အသင်္ချေနယ်မြေ မြို့တော်မှ ပြောင်းလဲမှု
Vol. 51 Ch. 754
“ခေါင်းဆောင် ဟိုမှာ မြန်မြန်ကြည့်စမ်း..”
အနက်ရောင်ဝတ် ကျင့်ကြံသူတစ်ယောက်သည် အသင်္ချေနယ်မြေမြို့တော်သို့ လက်ညိုးလှမ်းထိုး ပြလိုက်၏။ အဲ့ဒီ့မှာ ပုံရိပ်နှစ်ခုက အသင်္ချေနယ်မြေ မြို့တော်ကနေ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက် လာကြလေသည်။
သူတို့သည် တောင်ဘက်ကနေ ဝင်လာခြင်းဖြစ်သောကြောင့် ထိုလူနှစ်ယောက်နှင့် မကြုံတွေ့ခဲ့ရပေ။
အနက်ရောင်ဝတ် ကျင့်ကြံသူက လေးနက်စွာဖြင့် ပြောလိုက်၏။
“အနောက်ကလူရဲ့ နောက်ကျောမှာ တောင်ပံတစ်စုံရှိနေတယ် ကြည့်ရတာတော့ အဲ့ဒါက ကျုပ်တို့ရဲ့ မျိုးဆက်သွေးကို တုပပြီးတော့ ဖန်တီးထားတဲ့ လျှို့ဝှက်ပညာရပ် တစ်ခုနဲ့တူတယ်။
“ခေါင်းဆောင် ကျုပ်ကို သူတို့နှစ်ယောက်ကို သတ်ခွင့််ပေးပါ”
နောက်ထပ် အနက်ရောင်ဝတ် ကျင့်ကြံသူတစ်ယောက်က သတ်လိုဖြတ်လိုစိတ်ဖြင့် ပြောလိုက်လေသည်။
“သူတို့က ကျုပ်တို့ရဲ့ မျိုးဆက်သွေးကို တုပဖို့ ကြိုးစားတယ်ဆိုတာ အဲ့ဒါ ကျုပ်တို့ကို ညစ်နွမ်းစေတာပဲ သူတို့က သေသင့်တယ်”
သူတို့ကို ဦးဆောင်လာသော အနက်ရောင်ဝတ် ကျင့်ကြံသူက သူ့ခေါင်းကို အနည်းငယ် လှည့်၍ ကြည့်လိုက်ပြီး နက်မှောင်နေသော ခြုံထည်စ၏ အောက်တွင် အေးစက်စက် အလင်းနှစ်ခုက တောက်ပလာလေသည်။
“သွား မြန်မြန်လုပ်ပြီး ပြန်လာခဲ့ ကျန်တဲ့လူတွေကတော့ အသင်္ချေနယ်မြေ မြို့တော်ထဲကို ငါနဲ့အတူ လိုက်ခဲ့ကြ”
“ဒီနေရာမှာ လူသားမျိုးနွယ်ရဲ့ ပြိုင်စံရှားတွေ အကုန်လုံးက လာပြီးတော့ စုဝေးနေကြတယ်.. သူတို့နဲ့အတူ ရတနာတွေ တော်တော်များများလည်း ပါလာမှာပဲ.. ငါတို့ သူတို့ကို အနိုင်သွားကျင့်ရအောင်.. ငါကြားတာတော့ ဒီတစ်ခေါက်မှာ နတ်ဘုရားမျိုးနွယ်ကလည်း ရှေးဟောင်းမြို့တော်ထဲကို ဝင်လာခဲ့တယ်တဲ့.. ငါတို့က သူတို့ထက်အရင် လက်ဦးမှဖြစ်လိမ့်မယ်”
“နားလည်ပါပြီ”
အနက်ရောင်ဝတ် ကျင့်ကြံသူက ဦးညွတ်လိုက်ပြီး အရှ့ဘက်ရှိ ပုံရိပ်နှစ်ခုနောက်သို့ ပြေးလိုက်သွားလေသည်။
ဦးဆောင်လာသော အနက်ရောင်ဝတ် ကျင့်ကြံသူက တွေးတွေးဆဆနှင့် လှမ်းပြောလိုက်၏။
