အင်မော်တယ်ကျန်းရွမ်၏ အမြင်သုံးပါး တဖန်ဆန်းသစ်သွားခြင်း
Vol. 35 Ch. 521
ဤလေအမြောက်က ထွင်ထျန်းဟာ၏ ရှေ့ကနေ ထွက်သွားခဲ့သည်။
အင်မော်တယ်ကျန်းရွမ် မြင်လိုက်ရသည်မှာ ဤစီနီယာခွေးက တစ်လက်မမျှပင် မလှုပ်ရှားခဲ့ပေ။
ဤစီနီယာခွေးက ရွှေရောင်အလင်း အကာအကွယ်ဖြင့် ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး မဟာနတ်ဆိုးဘုရင်နှင့် ဆင်တူသော လေထုကို ထုတ်လွှတ်နေ၏။
၎င်းက မျက်စိကိုမှိတ်ထားပြီး လေထဲတွင် လွင့်မျောနေခဲ့သည်။
ဤကဲ့သို့ ဟိတ်ဟန်အပြည့်ရှိသည့် အသွင်အပြင်ကြောင့် ဆံပင်နီလူငယ်က အနည်းငယ် လန့်ဖြန့်သွားခဲ့ရသည်။
သူက ထွင်ထျန်းဟာ၏ ဝိသေသလက္ခဏာကို တိတ်တဆိတ်တွေးဆကြည့်လိုက်သည်။
အင်မော်တယ်ကျန်းရွမ် အနေဖြင့် သူ၏နှစ်ပေါင်းများစွာကြွယ်ဝသော အတွေ့အကြုံများကို အခြေခံ၍ ဖြစ်နိုင်ချေများစွာကို တွေးမိခဲ့သော်လည်း သူ၏ ခန့်မှန်းချက်ကို အတည်မပြုဝံ့ပေ။
အစောပိုင်းတွင် ဤစီနီယာခွေးကို အင်မော်တယ်အရှင်မြတ် အထွတ်အထိပ် အဆင့်ဟု ထင်ခဲ့သည်။
သို့သော်လည်း လေအမြှောက်ပစ် အပြီးတွင် သူ၏အတွေးကို ချက်ချင်း ပယ်ချလိုက်သည်။
အဘယ်ကြောင့်ဆိုသော် တွင်းနက်ကြီးထဲမှ လေဝိညာဥ်၏ အော်သံကို သူကြားလိုက်ရသောကြောင့် ဖြစ်သည်။
စင်စစ် လေဝိညာဥ်သည် သူ၏အတွင်းစိတ်ဝိညာဥ် ဖြစ်ပြ သူတို့နှစ်ဦးစလုံးသည် အင်မော်တယ်အရှင်မြတ် အလယ်အလတ် အဆင့်တွင် ရှိကြသည်။
စီနီယာခွေးအနေဖြင့် အင်မော်တယ်အရှင်မြတ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလျှင်ပင် လေဝိညာဥ်ကို ခါးသီးစွာ ငိုကြွေးအောင် ပြုလုပ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် ဤစွမ်းအားသည် အင်မော်တယ်အရှင်မြတ် အဆင့်၏ မှော်စွမ်းအားထက် သာလွန်နေ၏။
အင်မော်တယ်ကျန်းရွမ်က ယခုအချိန်ထိ မျက်လုံးမှိတ်ထားဆဲဖြစ်သည့် ထွင်ထျန်းဟာကို ငေးကြည့်ကာ တုန်လှုပ်ခြောက်ခြားသွားသည်။
ရိုးသားစွာဝန်ခံရလျှင် ဤစီနီယာခွေးသည် သူ့ကို အံ့ဩထိတ်လန့်စေခဲ့ပြီး သူ၏အမြင်သုံးခုကို ပြန်လည် ဆန်းသစ်စေသည်ဟု သူခံစားခဲ့ရသည်။
