← Chapters

အင်မော်တယ်ကျန်းရွမ်သည် အလွန်အရေးပါသော ဆုံးဖြတ်ချက်ကိုချခဲ့သည်

Vol. 35 Ch. 523

အင်မော်တယ်ကျန်းရွမ်သည် အလွန်အရေးပါသော ဆုံးဖြတ်ချက်ကိုချခဲ့သည်

Vol. 35 Ch. 523

အဆင့် ၁၀ မှော်စွမ်းရည်သည် ဂြိုဟ်များကိုပင် ချေမှုန်းနိုင်သည့် သေစေလောက်သော လက်နက်တစ်ခု ဖြစ်နေပြီဖြစ်သည်။

အဆင့် ၁၂ မှော်စွမ်းရည် ဆိုလျှင် မည်မျှအစွမ်းထက်မည်မှာ စိတ်ကူးပင် မယဥ်နိုင်လောက်ပေ။

လေဝိညာဥ်ကို သူ မနှိမ်နင်းနိုင်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ အမှောင်စွမ်းအင်သည် လေဝိညာဥ် ဒေါသအိုး ပေါက်ကွဲသောအခါမျိုးတွင် လေဝိညာဉ်၏ စွမ်းအားကို နှစ်ဆတိုးစေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် လေဝိညာဉ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများတွင် အင်မော်တယ်ကျန်းရွမ် အနေဖြင့် သူ့ကိုယ်သူ မထိခိုက်အောင် မနည်း ခုခံခဲ့ရသည်။

အချို့တိုက်ပွဲများတွင် ဒဏ်ရာဒဏ်ချက်များပါ ရရှိခဲ့ဖူးသည်။

မှော်စွမ်းအင်ကို အသုံးချ၍ ၎င်း၏ ခွန်အားကိုနှစ်ဆ ဖြစ်စေရန် မှော်စွမ်းရည်နှင့် ပေါင်းစပ်နိုင်ခဲ့ခြင်းမျိုး အင်မော်တယ်ကျန်းရွမ် တစ်ခါမှမကြုံဖူးပေ။

ထိုထက် ပိုဆိုးသည်မှာ လေဝိညာဉ် အသုံးပြုနေသည့် မှော်နည်းစနစ်ကို သူတစ်ခါမှ မမြင်ဖူးခဲ့ချေ။

လေဝိညာဉ်၏ လက်ဖဝါးပေါ်တွင် အနက်ရောင် မှော်စက်လုံးကြီးက လွင့်ပျံနေသည်။

၎င်းက စကျင်ကျောက် အရွယ်အစားမျှသာ ရှိသော်လည်း အင်မော်တယ်ကျန်းရွမ် အနေဖြင့် ၎င်းအတွင်းရှိ အလွန်ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်ကို ခံစားမိကာ မျက်မှောင်ကြုတ်သွားသည်။

ထိုအခိုက်အတန့်မှာပင် လေဝိညာဉ်က စတင်လှုပ်ရှားလာခဲ့သည်။

သူ၏ လက်ဖဝါးထဲတွင် လွင့်မျောနေသည့် အနက်ရောင်မှော်စက်လုံးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။

လေဝိညာဉ်က လက်နှစ်ဖက်ကို ဆန့်တန်း၍ ကျယ်လောင်စွာရေရွတ်လိုက်သည်။

"ကမ္ဘာကြီး နာကျင်ပါစေ"

ထွင်ထျန်းဟာ ".........."

အင်မော်တယ်ကျန်းရွမ် ".........."

ဝမ်လင်း ".........."

