← Chapters

အာ.. ဒါကအလင်းတစ်ခုလား

Vol. 35 Ch. 519

အာ.. ဒါကအလင်းတစ်ခုလား

Vol. 35 Ch. 519

ဂြိုလ်တစ်ခုလုံးက ၎င်း၏ အူတိုင်ကို အလှန်ခံလိုက်ရ သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

အင်မော်တယ်ကျန်းရွမ် နှင့် လေဝိညာဥ်တို့ နှစ်ဦးစလုံးက အန္တရာယ်ကို အလိုလိုခံစားမိသော်လည်း အသက်အန္တရာယ်မရှိသဖြင့် အမူအရာများ ပြန်လည် တည်ငြိမ်သွားခဲ့သည်။

သူ့ရှေ့မှ ဆံပင်နီ လူငယ်ကို စိုက်ကြည့်ရင်း လေဝိညာဥ် မျက်မှောင်ကြုတ်သွားသည်။

ယခုဖြစ်ရပ်က ဆံပင်နီလူငယ်နှင့် လုံးဝ မသက်ဆိုင်မှန်း သူသိသည်။

ထို့အပြင် ကျန်းရွမ်၏ အမူအရာတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပါရှိနေ၍ ဤပုံမှန်မဟုတ်သော စွမ်းအင်အတက်အကျနှင့် ပတ်သက်ပြီး သူဘာမှမသိသည်မှာ ထင်ရှားသည်။

"ကမ္ဘာမြေကြီး ပျက်စီးတော့မှာလား"

ဤသည်က ဖြစ်နိုင်ချေမရှိဟု လေဝိညာဥ် မသိစိတ်က တွေးမိလိုက်သည်။

အခြေခံအားဖြင့် သူ့တွင် ကျန်းရွမ်၏ မှတ်ဉာဏ်များ အားလုံးရှိခဲ့သည်။

ကျန်းရွမ်က လူသားများ နေထိုင်ရန် သင့်လျော်သော ဤဒုတိယဂြိုဟ်ကို ရှာဖွေရန် နဂါးငွေ့တန်း ဂလက်ဆီမှ မရေမတွက်နိုင်သော ဂြိုလ်များကို သူ့ဘာသာသူ အနှစ်တစ်ထောင်ကျော် အချိန်ယူ ရှာဖွေခဲ့ပြီး ထိုဂြိုဟ်များ၏ အောက်ဆုံးမှ ဤဂြိုဟ်ကို အဆုံးသတ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဤဂြိုဟ်က တစ်နှစ်ပတ်လုံး ခြောက်သွေ့အက်ကွဲနေပြီး အစိုဓာတ်အနည်းငယ်မျှပင် မရှိသောကြောင့် ကျန်းရွမ်က မိုးခေါင်ခြင်းဂြိုဟ်ဟု အမည်ပေးခဲ့သည်။

သူက ဤမိုးခေါင်ခြင်းဂြိုဟ်ကို ရှာတွေ့ရန် အတွက် အနှစ်တစ်ထောင်လောက် အချိန်ယူခဲ့ရသည်။

သို့သော် နဂါးငွေ့တန်းဂလက်ဆီ၏ အပြင်ဘက်ရှိ ကျယ်ပြောလှသော အာကာသ၏ ဆယ်ပုံနှစ်ပုံကိုပင် သူမမြင်ရသေးပေ။

အပြန်ခရီးအတွက် ကုန်ဆုံးမည့်အချိန်ကို စဉ်းစားမိသောကြောင့် အင်မော်တယ်ကျန်းရွမ်၏ ဂြိုလ်ခုန်ကူးခြင်း ခရီးစဉ်က အလွန်လျင်မြန်စွာ ပြီးဆုံးခဲ့ပြီး "မိုးခေါင်ခြင်းဂြိုဟ်" ကိုသာ ပြန်လည် သယ်ဆောင်လာခဲ့သည်။

ဤဂြိုဟ်က ရေမရှိသော်လည်း ယင်းက ကြီးမားသည့် ပြဿနာတော့ မဟုတ်ပေ။

အရေးအကြီးဆုံးအချက်မှာ ဂြိုဟ်၏ ဖွဲ့စည်းပုံက တည်ငြိမ်နေပြီး များပြားသော ဝိညာဉ်စွမ်းအင်များ ပါ၀င်နေခြင်းပင်။

