← Chapters

နောက်ကနေ လိုက်ဖမ်းခြင်း

Vol. 51 Ch. 753

နောက်ကနေ လိုက်ဖမ်းခြင်း

Vol. 51 Ch. 753

‘ဘန်း..’

ညဝိညာဉ်သည် သူ၏လက်ဝါးကို ပကတိအရှင်ဟွင်ယီ၏နောက်ကျောဆီသို့ ပစ်သွင်းလိုက်၏။

ပကတိအဆင့်ဓမ္မဝတ်ရုံသည် ခဏမျှ တဖျတ်ဖျတ်လက်သွားပြီးနောက် သူ၏အရောင်အဝါက မှေးမှိန်ကျသွားလေသည်။

တာအိုဝတ်ရုံက နက်ရှိုင်းစွာ ချိုင့်ဝင်သွားပြီး ပကတိအရှင်ဟွင်ယီက တုန်လှုပ်ချောက်ချားသွားလေသည်။ သူ၏မျက်နှာက သွေးဆုပ်သွားပြီး ရှေ့သို့ ဒယီးဒယိုင်ဖြင့် ထိုးထွက်သွားလေသည်။

သူ၏လက်ထဲတွင် ဖြစ်တည်နေဆဲဖြစ်သော ဓမ္မပညာရပ်သည် ထိုတိုက်ခိုက်မှုကြောင့် ပျက်ပြယ်သွားလေသည်။

ထိုအခိုက်အတန့်တွင်.. ပကတိအရှင်ဟွင်ယီ တွေ့ကြုံခံစားခဲ့ရသော တုန်လှုပ်မှုကို မည်သူကမှ နားလည်နိုင်ကြလိမ့်မည် မဟုတ်ပေ။

သူက ပကတိအဆင့်ဓမ္မဝတ်ရုံကို ဝတ်ဆင်ထားသောကြောင့်သာ ကံကောင်းလေသည်။ အဲဒါက ထိပ်တန်းအဆင့် ဓမ္မလက်နက်တစ်ခုသာဆိုလျှင် ညဝိညာဉ်၏တိုက်ခိုက်မှုဖြင့် သူ၏အင်္ဂါများက စုတ်ပြဲသွားလောက်ပေပြီ။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားအမျိုးအစားလဲ..။

ပကတိအရှင်ဟွင်ယီသည် လုံးဝကြန့်ကြာမနေရဲဘဲ အကွာအဝေးတစ်ခုသို့ ပြေးထွက်လိုက်လေသည်။

သူ့တွင် ပကတိအဆင့်ဓမ္မဝတ်ရုံရှိနေ၏။ သူက အသက်နှစ်ရှိုက် သုံးရှိုက်စာမျှ တောင့်ခံနိုင်သည်နှင့် ပကတိအရှင်ထျန်မင်းနှင့် အခြားသူများက လှမ်းဝင်လာပြီး သူ့ကို ကယ်တင်ပေလိမ့်မည်။

သို့သော်.. သူက မြန်ဆန်သော်လည်း ဆူဇီမိုက ပို၍မြန်ဆန်လေသည်။

‘မင်းရဲ့အသက်ကို ဖက်နဲ့ထုပ်ထားလိုက်’

ဆူဇီမိုက အော်ဟစ်လိုက်ပြီး နတ်မြင်းလျှပ်တပြက်ပြေးထွက်ခြင်းကို ထုတ်ဖော်၍ လေထုထဲမှာ လျှောတိုက်ထွက်ကာ ပကတိအရှင်ဟွင်ယီ၏နောက်ကျောဆီသို့ ချက်ချင်းရောက်သွားလေသည်။

သူက သူ့လက်ကို လွှဲရမ်းပြီး ပကတိအရှင်ဟွင်ယီ၏ ဦးခေါင်းဆီသို့ ပစ်သွင်းလိုက်၏။

သူ၏လက်က နတ်ဆင်တစ်ကောင်၏နှာမောင်းကဲ့သို့ ပကတိအရှင်ဟွင်ယီ၏ဦးခေါင်းကို ရစ်ပတ်ပြီး ဆွဲခါလိုက်လေသည်။

