← Chapters

၁၂ဆင့်မြောက် မှော်စွမ်းရည်

Vol. 35 Ch. 522

၁၂ဆင့်မြောက် မှော်စွမ်းရည်

Vol. 35 Ch. 522

ဝမ်လင်း၏ အကာအကွယ် ရွှေရောင်အလင်းတန်းက အလွန်ပြင်းထန်သောကြောင့် အင်မော်တယ် အရှင်မြတ်တစ်ပါးပင် ထိုအကာအကွယ်ကို မဖြတ်ကျော်နိုင်ပေ။

လေဝိညာဥ်က လွင့်စင်သွားသော်လည်း ဒဏ်ရာပြင်းထန်စွာ မရရှိခဲ့ချေ။

ဤတိုက်ခိုက်မှုက ရွှေရောင်အကာအကွယ် မည်မျှ အစွမ်းထက်သည်ကို စမ်းသပ်ရန်အတွက်သာ ဖြစ်သည်။

အဆုံးသတ်တွင် သူက လွင့်စင်သွားရုံသာမက ဘယ်ဘက်လက်တစ်ခုလုံးတွင် ထုံကျဥ်သွားခဲ့ရသည်။

"ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်တဲ့ ရွှေရောင်အကာအကွယ်ကြီးလဲ"

လေဝိညာဉ်၏ စိတ်ထဲတွင် အံ့ဩသွားခဲ့ရသည်။

ခွန်အားအပြည့်ဖြင့် မတိုက်ခိုက်လိုက်သည်မှာ သူ့အတွက်ကံကောင်းသွားသည်။

လေဝိညာဥ်၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များသည် ဒေါသအိုး ပေါက်ကွဲသောအချိန်တွင် ထူးဆန်းစွာ လောင်ကျွမ်းသွားပြီး အနက်ရောင်အမျှင်များ အဖြစ်သို့ ပြောင်းလဲကာ အစောပိုင်းက ဝမ်လင်းဖျက်ဆီးခဲ့သော လက်မောင်းကို ပြန်လည်ဖန်တီးပေးခဲ့သည်။

ဝမ်လင်းက အနည်းငယ်မျှပင် အံ့ဩခြင်းမရှိခဲ့ပေ။

အကယ်၍ လေဝိညာဥ်တွင်သာ လူသားခန္ဓာကိုယ် ရှိခဲ့လျှင် ကြီးမားသော သက်ရောက်မှုကြောင့် ပျက်စီးသွားသည့်လက်မောင်းကို ပြန်လည်ဖန်တီးရန် မဖြစ်နိုင်ပေ။

သို့သော် လေဝိညာဉ်က အခြေခံအားဖြင့် အလွန်သိပ်သည်းသောစွမ်းအင်မှ ပြောင်းလဲလာသော သတ္တဝါ ဖြစ်သည်။

ထို့ကြောင့် သူ၏သိပ်သည်းသောစွမ်းအင်ကို အသုံးပြု၍ ခြေလက်အသစ်များကို ဖန်တီးသည်မှာ မထူးဆန်းပေ။

လေဝိညာဉ်က ရောင်ရမ်းနေသောသူ၏ ညာလက်ကို ပွတ်သပ်ရင်း လေထဲမှ ဆံပင်နီလူငယ်ကို စိုက်ကြည့်ကာ အေးစက်စက် ရယ်မောလိုက်သည်။

"ကျန်းရွမ်.. မင်းတို့ လူသားကျင့်ကြံသူတွေ အားလုံးက ဒီလိုပဲ သူရဲဘောကြောင်ကြတာလား.. မင်းက တကယ်ပဲ မင်းအသက်ကိုကယ်တင်ဖို့ ခွေးတစ်ကောင်ကို အားကိုးတော့မှာလား"

".........."

