ထိန်းချုပ်၍ မရတော့သော အခြေအနေ
Vol. 51 Ch. 751
ဘယ်လောက်တောင် လျှင်မြန်လိုက်တဲ့ တုန့်ပြန်မှုလဲ...
လူအုပ်ကြီးက ပင့်သက်ကို ရှိုက်လိုက်ကြ၏။
ပကတိအရှင်ဟွင်ယီ၏ ချောင်းမြောင်းလုပ်ကြံမှုကို ရပ်တန့်ခြင်းမှာ ပကတိအရှင် ယွီကျွင်းပင်လျှင် အနည်း ငယ်နောက်ကျသွားရလေသည်။ သို့သော် ဆူဇီမိုသည် အဲ့ဒါကို အချိန်မီရပ်တန့်ပြီး သူ၏ ပဒုမ္မာရွှေကြာဖြင့် ခုခံလိုက်နိုင်သည်ဆိုတော့...
အဲ့ဒါသည် မဟာအရိုင်းကမ္ဘာမှ သားရဲနတ်ဆိုးဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားသော အကျိုးကျေးဇူးပင်ဖြစ်လေသည်။
အဲ့ဒါက မြင်ရခြင်း ကြားရခြင်း မရှိဘဲတောင် သူက အန္တရာယ်ကို ထောက်လှမ်းသိရှိနိူင်ပေသည်။
သို့သော်လည်း အန္တရာယ်ကို ထောက်လှမ်းသိရှိနိုင်ခြင်းက သက်သက်၊ နိုးထဝိညာဥ်တစ်ယောက်၏ စွမ်းအားကို သူက ခုခံနိုင်မည်လား မခုခံနိုင်ဘူးလားဆိုတာက သက်သက်ဖြစ်လေသည်။
ဧရာမဓါးကြီးသည် ပဒုမ္မာရွှေကြာနဲ့ ရိုက်ခတ်ပြီးနောက် ကျိန်းစပ်မတတ် အလင်းရောင်များက ဖြာထွက်လာပြီး ပြိုးပြိုးပြက်ပြက် အလင်းရောင်ခြည်များက နေရာတိုင်းကို ပြန့်ကျဲသွားလေသည်။ အပူ လှိုင်းတစ်လှိုင်းက ရုန်းကန်ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ရှိ ရွှေအမြုတေများအားလုံးအပေါ် လွှမ်းခြုံသွားလေသည်။
ဧရာမဓားကြီးက လေထဲသို့ ပြန်ကန်ထွက်သွားလေသည်။
ပဒုမ္မာရွှေကြာကလည်း ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏ ။
နောက်ဆုံးမှာတော့ ကစဉ့်ကလျားသမုဒ္ဒရာနှင့် အဆက်မပြတ်ရိုက်ခတ်ခဲ့ပြီး နိုးထဝိညာဥ်တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ပါ ထပ်မံကြုံတွေ့လ်ိုက်ရသောအခါ ထိုကမ္ဘာတုန်လောက်သည့် ရွှေအမြုတေနယ်မြေက အပိုင်းပိုင်း ကြေမွသွားလေသည်။
အဲ့ဒီမှာ ဝုန်းကနဲ အသံကြီးက ထွက်ပေါ်လာလေသည်။
ဆူဇီမိုသည် ပြိုကျသွားသော ကျောက်သားစင်မြင့်၏ အပျက်အစီးပုံထဲသို့ ပြင်းထန်စွာ ပစ်ကျသွားပြီး ကျောက်ချပ်များအောက် နစ်ဝင်သွားကာ သူ့ကို မမြင်ရတော့ပေ။
ထိုသည်ကိုမြင်သောအခါ များစွာသော ကျင်ကြံသူများသည် သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။
သီယင်းနှင့် အကြိတ်အနယ်တိုက်ခိုက်ပြီးနောက် ဆူဇီမို၏ စိတ်ဝိညာဥ်စွမ်းအင်က ကုန်ခမ်းသလောက် ဖြစ်ခဲ့လေသည်။
သူ၏ အမြူတေနယ်မြေ၏ စွမ်းအားကလည်း ပျက်ပြယ်တော့မည့်ဆဲဆဲ ဖြစ်လာလေသည်။ သူ၏ကတိုက်ကရိုက် ခုခံမှုနှင့်ဆိုပါက သူသည် ထိုဓါးချက်မှာ အသက်ရှင်နိုင်ခဲ့လျှင်တောင် ဒုက္ခိတတစ်ယောက် ဖြစ်သွားလောက်လေသည်။
"ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်သလဲ..."
“အမြူတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်က ဒီလိုမျိုး အဆုံးသတ်သွားရတယ်ဆိုတော့......”
"မင်းမှာ သန်မာအားကောင်းတဲ့ ဂိုဏ်းတစ်ဂိုဏ်း ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ နောက်ခံမရှိဘူးဆိုရင် အဲ့ဒါက မင်းကြုံတွေ့ရမယ့်အရာဘဲ..။
များစွာသော ကျင့်ကြံသူများက ငြီးတွား ရေရွတ်လိုက်ကြ၏။
"ဟွင်ယီ.... မင်းက ဘာဖြစ်ချင်နေတာလဲ..."
ပကတိအရှင် ယွီကျွင်းက ဒေါသပုန်ထသွားပြီး သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းကာ တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်၏။
ပကတိအရှင် ဟွင်ယီ၏ ဓမ္မစွမ်းအားဖြင့် ဆင့်ခေါ်ထားသော ဧရာမဓားကြီးသည် ပကတိအရှင် ယွီကျွင်း၏ အင်္ကျီလက်စနဲ့ ရိုက်မိသွားသောအခါ ချက်ချင်း ကြေကွဲပျက်စီးသွားလေသည်။
ပကတိအရှင် ယွီကျွင်းသည် လေထဲသို့ ပျံတက်သွားပြီး သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်၏။ သူ၏စိတ်ဝိညာဥ်အသိစိတ်က နိုးကြားလာပြီး အေးစိမ့်နေသော ဓားပျံနှစ်လက်ကို ဆင့်ခေါ်ကာ သူ့ဘေးမှာ လှည့်ပတ်ထားစေလိုက်၏။
ဓားများ၏ထိပ်ဖျားက တုန်ခါနေပြီး ပကတိအရှင် ဟွင်ယီကို တည့်တည့်ချိန်ရွယ်ထားလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဇင်ယော်ဂိုဏ်း၏ ပကတိအရှင် ပေတူ ၊ မိုးကြိုးလေပြည်နန်းတော်၏ ပကတိအရှင် ထန်မင်း ၊ လှိုဏ်ခေါင်းကျောင်းတော်၏ ကိုယ်တော် ယွမ်ခုံး ၊ စိန်ကျောင်းတော်၏ ကိုယ်တော်ဝေဖူနှင့် အခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြပြီး ပကတိအရှင် ယွီကျွင်းကို ရန်လိုစိတ်ဖြင့် စိုက်ကြည့်လိုက်ကြ၏။
ထိုသည်ကို မြင်သောအခါ လင်းချွမ်ကျီသည် ရင်တစ်ချက် ထိတ်သွားလေသည်။
ပကတိအရှင် ဟွင်ယီက တိုက်ခိုက်လိုက်သည့်ခဏမှာပင် ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ တိုက်ပွဲက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်လာပေတော့မည်။
တစ်ကယ်ဆို ဤအခြေအနေအရောက်တွင် အဲ့ဒါက ပဟေဠိနန်းတော်၏ ထိန်းချုပ်မှုထက်ပါ ကျော်လွန်နေလေပြီ။
"ဘာလို့လဲ... မင်းက ငါ့ကို သတ်ချင်တာလား.. ယွီကျွင်း"
ပကတိအရှင်ဟွင်ယီက မျက်ခုံးကို အနည်းငယ်ပင့်လိုက်၏။
"မင်းက... ငါတို့လူသားမျိုးနွယ်ရဲ့ ပြိုင်စံရှားတစ်ယောက်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်... ငါက မင်းကို သတ်မယ်ဆိုတော့ရော ဘာဖြစ်လဲ...."