အားလုံး၏ရှေ့မှောက်မှာပင် ပကတိအရှင်ဟွင်ယီ၏ဦးခေါင်းသည် သူ၏လည်တိုင်ပေါ်မှာ အကြိမ်ရေအနည်းငယ်မျှ လည်ပတ်ပြီးနောက် လုံးဝကျိုးထွက်သွားလေသည်။

သွေးသံရဲရဲ ဦးခေါင်းကြီးက ရုပ်ပျက်ဆင်းပျက်ပုံစံဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။

ထိုတိုက်ခိုက်မှု၏ ရုန်းကန်ပေါက်ကွဲအားက ပကတိအရှင်ဟွင်ယီ၏ဦးနှောက်ကို လုံးဝ စုတ်ပြတ်သတ်သွားစေလေသည်။ သူ၏အမြုတေစိတ်ဝိညာဉ်ကတောင် ထွက်ပြေးလွတ်မြောက်ဖို့ အခွင့်အရေး မရှိတော့ပေ။

ပကတိအရှင်ဟွင်ယီက သေလေပြီ..။

ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲက ခဏမျှ ရပ်တန့်သွားလေသည်။

တိုက်ပွဲက စတင်ပြီးနောက်.. နိုးထဝိညာဉ်တစ်ယောက်က ချက်ချင်းသေဆုံးသွားရလောက်အောင် ထိုတိုက်ပွဲက ကြောက်စရာကောင်းနေလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။

ဒါ့အပြင် သူက ရွှေအမြုတေတစ်ယောက်၏ လက်ထဲမှာ သေဆုံးခဲ့ရခြင်းဖြစ်လေသည်။

အဲဒါက နံပါတ်တစ် ပကတိသက်ရှိဖြစ်လေသည်။

အဲဒါက အစစ်အမှန် နံပါတ်တစ် ပကတိသက်ရှိဖြစ်လေသည်။

အဲဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးတွင် ရပ်တည်သော တစ်စုံတစ်ယောက်ထံမှ ထွက်ပေါ်လာသော သတ္တိဗျတ္တိနှင့် အစွမ်းအစများ ဖြစ်လေသည်။

တိုက်ပွဲကြောင့် ဝရုန်းသုန်းကားဖြစ်နေသော လူအုပ်ကြီးအတွင်းတွင်.. သီယင်းက သက်ပြင်းတစ်ချက်ကို ရှိုက်ပြီး သူ၏မျက်လုံးများထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုက ပေါ်လာလေသည်။ သူက တွေဝေခြင်းမရှိဘဲ အသင်္ချေနယ်မြေမြို့တော်ထဲကနေ ထွက်ပြေးဖို့ရာ လှစ်ခနဲ ပြေးထွက်လိုက်လေသည်။

သူက ထွက်ပြေးနေလေပြီ..။

လက်ရှိအခြေအနေများအရ.. ယခင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတစ်ပုဂ္ဂိုလ်က ထွက်ပြေးဖို့ ရွေးချယ်ခဲ့လေသည်။

ကျင့်ကြံသူအချို့သည် သူ၏အပြုအမူကို မြင်သောအခါ စိတ်ခံစားချက်များ မြင့်တက်လာပြီး သက်ပြင်းချလိုက်ကြ၏။

တစ်ချိန်တည်းမှာပင်.. သူတို့အားလုံးသည် သီယင်းကို ကိုယ်ချင်းစာမိကြလေသည်။

ဆူဇီမိုက အရမ်းကို ကြောက်စရာကောင်းလွန်းနေလေသည်။

နိုးထဝိညာဉ်တစ်ယောက်တောင်မှ သူ၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးလေပြီ။ သီယင်းက ဆူဇီမိုကို ရင်ဆိုင်ရဲစရာအကြောင်းမရှိတော့ပေ။