“ဂရုစိုက်ဦး သူတို့ရဲ့ အမြန်နှုန်းအရဆို အဲ့ဒါက လူသားမျိုးနွယ်ရဲ့ ထိပ်တန်းအဆင့် ပြိုင်စံရှားနှစ်ယောက် ဖြစ်လိမ့်မယ်.. သူတို့ကို အထင်သွားမသေးနဲ့.. တစ်ခါတည်း သေချာအောင် လုပ်လာခဲ့”
“စိတ်မပူပါနဲ့ ခေါင်းဆောင်”
အနက်ရောင်ဝတ် ကျင့်ကြံသူက သရော်ပြုံး ပြုံးလိုက်လေသည်။
“လူသားတွေက မွေးရာပါ အားနည်းတဲ့ မျိုးဆက်သွေး ရှိကြတာပဲ.. သူတို့က ကျင့်ကြံခြင်းမှာ ဘယ်လောက်ပဲ အားစိုက် အားစိုက် သူတို့က ကျုပ်တို့ကို မှီမှာမဟုတ်ဘူး”
“ဟုတ်ပြီလေ သွားတော့”
အနက်ရောင်ဝတ် ကျင့်ကြံသူက ခေါင်းညိတ်လိုက်၏။
အနက်ရောင်ဝတ် ကျင့်ကြံသူသည် အနက်ရောင် အလင်းတန်း တစ်ခုအသွင် ပြောင်းသွားပြီး နေရာကနေ ပျောက်ကွယ်သွားလေပြီ။ သူ၏အမြန်နှုန်းက ကြောက်ခမန်းလိလိပင်။
အသင်္ချေနယ်မြေ မြို့တော်တွင်..
ဆူဇီမိုနှင့် သီယင်းက ထွက်ခွာသွားပြီ ဖြစ်သော်လည်း ပကတိအရှင် ဟွင်ယီ၏ သေဆုံးမှုက တိုက်ပွဲကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပြီး အဲ့ဒါက ထိန်းချုပ်မှု အောက်ကနေ လွတ်ထွက်လာနေလေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ နီဟောက်၏ ဦးဆောင်မှုအောက်တွင် မိုးကြိုးလေပြေနန်းတော်မှ ရှုချန်နှင့်အတူ လှိုဏ်ခေါင်းကျောင်းတော်မှ ကိုယ်တော်ကျန့်ခုန်းတို့သည် ဖက်တီးလေး၊ ရှစ်ကျန့်၊ ကျီချန်းရှန်၊ ညဝိညာဉ်၊ မျောက်နှင့် တခြားလူများအပေါ် ကြမ်းကြုတ် ခက်ထန်စွာဖြင့် အပြင်းအထန် တိုက်ခိုက်လိုက်ကြ၏။
အဲ့ဒီ့မှာ အင်မော်တယ်နှင့် ဗုဒ္ဓဂိုဏ်းများမှ ပြိုင်စံရှားများစွာရှိပြီး သူတို့က ဖက်တီးလေးနှင့် အခြားသူများကို အလယ်မှာထား၍ ဝိုင်းပတ်ထားကြ၏။
လမ့်ရို၊ ကျိချန်းရှန်နှင့် ရှောင်းနင်တို့ကြောင့် ကြိုးကြာတစ်ထောင်ဂိုဏ်းနှင့် ယန်ဆေးဂိုဏ်းတို့က သူတို့ဘက်တွင် ရှိနေသောကြောင့်သာ ကံကောင်းလှလေသည်။ မဟုတ်ပါက ထောင်ပေါင်းများစွာသော ပြိုင်စံရှားများ၏ ဝိုင်းရံမှု အောက်တွင် သူတို့က နစ်မြုပ်သွားပေလိမ့်မည်။
ကောင်းကင်တွင် အဆောင်လက်ဖွဲ့များက ပြည့်နှက်နေပြီး ဓါးပျံများက နေရာတိုင်းမှာ ကူးလူးယှက်ဖြာနေ၏။
သူတို့ထဲတွင် စိတ်ဝိညာဉ်တောကောင် ခြောက်ကောင်ဖြစ်သော မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်၊ ညဝိညာဉ်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့သည် သူတို့၏ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်တို့ဖြင့် ဆက်တိုက် ဆင့်ကဲ သတ်ဖြတ်လာကြလေသည်။