ပကတိအရှင် ယွီကျွင်းသည် သူ၏ စိတ်နေစရိုက်အရ ထိုအချိန်မှာ အမှန်တစ်ကယ်ကို ဒေါသပုန်ထနေပြီ ဖြစ်လေသည်။
ရွှေအမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ကို ရှေးဟောင်းခေတ်ကတည်းက ကျင်းပခဲ့ပြီး ဤကဲ့သို့ ရုပ်ပျက်ဆင်းပျက် တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
နိုးထဝိညာဥ်တစ်ယောက်သည် ပဟေဠိနန်းတော်ကို ပမာမထားဘဲ ရွှေအမြုတေတစ်ယောက်ကို ချောင်းမြောင်းလုပ်ကြံခဲ့လေသည်။
သူ၏ နည်းလမ်းများက အလွန်တရာကို စက်ဆုပ်ရွံရှာဖွယ် ကောင်းနေလေသည်။
"ဟွင်ယီ... နင့်မှာ အရှက်ကလေး နည်းနည်းပါးပါးတောင် မရှိတော့ဘူးလား..."
ပကတိအရှင်လောရွှယ်ကလည်း အေးစက်စက်အမူရာနှင့်အတူ ထရပ်လာပြီး သူမ၏ မျက်နှာပေါ်မှာ နှင်းခဲလွှာများက တစ်လွှာပြီးတစ်လွှာ ဖြစ်ပေါ်လာသည့်အလား ထင်ရပေသည်။
"ဟီးဟီး...."
ပကတိအရှင်ဟွင်ယီက ပကတိအရှင်လောရွှယ်က်ု လှမ်းကြည့်ပြီး လှောင်ရယ်လိုက်၏။
"ယွီကျွင်း... အဲ့ကောင်လေးက သားရဲတစ်ကောင်ဘဲ... ငါက သားရဲတစ်ကောင်ကို သတ်ဖို့လုပ်တာ ဘာများ မှားနေလို့လဲ... မင်းက အဲ့ဒီသားရဲတစ်ကောင်ကြောင့် ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား..."
"ယွီကျွင်း... ပဟေဠိနန်းတော်ကို နတ်မိမယ်လင်းလုံက တည်ထောင်ထားခဲ့တာ... မင်းက မင်းရဲ့ အခြေခံအုတ်မြစ်ကို မေ့လျော့ပြီး သားရဲတွေဘက်ကနေ ရပ်တည်ပေးလို့မရဘူး..."
ကိုယ်တော်ဝေဖူကလည်း ဖြည်းဖြည်းချင်း ပြောလိုက်၏။
"သောက် အဓိပ္ပါယ်မရှိလိုက်တာ....."
ပကတိအရှင် ယွီကျွင်းက အေးစက်စွာဖြင့် ပြန်ပြောလိုက်၏။
"ဆူဇီမိုက လူသားဧကရာဇ်ရဲ့ နန်းတော်ထဲကို ရောက်ခဲ့ဖူးတယ်.. သူက အသင်္ချေနယ်မြေတောင်ထွတ်ပေါ်ကို တက်ပြီး ရှေးဟောင်းအသင်္ချေကျောက်စာတ်ိုင်ပေါ်မှာ သူ့နာမည်ကိုလည်း ချန်ထားခဲ့ပြီးပြီ... သူ့ကို ဒဏ္ဍာရီလာ လူသားဧကရာဇ်နဲ့ နတ်မိမယ်လင်းလုံ နှစ်ယောက်စလုံးက အသိအမှတ်ပြုပြီးသွားပြီ ၊ အဲ့တစ်ချက်ကတင် သူ့ရဲ့သရုပ်သဏ္ဍာန်ကို သက်သေပြပြီးနေပြီ...."
"ဒါတောင်....မင်းတို့က မျက်နှာပြောင်လာတ်ိုက်နေသေးတယ်... ၊ မင်းတို့ရဲ့ ဆင်ခြင်တုံတရားက ဘယ်မှာလဲ..."
ပကတိအရှင်ပေတူက ဂရုမထားဟန်နှင့် ပြောလိုက်လေသည်။
"ယွီကျွင်း... လမ်းဖယ်ပေးလိုက်.. ဒီကောင်လေးက ဒီနေ့ သေချာပေါက် သေရလိမ့်မယ် ၊ ပဟေဠိနန်းတော်တောင်မှ သူ့ကို မကာကွယ်နိုင်စေရဘူး..."
"နှင်းပုံတောင်ကြားပါ ပါလာမယ်ဆိုရင်ရော ဘယ့်နှယ်လဲ..."