သူက အသက်ရှင်နိုင်သည်နှင့်အမျှ သူ၏ပါရမီနှင့် အလားအလာများအရ နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းပြီးသည်နှင့် သူက တစ်ဖန်မြင့်တက်လာပေလိမ့်မည်။ ထိုအချိန်တွင်.. သူက ဆူဇီမိုကို တစ်ဖန်ပြန်စိန်ခေါ်ပြီး သူက အနိုင်ရရှိပင်လျှင် ရရှိနိုင်ကောင်းလေသည်။

မြေပြင်ပေါ်မှာရော.. လေထဲမှာရော.. ရွှေအမြုတေများနှင့် နိုးထဝိညာဉ်များသည် ဝရုန်းသုန်းကားနှင့် ရှုပ်ထွေးပွေလီစွာ တိုက်ခိုက်နေကြလေသည်။

ထိုကဲ့သို့သော ရုန်းရင်းဆန်ခတ်တွင် သီယင်း၏လှုပ်ရှားမှုက သိပ်ပြီးထူးခြားမနေဘဲ လူများစွာက သူ့ကို သတိမထားမိကြပေ။

သို့သော်လည်း.. ဆူဇီမိုကတော့ သူ့ကို သတိထားမိလေသည်။

သူသည် အစကတည်းက သတိကို လုံးဝလျှော့ချမထားဘဲ သီယင်း၏ပြုမူလှုပ်ရှားမှုများကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့လေသည်။

သူ၏ရင်ထဲတွင် သီယင်းသည် ပကတိအရှင်ထျန်မင်းနှင့် အခြားသူများထက်ပင် ပို၍ခြိမ်းခြောက်မှု ကြီးမားသေးလေသည်။

သူသည် ဤအခွင့်အရေးကို လွဲချော်သွားလျှင် သီယင်းက ထျန်ဝမ်ကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်ပြီး ကစဉ့်ကလျားအမြုတေဂိုဏ်းကဲ့သို့သော ကြီးမားသည့်အဖွဲ့အစည်းကြီးတစ်ခု၏ ကာကွယ်မှုနှင့်ဆိုလျှင်.. သူက သီယင်းကို သတ်ဖြတ်နိုင်ဖို့ ခက်ခဲသွားပေလိမ့်မည်။

ဆူဇီမိုသည် ခဏမျှ စဉ်းစား၍ ဆုံးဖြတ်ချက်ကို ချလိုက်လေသည်။

‘ညဝိညာဉ်.. ဒီမှာနေပြီး ရှောင်းနင်နဲ့ တခြားလူတွေကို ဂရုစိုက်ထားလိုက်.. ငါက သီယင်းကို သွားသတ်မယ်’

ဆူဇီမိုက ထိုစကားကိုပြောပြီး လှစ်ခနဲပြေးထွက်ကာ သီယင်း ပျောက်ကွယ်သွားရာဘက်သို့ ပြေးလိုက်သွားလေသည်။

‘ထွက်ပြေးချင်တာလား’

‘အဲဒါဆိုလည်း ခရမ်းရောင်မိုးကြိုးကျမ်းကို ထားခဲ့’

ပကတိအရှင်ထျန်မင်း ၊ ပကတိအရှင်ပေတူနှင့် အခြားသူများသည် ဆက်တိုက်ထွက်ပေါ်လာပြီး သူ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြ၏။

ပကတိအရှင်ယွီကျွင်း၊ ပကတိအရှင်လောရွှယ်နှင့် ကိုယ်တော်ယင်လူတို့ကလည်း ဒီတိုင်းထိုင်နေကြမည်မဟုတ်ဘဲ သူတို့သည် များစွာသော ဓမ္မပညာရပ်များနှင့် လျှို့ဝှက်ပညာရပ်များကို ထုတ်ဖော်ကာ တိုက်ခိုက်မှုအများစုကို ခုခံပေးလိုက်ကြ၏။

ကိုယ်တော်ဝေဖူသည် ကိုယ်တော်ယင်လူကို ထိုးဖောက်၍ ဆူဇီမို၏ရှေ့သို့ ဖျတ်ခနဲရောက်သွားလေသည်။

‘အောမီတောဖော’

သူက ရှည်လျားသော ဗုဒ္ဓဂါထာမန္တန်တစ်ခုကို ရွတ်ဆိုပြီး သူ၏လက်ကို ဆန့်တန်းကာ လက်သီးတစ်လုံးအဖြစ် ဆုပ်လိုက်၏။ သွေးချီများက ရုန်းကြွလာပြီး သူ၏လက်က ရွှေရောင်အလင်းများအဖြစ် တောက်ပလာလေသည်။

‘ဘုန်း..’