ဝမ်လင်းက တစ်နည်းနည်းဖြင့် ဤမြင်ကွင်းကို တစ်နေရာရာတွင် မြင်ဖူးသလို အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားရသည်။

ဤအနက်ရောင်မှော်စက်လုံးကို မှောင်မိုက်သော ကောင်းကင်မှစုပ်ယူလိုက်သည်နှင့် တပြိုင်နက် မိုးချုန်းသံများ တဂျိန်းဂျိန်း ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တွင် လေတဟူးဟူး တိုက်ခတ်လာသည်။

အင်မော်တယ်ကျန်းရွမ်က ကောင်းကင်ကို မျှော်ကြည့်လိုက်သည်။

ဤအရာက မုန်တိုင်းမတိုက်ခက်မီ ငြိမ်သက်ခြင်းမျိုး ဖြစ်သည်ဟု သူကောင်းစွာသိသည်။

အရာအားလုံးကို ရှင်းထုတ်ရန် ဤအနက်ရောင် မှော်စက်လုံးတွင် လုံလောက်သော စွမ်းအားရှိကြောင်း သူသိသည်။

အင်မော်တယ်ကျန်းရွမ်က အဆင့်၁၂ မှော်စွမ်းရည်ကို ပထမဆုံး အကြိမ် ကြုံတွေ့ခဲ့ရပြီး ထိုမှော်စွမ်းအားကြောင့် တုန်လှုပ်သွားခဲ့ရသည်။

အဆင့် ၁၁ မှော်စွမ်းရည်က ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးနိုင်သော်လည်း ဂြိုဟ်တစ်ခုလုံး၏ နေရာလွတ် တစ်ခုလုံးကို ပိတ်ပစ်ရန်အထိ မလုံလောက်ပေ။

အင်မော်တယ်ကျန်းရွမ်က သူ၏အင်မော်တယ် မျက်လုံးမှ တဆင့် မိုးခေါင်ခြင်းကြယ်ဂြိုဟ် တစ်ခုလုံးသည် ငှက်လှောင်အိမ်ထဲတွင် ပိတ်မိနေသော စာငှက်တစ်ကောင် ကဲ့သို့ တဖြည်းဖြည်း ရောက်ရှိလာသည်ကို တွေ့မြင်နိုင်ခဲ့သည်။

မိုးခေါင်ခြင်းကြယ်ကို အမှောင်စွမ်းအင် တစ်ခုလုံးက အပေါ်မှ ဖုံးလွှမ်းထားသည်။

ဝမ်လင်းကလည်း ဤမြင်ကွင်းကို ကြည့်နေခဲ့သည်။

သို့ရာတွင် လေဝိညာဉ် အသုံးပြုသည့် မှော်စွမ်းရည်ကို သူမသိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ဤမှော်စွမ်းရည်သည် နေရာလွတ်ကို အပြင်ဘက်ကနေ ပိတ်ပစ်ရန် အသုံးဝင်နိုင်သည့် မှော်စွမ်းအင် တစ်မျိုးဖြစ်ပြီး အဆုံးသတ်တွင် မိုးခေါင်ခြင်းကြယ်ဂြိုဟ်၏ အူတိုင်ကို ပေါက်ကွဲစေမည်မှာ ထင်ရှားနေ၏။

"နေရာလွတ်က အပိတ်ခံလိုက်ရပြီ စီနီယာခွေးရေ.. အခုငါတို့အတွက် ထွက်လမ်းမရှိတော့ဘူး"

အင်မော်တယ်ကျန်းရွမ်က အသက်အန္တရာယ်နှင့် ရင်မဆိုင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ယခု လက်ရှိအခြေအနေသည် သူ၏နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့သည်။

သူက မရေမတွက်နိုင်သော အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရဖူးသော်လည်း ယခုလောက်ထိ မထိတ်လန့်ခဲ့ဖူးပေ။

သူ့ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ စိမ့်ထွက်လာသော ဆိုးရွားသည့် ခံစားချက်က သူ့ကိုအနည်းငယ် အသက်ရှူကြပ်သွားစေသည်။

"ဒီနည်းစနစ်ကို ကောင်းကင်ဂြိုဟ်ပြိုပျက်ခြင်း နည်းစနစ်လို့ခေါ်တယ်.. ဟားဟား.. ဒီနည်းစနစ်ကို ကောင်းကင်ဂြိုဟ်ပြိုပျက်ခြင်း နည်းစနစ်လို့ ခေါ်တယ်ကွ"