စီနီယာခွေးနှင့် မတွေ့ဆုံခင်တွင် ဆံပင်နီလူငယ်သည် သူ့ကိုယ်သူ လက်ရှိကျင့်ကြံသူများ အကြား၌ အထွတ်အထိပ်အဆင့်သို့ ရောက်နေသည်ဟု အမြဲတစေ တွေးခဲ့ဖူးသည်။
အင်မော်တယ်အရှင်မြတ် နယ်ပယ်အဆင့်ထက် ပို၍မြင့်သောနယ်ပယ်အဆင့် ရှိမည်ဟု မည်သူက ထင်မိမည်နည်း။
အင်မော်တယ်အရှင်မြတ် အဆင့်ကို ဖြတ်ကျော်ရန် အတွက် သဘာဝ ဝိညာဥ်စွမ်းအင်ကို အများအပြားကို သုံးစွဲရမည် ဖြစ်သည်။
ဤခေတ်၏ ဝိညာဉ်စွမ်းအင် လျော့နည်းလာပုံကိုကြည့်ပြီး သိပ္ပံပညာရှင်များ ပြောခဲ့သည့်စကားမှာ အမှန်ပင် ဖြစ်သည်။
ကျင့်ကြံသူများအနေဖြင့် အင်မော်တယ်အရှင်မြတ် အဆင့်ထိရောက်ရှိဖို့ နေနေသာသာ ပကတိအင်မော်တယ် အဆင့်ကိုပင် လွယ်လွယ်နှင့် ကျင့်ကြံနိုင်မည် မဟုတ်ပေ။
ဤနယ်ပယ်အဆင့်ထိ အင်မော်တယ်ကျန်းရွမ် ကိုယ်တိုင်ကျင့်ကြံနိုင်ခဲ့သည့်အကြောင်းအရင်းမှာ ၎င်း၏အဆင့်မြင့်မားသော ကျင့်ကြံမှုစွမ်းရည်ကြောင့်သာဖြစ်သည်။
ဤနေရာတွင် ကံတရားကလည်း အဓိကကျသည့် အကြောင်းအရင်းတစ်ခုပင်။
အင်မော်တယ်ကျန်းရွမ်က ဝိညာဥ်စွမ်းအင်ထက် ပိုမိုသိပ်သည်းဆ များပြားသော စွမ်းအင် အစားထိုးအရာကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤအဆင့်ထိ ရောက်လာရန် သူက ဤစွမ်းအင်ကို အသုံးပြုခဲ့၏။
သို့သော် ဝိညာဥ်စွမ်းအင် အသုံးပြုခြင်းနှင့်နှိုင်းယှဥ်လျှင် ၎င်းသည် အလွန်နာကျင်သော ဖြစ်စဥ်တစ်ခု ဖြစ်သည်။
ဤစွမ်းအင်စနစ်အသစ်ကို အင်မော်တယ်ကျန်းရွမ်က ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်သောအခါတွင် သေလုမတက်ခံစားခဲ့ရသည်။
ထိုအချိန်က လေဝိညာဉ် တစ်ဖြစ်လဲ အတွင်းစိတ် ဝိညာဥ်ဆိုးကြီးအား သူ၏ခန္ဓာကိုယ်မှ ခွဲထုတ်လိုက်သောအချိန်လည်း ဖြစ်သည်။
ဝမ်လင်း၏ လေအမြောက်ဖြင့် ထိမှန်ပြီးနောက် လေဝိညာဥ်က တွင်းနက်ကြီး၏ အောက်ဘက်သို့ မီတာရာပေါင်းများစွာ နစ်ဝင်သွားခဲ့သည်။
သူက လက်တစ်ဖက် ကျိုးသွားသော်လည်း အသက်ရှင်လျက်ရှိနေပါသေးသည်။
လေဝိညာဥ်က သူ၏သွားများကို အံတင်းတင်း ကြိတ်လိုက်ပြီး သူ၏ ဒဏ်ရာကိုကုသရန် ချက်ချင်း ပြုလုပ်ခဲ့သော်လည်း အချိန်အတော်ယူခဲ့ရသည်။