ထွင်ထျန်းဟာ၏ မျက်လုံးထောင့်များက ကူကယ်ရာမဲ့စွာ လှုပ်ရမ်းသွားခဲ့သည်။

[လခွမ်း.. ဒီကောင်က တိရိစ္ဆာန်တွေကို ခွဲခြားဆက်ဆံတယ်ဟ]

"တိတ်စမ်း.. စီနီယာခွေးကို မလေးမစားမပြောနဲ့"

အင်မော်တယ်ကျန်းရွမ်က လေထဲကနေ ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။

"ဒီခေတ်မှာ လူသားတွေနဲ့ ဝိညာဥ်သားရဲတွေက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို အခြေခံပြီး ဝိညာဉ့သားရဲစာချုပ်မှာ ဖော်ပြထားတဲ့ အတိုင်း လိုက်နာကျင့်သုံးကြတယ် အနည်းဆုံးတော့ ငါတို့က သက်ရှိတွေပဲ.. ဒါပေမဲ့ မင်းကတော့ မဟုတ်ဘူးပေါ့"

ထိုစကားကိုကြားလျှင် ဝမ်လင်းက ခေါင်းငြိမ့်လိုက်သည်။

"အရှင်းဆုံး ပြောရမယ်ဆိုရင် မင်းက လူသားမဟုတ်ဘူး"

ထိုစကားများက လုံးဝမှန်ကန်သော်လည်း လေဝိညာဉ်ကို လုံးလုံးလျားလျား ဒေါသထွက်စေခဲ့သည်။

"ဟမ့်. ငါ့ကို ဖန်တီးခဲ့တာ ဘယ်သူလဲဆိုတာကို မေ့နေပြီလား"

လေဝိညာဥ်၏ စူးရှသောအသံကြောင့် ပြင်းထန်သောဝိညာဥ်လှိုင်းများ ပေါ်ထွက်လာသည်။

ပြင်းထန်သည့် ဝိညာဉ်လှိုင်း တိုက်ခိုက်မှုကြောင့် ဖုန်မှုန့်များက တထောင်းထောင်း ထလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပြင်းထန်သော မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဝမ်လင်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

မိုးခေါင်ခြင်းဂြိုဟ်၏ ကောင်းကင်သည် အလင်း၏ အရိပ်အယောင်ပင် မရှိဘဲ ညှို့မှိုင်းနေ၏။

ဤဂြိုဟ်တွင် ရေမရှိသော်လည်း ထိုခဏမှာပင် ကြီးမား ကျယ်ပြန့်သော မိုးတိမ်တိုက်များက စုစည်းလာပြီး အချိန်မရွေး မိုးသက်မုန်တိုင်း ကျလာနိုင်ပုံ ပေါ်နေသည်။

ယင်းမှာ အင်မော်တယ်အရှင်မြတ်အဆင့် လေဝိညာဉ်သည် ထူးခြားသော သဘာဝဖြစ်စဥ်များကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ဝမ်လင်းက တစ်စုံတစ်ရာကို သဘောပေါက်လိုက်သည်။

၎င်းက အလွန်သေးငယ်သော ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်သည်။

ဆိုရလျှင် ယင်းမှာ အင်မော်တယ်အရှင်မြတ်၏ ခန္ဓာကိုယ်မှ ထုတ်လုပ်သည့် ကမ္ဘာဦးချီနှင့် ဆက်စပ်နေ၏။

ဝမ်လင်း၏ ကမ္ဘာဦးချီသည် အလွန်သိပ်သည်းပြီး စိတ်ကိုပင် တိုက်ရိုက် သန့်စင်စေနိုင်သည်။

ဝမ်လင်း၏ စိတ်က အခြေအနေတစ်ခုကို ကျော်လွန်သွားသည့်အခါတွင် ကမ္ဘာဦးချီက ထိန်းညှိပေးလေ့ရှိသည်။

ထို့ကြောင့် သူ၏မျက်နှာက အေးစက်စက်မျက်နှာထား အမြဲရှိနေတတ်ပြီး ပြုံးချင်သည့်တိုင် မပြုံးနိုင်ပေ။

ဥပမာပြရလျှင် ယခုအခါတွင် ကမ္ဘာဦးချီနှင့် ဝိညာဥ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ်၏ ၅၀%ကို သိမ်းယူသွားပြီ ဖြစ်သည်။

ထို့ကြောင့် သူက စိတ်ခံစားချက်များကို လွတ်လပ်စွာ ဖော်ပြချင်လျှင် သူ၏ ကမ္ဘာဦးချီကို ၁၅%မှ ၂၀%ထိ ဖိနှိပ်ထားရမည်ဖြစ်သည်။