မျောက် စိတ်ဝိညာဉ်ကျားနှင့် ရွှေခြင်္သေ့တို့သည် လူအုပ်ကြီးထဲသို့ အတင်း ဖြဲဝင်သွားပြီး ကျင့်ကြံသူ အတော်များများက သူတို့၏လမ်းမှာ ရပ်မနေနိုင်ကြပေ။ သူတို့ထဲမှ အချို့သည် အရွတ်ပြတ်ခြင်း၊ အရိုးကျိုးခြင်း ကဲ့သို့သော ဒဏ်ရာများကို ရရှိသွားကြပြီး တခြားလူများကတော့ သေကုန်ကြလေသည်။
ချင်ချင်က သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ပြီး သူမ၏ ဧရာမ တောင်ပုံနှစ်ဖက်ကို တဖျပ်ဖျပ်ခတ်၍ ထက်ရှသော လက်သည်းများကို ထုတ်ဖော်ကာ လေထဲမှာ ပျံဝဲလိုက်၏။
မြေခွေးလေးက သူမတို့ မြေခွေးမျိုးနွယ်၏ ညို့ငင်ဖမ်းစားခြင်း နည်းစနစ်များကို ထုတ်ဖော်ကာ စိတ်အားပျော့သော ကျင့်ကြံသူများကို ထိန်းချုပ်ပြီး လူအုပ်ကြီးထဲမှာ ရုတ်ရုတ်သဲသဲများကို ဖန်တီးလိုက်လေသည်။
သူတို့ထဲတွင် ညဝိညာဉ်က ကြောက်စရာ အကောင်းဆုံးဖြစ်လေသည်။
သူက ပုံရိပ်ယောင် တစ်ခုကဲ့သို့ လူအုပ်ကြီးထဲမှာ တရိပ်ရိပ် ပြေးလွှားနေလေသည်။ သူ၏ ခြေထောက်များက မြေကြီးနှင့် ထိသည်ဆိုရုံမျှရှိပြီး သူ၏ အင်္ကျီစကိုပင် အခြားသူများက မထိတွေ့နိုင်ပေ။
သူ၏အရိပ် ဖြတ်သွားရာ နေရာတိုင်းတွင် ပြိုင်စံရှားများက သေဆုံးကုန်ကြလေသည်။
တကယ်တမ်း အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်မှာ အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်၏ အဆင့် ၄ ဖြစ်သော ရှုချန်သည် ညဝိညာဉ်နှင့် တိုက်ခိုက်ချိန်တွင် ၁၀ ကွက်အတွင်း သူ၏ ခေါင်းနှင့်ကိုယ်က အိုးစားကွဲသွားခဲ့လေသည်။
သူ၏ ရွှေအမြုတေနယ်မြေဖြစ်သော ကမ္ဘာဖျက် မိုးကြိုး၅စင်းကို ထုတ်ဖော်ခဲ့သော်လည်း အဲ့ဒါက ညဝိညာဉ်၏ ထိုးချက် ၃ချက်ဖြင့် ကြေမွသွားခဲ့လေသည်။
တိုက်ပွဲက ပိုပို၍ ကြောက်စရာကောင်းလာပြီး သွေးထွက်သံယိုများကလည်း များပြားလာလေသည်။
နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသည် ဒဏ်ရာရသူရ သေသူသေကုန်ကြလေပြီ။
ဤကဲ့သို့ ကြီးမားသည့် တိုက်ပွဲကြီးက စတင်ဖြစ်ပေါ်လာသည်နှင့် အဆုံးသတ်ဖို့ ခက်ခဲလေသည်။
လေထဲတွင် ..