အနက်ရောင်လေဝိညာဉ်က ကျယ်လောင်စွာ ရယ်မော၍ပြောလိုက်သည်။

"ဒီနေ့တော့ မင်းတို့အားလုံးသေကြရလိမ့်မယ်"

လေဝိညာဉ် စကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်က ပိုမိုလေးလံလာသည်ဟု ဝမ်လင်း ချက်ချင်းခံစားလိုက်ရသည်။

အမှောင်စွမ်းအင်၏ လွှမ်းခြုံမှုအောက်တွင် မိုးခေါင်ခြင်းဂြိုဟ်ပေါ်ရှိ ဆွဲငင်အားသည် တိုးလာပုံရသည်။

"သူက ငါတို့ကို မိုးခေါင်ခြင်းဂြိုဟ်ရဲ့ အူတိုင်ဆီ တွန်းပို့နေတာလား"

အင်မော်တယ်ကျန်းရွမ်က မျက်မှောင်ကြုတ်သွားပြီး ဆွဲငင်အားနောက် ပါမသွားရန် သူ့ကိုယ်သူ မနည်းရုန်းကန်ကာ ထိန်းထားရသည်။

ဆွဲငင်အားသည် စက္ကန့်အနည်းငယ်အတွင်း အဆဒါဇင်ကျော်ခန့် လျင်မြန်စွာတိုးလာသည်။

အင်မော်တယ်ကျန်းရွမ်က သူ့ခြေထောက်ကို ထိန်းသိမ်းရန် အတင်းအကြပ် ရုန်းကန်ရင်း ကူကယ်ရာမဲ့စွာဖြင့် သွားများကိုအံကြိတ်ထားမိသည်။

သို့သော် ဤနှုန်းအတိုင်းသာဆိုလျှင် သူ့အနေဖြင့် နောက်ထပ် နှစ်မိနစ်သာ ထိန်းထားနိုင်တော့မည် ဖြစ်သည်။

လေဝိညာဉ်၏ ရည်ရွယ်ချက်အတိုင်း အင်မော်တယ်ကျန်းရွမ်သည် သေရမည်မှာ သေချာသလောက်ပင်။

အကြိမ်ပေါင်းများစွာ ရုန်းကန်ပြီးနောက်တွင် သူ့မျက်ခွံများလေးလံလာသလို ခံစားရပြီး မျက်စိဖွင့်ထားရန်ပင် အလွန်ခက်ခဲလာခဲ့သည်။

"ကြည့်ရတာ စီနီယာခွေးက ဟောချက်ထဲက ကမ္ဘာကြီးရဲ့ကယ်တင်ရှင် မဟုတ်သလိုပဲ"

အင်မော်တယ်ကျန်းရွမ်က သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

ထိုခဏဝယ် သူက နံဘေးရှိ စီနီယာခွေးကို လှည့်ကြည့်လိုက်သည်။

"စီနီယာကြီး.. ငါမင်းနဲ့တွေ့ရတာ အရမ်းပျော်တာပဲ"

ဝမ်လင်းနှင့်ထွင်ထျန်းဟာ ".........."

သူက စီနီယာခွေးနှင့် စတွေ့စဥ် ​ကတည်းကပင် ထိုကဲ့သို့ပြောချင်ခဲ့ခြင်းဖြစ်သည်။

သိပ်မကြာခင် သူက တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။

စီနီယာခွေးက လေထဲတွင်ရှိနေဆဲ ဖြစ်သော်လည်း တစ်လက်မမျှပင် မလှုပ်ရှားခဲ့ပေ။

ထို့အပြင် ၎င်း၏ အမူအယာက အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိချေ။

အရေးအကြီးဆုံးအချက်မှာ စီနီယာခွေး၏ အမွေးများက လွတ်လွတ်လပ်လပ် လှုပ်ရှားနေခြင်း ဖြစ်၏။

ဆွဲငင်အားက စီနီယာခွေးကို လုံးလုံးလျားလျား မထိခိုက်နိုင်ပုံရသည်။

ထွင်ထျန်းဟာက ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်လိုပ်ရာ သူ၏ ခြေသည်းမှ ဝိညာဉ်လှိုင်းလုံးများ ထွက်ပေါ်လာသည်။