ဝမ်မင် ဖန်တီးပေးခဲ့သော တာအိုစည်းတံဆိပ် အဆောင်လက်ဖွဲ့ ပထမဗားရှင်းသည် သူ၏ ကမ္ဘာဦးချီကို ၂၅%ထိ ထိန်းထားနိုင်သည်ကို ဝမ်လင်း သတိရမိသည်။

သို့ရာတွင် နောက်ပိုင်းနှစ်များ၌ ထိုတာအိုအဆောင်လက်ဖွဲ့၏ ထိရောက်မှုက တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

လေဝိညာဥ်ကို အမှန်တကယ် ဖန်တီးခဲ့သူမှာ အင်မော်တယ်ကျန်းရွမ် ဖြစ်သည်။

ထို့ကြောင့် အင်မော်တယ်ကျန်းရွမ် အနေဖြင့် လေဝိညာဥ်၏ တုံ့ပြန်မှုကို ချေပနိုင်စွမ်း မရှိခဲ့ပေ။

ဤလေဝိညာဉ်သည် အင်မော်တယ်ကျန်းရွမ်၏ နှလုံးသားထဲမှ အမှောင်မိုက်ဆုံး အစိတ်အပိုင်းအားလုံးကို သိမ်းပိုက်ထားသည်ဟုပင် ဆိုနိုင်သည်။

မည်သို့ပင်ဖြစ်စေ လေဝိညာဉ်သည် သက်ရှိသတ္တဝါမဟုတ်ပေ။

ထိုအတွက်ကြောင့် သူ့ကို မဖယ်ရှားလျှင် နောင်အနာဂတ်၌ ပြဿနာဖြစ်လာမည်မှာ သေချာ၏။

သို့သော် လေဝိညာဥ်ကမူ ထိုကဲ့သို့ မထင်မိပေ။

ထို့ကြောင့် အင်မော်တယ်ကျန်းရွမ်ထံမှ စကားကိုကြားလျှင် လေဝိညာဥ်က ချက်ချင်းဆိုသလို ဒေါသအိုး ပေါက်ကွဲသွားခဲ့သည်။

လေဝိညာဥ်က အင်မော်တယ်ကျန်းရွမ်၏ အတွင်းစိတ်နတ်ဆိုးမှ ဖြစ်ပေါ်လာသော ဆိုးရွားသည့် စိတ်သဘောထားများကို ကိုယ်စားပြုသည်။

မာန၊ မနာလိုမှု၊ ဒေါသ၊ပျင်းရိမှု၊ လောဘ

ဝမ်လင်းသည် များသောအားဖြင့် ဤကဲ့သို့ မသန့်ရှင်းသောအရာများကို ကိုင်တွယ်ဖြေရှင်းရန် မဟာသန့်စင်ခြင်း တာအိုကို ရွေးချယ်လေ့ရှိသည်။

သို့သော် ဤနေ့တော့ မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် လေဝိညာဥ်ကို သတ်ရမည့်သူမှာ အင်မော်တယ်ကျန်းရွမ် ကိုယ်တိုင်သာ ဖြစ်ရပေမည်။

လေဝိညာဥ်နေဖြင့် မိမိကိုယ်မိမိ သတ်သေခဲ့လျှင် သို့မဟုတ် အခြားသူတစ်ဦး၏ အသတ်ခံရလျှင် အင်မော်တယ်ကျန်းရွမ်၏ ကျင့်ကြံခြင်းအဆင့်သည် ဆိုးရွားစွာ ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် ဝမ်လင်းက အင်မော်တယ်ကျန်းရွမ် မသတ်မီ တစ်ဖက်လူကို သေလူမျောပါး အခြေအနေထိ တွန်းပို့ပေးခဲ့သည်။