သူက ထိုးချက်တစ်ချက်ကို ပစ်သွင်းလိုက်၏။

ဓမ္မစွမ်းအားများက ရုန်းကြွလာပြီး လေထုက တုန်ခါသွားလေသည်။

ကိုယ်တော်ဝေဖူသည် တောက်လောင်နေသော အကြည့်ဖြင့် ဆူဇီမို၏မျက်လုံးများကို စိုက်ကြည့်ပြီး အော်ဟစ်လိုက်၏။

‘သားရဲ… မင်းက ဘယ်ကိုသွားဖို့ စဉ်းစားနေတာလဲ’

ထိုသို့ဖြင့် ကိုယ်တော်ဝေဖူသည် စိန်ကျောင်းတော်၏ လျှို့ဝှက်ပညာရပ်နှစ်ခုနှင့် ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်၏။

ထိုလျှို့ဝှက်အတတ်များက စိန်ဒေါမာန်အကြည့်နှင့် ခြင်္သေ့ဟိန်းသံတို့ပင်ဖြစ်လေသည်။

ဓမ္မပညာရပ်ကတော့ ကိုယ်တော်ဝေဖူ၏ထိုးချက် ဖြစ်လေသည်။

အဲဒါက.. စိန်မိစ္ဆာနှိမ်နင်းခြင်းထိုးချက်ဟု ကျော်ကြားပြီး အဲဒါက စိန်ကျောင်းတော်ကို ထောက်ခံပေးထားသော အဆုံးစွန်နည်းစနစ်တစ်ခုဖြစ်လေသည်။ ထိုးချက်တစ်ချက်ချင်းစီမှာ စွမ်းအားများစွာက ပါဝင်ပြီး အဲဒါက စိန်နှင့်ပြည့်လျှမ်းနေသည့်အလား မိစ္ဆာနှင့်နတ်ဆိုးများကို နှိမ်နင်းနိုင်လေသည်။

သို့သော်လည်း.. ကိုယ်တော်ဝေဖူ၏ စက္ခုနည်းစနစ်က ဆူဇီမိုအပေါ် လုံးဝသက်ရောက်နိုင်ခြင်း မရှိပေ။

ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားပြီး စက္ခုစွမ်းအားအရာမှာ ကိုယ်တော်ဝေဖူထက် သာလွန်လေသည်။

ဒါ့အပြင် ဆူဇီမိုသည် မယိမ်းယိုင်သော ပြတ်သားမှုဖြင့် နေ့စဉ်နေ့တိုင်း မီးပဒေသာမျက်လုံးကို ကျင့်ကြံထားလေသည်။

စိန်ဒေါမာန်အကြည့်က သူ့အပေါ် သက်ရောက်စေနိုင်ခြင်း မရှိပေ။

‘ထွက်သွားစမ်း’

ဆူဇီမိုသည် သီယင်းကိုလိုက်ဖို့ အလျင်လိုနေပြီး သူက ဤနေရာမှာ ရပ်တန့်မနေလိုပေ။ သူက အလွန်ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်၏။ အဲဒါက.. လျှို့ဝှက်ပညာရပ် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းပင် ဖြစ်လေသည်။

သူ့အဆုတ်၏စွမ်းအားက အရမ်းကို သန်မာလေသည်။

ထိုဟိန်းဟောက်သံက ကိုယ်တော်ဝေဖူ၏ ခြင်္သေ့ဟိန်းသံကို ချက်ချင်းလွှမ်းခြုံသွားပြီး မိုးကြိုးပစ်ချလိုက်သလို ဟိန်းထွက်လာလေသည်။