ပကတိအရှင် ထျန်မင်း၊ ပကတိအရှင် ပေသူနှင့် အခြားသူများသည် သူတို့ဘက်ရှိ ကျင့်ကြံသူများက သတ်ဖြတ်ခြင်း ခံရသည်ကို မြင်သောအခါ ညဝိညာဉ်ကို တားဆီးဖို့အတွက် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ကြလေသည်။ သို့သော်လည်း ပကတိအရှင် ယွီကျွင်း၊ ပကတိအရှင် လောရွှယ်နှင့် ကိုယ်တော် ယင်လူတို့က သူတို့ကို တားဆီးထားလေသည်။
“ယွီကျွင်း”
ပကတိအရှင် ထျန်မင်းက သူ၏ အကြည့်ကို မှေးကျဉ်းပြီး ခက်ထန်စွာဖြင့် အော်လိုက်၏။
“ပကတိအရှင် ဟွင်ယီက သားရဲတစ်ကောင်ရဲ့ ချောင်းမြောင်းသတ်ဖြတ်မှုကြောင့် သေခဲ့ရတာပဲ.. အင်မော်တယ်နဲ့ ဗုဒ္ဓဂိုဏ်းက ကျင့်ကြံသူတွေကလည်း အဲ့ဒီ့ တောကောင်တွေကြောင့် အသတ်ခံနေရတယ်.. ဒါတောင် သူတို့ကို သတ်ဖို့လုပ်တာကို မင်းတို့က ငါတို့ကို တားဆီးချင်နေတုန်းလား”
“ပကတိအရှင် ဟွင်ယီက သေသင့်တယ်”
ပကတိအရှင် လောရွှယ်က လှောင်ရယ်လိုက်လေသည်။
“အင်မော်တယ် ဂိုဏ်းတစ်ဂိုဏ်းက နိုးထဝိညာဉ် တစ်ယောက် အနေနဲ့ သူက ရွှေအမြုတေ တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ် သူက အကြိမ် ၁၀၀ မကတောင် သေသင့်သေးတယ်”
“အော်မီတော်ဖော်..”
ကိုယ်တော်ယင်လူကလည်း မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်၏။
“ဒီတိုက်ပွဲက မင်းတို့ဘက်က အရင်စခဲ့တာလေ.. သူတို့က မတိုက်ခိုက်ရဘဲနဲ့ အသာတကြည် အညံ့ခံပြီးတော့ အသေခံပေးမယ်လို့ မင်းတို့က ထင်လို့လား”
ပကတိအရှင် ယွီကျွင်းက ကျယ်လောင်စွာဖြင့် ကြေညာလိုက်၏။
“ထျန်မင်း.. ပေတူ သူတို့ကို ရပ်တန့်ဖို့ အမိန့်ပေးလိုက်.. ကျန်တာတွေကို ဖြေရှင်းပေးဖို့ ငါတာဝန်ယူတယ်.. အသင်္ချေနယ်မြေမြို့တော်က သွေးချောင်းစီးပြီးတော့ အသင်္ချေနယ်မြေ တောင်ထွတ်ရှေ့မှာ အလောင်းတွေပုံသွားတာကို မင်းတို့က မြင်ချင်လို့လား”
“ရပ်တန့်ရမယ်.. ဟုတ်လား”
ပကတိအရှင် ထျန်မင်းက ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။
“သူတို့အုပ်စုနဲ့ အဲ့ဒီ့တောကောင်တွေက သူတို့ရဲ့အသက်နဲ့ ပေးဆပ်ပြီးမှပဲ ရပ်တန့်ဖို့ အကြောင်းကို ငါတို့ပြောကြတာပေါ့”
“ဟား….ဟား…..ဟား…..ဟား……”
ဘေးကနေ စောင့်ကြည့်နေသော ပဒေသရာဇ်နန်းတော်မှ ပကတိအရှင်သည် လက်ခုပ်တီးပြီး အားရကျေနပ်စွာဖြင့် ပြောလိုက်၏။
“တိုက်ကြ…တိုက်ကြ.. အင်မော်တယ်နဲ့ ဗုဒ္ဓဂိုဏ်းကလူတွေ.. မင်းတို့တွေ အကုန်လုံးက သမာသမတ်ကျဖို့ အတင်းတွေကြိုးစားနေကြတာပဲ.. မင်းတို့က ရွံစရာကောင်းတဲ့ ကောင်တွေထက် မပိုဘူး”
အဆူရာဂိုဏ်းမှ ပကတိအရှင် ချူယွီကလည်း ဘေးကနေ အေးစက်စွာဖြင့် စောင့်ကြည့်နေပြီး လက်ပိုက်ထားလေသည်။
သို့သော်လည်း သူက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
“ဟီး…ဟီး…..ဟီး….ဟီး…..ဟီး…..ဟီး…..”