တကယ်တမ်းတွင် ထိုဝိညာဥ်လှိုင်းလုံးများမှာ ဆွဲငင်အားကို ပုံမှန်အတိုင်း ပြန်ဖြစ်စေရန်အတွက် ဝမ်လင်း ထုတ်ဖော်ထားခြင်း ဖြစ်သည်။

အဆင့် ၁၂ မှော်စွမ်းအင်က မည်မျှပင် အစွမ်းထက်ပါစေ၊ မဟာတာအိုကို ယှဉ်၍ရမည် မဟုတ်ပေ။

ထွင်ထျန်းဟာက သူ့ဆရာအပေါ် အလွန်ပင် နက်ရှိုင်းစွာ ယုံကြည်မှုရှိသည်။

ဆရာလေးလင်း အသုံးပြုသော မဟာတာအို သုံးထောင်ထဲမှတစ်ခုစီသည် အနည်းဆုံးအဆင့် ၁၅တွင် ရှိနေသည်။

အဆင့် ၁၂ မှော်စွမ်းအင်လောက်က မဟာတာအိုကို မည်ကဲ့သို့ ယှဉ်နိုင်ပါအံ့နည်း။

"ဆွဲငင်အားပုံမှန်ပြန်ဖြစ်သွားပြီလား"

ကျန်းရွမ်က သူ့အပေါ် ကျရောက်နေသော ဖိအားများ ချက်ချင်း ပျောက်ကွယ်သွားသဖြင့် မယုံနိုင်စရာ အပြောင်းအလဲကို ခံစားလိုက်ရသည်။

သူက အင်မော်တယ်မျက်လုံးဖြင့် ကြည့်လိုက်ရာ မိုးခေါင်ခြင်းကြယ်ကို ဖုံးအုပ်ထားသည့် အမှောင်စွမ်းအင်က ပျောက်ကွယ်မသွားသေးသည်ကို မြင်ခဲ့ရသည်။

ဆိုလိုသည်မှာ ကောင်းကင်ဂြိုဟ် ပြိုပျက်ခြင်းနည်းစနစ်က အသက်ဝင်နေဆဲဟူသော အဓိပ္ပါယ်ပင်။

ကမ္ဘာမြေကြီးက ဆွဲငင်အားအောက်တွင် အက်ကွဲသွားပြီး မြေကြီးက တဖြည်းဖြည်းအောက်သို့ နိမ့်ဆင်းကာ တွင်းနက်ကြီးများ ဖြစ်ပေါ်လာသည်။

အင်မော်တယ်ကျန်းရွမ်က သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

ဤတစ်ကြိမ်တွင်လည်း စီနီယာခွေးသည် သူမည်မျှ ထူးခြားသည်ကို ထပ်မံ သက်သေခံနေပြန်သည်။

အစောပိုင်းကပင် သူသည် စီနီယာခွေး၏ ကမ္ဘာ့ကယ်တင်ရှင်ဟူသော လက္ခဏာကို သံသယဝင်နေခဲ့သည်။

ယင်းမှာ သူ၏ မိုက်မဲလွန်းသော အတွေးအခေါ်ဖြစ်သည်။

အင်မော်တယ်ကျန်းရွမ်က စိတ်ရှုပ်ရှားမှုအပြည့်ဖြင့် ထွင်ထျန်းဟာကို စိုက်ကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်မှာပင် သူက အလွန်အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

ဤဝိုက်ပွဲတွင် သူ့အနေဖြင့် အောင်ပွဲခံနိုင်ခဲ့လျှင် သူက အမာခံ ခွေးချစ်သူတစ်ယောက် ဖြစ်လာပေမည်။

ထို့အပြင် ကျင့်ကြံမှု အထွတ်ထိပ်သို့ ရောက်သည်အထိ စီနီယာခွေးနောက်ကို လိုက်မည်ဟု ကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။

"ဘာတွေဖြစ်ကုန်တာလဲ"