ဆူဇီမို၏မျက်လုံးများက ခက်ထန်စွာဖြင့် တောက်ပလာပြီး သူက ကိုယ်တော်ဝေဖူ၏ ဝင်ရောက်လာသော ရွှေရောင်လက်သီးကို ရင်ဆိုင်လိုက်၏။ သူက နောက်ဆုတ်ခြင်း ၊ ရှောင်ရှားခြင်း မရှိဘဲ သူ၏ခြေကို နင်းကန်၍ ရှေ့သို့ ထိုးတက်သွားလေသည်။

လေထဲတွင် ကြီးမားသည့် ချိုင့်ခွက်ကြီးတစ်ခုက ဖြစ်ပေါ်လာသည်ဟု ထင်ရလေသည်။

ဆူဇီမိုက ကောင်းကင်ထယ်သွားခြေလှမ်းကို အုတ်မြစ်အဖြစ်သုံးပြီး သူ၏အတွင်းအမြုတေကို လှည့်ပတ်၍ သူ၏သွေးချီများကို သူ၏လက်သီးဆီသို့ စုစည်းကာ ပြန်လည်ထိုးနှက်လိုက်လေသည်။

သူ၏ထိုးချက်နှင့် ကိုယ်တော်ဝေဖူ၏ထိုးချက်တို့ တွေ့ဆုံမိစဉ် အရာရာတိုင်းက ပေါက်ကွဲထွက်ပေါ်လာလေသည်။

‘ဘုန်း…’

အဲဒီမှာ အလွန်ကျယ်လောင်သော အသံကြီးတစ်သံက ဖြစ်လေသည်။

သူတို့၏ဘေးပတ်လည်က အေးခဲသွားသည့်အလား ထင်ရလေသည်။

နောက်ခဏ၌.. ပုံရိပ်တစ်ခုက လွင့်ကန်ထွက်သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားလေသည်။

ကိုယ်တော်ဝေဖူ၏မျက်နှာသည် ကြောက်လန့်တကြား ဖြူလျော့နေပြီး သူ၏လက်ပေါ်ရှိ ဝတ်ရုံစက အပိုင်းပိုင်း စုတ်ပြတ်သွားလေသည်။ သူ၏အသားက ကွဲထွက်သွားပြီး ကြောက်စရာကောင်းသော သွေးသံရဲရဲ စုတ်ပြဲရာများက ပေါ်လာလေသည်။

‘ဟင်း..’

ခန္ဓာမီးဆေးခြင်းမှာ အထူးပြုသော စိန်ကျောင်းတော်၏ ပကတိအရှင်တစ်ပါးက ဆူဇီမို၏ထိုးချက်တစ်ချက်ဖြင့် လွင့်ပျံထွက်သွားလေသည်။

ဆူဇီမို၏ အနီးကပ်တိုက်ခိုက်ရည်က ဤမျှအထိ ကြောက်စရာကောင်းလွန်းနေသည်လား။

ဆူဇီမိုသည် လုံးဝရပ်နားမသွားဘဲ အတားအဆီးများစွာကို ဖြတ်ကျော်၍ သီယင်းနောက်သို့ ဆက်လိုက်သွားလေသည်။

သီယင်းက တစ်ချိန်လုံး ပြေးလွှားနေလေသည်။ သူသည် ရုတ်ရုတ်သဲသဲ အသံများကို ကြားရသောအခါ အလိုလိုလှည့်ကြည့်မိလိုက်၏။ သူ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာသော ဆူဇီမိုကို မြင်လိုက်ရလေသည်။

‘တဇောက်ကန်းပဲ’

သူက ကျိန်ဆဲ၍ လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်‌ပြီး စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်၏။

‘ဒြပ်စင်ငါးမျိုး ထွက်ပြေးခြင်း’

သီယင်း၏ခန္ဓာကိုယ်မှ အမျိုးမျိုးသော အရောင်များဖြင့် အလင်းတန်းငါးခုက တောက်ပလာပြီး သူ၏အရှိန်က ပေါက်ကွဲထွက်သွားလေသည်။