ပကတိအရှင်လောရွှယ်က ပကတိအရှင်ယွီကျွင်း၏ ဘက်သို့ ဖျတ်ကနဲရွေ့လျားသွားလိုက်၏။
မိစ္ဆာဂိုဏ်းမှ နိုးထဝိညာဥ်နှစ်ယောက်က အေးစက်စွာဖြင့် သရော်ပြုံးလိုက်လေသည်။
သူတို့နှစ်ယောက်စလုံးသည် အင်မော်တယ် ကျင့်ကြံသူများ၏ ကြောင်သူတော်ဆောင်သော အမူအကျင့်များကို အထင်သေးသော်လည်း သူတို့က ဘေးကနေသာ ရပ်ကြည့်နေကြမည် ဖြစ့လေသည်။
တစ်ခဏအတွင်း တိုက်ပွဲမြေတွင် အဖွဲ့နှစ်ဖွဲ့ ကွဲသွားဘေသည်။
အင်မော်တယ်ဂိုဏ်းများတွင် ဖန်သားနန်းတော်မှလွဲ၍ နိုးထဝိညာဥ်ခုနှစ်ယောက်က ထွက်လာကြ၏။ ပကတိအရှင် လောရွှယ်တစ်ယောက်တည်းကသာလျှင် ပကတိအရှင်ယွီကျွင်း၏ ဘက်မှာ သွားရပ်လေသည်။
ဗုဒ္ဓကျောင်းတော် ခြောက်ကျောင်းမှ လှိုဏ်ခေါင်းကျောင်းတော်နဲ့ စိန်ကျောင်းတော်က ဗုဒ္ဓကျောင်းတော် ငါးကျောင်းကို ဦးဆောင်၍ ပကတိအရှင် ဟွင်ယီ၏ဘက်မှာ ရပ်လိုက်ကြလေသည်။
"ကိုယ်တော်တို့က... အဲ့ဒါ ဘာလုပ်ကြတာလဲ..."
ကိုယ်တော်ယင်လူက မျက်မှောင်ကြုတ်လိုက်ပြီး ဗုဒ္ဓကျောင်းတော်များမှ ပကတိအရှင်ငါးယောက်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။
ကိုယ်တော်ဝေဖူက တည်တံ့စွာဖြင့် ပြောလိုက်၏။
"သူက... သားရဲတစ်ကောင်လား... မိစ္ဆာတစ်ကောင်လား ငါဂရုမစိုက်ဘူး ၊ ဘာဘဲဖြစ်ဖြစ်သူက ငါတို့ ဗုဒ္ဓကျောင်းတော်ထဲက တစ်စုံတစ်ယောက်မဟုတ်ဘူး.. အဲ့လိုဆိုမှတော့ သူက ဂမ္ဘီရဓမ္မကြာပဒုမ္မာလို ဗုဒ္ဓကျောင်းတော်တွေရဲ့ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်ပညာရပ်တွေကို ထုတ်ပေးရမယ်.. နောက်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ ဗုဒ္ဓတာအိုနဲ့ ပက်သက်ဆက်နွယ်တဲ့ အရာမှန်သမျှကို ငါတို့က ဖျက်စီးပစ်ရလိမ့်မယ်"
"အမှန်ဘဲ... ဗုဒ္ဓရဲ့တာအိုက အပြင်လူတွေဆီကို ပေါက်ကြားမသွားစေရဘူး"
သန့်စင်နှလုံးသား သီလရှင်ကျောင်းမှ ပကတိအရှင်ကလည်း ခေါင်းညိတ်လိုက်၏။
"မင်းတို့တွေ ဘာတွေပြောနေကြတာလဲ..."