ခွေးတစ်ကောင်၏ တိုက်ခိုက်မှုက ဤမျှ အကျိုးသက်ရောက်မှု ကြီးမားပါသလော။
ခွေးတစ်ကောင်က အဆင့်တစ်ဆယ် မှော်အစွမ်းဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်း ဓားသွားကို ချေဖျက်နိုင်သည့် အရည်အချင်း ရှိလိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သေချာသည်မှာ ဤသည်က အင်မော်တယ်အရှင်မြတ်၏ အစွမ်းသတ္တိ မဟုတ်ပေ။
အင်မော်တယ်အရှင်မြတ် တစ်ပါးသည် သူ့အား ဤမျှအထိ ထိခိုက်ပျက်စီးအောင် စွမ်းဆောင်နိုင်မည် မဟုတ်ပေ။
ဤတိုက်ခိုက်မှုကမူ သူ့ကို သေလုနီးပါး ဖြစ်သွားစေခဲ့သည်။
လေဝိညာဥ်က တွင်းနက်ကြီးထဲမှ ပြန်ထွက်လာခဲ့သည်။
ညစ်ပတ်စုတ်ပြတ်နေသော လေဝိညာဥ်ကို မြင်လိုက်ရလျှင် အင်မော်တယ်ကျန်းရွမ်က တဖန် တုန်လှုပ်သွားပြန်သည်။
လေဝိညာဥ်က ပြင်းထန်သောဒဏ်ရာများ ရရှိနေ၏။
ပါးစပ်နှင့်နှာခေါင်းတို့တွင် သွေးများထွက်နေသည်။
ထိုထက်ပို၍ ဆိုးရွားသည်မှာ လေဝိညာဥ်၏ ညာလက်မောင်းသည် ကျိုးနေခြင်း ဖြစ်၏။
ဝမ်လင်းက ထွင်ထျန်းဟာ၏ နောက်မှနေ၍ လေဝိညာဥ်ကို ဂရုတစိုက် ကြည့်နေခဲ့သည်။
လေဝိညာဉ်က အင်မော်တယ်ကျန်းရွမ်၏ အတွင်းစိတ်ဝိညာဥ် ပြယုဂ်တစ်ခု ဖြစ်ပြီး တဖြည်းဖြည်း အင်အားကြီးမားလာပုံရနေသည်။
လေဝိညာဥ်က အဆမတန် လေးလံသည့် မကောင်းသော ခံစားချက်ကို ရရှိနေသည်။
အဆုံးသတ်တွင် သူတို့နှစ်ယောက်လုံးက အဆင့်တူများ မဟုတ်ကြပေ။
ဝမ်လင်းက လေဝိညာဥ်က တစ်ချက်တည်းဖြင့် မသတ်ချင်သ၍သာ လေဝိညာဥ် အသက်ရှင်နေခြင်း ဖြစ်သည်။
အကြောင်းအရင်းမှာ ဤသည်က အင်မော်တယ်အရှင်မြတ် အဆင့် ကျင့်ကြံသူနှင့် ပထမဆုံး တွေ့ဆုံခြင်း ဖြစ်၍ သူက တစ်ဖက်လူကို အနည်းငယ် စမ်းသပ်ချင်နေခဲ့သည်။
သို့သော် အင်မော်တယ်ကျန်းရွမ်၏ ရှေ့မောက်တွင် သူ၏ အထောက်အထားကို မဖော်ထုတ်ချင်သောကြောင့် ဤအတွင်းစိတ်ဝိညာဥ်ဆိုးသည် အချို့အရာများကို စမ်းကြည့်ရန် သူ့အတွက် ရွှေရောင်အခွင့်အရေးတစ်ခု ဖြစ်နေသည်။
လေဝိညာဥ်သည် ဝိညာဥ် အဖြစ်ထင်ရှားပေါ် လွင်နေသောစွမ်းအင်တစ်မျိုး ဖြစ်သည်။