ဤအချက်ကပင် ကျန်းရွမ်ကို မျက်စိကျစေခဲ့၏။

ထို့ကြောင့် မိုးခေါင်ခြင်းဂြိုဟ် တခဏချင်း စတင် တုန်ခါလာသည်နှင့် လေဝိညာဥ်က ကျန်းရွမ်၏ လက်ချက်မဟုတ်ဟု တွေးမိခဲ့ခြင်းဖြစ်သည်။

သို့သော် ကျန်းရွမ် မဟုတ်လျှင် ဤပုံမှန်မဟုတ်သည့် စွမ်းအင်အတက်အကျများကို ဖန်တီးသူက မည်သူနည်း။

ထိုသို့သော စွမ်းအင် အတက်အကျများကို ဖြစ်ပေါ်စေနိုင်သော အစွမ်းသတ္တိသည် ပကတိအင်မော်တယ် အဆင့်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဒါပေမယ့် လက်ရှိ လူသားကမ္ဘာတွင် သူနှင့် ကျန်းရွမ်တို့ နှစ်ဦးတည်းသာ ပကတိအင်မော်တယ်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။

ကမ္ဘာဂြိုဟ် စတင်လှုပ်ခါပြီး နှစ်စက္ကန့်အကြာတွင် လေဝိညာဉ်၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ပြည့်ကျပ်လာသည်။

ထို့နောက် ရုတ်တရက် သူ့ခေါင်းက အလွန်ပူလာသလို ခံစားရ၍ မျှော်ကြည့်လိုက်ရာ တွေ့လိုက်ရသော မြင်ကွင်းကြောင့် အံ့ဩသွားခဲ့သည်။

ထိုအရာက ရွှေရောင် အလင်းတန်းတစ်ခု ဖြစ်နေသည်။

.............

သခင်မာ၏ တည်နေရာပို့ဆောင်ခြင်း နည်းပညာသည် အမှန်တကယ်ပင် လက်ဖျားခါလောက်၏။

ဝမ်လင်းက ဝမ်မိသားစု အိမ်ငယ်လေးကနေ သတ်မှတ်ထားသော ကိုသြဒိနိတ်အမှတ်ကို ရောက်ရန် ငါးစက္ကန့်ပင် မကြာလိုက်ပေ။

ဝမ်လင်းက ဤနေရာတွင် လူများ ရှိနေသည်ကို ခံစားမိလိုက်သည်။

ထို့အပြင် ၎င်းက လုံးဝ ကွဲပြားခြားနားသော အသွင်အပြင် နှစ်ခု ဖြစ်သည်။

သူက အော်ရာကို အာရုံခံလိုက်ရာ ၎င်းတို့က အချင်းချင်း ပြင်းထန်စွာ ရင်ဆိုင်ခဲ့ကြောင်း သိလိုက်ရ၍ ဤနေရာ၌ ရန်ပွဲဖြစ်ပွားခဲ့ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

ထို့အပြင် ၎င်းတို့နှစ်ဦးစလုံးက အားနည်းခြင်း မရှိသည်မှာ သိသာထင်ရှားလှသည်။

၎င်းတို့က အနည်းဆုံးတော့ မိစ္ဆာဓားနတ်ဘုရားထက် ပိုမိုသန်မာကြောင်း ဝမ်လင်း ခံစားခဲ့ရသည်။

ဝမ်လင်းက ဤနေရာ၌ တစ်စုံတစ်ယောက် အမှန်တကယ်ရှိလိမ့်မည်ဟု မထင်ထားခဲ့မိသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရှာမတွေ့စေရန်အတွက် မဟာအာကာပြင် တာအို စွမ်းအားကို အသုံးချလိုက်သည်။

ထိုမဟာတာအိုက အသက်သွင်းပြီးသည်နှင့် တစ်ဆယ့်နှစ်နာရီ ကြာပြီးနောက်မှသာ သူ့အလိုလို အာနိသင် ပျောက်ကွယ်သွားမည်ဖြစ်သည်။

ထို့ကြောင့် ဤမဟာအာကာပြင်တာအိုကို သူသုံးလေ့မရှိပေ။

၎င်းက မဟာကံကြမ္မာတာအို ကဲ့သို့ပင် အသက်သွင်းပြီးသည်နှင့် ချက်ချင်း ပယ်ဖျက်၍မရသော စွမ်းရည်မျိုး ဖြစ်သည်။

တကယ်တမ်းတွင် မဟာတာအို သုံးထောင်၌ တစ်ဝက်တစ်ပျက် ပယ်ဖျက်၍မရသော မဟာတာအို အမြောက်အမြား ရှိသည်။