ကိုယ်တော်ယင်လူက ပြောလိုက်၏။
"ဗုဒ္ဓဝါဒမှာ ကံကံ၏အကျိုးကိုဘဲ ဦးစားပေးတာ.. သူ့ရဲ့ ကံကြမ္မာက ကမ္ဘာသန့်စင် အစိမ်းရောင်ကြာပန်းကို ကျင့်ကြံဖို့ အခွင့်အရေးတစ်ခုကို သူ့အတွက် ယူဆောင်လာပေးမှတော့ မင်းတို့တွေ.... "
ကိုယ်တော်ယွမ်ခုံးနှင့် အခြားသူများ၏ မျက်လုံးအကြည့်များကို သူက မြင်ရသောအခါ ကိုယ်တော်ယင်လူသည် နားလည်သဘောပေါက်သွားပြီး စကားပြောနေခြင်းကို ရုတ်တရက်ရပ်တန့်လိုက်၏။
သူ့ရှေ့ရှိ လူများသည် သမာသမတ်ကျသော အကြောင်းပြချက်အချို့အတွက် ဆူဇီမိုကို သတ်ဖြတ်ဖို့ စဥ်းစားနေကြခြင်း မဟုတ်ပေ။ သူတို့က အဲ့ဒါကို သူတို့၏ လောဘရမ္မက်သက်သက်အတွက် ပြုလုပ်နေကြခြင်း ဖြစ်လေသည်။
ကိုယ်တော်ယင်လူက သက်ပြင်းချပြီး ပကတိအရှင် ယွီကျွင်း၏ ဘက်သို့ လျှောက်သွားလိုက်လေသည်။
ထိုသို့ဆိုလျှင်တောင် ပကတိအရှင် ယွီကျွင်း၏ဘက်မှာ သုံးယောက်သာလျှင်ရှိလေသည်။ သို့သော်လည်း ပကတိအရှင်ဟွင်ယွီ၏ဘက်မှာတော့ နိုးထဝိညာဥ် စုစုပေါင်း ၁၂ ယောက်ရှိလေသည်။
အရေအတွက်ကွာဟချက်က အရမ်းကို သိသာလွန်းလေသည်။
သူတို့နှစ်ဖွဲ့ကြားရှိလေထုသည် အရမ်းကို တင်းကျပ်လာလေသည်။
မြေပြင်ပေါ်ရှိ ရွှေအမြုတေတစ်သိန်းလောက်သည် တဖြည်းဖြည်းခြင်း နှစ်ဖွဲ့ကွဲသွားကြပြန်လေသည်။
သူတို့ထဲမှ အများစုဖြစ်သော လူပေါင်း ၇ သောင်းနီးပါးလောက်က ဘေးဘက်မှာ ထွက်ရပ်နေကြလေသည်။
အင်မော်တယ်ဂိုဏ်းများမှ ကျင့်ကြံသူများကို ကစဉ့်ကလျားအမြူတေဂိုဏ်းနှင့် မိုးကြိုးလေပြည်နန်းတော်မှ ဦးဆောင်၍ စုစည်းလိုက်လေသည်။ သူတို့က အားလုံးပေါင်း သုံးသောင်းနီးပါးလောက်ရှိပြီး ဖက်တီးလေး ၊ ကျိရှန်းချန်၊ ရှောင်းနင် ၊ နတ်ဆိုးမကျိနှင့် အခြားသူများကို ဝိုင်းပတ်လိုက်ကြ၏။
အင်မော်တယ်ဂိုဏ်းများမှ ရှုချန်နှင့် ဟန်ချိုးယွီ ၊ ဗုဒ္ဓကျောင်းတော်များမှ ကိုယ်တော်ကျန့်ခုံးနှင့် ကိုယ် တော်ကြွယ်ချမ်း တို့က သူတို့ထဲတွင်ပါပြီး ဖက်တီးလေးနှင့် အခြားသူများကို လောဘတကြီးဖြင့် စိုက်ကြည့်လိုက်ကြ၏။
သူတို့သည် လေထဲမှ အမိန့်တစ်ခုကို ရသည်နှင့် မြေပြင်ပေါ်တွင် တိုက်ပွဲတစ်ပွဲက ချက်ချင်းထွက်ပေါ်လာပေတော့မည်။
"ဒီကိစ္စနဲ့ ပက်သက်ဆက်နွယ်မှုမရှိတဲ့ လူတိုင်း ဝေးဝေးကို ထွက်သွားကြ..."
ရှုချန်က ဖက်တီးလေး ၊ ကျိရှန်းချန်နဲ့ အခြားသူများကို စိုက်ကြည့်ပြီး လှောင်ရယ်လိုက်၏။
"မင်းတို့က... မိစ္ဆာဒိဋ္ဌိငါးဝါဒီနဲ့ တသီးပုဂ္ဂလလေးအုပ်စုက လူတွေဖြစ်လို့ ငါတို့က မင်းတို့ကို မထိရဲဘူးလို့မထင်နဲ့... ဆူဇီမိုဘက်မှာ ရှိတဲ့လူမှန်သမျှက ငါတို့ရဲ့ ရန်သူဘဲ... သနားညှာတာမှုမရှိတဲ့အတွက် ပြီးမှ ငါ့ကို အပစ်မတင်ကြနဲ့..."