‘ဟမ့်’

ဆူဇီမိုက သူ့အကြည့်ကို မှေးကျဉ်းလိုက်ပြီး သူ၏သိုလှောင်အိတ်ကို ပုတ်ကာ ဆေးလုံးလက်တစ်ဆုပ်ကို သူ၏ပါးစပ်ထဲသို့ ထိုးသွင်းလိုက်၏။

သူ၏သိုလှောင်အိတ်ထဲရှိ ဆေးလုံးများအားလုံးက ပကတိအဆင့်များဖြစ်ကြလေသည်။

သူတို့က သူ၏ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားချိန်တွင် ဆေးလုံးများသည် တဝုန်းဝုန်း ထနေသော စိတ်ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ခြေလက်များဆီသို့ စီးဆင်းကာ သူ၏ဒျန်ထျန်မှာ လာရောက်စုဆုံလေသည်။

ဆူဇီမိုသည် အားမာန်များ တက်ကြွသွားပြီး သူ၏နောက်တွင် ကြီးမားသော တောင်ပံတစ်စုံက ပေါ်လာလေသည်။

ဆန်းကြယ်တောင်ပံများ..။

ဆူဇီမို၏သွေးချီနှင့် သူ၏ခန္ဓာကိုယ်မှ ရုန်းကန်ပေါက်ကွဲအားကို ဆန်းကြယ်တောင်ပံများနှင့် ပေါင်းစပ်လိုက်သောအခါ ကြောက်စရာ အမြန်နှုန်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး အစိမ်းရောင်အလင်းတန်းတစ်ခုက လှစ်ခနဲ ပြေးထွက်သွားလေသည်။

ပြန်ဝင်စားမွန်းစတားနှစ်ယောက်သည် အသင်္ချေနယ်မြေမြို့တော်ထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားကြလေသည်။

ရှေ့ကတစ်ယောက်သည် အသက်လု၍ ပြေးနေရလေသည်။

သူ၏အာရုံများ အားလုံးသည် သူ့နောက်ကနေ လိုက်လာသူအပေါ် ရောက်နေလေသည်။

ထိုအချိန်တွင်.. အသင်္ချေနယ်မြေမြို့တော်၏ မလှမ်းမကမ်းမှ ကျင့်ကြံသူတစ်အုပ်စုသည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို သူတို့နှစ်ယောက်စလုံး သတိမထားမိခဲ့ကြပေ။

အဲဒီမှာ.. ကျင့်ကြံသူပေါင်း တစ်ရာဝန်းကျင်ရှိပြီး သူတို့အားလုံးက အရပ်များ မြင့်မား၍ တောင့်တင်းတုတ်ခိုင်ကြလေသည်။

သူတို့အားလုံးသည် အနက်ရောင်ခြုံထည်အောက်မှာ သူတို့၏သွင်ပြင်များကို ဖုံးကွယ်ထားသော အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြလေသည်။ သို့သော်လည်း.. သူတို့ထံမှ ဆိုးယုတ်အော်ရာများက ဖြာထွက်နေလေသည်။

‘ဒါက လူသားမျိုးနွယ်တွေရဲ့ အသင်္ချေနယ်မြေမြို့တော်လား’

ရှေ့ဆုံးကနေ ဦးဆောင်လာသော အနက်ရောင်ဝတ်လူက သူ့ခြေလှမ်းကို ရပ်တန့်ပြီး သူ့ခေါင်းကို ဖြည်းဖြည်းချင်းမော့ကာ ခမ်းနားထည်ဝါသော ရှေးဟောင်းမြို့တော်ကြီးကို ကြည့်လိုက်လေသည်။ ရုတ်တရက်.. သူက မကောင်းဆိုးရွားဆန်ဆန် ရယ်မောလိုက်လေသည်။

‘ဟီး.. ဟီး.. ဟီး.. နောက်ဆုံး ငါတို့ ဒီနေရာကို ရောက်လာပြီပေါ့’

******

All Chapters