အဆုံးသတ်တွင် ဤမဟာတာအိုများသည် ခေတ်သစ်ကျင့်ကြံသူများရည်ညွှန်းသည့် "ကောင်းကင်တာအို"ပင် ဖြစ်သည်။

အကယ်၍ ၎င်းတို့ကို ပေါ့ပေါ့တန်တန် အသုံးပြုပြီး ပယ်ဖျက်နိုင်သည် ဆိုလျှင် ကောင်းကင်တာအို အတွက် မည်မျှ အရှက်ရဖွယ် ကောင်းလိမ့်မည်နည်း။

ထို့​ကြောင့် ဤမဟာတာအိုကို သူ၏ သာမန်ကျောင်းသားဘဝတွင် တော်ရုံ အသုံးမပြုခဲ့ပေ။

တည်နေရာ ရွှေ့ပြောင်းလာသော ရွှေရောင်အလင်းတန်းက လေဝိညာဉ်၏ ဦးခေါင်းပေါ်သို့ အံ့သြဖွယ်ရာ တိုက်ရိုက် ဆင်းသက်လာသည်။

လေဝိညာဉ်က မသိစိတ်ကနေ မျှော်ကြည့်လိုက်သည်။

သူက လုံးဝ ရုပ်လုံးမပေါ်သေးသော်လည်း အမြင်အာရုံအင်္ဂါများ ရှိသည်။

​ဤအလင်းရောင်က သူ့မျက်လုံးများကို စူးစူးရဲရဲ တောက်လောင်စေခဲ့သည်။

အင်မော်တယ်ကျန်းရွမ်ကလည်း ထိုအလင်းရောင်ကြောင့် မျက်လုံးများကို အနည်းငယ် မှိတ်ထားရသည်။

နှစ်ယောက်စလုံး၏ နှလုံးသားထဲတွင် တစ်ပြိုင်နက် တုန်လှုပ်သွားကြသည်။

သူတို့မျက်လုံးက နာကျင်သလို အမှန်တကယ် ခံစားခဲ့ရ၏။

ယင်းက ထူးခြားသည့် အခြေအနေတစ်ခု ဖြစ်သည်။

အင်မော်တယ်အရှင်မြတ်အဆင့်တွင် ကောင်းကင်မျက်လုံးသည် အင်မော်တယ် မျက်လုံးများ အဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းကို အင်မော်တယ်မျက်လုံးဟု ခေါ်ဆိုကြသည်။

စွမ်းဆောင်ရည်အရ အင်မော်တယ်မျက်လုံးသည် ကောင်းကင်မျက်လုံးထက် သာလွန်ကောင်းမွန်သည်။

မိစ္ဆာဓားနတ်ဘုရား၏"ခရမ်းရောင် ထောက်လှမ်းရေး နတ်ဆိုးမျက်လုံး" ပင်လျှင် အင်မော်တယ်မျက်လုံးကို မယှဥ်နိုင်ပေ။

သို့တိုင် ကောင်းကင်မှ ကျဆင်းလာသော ရွှေရောင်အလင်းတန်းကြောင့် သူတို့၏ မျက်လုံးက ပူစပ်စပ် ဖြစ်သွားသည်။

ရွှေရောင်အလင်းနှင့် ပိုမို နီးကပ်သည့် လေဝိညာဥ်က သူ့မျက်လုံး သူငယ်အိမ်အတွင်း၌ လောင်ကျွမ်းနေသလို ခံစားရခဲ့သည်။

လေဝိညာဥ်က သွားများကို အံကြိတ်၍ တောင့်ခံလိုက်ရသည်။

သူက ဤကဲ့သို့ နာကျင်မှုကို မခံစားရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။

အလင်းတန်းများ လျင်မြန်စွာ ကွယ်ပျောက်သွားပြီးနောက်တွင် လေဝိညာဥ်က သူ့မျက်လုံးများကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သောအခါ သူ့ရှေ့၌ အစိမ်းရောင်အလင်းတန်းတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။

ထို့နောက်တွင် တစ်စုံတစ်ခုက သူ့မျက်နှာကို ထိမှန်သွားခဲ့သည်။

သက်ရောက်မှုက အလွန်ပြင်းထန်၍ သူက ဟန်ချက် မထိန်းနိုင်တော့ဘဲ တွင်းထဲသို့ တိုက်ရိုက်ပျံသန်းသွားခဲ့သည်။

..........