ထိုစဉ်မှာပင် မကောင်းဆိုးရွားဆန်သော ရယ်သံတစ်ခုက ထွက်ပေါ်လာပြီး ကြီးမားသည့် တိုက်ပွဲအတွင်းမှ အသံများကို လွှမ်းမိုးသွားကာ အသင်္ချေနယ်မြေ မြို့တော်၏ တစ်ထောင့် တစ်နေရာမကျန် မြည်ဟည်း သွားလေသည်။
“တကယ့်ကို မလောက်လေး မလောက်စား ပုရွက်ဆိတ်တွေပဲ”
ထိုအသံက ခန့်မှန်းရခက်ပြီး နေရာတိုင်းကနေ ထွက်ပေါ်လာသည်ဟု ထင်ရလေသည်။ ထိုအသံ၏ ဇစ်မြစ်ကို ဆုံးဖြတ်လို့မရနိုင် ဖြစ်နေလေ၏။
ပဒေသရာဇ်နန်းတော်၏ ပကတိအရှင်ပင်လျှင် တွေဝေနေသော အမူအရာဖြင့် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်၏။ သူ၏ နဖူးက တောက်ပလာပြီး သူ၏ စိတ်ဝိညာဉ် အသိစိတ်ကို နေရာအနှံ့သို့ ဖြန့်ကျက်ကာ ရှာဖွေမှုတစ်ခုကို စတင်လိုက်၏။
“ဟမ့်..”
အဆူရာဂိုဏ်း၏ ပကတိအရှင် ချူယွီက တစ်ခုခုကို ထောက်လှမ်းမိသွားပုံရပြီး တောင်ဘက်သို့လှည့်ကာ ငေးကြည့်လိုက်၏။
တောင်ဘက်ရှိ လမ်းမပေါ်တွင် အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူ တစ်အုပ်စုက ချီတက်လာ၏။ သူတို့ကအယောက် ၁၀၀ ဝန်းကျင်လောက်ရှိပြီး သူတို့အားလုံးက တစ်မူထူးခြားအောင် တောင့်တင်းခိုင်မာ၍ အရပ် မြင့်မားကြလေသည်။ သူတို့၏ အရပ်က ၁၀ ပေထက်ပင် ပိုရှည်နေလေသည်။
သူတို့အားလုံးသည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ပြီး သူတို့၏ သွင်ပြင်ကို ဖုံကွယ်ထားသော်လည်း သူတို့၏ ပုံသဏ္ဌာန်များအရ လူသားမျိုးနွယ်မှ မဟုတ်ကြသည်မှာ သိသာလေသည်။
သူ၏ စိတ်ဝိညာဉ် အသိစိတ်က သူတို့အုပ်စုနှင့် ထိတွေ့သွားစဉ်မှာပင် ချူယွီသည် ဆက်ကနဲတုန်သွားပြီး အဲ့ဒါကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်၏။
‘ဘယ်လောက်တောင် သန်မာလိုက်တဲ့ ဆိုးယုတ်ချီတွေလဲ’
သူ၏ စိတ်ဝိညာဉ် အသိစိတ်သည် ထိုကျင့်ကြံသူ အုပ်စုနှင့် ထိတွေ့မိလိုက်စဉ်မှာပင် ဆိုးယုတ်ချီများက အဲ့ဒါကို စွန်းထင်းလုနီးပါး ဖြစ်သွားလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ်က ဒဏ်ရာရလုနီးပါး ဖြစ်သွားခဲ့လေသည်။
ပဒေသရာဇ်နန်းတော်၏ ပကတိအရှင်သည် အနည်းငယ် သုန်မှုန်နေသောပုံ ပေါက်နေသည်။ အနက်ရောင်ဝတ် ကျင့်ကြံသူအုပ်စု၏ ထူးဆန်းနေမှုကို သူကလည်း သတိထားမိလေသည်။
လေထဲမှာ တိုက်ခိုက်နေကြသော နိုးထဝိညာဉ်များသည် ရပ်တန့်ဖို့ စိတ်ကူးမရှိကြပေ။
သူတို့အားလုံးသည် သာမန်ကာလျှံကာ တစ်ချက်မျှသာကြည့်ပြီး အာရုံထပ်မစိုက် ကြတော့ပေ။
