ့ ကျင့်ကြံမှုက ချို့ယွင်းသွားလိမ့်မယ်.. ဒါပေမယ့် မင်းနဲ့ငါက ဇစ်မြစ်တစ်ခုထဲက ဆိုတော့ ငါသေရမယ်လို့တော့ မထင်ဘူး"

"လေဝိညာဥ် မင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်လို့လား"

အင်မော်တယ်ကျန်းရွမ်က လှောင်ပြောင်လိုက်သည်။

"ကမ္ဘာ့ကယ်တင်ရှင်ကို ဒီနေရာမှာ စောင့်ဖို့ ငါ စိတ်ပိုင်းဖြတ်ထားပြီးပြီ.. သူက ကမ္ဘာကြီးကို ကယ်တင်နိုင်မှာ လုံးဝ သေချာတယ်"

"ညီနောင် ပဲ့တင်သံ ဆိုရင်တောင်လား"

လေဝိညာဥ်က နတ်ဆိုးဓားနတ်ဘုရားကို ရည်ရွယ်၍ ခနဲ့လိုက်သည်။

ဤအတောအတွင်း စုန့်ဟိုင်ထောင်ရှိ အချုပ်ခန်းတစ်ခုတွင် နတ်ဆိုးဓားနတ်ဘုရားသည် အပြင်းအထန် နှာချေနေခဲ့သည်။

အပိုင်း(၅၁၇) ပြီး၏

All Chapters