"လခွမ်း မိုက်လှချည်လား"

တစ်ချိန်တည်းမှာပင် ထွင်ထျန်းဟာက စိတ်ထဲကနေ အော်ဟစ်နေခဲ့သည်။

ရွှေရောင်အလင်းတန်းက ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်အောင် လျင်မြန်စွာ လုပ်ဆောင်နိုင်သည့် ဝမ်လင်း၏ ရွှေရောင်အလင်း အကာအကွယ် ဖြစ်သည်။

၎င်းက ဆွဲငင်အား မရှိသောနေရာတွင်ပင် ထွင်ထျန်းဟာကို လေထဲ၌ လွတ်လပ်စွာ ပျံဝဲနိုင်စေသည်။

သူတို့ဖြတ်သန်းသည့်လမ်းက ငါးစက္ကန့် ကြာမြင့်သောကြောင့် အလွန်အန္တရာယ်များသည်ဟု ဝမ်လင်းက ယူဆပြီး ထွင်ထျန်းဟာကို လွှမ်းခြုံပေးထားခြင်း ဖြစ်သည်။

ဤနေရာသို့ ရောက်လာသောအခါ ဝမ်လင်းက သူ့အယူအဆမှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

သူတို့ခြေထောက်အောက်က မြေပြင်က ကောင်းကင်ခွေး တစ်ကောင် ဝါးစားထားသလိုပင်။

စွမ်းအင်အတက်အကျများက မှေးမှိန်နေပြီး ယမ်းမှုန့်နှင့်အလွန်ဆင်တူသည့် မတည်ငြိမ်သော ဓာတ်ငွေ့တစ်ခုကလည်း ထွက်လာသည်။

ယင်းက ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထင်ရှားသည့် လက္ခဏာများ ဖြစ်သည်။

ထွင်ထျန်းဟာက ရွှေရောင်အလင်း အကာအကွယ်၏ စွမ်းအားဖြင့် လေထဲတွင့် လွင့်နေခဲ့၍ သူ့ခြေထောက်က အသုံးမလိုသလိုပင် ခံစားခဲ့ရသည်။

သူက အောက်ကို ငုံ့ကြည့်လိုက်ရာ မြေပြင်က ဝိညာဥ်ဗုံးဖြင့် အကြဲခံထားရသလို တွင်းနက်ကြီးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ငါ စောစောက တစ်ခုခုနဲ့ ထိမိသွားတာလား"

၎င်းက ပြင်းထန်သော ထိခိုက်မှု ဖြစ်ခဲ့သည့်တိုင် သခင်လေးလင်း၏ ရွှေရောင်အလင်း အကာအကွယ်ကြောင့် ထွင်ထျန်းဟာအနေဖြင့် နာကျင်မှုကို အနည်းငယ်မျှ မခံစားခဲ့ရပေ။

"ခွေးတစ်ကောင်လား"

အင်မော်တယ်ကျန်းရွမ်က လေထဲကို ငေးကြည့်လိုက်သည်။

ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက်တွင် စိမ်းစိုသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။

[ဒီခွေးက ဘာလို့ ဒီနေရာကို ရောက်နေတာလဲ]

[ဒီခွေးက ရော်ဂျော်ခွေး တစ်ကောင်တဲ့လား]

သို့သော် အဓိကအချက်မှာ ဤခွေးကို ရွှေရောင်အလင်း အကာအကွယ်က ဖုံးအုပ်ထားခြင်း ဖြစ်သည်။

[ဘုရားရေ.. ဒါက ဒဏ္ဍာရီထဲက "ရွှေရောင်အလင်းအကာအကွယ်"များ ဖြစ်နေမလား]

၎င်းက ကောင်းကင်တာအို အမျိုးအစား သုံးမျိုး သို့မဟုတ် ထိုထက်ပိုသော အမျိုးအစားများကို နားလည်ပြီး ကောင်းကင်တာအို၏ စွမ်းအားများကို အတူတကွ ပေါင်းစည်းနိုင်သည့် သူတော်စင်ခန္ဓာကိုယ် သာလျှင် ပိုင်ဆိုင်နိုင်သည့် အန္တိမ အကာအကွယ် ဖြစ်ကြောင်း အင်မော်တယ်ကျန်းရွမ် သတိရမိသည်။

ဖြစ်နိုင်ပါ့မလား…

"ဒီခွေးက ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်လား"

အင်မော်တယ်ကျန်းရွမ်က ကြက်ဥကို မျိုချ၍ ရလောက်သည်အထိ ပါးစပ် အဟောင်းသား ဖြစ်သွားသည်။

အပိုင်း(၅၁၉) ပြီး၏

All Chapters