ပကတိအရှင် ယွီကျွင်းတစ်ယောက်တည်းသာလျှင် တစ်ခုခုကို အမှတ်ရသွားပုံရပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်လာလေသည်။
“လူသားတွေက အဲ့ဒါပဲ.. မင်းတို့က မင်းတို့အချင်းချင်း သတ်ဖြတ်ရတာကို သဘောတွေ့နေတဲ့ပုံပဲ”
ရှေ့ကနေ ဦးဆောင်လာသော အနက်ရောင်ဝတ်လူက ချဉ်းကပ်လာပြီး သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏၊
“ငါ့အထင်တော့ လူသားတွေက ကပ်ဘေးတစ်ခုခုနဲ့မှ မကြုံတွေ့ဘူးဆိုရင်တောင် သူတို့က အနှေးနဲ့အမြန်ဆိုသလို မျိုးတုန်း ပျောက်ကွယ်တော့မှာပဲ”
“အဲ့ဒါဘယ်သူလဲ”
ပဒေသရာဇ်နန်းတော်၏ ပကတိအရှင်က ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။
“ဘယ်သူလဲဟုတ်လား”
အနက်ရောင်ဝတ်လူက လှောင်ရယ်လိုက်၏။
“မင်းက အဲ့ဒါကို သိဖို့ အဆင့်မီတယ်လို့ ထင်လို့လား”
“မိုက်ရိုင်းလိုက်တာ”
“တော်တော်မျက်နှာပြောင် တိုက်တာပဲ”
“သူ့တို့ရဲ့ မျက်နှာတွေကို ဖုံးကွယ်ထားရလောက်အောင် သတ္တိကြောင်တဲ့ ကောင်တွေက ဘယ်သူတွေလဲ”
ပဒေသရာဇ်နန်းတော်မှ ကျင့်ကြံသူများသည် အုတ်အုတ်ကျတ်ကျတ် တိုက်ပွဲတွင် ပါဝင်ကြခြင်းမရှိပေ။ သူတို့ထဲမှ တစ်ယောက်က သည်းမခံနိုင်တော့ပဲ အနက်ရောင်ဝတ် ကျင့်ကြံသူ၏ ရှေ့သို့ ဖျတ်ကနဲ ထိုးတက်သွားလေသည်။ သူက လှံတစ်ချောင်းကို ယူပြီး ချက်ချင်း ရှေ့သို့ ပစ်ထုတ်လိုက်၏။
လှံတံက လေထဲကို ဖြတ်သွားပြီး တဝီဝီမြည်လာလေသည်။
ထိုတိုက်ခိုက်မှုက ဘယ်လောက်တောင် စွမ်းအားကြီးသလဲ သိသာနေလေသည်။
ရှေ့ကနေ ဦးဆောင်လာသော အနက်ရောင်ဝတ်လူက လုံးဝ လှုပ်ရှားခြင်းမရှိချေ။
သူ့နောက်မှ အနက်ရောင်ဝတ်ကျင့်ကြံသူ တစ်ယောက်က ဖျတ်ကနဲ လှုပ်ရှားသွားပြီး ရှေ့သို့ လှစ်ကနဲ ထိုးတက်သွားလေသည်။ သူ၏ အနက်ရောင် ဝတ်ရုံကို ဖြန့်၍ လှံတံနှင့်အတူ ပဒေသရာဇ်နန်းတော်၏ ကျင့်ကြံသူကိုပါ ဝတ်ရုံအထဲသို့ ချက်ချင်း ဆွဲသွင်းလိုက်လေသည်။
နောက်ခဏ၌ အနက်ရောင်ဝတ် ကျင့်ကြံသူက သူရပ်နေရာမှာ ပြန်ပေါ်လာလေသည်။
သူက လုံးဝ မလှုပ်ရှားခဲ့သည့် အလားပင်။
သို့သော်လည်း ပဒေသရာဇ်နန်းတော်၏ ကျင့်ကြံသူကတော့ မရှိတော့လေပြီ။
လူတိုင်းသည် သူတို့၏ အံ့အားသင့်မှုကနေ ရုန်းမထွက်နိုင်သေးခင်မှာပင် အနက်ရောင်ဝတ် ကျင့်ကြံသူ၏ အောက်ဘက်မှ ထူးဆန်းသည့် အသံများက ထွက်ပေါ်လာလေသည်။
ဖြောက်..ဖြောက်…..
ဂျွတ်…ဂျွတ်…
အဲ့ဒီ့မှာ တစ်စုံတစ်ယောက်က အသားများကို ကိုက်စားနေပြီး အရိုးများကို ဝါးနေသည့် အလားပင်။
ဟင်း…..
ကျင့်ကြံသူအားလုံးသည် သူတို့၏ တစ်ကိုယ်လုံးမှာ ကြက်သီးမွေးညင်းများ ထလာသည်ကို ခံစားလိုက်ရ၏။