ထွင်ထျန်းဟာ၏ အနောက်ဘက်တွင် ရပ်နေသော ဝမ်လင်းကအနည်းငယ် မကျေမနပ် ဖြစ်နေသည်။

လေဝိညာဥ်ကို ကိုင်တွယ်ရသည်မှာ သူ့အတွက် အလွန်တရာ လွယ်ကူလွန်းနေသည်။

သူ့ဘဝတွင် အခက်ခဲဆုံးအလုပ်မှာ ပျမ်းမျှရမှတ်ကို ရရှိရန် ဖြစ်သည်။

ယခုတော့ တစ်ဖက်သားကို အနိုင်ကျင့်သလို ဖြစ်နေ၍ သူ့အနေဖြင့် ရှက်ရွံ့နေမိသည်။

သူ့ရှေ့မှ အမွေးစိမ်းခွေးက ထင်သလောက် မရိုးရှင်းမှန်း လေဝိညာဥ် ကောင်းစွာသိသည်။

အဘယ်ကြောင့်ဆိုသော် ထိုအမွှေးစိမ်းခွေး၏ ရွှေရောင် အကာအကွယ်ကိုပင် သူက မဖြတ်ကျော်နိုင်ခဲ့သောကြောင့်ပင်။

လေဝိညာဥ်က မျက်မှောင်ကြုတ်လိုက်ပြီး အရာအားလုံးကိုဖျက်ဆီးရန် ဆုံးဖြတ်ချက် ချလိုက်သည်။

"ကျန်းရွမ်.. ဒီနေ့တော့ ငါမင်းကိုညှာမနေတော့ဘူး"

လေဝိညာဥ် အော်ဟစ်လိုက်ရာ ကမ္ဘာမြေကြီး တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တုန်လှုပ် ခြောက်ခြားဖွယ်ကောင်းသော အမှောင်စွမ်းအင်သည် သူ့ပတ်ဝန်းကျင်တွင် ရေဝဲကဲ့သို့ လှည့်ပတ်နေခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် သူ့ကိုဗဟိုပြု၍ လှည့်ပတ်နေသော အမှောင်စွမ်းအင်သည် အမှန်တကယ်ပင် ခိုင်မာစ ပြုလာသည်။

"သူတကယ် အသေအ​ကြေ တိုက်တော့မှာလား"

အင်မော်တယ်ကျန်းရွမ်က ဤမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။

လေဝိညာဥ် နှင့် သူက မကြာခဏ ထိပ်တိုင်ရင်ဆိုင်ခဲ့ရသည်။

သို့ရာတွင် အခေါက်တိုင်း၌ အင်မော်တယ်ကျန်းရွမ် တစ်ယောက် ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည်။

ယခုအခါတွင် လေဝိညာဥ်သည် သူ၏ခွန်အားကို မြှင့်တင်ရန်အတွက် သူ၏ လက်သီးတဝိုက်ရှိ အမှောင်စွမ်းအင် အားလုံးကို စုစည်းကာ လှိုင်းသဏ္ဍာန် အဆက်မပြတ် နည်းစနစ်ကို အသုံးပြုခဲ့သည်။

ဤနည်းစနစ်ကို အင်မော်တယ်ကျန်းရွမ်က ယနေ့မှသာ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ထို့ကြောင့် တစ်ဖက်သား မည်သို့ တိုက်ခိုက်လာမည်ကို သူမသိပေ။

အမှောင်စွမ်းအင် အားလုံးကို စုပ်ယူပြီးနောက်တွင် လေဝိညာဥ်၏ ပုံသဏ္ဍာန်သည် အနက်ရောင်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။

ဤအချိန်တွင် ထွင်ထျန်းဟာက မျက်လုံးကို ခပ်ရေးရေးဖွင့်လိုက်သည်။

ထိုခဏတွင် အနက်ရောင် လေဝိညာဥ်ကို မြင်လိုက်ရပြီး သူအလွန် ထိတ်လန့်သွားခဲ့သည်။

"ဘလက်လေးနဲ့ တူလှချည်လား"

လေဝိညာဉ်က အံ့ဩနေသော အင်မော်တယ်ကျန်းရွမ်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ကျန်းရွမ်.. အဆင့် ၁၂ မှော်စွမ်းရည်ကို မြင်ဖူးပြီလား"

"အဆင့် ၁၂ လား"

အင်မော်တယ်ကျန်းရွမ် အံ့ဩသွားသည်။

သူလက်ရှိသုံးနိုင်သည့် အမြင့်မားဆုံး စွမ်းရည်မှာ အဆင့်တစ်ဆယ်သာ ရှိသည် မဟုတ်လော။

ဤသည်က သူ့ထက် အဆင့်နှစ်ဆင့်မြင့်သည့် မှော်စွမ်းရည်ဖြစ်သည်။

အပိုင်း(၅၂၂) ​ပြီး၏

All Chapters