၎င်းသည် ဘုံသုံးပါးနှင့် ဒြပ်ငါးပါးတို့၏ အပြင်ဘက်၌ တည်ရှိနေ၏။
၎င်းက ဤကမ္ဘာတွင် မရှိသင့်သည့်အရာ ဖြစ်သောကြောင့် ဝမ်လင်းအနေဖြင့် အမှန်တကယ် ဖျက်ဆီးခဲ့လျှင်ပင် အပြစ်ဟုခံစားရမည် မဟုတ်ပေ။
စမ်းသပ်မှုအပြီးတွင် ဝမ်လင်းသည် အင်မော်တယ်အရှင်မြတ်နှင့် ပကတိအင်မော်တယ်တို့အကြားရှိ ခြားနားချက်ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။
လေဝိညာဥ်က သူ့ထက် အားနည်းသော်လည်း နတ်ဘုရားသတ်ဖြတ်ခြင်းဓားတွင် ကမ္ဘာဦးချီကို သူခံစားလိုက်ရသည်။
ဝမ်လင်းက ဝိညာဥ်စွမ်းအင် ထုတ်ဖော်ရာတွင် ကမ္ဘာဦးချီနှင့်ရောနှော၍ အသုံးပြုလေ့ ရှိသည်။
ထိုအချိန်တွင် လေထုသည် ထူးထူးခြားခြား လေးလံနေသည်။
ထွင်ထျန်းဟာကမူ ၎င်း၏ မျက်လုံးများကို မှိတ်ထားဆဲဖြစ်သည်။
ဤလေဝိညာဥ်က ပုံသဏ္ဍာန်အပြည့်အဝ မပေါ်ပေါက်သေးသော်လည်း ဝမ်လင်းက တစ်ဖက်သား၏ အကြည့်မှ ပြင်းထန်သော အမုန်းတရားများ ဖြာထွက်နေသည်ဟု ခံစားနိုင်ခဲ့သည်။
ထွင်ထျန်းဟာသာ ဤအကြည့်ကို ထိပ်တိုက် ရင်ဆိုင်ရလျှင် ၎င်း၏ ခြေထောက်များသည် ဂျယ်လီအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
ဝမ်လင်းတွင် ဤဖြစ်စဥ်အတွက် အံကိုက်သော အသုံးအနှုန်းတစ်ခုရှိသည်။
အကြည့်တစ်ချက်ဖြင့် ခြေထောက်ပျော့စေခြင်း။
သို့ရာတွင် ဤအကြည့်က ဝမ်လင်းကို လုံးဝ မထိခိုက်စေခဲ့ပေ။
အခြေခံအားဖြင့် ဤကဲ့သို့ ဖိနှိပ်ချုပ်ချယ်သော အကြည့်များသည် တစ်ဖက်လူအား ထိတ်လန့်မှု နှိုးဆော်ရန် ရည်ရွယ်သည်။
သို့သော်လည်း ပြဿနာမှာ ဝမ်လင်း၏ ခန္ဓာကိုယ်ထဲရှိ ကမ္ဘာဦးချီသည် သူ၏စိတ်သဘောထားကို ထိန်းချုပ်ရန် ကူညီပေးနိုင်သောကြောင့် ဖြစ်သည်။
သူကိုယ်တိုင်က ကြောက်ချင်လျှင်ပင် ကြောက်စိတ်ကို ခံစားရမည်မဟုတ်ပေ။
ထွင်ထျန်းဟာကမူ မျက်လုံးများ မှိတ်ထားသည့်အပြင် သူ၏စိတ်ကိုပါ ရွှေရောင်အကာအရံများနှင့် ဝမ်လင်းက လွှမ်းခြုံပေးထားသောကြောင့် စိတ်ပူစရာ ဘာမျှမရှိခဲ့ပေ။
လေထဲတွင် ပျံဝဲနေသော လက်ကျိုးနေသည့် လေဝိညာဥ်သည်ည် သူ့အင်မော်တယ်မျက်လုံး၏ ဖိနှိပ်မှုစွမ်းအားက ခွေးအပေါ် လုံးဝသက်ရောက်မှု မရှိမှန်း တွေ့လိုက်ရလျှင် ကူကယ်ရာမဲ့စွာဖြင့် အံကို တင်းတင်းကြိတ်လိုက်သည်။