တစ်ဖက်တွင်လည်း လေဝိညာဉ်က ဤမြင်ကွင်းကြောင့် မှင်တက်နေခဲ့သည်။

သူက သူအသုံးပြုခဲ့သော မှော်စွမ်းရည်ကို ဂရုတစိုက် စစ်ဆေးခဲ့သော်လည်း အမှားအယွင်း မရှိခဲ့ပေ။

သို့ရာတွင် မိုးခေါင်ခြင်းကြယ်ဂြိုဟ်သည် ပုံမှန်အတိုင်းလည်ပတ်နေခဲ့ပြီ ဖြစ်သည်။

သူ၏ ကောင်းကင်ဂြိုဟ်ပြိုပျက်ခြင်း နည်းစနစ်သည် မိုးခေါင်ခြင်းကြယ်၏ ဆွဲငင်အားကို အဆပေါင်းရာနှင့်ချီ ပို၍ လေးလံစေခဲ့သည်။

လေဝိညာဥ်က ဤကြီးမားလှသော ဆွဲငင်အားကို အသုံးချ၍ မာန်တက်နေသောခွေးနှင့် အင်မော်တယ်ကျန်းရွမ်ကို မိုးခေါင်ခြင်းကြယ်ဂြိုဟ်၏ အူတိုင်ဘေးသို့ ဆွဲခေါ်ချင်ခဲ့သည်။

သူက ၎င်းတို့၏ သွေးပျက်သော အမူအယာကို မြင်ချင်နေခဲ့သည်။

သို့သော် ဤခွေးက ဆွဲငင်အား သက်ရောက်မှုများကို တစ်နည်းနည်းဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

"သူဘယ်လိုလုပ်လိုက်တာလဲ"

လေဝိညာဉ်၏ အကြည့်က လေးနက်လာသည်။

တစ်ဖက်တွင်လည်း ဝမ်လင်းက ကောင်းကင်ဂြိုဟ် ပြိုပျက်ခြင်းနည်းစနစ်၏ နောက်ကွယ်မှ နိယာမကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။

ယင်းက အစောပိုင်းတွင် သူခန့်မှန်းထားသည့်အတိုင်းပင်။

လေဝိညာဉ်က အားကောင်းသော အမှောင်စွမ်းအင်ကို မဟာတာအိုနှင့် ပေါင်းစည်းပြီး ကောင်းကင်ဂြိုဟ်ပြိုပျက်ခြင်းနည်းစနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

အင်မော်တယ်ကျန်းရွမ်က မော်တယ်အရှင်မြတ်အဆင့် ဖြစ်၍ အနည်းဆုံး ကောင်းကင်တာအို နှစ်မျိုးကို နားလည်နိုင်သည်။

သို့သော် အရေးအကြီးဆုံးအချက်မှာ အင်မော်တယ် ကျန်းရွမ်သည် ၎င်းတို့၏အနှစ်သာရကို ဆုပ်ကိုင်မထားနိုင်ခဲ့ခြင်းဖြစ်၏။

ဤသည်မှာ မိစ္ဆာဓားနတ်ဘုရားနှင့် တူညီသောပြဿနာဖြစ်သည်။

ထိုခဏတွင် ဝမ်လင်းသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး လေဝိညာဥ် ပစ်လွှတ်လိုက်သည့် အနက်ရောက်မှော်စက်လုံးကို ရှာဖွေခဲ့သည်။

ထို့နောက် သူက အနက်ရောင်မှော်စက်လုံးထဲ ရောနှောနေသော ကောင်းကင်တာအို ဆီသို့ မှော်စွမ်းရည် အသုံးပြုထားသောအသံကို ထုတ်လွှတ်လိုက်သည်။

"ထွက်သွားစမ်း"

ထိုအခိုက်အတန့်တွင် ကောင်းကင်၌ စုဝေးနေသော တိမ်တိုက်များသည် ပြန့်ကျဲသွားခဲ့သည်။

အရာအားလုံးက နောက်တစ်ကြိမ် ငြိမ်းချမ်းသွားခဲ့ပြီ ဖြစ်၏။

အပိုင်း(၅၂၃) ပြီး၏

All Chapters