လောလောဆယ်တွင် သီယင်းက ဒဏ်ရာအပြင်း အထန်ရထားပြီး ဆေးလုံးများကို ဝါးမြို၍ သူ့ကိုယ်သူ ကုသနေရ၏။
ဆူဇီမိုက အပျက်အစီးပုံထဲတွင် နစ်ဝင်နေပြီဖြစ်လေသည်။ သူ၏ကံကြမ္မာက မသိရသော်လည်း သူကဒုက္ခိတတစ်ယောက် ဖြစ်သွားဖို့ ဖြစ်နိုင်ချေ များလေသည်။
အမြူတေနယ်မြေအဆင့်သတ်မှတ်ချက်၏ အဆင့်သုံးဖြစ်သော အဆူရာဂိုဏ်းမှ ရန်ထူသည် ထိုကိစ္စတွင် ဝင်ပါခြင်းမရှိပေ။ ထိုသို့ဖြင့် အဆင့်လေးဖြစ်သော ရှုချန်က ထ်ုကဲ့သို့သော စကားကို ပြောဖို့အတွက် သေချာပေါက် အဆင့်မီလေသည်။
"ထွီ...."
စိတ်ဝိညာဥ်ကျားက မျက်လုံးစွေကြည့်ပြီး ငေါက်ငမ်းလိုက်၏။
"မင်းကိုယ်မင်း... ဘာကောင်များထင်နေလဲ..."
ရှုချန်သည် ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်ပြီး မျောက်နှင့် အခြားသော သားရဲများကို လက်ညိုးထိုးကာ သတ်ဖြတ်လိုသော အော်ရာတစ်ခုဖြင့် ပြောလိုက်လေသည်။
"မင်းတို့တွေထဲ ဘယ်ကောင်မှ ဒီနေ့ မလွတ်မြောက်စေရဘူး...ငါက မင်းတို့ရဲ့ အရေခွံကို ဆုတ်ပြီး မင်းတို့ရဲ့ အရိုးတွေကို ပြာဖြစ်တဲ့ထိ ချေပြမယ်"
"ဂါး......"
မျောက် ၊ စိတ်ဝိညာဥ်ကျားနှင့် အခြားသူများသည် ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ သားရဲ့ပုံစံသို့ ပြောင်းလဲလိုက်ကြလေသည်။
မသိလိုက်မသိဘာသာနှင့်ပင် ညဝိညာဥ်၏ ပုံရိပ်က နေရာကနေ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
သူဘယ်လိုထွက်သွားလဲ မည်သူမျှ မသိလိုက်ကြပေ။
သူ၏ အရိပ်အယောင်ကို မည်သူမှ ထောက်လှမ်းန်ုင်ခြင်း မရှိတော့ပေ။
"ယွီကျွင်း... လမ်းဖယ်ပေးလိုက်..."
ပကတိအရှင်ဟွင်ယီက ခေါင်းကိုမော့ပြီး ထက်ရှသော အကြည့်နှင့်အတူ အေးစက်စွာ ပြောလိုက်၏။
"ဆူဇီမိုက ဒီနေ့သေရလိမ့်မယ်... အဲ့ဒါက အဓိကအချက်ဘဲ ၊ ပဟေဠိနန်းတော်တောင်မှ ငါတို့ကို မတားဆီးနိုင်စေရဘူး"
ဝုန်း......
ထိုစဥ်မှာပင် မြေပြင်ပေါ်ရှိ အပျက်အစီးပုံထဲမှ အလွန်တရာ ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။
သဲနှင့်ကျောက်ခဲများက အဘက်ဘက်သို့ လွင့်ပျံထွက်လာလေသည်။
တထောင်းထောင်းထနေသော ဖုန်များကြားထဲတွင် ကခုန်နေသော အနက်ရောင်ဆံပင်များနှင့်အတူ အစိမ်းရောင်ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ကျုံးထလာသည်ကို ခပ်ရေးရေးမြင်လိုက်ကြရ၏။ သူ့ထံကနေ ကြောက်စရာကောင်းသည့် အော်ရာတစ်ခုက ထွက်ပေါ်နေပြီး သူ၏ မျက်လုံးများက အလွန့်အလွန်ကြီးမားသော သတ်ဖြတ်လိုစိတ်ဖြင့် အေးစက်စွာ တောက်ပနေလေသည်။