အင်မော်တယ်မျက်လုံး၏ အစွမ်းသက်ရောက်မှု မရှိသည့် အဓိကအချက်မှာ ဤခွေးက မျက်လုံးကိုပင် ဖွင့်မကြည့်၍ ဖြစ်သည်။
လေဝိညာဥ် ဒေါသအိုး ပေါက်ကွဲလာသည်နှင့်အမျှ ဝမ်လင်းကတစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသော ထူးခြားသည့် ဝိညာဥ်စွမ်းအင်ကို ခံစားလိုက်ရသည်။
"စီနီယာခွေး.. သတိထားပါ.. ဒါက ငါ့ရဲ့ အတွင်းစိတ်နတ်ဆိုးကနေ ဖြစ်ပေါ်လာတဲ့သူပဲ.. သူ့ရဲ့ အန္တရာယ်လေထုက ထိမိရင် လူကို ရူးသွပ်သွားစေလိမ့်မယ်"
အင်မော်တယ်ကျန်းရွမ် သတိပေးလိုက်သည်။
ရိုးရှင်းစွာပြောရလျှင် သူ့အနေဖြင့် လေဝိညာဥ် ဤကဲ့သို့ ဒေါသအမျက်ထွက်သည်ကို မတွေ့ရသည်မှာ ကြာပြီဖြစ်သည်။
အင်မော်တယ်ကျန်းရွမ် အနေဖြင့် သာမန်အချိန်တွင် လေဝိညာဥ် နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော်လည်း လေဝိညာဥ်ဒေါသအိုး ပေါက်ကွဲလာသည့် အချိန်တွင် တိုက်ခိုက်သည်ကိုရှောင်တိမ်းရန်မှ လွဲပြီး ရွေးချယ်စရာမရှိပေ။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ကျန်းရွမ် အနေဖြင့် လေဝိညာဉ် နှင့် တိုက်ခိုက်ရာတွင် အရေးကြီးသော အချက်တစ်ချက်ကို သတိထားရမည် ဖြစ်သောကြောင့် ဖြစ်သည်။
ထိုအချက်မှာ သူ့အနေဖြင့် ဒဏ်ရာကြီးကြီးမားမား ရရှိ၍ မဖြစ်သောအချက် ဖြစ်သည်။
သို့မဟုတ်လျှင် ဤအတွင်းစိတ်နတ်ဆိုးက သူ့ကို ဝါးမျိုသွားနိုင်ပေသည်။
"သတိထားပါ.. စီနီယာခွေး"
ဆံပင်နီလူငယ်က အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် လေဝိညာဉ်က သူ၏ဒုတိယအချီ တိုက်ခိုက်မှုကို စတင်နေပြီ ဖြစ်သည်။
လေဝိညာဥ်က ထွင်ထျန်းဟာ၏ ရွှေရောင်အလင်းအကာအကွယ်ကို လက်သီးတစ်ချက် ထိုးလိုက်သည်။
ထို့နောက်တွင် သူက တန်ပြန်တုံ့ပြန်မှုကြောင့် လွင့်ထွက်သွားခဲ့သည်။
အင်မော်တယ်ကျန်းရွမ် "စိတ်မဆိုးပါနဲ့စီနီယာခွေး.. ကျွန်တော်ခုနက ပြောတာကို မသိချင်ယောင်ဆောင်လိုက်ပါ"
ထွင်ထျန်းဟာ ".........."
အပိုင်း(၅၂၁) ပြီး၏